အခန်း (၁၄၈၂)
Vol. 100 Ch. 1482
မိုးဆွေဟောခန်းသည် ကျင်းဟောင်အကြောင်းနှင့်ပတ်သက်၍ သေသေချာချာ နှံ့နှံ့စပ်စပ် စတင်ကာ စုံစမ်းတော့၏။ သို့ပေမဲ့ ဤလူ၏အကြောင်းကို စုံစမ်းရှာဖွေရသည်မှာ ဧကရီလင်းရောင်အကြောင်းကို ရှာဖွေရသည်ထက် ပိုမိုကာ ခက်ခဲလွန်း၏။
လဝက်ထိ ကြာမြင့်သွားခဲ့သော်လည်း တန်ဖိုးရှိလှသည့် သဲလွန်စ တစ်ခုတစ်လေကိုမှ မတွေ့ခဲ့ချေ။ နတ်ဘုရားအမြင်ကို ပိုင်ဆိုင်ကြသော စာဖတ်သူများသည် ကျင်းဟောင်မှာ သူလျှိုတစ်ယောက်ဖြစ်သည်ကို ကြိုတင်သိရှိသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသည့် ဟောခန်းသခင်လီ မှာတော့ ထိုအကြောင်းအရာကို မသိရှိချေ။
“ဂိုဏ်းချုပ်”
လီလိုရှုသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဘာသတင်းမှ မကြားရသေးဘူး။”
သူမအနေနှင့် အထက်နယ်မြေကို ရောက်ရှိစဉ်ကတည်းက သတင်းအချက်အလက်များကို ဖြန့်ဝေနိုင်ဖို့ ၊ သတင်းအချက်အလက် ရယူနိုင်မှု ကွန်ယက်ကို ဖြန့်ကျက်ထားနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့၏။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာကဲ့သို့ လွယ်ကူသည်ဟု မခံစားရချေ။ အလွန်တရာခက်ခဲသည့် ပတ်ဝန်းကျင်မျိုးတွင် နေထိုင်နေရသည်ဟုပင် ခံစားနေမိ၏။ ကန့်သတ်ချက်များမှာလည်း အလွန်များပြားလွန်းလှချေသည်။
“အလျင်မလိုနဲ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဖြည်းဖြည်းချင်း စုံစမ်းသွားကြတာပေါ့။”
သေတ္တာပေးပို့လိုက်သည်မှာ တစ်လကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ နယ်မြေဟောခန်းသည် မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့ချေ။ ဆိုလိုသည်မှာကျင်းဟောင်၏ ဦးခေါင်းအား သူ့ဆီသို့ ပေးပို့လိုက်ခြင်းမှာ အပြစ် ပုံချချင်သည်ထက် တစ်ခြားသော ရည်ရွယ်ချက်များ ရှိနေနိုင်သည်။ မည်သည့်အကြောင်းကြောင့် ပေးပို့လိုက်သည် ဆိုခြင်းကိုတော့ သူ့အနေနှင့် အဖြေရှာမရနိုင်ခဲ့ချေ။ ထို့ကြောင့် ဇဝေဇဝါလည်း ဖြစ်လို့နေသည်။
ဟူး
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး တောင်၏အနောက်ဘက်ဆီသို့ လှမ်းလျှောက်လိုက်၏။ တောင်၏ အနောက်ဘက်တွင်တော့ ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများ တည်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သံမဏိသစ်ပင်များသည် ဤတည်နေရာတွင် စိုက်ပျိုးထားပြီး ရေကန်ကြီးကလည်း တည်ရှိနေ၏။
ကုန်းရှန့်အနေနှင့် တတိယအဆင့် တားမြစ်တည်နေရာများကို ဖျက်ဆီးခဲ့သည်ဆိုသော်လည်း ထိုထဲတွင်ရှိနေသည့် တကယ့်ကောင်းမွန်သည့်အရာများအားလုံးကို ယူဆောင်လာခဲ့ပြီးသည့်နောက် သူ၏တောင်အနောက်ဘက်တွင် စိုက်ပျိုးဖန်တီးထားသည်။
အထူးသဖြင့် ရေနတ်မိမယ်ကန်ထဲမှာရှိသော ရေများပင်ဖြစ်သည်။ ထိုအရာများသည် မရီဒန်နှင့်ကြွက်သားများကို ပိုမိုအားကောင်းစေသည်သာမက အသားအရေဖြူဝင်းကာဖြင့် လှပမှုကိုလည်း ပေးစွမ်းနိုင်၏။ တစ်နှစ်ပတ်လုံး ထိုအရာကို သောက်သုံးမည်ဆိုလျှင် အလွန်ကောင်းမွန်သည့်အကျိုးကျေးဇူးကို ရရှိပေလိမ့်မည်။
“တပည့်တွေကို စတိုးထဲမှာရှိတဲ့ သိုင်းပညာအရင်းအမြစ်တွေကို လောလောဆယ်မှာ မပေးဆပ်နိုင်ဘူးဆိုပေမဲ့ အထက်နယ်မြေမှာရှိတဲ့ တစ်ချို့ထူးခြားတဲ့အရာတွေကိုတော့ ပေးအပ်နိုင်သေးတာပဲ။” ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ပြောဆိုလိုက်၏။
နောက်တစ်ရက်မှာတော့ လီလိုရှုသည် သတင်းအပိုင်းအစ တစ်ချို့ကို လှမ်းကာ ပေးပို့၏။ နယ်မြေဟောခန်းသည် ဧကရီလင်းရောင်နှင့် ကျင်းဟောင်တို့အား စေလွှတ်၍ ကုကျောင်းရှစ်အား လိုက်လံဖမ်းဆီးစေသည်။
ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ အချိန်အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ တစ်ယောက်က သေဆုံးသွားခဲ့ပြီဆိုသော်လည်း အခြားတစ်ယောက် မှာတော့ရှိနေသေး၏။ သူ့အနေနှင့် ပိုမိုကာ ဂရုစိုက်ရပေလိမ့်မည်။ ထို့အပြင် ဤအမျိုးသမီးသည် ယခင်တုန်းက ကုကျောင်းရှစ်အား ဖမ်းဆီးမိခဲ့၏။ သို့ပေမဲ့ ပြန်လည်ကာ စေလွှတ်ခဲ့ပြီး ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်၍ သူလျှိုပြုလုပ်ရန်ပင် ခိုင်းစေခဲ့၏။ ဤအရာ၌ မထင်မှတ်ထားသော လှည့်ကွက်တစ်ခုခု တည်ရှိနိုင်၏။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သတ်ကာ ပြောလိုက်၏။ “ငါ့အနေနဲ့ မျှမျှတတ ရှေ့ကို ပေါ်တင်လာပြီး စိန်ခေါ်တဲ့ ရန်သူမျိုးကိုပဲ လိုချင်တယ်။ ဒီလိုမျိုး နောက်ကွယ်ကနေ အကွက်တွေချနေတဲ့ ရန်သူမျိုးကို မလိုချင်ဘူး။”
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာ၏။ တောက်ပလွန်းလှသော ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင် ထားပြီးနောက် ရီရှင်းချန်သည် သာမန်ထက်ပိုကာ သွက်လက်ဖျတ်လတ်သလို ခံစားနေရသည်။
ပထမတုန်းက ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို ဝတ်ဆင်ချင်မိ၏။ သို့ပေမဲ့ သူ့၌ စွန်းဝူခုန်း ဝတ်စုံတည်ရှိနေသည်ကို သတိရလိုက်သောကြောင့် အားညိုကိုသာ ပေးအပ်ခဲ့၏။ ယခု အားညို ဝတ်ဆင်ထားသည့်အချိန်တွင် ပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ်အရှိန်အဝါသည် ပိုမိုကာ အားကောင်းလာသည်ဟု သူပင်ခံစားမိ၏။
“ဘယ်လိုခံစားရလဲ။”
“မဆိုးဘူး။ အရမ်းကောင်းတယ်။”
ရီရှင်းချန်၏ မျက်လုံးများသည် တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်များနှင့် ပြည့်နှက်နေလေသည်။
“ရော့။”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ ပြီးနောက် ရွှေရောင်တောက်ပလျက်ရှိနေသော လှံကြီးကို လှမ်းကာပစ်ပေးလိုက်၏။ “ဒီလက်နက်ကလည်း မင်းအတွက်ပဲ။”
“ကျေးဇူးပါ။ ဂိုဏ်းချုပ်”
ရီရှင်းချန်သည် ထိုအရာကို ရရှိပြီးသည့်နောက် ချက်ချင်းပဲ သွားရောက်ကာ တိုက်ခိုက်ချင်စိတ်များပင် ပေါက်လာခဲ့သည်။
“အဲအမျိုးသမီးကို ကြည့်ရတာ တစ်ချို့အစီအစဉ်တွေ ရှိနေတဲ့ပုံပဲ။ မင်းအနေနဲ့ သေသေချာချာ ဇွဲရှိရှိနဲ့ ကျင့်ကြံဖို့ လိုအပ်နေပြီ။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ရီရှင်းချန်၏ မျက်လုံးထဲတွင်ရှိနေသော တိုက်ခိုက်လိုသည့်ဆန္ဒများသည် သတ်ဖြတ်လိုခြင်းဆန္ဒများအဖြစ်သို့ ပြောင်းလဲ ကုန်၏။
“ဒီအမျိုးသမီး။ ဒီအမျိုးသမီး။”
ဤစကားစုသည် ဧကရီလင်းရောင်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိရှိ၏။ အားညိုသည် အထက် နယ်မြေကို ရောက်ရှိလာပြီးသည့်နောက် သူ့၌ ပြုလုပ်စရာ ရည်မှန်းချက်က တစ်ခုသာရှိ၏။ ထိုအရာမှာ သူ၏ လက်ဖြင့် လင်းရောင်ကို သတ်ဖြတ်ပစ်ရန်ပင်။
ရီရှင်းချန်က ပြောလိုက်၏။ “ဂိုဏ်းချုပ် …. ကျုပ် သွားလေ့ကျင့်တော့မယ်။”
သူ့အတွက် လက်ရှိအခြေအနေ၌ ပိုမိုတိုးတက်လာရန်နှင့် ပိုမို အားကောင်းရန်ဆိုသည်မှာ အရေးကြီးသောအရာပင်ဖြစ်နေလေသည်။
“သွား … သွား။”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ဟောခန်းသခင်လီ …. နယ်မြေဟောခန်းကို စောင့်ကြည့်ထားပြီးတော့ သူတို့ဆီက လှုပ်ရှားမှုတစ်ခုခုဖြစ်ရင် ကျုပ်ကို ပြောအုံး။”
“ကောင်းပါပြီ။”
လီလိုရှုသည် ထွက်ခွာသွားပြီးသည့်နောက် စီစဉ်စရာရှိသည်များကို စတင်ကာ စီစဉ်တော့သည်။
သို့ပေမဲ့ နောက်ထပ်တစ်လသည် ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးသွားခဲ့၏။ သူရရှိခဲ့သည့်သတင်းသည် နယ်မြေဟောခန်း အနေနှင့် ဘာတစ်ခုမှမလှုပ်ရှားဘူးဆိုသော သတင်းပင်ဖြစ်၏။
“ထူးဆန်းလိုက်တာ။” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိနေသည်။
နှင်းဆီဧကရီက ပြောလိုက်၏။ “ဖြစ်နိုင်စရာတစ်ခုပဲရှိတယ်။ နယ်မြေဟောခန်းက ကျင်းဟောင် အသတ်ဖြတ်ခံလိုက်ရတာကို မသိတာလည်း ဖြစ်နိုင်တယ်။”
“ဒါဆိုရင် ကျုပ်တို့ဆီ ခေါင်းပြတ်ကြီးပို့လိုက်တဲ့လူက ကျုပ်တို့ကို အပြစ်ဖို့ချင်လို့ မဟုတ်ဘူးပေါ့။”
“အင်း ….ကျွန်မတို့က တစ်ဖက်တည်းမှာ တည်ရှိနေပြီး မိတ်ဆွေဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်များလား။”
“အဲလိုဖြစ်ဖို့ မျှော်လင့်မိတယ်။”
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအနေနှင့် ခင်မင်ရင်းနှီးချင်၍ ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်ခြင်း ဖြစ်ပါစေ ဟုပင် မျှော်လင့်နေမိ၏။
ဟား ဟား ဟား ဟား ဟား ဟား ဟား ….။
ထိုအချိန်မှာတော့ ဟောခန်းတစ်ခု၏ အတွင်းဘက်မှာ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုက်ရွှမ်အဘိုးအိုသည် စိတ်လှုပ်ရှားစွာဖြင့် အပြင်ဘက်သို့ လျှောက်ထွက်လာသည်။
“ဆရာကြီး …. ခင်ဗျားမိန်းမ ကလေးမွေးလို့လား။” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
“တော်စမ်း။”
အဘိုးကြီးသည် မျက်လုံးများ ချာချာလည်သွားမိ၏။ သူသည် စိတ်လှုပ်ရှားမှုကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်သည်။ “ငါရဲ့ အဆုံးမဲ့တဲ့ကြိုးစားမှုရဲ့အောက်မှာ ဝါးတောင်တန်းနံပါတ်တစ်က တကယ့်ကို ကြီးမားတဲ့တိုးတက်မှုတွေ ရလာပြီလေ။”
“ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ စိတ်ဝင်စားမှုများသည်လည်း ပိုမိုကာ မြင့်တက်လာခဲ့၏။
…
အစီအရင်ဟောခန်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင် ….။
ကျွင်းချောင်ရှောင်း၊ နှင်းဆီဧကရီနှင့် တခြားသောအဆင့်မြင့်အကြီးအကဲများအားလုံးသည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့၏။ ထိုက်ရွှမ်အဘိုးအိုသည် အလယ်ဗဟိုတည်နေရာတွင် မတ်မတ်ရပ်ကာဖြင့် သူ၏ ဦးခေါင်းကို မော့ထား၏။
အားလုံးရောက်ရှိလာသည်ကို မြင်သည့်အချိန်မှာတော့ သူသည် ဝါးတောင်တန်းနံပါတ်တစ်ကို ထုတ်ယူလိုက်၏။ ဤအတောအတွင်း သူ၊ အကြီးအကဲကျန်းနှင့် ရှန့်ကွမ်းရှင်းရောင်တို့သည် များပြားလှသော အစီအရင်များကို လေ့လာခဲ့ပြီး မည်ကဲ့သို့ အဆင့်မြှင့်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ရေတွက်၍မရအောင် များပြားလှသောစမ်းသပ်မှုများကို ပြုလုပ်ပြီးသည့်နောက် စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချနိုင်မည့်နည်းလမ်းကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။
“အင်း … ပုံစံကလည်း ဘာမှမပြောင်းလဲသွားပါလား။”
ကျွင်းချောင်ရှောင်းသည် ခဏလောက် သေသေချာချာ လေ့လာကြည့်ရှုပြီးသည့်နောက် ဝါးတောင်တန်းနံပါတ်တစ် သည် ယခင်ကအတိုင်းပင် ဖြစ်တည်နေသေးကြောင်း နားလည်မိ၏။ ကွာခြားချက်မှာ အပေါ်တွင် ရေးသားထားခဲ့သည့် အစီအရင်များသည် ယခင်ကထက် ပိုမိုကာ ရှုပ်ထွေးပြီး ဆန်းကြယ်လာခြင်း တစ်ခုသာလျှင်ရှိ၏။
“အလျင်မလိုနဲ့လေ။”
ထိုက်ရွှမ်အဘိုးအိုသည် ပြုံးကာပြောလိုက်သည်။ “ဒီနေ့မှာ ငါ မင်းကို အမြင်ကျယ်သွားအောင် လုပ်ပေးလိုက်မယ်။ ကောင်မလေး … အသက်သွင်းလိုက်တော့။”
“အင်း”
ရှန့်ကွမ်းရှင်းရောင်သည် အသာလျှောက်ပြီးသည့်နောက် ဝါးတောင်တန်း နံပါတ်တစ်၏ ခန္ဓာကိုယ်ထဲသို့ ခုန်ဝင် လိုက်၏။ ပြီးနောက် များပြားလွန်းလှသော လက်စည်းသင်္ကေတများကို ပြုလုပ်ပြီး အစီအရင်များကို အသက် သွင်းလိုက်၏။
ဒွီ ဒွီ
ဝါးတောင်တန်းနံပါတ်တစ်၏ ရင်ဘတ်ပေါ်တွင် ရှိသော မျဉ်းကြောင်းများသည် ချက်ချင်းပဲ အသက်ဝင်သွားပြီး အလင်းများ တောက်ပလာခဲ့သည်။
ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက်
မူလအားဖြင့် သစ်သားရုပ်ကြီးတစ်ခုနှင့်ဆင်တူနေသော ဝါးတောင်တန်းနံပါတ်တစ်သည် ရုတ်တရက် အသက်ဝင်လာ ခဲ့ပြီးသည့်နောက် ရှန့်ကွမ်းရှင်းရောင်၏ ထိန်းချုပ်မှုအောက်တွင် လက်သီးကို ဆုပ်ကာဖြင့် နှုတ်ဆက်လိုက်၏။
“ကောင်လေး။”
ထိုက်ရွှမ်အဘိုးအိုသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဒါက အမြုတေပြောင်းလဲခြင်းအဆင့်တစ်နဲ့ ချလို့ရပြီ။”
“ဒီအရာက အမြုတေပြောင်းလဲခြင်းအဆင့်တစ်နဲ့တောင် ချလို့ရနိုင်တယ်ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် အနည်းငယ်အံ့အားသင့်သွား၏။ သို့ပေမဲ့ သူသည် သူ၏ ဒုတိယတပည့်ကို လှမ်းခေါ်လိုက်၏။ “ချင်းယန် .. သွားပြီး တိုက်ခိုက်ချေ”
“ဂျူနီယာညီမလေး”
လီချင်းယန်သည် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျှောက်လာပြီးသည့်နောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “တိုက်ခိုက်ရအောင်။”
ဟူး
ရုတ်တရက် ဝါးတောင်တန်းနံပါတ်တစ်သည် ကြီးမားလှသည့် လက်သီးချက်ကြီးကို ထုတ်ဖော်ကာဖြင့် ရှေ့သို့ တိုးလာခဲ့၏။
ဘုန်း
လီချင်းယန်သည် သူ၏လက်များကို ကြက်ခြေခတ်ပုံစံဖြင့် ခုခံလိုက်၏။ သို့ပေမဲ့ တစ်ဖက်မှ ထိုးနှက်ချက်သည် အလွန် အားကောင်းလွန်းသောကြောင့် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်နိုင်ရန် အနောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားခဲ့ရ၏။ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။
“ဒါက ….”
တင်းရှင်းဝမ်နှင့် တခြားသောသူများသည် ကြောင်အသွားခဲ့၏။ ဝါးဖြင့် ပြုလုပ်ထားသည့် ထူးဆန်းသည့် ဤအရာကြီး သည် အားကောင်းလွန်းလှသော အော်ရာများကို ထုတ်ဖော်မထားသလို ၎င်း၏ အဆင့်ကိုလည်း ခန့်မှန်းရန် ခက်၏။ သို့ပေမဲ့ တကယ့်ပါရမီရှင် အမြုတေပြောင်းလဲခြင်းအဆင့်တစ် ကျင့်ကြံသူတစ်ယောက်ကို လက်သီးတစ်ချက်တည်း နှင့် အနောက်သို့ ဆုတ်ခွာအောင် ပြုလုပ်နိုင်စွမ်းရှိနေ၏။
“အံ့အားသင့်စရာပဲ။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ သူ၏ မှတ်ဉာဏ်အရဆိုလျှင် ဝါးတောင်တန်းနံပါတ်တစ် စတင်ပေါ်ပေါက်လာသည့်အချိန်က လေဟာနယ်ချိုးဖြတ်ခြင်းအထက်အဆင့်နှင့် အလယ်အလတ်အဆင့် သိုင်းကျင့်ကြံသူ တစ်ရာကျော်တို့ကို အနောက်ဘက်သို့ လွင့်စင်သွားအောင်သာ တိုက်ခိုက်နိုင်ခဲ့သည်။
လက်ရှိအချိန်၌ အမြုတေအသွင်ပြောင်းလဲခြင်း အဆင့်တစ် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နိုင်နေပြီဖြစ်၏။ ဤ တိုးတက်မှုသည် တကယ်ပင် ကြောက်ခမန်းလိလိဖြစ်၏။
“ဂျူနီယာညီမလေး”
လီချင်းယန်က ပြောလိုက်၏။ “ငါ တကယ် တိုက်တော့မယ်နော်။”
ပြောပြီးသည့်နောက် သူသည် ဆန်းကြယ်လှသည့် ခြေလှမ်းကွက်များကို အသုံးပြုကာဖြင့် အရှေ့သို့ လှမ်းတက် လိုက်၏။ သူ၏ လက်သီးထဲတွင် ပါဝင်သော စွမ်းအင်များသည် တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့သည်။
သို့ပေမဲ့ သူ လှုပ်ရှားရန်ပြင်လိုက်သည့်အချိန်မှာပဲ ဝါးတောင်တန်းနံပါတ်တစ်သည် ရှေ့ဆီသို့ လှစ်ခနဲ တိုးလာ၏။ သူ၏ ရင်ဘတ်ပေါ်တွင် ရှိနေသော အစီအရင်များသည် ပိုမိုကာ တောက်ပလာခဲ့ပြီး လေထုထဲတွင် တောက်ပသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
ဘုန်း ဘုန်း
ဘုန်း ဘုန်း
အစီအရင်အသက်သွင်းမှုကြောင့် ဖြစ်တည်လာခဲ့သည့် အလင်းတန်းများဖြစ်ပြီး အားအင်အဆင့်မှာလည်း တကယ်ပင် အထင်ကြီးလောက်စရာကောင်းသည်။ ထိုအလင်းတန်းများသည် လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးကိုပင် လင်းထိန်သွားစေသည်။
လီချင်းယန်သည် ရှောင်ရှား လိုက်သည်ဆိုသော်လည်း သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်ဆီသို့ ဆိုးဆိုးရွားရွား ပြုတ်ကျခဲ့၏။ ချက်ချင်းပဲ ရင်ဘတ်ကို ဖိကိုင်ကာဖြင့် ပြန်လည်တိုက်ခိုက်ရန် အားအင် မရှိတော့ချေ။
တိုက်ပွဲအတွင်းမှာတော့ ရှန့်ကွမ်းရှင်းရောင်သည် ဒုတိယစီနီယာအစ်ကိုအား အနိုင်ယူခဲ့၏။ သို့ပေမဲ့ လီချင်းယန် အနေနှင့် ပိုမို၍ နာကျင်ရသည်မှာ သူ၏ အောက်၌ ရှိသော လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး ပျက်စီးသွားခဲ့ခြင်းပင်။