← Chapters

အခန်း (၁၄၇၉)

Vol. 100 Ch. 1479

အခန်း (၁၄၇၉)

Vol. 100 Ch. 1479

ကျွင်းချောင်ရှောင်းသည် လေအေးများ၏ ဖုံးလွှမ်းမှုကို ခံခဲ့ရ၏။ ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကုကျောင်းရှစ်သည် အမှန်ပင် တုန်လှုပ်မိခဲ့၏။ အစ်ကိုကြီး၏ လက်ထဲတွင် ကိုင်ထားသော သေးငယ်လှသည့် သစ်သီးလှီးသည့် ဓားလေးတစ်ခုသည် ရုတ်တရက်ဆိုသလိုပဲ ရွှေရောင်ကွင်းများနှင့် ဓားမော့ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“နားလည်ပြီ။”

အစ်ကိုကြီးသည် ဤမျှများပြားလွန်းလှသော ဝိညာဉ်သားရဲများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် တည်တည်ငြိမ်ငြိမ် နှင့် တည်ရှိနေသည်ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ၎င်း၌ ဝှက်ဖဲများ တည်ရှိနေသောကြောင့်ပင် ဖြစ်ရမည်။

ပထမတစ်ကြိမ်တုန်းက မိုးကြိုးတုတ်ကြီးကို ထုတ်ယူကာဖြင့် အဆင့် ၉ အမြုတေအဆင့် ပြောင်းလဲခြင်းအဆင့်ရှိသော ကျင်းဟောင်အား တိုက်ရိုက်ဆိုသလိုပဲ လွင့်စင်အောင်တိုက်ခိုက်ခဲ့၏။ အခုအချိန်မှာတော့ ကြီးမားလွန်းလှသော ဓားကြီးကို ထုတ်ယူကာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် ကုကျောင်းရှစ်အား အမှန်ပင် ထပ်ကာထပ်ကာ ဆိုသလို အံ့အားသင့်စေခဲ့၏။

ဝေါင်း ဝေါင်း

ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများသည် အန္တရာယ်ကိုပင် အာရုံမခံနိုင်ခဲ့ကြချေ။ ၎င်းတို့သည် ကြမ်းတမ်းလှ သော မျက်နှာသွင်ပြင်များဖြင့် လူသားများကို ဟိန်းဟောက်လျက်ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ညှီစို့စို့အနံ့များ သည် မနှစ်မြို့စရာပင်။

“ဒီနေ့မှာ”

ကျွင်းချောင်ရှောင်းသည် သူ၏ဓားကြီးကို လေထဲတွင်မြှောက်ကိုင်ကာဖြင့် ပြောလိုက်သည်။ “ကောင်းကင်နဲ့မြေကြီးအတွက် မင်းတို့ကို ငါစတေးပစ်မယ်။”

ဝှစ် ဝှစ် ဝှစ် ဝှစ်

အားကောင်းလွန်းလှသော ဖိအားဒဏ်များသည် အရာအားလုံးဆီမှ ဖြစ်တည်လာခဲ့ပြီးနောက် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။

“ဒါ …. ဒါက” ကုကျောင်းရှစ်သည် တုန်လှုပ်သွားခဲ့သည်။

“ဒါ … ဒါက တည်နေရာရဲ့ စွမ်းအင်ပဲ။”

“ကောင်းကင်ဘုံ”

ဤရွှေရောင်ကြိုးနှင့် ကွင်းတွေပါသည့် ဓားမော့ကြီးသည် တည်နေရာ၏ စွမ်းအင်ကို အမှန်ပဲ ထုတ်လွှတ်လျက်ရှိ၏။ ဤအရာသည် နတ်ဘုရားအဆင့်၏အထက် လက်နက်တစ်ခုဖြစ်မှာ ကျိန်းသေ၏။

တိုက်ခိုက် နေသည့်အချိန်တွင်သာ မဟုတ်သည်ဆိုပါက ကုကျောင်းရှစ်သည် အလျင်အမြန်ပြေးသွားပြီး ကျွင်းချောင်ရှောင်း၏ ပေါင်ကြီးကို ဖက်ကာ ပြောဆိုနေပေလိမ့်မည်။ “အစ်ကိုကြီး … အစ်ကိုကြီးက ကျုပ်ရဲ့ တကယ့်ကို အစ်ကိုကြီးပဲ။”

ဤကဲ့သို့သော လက်နက်မျိုးသည် အထက်နယ်မြေတွင် ထိပ်ဆုံးတည်နေရာ၌ တည်ရှိနေ၏။ သိုင်းကျင့်ကြံသူများ အိပ်မက်မက်ကာ လိုချင်တောင်းတကြသည့် နတ်ဘုရားလက်နက်လည်းဖြစ်၏။

ဝှစ် ဝှစ်

ချုပ်နှောင်ခြင်းစွမ်းအင်သည် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် တည်နေရာတစ်ခုလုံးပင်လျှင် တွန့်လိမ်သွားခဲ့သည်။

“ပြီးသွားပြီပဲ။”

ကုကျောင်းရှစ်သည် စိတ်သက်သာရာရစွာဖြင့် ကြိတ်ကာ ပြောလိုက်မိ၏။ “အစ်ကိုကြီး လက်ထဲမှာ ဒီဓား ရှိနေပြီဆိုမှတော့ အထက်နယ်မြေတစ်ခုလုံးမှာ လုပ်ချင်ရာကို ကျိန်းသေပေါက် လုပ်လို့ ရပြီ။”

ဝေါင်း ဝေါင်း

ကြက်သွေးရောင်ဝိညာဉ်သားရဲများသည် အန္တရာယ်ကို အလုံးစုံအာရုံခံမိလိုက်ကြ၏။ ထို့ကြောင့် ထူးဆန်းသည့် အော်ဟစ်သံများကို ထုတ်ဖော် အော်ဟစ်လိုက်ကြ၏။ ထို့ကြောင့် ကြီးမားလွန်းလှသည့် ခန္ဓာကိုယ်ကြီးများကို ထိန်းချုပ်ကာဖြင့် အနောက်ဘက် ခပ်လှမ်းလှမ်းဆီသို့ ဆုတ်ခွာလိုက်ကြသည်။

“ပြေးချင်တာလား။”

ကျွင်းချောင်ရှောင်းသည် ပေါ့ပါးစွာပြောလိုက်၏။ “မင်းတို့ ပြေးနိုင်မယ်ထင်လို့လား။”

သူ၏ လက်ထဲတွင် ရှိနေသော ဝှက်ဖဲသည် အသုံးပြုလို့ရနေပြီဆိုမှတော့ သူသည် ကျိန်းသေပေါက် အားလုံးသော သားရဲများကို သတ်ဖြတ်ရပေလိမ့်မည်။ သို့ပေမဲ့ ချုပ်နှောင်ခြင်းစွမ်းအင်အောက်သို့ ကျဆင်းလာပြီးသည့်နောက် မတော်တဆကိစ္စရပ်တစ်ခုသည် ဖြစ်ပွားခဲ့၏။

အဘယ့်ကြောင့်ဆိုသော် ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများသည် ချုပ်နှောင်ခြင်းစွမ်းအင်ကို တိတိကျကျ မခံရသကဲ့သို့ အနောက်ဘက်သို့ ဆုတ်ခွာနိုင်ခဲ့ကြခြင်းပင်ဖြစ်၏။ ၎င်းတို့သည် တည်နေရာ၏စွမ်းအင်ကို အလုံးစုံ မသက်ရောက်ခဲ့ပေ။

ဖောက် ဖောက် ဖောက်

ထို့ကြောင့် သားရဲများသည် အနောက်ဘက်သို့ ကောင်းကောင်းမွန်မွန်ဖြင့် ဆုတ်ခွာသွားနိုင်၏။

“နေအုံး။ ဒီဖိအားကြီးက အသုံးမဝင်ဘူးဆိုမှတော့ ငါ့ရဲ့ ဓားချက်က ဘာလုပ်လို့ရတော့မှာလဲ။”

ဟူး

များပြားလွန်းလှသော အရေအတွက် တည်ရှိနေသည့် ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများသည် ရုတ်တရက် ရပ်တန့်သွားခဲ့ကြ၏။ ပြီးနောက် ၎င်းတို့အားလုံးသည် ကြောင်အအဖြင့် အရှေ့တွင် ဓားကြီးကိုင်ကာ ရပ်လျက်ရှိနေ သော လူသားအား စူးစိုက်ကြည့်နေ၏။ မျက်လုံးထဲတွင် ရှိနေသော အနီရောင်အလင်းတန်းများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။

“အင်း။” ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ်က လှမ်းမေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကြီးကို မြှောက်လိုက်၏။ ပြီးနောက် ခေါင်းကို အခြားတစ်ဖက်ဆီသို့ လှည့်ကာဖြင့် တစ်ခါတည်း အော်ဟစ်လိုက်၏။ “ညီငယ်လေး … ပြေးကြစို့။”

ကုကျောင်းရှစ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။ “ချီးတဲ့မှ …. ပြေးမယ်ဆိုလည်း အစောကြီးကတည်းက ပြေးပါလား။ ဘာလို့ ဟန်ထုတ်နေရတာလဲ။”

ဝေါင်း ဝေါင်း …။

ထိုအချိန်မှာတော့ များပြားလွန်းလှသော ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများအားလုံးသည် ၎င်းတို့အား ပြန်လည်ကာ ဝိုင်းပတ်လာခဲ့ကြတော့၏။ ပြီးနောက် ဒေါသတရားများနှင့်အတူ လူသားများအား အဆုံးစွန်ထိ စွဲဖြဲ ကိုက်ခဲရန် စဉ်းစားထားခဲ့ကြ၏။ ဤလူသားနှစ်ယောက်သည် သူတို့အား လိမ်ညာလှည့်စားကာဖြင့် ခြောက်လှန့်ခဲ့သေးသည် မဟုတ်ပါလား။

ဟူး ဟူး …။

အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းမျိုးစုံသည် အောက်သို့ ကျဆင်းလာ၏။ ကုကျောင်းရှစ်သည် ဆိုးသွမ်းလှ သည့် နယ်မြေဟောခန်းမှ သတ်မှတ်ထားသော သစ္စာဖောက် ဆိုသည့် ဂုဏ်ပုဒ်ကိုပင် လွှတ်ချ လိုက်ရသည်။ သူသည် ခွေးရူးတစ်ကောင်ကဲ့သို့ လျှာကြီးကို ထုတ်ကာ ကျွင်းချောင်ရှောင်း၏ အနောက်ဆီသို့ လိုက်ပါကာ ပြေးလွှားလျက် ရှိနေ၏။

“အစ်ကိုကြီး။ ကျုပ်ကို စောင့်ပါအုံး။”

…

ဘုန်း ဘုန်း ဘုန်း

ဝိညာဉ်တောင်ကြားထဲတွင်တော့ ပေါက်ကွဲသံများဖြစ်ပေါ်လာ၏။ လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံး သည် ထိုအသံကို ကြားသည့်အချိန်မှာတော့ မျက်နှာပေါ်တွင် နဝေတိမ်တောင် အမူအရာများဖြစ်တည်လာ၏။ ၎င်းတို့၏ အထင်အရဆိုလျှင် တည်နေရာကြီးတစ်ခုခုထဲသို့ ဂိုဏ်းချုပ်ဝင်သွားသည်ဆိုပါက မည်မျှ ကြမ်းတမ်းလှသည့်သားရဲဖြစ်ပါစေ ကျိန်းသေပေါက် သတ်ဖြတ်ခြင်းကို ခံရမှာဖြစ်၏။

အချက်အလက်အားဖြင့် တောင်ကြားထဲတွင် တည်ရှိနေသည့် ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့မှာမူ ကြောင် လိုက်ခြင်းကို ခံရသော ကြွက်ကလေးများကဲ့သို့ပင် အားရပါးရ ပြေးလွှားနေခဲ့၏။ ၎င်းတို့၏အနောက်တွင် ကြက်သွေး ရောင်မျက်လုံးဝိညာဉ်သားရဲများသည် ရူးရူးမူးမူးနှင့် လိုက်ပါလာခဲ့ကြ၏။ အခြေအနေသည် အလွန်ဆိုးရွားလှချေသည်။

“အစ်ကိုကြီး။”

“ပြေး ပြေး ပြေး။”

“နေအုံး …. ငါ ဒီကောင်တွေ ၁၀၀ လောက်ကို သတ်ရအုံးမယ်။”

“ဟမ်”

သီးခြားတာဝန်က တည်ရှိနေသေး၏။ ထို့ကြောင့် ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများသည် များပြားစွာ တည်ရှိနေသည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် ထွက်ပြေးရင်းနှင့် တန့်ပြန့်တိုက်ခိုက်မှုကို ပြုလုပ်ကာ အကောင် ၁၀၀ လောက်ကို သတ်ဖြတ်ချင်နေမိ၏။

ကုကျောင်းရှစ်၏ စိတ်များသည် ပြိုလဲလျက်ရှိနေ၏။ သို့ပေမဲ့ သူ၏ အစ်ကိုကြီးသည် ထိုသို့ ပြောသည် ဆိုမှတော့ သူ့အနေနှင့် ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။ ထို့ကြောင့် ခဏလောက် ရပ်တန့်ကာဖြင့် တန့်ပြန် တိုက်ခိုက်မှုများကို ပြုလုပ်လိုက်သည်။ သို့ပေမဲ့ အသုံးမဝင်လှချေ။

ဇွိ

စည်းဓားမော့ကြီး၏ တတိယအသွင်ပြောင်းမှုပုံစံသည် တည်နေရာကို ဖြတ်သန်းသွားပြီးသည့်နောက် တိုက်ခိုက်လာ သည့် ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲအား နှစ်ပိုင်း ဖြစ်သွားစေခဲ့၏။

အရေအတွက်သည် အလွန်များပြားလွန်း သောကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ကြက်သွေးရောင်မျက်လုံး ဝိညာဉ်သားရဲများ၏ ဝိုင်းပတ်ခြင်းကိုလည်း ခံလိုက်ရပြန်သည်။

အဆုံးသတ်မှာတော့ သူသည် ရူးရူးမူးမူးနှင့် ပျံသန်းကာဖြင့် အဝေးတစ်နေရာဆီသို့ ထွက်ပြေးတော့သည်။ သူနှင့် ကုကျောင်းရှစ်တို့သည် ဤကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲ လေးငါးဆယ်ကောင်ကို တိုက်ခိုက်ရမည်ဆိုလျှင် ပြဿနာမရှိချေ။ သို့ပေမဲ့ အလွန်တရာ အရေအတွက် များပြားလွန်းသောကြောင့် တစ်ဖက်သတ္တဝါများကို တိုက်ခိုက်ရင်းနဲ့ သူတို့သည်ပါ ဒဏ်ရာရရှိလာခဲ့ကြ၏။

ဘုန်း ဘုန်း

တောင်ကြားတစ်ခုလုံးတွင် တိုက်ခိုက်သည့်အသံများသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ထွက်ပေါ်လာခဲ့၏။ အမြုတေအသွင်ပြောင်းခြင်း အဆင့် ၈ နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲ တစ်ဒါဇင် ကျော်တို့သည် ကုကျောင်းရှစ်အား တိုက်ခိုက်လျက်ရှိနေပြီး ကုကျောင်းရှစ်သည် အနောက်ဘက်သို့ လွှင့်စင်သွားခဲ့၏။ သူက အော်လိုက်သည်။ “အစ်ကိုကြီး ဒီအတိုင်းသာ ဆိုရင် မောပြီးသေသွားနိုင်တယ်။ မြန်မြန်နောက်ဆုတ်ကြအောင်။”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် သူ၏ လှုပ်ရှားမှုနည်းစနစ်များကို အသုံးပြု၍ များပြားလွန်းလှသော ကြက်သွေးရောင်မျက်လုံး ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။ သူ၏ နှလုံးသားတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။

နာရီဝက်လောက်ကြာပြီးသည့်နောက် သူသည် ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲ တစ်ဒါဇင်ခန့်ကိုသာ သတ်ဖြတ်နိုင်ခဲ့၏။ တာဝန်ကို ပြုလုပ်ချင်သည်ဆိုပါက နောက်ထပ်နာရီအနည်းငယ်ကြာမြင့်နိုင်သေး၏။ ဤအတိုင်းသာ ဆက်၍ သွားမည်ဆိုပါက လက်ပန်းကျကာ သေဆုံးသွားမှာသေချာသည်။

ဝေါင်း

ရုတ်တရက် ကျယ်လောင်လှသော အော်သံကြီးတစ်ခုသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။ ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲဘုရင်သည် မူလအားဖြင့် ငြိမ်ငြိမ်သက်သက် နေထိုင်နေရာဆီမှသည် တောင်ကြား၏ အတွင်းပိုင်းဆီမှ အသာလမ်းလျှောက်ကာ ထွက်လာခဲ့၏။ ၎င်းသည် ခေါင်းကိုမော့ ရင်ကိုကော့ကာဖြင့် အော်ဟစ်ကြွေးကြော်လျက်ရှိ၏။

“အစ်ကိုကြီး အခုချိန်မှ နောက်မဆုတ်ဘူးဆိုရင် နောက်ကျသွားလိမ့်မယ်။”

ကြီးမားလှသည့် မွန်းစတားဘုရင်ကြီးသည် အဆင့်ကိုး အမြုတေပြောင်းလဲခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အားအင်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် သူတို့ကိုသာ ပစ်မှတ်ထားသည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက်မှာ သေချာ၏။

အန္တရာယ်ပေးနိုင်မှု ဒုတိယအဆင့်အဖြစ် သတ်မှတ်ထားသည့် တားမြစ်တည်နေရာကြီးသည် အမှန်ပင် အလွယ်တကူ ဝင်ထွက်သွားလာ၍ ရသည့်နေရာမျိုးမဟုတ်ချေ။

“မင်း အရင်သွားတော့။”

ကျွင်းချောင်ရှောင်းသည် လမ်းကို ပိတ်ရပ်ကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ငါ ကာကွယ်ပေးထားမယ်။”

“မဟုတ်ဘူး။”

ကုကျောင်းရှစ်သည် ဘေးတစ်ဖက်တွင် အသာဆင်းသက်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်ကာကွယ်ပေးထားမယ်။ အစ်ကိုကြီး သွားလိုက်တော့။”

လက်ရှိအခြေအနေသည် ဆိုးရွားလွန်းလှ၏။ သို့ပေမဲ့ သူသည် ပြန်လည်မွေးဖွားနိုင်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်သောကြောင့် သေဆုံးခြင်းကို မကြောက်လန့်ချေ။ ထို့အပြင် သူသည် ပြန်လည်မွေးဖွားနိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ သူ၏ အစ်ကိုကြီးမှာတော့ မရှိချေ။ သေဆုံးသွားသည်ဆိုပါက တစ်ခါတည်း သေသွားမှာဖြစ်၏။

“ဒါက ငါ့ရဲ့ အမိန့်ပဲ။” ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အစ်ကိုကြီး၊ ညီလေးဟု ခေါ်ဆိုသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းအနေနှင့် လက်ရှိအခြေအနေတွင် သူ၏ ဂိုဏ်းချုပ်ဆိုသော အခွင့်အာဏာကို အသုံးပြုကာဖြင့် တစ်ဖက်လူအား စေခိုင်းခဲ့၏။ တစ်ဖက်လူသည် သူ့အတွက် တစ်ကြိမ်သေဆုံးခဲ့ပြီးပြီဖြစ်၏။ အဘယ့်ကြောင့် နောက်တစ်ကြိမ် ထပ်မံကာ သေဆုံးဖို့ကို ခွင့်ပြုနိုင်မည်နည်း။

သူ …. ကျွင်းချောင်ရှောင်းသည် သတ်ဖြတ်ခံရမှုကို ဘယ်တော့မှ ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။

“ကောင်လေး”

ရုတ်တရက် သူ၏ နားထဲတွင် အသံတစ်ခုထွက်ပေါ်လာ၏။ “မင်းက ငါ့ကို ရင်ထဲ ထိခိုက်အောင်လုပ်ခဲ့တာပဲ။”

“မျောက်မင်းကြီး။”

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်စုံတစ်ခု ဖြစ်တည်လာခဲ့သည်။

ရွှီး

ညာဘက်လက်ထဲတွင် လေလှိုင်းတစ်ခု ဖြစ်တည်လာခဲ့ပြီး ချက်ချင်း မီးများ တောက်လောင်လာခဲ့၏။

“ဒါက”

သူ့အစ်ကိုကြီး ဝတ်စုံကို မြင်ရသည့်အချိန်မှာတော့ ကုကျောင်းရှစ်၏ မျက်လုံးတစ်ခုလုံးသည် ပြူးထွက်သွား၏။ ကျွင်းချောင်ရှောင်းသည် သူ၏ လက်တစ်ဖက်အား နားဆီသို့ တင်ကာဖြင့် အသာဆွဲထုတ်လိုက်၏။ စွန်းဝူခုံး၏ တုတ်ကြီးသည် လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ဝှစ် ဝှစ် ဝှစ် …။

မီးတောက်များသည် တည်နေရာတစ်ခုကို ဖုံးလွှမ်းသွားပြီး တုတ်ကြီးတစ်ချက်ဝှေ့ယမ်းမှုအောက်တွင် ကြက်သွေးရောင် မျက်လုံးဝိညာဉ်သားရဲများအားလုံးသည် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်၏။

ဒင်

ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲကို သတ်ဖြတ်ခြင်း- ၂၁ / ၁၀၀။

ဒင်

ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲကို သတ်ဖြတ်ခြင်း - ၂၂ / ၁၀၀။

ဒင်

ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲကို သတ်ဖြတ်ခြင်း - ၁၀၀ / ၁၀၀။

အပြင်ဘက်မှာတော့ အလင်းတန်းကြီးတစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာခဲ့သည်။

ဘုန်း ဘုန်း ….။

မြေပြင်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့၏။

လီချင်းယန်နှင့် တစ်ခြားသောသူများအားလုံးသည် ခက်ခက်ခဲခဲဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရ၏။ ပြီးနောက် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်မိသည်။ “အထဲမှာ ဘာတွေဖြစ်နေတာလဲ။”

ခဏလောက်ကြာပြီးသည့်နောက် ကောင်းကင်ပေါ်သို့ ထိုးတက်လျက်ရှိနေသည့် အလင်းတန်းကြီးသည် ပြန်လည်ကာ ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်တစ်ခုလုံးသည်လည်း ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွား၏။

ဝိညာဉ် တောင်ကြား၏ အတွင်းဘက်မှာတော့ အထဲတွင်ရှိနေသည့် သုန်မှုန်လျက်ရှိနေသည့် ပတ်ဝန်းကျင်ကြီးတစ်ခုလုံး သည် ပျောက်ကွယ်သွားခဲ့ပြီး နေအလင်းရောင်များပင် ထွက်ပေါ်လာ၏။ မူလအားဖြင့် အသက်မဲ့လျက်ရှိနေသော တားမြစ်တည်နေရာကြီးသည် အလင်းတန်းများနှင့် ဖြစ်တည်လာခဲ့သည်။

ဘုတ် …။

ကုကျောင်းရှစ်သည် မြေပေါ်သို့ လဲကျသွား၏။ သူ၏ အမူအရာတစ်ခုလုံးသည်လည်း ဝေခွဲမရသလို နဝေတိမ်တောင် ဖြစ်နေ၏။ သူ၏ မြင်ကွင်းထဲတွင်တော့ များပြားလွန်းလှသော ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများအားလုံး သည် သေဆုံးပျောက်ကွယ်လျက်ရှိနေကြပြီး တည်နေရာတစ်ခုလုံးတွင် သလင်းအမြုတေများသည်သာ ပျံ့နှံ့နေခဲ့၏။

သေဆုံးသွားပြီ။ တုတ်တစ်ချက် ဝှေ့ယမ်းရုံနှင့် အားလုံးသောသူများသည် သေဆုံးသွားခဲ့သည်။

ဂလု

ကုကျောင်းရှစ်သည် ခက်ခက်ခဲခဲဖြင့် တံတွေးကို မြိုချလိုက်၏။ ပြီးနောက် သူ၏ ဦးခေါင်းကို မော့ကာဖြင့် ကျွင်းချောင်ရှောင်းကို ကြည့်ရှုလိုက်၏။ ကျွင်းချောင်ရှောင်းသည် သူ၏ ရှေ့တွင် မတ်မတ်ရပ်ကာဖြင့် တည်ရှိနေသည်။ “သူက နတ်ဘုရားလား။ အင်မော်တယ်လား။ နတ်ဆိုးလား။ မိစ္ဆာလား။”

All Chapters