← Chapters

အခန်း (၁၄၇၁)

Vol. 99 Ch. 1471

အခန်း (၁၄၇၁)

Vol. 99 Ch. 1471

ကြီးမြတ်သူတုံးကုသည် ချက်ချင်း ထွက်ခွာမသွားခဲ့ချေ။ ထိုအစား နတ်ဆိုးမြို့ထဲတွင် တစ်ရက်တာ နေထိုင်ခဲ့၏။ ဤအတောအတွင်း သူသည် ကျွင်းချောင်ရှောင်းကို သင်ခန်းစာ ကောင်းကောင်းပေးပြီး သိုသိုသိပ်သိပ် နေထိုင်ရန် နှင့် ပြဿနာများ မရှာရန် ဆိုဆုံးမခဲ့သည်။ နောက်ဆယ်နှစ်အတွင်း ကတိစကားအတွက် သေသေချာချာ အာရုံစိုက်ရန်လည်း မှာကြားခဲ့သည်။

ဟား ဟား

စနစ်က ပြောလိုက်၏။ “ပြဿနာသာ မရှာဘူးဆိုရင် ကုန်းရှန့် ဘယ်လိုလုပ် ပီသမှာလဲ”

“ဆရာ.... စိတ်မပူပါနဲ့”

ကျွင်းချောင်ရှောင်းသည် သူ၏ ရင်ဘတ်ကို ပုတ်ကာဖြင့် အာမခံလိုက်သည်။ “ကတိပေးထားတဲ့နေ့ရောက်ရင် တပည့်က ကြီးမြတ်သူကုမွန်ရဲ့ တပည့်ကို နိုင်အောင် တိုက်ခိုက်မယ်။ ဆရာ့ကို ဂုဏ်ယူဝံ့ကြွားစေရပါမယ်”

“မလိမ်နဲ့”

ကြီးမြတ်သူတုံံးကုက ဒေါသတကြီးဖြင့် ထအော်လိုက်၏။ “ဆရာ မင်းကိုမေးမယ်။ မင်းရဲ့လက်ရှိအဆင့်က ဘယ်လောက်လဲ”

ကျင့်ကြံခြင်းအဆင့် စကားကို ပြောရမည်ဆိုလျှင် သူသည် အနည်းငယ်ဝမ်းနည်းလို့ နေခဲ့၏။ နှစ်နှစ်တာ ငရဲခန်းလေ့ကျင့်မှု ပြီးတဲ့နောက်မှာ သူ၏တပည့်သည် အမြူတေပြောင်းလဲခြင်း အဆင့်နှစ်သို့ပင် တိုးတက်ပြောင်းလဲခြင်း မရှိခဲ့ပေ။ ထိုအရာသည် သူ၏ဂုဏ်သိက္ခာတရားကို အမှန်ပင် ထိခိုက်စေခဲ့သည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “အဆင့်ခြောက်ပါ”

“ဟမ် ဘာမှလည်း မတက်ပါလား”

ကြီးမြတ်သူတုံးကုသည် နားကြားလွဲသွား၏။ ထို့ကြောင့် သူ၏ မျက်နှာပေါ်တွင်ရှိသော စိတ်ပျက်မှုများသည် ကြီးကြီးမားမား ထင်ပေါ်လာခဲ့သည်။

“………”

ကျွင်းချောင်ရှောင်း အနေဖြင့် ထပ်မံကာ ပြောပြပေးရန် ရည်ရွယ်ချက် မရှိပေ။ ထို့အစား သူ၏အဆင့်ခြောက် ကျင့်ကြံခြင်းနှင့်အတူ မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့ကို ထုတ်ဖော်ကာဖြင့် ပြသလိုက်၏။

ဝှစ် ဝှစ် ဝှစ်

ဧည့်ခန်းထဲတွင်ရှိသော လေထုထဲတွင် အလွန်အားကောင်းသည့် လှိုင်းများ ဖြစ်တည်လာခဲ့၏။ ထိုအရှိန်အဟုန်သည် အမြူတေ ပြောင်းလဲခြင်း အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ်ထက်ပင် မည်သို့မှ အားမနည်းလှချေ။ ကုန်းရှန့်၏ အဆင့်သည် ကြီးကြီးမားမား တိုးတက်မသွားဘူးဆိုသော်လည်း သူ၏ အားအင်အဆင့်မှာမူ ပိုမိုကာ တိုးတက်လာခဲ့၏။ အထူးသဖြင့် သူ၏ဝိညာဉ်၊ ကြွက်သား၊ သွေးမျိုးဆက် အရာအားလုံးသည် ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။

နတ်ဆိုးစွမ်းရည်များ၏ ကြားတွင် ခံစားရသည့် နာကျင်မှုသည် အလဟဿ မဖြစ်ခဲ့ချေ။ ကျွင်းချောင်ရှောင်းအား ကြီးမားသည့် အကျိုးကျေးဇူးများကို ရရှိစေခဲ့၏။ ယခင်တုန်းက သူသည် နတ်ဆိုးရေစက်နယ်မြေထဲရှိ လောဘတက်လျက်ရှိသော နတ်ဆိုးကျင့်ကြံသူမျာအားလုံးကို အညှာအတာမဲ့ သတ်ဖြတ်ခဲ့သည့် အချိန်သည် သူ၏ အားအင်အဆင့်ကို သက်သေပြခဲ့ပြီးဖြစ်၏။ သူ သတ်ဖြတ်ခဲ့သည့် လူများထဲတွင် အဆင့်ခုနှစ်မှ အဆင့်ရှစ် အမြူတေပြောင်းလဲခြင်းအဆင့် နတ်ဆိုး ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိနေသောကြောင့်ပင်။

အထက်နယ်မြေ၏ အကန့်အသတ်အရဆိုလျှင် အဆင့်တစ်ခုနှင့် တစ်ခုအကြား ကွာခြားချက်သည် တောင်ကြီးတစ်ခုကဲ့သို့ပင် ကြီးမားလွန်းလှ၏။

အဆင့်ခြောက် အမြူတေပြောင်းလဲခြင်းအဆင့်သာရှိသော ကုန်းရှန့် အနေဖြင့် အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ် နတ်ဆိုးကျင့်ကြံသူများ အားလုံးကို သတ်ဖြတ်နိုင်ခဲ့၏။ ဆိုလိုသည်မှာ သူသည် သူ၏အဆင့်နှင့်အထက် စွမ်းအားမြင့် ကျင့်ကြံသူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အရည်အချင်းမျိုးကို ပိုင်ဆိုင်နေပြီဖြစ်သည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည့် နတ်ဆိုးချီများ အားလုံးသည် အမှန်ပင် အားကောင်းလွန်းလှချေပြီး ရှောင့်ဟော့နှင့် ရှောင်ရှစ် နှစ်ယောက်လုံးအားလည်း သန့်စင်သည့် စွမ်းအင်များ စုပ်ယူနိုင်စေခဲ့၏။

ရွှီး

ကြီးမြတ်သူတုံးကုသည် ထိုင်ခုံမှ ရုတ်တရက် ခုန်ထလိုက်မိ၏။ သူသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိသည်။ “စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်ပါလား”

ကုန်းရှန့်သည် ပြုံးလျက်ရှိ၏။ မည်သည့်စကားမှ မဆိုချေ။ မည်မျှ အားကောင်းသည်ကို ပြသသည့်နေရာတွင် ပါးစပ်နှင့်ပြောသည်ထက် ဤကဲ့သို့ ထုတ်ဖော်ပြသလိုက်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်၏။

“မဟုတ်ဘူး။ မဟုတ်ဘူး”

ကြီးမြတ်သူတုံးကုသည် မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ ဤကောင်လေးသည် သူ၏ လေ့ကျင့်ပေးမှုအောက်မှ ထွက်ခွာသွားသည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။ သို့ပေမဲ့ ပထမအဆင့် အမြူတေအသွင်ပြောင်းလဲခြင်း အဆင့်မှသည် အဆင့်ခြောက် အမြူတေသွင်ပြောင်းလဲခြင်း အဆင့်ဆီသို့ အဘယ်ကြောင့် ရုတ်တရက် ခုန်တက်သွားရသနည်း။

မာဆာတိုကီတာနိုသည်လည်း ဆွံ့အလျက် ရှိနေ၏။ ပထမအဆင့်ဆီမှ ဒုတိယအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခြင်း သည် နားလည်လက်ခံ၍ ရလောက်သည့် အခြေအနေပင် ဖြစ်၏။ သို့ပေမဲ့ ပထမအဆင့်ဆီမှသည် ဆဋ္ဌမအဆင့်ဆီသို့ တိုးတက်ရောက်ရှိသွားခြင်းဆိုသည်မှာတော့ ကြီးမားလွန်းလှသည်။

“ဆရာ”

ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာ ပြောလိုက်၏။ “အမှန်ကို ပြောရမယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းဆီမှ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးဖိထားနိုင်တဲ့ လျှို့ဝှက်ကျမ်းစာတစ်ခုရှိတယ်။ ဒါကြောင့် တပည့်အနေနဲ့ ဆရာ လေ့ကျင့်ပေးတဲ့ နှစ်နှစ်အတွင်း ဒါတွေ မပေါ်အောင် ဖုံးဖိခဲ့တာပဲ”

“ပြီးတော့ကော”

“ဒါကြောင့် ဆရာရဲ့တပည့်က နောက်ဆုံးမှာ အဲဒီကျင့်ကြံခြင်း နည်းစနစ်ကို အဆုံးစွန်ထိ နားလည်သွားခဲ့တယ်။ ဒါကြောင့် အဆင့်က တောက်လျှောက်တိုးတက်သွားခဲ့တာပေါ့။ အခုဆိုရင် စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်တောင် ရောက်ရှိနေပြီလေ”

ကျွင်းချောင်ရှောင်း အနေဖြင့် အသေးစိတ်ကို ထုတ်ဖော် မပြောခဲ့ချေ။ သို့ပေမဲ့ သေချာမတွေးဘူး ဆိုလျှင်တောင်မှ ဤအရာသည် လိမ်ညာနေခြင်းဖြစ်ကြောင်း ကောင်းကောင်း သိရှိပေလိမ့်မည်။

“လောကကြီးမှာ ဒီလောက် မှော်ဆန်တဲ့ ကျင့်ကြံခြင်းနည်းစနစ် ဆိုတာ ရှိလို့လား။ ပြီးတော့ မင်းအနေနဲ့ မင်းရဲ့အဆင့်ကို ဘာလို့ ဖိနှိပ်ထားဖို့ လိုအပ်နေတာလဲ” ကြီးမြတ်သူတုံးကုသည် ဆွံ့အလျက် ရှိနေ၏။

အချက်အလက်အားဖြင့် သူ၏နှလုံးသားထဲတွင် သံသယများ တည်ရှိလို့နေခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ဤအရာသည် ကောင်းမွန်သည့်အရာဖြစ်ကြောင်း သူသိရှိ၏။ ထို့ကြောင့် စိတ်လိုလက်ရဖြင့် ရယ်မောလိုက်မိသည်။

“မင်းက တကယ့်ကို သာမန်ထက်ပိုတဲ့ လူတစ်ယောက်ဆိုတာ ဆရာသိတာပေါ့။ ကောင်းပြီ။ ကောင်းပြီ။ ငါ အထင်မမှားခဲ့ဘူးပဲ”

“………”

မာဆာတိုကီတာနို၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ နှစ်နှစ်တာ ငရဲခန်းလေ့ကျင့်မှု ပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်း ၏အဆင့်သည် ပုံမှန်အတိုင်းပဲ တည်ရှိနေ၏။ ထို့ကြောင့် ရံဖန်ရံခါဆိုသလိုပင် ကြီးမြတ်သူတုံးကုသည် ဆဲဆိုခြင်းကို ပြုလုပ်တတ်သည်။ ယခုကျတော့ သာမာန်ထက် ပိုသော တပည့်တစ်ယောက်ဟု ပြောဆိုနေပြန်၏။

သို့ပေမဲ့ သူသည် ကြီးမြတ်သူတုံးကု၏ စကားကိုတော့ သဘောတူညီမိ၏။ အဆင့်တစ် အမြူတေအသွင် ပြောင်းလဲခြင်းအဆင့်မှသည် အဆင့်ခြောက်ဆီသို့ တိုးတက်ရောက်ရှိခဲ့ခြင်းဆိုသည်မှာ ဤကောင်လေးသည် သာမန်ထက် ပိုသည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ထို့အပြင် နည်းနည်းပင် ကြောက်မက်ဖွယ်ကောင်းနေသည်။

………….

နောက်တစ်ရက်မှာတော့ ကြီးမြတ်သူတုံးကုသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် အဆင့်ခြောက်အမြူတေပြောင်းလဲခြင်းစွမ်းရည်ကို ပိုင်ဆိုင်နေပြီ ဖြစ်သောကြောင့် နောက်ဆယ်နှစ်ကြာ တိုက်ခိုက်မည့်တိုက်ပွဲတွင် မျှော်လင့်ချက်များ တည်ရှိလို့ လာခဲ့၏။

“အဘိုးကြီးကုဟုန်”

တောနက်တစ်ခုထဲကို လျှောက်ဝင်လာပြီးသည့်နောက် ကြီးမြတ်သူတုံးကုသည် အော်ဟစ် ကြုံးဝါးလိုက်၏။ “ခင်ဗျားရှုံးဖို့ စောင့်နေလိုက်တော့”

မာဆာတိုကီတာနိုသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ ယခင်တုန်းက ရှုံးနိမ့်မှာ စိုးသောကြောင့် အပြင်မထွက်ရန်ပင် ဆုံးဖြတ်ထားခဲ့သော ကြီးမြတ်သူတုံးကုသည် သူ၏တပည့် အဆင့်ခြောက် အမြူတေပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိသွားမှန်း သိသည့်အချိန်မှာတော့ မောက်မောက်မာမာဖြင့် ကြိမ်းဝါးမှု မျိုးကိုပင် ပြုလုပ်လာလေသည်။

........

အနည်းငယ် လုပ်စရာရှိသည်များကို လုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ခေါ်ဆောင်ကာဖြင့် ဂိုဏ်းဆီသို့ ပြန်လာခဲ့၏။

လမ်းတလျှောက်မှာတော့ ရောင်မုန့်ယဉ်သည် မျက်ရည်များကို သုတ်ကာဖြင့် ငိုလျက်ရှိသည်။ “တပည့်က သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ဆက်ခံခဲ့တာက ဂိုဏ်းအတွက် ဘေးဒုက္ခကြီး ဖြစ်နေလိမ့်မယ်နဲ့တူတယ်”

မနေ့တုန်းက သူမသည် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရ၏။ ထိုအချိန်၌ ကြောက်လန့်လွန်းသောကြောင့် ဘာလုပ်ရမှန်းမသိဘဲ ဂိုဏ်းချုပ်၏ အနောက်တွင် ပုန်းအောင်းရန်သာ တတ်နိုင်ခဲ့၏။

“ရူးကြောင်ကြောင် ကောင်မလေး”

ကျွင်းချောင်ရှောင်းသည် သူမ၏ခေါင်းကို အသာပွတ်ကာဖြင့် ကြင်နာစွာ ပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို ရရှိတယ်ဆိုတာ ကြီးမားတဲ့ အခွင့်အရေးပဲလေ။ ဘယ်လိုဖြစ်ပြီး ဒုက္ခဖြစ်မှာလဲ။ ဒီကိစ္စကို နောက်မှပြောရအောင်။ ပြီးတော့ မင်းရဲ့ စီနီယာအစ်ကိုတွေနဲ့ ငါက ဒုက္ခရောက်မှာကို ကြောက်တဲ့လူတွေလို့ မင်းထင်နေတာလား”

လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် ခေါင်းကိုမော့ ရင်ကိုကော့၍ ထား၏။ ၎င်းတို့အနေဖြင့် ပြဿနာတက်လာမည် ဆိုလျှင်တောင်မှ သူတို့၏ ဂျူနီယာညီမလေးအတွက် ကျိန်းသေပေါက် ပြဿနာကို ခေါင်းနှင့် ဝင်တိုက်မှာ သေချာသည်။

“အဟင့် အဟင့်”

ရောင်မုန့်ယဉ်သည် ငိုယိုလျက် ရှိနေ၏။ “ဂိုဏ်းချုပ်နဲ့ စီနီယာအစ်ကိုတို့ ရှိနေတာ လောကမှာ အပျော်ရဆုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းလိုတပည့်မျိုး ငါ့နောက် လိုက်လာတာ ငါအရမ်းပျော်ရွှင်မိနေတယ်”

တခြားသော ဇာတ်ကောင်များသာဆိုလျှင် သူတို့ကိုယ် သူတို့ သန်မာအားကောင်းအောင် ပြုလုပ်ပြီး နေထိုင်ကြမှာ သေချာ၏။ သို့ပေမဲ့ သူကတော့ ဂိုဏ်းထဲတွင် နေထိုင်ပြီး သူ၏တပည့်များကို မိသားစုကဲ့သို့ ဆက်ဆံကာ ဖခင်ကဲ့သို့ လူတစ်ယောက်ဖြစ်အောင် နေထိုင်နေရ၏။

“ဒင်... တပည့် ရောင်မုန့်ယဉ်သည် နတ်ဆိုးရေစက်နယ်မြေ၏ အမွေအနှစ်ကို လက်ခံရယူခဲ့၏။ ထို့ကြောင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်ထောင်ကို ရရှိသည်”

“ဒင်... ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၁၀၀၀”

ပျော်ရွှင်ရန် ပြင်လိုက်သည့် ကျွင်းချောင်ရှောင်းသည် လက်ရှိ ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို ကြားလိုက်ရသည့်အချိန်မှာတော့ မျက်နှာပြင်တစ်ခုလုံး အေးခဲသွားတော့၏။

“မဟုတ်ဘူး။ ဂိုဏ်းဂုဏ်သိက္ခာအမှတ်ရဲ့ အရေအတွက်က မှားနေတယ်”

ဝှစ်

ကုန်းရှန့်သည် အလောတကြီးဖြင့် စနစ်ကို ဖွင့်ကာ ကြည့်လိုက်၏။

ဂိုဏ်းစုဆောင်းမှတ် - သုည၊

ဂိုဏ်းအောင်မြင်မှုအမှတ် - သုည၊

ဂိုဏ်းဂုဏ်သိက္ခာအမှတ်သည် စောနက ရရှိသည့် တစ်ထောင်သာ ရှိပါက သုညပင် ဖြစ်ပေလိမ့်မည်။

အမျိုးအစား သုံးခုတွင် အမှတ်များအားလုံးသည် ကုန်ဆုံးသွားခဲ့သည်။

ဘုန်း

ကျွင်းချောင်ရှောင်းသည် မိုးကြိုးပေါင်းတစ်သောင်း၏ ပစ်ခတ်ခြင်းကို ခံလိုက်ရသည့်လူတစ်ယောက်ကဲ့သို့ တည်နေရာထဲတွင် မတ်မတ်ကြီး ရပ်လျက်ရှိ၏။

“ဂိုဏ်းချုပ်”

ကျွင်းချောင်ရှောင်း ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ လီချင်းယန်သည် လှမ်းကာခေါ်လိုက်သည်။

အား

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် အော်ဟစ်လိုက်၏။ “မရှိတော့ဘူး။ အားလုံး မရှိတော့ဘူး”

ဤကဲ့သို့သော ရုတ်တရက် ထအော်မှုသည် လီချင်းယန်နှင့် တခြားသော သူများအားလုံးကို ထိတ်လန့်ကြောက်ရွံ့စေပြီး အနောက်သို့ပင် ဆုတ်ခွာလိုက်မိကြ၏။

စုရှောင်မို၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ထိတ်လန့်တုန်လှုပ်လျက် ရှိနေ၏။ သူတို့သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက် ရှိနေ၏။ “ဂိုဏ်းချုပ် ဘာတွေ မရှိတော့တာလဲ မသိဘူး”

“စနစ်”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက် ရှိနေ၏။ “ဒါ ဘာဖြစ်တာလဲ။ ဒါ ဘာဖြစ်တာလဲ”

ကုန်းရှန့် အနောက်သို့ အချိန်အတော်ကြာ လိုက်ပါလာသူတစ်ယောက် ဖြစ်သည်မို့ စနစ်သည် သူ့တာဝန်ကို သူကျေ၏။ “ငါ အဆင့်တက်နေတာလေ။ ဘာမှ မသိဘူး”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ဒီလိုကိစ္စမျိုးက မင်းနဲ့ကျိန်းသေပေါက် ပတ်သက်နေရမယ်။ မင်း ဝန်မခံဘူးလား”

အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းလျက် ရှိနေပြီး တင်းမာခက်ထန်လျက် ရှိနေ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည်လည်း နီနေရာမှ မဲပြာလျက်ပင် ဖြစ်လာ၏။ လအနည်းငယ်ကြာ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ် သိန်းငါးဆယ်မှ သိန်းခြောက်ဆယ်နီးပါးခန့် ရရှိခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ထိုအရာများအားလုံးသည် ယခု မရှိတော့ချေ။ မည်သူက လက်ခံနိုင်မည်နည်း။

ဟင်း

စနစ်က ပြောလိုက်သည်။ “ဒီလိုလေ…”

စနစ်သည် ကပ်ဘေးဖြေရှင်းခြင်း လုပ်ဆောင်ချက်ကို သူ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့သည်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ဖြစ်လို့နေသည်။ ပြီးသည့်နောက် သူသည် လည်ပင်းကို လက်နှင့်ဆုပ်ကာဖြင့် အော်ဟစ်လျက်ရှိသည်။ “ငါ မင်းနဲ့ချမယ်။ ငါ မင်းနဲ့တိုက်မယ်”

“ဘာတွေဖြစ်နေတာလဲ” ကုကျောင်းရှစ်သည် အလောတကြီးဖြင့် ရှေ့ကိုတိုးကာ ဖြေရှင်းရန် ပြင်လိုက်၏။

သို့ပေမဲ့ သူ့အား စုရှောင်မိုက တားဆီးလိုက်၏။ “ဂိုဏ်းချုပ်က အဲဒီလို ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ရတာ ကြိုက်တယ်။ ဂိုဏ်းတူဦးလေး သူ့ကို သွားမရှုပ်နဲ့”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ကြ၏။ ထို့ကြောင့် အသားပင် ကျနေကြပြီဖြစ်ကြတော့သည်။

ကုကျောင်းရှစ်သည် ချက်ချင်းပဲ နားလည်သွားမိတော့၏။ ထို့ကြောင့် သွားဖြီးကာ ပြောလိုက်၏။ “အစ်ကိုကြီးကလည်း ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ရတာ ကြိုက်တာကိုး။ ငါ့ရဲ့ သေဖော်ရှင်ဖက် ညီအစ်ကို ပီသပါပေတယ်”

All Chapters