← Chapters

အခန်း (၁၄၆၇ - က)

Vol. 99 Ch. 1467

အခန်း (၁၄၆၇ - က)

Vol. 99 Ch. 1467

ပြန်လည်ရှင်သန်မှုကျဆုံးပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီး၏ ဝိညာဉ်အကြွင်းအကျန်သည် အပြင်ဘက်ဆီသို့ ခွဲထွက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ် တို့မှာတော့ ပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေသေး၏။ ၎င်းတို့အားလုံးသည် လက်ကျန်နတ်ဆိုးချီများကို အလုံးစုံ မသန့်စင်ရသေးချေ။

လက်ရှိအခြေအနေမှာတော့ အသိစိတ်ပြန်လည်ရရှိခဲ့ပြီဖြစ်သော များပြားလွန်းလှသော နတ်ဆိုးကျင့်ကြံသူများသည် မြေအောက်တည်နေရာကြီးထဲသို့ လမ်းလျှောက်လာခဲ့ကြပြီးသည့်နောက် ၎င်းတို့၏ လောဘတကြီး မျက်လုံးများနှင့် သပ်ရပ်လှသည့်သေတ္တာလေးတစ်ခုကို စူးစိုက်ကာ ကြည့်လျက်ရှိ၏။ ၎င်းတို့သည် ထိုအရာကို လိုချင်သည်ဆိုခြင်းမှာ ထင်ရှားလွန်းလှ၏။

ကျွင်းချောင်ရှောင်းတို့သည် ၎င်းတို့အား ကယ်တင်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့၏ လက်ထဲတွင်ရှိနေ သော အရာများကို လုယုရန် ကြိုးစားလာခဲ့ကြသည်။ ထိုအချင်းအရာကို တွေ့သည့်အချိန်မှာတော့ လီချင်းယန်တို့သည် အမှန်ပင် ဒေါသထွက်မိနေသည်။

သို့ပေမဲ့ ၎င်းတို့ အားလုံးသည် နတ်ဆိုးကျင့်ကြံသူများပင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့တွင် စိတ်ပိုင်းဆိုင်ရာအရ သတ်မှတ်ထားသည့် ကျင့်ဝတ်ရှိနေမည်မဟုတ်ချေ။

ထို့အပြင် ကျွင်းချောင်ရှောင်းအနေနှင့် သူ၏ တပည့်များကို ကယ်တင်လိုက်သည့်အချိန်တွင် တစ်ဖက်လူများကို ကယ်တင်ပေးသလို ဖြစ်နေခဲ့လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

နတ်ဆိုးချီများကို သန့်စင်နေရခြင်းကြောင့် အာရုံလွင့်လျက်ရှိနေ၏။ ထို့ကြောင့် ကုန်းရှန့်သည် မည်သည့်အကာအကွယ်မှ မရှိချေ။ မည်သည့်သိုင်းကျင့်ကြံသူတစ်ယောက်ကမဆို သူ့အား လွယ်ကူစွာဖြင့် သတ်ဖြတ်ပစ်နိုင်စွမ်းရှိ၏။

ဤအရာသည် ပြဿနာကြီးတစ်ခုတော့မဟုတ်ချေ။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက်ရှိနေပြီး ခံစစ်အနေအထားမျိုးဖြင့် ရပ်နေကြသည်။

နန်းတော်ထဲတွင် တည်ရှိနေသည့် အားကောင်းလွန်းလှသော နတ်ဆိုးချီများသည် အလုံးစုံ ပျောက်ကွယ် မသွားသေးသော်လည်း ပြိုင်စံရှားဂိုဏ်းနှင့် နတ်ဆိုးကျင့်ကြံသူများအကြားတွင် ဖြစ်တည်နေသည့် ရန်စောင်ခြင်း အခြေအနေသည် ပိုမိုကာ တိုးတက်လာခဲ့၏။

ဝှစ်

ကုကျောင်းရှစ်၏ လက်ချောင်းများဆီမှ မီးတောက်တစ်ခု ဖြစ်တည်လာ၏။ ပြီးသည့်နောက် သူသည် လျှပ်စစ် ဆေးပြင်းလိပ်ကြီးကို အသာရှိုက်ဖွာကာဖြင့် အခိုးအငွေ့များအား ကောင်းကင်ပေါ်သို့ မှုတ်ထုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မသေချင်တဲ့လူတွေအကုန်လုံး ထွက်သွားစမ်း။”

နတ်ဆိုးကျင့်ကြံသူတော်တော်များများ၏ မျက်လုံးများသည် စူးရှသွားခဲ့ကြ၏။ လီချင်းယန်နှင့် တခြားသောသူများ သည် ဖိအားကောင်းကောင်းမပေးနိုင်ချေ။ ထို့အပြင် ၎င်းတို့သည် အမြုတေပြောင်းလဲခြင်းအဆင့် ၁ ကျင့်ကြံသူများ သာ ဖြစ်၏။ သို့ပေမဲ့ ကုကျောင်းရှစ်မှာတော့ အမြုတေပြောင်းလဲခြင်းအဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကြောင့် အနည်းငယ်ပိုမိုကာ အားကောင်းလွန်းလှ၏။

လောဘတရားဆိုသည်မှာ တစ်စုံတစ်ယောက်၏ စိတ်ကို လွှမ်းမိုးပြီးသည်နှင့် မသင့်လျော်သည့် ကိစ္စရပ်များ ကို ပြုလုပ်စေနိုင်သည်။

အားအင်အဆင့်ကွာခြားနေသည်ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်သည် လောဘတရား၏ လွှမ်းမိုးမှုကို ခံထားရ သည်ဆိုပါက မျက်ကန်းတစ္ဆေမကြောက် ရှေ့ဆီသို့ ထိုးတက်ကာဖြင့် သေဆုံးရန် အဆင်သင့်ဖြစ်နေပေလိမ့်မည်။

လက်ရှိအခြေအနေသည် ဤကဲ့သို့သော အခြေအနေကို ဖော်ညွှန်းလျက်ရှိနေ၏။ သို့ပေမဲ့ ဤကဲ့သို့ ဖြစ်ပေါ်နေ သည့်အချိန်တွင် အသံတစ်ခုဖြစ်ပေါ်လာခဲ့၏။

ထိုအသံကို ကြားရသည့် အချိန်မှာတော့ နတ်ဆိုးကျင့်ကြံသူများ အားလုံးသည် ရူးသွပ်လုမတတ်ပင် ဖြစ်သွားကြလေသည်။

“အဲဒီသေတ္တာလေးထဲမှာ ငါ့ရဲ့ သန္ဓေနတ်ဆိုးခန္ဓာကိုယ် အကြွင်းအကျန် တည်ရှိနေတယ်လေ။ ဒီအရာကို ရတဲ့လူတွေ အကုန်လုံးက နတ်ဆိုးမျိုးနွယ်တစ်ခုလုံးရဲ့ အမွေအနှစ် ဆက်ခံရမယ်။”

ထိုစကားကို ပြောဆိုလိုက်သည့်လူသည် နတ်ဆိုးဘိုးဘေးကြီး၏ အကြွင်းအကျန်ဝိညာဉ်ပင်ဖြစ်တော့၏။ သူ့အနေနှင့် သူ၏ ပြန်လည်ရှင်သန်မှု၊ ကျဆုံးမှုကို မည်သို့မျှ လက်မခံနိုင်ခဲ့ချေ။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူများကို အသုံးပြု ကာဖြင့် သူ၏ အကြံအစည်ကို ဖျက်ဆီးခဲ့သည့် ကျွင်းချောင်ရှောင်းကို သတ်ဖြတ်နိုင်ရန် စီစဉ်ခဲ့ခြင်းပင်ဖြစ်၏။ သူ၏ အစီအစဉ်သည် အမှန်ပဲ ကောင်းမွန်သည်ဟု ဆိုရပေမည်။

သူသည် ပြန်လည်ရှင်သန်နိုင်မည်အစီအမံကို ချမှတ်ထားခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းကျော်ထဲက ဖြစ်ပြီး အောင်မြင်မည့် အခြေအနေဆီသို့လည်း ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ပြင်ပလူတစ်ယောက်အတွက်ကြောင့် ထိုအစီအစဉ်ကြီးသည် ပျက်စီးခဲ့ရ၏။ သူ၏ ဒေါသတရားကို မည်သို့မျှ မမြိုသိပ်နိုင်ခဲ့တော့ချေ။

နတ်ဆိုးဘိုးဘေး၏ အစီအစဉ်သည် မဆိုးလှချေ။ ထိုအချင်းအရာကို ကြားရသည့်အချိန်မှာတော့ နတ်ဆိုးကျင့်ကြံသူ များအားလုံးသည် ခန္ဓာကိုယ်ထဲသို့ ကြက်သွေးထိုးထည့်လိုက်သလို တိုက်ချင်၊ ခွပ်ချင်စိတ်များ ထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် စိတ်လှုပ်ရှားသည့်သာမက မျက်လုံးထဲတွင်ရှိနေသော လောဘတရားများသည်လည်း အဆုံးစွန်သော အခြေအနေဆီသို့ ရောက်ရှိလာ၏။

“ရူးသွပ်လိုက်တာ”

ကုကျောင်းရှစ်သည် မျက်မှောင်ကုတ်မိလိုက်သည်။ “သူတို့ တကယ့်ကို ရူးသွားပြီပဲ။”

သန္ဓေနတ်ဆိုးခန္ဓာကိုယ်ဆိုသည်မှာ နတ်ဆိုးတာအို၏ အကောင်းမွန်ဆုံးသော ခန္ဓာကိုယ်တစ်ခုဖြစ်၏။ ထိုအရာကို အမွေ ဆက်ခံပြီးသည့်နောက် တစ်စုံတစ်ယောက်သည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ အမွေအနှစ်ကို လက်ခံရရှိမှာ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် နတ်ဆိုးကျင့်ကြံသူများအားလုံးကို ရူးသွပ်သွားစေခြင်းပင်ဖြစ်ပေ၏။

“သွားကြ။”

ဆွစ် ဆွစ် ဆွစ်

များပြားလွန်းလှသော အဆင့် ၅ နှင့် အဆင့် ၆ နတ်ဆိုးကျင့်ကြံသူများသည် ရှေ့ဆီမှ လှမ်းတက်လာခဲ့ကြ၏။ အရှေ့မှ ဦးဆောင်သည့်လူ ရှိနေသည်ဖြစ်သောကြောင့် နောက်ထပ်လူများအားလုံးသည်လည်း ရဲရဲဝံ့ဝံ့ပင် တိုးဝင်လာခဲ့ကြသည်။

နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံကြသော သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည် နန်းတော်၏ တည်နေရာဝင်ပေါက် ဆီမှပင် အထဲဆီသို့ အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုးဝင်လာခဲ့ကြ၏။

၎င်းတို့အနေနှင့် လီချင်းယန်နှင့် တစ်ခြားသောသူများကို ရင်ဆိုင်တိုက်ခိုက်ရန် အစီအစဉ်မရှိကြချေ။ ထိုအစား ၎င်းတို့အား ပွေ့ဖက်ရှောင်ရှားပြီးသည့်နောက် ရောင်မုန့်ယဉ်လက်ထဲတွင် ကိုင်ဆောင်ထားသည့် သေးငယ်သော သေတ္တာလေးကို လုယူရန်သာ စဉ်းစားနေကြသည်။

“မင်းတို့ သေချင်နေတာပဲ။” ကုကျောင်းရှစ်သည် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် ပြောဆိုလိုက်၏။

ဂွပ်

ထိုအချိန်မှာပဲ ရှောင်ကျီသည် ကြီးမားလွန်းလှသော စက်သေနတ်ကြီးကို ထုတ်ယူကာဖြင့် အရှေ့မှ ဦးဆောင်ကာ လာခဲ့ ကြသော နတ်ဆိုးကျင့်ကြံသူ တော်တော်များများကို ပစ်ချလိုက်တော့၏။

ဒက် ဒက် ဒက် ဒက် ဒက် ဒက်

ကျည်ဆံများသည် နတ်ဆိုးကျင့်ကြံသူများ၏ ရှေ့ဆီသို့ ထိမှန်ပြီး ထိုနတ်ဆိုးကျင့်ကြံသူများကို အနောက်ဘက်သို့ လွင့်စင်သွားခဲ့တော့၏။ နတ်ဆိုးမြူတောထဲတွင်ရှိနေသော နတ်ဆိုးမြူသားရဲများကို ရင်ဆိုင်သည့်နေရာတွင် ဤသေနတ်သည် အမှန်ပင် အသုံးဝင်လွန်းလှ၏။

သို့ပေမဲ့ လက်ရှိ အမြုတေအသွင်ပြောင်းခြင်း အဆင့် ၅ နှင့် အဆင့် ၆ ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသည့် အခြေအနေမျိုးမှာတော့ အလွန်ပင် ခက်ခဲလွန်းလှချေသည်။

ဖောက်

ကုကျောင်းရှစ်သည် လက်ထဲတွင် ရှိနေသော လျှပ်စစ်ဆေးပြင်းလိပ်ကြီးကို အသာ ပြန်လည်သိမ်းဆည်းလိုက်၏။ ပြီးသည့်နောက် ပြောဆိုလိုက်၏။ “အဆင့်မြင့်တဲ့ လူတွေကို ငါ့အတွက် ချန်ထား။ အဆင့်နိမ့်လူတွေကို မင်းတို့ရှင်းလိုက်တော့။”

ဟူး ဟူး

ပြောပြီးပြီးချင်းမှာပဲ သူသည် အရှေ့ဆီသို့ လှမ်းတက်သွားသည်။

ကောင်းကင်လက်ဝါးရိုက်ချက်

ဟူး

သူ၏ အစစ်အမှန်ချီများနှင့် ဖြစ်တည်လာခဲ့သော များပြားလှသည့် လက်ဝါးရိုက်ချက်ကြီးများသည် အရှေ့ဆီသို့ လှမ်းဝင်လာခဲ့ကြသော နတ်ဆိုးကျင့်ကြံသူများ၏ဆီသို့ ကျဆင်းလာခဲ့၏။

ဤလက်ဝါးရိုက်ချက်၏ အားအင်အဆင့် သည် လီချင်းယန်နှင့် တစ်ခြားသောသူများကို အမှန်ပင် ရှက်ရွံ့စေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကုကျောင်းရှစ်၏ ထုတ်ဖော်လိုက်သည့် အားအင်အဆင့်သည် အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှနေ၏။ သူတို့၏ လက်ဝါး ရိုက်ချက်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မျက်နှာငယ်လောက်စရာ အနေအထားပင်ဖြစ်သည်။

ကုကျောင်းရှစ်သည် အလွန် အားကောင်းလှသည်ဖြစ်သလို နားလည်နိုင်မှုစွမ်းရည်ကလည်း အလွန်မြင့်မား၏။ ထို့ကြောင့် ပြိုင်စံရှားလှသည့် သိုင်းနည်းစနစ်သည် သူ၏ လက်ထဲတွင် ရောက်ရှိသွားသည်ဆိုမှတော့ အစွမ်းကုန်ပင် စွမ်းဆောင်ရည်ကို ထုတ်ဖော် ပြသနိုင်စွမ်းရှိနေတော့၏။

ဘုန်း ဘုန်း

များပြားလွန်းလှသော အမြုတေပြောင်းလဲခြင်းအဆင့် ၅ နှင့် အဆင့် ၆ ကျင့်ကြံသူများအားလုံးသည် ပလ္လင်၏ အနီးအနားဆီသို့ စမ်းသပ်လာခဲ့ကြသည်ဆိုသော်လည်း အနောက်ဘက်သို့ လွင့်စင်ပြီး နံရံနှင့်တိုက်မိကာ ပြုတ်ကျ ကုန်ကြ၏။ ၎င်းတို့၏ မျက်နှာများသည် ချက်ချင်း ဖြူလျော်သွားပြီး သွေးများပင် အန်ထွက်လာခဲ့ကြသည်။

ဟူး ဟူး ဟူး

ကုကျောင်းရှစ်၏ အားအင်အဆင့်သည် လောဘကြီးလွန်းလှသော နတ်ဆိုးကျင့်ကြံသူများကို မတားဆီးနိုင်ခဲ့ကြချေ။ ၎င်းတို့၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် မတူညီသည့် တည်နေရာအသီးသီးဆီမှ အရှေ့ဆီသို့ လှမ်းတက်သွားရန်သာ။

၎င်းတို့၏ စိတ်ထဲတွင် တစ်ခုတည်းသာရှိ၏။ ထိုအရာသည် ရောင်မုန့်ယဉ်၏ လက်ထဲတွင် ရှိနေသော သေတ္တာကို လုယူပြီး အထဲ၌ ရှိနေသည့် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အပိုင်သိမ်းဆည်းချင်နေခြင်းပင်ဖြစ်၏။ အလုံးစုံသော အကျိုးအမြတ် များ၏ ရှေ့တွင် စီးပွားရေးသမားများသည် ကျိန်းသေပေါက် စွန့်စားမှုကို ပြုလုပ်မှာသေချာ၏။ ထို့အတူပဲ အလုံးစုံသော သိုင်းပညာအရင်းအမြစ်များ၏ ရှေ့မှာတော့ နတ်ဆိုးကျင့်ကြံသူများသည် ၎င်းတို့၏ အသက်များကိုပင် လုံးဝဂရုမစိုက် ကြတော့ချေ။

“ဂျူနီယာညီလေးရှောင်။ အရှေ့က လူတွေကို တားဆီးထားလိုက်။”

ဖောက်

ရှောင်ကျီသည် သူ၏ လက်ကို အသာမြှောက်လိုက်၏။ ပြီးသည့်နောက် နတ်ဆိုးကျင့်ကြံသူများဆီသို့ သေနတ်နှင့် မြှောက်ကိုင်ကာဖြင့် အားရပါးရ ပစ်လွှတ်တော့၏။ အဆင့်မြင့် အမြုတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်သည့် နေရာတွင် သေနတ်သည် အသုံးမဝင်လှချေ။ သို့ပေမဲ့ အဆင့် ၁ နှင့် အဆင့် ၂ သိုင်းကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပြိုင်သည့်နေရာမှာတော့ ထိုသေနတ်သည် အသုံးဝင်လျက်ရှိနေသေး၏။ ကျည်ဆံများ၏ အမြန်နှုန်းသည် အလွန်တရာမြန်ဆန်လွန်းလှပြီး ပေါက်ကွဲနိုင်မှုအားကလည်း ပြင်းထန်သည်။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ အမြုတေအသွင်ပြောင်းလဲခြင်း အဆင့် ၁ ကျင့်ကြံသူ ၂ယောက်တို့သည် အပိုင်းပိုင်း အစစဖြစ်ကုန်၏။

ဟူး

ရီရှင်းချန်သည် လေထဲသို့ ခုန်တက်ပြီးသည့်နောက် နှိုင်းယှဉ်၍မရနိုင်သော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အသွင်ပြောင်းလဲသွားခဲ့၏။ သူသည် ပုဆိန်ကြီးကို ဝှေ့ယမ်းကာဖြင့် ရှေ့တွင်ရှိနေသော လူများအားလုံးကို ကျားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ပင် ဝင်ရောက်ကာ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ပြုလုပ်လျက်ရှိနေ၏။

သူသည် အမြုတေပြောင်းလဲခြင်း အဆင့်တစ် ကျင့်ကြံသူ၂ယောက်အား တစ်ခါတည်း ခုတ်ပိုင်းကာ သတ်ဖြတ်ခဲ့သည်။

ဇွိ ဇွိ ဇွိ …

ထိုအချိန်မှာတော့ လီချင်းယန်သည် သူ၏ ဓားထဲတွင်ရှိနေသော မိုးကြိုးဓာတ်သဘာဝများကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်လျက်ရှိနေ၏။ အခြားတစ်ဖက်တွင်ရှိနေသော စုရှောင်မိုမှာမူ သူ၏ လျှင်မြန်မှုကို အသုံးပြု၍ ဝင်ရောက်တိုက်ခိုက်လာသည့်လူများအားလုံးကို ခြေလှမ်းများ ရှုပ်ထွေးအောင် ပြုလုပ်လျက်ရှိ၏။

များပြားလှသော သိုင်းကျင့်ကြံသူများ၏ လှုပ်ရှားမှုသည် တားဆီးခြင်းကို ခံလိုက်ရပြီဖြစ်သောကြောင့် ပလ္လင်၏ အနီး အနားဆီသို့ တိုးကပ်နိုင်ရန် ခက်ခဲသွားချေ၏။ သို့ပေမဲ့ ထပ်မံကာရောက်ရှိလာခဲ့သည့် နတ်ဆိုးကျင့်ကြံသူများသည် အလွန်ပင်များပြားလွန်းလှသည်။

ထို့အပြင် သူတို့၏ စွမ်းအင်များသည် ပထမအဆင့် ၊ အမြုတေပြောင်းလဲခြင်းအဆင့် သာ ရှိကြ၏။ လက်ထဲတွင် ရှိနေသော အသုံးအဆောင်ပစ္စည်းများနှင့် လင်းယွမ်ခန်းမဆောင်မှ စာလုံးများ၏ အထူး အကျိုးသက်ရောက်မှုကို အသက်သွင်းကာ တိုက်ခိုက်နေရခြင်းကြောင့်သာလျှင် ဤကဲ့သို့ ခုခံနိုင်ခြင်းပင်ဖြစ်သည်။

တစ်ဖက်မှ အမြုတေအသွင်ပြောင်းလဲခြင်းအဆင့် ၃ နှင့် အဆင့် ၄ ကျင့်ကြံသူများသာ တိုးဝင်လာမည်ဆိုပါက သူတို့ အနေနှင့် မတားဆီးနိုင်လောက်ပေ။

ထို့ကြောင့် လက်ရှိအကာအကွယ်အခြေအနေတစ်ခုသည် ကုကျောင်းရှစ်ပေါ်တွင် မူတည်လျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အားအင်အဆင့်တစ်ခုကသာလျှင် ကျန်သည့်သူများအားလုံးကို အနိုင်ယူနိုင်စွမ်း ရှိနေသောကြောင့်ပင်။

ဘုန်း ဘုန်း ဘုန်း …။

ထင်မှတ်ထားသည့်အတိုင်းပင် ဂိုဏ်းချုပ်၏ ညီလေးသည် တိုက်ခိုက်သည့်နေရာတွင် အလွန်ပင် ကြမ်းတမ်းပြီး မိုက်ရူးရဲဆန်လွန်းလှ၏။ သူ၏ လက်သီးရိပ်၊ လက်သီးယောင် သည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေပြီး ဝင်ရောက်လာခဲ့ကြသော သိုင်းကျင့်ကြံသူများအားလုံးကို အနောက်ဘက်သို့ လွှင့်စင်စေခဲ့၏။ ၎င်းတို့ အားလုံးသည် ကျွင်းချောင်ရှောင်း၏ အနီးအနားသို့ တိုးကပ်ရန် အခွင့်အရေးပင် မရှိကြချေ။

ပြိုင်စံရှားဂိုဏ်းနှင့် များပြားလွန်းလှသော နတ်ဆိုးကျင့်ကြံသူများအကြား တိုက်ပွဲသည် မြေအောက်နန်းတော်ကြီး တစ်ခုထဲတွင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး ဤအရာသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ဆိုသည်ကတော့ ….။

ဟူး

ပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လေများကို မှုတ်ထုတ်လိုက်၏။ ပြီးနောက် သူသည် ဖြည်းဖြည်းချင်း မျက်လုံးကို ပွင့်လာကာဖြင့် တီးတိုးပြောလိုက်၏။ “ငါရဲ့ အားအင်အဆင့်က တိုးတက်မလာဘူးဆိုပေမဲ့ ပိုပြီး အားကောင်းတယ်လို့ ခံစားနေရတယ်။”

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်သည် ပျော်ရွှင်စွာပြောလိုက်သည်။

“ကျွန်မ အမြုတေပြောင်းလဲခြင်းအဆင့်နှစ်ကို ချိုးဖြတ်ခဲ့ပြီးပြီ။”

ဤမိန်းကလေးသည် ဤနေရာဆီသို့ ရောက်ရှိလာသည့်အချိန်က တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့်သာ တည်ရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အမြုတေပြောင်းလဲခြင်း ဒုတိယအဆင့်ဆီသို့ပင် ရောက်ရှိနေပြီဖြစ်၏။

ကုန်ဆုံးသွားခဲ့သည့် ဂိုဏ်းစုဆောင်းမှတ်၊ အောင်မြင်မှုအမှတ်နှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များသည် မည်မျှအသုံးဝင် သနည်းဆိုသည်ကို လက်ရှိအခြေအနေကို ကြည့်ရှု၍ သိသာနိုင်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် သူမကို အောက်ဆီသို့ အသာချပြီးသည့်နောက် ရင်ကိုကော့ကာဖြင့် သွေးပူလေ့ကျင့်ခန်းတစ်ခုကို ပြုလုပ်လိုက်သည်။

ပြီးသည့်နောက် တိုက်ခိုက်လျက်ရှိနေသည့်နတ်ဆိုးကျင့်ကြံသူများဆီသို့ လှမ်းဝင်သွားခဲ့၏။ သူ၏ အကြည့်များသည် ရုတ်တရက် အေးစက်သွားခဲ့၏။ ဤသပ်ရပ်လှသော သေတ္တာသည် အထဲတွင် ဘာရှိနေသည်ဖြစ်ဖြစ် သူ၏ တပည့်သည် အရင်ဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်းပင်ဖြစ်၏။ ထိုကဲ့သို့သော ရှာဖွေတွေ့ရှိထားသည့် သေတ္တာအား လုယူရန် ကြိုးစားနေသည်ဆိုမှတော့ …

ရွှီ

ကျွင်းချောင်ရှောင်းသည် ပျောက်ကွယ်သွားခဲ့၏။ ပြီးသည့်နောက် သူသည် ကုကျောင်းရှစ်၏ ရှေ့တွင် ပေါ်ပေါက်လာ ခဲ့၏။ ညာဘက်လက်သီးကို မြှောက်ကာဖြင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ မျက်နှာကို တည့်တည့်ပင် ထိုးနှက် လိုက်၏။

“ငရဲကို သွားစမ်း။”

ဘုန်း

လက်သီးချက်ကို ထိမှန်သွားသော နတ်ဆိုးကျင့်ကြံသူသည် အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်စင်ပြီး နံရံကြီးနှင့် သွားရောက်ကာတိုက်မိ၏။ ၎င်း၏ ရင်ဘတ်တစ်ခုလုံးသည် ချိုင့်ဝင်လျက်ရှိပြီး ၎င်း၏ သိစိတ်နှင့် ဦးနှောက်မှတ်ဉာဏ် သည် ချက်ချင်းပဲ ချိတ်ဆက်မှု ကင်းလွတ်သွားခဲ့သည်။

“ချီးတဲ့မှ။”

All Chapters