← Chapters

အခန်း (၁၄၆၆)

Vol. 99 Ch. 1466

အခန်း (၁၄၆၆)

Vol. 99 Ch. 1466

ကျွင်းချောင်ရှောင်းသည် သေတော့မလို အခြေအနေမျိုးကို ရောက်ရှိနေ၏။ သို့ပေမဲ့ စနစ်သည် ဘေးအန္တရာယ် ဖြေရှင်းသည့် အခြေအနေတစ်ခုကို သူ့ဘာသာ အသက်ဝင်ခဲ့၏။ ဤလုပ်ဆောင်နိုင်မှုသည် ယခင်ဗားရှင်းတွင် မရှိခဲ့သော်လည်း လက်ရှိဗားရှင်းတွင်တော့ အသစ်ထပ်မံ ဖြည့်သွင်းလိုက်သည့်အရာပင် ဖြစ်၏။ ထိုအရာသည် ဂိုဏ်းစုဆောင်းမှတ်၊ ဂိုဏ်းအောင်မြင်မှုအမှတ်နှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များ အားလုံးကို သုညထိရောက်အောင် အသုံးပြုရသည့်အရာပင်ဖြစ်၏။

အပွင့်အလင်းဆုံး ပြောရမည်ဆိုလျှင် ရှိရှိသမျှ အရာအားလုံးကို အသုံးပြု၍ အသက်ကို ကယ်တင်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် ပြဿနာ တစ်ခု တည်ရှိနေ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် မည်မျှ များပြားသည့် အမှတ်များကို စုဆောင်းခဲ့ရသနည်း။ ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းအောင်မြင်မှု အမှတ်များသည် သိန်းငါးဆယ်မှ ခြောက်ဆယ် နီးပါးခန့်ရှိပြီး ဂိုဏ်းဂုဏ်သိက္ခာအမှတ်များမှာ အနည်းငယ် နည်းပါးလှသည်ဆိုသော်လည်း တစ်ထောင်ကျော် ထိတော့ တည်ရှိသည်။

ဤမျှ အချိန်ကြာအောင် ကြိုးကြိုးစားစား အလုပ်လုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စတိုးထဲတွင် တစ်နှစ်စာ ဗွီအိုင်ပီအသုံးပြုသူအဖြစ် မှတ်ပုံတင်ရန်ပင် စဉ်းစားခဲ့သေး၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဘာတစ်ခုမှ မရှိတော့ပေ။ ကံကောင်းသည်မှာ ကျွင်းချောင်ရှောင်း အနေဖြင့် လက်ရှိတွင် သတိမရှိသည့် အခြေအနေသို့ ရောက်ရှိနေ၏။ မဟုတ်ပါက သူ၏ ဂိုဏ်းစုဆောင်းမှတ်များ သုညအဖြစ်သို့ ရောက်ရှိသွားသည်ကို ကြားရသည်နှင့် မိမိလည်ပင်းကို မိမိညှစ်ကာဖြင့် ‘ငါ့ရဲ့ဂိုဏ်းစုဆောင်းမှတ်တွေပြန်ပေး၊ ငါ့ရဲ့ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေ ပြန်ပေး’ ဟု အော်ဟစ်နေမှာ သေချာ၏။

ဘေးအန္တရာယ်ဖြေရှင်းခြင်း အခြေအနေ အသက်ဝင်သွားပြီးသည့်နောက် အမှတ်များသည်လည်း လျင်လျင်မြန်မြန်ဖြင့် ကုန်ဆုံးသွားခဲ့၏။ ကုန်းရှန့်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သိပ္ပံပညာ၏ စွမ်းအင်များဖြင့် လွှမ်းခြုံလျက် ရှိနေပြီး နတ်ဆိုးအော်ရာနှင့် ကျောက်ရုပ်တုမျိုးနွယ်များ၏ စွမ်းအင်များကို သန့်စင်တော့သည်။

ရှောင်ရှစ်နှင့် ရှောင်ဟော့တို့သည် အလုံးစုံဆွံ့အလျက် ရှိနေ၏။ ဤကဲ့သို့သော သူတို့၏ ဖေဖေ ခန္ဓာကိုယ်ဆီမှ ထူးခြားလှသော စွမ်းအင်များ ထွက်ပေါ်လာကြောင်း သူတို့က ခံစားမိ၏။ ပြီးသည့်နောက် ထိုအရာသည် မတားဆီးနိုင်သည့် အားအင်အဖြစ် ဖြစ်တည်လာခဲ့ပြီး မကောင်းသည့် ဓာတ်သဘာဝများ အားလုံးကို ချက်ချင်းပဲ ဖျက်ဆီးတော့၏။

ဖြစ်စဉ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည်ဟု ဖော်ညွှန်း၍ပင် ရနိုင်၏။ နောက်တစ်စက္ကန့် အတွင်းမှာပဲ ၎င်းတို့ စိတ်ဝိညာဉ်နှစ်ကောင်သည် အမှန်ပင် ပျော်ရွှင်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးအော်ရာများနှင့် ကျောက်ရုပ်တုမျိုးနွယ်များ၏ စွမ်းအင်များအားလုံးသည် ဝိုင်းဝန်းပြီး သန့်စင်ခြင်းကို ခံခဲ့ရ၏။ ထိုအရာသည် ၎င်းတို့အား ကြီးမားသည့် အကျိုးသက်ရောက်မှုကို ရရှိစေပြီး ၎င်းတို့၏ အားအင်အဆင့်သည်လည်း တမဟုတ်ချင်း တိုးတက်စေခဲ့သည်။

အပြင်ဘက် တည်နေရာတွင်တော့ ရောင်မုန့်ယဉ်သည်လည်း ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် နတ်ဆိုးအော်ရာများကို သန့်စင်စွာဖြင့် ရရှိလာ၏။ ထို့အပြင် သူမအနေဖြင့် စုပ်ယူသန့်စင်ခြင်းကို အနည်းငယ်သာ အားစိုက်ခဲ့ရ၏။

ဆွစ် ဆွစ် …..။

ခဏလောက်ကြာပြီးသည့်နောက် ဤမိန်းကလေးသည် အမြူတေ အသွင်ပြောင်းလဲခြင်းအဆင့်ဆီသို့ ချိုးဖြတ် ရောက်ရှိသွားခဲ့၏။ အကာအကွယ်သုံးခု တည်ရှိနေသောကြောင့် သူမ၏ အဆင့်ချိုးဖြတ်မှု အခြေအနေသည် ဘယ်သူမှ မသိရှိချေ။

သို့ပေမဲ့ ကုကျောင်းရှစ်မှာတော့ ကြီးမားသည့် အဆင့်ကြီးကို ဤကလေးမ တက်သွားသည် ဖြစ်ကြောင်းကို သိရှိလိုက်သည်။ ထို့ကြောင့် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဒီလို အခြေအနေမျိုးမှာ အဆင့်ချိုးဖြတ်နိုင်တယ်ဆိုရင် ငါ့ရဲ့ သိုင်းပညာနဲ့ ပတ်သက်တဲ့ နားလည်မှုက လုံးဝကို လွဲမှားနေပြီပဲ”

လက်ရှိအချိန်မှာတော့ ရောင်မုန့်ယဉ် ရရှိနေသည့် အကျိုးအမြတ်သည် နည်းပါးနေသေးသည်ဟု ဆိုရမည်။ အကျိုးအမြတ် အများဆုံး ရရှိနေသူသည် ရှောင်ရှစ်နှင့် ရှောင်ဟော့ပင်ဖြစ်သည်။ သိပ္ပံပညာ စွမ်းအင်များ၏ အောက်မှာတော့ ၎င်းတို့ ဝိညာဉ်နှစ်ကောင်တို့သည် ရူးရူးမူးမူးဖြင့် အားအင်များ တိုးတက်လျက် ရှိနေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အသွင်အပြင်များသည်လည်း တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့၏။

စကြဝဠာထဲတွင် မွေးဖွားခဲ့သည့် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ ဖြစ်သည်မို့ ၎င်းတို့သည် သန္ဓေသားအသွင်မှသည် အခြေအနေဖြစ်တည်ခြင်း အသွင်သို့ ပြောင်းလဲခဲ့၏။ ပြီးနောက်မှာတော့ လူသားအသွင်ဖြင့် ဖြစ်တည်လာခဲ့သည်။ လက်ရှိမှာတော့ အရွယ်ရောက်သည့်လူတစ်ယောက်အဖြစ်သို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဤအရာသည် လူသားများ၏ အသွင်ပြောင်းလဲမှုနှင့် ဆင်တူလွန်းလှသည်။ အဆင့်သစ်တစ်ခုသို့ ရောက်ရှိ လာသည့်အပြင် ၎င်းတို့၏ အားအင်အဆင့်သည် တိုးတက်လာခဲ့၏။ မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ် တို့သည် ကျွင်းချောင်ရှောင်း၏ ဒန်ထျန်ထဲတွင် ရှိနေသည့် ၎င်း၏သားများအဖြစ် သတ်မှတ်နိုင်၏။ လက်ရှိ အခြေအနေမှာတော့ များပြားလှသည့် နတ်ဆိုးချီများ၏ သန့်စင်မှုကို ခံနေရပြီး ၎င်းတို့သည် အားအကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေ၏။

ဤနတ်ဆိုးရေစက်နယ်မြေကြီးသည် နတ်ဆိုးကျင့်ကြံသူများအတွက် နတ်ဘုံနတ်နန်းဖြစ်ကြောင်း ထင်ရှားလှ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အကျိုးကျေးဇူးကို ရရှိသူသည် နတ်ဆိုးကျင့်ကြံသူများ မဟုတ်ဘဲ ကျွင်းချောင်ရှောင်း ဖြစ်လို့နေခဲ့သည်။ သောက်ကျိုးနည်းလှချေသည်တကား။

“မကောင်းတော့ဘူး”

ထိတ်လန့်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ “ငါ့ရဲ့ စွမ်းအင်တွေက သန့်စင်ခြင်းကို ခံနေရတာပဲ”

သန့်စင်ခြင်း ခံရရုံသာ မဟုတ်ပေ။ ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်နှစ်ကောင်၏ သန့်စင်မှုအောက် မှာတော့ အရာအားလုံးသည် မြန်မြန်ဆန်ဆန်ဖြင့် စုပ်ယူခြင်းကို ခံနေရသည်။

နတ်ဆိုးဘိုးဘေးသည် အခြေအနေ မကောင်းသည်ကို သိရှိသည်ဆိုသော်လည်း သူ့အနေနှင့် ထုတ်လွှတ်သွားပြီး ဖြစ်သော နတ်ဆိုးချီများကို ပြန်လည်ရုတ်သိမ်းခြင်း မပြုလုပ်နိုင်ချေ။

သိပ္ပံစွမ်းရည်များ ပေါ်ထွက်လာမှုအောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အခြေအနေကို ပြောင်းပြန်လှန်ရုံသာ မက ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်များကိုပင် ရူးရူးမူးမူး စုပ်ယူလျက်ရှိ၏။ သူသည် ထိုအရာကို ပြောင်းပြန်လှန်ပြီးသည့်နောက် ကြီးမားလှသည့် အကျိုးကျေးဇူးများကို ရရှိလျက်ရှိနေ၏။ စုဆောင်း ထားသည့်အရာအားလုံးကို အသုံးပြု၍ ဂိမ်းဆာဗာကို ခိုးယူခြင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ သည်။

“ထူးဆန်းလိုက်တာ”

အပြင်ဘက်လောကတွင်တော့ ပုံမှန်အားဖြင့် တောက်ပလျက် ရှိနေသည့် သံမဏိဂိတ်တံခါး ကြီးသည် အားအကောင်းဆုံး အခြေအနေတစ်ခုဆီမှ ပြန်လည်ကာ အားပျော့သွားတော့သည်။ ထိုအရာသည် များပြားလှသည့် ကလန်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများကို အံ့အားသင့်မှုများ ဖြစ်စေခဲ့၏။

မာဆာတိုကီတာနိုက ခန့်မှန်းလိုက်သည်။ “ဒါက ပြန်လည်ရှင်သန်တဲ့ အခြေအနေတစ်ခုက ကျရှုံးသွားတာပဲ”

“ဟား ဟား”

ကြီးမြတ်သူတုံးကုသည် ရုတ်တရက် ကျယ်လောင်စွာဖြင့် ရယ်မောလိုက်သည်။ နတ်ဆိုးဘိုးဘေးကြီး သည် ပြန်လည်ရှင်သန်မှု ကျရှုံးခဲ့သည်မို့ သူ၏ တပည့် အသက်ရှင်ရန် အခွင့်အလမ်း တည်ရှိနေ၏။

“ကောင်လေး…”

ကြီးမြတ်သူ တုံးကုသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိသည်။ “မင်းအနေနဲ့ ဒီအချိန်မှာ ကံကောင်းစွာနဲ့ အသက်ရှင် ပြန်ပြီး ထွက်လာဖို့ မျှော်လင့်မိတယ်။ ဒါမှ နောက်ဆိုရင် အပျော်အပါးအတွက်နဲ့ တွေ့ကရာနေရာကို လျှောက်မဝင်ရဲတော့မှာ”

နတ်ဆိုးဂိတ်တံခါးဆီမှ ထုတ်လွှတ်လျက်ရှိသော နတ်ဆိုးချီများသည် တဖြည်းဖြည်းနှင့် ပိုမိုကာ အားလျော့ လာခဲ့၏။ များပြားလှသော ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် စိတ်သက်သာရာရသလို သက်ပြင်းကို ချလိုက်မိကြ၏။ ၎င်းတို့အားလုံးသည် နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်နိုင်မှုမှ ကျရှုံးပါစေဟု ကြိတ်ကာ ဆုတောင်းလျက်ရှိသည်။ ဤမှသာ အထက်နယ်မြေသည် ယခင်ကအတိုင်း တည်ငြိမ်အေးဆေးစွာ နေထိုင်မှာသေချာသည်။

သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ နတ်ဆိုးဘိုးဘေးကြီး ပြန်လည်ရှင်သန်နိုင်မလား၊ မရှင်သန်နိုင်ဘူးလား ဆိုသည်မှာ ကျွင်းချောင်ရှောင်းအပေါ်တွင် မူတည်လျက် ရှိနေ၏။ အဘယ်ကြောင့် ဆိုသော် တစ်ဖက်လူသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို အစစ်အမှန် မသိမ်းဆည်းနိုင်ခဲ့ချေ။ ထို့အပြင် ရောင်မုန့်ယဉ်အား ကြားခံ တစ်ခုအဖြစ် အသုံးပြုနိုင်စွမ်း မရှိသည်မို့ ဆက်လုပ်ရမည့် အစီအစဉ်များအားလုံးသည် ပြုလုပ်၍ မရနိုင်သောကြောင့်ပင်။

ဤပြဿနာသည် အရေးကြီးသည့် အခြေအနေတွင် မတည်ရှိချေ။ ပိုမိုကာ အရေးကြီးသည့် အခြေအနေမှာတော့ နတ်ဆိုးဘိုးဘေးသည် သူ၏ ပြန်လည်ရှင်သန်နိုင်မှုကို အသက်သွင်းနိုင်ရန်အတွက် သူ၏ နတ်ဆိုးချီများကို ပြင်းပြင်းထန်ထန်ဖြင့် ထုတ်လွှတ်ထား၏။ သို့ပေမဲ့ ထိုနတ်ဆိုးချီများကို သူသည် မထိန်းချုပ်နိုင်ခဲ့ချေ။ ထိုနတ်ဆိုးချီများ အားလုံးသည် ရူးရူးမူးမူးဖြင့် ဝါးမြိုသန့်စင်ခြင်းကို ခံနေရသည်။ ကျွင်းချောင်ရှောင်းနှင့် စိတ်ဝိညာဉ်နှစ်ကောင်အား ပိုမိုအားကောင်းစေရန် အထောက်အပံ့အဖြစ် ဖြစ်တည်လာနေ၏။

“ကျေးဇူးတင်ပါတယ်”

“မဟုတ်ဘူး။ မဟုတ်ဘူး”

နတ်ဆိုးဘိုးဘေးသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်ဟစ်လျက် ရှိနေ၏။ နတ်ဆိုး ရေစက်နယ်မြေတစ်ခုလုံး သည် လွန်ခဲ့သည့်နှစ်ပေါင်းသောင်းကျော် ကတည်းက တည်ရှိနေခဲ့သည့်အရာဖြစ်ပြီး ထိုအရာ ပွင့်လှစ်လာသည်ဆိုသည်နှင့် များပြားလှသော စတေးခြင်းများကို ပြုလုပ်သည်။ ထို့ကြောင့် နတ်ဆိုးသွေး နှင့် နတ်ဆိုးဝိညာဉ်များသည် လုံလောက်သည့်အခြေအနေဆီသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ ရုတ်တရက် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်တည်လာကာ ၎င်းစုဆောင်းထားခဲ့သော ဝိညာဉ်နှင့် နတ်ဆိုးသွေးများ အားလုံးသည် ပြင်းပြင်းထန်ထန် ဆုံးရှုံးလျက် ရှိနေတော့၏။ နတ်ဆိုးဘိုးဘေး၏ အခြေအနေမှာတော့ သနားဖွယ်ရာ ကောင်းလွန်းလှချေ၏။

ဗွက် ဗွက် …။

နတ်ဆိုးချီများသည် ကျွင်းချောင်ရှောင်း၏ တည်နေရာရှိရာသို့ ဆွဲယူရောက်ရှိနေသည်နှင့် တပြိုင်နက် ကုကျောင်းရှစ်၊ လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် စိတ်သက်သာရာ ရသွားခဲ့ကြသည်။

၎င်းတို့သည် မြေပေါ်တွင် အားပြတ်စွာဖြင့် လဲလျောင်းလျက် ရှိနေ၏။ သူတို့အားလုံးသည် စွမ်းရည်အလွှာသုံးထပ်ဖြင့် လွှမ်းခြုံခြင်းကို ခံထားရသည့် ၎င်းတို့၏ ဂိုဏ်းချုပ်ကို မျက်လုံးအပြူးသားဖြင့် ကြည့်ရှုနေကြ၏။

နာကျင်စွာဖြင့် ဖြစ်တည်နေသည့် မျက်နှာတစ်ခုဆီမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်ရသည်မှာတော့ ပြောင်းလဲမှုသည် ကြီးမားသည့် ပြောင်းလဲမှုကြီးတစ်ခုအဖြစ် ဖြစ်တည်သွားခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ခဏကြာပြီးသည့်နောက် ကွဲကြေသည့်အသံ ထွက်ပေါ်လာခဲ့တော့၏။ ကျောက်ရုပ်တု၏ ဒုတိယအလွှာကြီး တစ်ခုလုံးသည် ကွဲကြေသွားခဲ့ပြီးသည့်နောက် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျွင်းချောင်ရှောင်း၏ အသားအရည်တစ်ခုလုံးသည် ကျောက်တုံးကြီးတစ်ခုကဲ့သို့ ဖြစ်တည်နေ၏။

ကုကျောင်းရှစ်က ထအော်လိုက်သည်။ “ကျောက်ရုပ်တုမျိုးနွယ်တွေရဲ့ သွေးမျိုးဆက်က အသက်ဝင်တော့မှာ ပါလား”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် အချိန်အတိုင်းအတာတိုအတွင်း သူမြင်ခဲ့သည့်အရာအားလုံးသည် အမှန်ပင် ထိတ်လန့်တုန်လှုပ်စရာကောင်းလွန်းသည်။ ထိတ်လန့်တုန်လှုပ်စရာ အကောင်းဆုံးမှာ သူ၏ အစ်ကိုကြီး ၌ ကျောက်ရုပ်တုမျိုးနွယ်၏ သွေးမျိုးဆက် တည်ရှိနေခြင်းပင်ဖြစ်၏။ ထို့အပြင် ဤအရာသည် အလွန်အရေးကြီးသည့် အချိန်ကာလတွင် အသက်ဝင်လာခဲ့ခြင်းပင် ဖြစ်၏။

သူသိသလောက်ဆိုလျှင် ကျောက်ရုပ်တုမျိုးနွယ်၏ သွေးမျိုးဆက်ဆိုသည်မှာ ၎င်းတို့မျိုးနွယ်၏ တည်နေရာထဲတွင် တည်ရှိနေသော သွေးမျိုးဆက်ရေကန်ထဲတွင် သွားရောက်ကာ အသက်သွင်းရသည့်အရာ ဖြစ်၏။ သို့ပေမဲ့ ၎င်း၏ အစ်ကိုကြီးသည် အဘယ်ကြောင့် ရုတ်တရက်အခြေအနေတွင် လာရောက်ကာ အသက်ဝင်လာရသနည်း။

“အား”

ထိုအချိန်မှာတော့ နတ်ဆိုးဘိုးဘေး၏ ဒေါသတကြီး အော်ဟစ်သံသည် နန်းတော်တစ်ခုလုံးကို ပျံ့နှံ့လျက် ရှိနေ၏။ ပြီးနောက် အမှုန်ကဲ့သို့ စွမ်းအင်များ၏ စုစည်းမှုအောက်တွင်တော့ နတ်ဆိုးချီများသည် သီးခြား ဖြစ်တည် လာခဲ့၏။ မြေနှင့် နံရံများတွင် ဖြစ်တည်နေသော ထူးဆန်းသည့်မျဉ်းကြောင်းများ အားလုံးသည် တဖြည်းဖြည်း မှေးမှိန်လာ၏။

နတ်ဆိုးသွေးများ တည်ရှိနေသည့် အနီရောင်ရေကန်ကြီး တစ်ခုလုံးသည် တဖြည်းဖြည်း အရောင်မှေးမှိန်လာပြီးသည့်နောက် ထောက်ပံ့မှု ပြတ်တောက်လာခဲ့သည်။

“ဆိုးယုတ်လိုက်တဲ့ကောင်… မင်းစောင့်နေစမ်း”

ဝှစ်

သာမန်မျက်စိနှင့် ကြည့်ရှု၍ ရနိုင်လောက်သည့် အမဲရောင်အလင်းတန်းတစ်ခုသည် သွေးရေကန်ကြီး၏ အောက်ခြေဆီမှ အပေါ်ဘက်သို့ ပျံသန်းလာပြီး နန်းတော်၏ အပြင်ဘက်ဆီသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။ ပြီးသည့်နောက် ဥမင်လှိုဏ်ခေါင်း၏တလျှောက်တွင် ပျောက်ကွယ်သွားခဲ့၏။

နတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန် ဝိညာဉ်သည် ထွက်ပြေးသွားခဲ့ပြီဖြစ်၏။ ဆိုလိုသည်မှာ ၎င်း၏ ပြန်လည်ရှင်သန်နိုင်မှု အစီအရင်သည် အလုံးစုံ ကျရှုံးသွားခဲ့ပြီဖြစ်သည်။

………

“ဘာတွေဖြစ်ကုန်တာလဲ။ ငါ့အနေနဲ့ ခုနတုန်းက အိမ်မက် မက်နေတယ်လို့ ထင်တယ်”

လျှို့ဝှက် လှိုဏ်ခေါင်းထဲတွင် တည်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများသည် ပြန်လည်ကာ သတိရလာခဲ့ကြ၏။ နန်းတော်ထဲတွင် တည်ရှိနေသော နတ်ဆိုး သားရဲဦးခေါင်းဆယ်ခုဆီမှ သွေးများအန်ထွက်လျက် ရှိနေသည့် အခြေ အနေသည်လည်း ရပ်တန့်သွားခဲ့၏။ ထို့ကြောင့် ကျောက်တံခါးကြီးဆယ်ချပ်ထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံး၏ သေဆုံးနေမှုသည် ရပ်တန့်သွားသည်ဟု ဆိုရမည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ်ကို ကယ်တင်နိုင်သည်သာမက နတ်ဆိုးဘိုးဘေးအနေဖြင့် သူမ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းချင်သည့် အခြေအနေမှ တားဆီးနိုင်ခဲ့ပြီဖြစ်၏။ ထိုတင်သာမကသေးချေ။ သေဆုံးရတော့မည်ဖြစ်သော နတ်ဆိုးကျင့်ကြံသူ တော်တော်များများကိုလည်း တစ်ဖက်လှည့်ဖြင့် ကယ်တင်နိုင်ခဲ့ပြီ ဖြစ်၏။

သို့ပေမဲ့ အသက်ရှင်လာခဲ့ကြသော နတ်ဆိုးကျင့်ကြံသူများသည် ၎င်းတို့အား ကျွင်းချောင်ရှောင်း ကယ်တင်လိုက်သည်ကို မသိရှိကြချေ။

အထူးသဖြင့် လျှို့ဝှက်အခန်းထဲတွင် ရှိနေသူများသည် နတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလုံးစုံ သတိ ပြန်လည်ရရှိပြီးသည့်နောက်မှာတော့ လှိုဏ်ခေါင်းအရှေ့ဆီသို့ ပြန်လည်ကာ လျှောက်လာကြ၏။

မကြာခင်မှာပဲ နန်းတော်၏ တည်နေရာဆီသို့ ရောက်ရှိလာပြီး ရောင်မုန့်ယဉ်၏ လက်ထဲတွင် ကိုင်ဆောင်ထားသော သေသပ်လှပ လှသည့် သေတ္တာလေးတစ်ခုဆီသို့ အကြည့်ရောက်ရှိသွား၏။ ဤအရာသည် နတ်ဆိုးဘိုးဘေး ချန်ထားခဲ့သည့် အမွေအနှစ် ဖြစ်နေသည်လား။

ချက်ချင်းပဲ နန်းတော်ထဲတွင် ပေါ်ပေါက်လာခဲ့ကြသည့် နတ်ဆိုးကျင့်ကြံသူများ၏ မျက်လုံးထဲတွင် လောဘတရား များ ဖြစ်တည်လာ၏။ ၎င်းတို့ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးချီများ အားလုံးသည် ပိုမိုကာ လှုပ်ခါလာခဲ့သည်။

ဘုန်း …။

ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ရှောင်ကျီသည် ၎င်း၏ လင်းယွမ်ခန်းမဆောင် မှ ရရှိထားသော စာလုံးအား အသက်သွင်းပြီးသည့်နောက် စက်ရုပ်တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ကြီးမားလှသည့် စက်သေနတ်ကြီး တစ်ခုကို ကိုင်ဆောင်ထားခဲ့တော့သည်။ ပြီးသည့်နောက် သူသည် ဝင်ရောက်လာခဲ့သော နတ်ဆိုးကျင့်ကြံသူများ အားလုံးကို ချိန်ကာ ပြောလိုက်တော့သည်။ “ငြိမ်ငြိမ်နေဖို့ အကြံပေးချင်တယ်”

ဖောက်

ရီရှင်းချန်သည်လည်း သူ၏ညာဘက်လက်ကို လေထုထဲသို့ လှမ်းကာ ဆွဲလိုက်တော့သည်။ ကြီးမားလှသည့် ပုဆိန် ကြီးသည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာ၏။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့သော ဝတ်စုံကို ဝတ်ဆင် ထားပြီး ထူးမခြားနားသလို လှမ်းကာပြောလိုက်၏။ “အမှိုက်တွေ”

ရွှီး ရွှီး

လီချင်းယန်သည် သူ၏ မိုးကြိုးဓားအား ထုတ်ယူပြီးသည့်နောက် သွေးရေကန်ထဲသို့ သူ၏ဓားအား နှစ်လိုက် သည်။ “ဒီသွေးရေကန်ကနေ အရှေ့ကို ကျော်လာတဲ့လူတွေအကုန်လုံးက သေရမယ်”

သွေးရေကန်ကြီး တစ်ခုလုံးသည် လျှပ်စီးတန်းများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ ကြမ်းတမ်းလွန်းလှချေ၏။

All Chapters