အခန်း (၁၄၆၈)
Vol. 99 Ch. 1468
လောဘတရားသည် လူအားလုံးကို ရူးသွပ်သွားစေသည်။ သို့ပေမဲ့ သေဆုံးခြင်းတရားဆိုသည်မှာတော့ ထိုသူများကို သတိပြန်လည်လာစေ၏။
ကျွင်းချောင်ရှောင်းသည် ရေတွက်၍မရအောင် များပြားလှသော အလောင်းများ၏ရှေ့တွင် မတ်မတ်ရပ်လိုက်သည့် အချိန်မှာတော့ ကျန်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများသည် စိတ်ပြောင်းသွားခဲ့ကြသည်။
၎င်းတို့၏ မျက်လုံးထဲတွင် ဖြစ်နေသည့် လောဘတရားများသည် အကြောက်အလန့်များနှင့် ဖြစ်တည်လာခဲ့၏။ အချိန်တိုအတွင်းမှာပဲ တစ်ဖက်လူသည် လူပေါင်းတစ်သောင်းလောက်ကို သတ်ဖြတ်ပစ်ခဲ့၏။ ဤတစ်စုံတစ်ခု ဝင်ရောက်ခြင်း ခံနေရသည် ဆင်တူသောသူသည် နတ်ဆိုးတစ်ကောင်ပင်။
"ခင်ဗျားတို့ ချချင်သေးလား"ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ခေါင်းလှည့်ကာ မေးလိုက်၏။
သူ၏စကားလုံးများကို နားထောင်ရလျှင် သူ၏အတွေးများသည် ပုံမှန်ဖြစ်ကြောင်း သိရှိနိုင်၏။ သို့ပေမဲ့ သူ၏မျက်လုံးထဲတွင်တော့ မည်သည့်ခံစားချက်မှ မရှိချေ။ ထိုအရာသည် လီချင်းယန်နှင့် အခြားသောသူများကို ပို၍မရင်းနှီးသလို ခံစားရစေသည်။
"စီနီယာအစ်ကို"
စုရှောင်မိုသည် စိုးရိမ်ပူပန်သည့် အသံဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်က ရူးများသွားတာလား"
"မဟုတ်ဘူး"
ကုကျောင်းရှစ်က အရင်ဆုံးပြောလိုက်သည်။ "ဂိုဏ်းချုပ်က ကျောက်ရုပ်ထုကလန်ရဲ့ သွေးမျိုးဆက် ကို နိုးထနိုင်ခဲ့တာလေ။ ဒါကြောင့် လက်ရှိအချိန်မှာ သူက တစ်စုံတစ်ခုရဲ့ ဝင်စီးခြင်းကို ခံထားရသလို ဖြစ်နေတာပဲ။ ဒီအခြေအနေကနေ ဖယ်ရှားသွားပြီဆိုတာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"
"ကျုပ်တို့သိပြီ"
အားလုံးသောသူများသည် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်မိ၏။ သို့ပေမဲ့ သူတို့ နားမလည်သည်မှာ ဂိုဏ်းချုပ်သည် မည်သည့်အချိန်က ကျောက်ရုပ်ထုကလန်၏ သွေးမျိုးဆက် တည်ရှိနေရသနည်း။ ဂိုဏ်းချုပ်သည် အစောကြီးကတည်းက လူသားတစ်ယောက် မဟုတ်ပေဘူးလား။
ကုကျောင်းရှစ်သည်လည်း ထိုအရာနှင့်ပတ်သက်၍ ဇဝေဇဝါ ဖြစ်မိနေ၏။
သူယခင်သိရှိရသလောက်ဆိုလျှင် သူ၏အစ်ကိုကြီးသည် ကျိန်းသေပေါက် တစ်ရာရာခိုင်နှုန်း လူသားဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် နတ်ဆိုးရေစက်နယ်မြေထဲတွင် ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက် နိုးထလာရသနည်း။
"ကောင်မလေး"
ကျွင်းချောင်ရှောင်းက ထူးမခြားနားသလို ပြောလိုက်၏။ "သေတ္တာကို ဖွင့်ပြီး အထဲမှာဘာရှိလဲ ကြည့်လိုက်"
"ကောင်းပါပြီ"
ရောင်မုန့်ယဉ် သည် လက်ထဲတွင် ရှိနေသော သပ်ရပ်လှသည့် သေတ္တာအား သိုလှောင်လက်စွပ်ထဲသို့ မထည့်သေးဘဲ မြေပေါ်သို့ အသာချလိုက်၏။ ပြီးသည့်နောက် အပေါ်တွင် ရှိနေသည့် ပိတ်ပင်ထားသည့် အလွှာများကို ဖွင့်ကာချလိုက်သည်။
ဝှစ် ….။
ရုတ်တရက် ဆိုသလိုပဲ အလင်းတန်းများသည် ပျံသန်းလာ၏။ ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ယမ်းခါလိုက်၏။ သူ၏ချီများသည် ကြီးမားလှသည့် လက်ကြီးတစ်ခုအသွင် ဖြစ်တည်လာပြီး ထိုအရာကို ဖမ်းကာညစ်လိုက်၏။
ထိုအရာသည် ဝိညာဉ်တစ်ကောင်နှင့် ဆင်တူလွန်းလှ၏။ သူ၏လက်ဝါးထဲတွင်တော့ ပြင်းပြင်းထန်ထန် ရုန်းကန်နေသည်ဆိုလျှင်တောင်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
အသက်ရှင်လျက် ကျန်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများ၏ မျက်လုံးများသည် လင်းလက်သွားခဲ့ကြ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အေးစက်လျက်ရှိသော မျက်နှာကို မြင်လိုက်ရသည့် အချိန်မှာတော့ နှလုံးသားထဲတွင် ရှိနေသော လောဘတရားများသည် ငြိမ်ဝပ်ပိပြားသွားခဲ့၏။ သူတို့သည် အလုံးစုံ ကြောက်လန့်နေကြပြီ ဖြစ်သည်။
ဤတည်နေရာတွင် အစွမ်းထက်လှသည့် အရာတည်ရှိနေသည် ဆိုလျှင်တောင်မှ သူတို့သည် ထိုအရာကို သွား၍ မလုရဲချတော့ချေ။ အဆုံးစွန်သော ကြောက်ရွံ့မှုအောက်တွင် လောဘတရားသည် ဘာမှ မဟုတ်တော့ချေ။
"ဒါက သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်လား" ကုရှောင်းရှစ်က မေးလိုက်၏။
လက်ရှိအချိန်မှာတော့ နတ်ဆိုးဘိုးဘေး၏ အသံသည် နတ်ဆိုးကျင့်ကြံသူများကို ဝင်ရောက်တိုက်ခိုက်စေသည့် အသံဖြစ်ကြောင်း ရှင်းလင်းလိုက်၏။ သို့ပေမဲ့ ထိုထဲတွင် ဝိညာဉ်ခန္ဓာကိုယ်တစ်ခု တည်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ မထင်မှတ်ထားအောင်ပင် ထိုထဲတွင် ဝိညာဉ်ကဲ့သို့သော အရာတစ်ခု အမှန်ပင် တည်ရှိနေခဲ့၏။
"ကောင်မလေး"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "စိတ်ကို ငြိမ်ငြိမ်ထား ဒါနဲ့ပေါင်းစပ်ဖို့ ငါမင်းကိုကူညီမယ်"
ဤအရာသည် သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာဖြစ်သလားဆိုသည်ကို သူ သေချာမသိရှိချေ။ သို့ပေမဲ့ ထိုထဲတွင် သန့်စင်လှသော နတ်ဆိုးချီများ တည်ရှိနေသည်ကိုတော့ အာရုံခံမိ၏။ သူ၏တပည့်နှင့်သာ ပေါင်းစပ်နိုင်သည် ဆိုပါက အကျိုးကျေးဇူးများ ရရှိမှာသေချာသည်။
"ကောင်းပါပြီ"
ရောင်မုန့်ယဉ် သည် ခြေချိတ်ကာ ထိုင်လိုက်၏။ သူမ၏ စိတ်ဝိညာဉ်နှင့် ချီများအားလုံးကို အသာဖုံးဖိထား၏။ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကို အသာဖိနှိပ်ကာဖြင့် ပြောလိုက်၏။ "ငါနဲ့ပူးပေါင်း မဟုတ်ရင်..."
ဟူး ဟူး
သန့်စင်လှသော မီးတောက်များသည် တောက်လောင်လာခဲ့ပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့၏။ ထိုအရာသည် လုံးဝမေ့ဖျောက်၍မရသော အရာတစ်ခု ဖြစ်ပေလိမ့်မည်။
ဝိညာဉ်ကဲ့သို့သော အရာလေးသည် အသိညဏ်ပိုင်ဆိုင်ပုံပေါ်၏။ ထို့ကြောင့် သူသည် ထိတ်လန့် သေို့ပေမဲ့ ဤအရာသည် အကောင်ပေါက်လေး ဖြစ်နေသောကြောင့် ရုတ်တရက်အားကောင်းလာခဲ့သော မီးစိတ်ဝိညာဉ်သည် ထိုအရာကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်း ရှိနေသည်။
ဟူး
ထိုအကောင်လေးသည် သေသေချာချာ ပူးပေါင်းဆောင်ရွက်ခဲ့၏။ သူသည် ဝိညာဉ်အမျှင်လေးသို့ ပြောင်းလဲသွားခဲ့၏။
တစ်ဖက်လူသည် လှည့်စားမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လက်များကို လှုပ်ရှားကာဖြင့် သီးခြားဖြစ်တည်ခြင်း အစီအရင်ကို စတင်ကာ အသက်သွင်းလိုက်သည်။
ဝှစ် …။
နတ်ဆိုးချီများသည် သူဖမ်းချုပ်ထားရာမှ လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရောင်မုန့်ယဉ် ၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ချက်ချင်းပဲ ထိုကောင်မလေး၏ နဖူးတွင် ရှိနေသော လခြမ်းပုံစံသည် ပိုမိုကာ တောက်ပလာခဲ့ပြီး ပိုမိုကာလှပလာခဲ့၏။
ဟူး ဟူး
ဆန်းကြယ်လှသော နတ်ဆိုးချီများ ထွက်ပေါ်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပြီးသည့်နောက် အမဲရောင် အလုံးကြီးကဲ့သို့ ဖြစ်တည်လာသည်။
လီချင်းယန်နှင့် အခြားသောသူများသည် သူတို့၏ ဂျူနီယာညီမလေးမှာ မည်သည့်အရာနှင့် ပေါင်းစပ်နေသည်ကို သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ အစီအရင်၏ အပြင်ဖက်တွင် သေချာစောင့်ကြည့်လျက် ရှိနေကြ၏။
သူတို့သည် ကျန်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများကို စောင့်ကြည့်နေခြင်းဖြစ်၏။ တစ်ဖက်လူများသည် စိတ်လွတ်ကာ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေမိသည်။
ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေချေ။ အချိန်တိုင်းလိုလို သူ၏စိတ်ဝိညာဉ်ကို ဖြန့်ကျန့်ကာဖြင့် ရောင်မုန့်ယဉ်ကို စောင့်ရှောက်လျက် ရှိနေ၏။
ရှောင်ဟော့ နှင့် ရှောင်ရှစ်တို့သည်လည်း အသင့်အနေထားတွင် တည်ရှိနေသည်။
ဤအတောအတွင်း မတော်မဆမှု တစ်ခုဖြစ်လာသည် ဆိုပါက သူအနေဖြင့် နတ်ဆိုးချီများ အားလုံးကို သန့်စင်ပစ်လိုက်မှာ ဖြစ်၏။ လုံခြုံမှုသည် ပထမ ဖြစ်၏။
သို့ပေမဲ့ ရောင်မုန့်ယဉ် သည် ဝိညာဉ်နှင့် ပေါင်းစပ်နေသည့် အချိန်အတောအတွင်းမှာပဲ ယုစီနန်မြင်ခဲ့သည့် အသုဘခန်းဆောင်မှ ကျွမ်းကျင်သူများသည် လျို့ဝှက်နယ်မြေအတွင်းမှ ကြီးမားလှသည့် ကျောက်ရုပ်ထုကြီးရှေ့တွင် ဒူးထောက်လျက် ရှိနေသည်။
ဟူး ဟူး …..။
နတ်ဆိုးချီတစ်ခုသည် ထွက်ပေါ်လာပြီး လေထဲတွင် ဖြစ်တည်လာ၏။ များပြားလှသော အသုဘခန်းဆောင်မှ လူများသည် ထူးဆန်းလှသော မန္တာန်များကို ရွတ်ဖတ်နေပြီး ၎င်းတို့၏ လက်များမှ ဆန်းကြယ်လှသော စည်းသင်္ကေတများကို ပြုလုပ်လိုက်သည်။
အလွန်တရာ ရှုပ်ထွေးလှသော ပုံပန်းသွင်ပြင်များသည် ၎င်းတို့၏ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ နတ်ဆိုးချီများသည် ထိုအရာထဲသို့ ဝင်ရောက်သွားခဲ့၏။
"နှုတ်ဆက်ပါတယ် အရှင်"
အသုဘခန်းဆောင်မှ လူများသည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်ကြပြီး လေးလေးနက်နက် အော်ဟစ်လိုက်ကြသည်။
"ငါတို့ ဒီနေရာမှာ ကြာရှည်နေလို့မရဘူး"
နတ်ဆိုးချီများ စုစည်းလျက်ရှိနေသည့် အရာတွင်းမှ အသံပိုင်ရှင်က ပြောလိုက်၏။ "မြန်မြန် စိတ်ဝိညာဉ်လွှဲပြောင်းခြင်း အစီအရင်ကို အသက်သွင်းပြီးတော့ ထွက်ခွာသွားရအောင်"
"ကောင်းပါပြီ"
များပြားလှသော အသုဘခန်းဆောင်မှ လူများသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် အစီအရင်၏ ထောက်တိုင်များအဖြစ် သူတို့ကိုယ်သူတို့ အသုံးပြုလိုက်၏။ ပြီးသည့်နောက် များပြားလှသော စွမ်းအင်များကို ထည့်သွင်းကာဖြင့် အစီအရင်အတားအဆီးတစ်ခုကို အသက်သွင်းလိုက်၏။ ပြီးသည့်နောက် ချက်ချင်းပဲ တည်နေရာမှ ပျောက်ကွယ်သွားကြသည်။
"အမှိုက်ကောင် … ငါ့ရဲ့ ပြန်လည်ရှင်သန်နိုင်မဲ့ အခွင့်အရေးကို ဖျက်စီးခဲ့တယ်။ ဒါက အနာဂတ်မှာ ကျိန်းသေပေါက် ဖျက်ဆီးပစ်မယ်" ရုတ်တရက် လေးနက်လှသော အသံြရောင်မုန့်ယဉ်ကို စောင့်ကြည့်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်သွားသည်။
ဤစကားလုံး များသည် လူပေါများ ထွက်ပြေးသွားသည့် အချိန်၌ ပြောလေ့ပြောထရှိသော စကားလုံးများပင် ဖြစ်၏။
တစ်ဖက်လူသည် ပြန်လည်ရှင်သန်ခြင်း နည်းလမ်းများထဲမှ တစ်ခုခုကို ပြောဆိုခဲ့၏။ ထို့ကြောင့် တစ်ဖက်လူသည်
မသေခင်၌ များပြားလှသော ပြန်လည်ရှင်သန်ခြင်း အစီအရင်များကို ဖန်တီးပြုလုပ်ထားခဲ့သည်လား။ ကျွင်းချောင်ရှောင်းသည် အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ "ကျုပ်ရဲ့တပည့်ကို ပြန်လည်ရှင်သန်နိုင်ဖို့ ဓာတ်ကူးပစ္စည်းတစ်ခုအဖြစ် အသုံးချခဲ့တယ်။ ခင်ဗျားမှာ ပြန်လည်ရှင်နိုင်တဲ့ အစီအစဉ် တွေရှိရင်တောင်မှ ခင်ဗျား ပြန်ပြီးသေသွားအောင် ပြုလုပ်ပြမယ်"
နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်သည် သူ့အား သေချာမှတ်သားထားခဲ့၏။ ကုန်းရှန့်သည်လည်း သူ့အား သေချာမှတ်သားထားခဲ့၏။ ထို့ကြောင့် အနာဂတ်တွင် ထိတ်တိုက်ရင်ဆိုင်ရပါက ကျိန်းသေပေါက် တစ်ကယ့်ကို သူသေကိုယ်သေ သတ်ဖြတ်ကျမှာ သေချာသည်။
ဘန်း
ရောင်မုန့်ယဉ်၏ အနားတွင်ရှိနေသော နတ်ဆိုးချီများသည် ပေါက်ကွဲထွက်သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်လှိုင်းများအဖြစ် ဝင်ရောက်ကုန်ကြ၏။
"ဂိုဏ်းချုပ်"
သူမသည် မျက်လုံးကို ဖွင့်ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒါက တကယ့်ကို သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ပဲ"
"ပေါင်းစပ်မှုက အောင်မြင်ရဲ့လား" ကျွင်းချောင်ရှောင်းက မေးလိုက်၏။
"အောင်မြင်ပါတယ်"
ရောင်မုန့်ယဉ် ၏ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့၏။ သန္ဓေနတ်ဆိုး ခန္ဓာကိုယ်မှ သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်သို့ ပြောင်းလဲရောက်ရှိသွားခြင်းသည် သူမ၏ အနာဂတ် နတ်ဆိုးကျင့်ကြံခြင်းကို ကောင်းမွန်သည့် အကူအညီ ဖြစ်တည်စေလိမ့်မည်။
ကြည့်နေသော နတ်ဆိုးကျင့်ကြံသူများသည် မနာလိုပင် ဖြစ်မိနေကြ၏။
ဤအရာသည် နတ်ဆိုးလမ်းစဉ် တွင် အားအကောင်းဆုံးသော ခန္ဓာကိုယ်ပင် ဖြစ်၏။ ထို့ပြင် နတ်ဆိုးမျိုးနွယ်၏ အကောင်းမွန်ဆုံးသော အမွေအနှစ်တစ်ခုလည်း ဖြစ်၏။ သို့သော် ဤမိန်းကလေးသည် ဤကဲ့သို့ပင် ရယူခဲ့သည်။
"သွားကြရအောင်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒီက ထွက်သွားကြရေအာင်"
"ဘယ်လို ထွက်သွားကြမှာလဲ"
ကုကျောင်းရှစ်သည် မျက်မှောင်ကုတ်ကာ မေးလိုက်၏။ နတ်ဆိုးရေစက်နယ်မြေဆိုသည်မှာ အလုံးစုံ စည်းခတ်ခံထားရသည့် နေရာတစ်ခု ဖြစ်ပြီး ကြီးမားလှသည့် သံမဏိဂိတ်တံခါးကြီးဆီမှ ထွက်ခွာမှသာလျှင် ထွက်လို့ရနိုင်၏။ ထို့ပြင် အခြားနည်းလမ်းလည်း မရှိချေ။
"ရိုးရှင်းတယ်လေ"
ကျွင်းချောင်ရှောင်းသည် သူ၏လက်တွင် စွမ်းအင်များ စုစည်းလိုက်၏။ ပြီးသည့်နောက် အပေါ်တွင် ရှိနေသည့် အလင်းတန်းများကို ကြည့်ရှုကာ ပြောလိုက်၏။
"ဒါကို ချိုးဖျက်ပစ်တာပေါ့"
"မဟုတ်ဘူး မဟုတ်ဘူး"
ကုကျောင်းရှစ်က အလျင်အမြန်ပြောလိုက်၏။
"ဒါတွေအကုန်လုံးက အထက်နယ်မြေရဲ့ မူလအရင်းအမြစ်နဲ့ ပတ်သက်နေတဲ့ အရာလေ။ ချိုးဖျက်လိုက်မယ်ဆိုရင် အကုန်ရှုပ်ထွေးကုန်မှာ စိုးရတယ်"
သစ္စာဖောက်တစ်ယောက်အနေဖြင့် သူသည် မည်သည့်ကိစ္စကိုမှ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အစ်ကိုကြီး ဤနတ်ဆိုးရေစက်နယ်မြေကို ဖျက်စီးပစ်မည်ကိုတော့ သူ့အနေဖြင့် အမှန်ပင် ကြောက်ရွံ့မိ၏။ အဘယ့်ကြောင့် ဆိုသော် အထက်နယ်မြေတွင် ကြီးမားပြီး ရှောင်လွှဲလို့မရသော ကပ်ဘေးကြီး ဖြစ်ပွားလာမှာ ဖြစ်ပြီး အထက်နယ်မြေတစ်ခုလုံးပင် ပျက်စီးသွားနိုင်၏။
ဤအရာသည် ယခင်တုန်းက ရှိခဲ့သည့် နတ်ဆိုးဘိုးဘေးကြီး၏ ညဏ်ကောင်းမှုပင် ဖြစ်တော့၏။ သူသည် သူ၏လွတ်လပ်သော တည်နေရာအား အထက်နယ်မြေနှင့် မူလတည်နေရာနှင့် ချိတ်ဆက်ထားခဲ့၏။ ထို့ကြောင့် အင်မော်တယ်အဆင့် ဂိုဏ်းပင်လျှင် သတိအပြည့်နှင့် ဖြစ်တည်နေရ၏။
ဤအရာသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကျော်တည်းက ရှိခဲ့သောအရာဖြစ်သည်ဆိုလျှင်တောင်မှ အင်မော်တယ်အဆင့် ဂိုဏ်းများသည် မဖျက်စီးရဲကြခြင်းပင်။
"ဒါကို မချိုးဖျက်ဘဲနဲ့ ငါတို့ဘယ်လိုထွက်ကြမလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
"ဂိုဏ်းချုပ်"
ရှောင်မုန့်ယဉ် က ပြောလိုက်၏။ "ကျွန်မ အပြင်မှာရှိနေနဲ့ ဂိတ်တံခါးကြီးတွေနဲ့ ဆက်သွယ်လိုရနိုင်တယ်။ ဒါကို အထဲကနေ ဖွင့်လို့ရနိုင်တယ်"