အခန်း (၁၄၇၈)
Vol. 100 Ch. 1478
ဝိညာဉ်တောင်ကြား …..။
ဤနေရာသည် အထက်နယ်မြေ၏ ဒုတိယအဆင့် တားမြစ်တည်နေရာဖြစ်၏။ အထဲသို့ ဝင်ရောက်သွားသော သိုင်းကျင့်ကြံသူများသည် အမြူတေအသွင်ပြောင်းခြင်းအဆင့် ဆဌမအဆင့်တွင် တည်ရှိနေ၏။ ၎င်းတို့အနေဖြင့် အဆင့်မြှင့်ကျင့်ကြံသူများ ဖြစ်ရန် လိုအပ်သည်။ မဟုတ်ပါက ကိုယ့်ကိုကိုယ် သေတွင်းထဲသို့ တွန်းပို့လိုက်သည်နှင့်ပင် ဆင်တူပေလိမ့်မည်။
ဒုတိယတန်းစား တားမြစ်တည်နေရာဆိုသည်မှာ အလွန်အန္တရာယ်များလှသည့် တားမြစ်တည်နေရာ တစ်ခုဖြစ်ပြီး အဆင့်ကိုး အသွင်ပြောင်းခြင်းသို့ မရောက်ရှိပါက ထိုထဲသို့ဝင်ရောက်ရန် မဖြစ်နိုင်ချေ။ ဝင်ရောက်သွားပါက သေဆုံးမှာ သေချာ၏။
"အစ်ကိုကြီး"
ကုကျောင်းရှစ်က ပြောလိုက်သည်။ "ဒီတောင်ကြားထဲမှာ ရတနာတွေက အများကြီး ရှိတယ်ဆိုပေမဲ့ အန္တရာယ်ကလည်း အရမ်းများတယ်။ သွားလို့မဖြစ်ဘူးနဲ့ တူတယ်"
သူတစ်ယောက်တည်းသာ ဆိုပါက စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဒုတိယအဆင့် တားမြစ်တည်နေရာသို့ အဆင့်နိမ့် သိုင်းကျင့်ကြံသူများ စိတ်လိုလက်ရ ဝင်ရောက်၍မရကြောင်းကို နားလည်သင့်ပေသည်။
"သူတို့ဝင်မှာ မဟုတ်ပါဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ငါတို့ပဲ ဝင်ကြမယ်လေ"
တတိယအမျိုးအစား တားမြစ်တည်နေရာထဲမှ အရင်းအမြစ်တော်တော်များများ ရရှိခဲ့ပြီးနောက် သူသည် ဒုတိယအဆင့် တားမြစ်တည်နေရာအတွင်းသို့ ဝင်ရောက်ရန် စိတ်အားထက်သန်လျက် ရှိ၏။ ထိုတည်နေရာဆီမှ များပြားလှသော အရင်းအြမစ်များကို ရယူရန်လည်း မျှော်လင့်နေမိသည်။
တားမြစ်တည်နေရာများကို တစ်ခုပြီးတစ်ခု ဝင်ရောက်ပြီးနောက် သုံးခုတိတိကို ဖျက်စီးခဲ့ခြင်းသည် နည်းလမ်းမကျဘူး ဆိုသော်လည်း ကုန်းရှန့်အနေဖြင့် အချိန်တိုအတွင်း ဂိုဏ်းကို ဖြစ်နိုင်သမျှ ပိုမိုအားကောင်းအောင် အရင်းအမြစ်များကို ပိုမိုရယူရန် မျှော်လင့်နေမိ၏။
ထို့ကြောင့် သူသည် ဒုတိယအဆင့် ဝိညာဉ်တောင်ကြားအတွင်းသို့ မဖြစ်မနေ သွားရောက်ခဲ့ရခြင်းပင် ဖြစ်၏။ သူ၏ အားအင်အဆင့်ကြောင့်သာ မဟုတ်ပါက သူသည် ပထမအဆင့် တားမြစ်တည်နေရာသို့ သွားရောက်ရန် ပင် ကြောက်ရွံလိမ့်မည် မဟုတ်ချေ။
စနစ်က ပြောလိုက်၏။ "အခုသတ်မှတ်ထားတဲ့ အားအင်အဆင့်အရဆိုရင် ပထမအဆင့် တားမြစ်တည်နေရာထဲကို ဝင်ရောက်ဖို့ဆိုတာက အစစ်အမှန်ရှာဖွေခြင်းအဆင့် အားအင်ကို ပိုင်ဆိုင်ဖို့ လိုနေသေးတယ်လေ။ ဒီတော့ လက်ခံသူအနေနဲ့ လက်ရှိပစ္စပ္ပုန်ကိုပဲ အာရုံစိုက်ပြီးတော့ အိမ်မက်မက်တဲ့ ကိစ္စတွေကို ရပ်လိုက်ပါတော့"
"အစစ်အမှန်ရှာဖွေခြင်း အဆင့်ပဲလား"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါက အထူးတာဝန်နှစ်ခုကို လုပ်ပြီးတော့ အဆင့်ချိုးဖျက်ပစ်လို့ ရတယ်လေ"
"အထူးတာဝန်က အဆင့်ကြီးသုံးခုကို အမြဲချိုးဖျက်ပစ်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား" စနစ်သည် ဆွံ့အလျက်ရှိ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တာဝန် ပြည့်စုံနိုင်မှုနှုန်းထားက ပိုပြီးများလာမယ်ဆိုရင် အဆင့်ချိုးဖျက်နိုင်ဖို့ ပိုပြီးလွယ်ကူလာမှာပဲလေ"
ယခင်တုန်းက အထူးတာဝန်ကို ပြုလုပ်သည့်အချိန်တွင် အဆင့်ကြီးသုံးဆင့်ကို တစ်ခါတည်း ကျော်ဖြတ်နိုင်ခဲ့ဖူး၏။ ထိုအရာသည် ပြည့်စုံနိုင်မှုနှုန်းထား ငါးရာကျော်နှင့် ပတ်သက်နေပေလိမ့်မည်။ ထို့ကြောင့် ရရှိလာသည့် အထူးတာဝန်များကို ပြည့်စုံနိုင်မှုနှုန်း ရာခိုင်နှုန်းများများဖြင့် အောင်မြင်အောင် ပြုလုပ်နိုင်ပါက အဆင့်တက်ရန်မှာ အခက်အခဲ မဟုတ်တော့ချေ။
သို့ပေမဲ့ ပြဿနာတစ်ခု တည်ရှိနေသေး၏။ ပြည့်စုံနိုင်မှုနှုန်းထား မြင့်မားရန်မှာ တာဝန်၏ အမျိုးအစားပေါ်လည်း မူတည်နေသေး၏။ ထို့ကြောင့် လွယ်ကူသည့် တာဝန်များ ပေါ်လာစေရန်အတွက် ဆုတောင်းရပေဦးမည်။
ဝူး ဝူး
သုံဖက်သုံးရံလုံး တောင်များဖြင့် ဝန်းရံလျက် ရှိနေပြီး ဝင်လာသည့် လမ်းကသာလျှင် အပွင့်ကြီးဖြစ်နေ၏။ အထဲတွင် တိုက်ခိုက်နေသည့် လေများသည် ဝိညာဉ်များ၏ အော်ငြီးသံနှင့်ပင် ဆင်တူလှ၏။ အမှန်ပင် ဖြစ်၏။ ဤနေရာသည် ဒုတိယအဆင့် တားမြစ်တည်နေရာ ဖြစ်သောကြောင့် အဆင့်နိမ့် သိုင်းကျင့်ကြံသူများအား အမှန်ပင် ထိတ်လန့်ကြောက်ရွံ့စေ၏။
အန္တရာယ်ပေးနိုင်မှုသည် တစ်ဆင့်ပိုမိုကာ မြှင့်မားသောကြောင့် အထဲသို့ ဝင်လိုက်သည့်နှင့် ခြောက်ခြားသည့် ခံစားချက်များကို ရရှိစေ၏။ တစ်ကိုယ်တော်ကျင့်ကြံသူများ အထဲသို့ဝင်ရောက်နိုင်ခြင်းမှာ ရှားရှားပါးပါးပင် ဖြစ်သည်။
"အစ်ကိုကြီး"
မကြာခင်မှာပဲ ကုကျောင်းရှစ်သည် မြင်ကွင်းရှေ့တွင် ပေါ်ပေါက်လာ၏။ သူသည် တောင်ကြားရှေ့တည့်တည့်တွင် မတ်တပ်ရပ်ပြီး ပြောလိုက်၏။ "ကျုပ်တို့ရောက်ပြီ"
"ဒါက နည်းနည်းထူးဆန်းတယ်လို့ ခံစားရတယ်"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သတိအပြည့်ဖြင့် ဖြစ်သွား၏။ အဘယ့်ကြောင့်ဆိုသော် အထဲမှ တိုက်ခိုက်လာသော လေများသည် မိစ္ဆာဓာတ်များ ပါဝင်နေသောကြောင့်ပင်။
လီချင်းယန်၊ရှောင်ကျီနှင့် အခြားသောသူများသည်လည်း မနေနိုင်ဘဲ မျက်မှောင်ကုတ်လိုက်မိ၏။ သူတို့၏ မသိစိတ်အရ ပြောဆိုနေသည်မှာ အထဲသို့ ဝင်ရောက်သွားသည်နှင့် အသက်ရှင်လျက် ပြန်လည်ထွက်ခွာလာနိုင်ရန်မှာ အလွန်တရာ ခက်ခဲလှသည် ဆိုခြင်းပင်။
"အပြင်မှာ စောင့်နေအုံး"
ကျွင်းချောင်ရှောင်းသည် ကုကျောင်းရှစ်ကို ကြည့်ကာပြောလိုက်၏။ "လာ အထဲဝင်ကြရအောင်"
သေဖော်ရှင်ဖက် ညီအစ်ကိုနှစ်ယောက်တို့သည် လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများ၏ အကြည့်အောက်မှာပဲ တောင်ကြားထဲသို့ လမ်းလျှောက်ဝင်သွားတော့သည်။
"သူတို့ဝင်သွားပြီ။ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဝင်သွားပြီပဲ"
တောင်ကြား၏ ခပ်ဝေးဝေး တစ်နေရာမှာတော့ လွတ်လပ်သော ကျင့်ကြံသူများသည် လာရောက်ကြပြီး ကျွင်းချောင်ရှောင်း အထဲသု့ိဝင်မဝင်ကို အသေးစိတ် လာရောက်ကြည့်ရှုကြ၏။ သူတို့၏မျက်လုံးထဲတွင်တော့ ချီးကျူးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။
တစ်ဖက်လူသည် လူရှိန်အောင် ပြောဆိုခဲ့ခြင်း မဟုတ်ဘဲ ဝိညာဉ်တောင်ကြားထဲသို့ အမှန်ပင် ဝင်ရောက်သွားခဲ့သည်။
"သူရဲကောင်းဆိုတာ ငယ်ငယ်ကတည်းက ဒီလိုမွေးဖွားလာခဲ့တာလေ။ အသစ်မွေးဖွားလာသော ဝံပုလွေက ကျားကို မကြောက်ကြဘူးတဲ့။ ဒါငါတို့ရဲ့ စံပြပုဂ္ဂိုလ်ပဲ"
ဝူး ဝူး …..။
ဝိညာဉ်တောင်ကြားမှာတော့ လေများတိုက်ခတ်လျက် ရှိနေ၏။ အသံကို နားထောင်လိုက်သည်နှင့် တစ်စုံတစ်ယောက်သည် ခြောက်ခြားလွန်းသောကြောင့် ဆံပင်များပင် ထောင်ထသွားစေ၏။
ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့သည် အားကောင်းလှသလို သတ္တိလည်း ရှိလှ၏။ သူတို့သည် အေးအေးဆေးဆေးပဲ လမ်းလျှောက်ကာ ဝင်ရောက်သွားကြသည်။
တောင်ကြားထဲတွင် ရှိနေသော ပတ်ဝန်းကျင်သည် အပြင်ဖက်နှင့် လုံးလုံးကွာခြားလျက် ရှိ၏။ ကွာခြားမှုသည် အထဲတွင် နေရောင်မရှိဘဲ မဲမှောင်လျက် ရှိနေခြင်းပင်။ ထို့ပြင် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ညိုးခြောက်နေပြီး မည်သည့် အသက်ဓာတ်မှ မရှိချေ။
"ဒီနေရာမှာ ကောင်းကင်ရတနာတွေ ရှိတာလား" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ကုကျောင်းရှစ်က ပြန်ပြောလိုက်၏။ "အစ်ကိုကြီး ပတ်ဝန်းကျင်က ပိုပြီးဆိုးဝါးလေ ပိုပြီးထူးဆန်းတဲ့ ကောင်းကင်ရတနာတွေ ရှိလေပဲလေ"
"ဥပမာတစ်ခုပြောပြ"
"အဲတာတော့ သေချာမသိဘူး"
"မင်းရဲ့ ပုံပြင်ပြောသူက အဲတာကိုကော မပြောပြဘူးလား"
"သူက အနှိုင်းမဲ့တော့ မဟုတ်ဘူးလေ"
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်စားသွားမိ၏။ "ညီလေး မင်းပြောတဲ့ ပုံပြင်ပြောတဲ့သူက ဘယ်သူလဲ"
"ကျုပ်ရဲ့ သူငယ်ချင်းပါ"
ကုကျောင်းရှစ်က ပြန်ဖြေလိုက်သည်။ "သူက မြို့အသီးသီးကို သွားလာပြီးတော့ ပုံပြောသူအဖြစ် နေထိုင်အသက်မွေးတယ်"
"သူက အားကောင်းလား"
"အရမ်းအားနည်းတာပေါ့။ ဒါပေမဲ့ ခရီးတွေတော်တော်များများ သွားလာရင်းကနေ အရာ ကိစ္စတော်တော်များများကို သိရှိခဲ့တယ်"
"သြော်"
ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။ သာမန်လူတွေ မပြုလုပ်တဲ့ ပုံပြောသူအဖြစ် အသက်မွေးတယ်ဆိုတာ သာမန်ကျတယ်လို့ ထင်နေတာလား။
"ဒါနဲ့ သူဘယ်မှာလဲဆိုတာ မင်းသိလား"
"သူက နေရာအတိအကျမနေဘူးလေ။ သူဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိဘူး"
"တကယ်လို့ အနာဂတ်မှာ တွေ့ရမယ်ဆိုရင် ငါ့ကို မိတ်ဆက်ပေး"
"ကောင်းပါပြီ"
သူတို့သည် စကားတပြောပြောနှင့် အထဲသို့ လျှောက်ဝင်သွားကြ၏။ တားမြစ်တည်နေရာထဲသို့ ဝင်ရောက်လာသည်နှင့်ပင် မတူကြချေ။ ညနေခင်း ပန်းခြံထဲ လမ်းလျှောက်ထွက်လာသည်နှင့်ပင် ဆင်တူလှ၏။
ကုန်းရှန့်နှင့် ကုကျောင်းရှစ်တို့သည် ဤဒုတိယတန်းစား ဝိညာဉ်တောင်ကြားအား တစက်ကလေးမှ မျက်နှာသာ မပေးခဲ့ချေ။
ဝေါင်း
ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးနောက် ကျွင်းချောင်ရှောင်းနှင့်ကုကျောင်းရှစ်တို့သည် အလွန်နက်ရှိုင်းသည့် တည်နေရာအတွင်းသို့ ရောက်ရှိနေပြီဖြစ်၏။
အထဲတွင်တော့ အော်ဟစ်သံများ ကြားရပြီး ကြက်သွေးရောင်ကဲ့သို့ မဲမှောင်တောက်ပလျက် ရှိနေသော မျက်ဝန်းတစ်စုံသည် အမှောင်ထဲတွင် ပေါ်ပေါက်လာ၏။ ငရဲပြည်မှ ဝိညာဉ်နတ်ဆိုးကဲ့သို့ပင်။
"ကြက်သွေးရောင် ဝိညာဉ်သားရဲပါလား"
ကုကျောင်းရှစ်၏ မျက်လုံးများသည် လေးနက်သွားခဲ့၏။ သူ၏ နားလည်မှုအရဆိုလျှင် ဤသားရဲများသည် ဝံပုလွေများနှင့် ဆင်တူလွန်းလှပြီး အမြူတေပြောင်းလဲခြင်း အဆင့်ခြောက်စွမ်းအင်ကို ပိုင်ဆိုင်ထားကြ၏။ သို့ပေမဲ့ အစုအဖွဲ့အနေဖြင့် အနည်းဆုံး တစ်ဒါဇင်ခန့် ပေါ်လာတတ်သည်။ မျက်လုံးတစ်စုံ ပေါ်ပေါက်လာပြီးနောက် အမှောင်ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးတွင် များပြားလှသော မျက်လုံးများ ပေါ်ပေါက်လာခဲ့၏။
၎င်းတို့သည် စူးရှစွာဖြင့် ကြည့်ရှုလျက် ရှိနေပြီး စုစုပေါင်း အကောင်တစ်ရာခန့်ပင် ရှိသည်။
"အစ်ကိုကြီး"
ကုကျောင်းရှစ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "ထွက်ပြေးကြဆို"
အဆင့်ခြောက် အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် သားရဲများနှင့် တိုက်ခိုက်ပါက အလွန်ပင် ပြဿနာများပေလိမ့်မည်။
ရွှီ
ကျွင်းချောင်ရှောင်းသည် သူ၏နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထုတ်ကာဖြင့် တောက်လောင်လျက်ရှိသော ဓားမော့ကြီးကို ကြည့်ကာပြောလိုက်၏။ "ဒီအဆင့်သားရဲတွေရဲ့ အမြူတေက တစ်ကယ့်ကို တန်ဖိုးရှိမှာပဲ။ ဘာလို့ ထွက်ပြေးရမှာပဲ"
"…...."
ကုကျောင်းရှစ်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ သူ၏အစ်ကိုကြီးသည် သူ့ထက်ပင် ပိုမိုကာ မိုက်ရူးရဲဆန်လွန်းလှ၏။
အတိတ်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကြောက်ရွံ့ကောင်း ကြောက်ရွံ့ပေလိမ့်မည်။ သို့ပေမဲ့ စနစ်သည်ကြက်သွေးရောင်သားရဲများကို တွေ့သည်နှင့် သီးခြားတာဝန်အား ထုတ်ပေးခဲ့၏။ သားရဲအကောင်တစ်ရာကို သတ်ဖြတ်ရန် ဖြစ်၏။ ထို့ကြောင့် သူ့အနေဖြင့် လုပ်စရာတစ်ခုတည်းသာ ရှိတော့သည်။
"ကောင်းပြီ"
ကုကျောင်းရှစ်သည် သူ၏လက်တွင် စွမ်းအင်များ စုစည်းကာ ပြောလိုက်၏။ "အစ်ကိုကြီးနဲ့ ကျုပ်က ညီအစ်ကိုတွေပဲလေ။ ဒီတော့ ဝိညာဉ်တောင်ကြားထဲမှာ အားရပါးရ သတ်ပွဲကြီး လုပ်လိုက်ကြတာပေါ့"
ကြက်သွေးရောင်သားရဲများသည် ပိုမို များပြားလာပြီး အကောင်တစ်ထောင်ခန့်ပင် ဖြစ်တည်လာ၏။ ၎င်းတို့သည် အားကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့အား ဝန်းရံလိုက်သည်။
"အစ်ကိုကြီး"
ကုရှောင်းရှစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ "ဒုက္ခတော့ ရောက်ပြီနဲ့ တူတယ်"
တစ်ရာလောက်ဆိုပါက သူ့အနေဖြင့် တစ်ကောင်ချင်းစီ သတ်ဖြတ်သွားရန် ယုံကြည်ချက် ရှိနေသေး၏။ သို့ပေမဲ့ တစ်ထောင်ကျော်ဆိုသည်မှာတော့ များပြားလွန်းလှ၏။ ထိုထဲတွင် အဆင့်ခုနှစ်နှင့် အဆင့်ရှစ်သားရဲများပင် ပါဝင်နေသေး၏။ စစခြင်း ဤကဲ့သို့သော သတ္တဝါများနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းမှာ အလွန်ကံဆိုးခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
"နောက်ကိုဆုတ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါတွေကို ငါတာဝန်ထားလိုက်တော့"
"ကောင်းပါပြီ"
ကုကျောင်းရှစ်သည် လျင်လျင်မြန်မြန်ပဲ နောက်ဆုတ်လိုက်၏။ ကြက်သွေးရောင် သားရဲတစ်ထောင်ကျော်တို့၏ ဝိုင်းပတ်မှုအောက်တွင် ကျွင်းချောင်ရှောင်းသည် တည်တည်ငြိမ်ငြိမ်နှင့် သူ၏လက်ကို မြောက်လိုက်၏။ အိပ်ကပ်အရွယ်အစားရှိသော ဓားမော့ကြီးသည် ပေါ်ပေါက်လာတော့၏။ သူသည် ပြုံးကာပြောလိုက်သည်။
"ငါ့ရဲ့ အစစ်အမှန်စွမ်းရည်ကို ပြသရမဲ့ အချိန် ရောက်ပြီပဲ"
စည်းဓားမော့ကြီးသည် အထက်နယ်မြေတွင် ပထမဆုံး စည်းဖွင့်ခြင်းကို ခံရပေတော့မည်။
ကုကျောင်းရှစ်သည် နဝေတိမ်တောင်ဖြင့် မေးလိုက်၏။ "ဒါက သစ်သီးလှီးတဲ့ ဓားလား"
ကျွင်းချောင်ရှောင်းသည် အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာဖြင့် ဓားအား အသာဆွဲထုတ်သည့် ပုံစံမျိုး လုပ်လိုက်သည်။ "စည်းဖွင့်စမ်း"
ချလွမ် …
ဝှစ် ဝှစ် …။
ဓားဆီမှ အလွန်အားကောင်းလှသော လေလှိုင်းများ ထွက်ပေါ်လာပြီး ဆူနာမီကဲ့သို့သော စွမ်းအင်များသည် အရှိန်ဟုန်ပြင်းပြင်းဖြင့် ဖြစ်ပေါ်လာ၏။
ကုကျောင်းရှစ်သည် လေလှိုင်းများကြောင့် အနောက်ဖက်သို့ အနည်းငယ် ဆုတ်ခွာသွားရ၏။ သူ၏ ခန္ဓာကိုယ်သည် များပြားလှသော လေလှိုင်းများ၏ လွှမ်းမိုးမှုကို ခံထားရသည့် အချိန်မှာတော့ အံ့အားသင့်လျက် ရှိနေသည်။
"ဒါ ဘယ်လို အခြေအနေမျိုးလဲ"
ဘန်း …..။
ထိုအချိန်မှာပဲ လေများတိုက်ခတ်မှုသည် ရပ်တန့်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လျက် ရှိနေ၏။ အိပ်ကပ်အရွယ်အစားရှိသော ဓားမော့ကြီးသည် ရွှေရောင်ကြိုးများဖြင့် သီထားသည့် ဓားမော့အသွင် ဖြစ်နေပြီး ထိုပေါ်တွင်တော့ ကွင်းကြီးကိုးကွင်း တည်ရှိနေသည်။ ဓားကြီးသည် အလွန်လေးလံကာဖြင့် ကြောက်မက်ဖွယ်ကောင်းသော အော်ရာများကို ထုတ်ဖော်နေသည်။ "ဓားမော့ …. ဒါဘယ်လို ဓားမော့မျိုးလဲ။ ရွှေကြိုးကွင်းဓားမော့လား"