အခန်း (၂၄၇)
Vol. 19 Ch. 247
သူမ... မမှားဘူး မဟုတ်လား?
ဝက်မလေး၊ ဝက်ထီးလေး၊ ကြက်မလေးနှင့် ကြက်ဖလေး။ အားလုံးပေါင်းလိုက်ရင် သူတို့က သားပေါက်လေးတွေမွေးမည်...
တစ်နည်းဆိုရသော် အစ်ကိုဟော်ချီသည် သူမနှင့်အတူ သားပေါက်လေးလိုချင်သည်။
အစ်ကိုဟော်ချီ သူက အရမ်းဆိုးတာပဲ။
သာ့ချောင်၏ မျက်နှာသည် ချက်ထားသော ပုဇွန်ကဲ့သို့ နီရဲနေသည်။ လည်ပင်းနှင့် နားရွက်များပင် နီမြန်းသွားသည်!
ချောင်တုန်းဝမ်၏ အသံသည် အပြင်ဘက်မှ ရုတ်တရက် ထွက်လာသည်။ "အစ်မ၊ အကြီးဆုံး ခဲအို လာပြီ။ အစ်မ အထဲမှာ ဘာလုပ်နေတာလဲ?"
"ငါ ဘာမှမလုပ်ပါဘူး။"
ထိုမှသာ သာ့ချောင်သည် စာကို အလျင်အမြန် အဝေးမှာ ထားလိုက်သည်။ ချောင်တုန်းဝမ် ဝင်လာချိန်မှာတော့ သူမရဲ့ပါးပြင်တွေ နီမြန်းနေပြီး မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
သူမရဲ့ အပြုအမူက ထူးဆန်းနေတာကို သတိထားမိပြီး ပထမတော့ အဲဒါကို နားမလည်တဲ့ ချောင်တုန်းဝမ်က "အစ်မ အဖျားရှိလို့လား?"
သာ့ချောင်က သူ့ကိုယ်သူ လက်နဲ့ကိုင်ကြည့်ပြီး "မဟုတ်ဘူး၊ ရာသီဥတု အရမ်းပူနေလို့ နီနေတာ။ ဟုတ်တယ်၊ အရမ်းပူတာပဲ!"
ချောင်တုန်းဝမ်က သူမကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။
ဒီအခိုက်အတန့်မှာ သိုက်ရှောင်ရွှယ်က ဝင်လာပြီး ပေါ့ပေါ့ပါးပါးပဲ စဉ်းစားထားတဲ့ အကြည့်နဲ့ပြောလိုက်သည်။ "အစ်မသာ့ချောင် ငါ့အစ်ကိုဝမ်းကွဲက မင်းဆီကို စာတစ်စောင် တိတ်တဆိတ် ပေးနေတာကို တွေ့လိုက်တယ်။ အဲဒီစာက မင်းအတွက်လား? မင်းတို့နှစ်ယောက် နေ့တိုင်းတွေ့ကြတာကို ဘာကြောင့်လဲ? မင်းမျက်နှာကို ကြည့်ပြီး သူမပြောနိုင်တာ တစ်ခုခုရှိလို့လား?"
ထိုစကားများကြောင့် သာ့ချောင်၏ မျက်နှာပေါ်ရှိ အပူသည် အနည်းငယ် ထပ်ပြီးလောင်ကျွမ်းသွားသည်။
အစ်ကိုဟော်ချီက သူမအား ပြောချင်တာကို တခြားသူတွေ အသိပေးဖို့ နေနေသာသာ မျက်နှာချင်းဆိုင်ပြီးကိုပြောလို့ မရဘူး။
သူမသည် အကြာကြီး တုံ့ဆိုင်းနေပြီး စကားတစ်ခွန်းမှ မပြောနိုင်ပေ။
သိုက်ရှောင်ရွှယ်က ဆက်မေးချင်ပေမယ့် ချောင်တုန်းဝမ်က "အိုကေ၊ ညီမတို့ကို အပြင်မှာ သူတို့စောင့်နေကြတုန်းပဲ။ သွားကြရအောင်!"
ဒီလို အနှောင့်အယှက်တွေက သိုက်ရှောင်ရွှယ်ရဲ့ အာရုံကို ချက်ချင်းပြောင်းပစ်လိုက်သည်။ သူမသည် လူနှစ်ယောက်ကို အမြန်ဆွဲထုတ်လိုက်သည်။
သာ့ချောင်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ယနေ့ လော့အိမ်သည် အလွန်အသက်ဝင်နေသည်။
ပထမအနေနဲ့ လော့မိသားစုတွင် ဆွေမျိုးများစွာရှိသည်။ ဒုတိယအနေနဲ့ လော့မိသားစုက ချောင်မိသားစုကို မျက်နှာသာပေးဖို့ ရည်ရွယ်ခဲ့သည်။ ဖော်ပြရမယ်ဆို အလျင်စလို မင်္ဂလာဆောင်ရသော်လည်း သူတို့သည် ချောင်တုန်းဟယ်ကို လှည့်စားခြင်း သို့မဟုတ် နှိမ့်ချခြင်း မပြုခဲ့ပေ။
ချောင်မိသားစုသည် ဤစိတ်ရင်းကို ခံစားခဲ့ရသောကြောင့် လူတိုင်းက ပျော်ရွှင်ခဲ့ကြသည်။
အမေလော့သာ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
အခုသားဆက်ခြား စီမံကိန်းအရဆို ချောင်တုန်းဟယ်သည် သားယောင်္ကျားလေး တစ်ယောက်မွေးရင်တောင် သူတို့မှာ ကလေးတစ်ယောက်သာ ရှိနိုင်မည်။ ပြီးတော့ ကလေးက သားဖြစ်မယ်လို့ အာမခံချက်မရှိဘူး။
ဒီရက်ပိုင်းမှာ လော့မိသားစုရဲ့ သားစဉ်မြေးဆက်ကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ နှလုံးသားက ကြေကွဲခဲ့ရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျေးလက်ဒေသရှိ ဆွေမျိုးတစ်ဦးထံမှ ဆေးနည်းတစ်ခုကို ရရှိခဲ့သည်။ အဲဒါကို အမျိုးသမီးအား ကျွေးရင် ကလေးက ယောင်္ကျားလေးဖြစ်ဖို့ သေချာပေါက် အာမခံပေးနိုင်တယ်လို့ ဆွေမျိုးက ပြောခဲ့သည်။
ထိုအချိန်တွင် သူမသည် တရုတ်ရိုးရာ ဆေးဖက်ဝင်အပင်များကို ပြုတ်ပြီး လော့ကျွင်းလျန်နှင့် ချောင်တုန်းဟယ်တို့၏ သတို့သမီးအခန်းသို့ ရောက်လာခဲ့သည်။ တရုတ်တိုင်းရင်းဆေးကို သူမလက်ထဲသို့ တွန်းထည့်ပြီး ပြောလိုက်သည်။ "သောက်လိုက်။"
ချောင်တုန်းဟယ်သည် သူမ၏ မျက်လုံးများရှေ့က နံစော်နေသော အရာအား ကြည့်လိုက်သည်။ အဲဒါက နက်မှောင်နေသည်။ ဘယ်လို တရုတ်ရိုးရာဆေးဖက်ဝင်အပင်မျိုးတွေနဲ့ လုပ်ထားလဲဆိုတာ မသိနိုင်ဘူး။ "အမေ၊ ဒါက ဘာလဲ? ဘာလို့ အနံ့က ထူးဆန်းနေတာလဲ"
"ဘာထူးဆန်းလို့လဲ? ဒါကောင်းပါတယ်။ ငါမင်းကိုသောက်ဖို့ ပြောရင် သောက်လိုက်လေ။ မင်းဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ"
အမေလော့သည် ပန်းကန်လုံးအား သူမလက်ထဲသို့ တွန်းပို့လိုက်ပြီး သူမကို စိုက်ကြည့်နေသည်။
အနံ့က နှာခေါင်းကို ရောက်သွားပြီး ချောင်တုန်းဟယ်က ပျို့အန်လာသည်။ သူမသည် အန်လုနီးပါးပင်။ "အမေ၊ ဒါကို ထားခဲ့လိုက်။ ကျွန်မ နောက်မှ သောက်လိုက်မယ်။"
အမေလော့သည် ထိုစကားကိုကြားသောအခါ သူမ၏ မျက်နှာသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ "တစ်ယောက်ယောက်ဆီကနေ ဒီကောင်းတဲ့ အရာတွေကို ပြန်ရဖို့ ငါက အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတာ။ ငါက မင်းကို ထိခိုက်စေမယ်လို့ မင်းထင်နေတာလား? မင်းသာ ငါ့စကားကို နားထောင်ခဲ့ရင် လက်ထပ်ပြီး အစောတည်းက ကလေးတွေ ရနေလောက်ပြီ။ ငါက မင်းကို ဒီဆေးရည်လေး သောက်ခိုင်းရုံပါ။ ပြီးတော့ မင်းကဘာလို့ ဆင်ခြေတွေ ပေးနေတာလဲ? ယောက္ခမကို ဆန့်ကျင်ချင်နေတာလား?"
ချောင်တုန်းဟယ်၏ မျက်နှာသည် ဖျော့တော့နေသည်။ သူမလက်ကို အမြန်ဝှေ့ယမ်းပြီး "အမေ၊ ကျွန်မ အမေ့ကို မဆန့်ကျင်ပါဘူး။ ကျွန်မ ဗိုက်နည်းနည်းနာလို့ပါ။ နောက်မှသောက်လိုက်ပါ့မယ်။"
"မဟုတ်ဘူး! အခုချက်ချင်းသောက်!"
အမေလော့သည် ယခင်အဖြစ်အပျက်များကို သတိရမိသည်။ အငြိုးအဟောင်းများနှင့် အငြိုးအသစ်များက စိတ်ထဲတွင် ပေါ်လာသည်။ ချောင်တုန်းဟယ်ကို တရုတ်တိုင်းရင်း ဆေးသောက်ခိုင်းရန် သူမ၏ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။
ချောင်တုန်းဟယ်က မသောက်ချင်ဘူး။ အနံ့လေးရရုံနဲ့ သူမ မအီမသာဖြစ်သည်။
အထဲမှာ ဘာပါလဲ မသိတာကို ဘေးဖယ်ထားလိုက်ရင်တောင် သောက်ပြီးရင် သူ့ဗိုက်ထဲက ကလေး ထိခိုက်သွားလိမ့်မည်။
ဒါပေမယ့် သူမသည် လက်ထပ်တဲ့နေ့မှာပဲ ပြဿနာမဖြစ်ချင်ဘူး။ အပြင်က ဧည့်သည်တွေအားလုံး မပြန်သေးတာကြောင့် ဖြစ်သည်။ ပြဿနာက ကြီးသွားရင် လူတိုင်းသည် ချွေးမအသစ်က ဉာဏ်မမီဘူးလို့ပဲ ပြောကြလိမ့်မည်။
တစ်ဖက်က အားနည်းလေ တစ်ဖက်က ပိုသန်မာလာသည်။
အမေလော့သည် ချောင်တုန်းဟယ်၏ တွန့်ဆုတ်မှုကို သတိပြုမိပြီး ပိုပိုပြီး မာနကြီးလာသည်။ သူမသည် တရုတ်ဆေးကို ကောက်ယူပြီး သူမလက်ထဲကို အတင်းထည့်လိုက်သည်။
သူမ အောင်မြင်တော့မည်ကို မြင်တော့ သာ့ချောင်သည် ကျည်ဆန်တစ်ခုလို ပြေးလာသည်။
သူမသည် အမေလော့ရဲ့လက်ထဲက ခွက်ကိုဆွဲယူပြီး မျက်မှောင်ကြုတ်ကာ "အန်တီလော့ ဘာလုပ်နေတာလဲ?"
သာ့ချောင်က တရုတ်တိုင်းရင်းဆေးကို လုယူလိုက်တာကို တွေ့တော့ အမေလော့က စိတ်ဆိုးသွားပြီး "ဒါက အာဟာရဖြစ်စေတယ်။ သောက်တာက မင်းဝမ်းကွဲအတွက် ကောင်းတယ်။ တုန်းဟယ်က အနာဂတ်မှာ ငါတို့ လော့မိသားစုရဲ့ မိသားစုဝင်ဖြစ်လာမှာ။ ထုံးစံအတိုင်း ငါက သူ့ကို ချစ်မြတ်နိုးရမှာပေါ့။"
ဒါပေမယ့် သာ့ချောင်ပေါ် သူ့ဒေါသကို ကျရောက်ဖို့ သူမ မဝံ့ရဲခဲ့ပေ။ ပြီးတော့ ချောင်မိသားစုသည် ဤမြေးမလေး သာ့ချောင်ကို ဘယ်လောက် တန်ဖိုးထားသည်ကို သူမကြားသိခဲ့ရသည်။
ထို့အပြင် သာ့ချောင်သည် ယခုနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးဖြစ်ခဲ့သည်။ ထိုကဲ့သို့ ရောင်ဝါမျိုးကြောင့် သူမသည် သာ့ချောင်ကို သူမကိုယ်တိုင် မရင်ဆိုင်ရဲပေ။
သာ့ချောင်သည် ခွက်ထဲက အရာတွေကို ရှူရှိုက်ပြီး အန်လုနီးပါးပင် "အန်တီလော့က ကောင်းတယ်လို့ ပြောတဲ့အတွက် အန်တီလော့ ကိုယ်တိုင် သောက်သင့်တယ်!"
အမေလော့၏ မျက်နှာသည် ဖြူဖျော့သွားသည်။ "ငါက ကလေးမမွေးတော့ဘူး၊ ဘာလို့သောက်ရမှာလဲ? ဒါက မင်း အစ်မဝမ်းကွဲအတွက်။ မင်းအသက်က ငယ်သေးတယ်။ မင်းသောက်ချင်ရင် နောင်ငါယူလာပေးမယ်!"
သာ့ချောင်က ဟော်ချီ ရေးတဲ့စာကို ရုတ်တရက် ပြန်သတိရသွားသည်။ သူမမျက်နှာက အနည်းငယ် နီရဲသွားပြီး "ကျေးဇူးပါ အန်တီလော့ အန်တီ့ရဲ့ကြင်နာမှုအတွက်။ ဒါပေမယ့် ကျွန်မက မလိုပါဘူး။ ကျွန်မအစ်မဝမ်းကွဲလည်း မလိုဘူး!"
သူမပြောပြီးတော့ သူမသည် အမေလော့၏ နက်မှောင်နေတဲ့ခွက်ထဲက အရာတွေကို လျစ်လျူရှုပြီး တရုတ်ဆေးကို အပြင်ဘက်က မြောင်းထဲသို့ လောင်းချလိုက်သည်။
အမေလော့သည် ပေါက်ကွဲတော့မည်။ "မင်း... ဘာလုပ်နေတာလဲ? ဒါက ယွမ်ငါးဆယ်နဲ့ ဝယ်ထားတဲ့ လျှို့ဝှက်ဆေး!"
သာ့ချောင်သည် မည်သည့်လျှို့ဝှက်နည်းကိုမှ မယုံပေ။ "အန်တီလော့ ကျေးဇူးပြုပြီး အဲ့နည်းကို ကျွန်မကို ပေးပါ။ ကျွန်မ ဆရာဝန်နဲ့ စစ်ဆေးပြီး ဆရာဝန်က ပြဿနာမရှိဘူးလို့ အတည်ပြုပြီးတာနဲ့ အန်တီ့ကို ပြန်လာတောင်းပန်မှာပါ!"
အမေလော့က ချောင်မိသားစုရဲ့ ကျန်ရှိတဲ့ မိသားစုဝင်တွေကို ရင်မဆိုင်ချင်တာကြောင့် သူမသည် ချောင်တုန်းဟယ်ကို ဒေါသပုံချပြီး "တုန်းဟယ်၊ အသိဉာဏ်မရှိတဲ့ မင်းရဲ့ညီမကို အစ်မတစ်ယောက်အနေနဲ့ တစ်ခုခုပြောရမှာ မဟုတ်ဘူးလား? "
သူမရဲ့လက်တွေက အဝတ်နားတွေကို လိမ်နေပြီး ချောင်တုန်းဟယ်ရဲ့မျက်နှာက နီမြန်းနေသည်။ ရုတ်တရက် ပျို့တက်လာတာကြောင့် သူမသည် ဘေးဘက်သို့ ပြေးသွားပြီး အော့အန်နေသည်။
သူမကို ဒီလိုမြင်တော့ အမေလော့က သူမသည် ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေတာလို့ ထင်ပြီး ဒေါသထွက်လာခဲ့သည်။
သူမတိုက်ခိုက်ခါနီးတွင် ချောင်တုန်းယင်သည် သူမ၏ အဘွားကို သွားခေါ်ခဲ့သည်။
ချောင်ရှို့ကျီကိုမြင်တော့ အမေလော့က အရှိန်လျော့သွားပြီး အတင်းပြုံးပြလိုက်သည်။ "ခမည်းခမက် အဘွားဘာလို့…. ဒီမှာရှိနေတာလဲ?"
ချောင်ရှို့ကျီက သူ့မျက်နှာကို အေးစက်စွာ စိုက်ကြည့်ပြီး "ငါ့မြေးလေး အိမ်ထောင်ကျတဲ့ ပထမဆုံးနေ့မှာတင် မင်းက သူ့ကို ဒီလိုမျိုး ခက်ခဲအောင် လုပ်နေတာပဲ။ ငါတို့ ဒီအိမ်ထောင်ရေးကို မချည်နှောင်နိုင်ဘူးလို့ ငါထင်တယ်! တုန်းဟယ် ငါနဲ့ ပြန်လိုက်ခဲ့ !"
အမေလော့သည် နေရာတွင် အေးခဲသွားသည်။
ချောင်ရှို့ကျီ၏ ကလေးသုံးယောက်ရဲ့ ကွာရှင်းပြတ်စဲမှုကို သူမကြားသိခဲ့ရသည်။ သူမကိုယ်တိုင် မျက်မြင်မတွေ့ရတာကြောင့် ထိုကောလဟာလများက ချဲ့ကားသည်ဟု ယူဆခဲ့သည်။
ရောက်ရောက်ချင်းမှာ တစ်ဖက်က စိတ်ပြောင်းသွားလိမ့်မယ်လို့ သူမ လုံးဝမတွေးခဲ့ဖူးပေ။
အမေလော့က အသိစိတ်ပြန်ဝင်လာပြီး ချက်ချင်းပင် စိုးရိမ်သွားကာ "ခမည်းခမက် အဘွား... အဲဒီလောက်ထိ ရောက်သွားစရာတွေ မလိုဘူးမဟုတ်လား?"
ချောင်ရှို့ကျီက သူမကို မကြည့်ပေ။ သူမက ချောင်တုန်းဟယ်ဆီသို့ လက်ကိုလှမ်းပြီး "အဘွားနဲ့ ပြန်လိုက်ခဲ့။ ဒါက အစပဲရှိသေးတာကို သူတို့က မင်းကို ဒီလိုဆက်ဆံတယ်။ နောင်မှာ မင်းကို တန်ဖိုးထားမှာ မဟုတ်ဘူး!"
ချောင်ရှို့ကျီကို သူမက မဖြောင့်ဖျနိုင်တော့တာကို မြင်လိုက်ရတော့ အမေလော့က အမြန်လှည့်ပြီး ချောင်တုန်းဟယ်ကို "တုန်းဟယ် အမေမှားတယ်ဆိုတာ သိပါပြီ။ အမေက မင်းကို ဘယ်တုန်းကမှ အနိုင်မကျင့်ခဲ့ဘူးဆိုတာ မင်းအဘွားကို မြန်မြန်ပြောလိုက်!"
အမေလော့သည် အလွန်ဒေါသထွက်နေခဲ့သည်။
သူမက မြန်မြန်လက်ထပ်ဖို့ ပြောတုန်းက သူတို့က စကားနားမထောင််ခဲ့ဘူး။ ဒါပေမယ့် အခု သူမက အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအတွက် ဆေးဝါးတွေ ရှာဖွေဖို့ အရမ်းကြိုးစားခဲ့ရသည်။ ပြီးတော့ သူ့ကို ဘယ်သူမှ ကျေးဇူးမတင်ခဲ့ပေ။
သူမကို အရမ်းကို ဒေါသထွက်နေခဲ့သည်!
ချောင်တုန်းဟယ်သည် သူမ၏ အဝတ်အစားအနားကို တုံ့ဆိုင်းပြီး ဆုပ်ကိုင်ထားသည်။
ချောင်တုန်းဟယ်၏ တုံ့ဆိုင်းမှုကို မြင်သောအခါ အမေလော့က ဆက်လက်ပြီး "တုန်းဟယ်၊ မင်းက ကျွင်းလျန်နဲ့ နှစ်အနည်းငယ်ကြာအောင် နေခဲ့ပြီးပြီ၊ မင်း ဒီအတိုင်း ထွက်သွားရင် ကျွင်းလျန်က ငါနဲ့ ရန်ဖြစ်လိမ့်မယ်!"
တကယ်တော့ သူမပြောချင်တာက ချောင်တုန်းဟယ်ဟာ သူ့သားနဲ့ နှစ်အနည်းငယ်ကြာအောင် နေခဲ့တာပဲ။ သူတို့ မအိပ်ခဲ့ရင်တောင် တခြားသူတွေရဲ့အမြင်မှာ သူမက 'အပြစ်ကင်းတဲ့' မိန်းကလေးမဟုတ်တော့ဘူး။ ဒါဆို ဘယ်မိသားစုက သူမကို လိုချင်မှာလဲ?
ကြည့်လိုက်ဦး၊ သူမက တုံ့ဆိုင်းနေတယ်လေ။ သူမက ဒါကို တွေးပြီး သူ့သားကို ထားသွားခဲ့ရင် လူကောင်းတစ်ယောက်ကို သူမ ဘယ်တော့မှ ရှာမတွေ့တော့မှာကို ကြောက်ရွံ့နေလိမ့်မည်။
အမေလော့သည် အဲဒါကို အပြင်ပန်းတွင် မပြခဲ့ပေမယ့် သူမ၏မျက်လုံးများတွင် မထီမဲ့မြင်ဖြတ်သန်းမှုတွေက သူမ၏ အတွေးအမှန်များကို ထုတ်ဖော်ပြသခဲ့သည်မှာ ကြာပြီဖြစ်သည်။
ကျန်တဲ့ ချောင်မိသားစုက ဒါကို မြင်သည်။ ချောင်တုန်းဟယ် တစ်ယောက်တည်းသာ မမြင်ခဲ့ပေ။
ထိုအချိန်တွင် လော့ကျွင်းလျန် ရောက်လာသည်။ ချောင်တုန်းဟယ်သည် သူမ၏အားကိုးရာကို ရှာတွေ့သွားပုံရသည်။
လော့ကျွင်းလျန်က အဖြစ်အပျက်ကို သိပြီးနောက် သူ့အမေအတွက် ချောင်မိသားစုကို အရင်ဆုံး တောင်းပန်ခဲ့သည်။ ထို့နောက် သူက ချောင်တုန်းဟယ်ကို နှစ်သိမ့်ခဲ့သည်။
လော့ကျွင်းလျန်၏ ဖြားယောင်းမှုကြောင့် ချောင်တုန်းဟယ်၏ နှလုံးသားထဲက မကျေနပ်ချက်များ ချက်ခြင်း ပျောက်ကွယ်သွားခဲ့သည်။
အမေလော့နှင့် လော့ကျွင်းလျန်တို့ ထွက်သွားပြီးနောက်။
ချောင်ရှို့ကျီက ချောင်တုန်းဟယ်ကိုကြည့်ကာ သက်ပြင်းချပြီး "မင်းကို ငါနောက်ဆုံးပြောခဲ့တာက အသုံးမဝင်ပုံရတယ်!"
စောစောက သူမပြောခဲ့တဲ့စကားက သူမကို လော့ကျွင်းလျန်နဲ့ လမ်းခွဲစေချင်တာမဟုတ်ပါဘူး။ ပြီးတော့ သူတို့နှစ်ယောက်က ကလေးရနေပြီ။ ဒါကြောင့် လမ်းခွဲဖို့ မလွယ်ကူဘူး။
သူမလိုချင်တာက ချောင်တုန်းဟယ်သည် အမေလော့ကို သူမက လော့ကျွင်းလျန်နှင့် လက်ထပ်ရန် မလိုအပ်ကြောင်း တစ်ဖက်လူအား အသိပေးကာ သဘောထားပြရုံ ဖြစ်သည်။ တစ်ဖက်က သူမကို မလေးစားဘူးဆို သူမက အချိန်မရွေး ထွက်သွားနိုင်သည်။
ချောင်တုန်းဟယ်သည် သူမ၏ ရည်ရွယ်ချက်ကို သေချာစွာ နားမလည်ခဲ့ပေ။
ထို့အပြင် သူမသည် ပျော့ညံ့လွန်းသည်။ မခံမရပ်နိုင်ဖြစ်ပြီး သူမသည် အရိုက်ခံရရုံသာ ရှိသည်။
ချောင်တုန်းဟယ်၏ မျက်နှာသည် အလွန်ဖျော့တော့နေပြီး "အဘွား၊ ကျွန်မ..."
ချောင်ရှို့ကျီက သူမလက်ကို ဝှေ့ယမ်းပြီး "မင်းစကားပြောစရာ မလိုပါဘူး။ ဒါက မင်းရွေးချယ်တဲ့လမ်းပဲ။ မင်းဘဝကို ကောင်းကောင်းနေပါ။"
သူမစကားပြီးသောအခါ သူမက ချောင်တုန်းဟယ်ကို လျစ်လျူရှုပြီး လှည့်ထွက်သွားခဲ့သည်။
ချောင်တုန်းယင်က သူ့အစ်မကို သံကနေ သံမဏိအဖြစ်သို့ ပြောင်းလဲစေလိုသော အရိပ်အယောင်ဖြင့် ကြည့်ကာ "အစ်မ၊ ခုနက အဘွားပြောတဲ့အတိုင်း နင်ဘာလို့ မလိုက်တာလဲ။ နင်က နင့်အပေါ် ပိုပိုပြီး နင့်ယောက္ခမက နှိမ့်ချအောင် လုပ်နေတာပဲ။ နင်..နင် ငါတို့ကို အရမ်းစိတ်ပျက်စေတယ်။"
အစကတည်းက ချောင်တုန်းဟယ်ရဲ့မျက်နှာက ဖြူဖျော့နေခဲ့သည်။ ဆွေမျိုး နှစ်ယောက်ရဲ့ ဆက်တိုက် သင်ကြားပို့ချမှုအပြီးတွင် သူမသည် မျက်ရည်တွေ ထိန်းမရတော့ပေ။
ချောင်တုန်းယင် ဆက်ချင်ပေမယ့် သာ့ချောင်က "အစ်မယင်၊ စကားမပြောနဲ့!"
ချောင်တုန်းယင်က ပြေးထွက်သွားသည်။
ချောင်တုန်းဟယ်က ပိုပိုပြီး ငိုသည်။ သာ့ချောင်သည် သူမ၏ အစ်မဝမ်းကွဲကို နှစ်သိမ့်ရန် နေခဲ့သည်။
အားထုတ်ပြီး သာ့ချောင်သည် သူမ၏ အစ်မဝမ်းကွဲကို ချော့ပေးခဲ့သည်။ သူမသည် လှည့်ကြည့်လိုက်ပြီး ရေနွေးဇလုံတစ်ခုကို ယူလာခဲ့သည်။
သူမမျက်နှာကို သုတ်ရင်း ချောင်တုန်းဟယ်က ဆို့နင့်လာကာ "သာ့ချောင်၊ ငါ တစ်ခုခုမှားနေပြီလို့ နင်ထင်လား?"
သာ့ချောင် - "အစ်မဝမ်းကွဲ ဒါက မှန်တယ်မှားတယ်ဆိုတဲ့ ကိစ္စလို့ မထင်ဘူး။ ရှောင်လိုက်ဝာာက အစ်မလိုချင်တာကို ယူလာမှာ မဟုတ်ဘူးဆိုတာ အစ်မသိထားသင့်တယ်။ အဲဒါက တခြားသူကို ရတာထက် ပိုလိုချင်လာစေလိမ့်မယ်။ စောစောက အဘွားက သူအစ်မကို ကြမ်းတမ်းတာကြောင့် သွားမယ်လို့ ပြောခဲ့တာ။ ဒီလိုနည်းနဲ့ဆို အစ်မယောက္ခမက အစ်မကို အနာဂတ်မှာ အနိုင်ကျင့်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ အစ်မက အဘွားရဲ့အကြံကို ဖျက်ဆီးပစ်လိုက်တာ။"
ဒါကိုကြားတော့ ချောင်တုန်းဟယ်ရဲ့ မျက်လုံးတွေ နီရဲလာပြန်သည်။ "ငါ အသုံးမကျဘူး။ ငါက အဘွားကို စိတ်ပျက်အောင် လုပ်လိုက်တာ။"
သာ့ချောင်သည် အစက နောက်ထပ်စကားလုံးအနည်းငယ် ထပ်ထည့်ချင်ခဲ့သည်။ သို့သော် မျက်ရည်ကျနေသော သူမမျက်နှာကို မြင်လိုက်ရတော့ သူမသည် ထိုစကားကို ပြန်မျိုချလိုက်သည်။
အစ်မဝမ်းကွဲ၏ အပြုအမူကို အကဲဖြတ်ပါက နောင်တွင် ပြဿနာရှိလာနိုင်သည်။
နိဂုံးချုပ်အားဖြင့် ငြိမ်းချမ်းစွာ လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် 'ပြီးပြည့်စုံသော လိုက်ဖက်ညီစွာ' ဖြင့် အခမ်းအနား ပြီးဆုံးခဲ့သည်။