← Chapters

အခန်း (၁၄၇၆)

Vol. 99 Ch. 1476

အခန်း (၁၄၇၆)

Vol. 99 Ch. 1476

ပြိုင်စံရှားဂိုဏ်းအား များပြားလွန်းလှသော မွန်းစတားသားရဲများ လာရောက်ဝိုင်းသည့်အချိန်ကို ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ကြီးမြတ်သူတုံးကုသည် အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ဆွေးနွေးညှိနှိုင်းမှုကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် တပည့်များသည် မွန်းစတားမျိုးနွယ်များဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပါသွားခဲ့သည်။

“ချင်းယန်”

တောင်၏ဂိတ်တံခါးမှာတော့ ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော မိုးကြိုးတုတ်ကြီးကို ထုတ်ယူကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒါက ငါ့ရဲ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရတနာတစ်ခုပဲလေ။ ဒီနေ့ ငါမင်းကို ပေးလိုက်မယ်”

လီချင်းယန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ “တပည့်က ဒီလိုမျိုး တန်ဖိုးကြီးတဲ့အရာမျိုးကို လက်မခံရဲပါဘူး”

“ယူလိုက်”

“ကောင်းပါပြီ” လီချင်းယန်သည် မိုးကြိုးတုတ်ကြီးကို ယူဆောင်လိုက်၏။ ဤပစ္စည်းသည် ကျွင်းချောင်ရှောင်းနှင့် အလိုအလျောက် ပေါင်းစပ်ပြီးဖြစ်သည့် လက်နက်တစ်ခု ဖြစ်သည်ဆိုသော်လည်း တပည့်များအနေနှင့် ကိုင်ဆောင်၍တော့ ရနိုင်သေးသည်။

“ဒီတပည့်က နှစ်နှစ်အတွင်း ဇွဲရှိရှိနဲ့ လေ့ကျင့်ခဲ့ပါမယ်။ ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး” လီချင်းယန်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ပခုံးကို အသာပုတ်ကာဖြင့် ပြောလိုက်သည်။ “သွားတော့”

ထို့ကြောင့်ပဲ လီချင်းယန်သည် သူ၏ဘိုးဘေးများအား ကိုယ်စားပြုသည့် လက်နက်ကြီးကို ကိုင်ဆောင်ကာဖြင့် မိုးကြိုးကြံ့မျိုးနွယ်ဆီသို့ ရောက်ရှိခဲ့၏။ နှစ်နှစ်အတွင်း သူသည် သူ့ကိုယ်သူ တွန်းအားပေးကာဖြင့် ပြင်းပြင်း ထန်ထန်ဖြင့် ကြိုးစားခဲ့ရ၏။ ထိုအတောအတွင်း မိုးကြိုးတုတ်ကြီးသည်လည်း မိုးကြိုးကြံ့မျိုးနွယ်အတွင်းရှိ မိုးကြိုးများကို စုပ်ယူရင်း ပိုမိုကာ အားပြည့်လာခဲ့၏။

“ဂိုဏ်းချုပ်... ဒီတပည့်က ဂိုဏ်းချုပ်ပေးခဲ့တဲ့ တာဝန်ကို ကျိန်းသေပေါက် ပြည့်စုံစေခဲ့ပါတယ်”

“ငါတန်ဖိုးအထားရဆုံးတပည့် ပီသတာပဲ။ လာခဲ့၊ လာခဲ့။ ငါ့ရဲ့ ရတနာတုတ်ကြီးကို ပေးအုံး”

“ကောင်းပါပြီ”

လီချင်းယန်သည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသည့် မိုးကြိုးတုတ်ကြီးကို ပြန်လည်ကာ ပေးလိုက်၏။ ထိုအရာကို ရယူခဲ့စဉ်က မှေးမှိန်လျက် ရှိနေသော်လည်း ပြန်လည်ပေးအပ်သည့်အချိန်မှာတော့ ထိုအရာသည် မိုးကြိုးဓာတ်သဘာဝများနှင့် ပြည့်နှက်လျက် ရှိနေ၏။ နှစ်နှစ်အတွင်း များပြားလွန်းလှသော မိုးကြိုးစွမ်းအင်များ အားလုံးကို စုပ်ယူခဲ့သောကြောင့်ပင်။

ဤနေရာတွင် မေးခွန်းတစ်ခု ရှိလာ၏။ ကျွင်းချောင်ရှောင်း ကိုင်ဆောင်ထားသည်မှာ ဓားမပါသော ဓားအိမ်ကြီး ဖြစ်နေသည်လား။

မဟုတ်ပေ။ အစစ်အမှန်တရားမှာတော့ သံမဏိသစ်ပင်တောတစ်ခုလုံးကိုပင် နှစ်ပိုင်းကွဲသွား စေနိုင်လောက်သည့် စွမ်းအင်များနှင့် လက်နက်ကြီးပင်ဖြစ်သည်။ ထိုအရာသည် အလွန်ပင် အားကောင်းလွန်း လှချေသည်။

“ချီးတဲ့မှ”

မြင်ကွင်းကို မျက်မြင်တွေ့ရှိပြီးသည့်နောက် ကုကျောင်းရှစ်၏ မျက်နှာတစ်ခုလုံးသည် ဖြူဖျော့သွားခဲ့ တော့၏။ သူ၏ ခြေထောက်များပင်လျှင် ပျော့ခွေသွားခဲ့တော့၏။ မြင်ကွင်းကို သေသေချာချာ သူမမြင်ခဲ့ရပေ။ သို့ပေမဲ့ အဖြူရောင်အလင်းတန်းများသည် ကောင်းကင်ယံထက်မှ ကျဆင်းလာပြီးသည့်နောက် မြေပြင်တစ်ခုလုံး သည် နှစ်ပိုင်းပင် ဖြစ်တည်နေခဲ့၏။

ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားရမည်ဆိုလျှင် ကြမ်းတမ်းသည်ဟုသာ ဖော်ညွှန်းရပေလိမ့်မည်။ အစ်ကိုကြီး သည် အဆင့်ကိုးအမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့်နေရာတွင် နည်းနည်းလေးမှ မကြောက်ရွံ့ခြင်းသည် အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူ့၌ အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်ခြင်းလက်နက်တစ်ခု ပိုင်ဆိုင်ထားလေသည်။

“အံ့အားသင့်စရာပဲ”

ကုကျောင်းရှစ်သည် ကျွင်းချောင်ရှောင်းအား အမှန်ပင် ချီးကျူးခဲ့၏။ “သူသေသွားပြီ မဟုတ်လား”

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မိုးကြိုးစွမ်းအင်များ၏ အောက်မှာတော့ တစ်ဖက်လူသည် ကျိန်းသေပေါက် တစ်ခါတည်း သေဆုံးရပေလိမ့်မည်။ သို့ပေမဲ့ ကုကျောင်းရှစ်သည် အက်ကွဲကြောင်း၏ အဆုံးဆီသို့ လှမ်းကြည့် လိုက်ပြီးသည့်နောက် ကျင်းဟောင်တစ်ယောက် ပျောက်ကွယ်သွားသည်ကိုသာ ရှာဖွေတွေ့ရှိလိုက်၏။ မြေဆီလွှာ တည်နေရာတွင် သွေးများ ကျဆင်းလျက်ရှိနေ၏။ သူသည် လှမ်းကာ အော်ဟစ်လိုက်မိ၏။ “တစ်စစီ ဖြစ်ကုန်တာများလား”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ ထွက်ပြေးသွားတာ”

“ထွက်ပြေးသွားနိုင်သေးတယ် ဟုတ်လား” ကုကျောင်းရှစ်သည် ပိုမိုကာ အံ့အားသင့်သွား၏။

ကျွင်းချောင်ရှောင်းသည် မိုးကြိုးတုတ်ကြီးအား သူ၏သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်သိမ်းဆည်းကာ ပြောလိုက်သည်။ “အချိန်အတိုင်းအတာတိုအတွင်းမှာ ထွက်ပြေးလွတ်မြောက်နိုင်တဲ့ စွမ်းရည်တစ်ခုကို ထုတ်ဖော်အသုံးပြုသွားခဲ့တာပဲ”

“ဆိုးတာပဲ။ ဆိုးတာပဲ” ကုကျောင်းရှစ်သည် ခေါင်းကို ခါယမ်းလိုက်၏။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် သွေးစီးကြောင်းများ ရှိနေသည့် ဘေးတစ်ဖက်သို့ သွားကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်၏။ “အစ်ကိုကြီး... ဒီလူက လှံကိုထားခဲ့တာကိုး”

“ဪ”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ရှေ့ကိုလာခဲ့ပြီး တောက်ပလျက် ရှိနေသည့် ရွှေရောင် လှံကြီးကို မြင်လိုက်ရတော့သည်။ သူသည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက် ထိုအရာကို ကောက်ယူလိုက်၏။ “အနည်းဆုံးတော့ ဒီအရာကို ငါရသေးတာပဲ”

အထက်နယ်မြေဆီသို့ ရောက်ရှိပြီးသည့်နောက် စနစ်ဆီမှ ပထမဆုံးတောင်းဆုအဖြစ် ရရှိခဲ့သည့် လက်နက်သည် တစ်ဖက်လူအား မသတ်ဖြတ်နိုင်ခဲ့ဘူး ဆိုလျှင်တောင်မှ တစ်ဖက်လူ တမြတ်တနိုး ကိုင်ဆောင်သော လက်နက်ကိုတော့ ရရှိခဲ့သေး၏။ ဤအရာမှာ လက်သင့်ခံနိုင်လောက်စရာပင်။ မဟုတ်ပါက ကျိန်းသေပေါက် ဆုံးရှုံးမှုပင် ဖြစ်ပေလိမ့်မည်။

ဒွီ

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် လှံကြီးနှင့်ပေါင်းစပ်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာတော့ အတွင်းမှ စွမ်းအင်လှိုင်းတစ်ခုသည် သူ့ကို ပြန်လည်ကာ တွန်းကန်ခဲ့သည်။ သူ၏လက်တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒီနတ်ဘုရားလက်နက်ရဲ့အထဲမှာ နတ်ဘုရားစိတ်ဝိညာဉ် တည်ရှိနေတယ်လေ။ သခင်နဲ့ကျေးကျွန် ပဋိညာဉ်ရေးထိုးမှုကို မပြုလုပ်ထားဘူးဆိုရင် အပြင်လူတွေအနေနဲ့ ဒီအရာကို ရမယ်ဆိုရင်တောင် အသုံးပြုဖို့ ခက်ခဲလိမ့်မယ်”

“အင်း... ဒါက နည်းနည်း အလှည့်အပြောင်းများတာပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ဝိညာဉ်သိစိတ်ကို အသာ ဖြန့်ကျက်ကာဖြင့် အထဲသို့ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ခြေချိတ်ကာ ထိုင်လျက် ရှိနေသည့် လူငယ် တစ်ယောက်ကို မြင်လိုက်ရ၏။

ထိုလူငယ်သည် လက်နက်စိတ်ဝိညာဉ်ပင် ဖြစ်တော့၏။ ထို့ကြောင့် သူက အကြံပေးလိုက်သည်။ “ဉာဏ်ကောင်းတဲ့ငှက်ဆိုတာ ဘယ်ကိုင်းမှာ နားရမလဲဆိုတာကို သေသေချာချာ သိရှိတယ်တဲ့။ ဒီတော့ အစောပိုင်းကကောင်နောက်ကို လိုက်တာနဲ့စာရင် ငါ့နောက်လိုက်တာ ပိုပြီး မကောင်းဘူးလား”

“ဟမ့်”

ဤကောင်လေးသည် မောက်မာစွာဖြင့် ပြောလိုက်၏။ “ကျုပ်က သခင့်ရဲ့လက်နက်စိတ်ဝိညာဉ်ပဲ။ သေဆုံးသွားမယ်ဆိုရင်တောင်မှ သခင့်ရဲ့ လက်နက်စိတ်ဝိညာဉ်ပဲ ဖြစ်ရမယ်။ ခင်ဗျားကို ဘယ်တော့မှ အားကိုးမှာ မဟုတ်ဘူး”

“မင်းက တကယ့်ကို ဇွဲကောင်းတာပဲ” ကျွင်းချောင်ရှောင်း အနေဖြင့် သူ့ကို ဆွဲဆောင်ရန် မကြိုးစားတော့ချေ။ ချက်ချင်းပဲ သူ၏သိစိတ်ကို ပြန်လည်ရုတ်သိမ်းကာဖြင့် ရွှေရောင်လှံကြီးအား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်လိုက်တော့သည်။

“အားရာ... ဒီလက်နက်စိတ်ဝိညာဉ်ကို မင်းအတွက် ထားလိုက်တော့မယ်”

“ကောင်းပါပြီ”

အထဲတွင် ရှိနေသော အကျဉ်းထောင်ဝန်ထမ်း သုံးယောက်တို့သည် ချက်ချင်းပဲ စိတ်အားတက်ကြွ သွားကြ၏။

“အစ်ကိုကြီး”

အပြင်ဘက်မှာတော့ ကုကျောင်းရှစ်သည် ပျော်ရွှင်သွားမိသည်။ “ဒီလူက သူ့ရဲ့စစ်ရထားလုံးကို မယူသွားခဲ့ဘူး။ အခြေအနေကို ကြည့်ရတာ ဒီစစ်ရထားလုံးက အဆင့်မြင့် ပျံသန်းနိုင်တဲ့ ရတနာတစ်ခုပဲ ဖြစ်ရမယ်”

.....

ဒွီ

သံမဏိသစ်ပင်တောတန်း၏ မိုင်တစ်ထောင်အဝေးမှာတော့ တည်နေရာတစ်ခုလုံးသည် တုန်ခါလာခဲ့ပြီး လေဝဲကြီး တစ်ခုကဲ့သို့ ဖြစ်တည်၏။ ကျင်းဟောင်သည် ဖြူလျော်သည့် မျက်နှာနှင့်အတူ ထိုလေဝဲထဲမှ ထွက်ပေါ်လာ၏။ သူ၏ညာဘက်လက်တစ်ခုလုံးသည် မရှိတော့ချေ။ သူ၏လက်တစ်ခုလုံးသည် မိုးကြိုးလက်ချက်အောက်တွင် ပျောက်ကွယ်သွားခဲ့ရ၏။ ထို့ကြောင့် လက်နက် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

“ချီးတဲ့မှ... ချီးတဲ့မှ”

မျက်လုံးထဲတွင် ဒေါသတရားများသည် အလိပ်လိုက် တက်လာခဲ့တော့သည်။ တစ်ဖက်လူသည် ဓားအိမ်သာရှိသည့်လူတစ်ယောက်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ သူမထင်မှတ်သည့် အချိန်တွင် လက်နက်ကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့၏။

“ကျွင်းချောင်ရှောင်း... ငါ မင်းကို မသတ်နိုင်ရင် ယောက်ျားတစ်ယောက် မဟုတ်ဘူးလို့ ကျိန်ဆိုပစ်မယ်”

သူသည် ကျွင်းချောင်ရှောင်းကို နှစ်ကြိမ်တိတိ ရှုံးနိမ့်ခဲ့တော့၏။ နှစ်ကြိမ်လုံးသည် မိုးကြိုးတုတ်ကြီး၏ တိုက်ခိုက်မှု ကို ခံခဲ့ရခြင်းပင်။ တစ်ကြိမ်သည် သူ၏ရင်ဘတ်ကို ထွင်းဖောက်ခဲ့ပြီး ဒုတိယတစ်ကြိမ်မှာတော့ သူ၏ ညာဘက် လက်တစ်ခုလုံး ပေါက်ကွဲပျက်စီးခဲ့ရ၏။ သူကဲ့သို့ မောက်မာလှသော လူတစ်ယောက်အတွက်တော့ လက်သင့် ခံနိုင်စရာ ကိစ္စမျိုး မဟုတ်ချေ။

“သစ္စာဖောက်ကို ညီငယ်လေးလို့ ခေါ်နေတာ တကယ့်ကိစ္စကြီးပဲ။ နယ်မြေဟောခန်းကသာ ဒီကိစ္စကို သိမယ်ဆိုရင် ကြီးမြတ်သူတုံးကုတောင် သူ့ကို ကူညီပေးဖို့ မဖြစ်နိုင်တော့ဘူး” ကျင်းဟောင်၏ နာကျင်နေသည့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။

ဤတစ်ကြိမ်မှာတော့ သူသည် ညာဘက်လက်တစ်ခုလုံး ပြတ်တောက် သွားခဲ့သည်။ သို့ပေမဲ့ အချိန်အတော်ကြာ အနားယူလိုက်မည်ဆိုလျှင် ပြန်လည်ကာ ကောင်းမွန်လာနိုင်သေး၏။

အနည်းငယ်လောက်သော လှည့်စားမှုကို ပြုလုပ်လိုက်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းအား ကောင်းကောင်းကြီး ဒုက္ခပေးနိုင်သည့်အချက်သည် သူ့၌ တည်ရှိနေပြီ မဟုတ်ပါလား။

“ဆိုးတာပဲ။ ငါ့ရဲ့ကိုယ်ပိုင်လက်နဲ့ သူ့ကို မသတ်ရတာ နာတာပဲ”

ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် နာကျင်မှုကို ဖိနှိပ်ပြီးသည့်နောက် သူသည် သိုလှောင်လက်စွပ်နှင့် ဆက်သွယ်လိုက်၏။ ပြီးသည့်နောက် စစ်ရထားကို ထုတ်ယူရန် ပြင်လိုက်၏။ သို့ပေမဲ့ သိုလှောင်လက်စွပ်ထဲတွင် စစ်ရထားလုံး မရှိတော့ချေ။ သံမဏိသစ်ပင် တောထဲတွင် ကျန်ရစ်ခဲ့၏။

ဝေါ့

သူသည် သွေးအန်ထွက်လိုက်တော့၏။ သူသည် သစ္စာဖောက်ကို မသတ်ဖြတ်နိုင်ခဲ့သလို ကျွင်းချောင်ရှောင်း ကိုလည်း မသတ်ဖြတ်နိုင်ခဲ့ချေ။ ထိုအစား သူ၏တန်ဖိုးကြီးမားလှသော ရတနာနှစ်ခုသည်သာ ကျန်ရစ်ခဲ့သည်။

“ကျွင်းချောင်ရှောင်း.... မင်းနဲ့ငါ့ကြားမှာ ရှိနေတဲ့ ရန်ငြှိုးရန်စက ဘယ်လိုမှ ပြန်ပြီးဖြေရှင်းလို့ရနိုင်မှာ မဟုတ်တော့ ဘူး” ကျင်းဟောင်သည် ပိုမိုကာ တွေးတောလေ။ ပိုမိုကာ ဒေါသထွက်လာလေဖြစ်၏။

ထိုအချိန်မှာပဲ သူ၏ အနီး၌ တိမ်များစုဝေးလာပြီး ဧကရီလင်းရောင် ထွက်လျှောက်လာသည်ကို မြင်လိုက်ရသည်။

“ကျွင်းချောင်ရှောင်းကြောင့် ဒဏ်ရာထပ်ပြီး ရပြန်ပြီလား” အမျိုးသမီး၏ အသံသည် ထုံးစံအတိုင်း အေးစက်လျက် ရှိနေ၏။ ထိုအထဲတွင် ရိသဲ့သဲ့ လေသံမျိုးလည်း ပါဝင်နေ၏။

ချီးတဲ့မှ.. နေအုံး။ ဒီမိန်းမက ကုကျောင်းရှစ်နောက်ကို လိုက်နေတာ မဟုတ်လား။ ကျွင်းချောင်ရှောင်းကြောင့် ငါ ဒဏ်ရာရရှိသွားတယ်ဆိုတာကို သိတယ်ဆိုရင် သံမဏိသစ်ပင်တောထဲမှာ သူမ ရှိရမယ်။ ဘာလို့ လာမကူတာလဲ။

“ဧကရီလင်းရောင်”

ကျင်းဟောင်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။ “နယ်မြေဟောခန်းက သစ္စာဖောက်ကို စုံစမ်းဖို့အတွက် အမိန့်ပေးခဲ့တယ်လေ။ ခင်ဗျား အဲမှာရှိနေရဲ့သားနဲ့ ဘာလို့ဝင်ပြီး မတိုက်ခိုက်တာလဲ”

“အင်း... ရှင်နဲ့ ကျွင်းချောင်ရှောင်းက ရန်ငြိုုးရန်စ ရှိတဲ့လူတွေလေ”

ဧကရီလင်းရောင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “အဲတာမျိုးကို ဝင်ပြီး မပတ်သက်ချင်ဘူး”

“ဟမ့်”

ကျင်းဟောင်က နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားက ကျွင်းချောင်ရှောင်းကို ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ အကြိမ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တယ်။ ဒါက နယ်မြေဟောခန်းကို အရူးလုပ်ချင်တာနဲ့ တူတူပဲ။ ဒါပေမဲ့ ကျုပ်ကို အရူးလုပ်လို့ ရနိုင်မယ်ထင်လား”

ရွပ်

ရုတ်တရက် ထက်ရှလှသော ဓားတစ်စင်း၏ ဖြတ်သန်းသွားသံသည် ထွက်ပေါ်လာ၏။

ကျင်းဟောင်သည် မျက်လုံးပြူးသွားမိ၏။ သူသည် ခေါင်းကိုအသာငုံ့ကြည့်လိုက်သည့်အချိန်မှတော့ သူ၏ ရင်ဘတ်တစ်ခုလုံးသည် ထူးဆန်းလှသည့်လက်နက်တစ်မျိုးကြောင့် ပွင့်ထွက်လျက်ရှိနေသည်။ သွေးများသည် ထိုနေရာဆီမှ ပန်းထွက်နေသည်။ “ခင်ဗျား…. ခင်ဗျား”

ဧကရီလင်းရောင်သည် သူ၏အနားသို့ တိုးကပ်လာ၏။ ပြီးနောက် တီးတိုးပြောလိုက်သည်။ “အသုဘခန်းဆောင်က ရှင့်ကို သူလျှိုအဖြစ် စေလွှတ်ထားတာမလား။ ဒါပေမဲ့ ကျွန်မ မျက်စိရှေ့မှာတော့ ဘာမှမဟုတ်ဘူး”

ကျင်းဟောင်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့၏။ ဤအမျိုးသမီးသည် အမှန်ပဲ သူမည်သူ ဖြစ်သည်ကို သိရှိလို့နေခဲ့၏။

“အကြီးအကဲကျင်းဟောင် ကိုင်ဆောင်ထားခဲ့တဲ့ လက်နက်နဲ့ စစ်ရထားလုံးတွေကို ယူသွားတယ်ဆိုတာက သူတို့အနေနဲ့ နယ်မြေဟောခန်းကို ကောင်းကောင်းရန်ပြုတဲ့ကိစ္စလို့ သုံးသပ်လို့ ရနေပါပြီ”

ဧကရီလင်းရောင်ဆီမှ စကားလုံးများကို ကြားလိုက်ရသည့်အချိန်မှာတော့ ကျင်းဟောင်၏ အမြင်အာရုံများ အားလုံးသည် ဝေဝါးလျက် ရှိနေတော့၏။ ပြီးနောက် ထူးဆန်းသည့်ဓာတ်သဘာဝတစ်မျိုးသည် သူ၏ခန္ဓာကိုယ်ထဲ၌ ဖြစ်ပေါ်နေပြီး သူ၏ အတွင်းကလီစာအကုန်လုံးကို ဖျက်ဆီးသွားသည်။

“ခင်ဗျား... ခင်ဗျားက မိစ္ဆာ”

ပြောလျက်ရှိနေတုန်းမှာပဲ သူ၏သိစိတ်သည် ပျောက်ကွယ်သွားခဲ့၏။ လက်ရှိ အခြေအနေမှာတော့ ကျင်းဟောင်သည် ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် မသေဆုံးခဲ့ပေ။ သို့ပေမဲ့ ဧကရီလင်းရောင်၏ လက်ထဲတွင် သေဆုံးသွားခဲ့ရ၏။

All Chapters