← Chapters

အခန်း (၁၄၆၇ - ခ)

Vol. 99 Ch. 1467

အခန်း (၁၄၆၇ - ခ)

Vol. 99 Ch. 1467

ကုကျောင်းရှစ်သည် မျက်လုံးပြူးသွားမိ၏။ သူနှင့် တိုက်ခိုက်နေသော နတ်ဆိုးကျင့်ကြံသူသည် အမြုတေ ပြောင်းလဲခြင်းအဆင့် ၆ ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူ၏အစ်ကိုကြီးနှင့် တူညီသည့် အဆင့်တွင် တည်ရှိနေ၏။ ထိုကဲ့သို့ တူညီသည့်အဆင့်ကျင့်ကြံသူတစ်ယောက်အား လက်သီးတစ်ချက်တည်း နှင့် ထိုးနှက်ကာ သတ်ဖြတ်ခဲ့၏။ ဤအရာမှာ လွန်လွန်းလှချေ၏။

“မဖြစ်သေးဘူး။”

ထိုအချိန်မှာ ကုကျောင်းရှစ်သည် ကျွင်းချောင်ရှောင်း၏ ညာဘက်လက်သီးအား သေသေချာချာ ကြည့်ရှုလိုက်၏။ ထိုလက်သီးတစ်ခုလုံးသည် ကျောက်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လျက်ရှိနေသည်ကို မြင်လိုက်ရ၏။ သူသည် ရုတ်တရက် နားလည်သွားမိ၏။

“အစ်ကိုကြီးက ကျောက်ရုပ်ထုကလန်ရဲ့စွမ်းအင်တွေကို အသုံးပြုနေတာပဲ။”

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို မြှောက်ကာဖြင့် အံ့အားတသင့်ပြောလိုက်သည်။ “ဟင်း …. နည်းနည်းအားနည်းသေးတာပဲ။”

ရွှီ

လက်သီးကို ဆုပ်ပြီးသည့်နောက် သူ၏ ဒန်ထျန်ထဲတွင် စုဝေးလျက်ရှိနေသည့် စွမ်းအင်အသစ်များသည် လျင်လျင်မြန်မြန်ပဲ ဖြစ်တည်လာခဲ့၏။ ထိုအရာများသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေပြီး သူ့အား ကြီးမားလှသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းလဲဖြစ်စေခဲ့၏။

လောဘတက်နေကြသော နတ်ဆိုးကျင့်ကြံသူများသည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ တပြိုက်နက်တည်း ထကာ အော်ဟစ်လိုက်သည်။ “ကျောက်ရုပ်ထုကလန်”

ရွှီ

ကျွင်းချောင်ရှောင်းသည် အမြုတေအသွင်ပြောင်းလဲခြင်းအဆင့် ၄ ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက် သူသည် တစ်ဖက်လူ၏ မျက်ခုံးနှစ်ခုကြားထဲသို့ လက်ခလယ်ဖြင့် ထိုးနှက်တိုက်ခိုက်လိုက်၏။

“သေစမ်း။”

ဝှစ်

ဖောင်း

ဤမြင်ကွင်းသည် အမှန်ပင် သွေးသံတရဲရဲဖြင့် ဖြစ်တော့၏။ အသည်းငယ်သူများဆိုလျှင် ထိုမြင်ကွင်းကို ကြည့်ပင် ကြည့်ရဲလိမ့်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် လက်ခလယ်ဖြင့် ထိုးနှက်ပြီးသည့်နောက် တစ်ဖက်လူ၏ ခေါင်း တစ်ခုလုံးသည် ပွင့်ထွက်သွားခဲ့သောကြောင့်ပင်။

ခေါင်းကို ထိုး၍ပင် တော်သေးသည်ဟု ဆိုရမည်။ အောက်ပိုင်းဆိုလျှင် မတွေးရဲစရာပင်။

“ဂိုဏ်းချုပ်”

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည် ဆွံ့အသွားခဲ့ကြ၏။ နတ်ဆိုးကျင့်ကြံသူများ၏ ရှေ့တွင် ပေါ်ပေါက် လာသည့်အချိန်တိုင်း ဂိုဏ်းချုပ်သည် တစ်ဖက်လူများအား မည်ကဲ့သို့သော ညှာတာခြင်းမျိုးမှမပြုလုပ်ဘဲ ရိုးရှင်းသည့် လက်ခလယ်ဖြင့် ထိုးနှက်ကာ တိုက်ခိုက်လျက်ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ စွမ်းအင်များ လွှမ်းခြုံခြင်းခံထားရသည့် ကျွင်းချောင်ရှောင်းသည် နတ်ဆိုးတစ်ကောင် ကဲ့သို့ ပြောင်းလဲလျက်ရှိနေပြီး သူသည် ရှိရှိသမျှသောလူများကို အဆုံးစွန်သတ်ဖြတ်လျက်ရှိသည်။

ဝှစ် ဝှစ် ဝှစ်

ဘန်း ဘန်း ဘန်း

အချိန်တိုအတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများ၏ ရှေ့တွင် မတ်မတ် ရပ်လိုက်၏။ သူ၏ ရှေ့တွင်တော့ များပြားလွန်းလှသော နတ်ဆိုးကျင့်ကြံသူများ၏ အလောင်းများသည် ပုံလျက် ရှိနေပြီး ထိုသူများသည် လူ ၃၀၀ ကျော်ခန့်ပင်ရှိ၏။ အားလုံးသောသူများသည် ဦးခေါင်းများကို ထွင်းဖောက်ပြီး သတ်ဖြတ်ခြင်းကို ခံထားရ၏။

“လုံလောက်ပြီ။”

သူ့အစ်ကိုကြီး ရက်ရက်စက်စက် သတ်ဖြတ်မှုကို မြင်သည့်အချိန်မှာတော့ ကုကျောင်းရှစ်သည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိသည်။ “ပုံပြောသူပြောသလိုပဲ ကျောက်ရုပ်ထုကလန်က သူတို့၏ သွေးမျိုးဆက်ကို နိုးထလာခဲ့ပြီဆိုရင် ကြမ်းတမ်းပြီး ရမ်းကားလွန်းတယ်။”

ကျွင်းချောင်ရှောင်း၏ လုပ်ပုံကိုင်ပုံသည် အလွန်အားကောင်းလှပြီး ကြမ်းတမ်းရက်စက်လွန်းလှ၏။ သူ၏ ရှေ့ဘက်တွင် ရှိနေသော နတ်ဆိုးကျင့်ကြံသူများသည် မည်သို့မှ မတည်ငြိမ်နိုင်တော့ချေ။ ကြောက်လန့်တကြားဖြင့် အနောက်သို့ တစ်လှမ်းချင်းသာ ဆုတ်ခွာနေကြ၏။ ဤလူသည် လူသားတစ်ယောက်မဟုတ်ချေ။ ကျောက်ရုပ်ထုမျိုးနွယ်၏ နတ်ဆိုးပင်ဖြစ်၏။

“နတ်ဆိုးရေစက် နယ်မြေက နတ်ဆိုးဘိုးဘေးကြီး ချန်ထားခဲ့တဲ့ တည်နေရာပဲ။ ဒီတည်နေရာဆိုတာက သူကိုယ်တိုင် ပြန်ပြီးရှင်သန်လာဖို့ လုပ်ထားတဲ့ တည်နေရာတစ်ခုကလွဲရင် ဘာမှမဟုတ်ဘူး။ ခင်ဗျားတို့အားလုံး ဒီကို ရောက်လာကြတယ်ဆိုတာ သူ့အတွက် စတေးဖို့ပဲ။ အခု ကျုပ်က ခင်ဗျားတို့အားလုံးကို ကယ်တင်ခဲ့တယ်။ ဒါကို ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့အပြင် ကျုပ်ဆီက ပစ္စည်းကိုတောင် လာပြီး လုယူရဲတယ် ဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်နှင့် ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံး သေသင့်ပြီ။”

သေသင့်ပြီဆိုသောစကား ပြောဆိုပြီးသည့်နောက် ကောင်းကင်ယံတွင် အလင်းတန်းများ တောက်ပသွားခဲ့၏။

ဇွိ ဇွိ ဇွိ ဇွိ

နန်းတော်ထဲမှ ထွက်ခွာရန် ပြင်ဆင်နေကြသည့် နတ်ဆိုးကျင့်ကြံသူ ရာကျော်ခန့်သည် အဆင့် ၃၊ အဆင့် ၄ သို့မဟုတ် မည်သည့်အဆင့်တွင်ဖြစ်ဖြစ် ၎င်းတို့၏ ဦးခေါင်းများသည် ထွင်းဖောက်ကာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရှားရှားပါးပါးသာ တိုက်ခိုက်ခဲ့ရ၏။ သူသည် သိုသိုသိပ်သိပ်နှင့် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြုလုပ်ခဲ့ရ၏။

လက်ရှိအခြေအနေမှာတော့ နန်းတော်ထဲတွင် ကြီးမားသည့် လူသတ်ပွဲကြီးကို ကျင်းပလျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် အခြေအနေ တစ်ခုကိုလည်း ထုတ်ဖော်ပြသနေ၏။ ကွာခြားချက်တစ်ခုကတော့ တည်ရှိနေသေး၏။ ကွာခြားချက်ဆိုသည်မှာ ဤတစ်ကြိမ်သူ လူပေါင်းများစွာကို သတ်ဖြတ်နေခြင်းသည် စည်းဓားမော့ကြီးကို အသုံးပြု၍ မဟုတ်ချေ။ သူ၏ ကိုယ်ပိုင်အားအင်ကို အသုံးပြု၍ သတ်ဖြတ်နေခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် တစ်စုံတစ်ခုကို ပြောလိုက်ချင်၏။ သို့ပေမဲ့ နှောင့်နှေးလို့နေခဲ့၏။ သူတို့၏ ဂျူနီယာညီမလေးဆီမှ အမွေအနှစ်ကို လုယူရန် ပြင်ဆင်နေကြသည့် နတ်ဆိုးကျင့်ကြံသူတို့သည် သေဆုံးရန် ထိုက်တန်လှသည့်လူများဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည့်ပုံပေါ်၏။ ဂိုဏ်းချုပ်သည် ခံစားချက်ကင်းမဲ့လျက်ရှိနေပြီး စကားကို ပုံမှန်အတိုင်း ပြောဆိုနေသည်ဆိုလျှင်တောင်မှ အေးစက်သည့် အရိပ်အငွေ့များသည် ထင်ထင်ရှားရှား ထင်ပေါ်လျက်ရှိနေ၏။ ရူးသွပ်သွားမည်ကိုပင် သူတို့စိုးရိမ်နေမိ၏။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည် အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်က နည်းနည်းထူးဆန်းနေတယ်။”

သူသည်လည်း ကွာခြားမှုကို သတိပြုမိ၏။ ၎င်းတို့၏ ကြားထဲတွင် သူစိမ်းဆန်သည့် ခံစားချက်များလည်း ပါဝင်လျက် ရှိ၏။

ကျွင်းချောင်ရှောင်းသည် ပြောင်းလဲသွားခဲ့သည်။

ကျောက်ရုပ်ထုကလန်၏ စွမ်းအင်များ လွှမ်းမိုးမှုအောက်တွင် သူသည် အမှန်ပင် စိတ်တိုလျက်ရှိနေပြီး အရာ အားလုံးကို သတ်ဖြတ်ဖြစ်ချင်သည့် စိတ်များသည် သူ့အား လွှမ်းမိုးလျက်ရှိနေ၏။ သူ၏ တပည့်များကို ကြည့်ရှုသည့် အချိန်ပင်လျှင် ကြင်နာသည့် အကြည့်များ မရှိတော့ချေ။ သူ၏ တပည့်များကို နောက်ကျောပေးကာဖြင့် သူ့ဆီကို ချဉ်းကပ်လာခဲ့သည့် နတ်ဆိုးကျင့်ကြံသူများသည် တုံ့ခနဲ ဖြစ်သွားနိုင်စေသည့် ကြီးမားအေးစက်လွန်းလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေ၏။

“ဒါ နတ်ဆိုးအော်ရာတွေရဲ့ လွှမ်းမိုးမှုရဲ့အောက်မှာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအကုန်လုံးက ပြောင်းလဲသွားခဲ့တာ များလား။” ဟယ်ဝူတီသည် တွေးလိုက်မိ၏။

“အစ်ကိုကြီး။”

“ငါ့ကို ဂိုဏ်းချုပ်လို့ခေါ်။”

“……….”

ကုကျောင်းရှစ်သည် ချက်ချင်းပဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဂိုဏ်းချုပ် … ဒီနေရာက နတ်ဆိုးဘိုးဘေးချန်ခဲ့တဲ့ ထောင်ချောက်တစ်ခုဆိုမှတော့ အမွေအနှစ်တွေ ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဒီကနေ မြန်မြန်ထွက်လာမယ့်နည်းလမ်းကို ရှာရအောင်။”

“သွားကြမယ်။”

ကျွင်းချောင်ရှောင်းသည် အရင်ဆုံး မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက် လှိုဏ်ခေါင်း၏အဝင်ဝဆီသို့ လှမ်းလျှောက် သွားခဲ့သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည် နတ်ဆိုးကျင့်ကြံသူများ၏ သိုလှောင် လက်စွပ်ထဲတွင်ရှိနေသော ပစ္စည်းများအားလုံးကို ကျွမ်းကျင်စွာဖြင့် သိမ်းဆည်းလိုက်၏။

“ဒီလိုအရေးမပါတဲ့အရာတွေကို သိမ်းဆည်းတယ်ဆိုတာ သိုလှောင်လက်စွပ်တွေရဲ့ တည်နေရာကို ဖြုန်းတီးတာနဲ့ အတူတူပဲ။” ကျွင်းချောင်ရှောင်းသည် အေးစက်စက်ပြောလိုက်သည်။

“ဟမ်”

အားလုံးသည် ဆွံ့အသွားမိကြ၏။ ဤကဲ့သို့ ရှိရှိသမျှသော အရာအားလုံးကို တစ်ခုတစ်လေမှ မကျန်အောင် သိမ်းဆည်းရမည်ဆိုသည်မှာ ဂိုဏ်းချုပ် သူတို့အား သင်ထားပေးသည့်အရာပင် ဖြစ်နေသည်မဟုတ်ပါလား။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည် တိကျသေချာသည့် နှလုံးသားဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်ကတော့ တစ်ခုခု မှားယွင်းနေပြီ။”

…

ကျောက်တံခါးကြီး ၁၀ ချပ်

အသက်ရှင်ခဲ့သည့်သူများသည် တစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်ဆီသို့ ထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့၏ ပုံပန်း သွင်ပြင်များသည် ဆိုးရွားစုတ်ပြတ်လျက်ရှိနေသည်ဆိုသော်လည်း ကြီးမားသည့် ထိခိုက်ဒဏ်ရာမျိုးကိုတော့ မရရှိခဲ့ ကြချေ။ အချိန်အနည်းငယ်သာ ကျော်ဖြတ်ခဲ့ရသေး၏။ သို့ပေမဲ့ နတ်ဆိုးကျင့်ကြံသူ ၈၀၀၀၀ မှ ၉၀၀၀၀ နီးပါးတို့သည်သာ အသက်ရှင်ကျန်ရစ်ခဲ့၏။ ကျန်သည့်သူများအားလုံးသည် စတေးခြင်းကို ခံခဲ့ရ၏။

“ဟမ်။”

တစ်စုံတစ်ယောက်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဘာလို့ အဝေးတစ်နေရာမှာ တံခါးတစ်ပေါက် ရှိနေတာလဲ။ သွားရအောင်။ သွားကြည့်ကြရအောင်။”

အားလုံးသည် ချက်ချင်းပဲ လျှို့ဝှက်တံခါးဆီသို့ လှမ်းလာခဲ့ကြ၏။ ၎င်းတို့အနေနှင့် အမွေအနှစ်ကို ဆက်လက်ရှာဖွေရန် လက်မလျှော့သေးသည်မှာ ထင်ရှားလှသည်။

အသက်ရှင်ကျန်ရှိခဲ့သော နတ်ဆိုးကျင့်ကြံသူများအားလုံးသည် ရှေ့ဆီသို့ လှမ်းလျှောက်လာသည့်အချိန်မှာတော့ အမှတ်မထင် တပည့်များနှင့်အတူ လမ်းလျှောက်လာသည့် ကျွင်းချောင်ရှောင်း နှင့် ရင်ဆိုင်တွေ့မိခဲ့ကြ၏။

ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထုကလန်၏ စွမ်းအင်များနှင့် အလုံးစုံလွှမ်းမိုးခြင်းကို ခံထားရသည်ဖြစ်သော ကြောင့် ကြည့်ရှုရသည်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ပုံပန်းသွင်ပြင်မျိုးရှိနေသည်။

“ခေါင်းဆောင်”

သိုင်းကျင့်ကြံသူတစ်ယောက်သည် ရောင်မုန့်ယဉ်၏ လက်ထဲတွင်ရှိနေသော သေတ္တာအား လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီထဲမှာ ရတနာတစ်ခုခု ရှိနေနိုင်တယ်။

အခြားသောသူများသည်လည်း ထိုအရာကို နားလည်သွားမိ၏။ ထို့ကြောင့် မျက်လုံးများသည် လင်းလက်တောက်ပ သွားသည်။

“အမှန်ပဲ။”

နတ်ဆိုးဘိုးဘေးကြီး၏အသံသည် ထပ်မံ ထွက်ပေါ်လာခဲ့၏။ “ဒီထဲမှာ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိနိုင်မယ့် သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ရှိတယ်။”

“အဘိုးကြီး”

ကျွင်းချောင်ရှောင်းသည် အသာမော့ကြည့်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “ခင်ဗျားလုပ်ချင်နေတဲ့ လမ်းက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ကျဉ်းမြောင်းလာခဲ့ပြီနော်။”

နတ်ဆိုးဘိုးဘေးကြီး၏ စကားသည် များပြားလွန်းလှသော နတ်ဆိုးကျင့်ကြံသူများ၏ စိတ်ကို ဆွဲဆောင်နေကြ၏။ ၎င်းတို့အားလုံးသည် တောက်လောက်လျက်ရှိနေသည့် မျက်လုံးများနှင့်အတူ သပ်ရပ်လှသည့် သေတ္တာအား စူးစိုက် ကြည့်လျက်ရှိနေ၏။

….

တစ်နာရီလောက် ကြာပြီးသည့်နောက် ကုကျောင်းရှစ်သည် ဆေးပြင်းလိပ်ကြီးကို ရှုရှိုက်ကာဖြင့် အင်္ကျီပေါ်တွင် ရှိနေ သော အညစ်အကြေးအမှိုက်များကို ဖယ်ရှားလျက်ရှိနေသည်။

…

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောလူများသည် တည်နေရာထဲတွင် မတ်မတ်ရပ်ပြီး ဆွံ့အလျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ မြင်ကွင်းထဲတွင် များပြားလွန်းလှသော နတ်ဆိုးကျင့်ကြံသူများအားလုံးသည် သေဆုံးလျက်ရှိနေသောကြောင့်ပင်။ နတ်ဆိုးကျင့်ကြံသူများ၏ သွေးများသည် ချောင်းကဲ့သို့ စီးဆင်းလျက်ရှိနေပြီး ညှီစို့စို့အနံ့မျိုးသည် ဟောင်ထနေ၏။

ဘန်း

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို သူ၏ ရှေ့တွင် ထောက်ထားလိုက်သည်။

ဓားပေါ်တွင်ရှိနေသော သွေးစည်းကြောင်းများကို ကြည့်ရှုရမည်ဆိုလျှင် ဤဓားတစ်ခုတည်းကို အသုံးပြု၍ နတ်ဆိုး ကျင့်ကြံသူတစ်သောင်းနီးပါးခန့်ကို သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

ရက်စက်လွန်းလှသလို အကြင်နာတရား လည်း ကင်းမဲ့လွန်းလှချေ၏။

All Chapters