အခန်း (၁၄၈၁)
Vol. 100 Ch. 1481
ပထမတုန်းက ကျင်;ဟောင်ကို မသတ်ဖြတ်နိုင်ခဲ့သည့်အတွက် ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်တိုလျက် ရှိ၏။ ထို့အတူ ကျင;့ဟောင်သည် ကုရှောင်းရှစ် မည်သူဖြစ်သည်ကိုလည်း သိရှိခဲ့ပြီးပြီ ဖြစ်၏။ ထိုအရာကိုသာ နယ်မြေဟောခန်းက သိရှိသွားပါက ဒုက္ခများပေလိမ့်မည်။ သို့ပေမဲ့ သူမထင်မှတ်ထားသည်မှာ တစ်စုံတစ်ယောက်သည် ၎င်း၏ ဦးခေါင်းကို ဖြတ်ကာဖြင့် သူ့ဆီ ပေးပို့လိုက်၏။
"ဘယ်သူသတ်လိုက်တာလဲ။ ဘာလို့ငါဆီကိုပို့လိုက်တာလဲ။ "
ကျင်းဟောင်၏ သေဆုံးခြင်းသည် ကျွင်းချောင်ရှောင်းကို မပျော်ရွှင်စေပေ။ ထိုအစား အန္တရာယ်၏ အငွေ့အသက် ကို ခံစားရသောကြောင့် သတိအပြည့်နှင့် ဖြစ်သွားမိသည်။
"ယောက်ျား ဒီလူကို သိလား" နှင်းဆီဧကရီသည် မေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ညိတ်လိုက်သည်။
"သူငယ်ချင်းလား"
"ရန်သူ"
နှင်းဆီဧကရီသည် ကြောင်သွား၏။ "ရန်သူရဲ့ ဦးခေါင်းကို ဒီလို ပေးပို့လိုက်တယ်ဆိုတော့ ရှင့်ရဲ့ မိတ်ဆွေတစ်ယောက်ယောက်က သတ်ခဲ့တာလား မသိဘူး"
"သူက အပြစ်တွေ ကိုယ့်ခေါင်းပေါ်လာတင်ချင်တာလည်း ဖြစ်နိုင်တယ်"
ကျင်းဟောင်သည် နယ်မြေဟောခန်းကို ကိုယ်စားပြုသူ တစ်ယောက်လည်း ဖြစ်၏။ တစ်ဖက်လူများသည်သာ ကျင်းဟောင်သေဆုံးခြင်းကို သိရှိပါက သတ်ဖြတ်သူသည် သူဟု ထင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အခွင့်အရေးယူကာဖြင့် သူ၏ဂိုဏ်းကို လာရောက်တိုက်ခိုက်မှာ သေချာသည်။
"ဒီသေတ္တာကို ဘယ်သူပို့လိုက်တာလဲ"
"လွန်ခဲ့တဲ့ လဝက်တုန်းက တုနန်က သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး တောင်လမ်းကြောင်းတစ်လျှောက် ဆင်းသွားတာ အမှတ်မထင် ဒါကို တွေ့ရှိခဲ့တာပဲ"
"လွန်ခဲ့တဲ့လဝက် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "အချိန်ကာလ အရဆိုရင် ကျုပ် ကျင်းဟောင်နဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ပဲ။ ဒါဆိုရင် သူထွက်ပြေးသွားပြီးတဲ့နောက် အသတ်ခံလိုက်ရတာလား။ စွန်းပုကုန်း …."
သူသည် အော်ဟစ်လိုက်သည်။ "မြန်မြန်လာ။ ဒီလူသေကို လာပြီး စစ်ဆေးပေးအုံး"
လူသေသည် မည့်သို့သေဆုံးသည်ကို မပြောနိုင်ပေ။ သို့ပေမဲ့ မည်ကဲ့သို့ သတ်ဖြတ်သွားသည်ဟူသည့် သဲလွန်စများမှာတော့ ကျန်ရှိနိုင်သေး၏။
"ဂိုဏ်းချုပ်"
သေသေချာချာ လေးလေးနက်နက်နှင့် တိကျမှန်ကန်စွာ စစ်ဆေးပြီးနောက် စွန်းပုကုန်းသည် ပြောလိုက်သည်။ "ဒီလူက ချွန်ထက်တဲ့ အရာတစ်ခုနဲ့ ခေါင်းကို အဖြတ်ခံလိုက်ရတာပါ"
"…...."
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ခုန်ကာ ကန်ချင်စိတ်များပေါက်လာ၏။ အချိန်အတော်ကြာ စစ်ဆေးပြီးနောက် အားလုံးသောသူများ သိရှိသည့် ခေါင်းဖြတ်ခံရသည့် ကိစ္စကို လာရောက်ကာ ပြောဆိုနေ၏။ တစ်နှစ်ပတ်လုံး ဆေးပညာလေ့လာခဲ့တဲ့ အတွေ့အကြုံကို မည်သည့်နေရာမှာ သွား၍အသုံးချနေသနည်း။
"ဒါပေမဲ့"
စွန်းပုကုန်းက ဆက်ကာပြောလိုက်၏။ "သူက ဒီလိုမျိုး ခေါင်းဖြတ်ခံရပြီး သေသွားတာ မဟုတ်ဘူး။ ခေါင်းမဖြတ်ခံရခင်က သေသွားခဲ့တာ"
"ဆက်ပြော"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"ဒီလူရဲ့ ကိုယ်ပေါ်မှာရှိတဲ့ ကြွက်သားတွေက အေးခဲနေတယ်လေ။ အမူအရာကိုကြည့်ရတာ မယုံကြည်နိုင်သလို ဖြစ်နေပုံပဲ။ သူ့ရဲ့ အသိအကျွမ်းတစ်ယောက်က လာပြီးသတ်သွားတာလို့ပဲ ကျုပ်ထင်တယ်"
ဤသဲလွန်စသည် အမှန်ပင် အဆင်ပြေလွန်းလှ၏။
"သိဟောင်းကျွမ်းဟောင်းလား"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒါဆိုရင် နယ်မြေဟောခန်းကများလား"
သူ့အနေဖြင့် ကျင်းဟောင်အေကြာင်းကို သေသေချာချာ မသိရှိချေ။ သူသိရှိသည်မှာ ကျင်းဟောင်သည် နယ်မြေဟောခန်းတွင် အလုပ်လုပ်သည်ဟူသည့် အချက်အလက်ပင် ဖြစ်၏။ ထို့ကြောင့် ကျင်းဟောင်သေဆုံးသွားပြီး တစ်စုံတစ်ယောက်နှင့် ပတ်သက်နေသည်ဆိုလျှင် နယ်မြေဟောခန်းကို သံသံယဝင်မိခြင်း ဖြစ်၏။
"ဟောခန်းသခင်လီ"
ကျွင်းချောင်ရှောင်းသည် အမိန့်ပေးလိုက်သည်။ "ဒီလူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး စုံစမ်းရအောင်"
ကုန်းရှန့်အနေဖြင့် ဤမှုခင်းအား စုံစမ်းလိုသောကြောင့် ဟောခန်းသခင်လီအားစုံစမ်းခိုင်းခြင်း မဟုတ်ပေ။ ကျင်းဟောင်အတွက် တရားမျှတမှုကူရှာပေးလိုခြင်းလည်း မဟုတ်ပေ။
ထိုအစား သူသိရှိချင်သည်မှာ သတ်ဖြတ်သူသည် မည်သူဖြစ်သနည်းနှင့် အဘယ့်ကြောင့် ဤခေါင်းပြတ်ကြီးအား ပြိုင်စံရှားဂိုဏ်းသို့ ပို့ဆောင်လိုက်သနည်း ဆိုခြင်းပင်။
နဂါးကျောရိုးတောင်ထွတ် …..။
ရီရှင်းချန်သည် ရေမိုးချိုးပြီးနောက် မျက်နှာသုတ်ပုဝါနှင့် ပွတ်သပ်လျက် ရှိနေ၏။ သူသည် အခန်းထဲတွင် လမ်းပတ်လျှောက်လျက် ရှိနေပြီး လေပင်ချွန်လျက် ရှိနေ၏။ ညအင်ပါယာသည် အမှန်ပင် ပြောင်းလဲသွားခဲ့၏။ ဘယ်သူမှ မရှိသည့် အချိန်တွင် လေပါချွန်လျက်ရှိ၏။
ဟမ်
အခန်းထဲသို့ ဝင်ဝင်ခြင်းမှာပဲ ရီရှင်းချန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ အဘယ့်ကြောင့် ဆိုသော် သူ၏စားပွဲပေါ်တွင် သပ်ရပ်လှပလှသော သေတ္တာတစ်လုံးတည်ရှိနေသောကြောင့်ပင်။ ဤသေတ္တာသည် ဘယ်က ရောက်ရှိလာသနည်း။ သူသည် လမ်းလျှောက်သွားပြီးနောက် အမှတ်မထင် ဖွင့်ကြည့်လိုက်၏။
ဆွစ်
ချက်ချင်းပဲ ရွှေရောင်အလင်းတန်းများသည် အထဲဆီမှ တောက်ပလာပြီး အခန်းတစ်ခုလုံးကို ထွန်းလင်းသွားသည်။ အားညိုသည် မည်သို့မျှ မနေနိုင်ဘဲ မျက်လုံးကို မှိတ်ထားရသည်။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် ကျင်းဟောင်နှင့်ပတ်သက်ပြီး ဘာဖြစ်နိုင်သည်ကို သေသေချာချာ စဉ်းစားလျက် ရှိ၏။ သူ၏ဘေးတွင်တော့ နှင်းဆီဧကရီက ထိုင်လျက် ရှိနေပြီး သူမသည်လည်း စဉ်းစားနေ၏။ သူတို့နှစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး တူညီသည့် အမူအရာဖြင့် စဉ်းစားနေကြ၏။ တစ်ဖြည်းဖြည်းနှင့် ၎င်းတို့သည် မိသားစုနှင့် ဆင်တူလာခဲ့၏။
"ယောကျာ်း ခေါင်းပြတ်ကြီးကို ဒီကိုပို့လိုက်တာက ပြိုင်စံရှားဂိုဏ်းအပေါ် အပြစ်ပုံချမှာကို စိုးရိမ်ရတယ်"
"ဒါက ဖြစ်နိုင်တယ်"
"ဒါဆိုရင် ဘာလို့ သေတ္တာထဲကို ထည့်တာလဲ။ ဒီတိုင်း တောင်ခြေမှာ ပစ်ထားလိုက်ရင် ရတာပဲ မဟုတ်လား"
နှင်းဆီဧကရီ၏ ကောက်ချက်အရ တစ်ကယ်တမ်း သူတို့ကိုသာ အပြစ်ပုံချချင်ပါက သိုသိုသိပ်သိပ်နှင့် သေတ္တာထဲ ထည့်ပေးစရာ မလိုအပ်ချေ။ လွန်ခဲ့သည့် လဝက်တုန်းကတည်းက ထားခဲ့ပြီး နယ်မြေဟောခန်းကို အကြောင်းကြားမှာ သေချာသည်။
"ဟုတ်ပြီ"
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်သွားမိ၏။ "အဲတာက တစ်ကယ့်ကို ထူးဆန်းနေတယ်"
နှင်းဆီဧကရီက ပြောလိုက်သည်။ "ကျွန်မရဲ့ အထင်အရဆိုလျှင် သတ်ဖြတ်သူက ဒီလူရဲ့ ဦးခေါင်းကို ပို့လိုက်တယ်ဆိုတာ အပြစ်ပုံချချင်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ….."
"ဂိုဏ်းချုပ်"
ရုတ်တရက် ရီရှင်းချန်၏ အသံသည် နဂါးကျောရိုးတောင်ထွတ်ဆီမှ ထွက်ပေါ်လာ၏။ "ဒီကို လာကြည့်ပါအုံး"
ဟမ်
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ သူ၏ အသိစိတ်ကို ဖြန့်ကျက်ကာ ရီရှင်းချန်၏ အခန်းဆီသို့ လှမ်းကြည့်လိုက်သည်။
ရီရှင်းချန်၏ အခန်းထဲမှာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေတော့၏။ ထို့ကြောင့် သူသည် အလောတကြီးဖြင့် တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်တော့၏။ ရီရှင်းချန်၏ စားပွဲပေါ်တွင် သေတ္တာတစ်လုံး တည်ရှိနေပြီး ထိုထဲတွင် ရွှေရောင်တောက်ပနေသော ချပ်ဝတ်တစ်ခု တည်ရှိနေ၏။
"ဒါက "
ကုကျောင်းရှစ်သည် အလျင်အမြန်ဖြင့် ရောက်ရှိလာပြီး ပြောလိုက်သည်။ "ဒါက ဟိုရွှေရောင် ချပ်ဝတ်ပါလား"
ကျွင်းချောင်ရှောင်းသည်လည်း မျက်မှောင်ကုတ်လိုက်မိ၏။ ဤအရာသည် ကျင်းဟောင်ဝတ်ဆင်ခဲ့သည့် ချပ်ဝတ်ပင် ဖြစ်၏။ သို့သော် အဘယ့်ကြောင့် သူ၏တပည့်ဆီတွင် ပေါ်ပေါက်လာရသနည်း။ ထို့ပြင် ထည့်ထားသည့် သေတ္တာသည် ခေါင်းပြတ်ထည့်ထားသည့် သေတ္တာနှင့် ဆင်တူနေ၏။
"အားညို ဘာတွေဖြစ်နေတာလဲ"
ရီရှင်းချန်သည် ဆွံ့အသွားမိ၏။ ဂိုဏ်းချုပ်သည် သူ၏လက်တလော လုပ်ဆောင်မှုများကို သဘောကျသောကြောင့် ဤကဲ့သို့ ရွှေရောင်ချပ်ဝတ်ကို လက်ဆောင်ပေးသည်ဟု ထင်မှတ်ခဲ့သေးသည်။
"ခေါင်းပြတ်ကို ပို့ပေးလိုက်တဲ့သူနဲ့ အတူတူပဲ ဖြစ်ရမယ်"
နှင်းဆီဧကရီသည် သေတ္တာနှင့် ပုံပန်းသွင်ပြင်ကို သေသေချာချာ ကြည့်ရှုပြီးနောက် သုံးသပ်ချက်ကို ပေးစွမ်းလိုက်၏။
ဤစကားလုံးသည် ကျွင်းချောင်ရှောင်းအား ပိုမိုကာ မျက်မှောင်ကုတ်သွားစေ၏။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် ဂိုဏ်း၏ အကာအကွယ်ကို ချိုးဖျက်ကာဖြင့် အထဲကို ဝင်လာနိုင်သည်ဆိုသည့် အဓိပ္ပာယ် ဖြစ်သောကြောင့်ပင်။
"ယောင်္ကျား"
နှင်းဆီဧကရီက ပြောလိုက်၏။ "ပထမဆုံး ရန်သူရဲ့ ဦးခေါင်းပြတ်ကို ပို့လိုက်တယ်။ နောက်တော့ သာမန်ထက်ပိုတဲ့ ချပ်ဝတ်တစ်ခုကို ပို့လိုက်တယ်။ ဒီတော့ ကျွန်မခန့်မှန်းတာ မှန်လောက်ပြီ ထင်တယ်။ တစ်ဖက်လူက ကျွန်မတို့ကို အပြစ်ပုံချချင်တာ မဟုတ်ဘူး"
"အဲလိုဆိုရင် " ကျွင်းချောင်ရှောင်းက သတိအပြည့်ဖြင့် မေးလိုက်၏။
"ရွှေရောင်ချပ်ဝတ်က ကျင့်ဟောင်ပိုင်ဆိုင်တယ်ဆိုတာ လူတိုင်းသိတယ်လေ။ ခေါင်းပြတ်ကြီးနဲ့အတူ ဒါကိုလည်း ပို့လိုက်တယ်ဆိုတော့ သတ်ဖြတ်သူက ပြိုင်စံရှားဂိုဏ်းကဆိုတာ သက်သေပြနေသလို မဖြစ်နေဖူးလား"
"ဒါကတော့ အမှန်ပဲ"
နှင်းဆီဧကရီသည် အတွေးနက်သွားမိပြန်၏။ ကျင်းဟောင်၏ ခေါင်းပြတ်ကြီးနှင့် ရွှေရောင်ချပ်ဝတ်တို့သည် ပြိုင်စံရှားဂိုဏ်းတွင် ပေါ်ပေါက်လာ၏။ ဤအရာသည် ကျွင်းချောင်ရှောင်းအား ဂနာမငြိမ် ဖြစ်စေ၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူများသည် သူ့အား အပြစ်ပုံချကာဖြင့် နယ်မြေဟောခန်း၏ ရန်သူဖြစ်အောင် ပြုလုပ်ချင်သည်ဟု သူထင်မှတ်နေမိသည်။
သူယုံကြည်အားထားရသည့် ဂိုဏ်း၏ ခရမ်းရောင်အကာအကွယ်အစီအရင်သည် အလုပ်မဖြစ်သည်ကိုလည်း သူနားလည်မိ၏။
အချက်အလက်အားဖြင့်နယ်မြေဟောခန်းသည်လည်း လက်တလောတွင် စိတ်ဓာတ်ကျလျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ကုကျောင်းရှစ်၏ နောက်သို့ အမဲလိုက်ရန် တာဝန်ပေးထားသည့် ကျင်းဟောင်၏ သတင်းကို မကြားရသောကြောင့်ပင်။
"အားလုံးပဲ"
တစ်ရက်မှာတော့ ဧကရီလင်းရောင်သည် အထဲဆီသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ "ကျွန်မအနေနဲ့ သတင်းပို့စရာတစ်ချို့ ရှိသေးတယ်"
"ဘာလဲ" အကြီးအကဲတစ်ချို့သည် အေးစက်တည်ကြည်စွာဖြင့် မေးမြန်းလိုက်၏။ ဤအမျိုးသမီးသည် နယ်မြေဟောခန်းတွင် နေရာတစ်ခုကို ရယူထားသည် ဆိုသော်လည်း များပြားလှသည့် ကျင့်ကြံသူများ၏ လေးစားမှုကို မခံရချေ။
ဧကရီလင်းရောင်က ပြောလိုက်သည်။ "စုံစမ်းရသလောက်ဆိုရင် နတ်ဆိုးမြူတောထဲမှာ ရှိနေတဲ့ မွန်းစတားဘုရင်ထွက်ပေါ်လာတာ ကျင်းဟောင် အစီအရင်ချိုးဖျက်ပေးခဲ့တာတဲ့"
"ဘာ …"
အကြီးအကဲတစ်ချို့သည် မတ်တပ်ပင် ထရပ်လိုက်မိကြ၏။ နတ်ဆိုးမြူသားရဲ၏ မတော်တဆဖြစ်ရပ်ကို သူတို့ သတိထားမိြ"မကြာသေးခင်က"
ဧကရီလင်းရောင်က ဆက်ပြောလိုက်၏။ "သံမဏိသစ်ပင်တောထဲမှာ ရှိနေတဲ့ မွန်းစတားဘုရင်ကိုလည်း အဲ့လူပဲ လွတ်လိုက်တာ"
အကြီးအကဲတစ်ချို့၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။ မွန်းစတားဘုရင်များအား စည်းခတ်ထားသည့် တားမြစ်တည်နေရာ တော်တော်များများ တည်ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့ကို စည်းခတ်ထားသည်မှာ နယ်မြေဟောခန်းမှ လူများ ဖြစ်၏။
ဤတည်နေရာရှိ မွန်းစတားဘုရင်များအား စည်းခတ်ထားခဲ့သည်မှာ လေ့ကျင့်သူများလုံလုံလောက်လောက် ကျင့်ကြံနိုင်ရန် ထောက်ပံ့ပေးချင်သောကြောင့်လည်း ဖြစ်သည်။
သို့ပေမဲ့ တစ်စုံတစ်ယောက်သည် မိမိစိတ်ဆန္ဒအတိုင်း စည်းကို ဖြေပေးခဲ့၏။ ဤအရာသည် စည်းမျဉ်းစည်းကမ်း ကို ချိုးဖောက်ရာ ဖြစ်နေသည် မဟုတ်ပါလား။
ဧကရီလင်းရောင်က ပြောလိုက်၏။ "ကျင်းဟောင်က အစီအရင်ချိုးဖျက်တဲ့ အချိန်မှာ အထဲမှာ လေ့ကျင့်နေကြတာ ပြိုင်စံရှားဂိုဏ်းက ဂိုဏ်းချုပ်နဲ့ သူ့တပည့်တွေပဲ။ ဒီတော့ သူက အငှားဓားသုံးပြီးတော့ လူသတ်ချင်နေတာပဲ..."
အကြီးအကဲများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ကျင့်ဟောင်သည် ကျွင်းချောင်ရှောင်းကြောင့် ဒဏ်ရာရရှိပြီး နှစ်နှစ်တိတိ ပြန်လည်အားမွေးခဲ့ရသည်ကို သူတို့သိရှိပြီး ဖြစ်၏။ ထို့ကြောင့်ပင် နာကြည်းချက်များကြောင့် ဥပေဒကို ချိုးဖောက်ခဲ့သည်လည်း ဖြစ်နိုင်၏။
"တားမြစ်တည်နေရာမှာ ရှိနေတဲ့ မွန်းစတားဘုရင်ကို နယ်မြေဟောခန်းက လွှတ်ပေးလိုက်တာဆိုတာ တစ်လောကလုံးကသိရင် ဘာဖြစ်မယ်ထင်လဲ။ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်သာ အသတ်ခံရရင် စီနီယာတုံကု ငြိမ်နေမယ် ထင်လို့လား" ဧကရီလင်းရောင်က ပြောလိုက်သည်။
"ကျင်းဟောင်ရဲ့ ဦးခေါင်းက မြည်းကန်ခံထားရတာလား။ သူက ဘယ်လိုဖြစ်ပြီးတော့ မွန်းစတားဘုရင်ရဲ့ စည်းကို ဖြည်ခဲ့ရတာလဲ။ မြန်မြန် သူ့ကိုဆင့်ခေါ်လိုက်စမ်း။ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
"ဒီကောင်လေးနဲ့ ပက်သတ်ပြီး ဘာသတင်းမှ မကြားရဘူး။ ဖြစ်နိုင်တာက ဒီအကြောင်းကို ကျုပ်တို့သိသွားပြီဆိုတာသိလို့ အဝေးကို ထွက်ပြေးသွားပြီလား မသိဘူး"
ဧကရီလင်းရောင်က ထက်ပြောလိုက်၏။ "ကျွန်မထင်တာပြောရရင် ကျင့်ဟောင်က ကျွင်းချောင်ရှောင်းကို ပစ်မှတ်ထားနေတာ မဟုတ်လောက်ဘူး။ နယ်မြေဟောခန်းနဲ့ စီနီယာတုံကုကို ရန်သူဖြစ်အောင် လုပ်နေတာပဲ"
တစ်ဖက်လူသည် သူ့အား အပြစ်ပုံချအောင် ပြုလုပ်နေသည်လားဆိုတာ ကျွင်းချောင်ရှောင်းသည် မသိရှိချေ။ သို့ပေမဲ့ လက်ရှိအခြေအနေကို ကြည့်ရှုရသည်မှာတော့ ရှိရှိသမျှ အပြစ်များအားလုံးသည် ကျင်းဟောင်ထံသို့ ကျရောက်လျက် ရှိနေ၏။ ကျင့်ဟောင်သည် သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ရှိရှိသမျှ အပြစ်အားလုံးကို ခံယူနေသည်ဟု ဆိုရပေမည်။