← Chapters

အခန်း (၁၄၇၀)

Vol. 99 Ch. 1470

အခန်း (၁၄၇၀)

Vol. 99 Ch. 1470

ယခင်တုန်းက နတ်ဆိုးကလန် တစ်ခုလုံးအား ဖျက်ဆီးလိုက်သောသူသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းတင် မကပေ။ တခြားသော အဓိကဂိုဏ်းကြီးများနှင့် မွန်းစတားကလန်များလည်း ပါဝင်လျက်ရှိ၏။ ယခု နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာမည်ကို ကြားရသည့်အချိန်မှာတော့ ၎င်းတို့၏ ဂိုဏ်းဆီမှ ကျွမ်းကျင်သူ များကို စေလွှတ်ခဲ့ကြ၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် အားလုံးသောသူများသည် တူညီသည့်ကြိုးဖြင့် ချုပ်နှောင်ခံထားရသူများပင် ဖြစ်၏။ ဘေးအန္တရာယ်ကြီး ဖြစ်ပွားလာမည်ဆိုပါက အားလုံးသော သူများသည် မည်သူမှပင် ထွက်ပြေး လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဤတစ်ကြိမ်မှာတော့ ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ကို အမွေဆက်ခံခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် ကြီးမားသည့် ကပ်ဘေးကြီး ဖြစ်ပွားမလာစေရန် အလို့ငှာ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် တခြားသော အဓိက ဂိုဏ်းများအားလုံးသည် ၎င်းတို့၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြသရပေလိမ့်မည်။

သူတို့အနေဖြင့် မယုံကြည်နိုင်ပေ။ ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနို တို့သည့် တစ်လောကလုံးနှင့် ရန်ဘက် ဖြစ်ရဲမည်ဟု သူတို့မထင်ချေ။ သို့ပေမဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများ သည် လက်ရှိအခြေအနေမှာတော့ အလုံးစုံ ဆွံ့အလျက် ရှိနေ၏။

မွန်းစတားကလန်အသီးသီးမှ လူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ၎င်းတို့၏ ရပ်တည်ချက်များကို ထုတ်ဖော်ပြသသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ဘက်တွင် ရပ်တည်ခဲ့ကြ၏။ သူတို့နှင့် အဓိကဂိုဏ်းကြီး တချို့သည်သာလျှင် သီးခြား ကျန်ရှိခဲ့ရသည်။

“ခင်ဗျားတို့”

အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများ၏ မျက်နှာသည် ဒေါသထွက်လွန်း သောကြောင့် စိမ်းပြာလျက်ပင် ရှိနေသည်။ အချက်အလက်အားဖြင့် သူတို့ မသိရှိသည်မှာ ကျွင်းချောင်ရှောင်းသည် မွန်းစတားကလန်ကြီး အသီးသီးဆီသို့ တစ်ချက်လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုအကြည့်ထဲတွင် ခင်ဗျားတို့ ကျုပ် တပည့်တွေကို မြင်လား။ ခင်ဗျားတို့ ရပ်တည်ချက်ကို မပြသခင် သေသေချာချာ စဉ်းစားကြ ဟူသည့်အဓိပ္ပာယ်ပင် ဖြစ်၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ရောင်မုန့်ယဉ်၏ အနားသို့ တိုးကပ်လာခဲ့ကြပြီး ၎င်းတို့၏ မျက်လုံးထဲတွင်တော့ စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေကြ၏။ ဤအရာသည် မည်သည့်အရာကို ဆိုလိုသနည်း။ တစ်စုံတစ်ယောက်သည် သူတို့၏ ဂျူနီယာညီမလေးကို ထိခိုက်သည်ဆိုပါက ၎င်းတို့သည် အသက်ကို စွန့်လွှတ်ကာဖြင့် တိုက်ခိုက်မှာဖြစ်ခြင်းပင်။

ထိုအရာသည် မွန်းစတားကလန်အသီးသီးမှ လူများကို ဆွံ့အသွားစေခဲ့၏။ ၎င်းတို့၏ ဆက်ခံသူ သို့မဟုတ် လက်ရွေးစင်ဂျူနီယာများသည် ဤပြိုင်စံရှားဂိုဏ်းတပည့်များနှင့် အသက်သွေးပဋိညာဉ်ကို ရေးထိုးထားခဲ့ကြ၏။ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်ဆိုပါက ၎င်းတို့၏ ဘက်တော်သားများပါ သေဆုံးသွားမှာ သေချာ၏။

“မဖြစ်ဘူး။ မဖြစ်ဘူး”

သူတို့အနေနှင့် သူတို့၏ ရပ်တည်ချက်ကို အစစ်အမှန် ထုတ်ဖော်၍ မရတော့ချေ။ ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ တခြားသော မွန်းစတားကလန်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူ များသည် စိတ်ကိုပြောင်းလဲကာဖြင့် ကျွင်းချောင်ရှောင်း၏ဘက်တွင် ရပ်တည်လိုက်ကြသည်။

ဤမိန်းကလေးသည် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးသည့်နောက် အနာဂတ်တွင် ဆိုးရွားသည့် ကိစ္စရပ်များကို ပြုလုပ်မလား၊ မပြုလုပ်ဘူးလား ဆိုသည်ကို မည်သူမှ သေချာမသိချေ။ သို့ပေမဲ့ အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းဘက်မှ ရပ်တည်ပြီး ၎င်းတို့၏ လက်ရွေးစင်သတ္တဝါများကို ဆုံးရှုံးလိုက်ရသည်ဆိုပါက ထိုက်တန်သည့် အရာဖြစ်လာလိမ့်မည် မဟုတ်ချေ။

အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် အဓိကဂိုဏ်းကြီးတချို့သည် တူညီသည့်လှေတွင် ရှိနေကြပြီး ပြိုင်စံရှား ဂိုဏ်းနှင့် တခြားသော မွန်းစတားကလန် အသီးသီးတို့သည် တူညီသည့်လှေပေါ်တွင် တည်ရှိနေကြ၏။ ထို့ကြောင့် လက်ရှိ အခြေအနေသည် အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

ဟူး

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနို တို့သည့် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိကြ၏။ သူတို့ နှစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ဘက်မှ ရပ်တည်ပြီး အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ရန်ဘက်ပြုခဲ့သည်ဆိုသော်လည်း ကြီးမားသည့်ဖိအားအောက်တွင် ကျရောက်လျက် ရှိနေ၏။ တခြားသော ကလန် များသည်ပါ ထပ်ပေါင်းရောက်ရှိလာမည်ဆိုပါက သူတို့အနေနှင့် အနာဂတ်တွင် အသက်ရှင်ရန် လမ်းပင် မရှိကြချေ။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်ဂိုဏ်းရဲ့တပည့်က သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တယ်ဆိုပေမဲ့ ဘာတစ်ခုမှ ဆိုးရွားတဲ့အရာတွေကို မလုပ်သေးဘူးလေ။ အခြေ အမြစ်မရှိတဲ့ ကိစ္စရပ်တွေကို အခြေပြုပြီးတော့ အပြစ်ပေးချင်တဲ့ ကိစ္စရပ်ကို မလုပ်ပါနဲ့။ မဟုတ်ရင်”

သူသည် ခဏလောက်ရပ်တန့်ကာ ပြောလိုက်သည်။ “ကျုပ်တို့ ကျောက်ရုပ်တုမျိုးနွယ်ကလန်က ဘယ်တော့မှ သဘော တူညီမှာ မဟုတ်ဘူး”

သူဝန်ခံခဲ့ပြီဖြစ်၏။ ဤလူသည် အမှန်ပင် ကျောက်ရုပ်တုမျိုးနွယ်ကလန်မှ ဖြစ်နေ၏။

တစ်ချိန်တည်းမှာပဲ များပြားလှသောဂိုဏ်း အသီးသီးမှ ကျွမ်းကျင်သူများသည် စိတ်ထဲတွင် ရေရွတ်လျက် ရှိနေ၏။ သူတို့သည် ရွေးချယ်သည့်ဘက် မှန်ကန်ခဲ့ကြောင်းကို နားလည်လိုက်ကြပြီဖြစ်၏။ အထက်နယ်မြေသည် လူသားမျိုးနွယ်များ၏ စိုးမိုးမှုကို ခံထားရ၏။ သို့ပေမဲ့ စွမ်းအားမြင့်ကလန် သုံးခုထဲမှ တစ်ခုဖြစ်သော ကျောက်ရုပ်တုကလန်သည် အထင်အမြင်သေး၍ မရခဲ့ချေ။ ထို့အပြင် ၎င်းတို့အားလုံးသည် သွေးဆူလွယ်ပြီး ဒေါသလည်း အလွန်ကြီးမားလှ၏။ ၎င်းတို့ထဲမှ တစ်စုံတစ်ယောက်ကို သွားရောက်ကာ ထိခိုက်သည်ဆိုပါက ကြီးမားသည့် ပေးဆပ်မှုကို ပြန်လည်ပေးဆပ်ရမှာ သေချာသည်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် မျက်မှောင်ကုတ်မိလိုက်ကြ၏။ တစ်ဖက်လူ သည် ကျောက်ရုပ်တုမျိုးနွယ်ကလန်ကို အသုံးပြုကာဖြင့် သူတို့ကို ဖိအားပေးပြောဆိုနေကြောင်းကိုလည်း နားလည်လိုက်မိ၏။ သို့ပေမဲ့ သူတို့အနေနှင့် ဘာကိုမှ အဓိပ္ပာယ်မဲ့ မပြုလုပ်ရဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုရူးသွပ်လျက်ရှိနေသည့် မျိုးနွယ်ကလန်တစ်ခုလုံးသည် အနည်းငယ် ရင်ဆိုင်ရ ခက်ခဲလှ၏။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “အနာဂတ်မှာ ကျုပ်တပည့်က မကောင်းတဲ့ကိစ္စရပ်တွေ ပြုလုပ်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ ဘာမှလုပ်စရာ မလိုဘူး။ ကျုပ်ကိုယ်တိုင် သူတို့ကို သတ်ပစ်မယ်”

သူ၏ ဆရာနှင့် များပြားလှသော မွန်းစတားကလန်အသီးသီး၏ ထောက်ပံ့မှုကို ရရှိထားသောကြောင့် သူသည် အဆုံးစွန် အထိ မောက်မာနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ပြဿနာကို အသေးငယ်ဆုံးပြုလုပ်ရန်သာ စဉ်းစားထားမိ၏။ ထို့အပြင် သူ၏ လက်ရှိအားအင်အဆင့်အရ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ဤကဲ့သို့ တိုက်ခိုက်မည်ဆိုလျှင်လည်း ကြီးမားသည့် ထိခိုက်မှုကိုသာ ရရှိမှာ သေချာ၏။

ကျွင်းချောင်ရှောင်း၏ လက်ရှိ နည်းဗျူဟာသည် သိုသိုသိပ်သိပ်နှင့် နေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရပေ လိမ့်မည်။ အဓိကဂိုဏ်းများကို စိန်ခေါ်တိုက်ခိုက်နိုင်သည့် စွမ်းအင်ရှိလာမှသာလျှင် သူသည် အရာအားလုံးကို မော်ကြွားစွာ ပြုလုပ်မှာဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

အင်မော်တယ့်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒီမိန်းကလေးက အရမ်းကို အန္တရာယ်များတယ်။ ခင်ဗျား သူ့ကို ကောင်းကောင်းသင်ပြပေးနိုင်မယ် လို့ မျှော်လင့်မိတယ်။ တကယ်လို့ သူ့အနေနဲ့ အနာဂတ်မှာ သည်းခံလို့မရတဲ့ ကိစ္စရပ်တွေ ပြုလုပ်လာမယ်ဆိုရင် ကျုပ်တို့က တစ်ချက်ကလေးမှ သနားညှာတာမှာ မဟုတ်ဘူး။ သွားကြရအောင်”

ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနို နှင့် ခြံစည်းရိုးခွထိုင်သော အဖွဲ့များ၏ ကာကွယ်ပေးမှုအောက်မှာတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် ဘာတစ်ခုမှ လုပ်၍ မရတော့ချေ။ ထို့ကြောင့် မချင့်မရဲနှင့် ပြန်လည်ကာ ထွက်ခွာသွားခဲ့ကြသည်။

ကောင်းကင်ယံတွင် စုဝေးလျက်ရှိနေသည့် သတ်ဖြတ်လိုခြင်းအော်ရာများ သည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့၏။

ကောင်းကင်ယံတွင် တည်ရှိနေသော သံမဏိဂိတ်တံခါးကြီးသည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။ ထိုအရာသည် နှစ်ပေါင်းတစ်ရာလျှင် တစ်ခါထွက်ပေါ်လာခဲ့သည့် နတ်ဆိုးရေစက်နယ်မြေတစ်ခုလုံး၏ အဆုံးသတ်ဟု သတ်မှတ်ရ ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘယ်တော့မှ ထပ်မံကာပေါ်ပေါက်လာမည် မဟုတ်သောကြောင့်ပင်။

အထဲတွင်ရှိနေသည့် နတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန် ဝိညာဉ်သည် ယူဆောင် သွားခြင်းကို ခံခဲ့ရ၏။ အနှစ်ချုပ်ရမည်ဆိုလျှင် ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ရရှိခဲ့ပြီး ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်ရန် အသုံးပြုသည် နတ်ဆိုးချီများ အားလုံးကို စုပ်ယူခဲ့၏။ ထို့ကြောင့် ၎င်းတို့၏အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားခဲ့၏။

ထို့အပြင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း ထွက်ခွာသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထု သွေးမျိုးဆက် အသက်ဝင်နေရာမှ ပုံမှန်လူအဖြစ်သို့ ပြန်လည်ပြောင်းလဲလာခဲ့၏။ သူသည် ပုံမှန် အတိုင်း ချောမောသည့်လူငယ်တစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

“သူပြန်လာပြီ။ သူပြန်လာပြီ”

ဤအရာသည် သူတို့ရင်းနှီးသည့် သူတို့၏ ဂိုဏ်းချုပ်ပင်ဖြစ်၏။ ကျွင်းချောင်ရှောင်း၏ မျက်နှာသွင်ပြင်သည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ချက်ချင်းပဲ ပြုံးလိုက်မိ၏။

“အမှိုက်ကလေး”

ကြီးမြတ်သူတုံးကုသည် ဆူငေါက်လိုက်မိသည်။ “မင်း ပြဿနာမရှာရင် သေသွားမှာ စိုးလို့လား”

တစ်ချိန်လုံး နူးညံ့ငြင်သာစွာ နေထိုင်တတ်သည့် မာဆာတိုကီတာနိုသည်ပင်လျှင် မျက်မှောင်ကုတ်ကာဖြင့် ဆူငေါက်လိုက်မိ၏။ “နတ်ဆိုးရေစက်နယ်မြေထဲမှာရှိတဲ့ နတ်ဆိုးချီတွေက အရမ်းကို ကြမ်းတမ်းလွန်းတယ်။ အသက်ရှင်ရက် ထွက်လာနိုင်တယ်ဆိုတာ တော်တော်ကြီး ကံကောင်းလို့ပဲ။ အနာဂတ်မှာ မင်းအနေနဲ့...”

“စီနီယာ.. ရော့ ဆေးလိပ်သောက်ပါအုံး” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ဆေးပြင်းလိပ်ကြီးတစ်ခုကို လှမ်းကာ ကမ်းပေးလိုက်သည်။

“..........”

မာဆာတိုကီတာနိုသည် မျက်လုံးများ ချာချာလည်သွား၏။ သို့ပေမဲ့ တစ်ဖက်လူသည် ယဉ်ကျေးပျူငှာစွာဖြင့် ကမ်းပေးနေသည်ဆိုမှတော့ သူသည် တစ်ခါတည်း ယူလိုက်ရတော့၏။

ဟုတ်ပေသည်။ ကုန်းရှန့်သည် အမှန်ပင် အလိုက်သိသည့် လူတစ်ယောက်ဖြစ်သည်။ သူ့ကို ကူညီခဲ့ကြသည့် မွန်းစတားကလန်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးကိုလည်း ဤအတိုင်း မထားခဲ့ချေ။ သူ၏ ကျေးဇူးတင်မှုကို အဆုံးစွန်အထိ ပြသခဲ့သည်။

မည်ကဲ့သို့ ပြသခဲ့သနည်း။ စိတ်ဝိညာဉ်ကျောက်တုံးများပင် ဖြစ်တော့၏။ မူလအားဖြင့် စိတ်မပျော်မရွှင် ဖြစ်လျက် ရှိနေသည့် မွန်းစတားကလန် အသီးသီးတို့သည် ကျွင်းချောင်ရှောင်းဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိသည့် အချိန်မှာတော့ နှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစားခဲ့ကြရသည်။ လောကတွင် ပိုက်ဆံနှင့် ဖြေရှင်း၍ မရနိုင်သည့် အရာဟူ၍ မရှိချေ။

“ဂိုဏ်းချုပ်ကျွင်း... နှုတ်ဆက်ပါတယ်”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် မွန်းစကားကလန် အသီးသီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများကို လိုက်ပါပို့ဆောင်လိုက်၏။ ပြီးသည့်နောက် သူ့တပည့်များဆီသို့ အသံပို့လွှတ်လိုက်သည်။ “ငါသတ်ခဲ့တဲ့ နတ်ဆိုး ကျင့်ကြံသူတွေဆီက သိုလှောင်လက်စွပ်တွေကို ဘာလို့ ယူမလာတာလဲ”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် မျက်လုံးအပြူးသား ဖြစ်သွားမိ၏။

“တပည့်”

ကြီးမြတ်သူတုံးကုသည် လေးလေးနက်နက် ပြောလိုက်သည်။ “မင်းရဲ့တပည့်က သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်လေ။ ဒီကိစ္စက အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအတွက်တော့ ရန်ငြိုးတစ်ခု ဖြစ်တည်နေမှာပဲ။ အနာဂတ်မှာ သေသေချာချာ ဂရုစိုက်ဖို့လိုတယ်”

“ကောင်းပါပြီ”

ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “တပည့် နားလည်ပါပြီ”

အချက်အလက်အားဖြင့် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ရောင်မုန့်ယဉ်အား သတ်ချင်သည်ဆိုခြင်းမှာ လောကကြီး၏ ကောင်းကျိုးအတွက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသာ ပိုမိုအားကောင်းလာသည် ဆိုပါက ဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးကို ပြန်လည်ကာ ဒုက္ခပေးမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း သူကောင်းကောင်း နားလည်မိသည်။

“တကယ်တော့”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာကြိတ်ကာ ပြောလိုက်မိ၏။ တကယ့်တော့ စိတ်ပူနေသင့်တာက ကျုပ်တပည့်ကို မဟုတ်ဘူး။ သူမက အနာဂတ်မှာ ဒုက္ခပေးနိုင်လား၊ မပေးနိုင်ဘူးလား ဆိုတာ သေချာမသိဘူးလေ။ ဒါပေမဲ့ ကျုပ်ကတော့ ပိုပြီး အားကောင်းလာတဲ့အမျှ နယ်မြေဟောခန်းတစ်ခုလုံးကို ဖျက်ဆီး ပစ်မှာပဲ။

“ဒါ ဘာမှ မမှားဘူး”

စနစ်က ပြောလိုက်သည်။ “လက်ခံသူကမှ အဓိက ပြဿနာကြီး”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်မိ၏။ “ငါ မင်းသေသွားပြီတောင် ထင်နေတာ”

“မဟုတ်ဘူး”

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ ခန္ဓာကိုယ်ထဲကို နတ်ဆိုးစွမ်းအင်တွေ ဝင်လာတဲ့အချိန်မှာ ငါက အဆင့်မြှင့်တက်သွားခဲ့တယ်လေ။ ဒီတော့ ဘာတွေဖြစ်သွားလဲဆိုတာ ဘာတစ်ခုမှ မသိတော့ဘူး”

ဤအကြောင်းပြချက်သည် အမှန်ပင် ပြည့်စုံလွန်းလှချေ၏။

“ငါသိပြီ”

ကျွင်းချောင်ရှောင်းအနေဖြင့် များများစားစား တွေးတောမနေတော့ချေ။ သို့ပေမဲ့ သူ၏နှလုံးသားထဲတွင် တော့ အမုန်းတရားမျိုးစေ့သည် ဖြစ်ထွန်းလာခဲ့တော့၏။ ဤတစ်ကြိမ်တွင် သူ၏ဆရာနှင့် များပြားလှသော မွန်းစတားကလန်အသီးသီးမှ လူများ၏ အကူအညီသာ မရှိပါက အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့သည် သူ့အား လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူ၏တပည့်အား သတ်ဖြတ်သွားသည်ကို ဤအတိုင်း ရပ်ကာ ကြည့်ရှုနေရတော့မည် မဟုတ်ပါလား။

ထို့ကြောင့် သူနှင့် နယ်မြေဟောခန်းကြားတွင် ရှိနေသော ပဋိပက္ခ သည် ပိုမိုကာ နက်ရှိုင်းလာခဲ့တော့၏။ သူ၏ အားအင်အဆင့်သည် အကန့်အသတ်တစ်ခုသာ တည်ရှိနေသည် မဟုတ်ပါက အချိန်မရွေး ထိုနေရာဆီသို့ သွားရောက်ကာဖြင့် အဆုံးစွန်အထိ ချေမှုန်းပစ်မှာ သေချာ၏။

အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်ဆိုလျှင်တောင်မှ သူ၏နှလုံးသားထဲရှိ တပည့်များ၏ အရေးပါမှု သည် အကြီးမားဆုံးသော အခန်းကဏ္ဍ၌ တည်ရှိလျက် ရှိနေသေး၏။ တစ်စုံတစ်ယောက်သည် သူ၏တပည့်များ အား လာရောက်ကာ ထိခိုက်ရဲသည်ဆိုလျှင် တစ်လောကလုံးကို ဖျက်ဆီးပစ်ရန်ပင် သူစဉ်းစားထားမိ၏။ ဤအရာသည် ပုံမှန်သာဖြစ်သည်။

All Chapters