အခန်း (၁၄၇၄)
Vol. 99 Ch. 1474
သံမဏိသစ်ပင် မွန်းစတားဘုရင် ပေါ်ပေါက်လာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုလိုက်၏။ တားမြစ်တည်နေရာ တစ်ခုချင်းစီတိုင်းကို သေသေချာချာ လေ့လာ အကဲခတ်ခဲ့သည်။ နောက်ဆုံးမှာတော့ သူ့အား လှည့်စားရန် ကြိုးစားခဲ့သည် ကျင်းဟောင်အား လွယ်လွယ်ကူကူဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။
“ချီးတဲ့မှ ဒီကောင်ပဲကိုး”
ပထမတုန်းက ကျွင်းချောင်ရှောင်းသည် ဤအရာကို ပြုလုပ်သည့်သူမှာ ဧကရီလင်းရောင် ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။ ထို့အပြင် သူမသည် သံသယရှိစရာ အကောင်းဆုံး လူတစ်ယောက် ဖြစ်နေ၏။
ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည့် ရွှေရောင်ဆံပင်နှင့် ကျင်းဟောင်ဖြစ်လိမ့်မည်ဟု သူမစဉ်းစားခဲ့ချေ။ ဤအရာမှာလည်း အမှန်ပင် ဖြစ်တော့၏။ ရွှေရောင်ဆံပင်နှင့်လူ၏ ရင်ဘတ်သည် ထွင်းဖောက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် လက်စားပြန်ချေနိုင်မည့် အခွင့်အရေးကို ရှာဖွေမှာ သေချာ၏။ သို့ပေမဲ့ မထင်မှတ်ထားသည်မှာ နယ်မြေဟောခန်းမှ လူများသည် ဤမျှ ဆိုးယုတ်နေခြင်းပင်။
ရုတ်တရက် လက်ပူးလက်ကြပ် မိလိုက်သော ကျင်းဟောင်သည် စိုးရိမ်ကြောက်ရွံ့မှုများ မဖြစ်သွားခဲ့ချေ။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် ရှာတွေ့သွားသည် ဆိုလျှင်တောင်မှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
ကျင်းဟောင်သည် သူ၏ စစ်ရထားဆီမှ ခုန်ဆင်းလိုက်၏။ သူ၏ ရွှေရောင်ချပ်ဝတ်သည် အလင်းတန်းများနှင့် တောက်ပသွားခဲ့၏။ အရင်တစ်ကြိမ်ကထက်ပင် ပိုမိုအားကောင်းလှသည့် အရှိန်အဟုန်မျိုးကို ထုတ်ဖော်လျက် ရှိနေသည်။
ကျွင်းချောင်ရှောင်း၊ကုကျောင်းရှစ်တို့နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် နည်းနည်းလေးမှ အားမနည်းလှချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အဆင့်ကိုး အမြူတေပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနေသည့် လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ထို့အပြင် ရှေ့တွင် ရှိနေသည့်လူများမှာ အဆင့်ရှစ် အသွင်ပြောင်းလဲခြင်း အဆင့်နှင့် အဆင့်ခြောက် အသွင်ပြောင်းလဲခြင်းအဆင့်သာ ရှိသော လူနှစ်ယောက်သာ ဖြစ်၏။
တခြားသူများသာဆိုလျှင် ထိုကဲ့သို့ ရင်ဆိုင်ရမည်ဆိုပါက ကျိန်းသေပေါက် ထွက်ပြေးပေလိမ့်မည်။ ထို့အပြင် ရှစ်နှင့်ခြောက်ကို ပေါင်း၍ ဆယ့်လေး ဖြစ်နိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့မှာတော့ လုံးဝ ထွက်မပြေးခဲ့ချေ။ ထိုအစား ရဲရဲ ရင်ဆိုင် တိုက်ခိုက်ရန်သာ စဉ်းစားလိုက်ကြ၏။ သူတို့၏ ရည်မှန်းချက်သည် တစ်ခုတည်းသာ ရှိ၏။ ဤရွှေရောင်ဆံပင်နှင့်လူအား သေဆုံံးသည်အထိ ရိုက်နှက်ရန်သာ ဖြစ်သည်။
ဟူး
ကျွင်းချောင်ရှောင်းသည် သူ၏ ကျောက်ရုပ်တု သွေးမျိုးဆက်ကို အသက်သွင်းလိုက်၏။ ပြီးသည့်နောက် သူ၏ အသားအရေ တစ်ခုလုံးသည် ကျောက်တုံးများကဲ့သို့ ပြောင်းလဲသွားသည်။ တစ်ဖက်လူ၏ အားအင်အဆင့်ကို ကုကျောင်းရှစ်သည် ကောင်းကောင်းသိ၏။ ထို့ကြောင့် သူ၏ အားအင်အဆင့်ကို မည်သို့မှ မဖုံးကွယ်တော့ချေ။ ဤသေဖော်ရှင်ဖက် ညီအစ်ကို နှစ်ယောက်တို့သည် ရန်သူကို အတူတကွ ရင်ဆိုင်ကြပြီဖြစ်၏။
တိုက်ပွဲသည် မစသေးဘူးဆိုသော်လည်း လေထုထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားခဲ့၏။ ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မှာ သေချာသည်။
.............
ဘုန်း ဘုန်း
သံမဏိသစ်ပင်တော၏ အတွင်းပိုင်းမှာတော့ ရှောင်ကျီသည် သူ၏ လက်နက်ကြီးနှင့် ထုတ်ကာပစ်ခတ်လျက် ရှိနေသည်။ စက်သေနတ်ကြီးသည် အရှိန်အဟုန် ကောင်းစွာဖြင့် ပစ်ခတ်နေပြီး ရီရှင်းချန်သည် အကောင်းဆုံး ပူးပေါင်းကာဖြင့် သူ၏လက်ထဲတွင် ရှိနေသော ပုဆိန်ဖြင့် တစ်ဖက် မွန်းစတားဘုရင်ကြီးကို ဝင်ရောက်ကာ တိုက်ခိုက်ခဲ့၏။ ၎င်းတို့ ငါးယောက်သည် အသင်းအဖွဲ့ဖွဲ့ကာ တိုက်ခိုက်ကြ၏။ သူတို့၏ အသင်းအဖွဲ့နှင့် တိုက်ခိုက်မှုပုံစံသည် အလွန်ပင် အားကောင်းလွန်းလှ၏။
ဝေါင်း
သံမဏိသစ်ပင် မွန်းစတားဘုရင်ကြီးသည် တိုက်ခုက်ချက်များကို ခံယူရပြီးသည့်နောက်မှာတော့ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ မွန်းစတားအော်ရာများသည် ထွက်ပေါ်လာခဲ့ပြီး မြေတွင် ရှိနေသည့် သံမဏိသစ်ပင်ကြီးတစ်ပင်က အမြစ်ကကိုင်ကာ ဆွဲနှုတ်လိုက်၏။ ပြီးနောက် ထိုအရာကြီးကို လက်နက်အဖြစ် အသုံးပြုကာ လီချင်းယန်တို့အား ဝင်ရောက်ကာ တိုက်ခိုက်တော့သည်။
ဆွစ် ဆွစ် ဆွစ်
“ကာကွယ်ထား”
ထက်ရှလှသည့် သစ်ပင်ကြီး၏ ရိုက်နှက်မှုကြောင့် ရှောင်ကျီသည် တိုက်ခိုက်မှုအဖြစ်မှ ခုခံသူအဖြစ်သို့ ပြောင်းလဲသွား၏။ အားလုံး၏ အရှေ့ တည်နေရာရှေ့တွင် များပြားလှသော ဒိုင်းပုံသဏ္ဍာန်အရာများ ဖြစ်ပေါ်လာ၏။
ဒင် ဒင် ဒင် ဒင်
သံမဏိသစ်ပင်သည် အားကောင်းလှသည်ဆိုသော်လည်း ရှောင်ကျီ၏ သံမဏိဒိုင်းကြီးနှင့် ထိမိသည့်အချိန်မှာတော့ အနောက်ဘက်သို့ ပြန်လည်ကာလွင့်စင်သွားခဲ့သည်။
“သေစမ်း”
ပစ်မှတ်ကို တိုက်ခိုက်နေသည့်အချိန်အတွင်းမှာပဲ ရီရှင်းချန်သည် အခွင့်အရေးကို အရယူကာဖြင့် လေထဲသို့ ခုန်တက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ကြမ်းကြမ်းတမ်းတမ်းနှင့် တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့၏။
ဘုန်း ဘုန်း ဘုန်း
အနားပတ်ဝန်းကျင်တွင် ရှိနေသော သံမဏိသစ်ပင်များသည် နှစ်ပိုင်းအဖြစ်သို့ ပိုင်းပြတ်ကုန်၏။ သံမဏိသစ်ပင် မွန်းစတားဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင်တော့ ခြစ်ရာများ ဖြစ်တည်လာခဲ့တော့သည်။ ထိုအရာများသည် ကြီးမားလှသည့် ဓားရာကြီးများ ဖြစ်၏။ ၎င်း၏ အကာအကွယ်သည် ရှောင်ကျီ၏ အကာအကွယ်ထက် မည်သို့မှ အားမနည်းလှချေ။ အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် ဤသားရဲကြီးသည် နတ်ဆိုးမြူမွန်းစတားဘုရင်ထက် မည်သို့မှ အားမနည်းလှချေ။ အထူးသဖြင့် သူ၏ အကာအကွယ်သည် အလွန်တရာ မာကျောလွန်းလှ၏။
သို့ပေမဲ့ ဤတတိယအဆင့် တားမြစ်တည်နေရာထဲတွင် နတ်ဆိုးမြူဟူ၍ မရှိချေ။ ထို့ကြောင့် သူတို့၏ အားအင်အဆင့်များကို သက်ရောက်မှု မရှိပေ။ ထို့ကြောင့် အန္တရာယ်နှင့် ကြုံဆုံရမည်ဆိုလျှင်တောင်မှ နတ်ဆိုး မြူတောကဲ့သို့ မဟုတ်သောကြောင့် အန္တရာယ်ကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်စွမ်း ရှိနေကြ၏။ လီချင်းယန်နှင့် တခြားသော သူများသည် အချိန်ကာလတစ်ခုအထိ ဘာမှ မလုပ်နိုင်ဘူး ဆိုသော်လည်း အချိန်အတော်ကြာ တိုက်ခိုက်ပြီးလျှင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။
တခြားတစ်ဖက်တွင် ရှိသော ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့မှာတော့ ကျင်းဟောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ ၎င်းတို့သုံးယောက်သည် အဆင့်မြင့် အမြူတေပြောင်းလဲခြင်း ကျင့်ကြံသူများ ဖြစ်သော ကြောင့် ၎င်းတို့၏ တိုက်ခိုက်မှု ပုံစံများသည်ကလည်း အလွန်ကြမ်းရမ်းလွန်းလှ၏။ တိုက်ခိုက်ချက် တစ်ခု ပြုလုပ် သည့်အချိန်တိုင်းတွင် အလွန်တရာ ကြမ်းရမ်းလှသည့် စွမ်းအင်များက ထွက်ပေါ်လျက်ရှိ၏။
“ကောင်းကင်လက်ဝါးရိုက်ချက်”
ဟူး ဟူး
လက်ဝါးရိုက်ချက်များသည် ကောင်းကင်ယံထက်တွင် စုဝေးလာပြီးသည့်နောက် ဖောက်ထွင်း၍ မရနိုင်သည့် ပိုက်ကွန်များကဲ့သို့ပင် ကျဆင်းလာ၏။
ကုကျောင်းရှစ်သည် ယခင်တုန်းက များပြားလွန်းလှသော သိုင်း နည်းစနစ်များကို လေ့လာသင်ယူခဲ့ဖူး၏။ သူ့အား ဥပမာပြောပြရမည်ဆိုလျှင် လမ်းလျှောက်လျက် ရှိနေသည့် စွယ်စုံသိုင်းကျမ်းဟုပင် ဖော်ပြနိုင်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် အံ့အားသင့်စရာကောင်းလွန်းသော သိုင်းနည်းစနစ်များကို သင်ယူလေ့လာခဲ့ရ၏။ ထို့ကြောင့် ယခင်က သူသင်ထားခဲ့သမျှသော အရာ များအားလုံးသည် ဘာမှကောင်းမွန်သည့်အရာများ မဟုတ်ကြောင်း နက်နက်နဲနဲ နားလည်မိခဲ့သည်။
ဘုန်း ဘုန်း
အားကောင်းလွန်းလှသော လက်ဝါးရိုက်ချက်များသည် အပေါ်ဘက်ဆီမှ ကျဆင်းလာ၏။ မြေပြင်တစ်ခုလုံး သည်လည်း တုန်ခါလျက် ရှိနေတော့သည်။ ကြမ်းတမ်းလွန်းလှသော လက်ဝါးရိုက်ချက်များတွင် ပါဝင်သော စွမ်းအင်လှိုင်းများသည် တည်နေရာ အနှံ့ဆီသို့ လှိုင်းများအဖြစ် ဖြစ်တည်စေ၏။
အပြင်ဘက် တည်နေရာတွင် တည်ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် အလုံးစုံ ဆွံ့အလျက်ရှိနေ တော့သည်။ ပြိုင်စံရှားဂိုဏ်းနှင့် သံမဏိသစ်ပင်မွန်းစတားတို့၏ တိုက်ခိုက်ချက်များသည် လုံလုံလောက်လောက် ပြင်းထန်နေပြီဖြစ်၏။ သို့ပေမဲ့ အထဲတွင်ရှိသော တိုက်ပွဲသည် ပိုမိုကာ ကြမ်းတမ်းလွန်းလျက် ရှိနေသည်။
ရုတ်တရက် အတွင်းပိုင်းဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ အပြင်ဘက်တွင်ရှိသော သိုင်း ကျင့်ကြံသူများသည် စူးရှလွန်းသောကြောင့် မျက်လုံးများကိုပင် မှိတ်ထားရ၏။
ဒန်း ဒန်း ဒန်း ဒန်း ….။
ကုကျောင်းရှစ်သည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူသည် နာကျင်စွာဖြင့် ရင်ဘတ်ကို ဖိကိုင်ထား၏။ လက်ဝါးရိုက်ချက် အပြည့်အစုံကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျင်းဟောင်သည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများ တောက်ပသွားခဲ့ပြီး မျက်နှာတစ်ခုလုံးတွင်လည်း အထင်အမြင်သေးသည့် အရိပ်အယောင်များ ထင်ပေါ်လာခဲ့သည်။ “မင်း လုပ်နိုင်တာက ဒါအကုန်ပဲလား”
ဆွစ်
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်ဆီသို့ ပျံသန်းရောက်ရှိလာခဲ့ပြီး သူ၏ လက်ထဲတွင် ရှိနေသော စုတ်တံကြီးနှင့် ဝေ့ဝိုက်ကာ တိုက်ခိုက်တော့၏။ လေထုထဲတွင် အားကောင်းလွန်းလှသော လှိုင်းများ ဖြစ်တည်လာပြီး ထိုအရာများသည် လေထုထဲမှာပင် ချက်ချင်း ပေါက်ကွဲကုန်တော့၏။
ဖောင်း ဖောင်း ဖောင်း ဖောင်း
ဟူး ဟူး
ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများသည် ဆူနာမီကဲ့သို့ တည်နေရာအနှံ့တွင် ဖြစ်တည်နေပြီး အနီးအနား တွင်ရှိသော ကျောက်တုံးနှင့် သစ်ပင်များအားလုံးကို ပျက်စီးသွားစေသည်။
“အစ်ကိုကြီးရဲ့ တိုက်ကွက်က ပြင်းလိုက်တာ” ကုကျောင်းရှစ်သည် အံ့အားသင့်သွားမိ၏။
ဆွစ်
ရုတ်တရက် ကျင်းဟောင်သည် ကြမ်းတမ်းလွန်းသော လေလှိုင်းများကြားထဲမှ ထွက်ပေါ်လာပြီး ရိုးရှင်းလှသည့် ညာဖြောင့်လက်သီးနှင့် ထိုးနှက်လိုက်သည်။
ဟူး ဟူး
ရွှေရောင်စွမ်းအင်များသည် ထွက်ပေါ်လျက် ရှိနေပြီး လက်သီးအရိပ်အယောင် တစ်ခုသည် ထင်ပေါ်လာခဲ့၏။
ဘုန်း
ကုကျောင်းရှစ်သည် ထိုပြင်းထန်လွန်းသော လက်သီးချက်ကြီးအား ဘယ်ဘက်ပါးပြင်နှင့် ခံယူလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပေါ်သို့ပင် လွှင့်စင်သွားခဲ့၏။ ၎င်း၏ ပုံပန်းသွင်ပြင်သည် အလွန်တရာ ဆိုးရွားလွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် သူ့အား ရုတ်တရက် တိုက်ခိုက်ခဲ့၏။ ထိုအစား ကျင်းဟောင်သည် ကုကျောင်းရှစ်ကို ပြန်လည်ကာ တိုက်ခိုက်ခဲ့၏။ သေသပ်လှပလွန်းလှသည်။
“ချီးတဲ့မှ”
ကုကျောင်းရှစ်သည် ရုတ်တရက် လေထဲသို့ ထခုန်လိုက်၏။ ပြီးနောက် ယောင်ကိုင်းလျက်ရှိသော ပါးပြင် အား အသာအုပ်ကိုင်ထားမိ၏။ မျက်လုံးထဲတွင်တော့ ဒေါသတရားများ ပြည့်နှက်လျက် ရှိနေ၏။ သူသည် သူ၏ ညာဘက်လက်ကို အသာကိုက်လိုက်၏။ “ငါ မင်းကို သတ်မယ်”
ဘုန်း
ချက်ချင်းပဲ သူ၏ ခန္ဓာကိုယ်သည် ကြီးမားလာခဲ့တော့၏။ သာမန်အားဖြင့် အားနည်းသည့်ပုံပေါ်သော်လည်း လက်ရှိ အချိန်မှာတော့ ကြမ်းတမ်းလွန်းသည့် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားတော့သည်။
“ခန္ဓာကိုယ် ပြောင်းလဲခြင်း နည်းစနစ်လား”
ကျင်းဟောင်သည် ရုတ်တရက် အံ့အားသင့်သွား၏။ ပြီးနောက် နှာခေါင်းရှုံကာ ပြောလိုက်၏။ “ဒါဆိုရင် မင်းက နယ်မြေဟောခန်းကို ကလန်ကဆန်ပြုလုပ်နေတဲ့ သစ္စာဖောက်ကောင် ကုကျောင်းရှစ်ပေါ့”
ဤသိုင်းနည်းစနစ်သည် ကုကျောင်းရှစ်၏ အမှတ်သင်္ကေတဟုပင် ပြောဆိုရမည့် သိုင်းနည်းစနစ်ပင် ဖြစ်သည်။ ထိုအရာကို အသုံးပြုလိုက်သည်နှင့် သူမည်သူဖြစ်ကြောင်းကို တစ်ဖက်လူအား ထုတ်ဖော်ပြသခြင်းပင် ဖြစ်သည်။
“ကျွတ် ကျွတ် ကျွတ်… ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်လည်း သစ္စာဖောက်တာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေ ဖြစ်နေကြတာပေါ့။ ဒါ စိတ်ဝင်စားစရာပဲ” ကျင်းဟောင်၏ အပြုံးသည် ပိုမိုကာ အားကောင်း လာတော့၏။
သူသည် အမှောင်ထဲမှနေ၍ ညစ်ပတ်သည့် ကိစ္စရပ်များ အားလုံးကို လှည့်စားကာ ပြုလုပ်ခဲ့သည့် လူတစ်ယောက် ဖြစ်သော်လည်း နယ်မြေဟောခန်းကို ကိုယ်စားပြုသည့် လူတစ်ယောက်ပင် ဖြစ်၏။ လက်ရှိ အချိန်မှာတော့ တစ်ဖက်လူသည် သစ္စာဖောက် ဖြစ်သည်ကို သိရှိပြီးသည်နှင့် တစ်ဖက်လူအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ကောင်းမွန်သည့် အကြောင်းပြချက်ကို ရရှိသွားပြီ ဖြစ်သည်။
“နယ်မြေဟောခန်းရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် သစ္စာဖောက်နဲ့ ပေါင်းသင်းဆက်ဆံတဲ့ လူတွေ အကုန်လုံး ကလည်း လောကကြီးရဲ့ သစ္စာဖောက်ပဲ။ ကျွင်းချောင်ရှောင်း… မင်းက ကုကျောင်းရှစ်ကို ညီလေးလို့ ခေါ်နေတယ် ဆိုမှတော့ နယ်မြေဟောခန်းမှာရှိတဲ့ ငါ့ရဲ့အခွင့်အာဏာကို အသုံးပြုပြီးတော့ မင်းကို တစ်ခါတည်း ရှင်းလင်း သုတ်သင်ပစ်မယ်”
ဟူး ဟူး
ကျင်းဟောင်၏ ကျင့်ကြံခြင်းသည် ထပ်မံကာ ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများထဲတွင် ရှိနေသော သတ်ဖြတ် လိုခြင်းဆန္ဒများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။ အစောပိုင်းတုန်းက သူသည် ဆော့ကစားရုံသာ တိုက်ခိုက်နေခြင်းဖြစ်၏။ လက်ရှိ ကုကျောင်းရှစ် ပါဝင်ပတ်သတ်နေသည်ဖြစ်သောကြောင့် တကယ့်ကို လေးနက် သည့်ပုံပန်းသွင်ပြင်မျိုးဖြင့် တိုက်ခိုက်တော့မှာ ဖြစ်၏။
“ကျုပ်ကိုသတ်မယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်မိသည်။ “ဒီလောကကြီးမှာ အဲလို လုပ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး”
ဖြောက် ဖြောက် ဖြောက်
ခန္ဓာကိုယ်ထဲတွင် ရှိနေသော ကျောက်ရုပ်ထု သွေးမျိုးဆက်သည် ရူးရူးမူးမူးဖြင့် အသက်ဝင်လာခဲ့၏။ မူလအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်အရောင်ကဲ့သို့ ဖြစ်တည်နေရာမှ လက်ရှိအခြေအနေတွင် ကျောက်ရုပ်ထု မျိုးနွယ်၏ ပုံပန်းသွင်ပြင်မျိုးအဖြစ် အလုံးစုံ ပြောင်းလဲသွားခဲ့၏။
ကျင်းဟောင်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဒီကောင်က ကျောက်ရုပ်တုမျိုးနွယ်ရဲ့ သွေးမျိုးဆက် ရှိတာကိုး”
ဘုန်း
သူပြော၍ မပြီးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့သို့ ရောက်ရှိလာ၏။ ပြီးသည့်နောက် ကျောက်ကဲ့သို့ ဖြစ်တည်နေသည့် သူ၏ညာဘက်လက်သီးနှင့် ထိုးနှက်လိုက်၏။
ဘုတ် ဘုတ် ဘုတ်
စွမ်းအားမြင့် အားလှိုင်းများသည် ကျင်းဟောင်အား အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေ၏။ သူသည် လက်ကိုမြှောက်ကာဖြင့် တားဆီးလိုက်ရ၏။ တားဆီးလိုက်သော လက်သည်ပင်လျှင် အနည်းငယ် နာကျင် သွားရတော့၏။
မူလနေရာတွင် ရပ်နေသော ကျွင်းချောင်ရှောင်းသည် အလွန် ရက်စက်ပြီး သွေးဆာလာလောင်သည့် အကြည့်များ မျက်လုံးထဲတွင် ဖြစ်တည်လာခဲ့၏။ မူလအားဖြင့် အဆင့်ခြောက် အမြူတေ ပြောင်းလဲခြင်းအဆင့်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် သွေးမျိုးဆက်ကို အသက်သွင်းပြီးသည့်နောက် ခံစားချက် ကင်းမဲ့သည့်လူတစ်ယောက် ဖြစ်လာသည်သာမက ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ခန္ဓာကိုယ် ပိုမိုကြီးမားလာသော ကုကျောင်းရှစ်သည် လှမ်းလျှောက်လာခဲ့၏။ တစ်ယောက်သည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ယောက်ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ နတ်ဆိုးအဖြစ် ပြောင်းလဲနေပြီဖြစ်၏။ သူတို့နှစ်ယောက်သည် ကျင်းဟောင်အား အလယ်မှာထားကာ တိုက်ခိုက်ကြ၏။
ဟူး ဟူး
သံမဏိသစ်ပင်တောထဲတွင် ကြမ်းတမ်းပြီး အေးစက်လွန်းသော လေများတိုက်ခတ်လျက် ရှိ၏။ ထိုအရာသည် ဝိညာဉ်များ အော်ဟစ်သံကဲ့သို့ပင် ဆင်တူလျက် ရှိနေတော့သည်။