အခန်း (၁၄၈၀)
Vol. 100 Ch. 1480
ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲ ၁၀၀၀ ကျော်တို့သည် အကုန်လုံးသေဆုံးခဲ့ကြ၏။ နတ်ဆိုးဘုရင်ပင်လျှင် ချန်မထားခဲ့ချေ။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
ကုကျောင်းရှစ်သည် အမှန်ပင် ကြောင်အလျက်ရှိနေမိ၏။ အမြုတေအသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင်ပင် ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်နိုင်မည်မဟုတ်ချေ။ ဖြစ်နိုင်သည်မှာ တိုက်ပွဲဝင် ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည့် သူ့အစ်ကိုကြီး၏ အားအင်အဆင့်သည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ ရောက်ရှိ နေခဲ့သည်လား။
မယုံကြည်နိုင်ဖွယ်ရာဖြစ်၏။ ဤအရာသည် အမှန်ပင် မယုံကြည်နိုင်ဖွယ်ရာပင်။
ဝှစ် ဝှစ် ….။
ဝတ်စုံကြီး တဖြည်းဖြည်းနှင့်ပြန်လည်ပျောက်ကွယ်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မူလသွင်ပြင် အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့၏။ မြေပေါ်တွင် ပြန့်ကျဲလျက်ရှိနေသည့် သလင်းအမြုတေများကို မြင်ရသည့်အချိန်မှာတော့ သူသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည့် အားကောင်းလွန်းလှသော စွမ်းအင်များကို ပြန်လည်ကာ စဉ်းစားမိရင်း မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လာမိ၏။
သူတော်စင် စွန်းဝူခုံးဝတ်စုံ၏ အထူးသက်ရောက်မှုကို သူထုတ်ဖော်အသုံးမပြုခဲ့ချေ။ သို့ပေမဲ့ အဘယ့်ကြောင့် ဤအချိန်တွင် အလွန်အားကောင်းသည့် အခြေအနေမျိုးကို ဖြစ်တည်သွားခဲ့သနည်း။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် စွမ်းအင်မျိုးကို ထုတ်ဖော်နိုင်ခဲ့သေးသည်။
ထို့အပြင် ယခင်ကနှင့် မတူပေ။ အထူးသက်ရောက်မှုကို အသက်မသွင်းခဲ့သလို မျောက်ဘုရင်ကလည်း ပေါ်ပေါက်မလာခဲ့ချေ။ ထိုအစား သူကိုယ်တိုင်သည် မျောက်ဘုရင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး များပြားလှသော သားရဲများကို သတ်ဖြတ်ခဲ့ရ၏။
“ဘာလို့လဲ ဆိုတော့…..”
စနစ်က ပြောလိုက်၏။ “မင်းက မျောက်ဘုရင်ကြီးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တာလေ။ ဒီတော့ မျောက်ဘုရင်ကလည်း မင်းပဲ။ မင်းကလည်း မျောက်ဘုရင်ပဲ။”
“အဲလိုလား။” ကျွင်းချောင်ရှောင်းသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေသည်။
“အစ်ကိုကြီး။”
ကုကျောင်းရှစ်သည် မြေပေါ်မှ ထရပ်လိုက်၏။ ပြီးနောက် အသာလှမ်းလျှောက်လာကာဖြင့် သူ့အား သေသေချာချာ ဝိုင်းပတ်ကာ ကြည့်ရှု၏။ ပြီးနောက် ပြောလိုက်၏။ “ခုနတုန်းက တကယ့်ကို အံ့အားသင့်စရာကောင်းတာပဲ။ အစ်ကိုကြီးကို တကယ့်ကို ချီးကျူးမိတယ်။”
“ငါ့ကို မြှောက်ပင့်နေတာ ရပ်လိုက်တော့။ မြန်မြန်။ သလင်းအမြုတေတွေကို ကောက်တော့။”
“ကောင်းပါပြီ။” ကုကျောင်းရှစ်သည် ချက်ချင်းပဲ သလင်းအမြုတေများကို လိုက်လံကာကောက်ယူတော့၏။ ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်၏။ အထူးသဖြင့် စောနတုန်းက တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် သူသည် အစစ်အမှန်ပင် ထိတ်လန့်တုန်လှုပ်လျက်ရှိနေမိသည်။
ဤကဲ့သို့ အားကောင်းလွန်းလှသော အစ်ကိုကြီး တည်ရှိနေသည်ဖြစ်သောကြောင့် သူ့အနေနှင့် အနာဂတ်တွင် အထက်နယ်မြေ၌ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် မည်သူ့ကိုမှ စိုးရွံ့ကြောက်လန့်စရာမလိုတော့ချေ။ သူ၏ သေလမ်းရှာချင် သည့် စိတ်ဆန္ဒများသည် ပိုမိုကာ အားကောင်းလာခဲ့ပြီဖြစ်၏။
“သွားကြရအောင်။ ပြန်ကြမယ်။”
သလင်းအမြုတေများကို သိမ်းဆည်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာဖြင့် တောင်ကြား ထဲမှ လျှောက်ထွက်လိုက်သည်။
ကုကျောင်းရှစ်သည် ဇဝေဇဝါဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး … ရတနာရှာဖို့ အထဲကို ဆက်မသွားတော့ဘူးလား။”
ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများနှင့် ၎င်းတို့၏ ဘုရင်သည် သေဆုံးခဲ့ပြီဖြစ်သောကြောင့် အထဲတွင် ဤဒုတိယအဆင့် တားမြစ်တည်နေရာကြီးသည် အထဲ၌ အန္တရာယ်မရှှိလောက်တော့ချေ။ နှောင့်နှေးခြင်းတစ်ချက် မရှိဘဲနှင့် အထဲတွင်ရှိနေသော အရင်းအမြစ်များကို ရယူမှ ဖြစ်ပေလိမ့်မည်။
“ငါ ပင်ပန်းနေပြီ။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
ကုကျောင်းရှစ်သည် နားလည်သွားမိ၏။ အစ်ကိုကြီး၏ စောနတုန်းက တိုက်ခိုက်မှုသည် စွမ်းအင်များ အလွန်အမင်းကုန်ခမ်းနေပုံပေါ်သည်။ ဤကဲ့သို့ဆိုမှတော့ ထွက်ခွာသွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် လာရာလမ်းအတိုင်း အသာပြန်လှည့်ပြီးသည့် နောက် ဝိညာဉ်တောင်ကြားထဲမှ ထွက်ခွာလာခဲ့သည်။
လီချင်းယန်နှင့် ရှောင်ကျီတို့သည် ဂိုဏ်းချုပ်နှင့် ဂိုဏ်းတူဦးလေးတို့ လုံလုံခြုံခြုံနှင့် ပြန်လည်ထွက်ခွာလာသည်ကို မြင်ရသည့်အချိန်မှာတော့ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။
ပြီးနောက် ၎င်းတို့သည် စောနတုန်းက ကြားခဲ့ရသည့် အသံကြီးသည် ဘာဖြစ်သနည်းဆိုသည်ကို သေသေချာချာ မေးမြန်းကြသည်။
ကျွင်းချောင်ရှောင်းသည် ရှင်းပြနေရန် စိတ်မဝင်စားချေ။ ထို့ကြောင့် ဂိုဏ်းဆီသို့သာ ပြန်လာခဲ့၏။
“သူ့ကို ကြည့်ရတာ အရမ်းမိုက်တယ်။”
“စောနတုန်းက ကောင်းကင်ပေါ်ကို ထိုးတက်သွားတဲ့ မြေအလင်းတန်းကြီးနဲ့ မြေပြင်တစ်ခုလုံး တုန်ခါသွားတာက ဘာဖြစ်တာလဲ။”
အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် စတင်ကာ ဆွေးနွေးလျက်ရှိ၏။ ၎င်းတို့၏ အဆင့်သည် နိမ့်ကျလွန်းသောကြောင့် အထဲသို့ ဝင်ရောက်ကြည့်ရှုရန်အတွက် မရဲကြချေ။
…
ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရာလမ်းမှာတော့ ကုကျောင်းရှစ်သည် ကျွင်းချောင်ရှောင်းတစ်ယောက် သားရဲတစ်ထောင် ကျော်တို့ကို မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်ဖြစ်ကြောင်းကို သေသေချာချာနှင့် ရှင်းပြနေ၏။ သူ၏ သူငယ်ချင်းသည် ပုံပြောသူတစ်ယောက်ဖြစ်သောကြောင့် သူ၏ လေသံ၊ ဟန်အမူအရာအားလုံးသည် အလွန်ပင် ကွက်တိကျပြီး ကောင်းမွန်လွန်းလှ၏။ ကြည့်ရှုနေသူများအားလုံးသည် အံ့ချီးနဘမ်း ဖြစ်လို့နေခဲ့၏။
“ဟုတ်လား။” လီချင်းယန်၊ ရှောင်ကျီတို့သည် တုံ့ပြန်လိုက်သည်။
ကုကျောင်းရှစ်သည်လည်း ပြိုလဲလုမတတ်ဖြစ်နေ၏။ သူ၏ အစ်ကိုကြီး စောနတုန်းက ဖြစ်တည်ခဲ့သော ပုံပန်းသွင်ပြင်သည် စကားလုံးနှင့်ဖော်ညွှန်း၍ မရလောက် အောင် အားကောင်းလွန်းလှ၏။
သူ ပြောသည်ကို ကြားရပြီးသည့်နောက် တစ်ဖက်လူများအနေနှင့် အလွန်အမင်းအံ့အားသင့်သည့် ပုံပန်းသွင်ပြင်မျိုး ကိုတော့ ပြသသင့်သည်မဟုတ်ပါလား။ သို့ပေမဲ့ အစ်ကိုကြီး၏ တပည့်များသည် ပုံမှန်အတိုင်းပင် ဖြစ်တည်နေ၏။
ဤကဲ့သို့ ကျွင်းချောင်ရှောင်းအနေနှင့် ဆန်းကြယ်လှသည့် အခြေအနေဖြစ်သို့ ပြောင်းလဲသွားသည်မှာ သူ၏ တပည့်များအတွက် သာမန်သာဖြစ်တော့၏။ တပည့်များသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် သိုင်းကျင့်ကြံသူ ၂ သောင်းကျော်တို့အား သတ်ဖြတ်ခဲ့သည် ကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ဖူးကြသည်မဟုတ်ပါလား။
“အစ်ကိုကြီး …. ကျုပ် အရမ်းကြီးချီးကျူးမိတယ်။ လေးစားပါတယ်။”
လမ်းတစ်လျှောက်မှာတော့ ကုကျောင်းရှစ်သည် အခွင့်အရေးရတိုင်း မြှောက်ပင့်ပြောဆိုလျက်ရှိနေတော့၏။
ကျွင်းချောင်ရှောင်းသည်မှာလည်း အတွေးနက်လျက်ရှိ၏။ ဤတစ်ကြိမ်မှာတော့ သူသည် ပြဿနာတစ်ခုကို နားလည် လိုက်မိသည်။ စည်းဓားမော့ကြီး၏ တတိယအသွင်ပြောင်းလဲမှုသည် လက်ရှိပတ်ဝန်းကျင်နှင့် မကိုက်ညီလှချေ။ ထို့ကြောင့် အဆင့်မြှင့်တင်ခြင်း ကျောက်တုံးနှင့်အတူ အဆင့်မြှင့်တင်မှ ဖြစ်ပေလိမ့်မည်။
“ဆိုတာက စည်းဖွင့်ခြင်းအဆောင်တွေ တော်တော်များများ ဆုံးရှုံးသွားမှာပဲ။”
“ဒါဆိုရင် ပြန်လည်လဲလှယ်တဲ့ ခန်းမဆောင်ဆီမှာ ပြန်ပြီးလဲလိုက်လေ။”
“ဒါကတော့ အမှန်ပဲ။”
ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီသို့ တက်လာပြီးသည့်နောက် အသစ်ဖြစ်တည်လာခဲ့သော ပြန်လည်လဲလှယ်နိုင်သည့် ခန်းမဆောင်ကို ဖွင့်လိုက်၏။ လက်ရှိအခြေအနေမှာတော့ စည်းဓားမော့ကြီး၏ တတိယပုံစံ စည်းဖွင့်ခြင်း အဆောင် ၂ ခုက သူ့တွင် တည်ရှိနေ၏။ ပြန်လည်လဲလှယ်ခြင်းအားဖြင့် ဂိုဏ်းစုဆောင်းမှတ်များကို ပြန်လည်ရရှိနိုင်၏။
“ချီးတဲ့မှ …. ပြန်လဲနိုင်တဲ့ ဈေးနှုန်းက ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းတဲ့လား။”
“ဘာမှမရတာထက်တော့ ကောင်းတယ်မဟုတ်ဘူးလား။”
…
သဘောမကျဘူးဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် တတိယမြောက် စည်းဖွင့်ခြင်းအဆောင် ၂ ခုကို တစ်ခါတည်း လဲလှယ်ခဲ့၏။
ဒင်
ဂိုဏ်းစုဆောင်းမှတ် ၂၂၀၀၀၀။
မျောက်ဘုရင်ကြီးအဖြစ် အသွင်ပြောင်းသည်နှင့် ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများကို သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် သီးခြားတာဝန်သည် ပြည့်စုံသွားခဲ့သည်။ ဆုလာဘ်သည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀၀ ပင် ဖြစ်၏။ အတွေ့အကြုံအဆောင် ၂ ခုကိုလည်း ရရှိခဲ့၏။ ထို့အပြင် ..။
ထို့အပြင် ဆိုတာမရှိတော့ချေ။
စနစ်က ပြောလိုက်၏။ “ဖြည်းဖြည်းချင်း တိုးတက်လာတာ ပိုပြီးမကောင်းဘူးလား။”
“ချီးကို ကောင်းမှာလား။”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ဂိုဏ်းစုဆောင်းမှတ် ၂ သိန်းဆိုတာ ငါ ဆုံးရှုံးသွားခဲ့တဲ့ သိန်း ၅၀ ၊ ၆၀ လောက်နဲ့ နှိုင်းယှဉ်လျှင် ဘာယှဉ်လို့ ရမှာလဲ။”
သူသည် စနစ်နှင့် အငြင်းပွားလျက်ရှိသည်ဆိုသော်လည်း သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ကာဖြင့် အဆင့်မြှင့်တင် နိုင်သည့် ကျောက်တုံးကို ယူလိုက်၏။ စည်းဓားမော့ကြီး၏ တတိယပုံစံသည် လက်ရှိအခြေအနေမှာတော့ အသုံးမဝင်တော့ချေ။ ထို့ကြောင့် စတုတ္ထပုံစံကို အသွင်ပြောင်းမှ ဖြစ်ပေလိမ့်မည်။
အသွင်ပြောင်းလဲသည့် ကျောက်တုံးသည် အရည်ပျော်သွားခဲ့၏။
ဟူး
စည်းဓားမော့ကြီးသည် စတုတ္ထပုံစံအဖြစ်သို့ အသွင်ပြောင်းလဲခဲ့ပြီးဖြစ်၏။ မည်ကဲ့သို့ ပြောင်းလဲသွားသနည်းဆိုသည် ကိုတော့ သေသေချာချာ မသိရှိချေ။ သူ့၌ စည်းဖွင့်ခြင်းအဆောင်သစ် မရှိသောကြောင့်ပင်။ ထို့ကြောင့် အချိန်ကာလ တစ်ခုအထိ ထိုအရာ၏ စွမ်းအင်ကို စမ်းသပ်နိုင်လိမ့်မည်မဟုတ်ချေ။
…
အချိန်အတော်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်နှင့် ဂိုဏ်းထဲတွင်ရှိနေသော အထက်ပိုင်း အကြီးအကဲများကို လွမ်းဆွတ်နေပြီဖြစ်၏။ ထို့ကြောင့် သူသည် လျှောက်ပတ်ကာ သွားမည့်အကြံ အစည်ကို လက်လျှော့ကာဖြင့် ဂိုဏ်းဆီသို့သာ မြန်မြန်ဆန်ဆန် ပြန်လာခဲ့၏။
သို့ပေမဲ့ ရက်အနည်းငယ်လောက် ကြာပြီးသည့်နောက် အထက်နယ်မြေတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်မြင့် အမြုတေပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်သည် ဝိညာဉ် တောင်ကြားထဲသို့ ဝင်ရောက်ပြီးသည့်နောက် မှောင်မဲလျက်ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးသည် လင်းထိန်နေပြီး ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲများအားလုံး မရှိတော့ကြောင်းကို သိရှိလိုက်ရ၏။
နောက်ပိုင်းမှာတော့ သက်ဆိုင်ရာဌာနများသည် ၎င်းတို့၏ လူများကို စေလွှတ်ကာဖြင့် ဝင်ရောက်ကာ စုံစမ်းစေခဲ့၏။ သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ဤတည်နေရာကြီးတစ်ခုလုံးသည် ဒုတိယအဆင့် တားမြစ်တည်နေရာ တစ်ခုမှသည် တတိယအဆင့် တားမြစ်တည်နေရာတစ်ခုဆီသို့ အဆင့်လျော့ကျသွားခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။
“အဆင့်လျော့ကျသွားတယ်ဟုတ်လား။ ဘာတွေဖြစ်နေတာလဲ။”
“အထဲမှာ ရှိနေတဲ့ ကြက်သွေးရောင်မျက်လုံးဝိညာဉ်သားရဲတွေက မရှိတော့ဘူးတဲ့။ ဒါကြောင့် အန္တရာယ်ပေးနိုင်တဲ့ အဆင့်ကလည်း လျော့ကျသွားတာလေ။”
“ချီးတဲ့မှ …. အဲ့လို ကောင်းတဲ့အရာလည်း ရှိနေသေးတာပဲ။”
လက်ရှိအခြေအနေမှာတော့ တည်နေရာချိုးဖြတ်ခြင်းအဆင့်နှင့် အမြုတေပြောင်းလဲခြင်းစဦးအဆင့် လွတ်လပ်သော ကျင့်ကြံသူများ အားလုံးသည် ဝိညာဉ်တောင်ကြားထဲတွင် စုဝေးလျက်ရှိနေကြ၏။
ဤကဲ့သို့ ဒုတိယအဆင့် တားမြစ် တည်နေရာတစ်ခုသည် တတိယအဆင့်ဆီသို့ အဆင့်လျော့ကျသွားခြင်းသည် ရှားပါးသည့် ကိစ္စရပ်ပင် ဖြစ်သည်။
သို့ပေမဲ့ အထဲတွင် ရှိနေသော အရင်းအမြစ်များမှာမူ အလွန်တရာ များပြားလွန်းေ“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။”
တစ်ကိုယ်တော်ကျင့်ကြံသူတော်တော်များများတို့သည် သေမင်းတောင်ကြားထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းအား ချီးကျူးခဲ့မိကြ၏။ ဤကဲ့သို့ အဆင့်လျော့ကျသွားခြင်းသည် ကျွင်းချောင်ရှောင်းနှင့် ပတ်သက်နေသည်ဖြစ်ကြောင်းကို သူတို့က ကောင်းကောင်းသိကြ၏။ ထို့ကြောင့်ပင် ကျေးဇူးတင်လျက်ရှိနေကြ၏။
သံမဏိသစ်ပင်တောတန်း ၊ မီးတိမ်ချောက်နှင့် နတ်မိမယ်ရေကန်တို့အားလုံး ဖျက်ဆီးခံလိုက်ရပြီး သာမန်တည်နေရာတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း ဒုတိယအဆင့် တားမြစ်တည်နေရာကြီးသည် တတိယအဆင့် တားမြစ်တည်နေရာအဖြစ်သို့ အဆင့်လျော့ကျသွားခြင်းမှာ ၎င်းတို့အတွက် များပြားလှသည့် အကျိုးကျေးဇူးများရရှိစေခဲ့သည်။
သို့ပေမဲ့ ဝိညာဉ်တောင်ကြားသည် တတိယအဆင့် တားမြစ်တည်နေရာအဖြစ် ပြောင်းလဲသွားခဲ့ပြီဆိုလျှင်တောင်မှ သွေးမုန်တိုင်းကြီးတစ်ခုသည် ကျဆင်းနေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အန္တရာယ်ပေးနိုင်မှုအဆင့် နိမ့်ကျသွားသော ကြောင့် များပြားလှသည့် သိုင်းကျင့်ကြံသူများသည် အထဲသို့ ဝင်ရောက်ခဲ့ကြ၏။ ထို့ကြောင့် အမွေအနှစ်ကို လုယူရင်းနှင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကာဖြင့် လူသတ်ပွဲများ ဖြစ်တည်လာခဲ့တော့၏။ များပြားလှသော လူများသည် ဤနေရာတွင် တိုက်ခိုက်ပြီးသည့်နောက် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်ကြ၏။
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံသူများအားလုံးအတွက် ကောင်းမွန်သည့်အခွင့်အရေးကို ဖန်တီးပေးခဲ့၏။ ထို့အတူ ငရဲခန်းတံခါးဝကိုလည်း ဖွင့်လှစ်ပေးခဲ့သည်ဟုလည်း ဆိုရမည်။ သို့ပေမဲ့ သူနှင့် ဘာမှ မဆိုင်လှချေ။
ဤရက်စက် လှသော သိုင်းကျင့်ကြံခြင်းလောကတွင် လူတစ်ယောက်အနေနှင့် လိုချင်သည့် အရင်းအမြစ်များကို ရရှိသည်ဆိုလျှင် သေဆုံးဖို့ကိုလည်း ကြိုတင်ကာ ပြင်ဆင်ထားရပေလိမ့်မည်။ ဤအရာသည် လောက၏ နိယာမတရားပင် မဟုတ်ပါလား။
…
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်း၊ ကုကျောင်းရှစ်နှင့် တစ်ခြားသောသူများသည် ပြန်ရောက်လာခဲ့ကြ၏။ သို့ပေမဲ့ သူသည် စာကြည့်ခန်းထဲသို့ ရောက်ပြီးသည့်နောက် ရေချိုးရန်ပြင်ဆင်လိုက်သည်။
နှင်းဆီဧကရီသည် အထဲသို့ လျှောက်ဝင်လာ ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ လဝက်တုန်းက တစ်စုံတစ်ယောက်က သေတ္တာတစ်ခုကို ပို့လိုက်တယ်။”
“သေတ္တာဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါနှင့် ဖြစ်သွား၏။ နှင်းဆီဧကရီသည် စားပွဲပေါ်သို့ ထိုသေတ္တာကို တင်လိုက်၏။ သူသည် သေသေချာချာ ဖွင့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အထဲတွင် လူသားတစ်ယောက်၏ ဦးခေါင်းကို မြင်လိုက်ရ၏။ ပြီးနောက် သူ ထအော်လိုက်မိသည်။ “ဒါ ရွှေရောင်ဆံပင်ကောင်ပဲ။”