← Chapters

အခန်း (၁၄၈၄)

Vol. 100 Ch. 1484

အခန်း (၁၄၈၄)

Vol. 100 Ch. 1484

ကျွဲရိုင်းစက်ရုပ်၏ ထုတ်လုပ်မှုသည် အမှန်ပင် အလှည့်အပြောင်းများပြီး အားသွန်ခွန်စိုက်နှင့် ကြိုးပမ်းရသည့်အရာလည်း ဖြစ်သည်။

ကျန်သော ဂိုဏ်းသားများ အားလုံးသည်လည်း အလကား မနေကြချေ။ ၎င်းတို့သည် ကြိုးကြိုးစားစားဖြင့် ကျင့်ကြံလျက်ရှိပြီး ဂိုဏ်း၏တာဝန်များကို တစ်စိုက်မတ်မတ်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

“ဒီစက်ရုပ်တွေကို ဘယ်သူ့ကို ပေးရင်ကောင်းမလဲ” ကျွင်းချောင်ရှောင်းသည် စတင်ကာ ဆုံးဖြတ်လိုက်၏။ လီချင်းယန်နှင့် တခြားသောတပည့်များအားလုံးသည် အမြူတေပြောင်းလဲခြင်း ပထမအဆင့်ကို ပိုင်ဆိုင်နေကြ သူများဖြစ်၏။ ထို့ကြောင့် ပထမအဆင့် စွမ်းရည်များကိုသာ ထုတ်ဖော်နိုင်စွမ်းရှိသည့် ကျွဲရိုင်းများကို ပေးလိုက်မည် ဆိုလျှင် ဘာမှထူးခြားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တခြားလူများကို ရွေးချယ်ပေးရန် လိုအပ်နေ၏။

“ဂိုဏ်းချုပ်”

ရွှဲရမ်ကွေ့က ပြောလိုက်၏။ “ကျုပ်တို့ သားရဲစီးဟောခန်းက စက်ရုပ်တွေကို လိုအပ်နေတယ်”

“ဟမ့်”

ခရမ်းရောင်ဘုရင်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “ကျုပ်ကို စိတ်ဝိညာဉ်သားရဲဟောခန်းကလည်း ဒါတွေကို မလိုလို့လား”

“ခန်းမသခင်ကျိ”

ရွှဲရမ်ကွေ့သည် ဆွံ့အသွားမိ၏။ “ခင်ဗျားက သားရဲတွေက ဒီလိုအဆင့်မြင့်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား”

“ဘာကြောင့်လဲ”

ခရမ်းရောင်ဘုရင်သည် ရုတ်တရက် ထရပ်ကာ မေးလိုက်၏။ “မင်းက သားရဲတွေကို အထင်သေး နေတာလား”

ပြိုင်စံရှားဂိုဏ်း၏ ဤဟောခန်းသခင် နှစ်ယောက်တို့သည် ကောင်းမွန်သည့်အရာအတွက် အမှန်ပင် လုယက်ချင်စိတ် ပေါက်မိနေကြ၏။ ထို့အပြင် ကျွဲရိုင်းစက်ရုပ်များသည် အနည်းငယ်သာ တည်ရှိ၏။ ထိုအရာ အတွက် အလုအယက် ရယူရန် မကြိုးစားပါက ဘာတစ်ခုမှ ကျန်ရှိလိမ့်မည် မဟုတ်ချေ။

“ကျုပ်က ခင်ဗျားကို အထင်သေးတာ မဟုတ်ဘူး”

ရွှဲရမ်ကွေ့က ပြောလိုက်သည်။ “ကျုပ်တို့ သားရဲစီးဟောခန်းကမှ ဒါနဲ့ တကယ့်ကို သင့်တော်နေတာ”

“တော်စမ်း”

ခရမ်းရောင်ဘုရင်က ပြောလိုက်၏။ “ကျုပ်တို့ စိတ်ဝိညာဉ်သားရဲဟောခန်းကလည်း တစ်နှစ်ပတ်လုံး လေ့ကျင့်နေကြတာပဲ။ သူတို့ရဲ့ အသိဉာဏ်က ခင်ဗျားတို့ သားရဲစီးဟောခန်းထက် ဘယ်လိုမှ မနိမ့်ကျပါဘူး”

“ခန်းမသခင်ကျိ ပြောတာလည်း ပြောပေါ့။ ခင်ဗျားပိုက်ဆံ အောက်ကိုကျနေပြီ”

“အမ်… ဘယ်မှာလဲ” ခန်းမသခင်ကျိသည် ခေါင်းကို ငုံ့ပြီးသည့်နောက် အတန်ကြာ လိုက်လံရှာဖွေလိုက်၏။ မည်သည့် ပိုက်ဆံမှ ကျမနေသည်ကို သိရှိပြီးသည့်နောက် သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “မင်း ငါ့ကို လိမ်တာလား”

“ဂိုဏ်းချုပ်”

ရွှဲရမ်ကွေ့သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ဟောခန်းသခင်ကိုယ်တိုင်က ဒီလို ကြောင်တောင်တောင် ဦးနှောက်မျိုး နဲ့ ဘယ်လိုလုပ် ကျွဲရိုင်းစက်ရုပ်ကို အသုံးပြုလို့ ရတော့မှာလဲ”

“မင်း”

ခရမ်းရောင်ဘုရင်သည် သူ၏ အဝတ်အစားများကို ချွတ်ကာဖြင့် တိုက်ခိုက်ရန် အဆင့်သင့် ပြင်လိုက်၏။ သူ၏ အသိဉာဏ်သည် တစ်ဖက်လူကို လိုက်မမီနိုင်သော်လည်း သူ၏ အားအင်အဆင့်မှာတော့ တစ်ဖက်လူကို ကောင်းကောင်းရိုက်နှက်နိုင်စွမ်းရှိ၏။

ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို အသာသောက်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်သည်။ “ဒီလို လုပ်ရအောင်။ အခုက ဆယ်ခုရှိတယ်ဆိုတော့ ခင်ဗျားတို့ တစ်ဖွဲ့ကို ငါးကောင်ဆီယူလိုက်။ ဘယ်သူက စက်ရုပ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်လဲဆိုတာ ကြည့်ကြတာပေါ့”

ဟောခန်းနှစ်ခုလုံးသည် စက်ရုပ်ကို လိုချင်ကြ၏။ ထို့ကြောင့် အရည်အသွေးဖြင့်သာ အသိအမှတ်ပြုရပေလိမ့်မည်။

“ကောင်းပြီ” ရွှဲရမ်ကွေ့နှင့် ခရမ်းရောင်ဘုရင်တို့သည် တပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။

တစ်ရက်တည်းမှာပဲ ဟောခန်းနှစ်ခုတို့သည် ဒုတိယမျိုးဆက် ကျွဲရိုင်းငါးကောင်တို့ကို ရရှိခဲ့၏။ အစီအရင်ဟောခန်းသည် ၎င်းတို့အား မည်သို့ အသုံးပြုရမည်ကို သေသေချာချာ ပြသလျက်ရှိ၏။ မည်ကဲ့သို့ တိုက်ခိုက်မည်။ ခုခံမည်နှင့် ပျံသန်းမည်ကို အသေးစိတ်ရှင်းလင်းပြောပြရသည်။

သားရဲစီးဟောခန်း

ကျုံးရီသည် သေသေချာချာ နားထောင်ပြီးသည့်နောက် ကျွဲရိုင်းအတွင်းသို့ ဝင်လိုက်၏။ သူ၏လက်ကို အသာ မြှောက်ကာဖြင့် အစီအရင်ကို အသက်သွင်းနိုင်ခဲ့သည်။

“ဟောခန်းသခင်”

သူသည် ပြုံးကာပြောလိုက်၏။ “ဒါက အရမ်းကို ရိုးရှင်းတယ်”

သားရဲစီးဟောခန်းအတွက် ထိုအရာသည် အလွန်လွယ်ကူလှသည်။ သို့ပေမဲ့ စိတ်ဝိညာဉ်သားရဲဟောခန်း အတွက်တော့ ထိုအရာသည် ကပ်ဆိုးကြီးတစ်ခုလိုပင်။ ခရမ်းရောင်ဘုရင်၊ အကြီးအကဲညိုနှင့် တခြားသောသူများ သည် မှတ်စုစာအုပ်များကို ထုတ်ကာဖြင့် သေသေချာချာ ရေးမှတ်နေကြ၏။ ၎င်းတို့သည် ခေါင်းကိုကုတ်လိုက်၊ ပါးကိုကုတ်လိုက်ဖြင့် ကြောင်တောင်တောင် ဖြစ်နေကြပြီး ဦးခေါင်းမှ အခိုးအငွေ့များပင် ထွက်လျက် ရှိသည်။

“ပြန်ပြောပါအုံး… သေသေချာချာ မကြားလိုက်ရလို့”

…….

လာရောက်သင်ကြားပေးကြသည့် အစီအရင်ဟောခန်းမှ တပည့်များသည် အမှန်ပင် စိတ်ဓာတ်ကျလျက် ရှိ၏။ အကြိမ်ပေါင်းများစွာ အထပ်ထပ် ပြောဆိုခဲ့သော်လည်း တစ်ဖက်လူများသည် သေသေချာချာ ရှင်းရှင်းလင်းလင်း မကြားရဟုသာ တတွတ်တွတ် ပြောဆိုလျက် ရှိနေ၏။ နည်းနည်းလေးမှ နားမလည်ကြချေ။ အားအင် အဆင့် သန်မာခြင်းသည် ကောင်းမွန်လွန်းလှ၏။ သို့ပေမဲ့ လုံလောက်သည့် အသိဉာဏ်မရှိခြင်းမှာလည်း ဆိုးရွား လွန်းလှချေသည်။ အထူးသဖြင့် ဤကဲ့သို့ များပြားလှသည့် အစီအရင်များနှင့် ဖန်တီးထားသည့် စက်ရုပ်တစ်ခုကို မောင်းနှင်နိုင်ဖို့ ဆိုသည်မှာ လုံလောက်သည့် အသိဉာဏ်ကို ပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။

“ခက်ခဲလိုက်တာ”

တစ်ရက်လောက် လေ့လာပြီးသည့်နောက် စိတ်ဝိညာဉ်သားရဲဟောခန်းမှ အဖွဲ့ဝင်များအားလုံး သည် ထိုအရာကို လက်လျော့လိုက်ကြပြီဖြစ်၏။

အဆုံးသတ်မှာတော့ ၎င်းတို့ ရရှိထားသည့် ကျွဲရိုင်းငါးကောင်ကို သားရဲစီးဟောခန်းရှိ လူများဆီသို့ ပေးပို့လိုက်ကြသည်။ သူတို့သည် မနာလိုစိတ် ပြည့်ဝနေသည့် မျက်လုံးများ ဖြင့် တစ်ဖက်ခြမ်းမှ စောင့်ကြည့်ရုံသာ တတ်နိုင်ကြလေသည်။

…….

ရွှီး ရွှီး

မှုန်မှိုင်းနေသည့် တောကြီးတစ်ခုအတွင်းမှာတော့ သိုင်းကျင့်ကြံသူ အနည်းငယ်တို့သည် မြန်မြန်ဆန်ဆန် ဖြင့် လှမ်းလျှောက်လာခဲ့၏။ ၎င်းတို့၏ လှုပ်ရှားသွားလာမှုကို ကြည့်ရှုမည်ဆိုလျှင် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားပြီး သေသေချာချာ ချဉ်းကပ်လာသည့် လေ့ကျင့်သားဝနေသော လူများဟုပင် သတ်မှတ်နိုင်၏။

“ခေါင်းဆောင်”

ခဏလောက်ကြာပြီးနောက် အရှေ့ဆုံးမှာရှိသည့် သိုင်းကျင့်ကြံသူသည် ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်သည်။ “စိတ်ဝိညာဉ် မီးဝံပုလွေတွေ စုဝေးနေကြတဲ့ပုံပဲ”

အသက်နှစ်ဆယ့်ရှစ်လောက်ရှိသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ပြုံးကာဖြင့် ပြောလိုက်၏။ “ဒါတွေ အကုန်လုံးကို ရှင်းလင်းသုတ်သင်နိုင်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ထပ်ရအုံးမှာ မဟုတ်လား”

ဤလူ၏ အားအင်အဆင့်သည် တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်တွင် တည်ရှိ၏။ သူနှင့်အတူ ပါဝင်လာ ကြသည့် နောက်လိုက် နှစ်ဆယ်မှ သုံးဆယ်နီးပါးတို့သည် အဆင့်နိမ့် သို့မဟုတ် အလယ်အလတ်အဆင့် တည်နေရာချိုးဖြတ်ခြင်းအဆင့်တွင် တည်ရှိနေကြ၏။ ၎င်းတို့ အားလုံးသည် ကုန်သည်အဖွဲ့အစည်းတစ်ခုနှင့် ဆင်တူလွန်းလှပြီး တည်ရှိနေသည့် သိုင်းအရင်းအမြစ်များ အားလုံးကို ရှာဖွေကာဖြင့် ရောင်းချသည့် အလုပ်ကို လုပ်ကိုင်ကြသည်။

အာ ဝူး.. အာ ဝူး

ထိုအချိန်မှာတော့ ဝံပုလွေအူသံများသည် တော၏အတွင်းဘက်ဆီမှ ထွက်ပေါ်လာကြ၏။

“မကောင်းတော့ဘူး။ ကျုပ်တို့ကို ရှာတွေ့သွားပြီလား မသိဘူး” နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။

“ညီအစ်ကိုတို့ …”

သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် သူ၏လက်နက်ကို ထုတ်ယူကာဖြင့်‌ ပြောလိုက်၏။ “စိတ်လှုပ်ရှားမနေနဲ့။ အကြီးအကျယ် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ကြ”

ချလွမ် ချလွမ်

သူ၏နောက်လိုက်များ အားလုံးသည်လည်း ပုံသဏ္ဍာန်အမျိုးမျိုးရှိသော လက်နက်များကို ထုတ်ယူလိုက်ကြ၏။ ၎င်းတို့၏ အားအင်အဆင့်များကို စုစည်းပြီးသည့်နောက် အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

အာ ဝူး… အာ ဝူး… အာ ဝူး

ဝံပုလွေအူသံများသည် ပိုမိုကာ နီးကပ်လာ၏။

ဖောက် ဖောက် ဖောက်

ခဏလောက်ကြာပြီးသည့်နောက် ကြမ်းတမ်းလွန်းလှသော သားရဲများသည် တော၏အတွင်းဘက်ဆီမှ ထွက်ပေါ် လာ၏။ အရေအတွက်သည် ဆယ်ကောင်ဆီမှသည် တစ်ရာ၊ တဖြည်းဖြည်းနှင့် အရေအတွက်သည် ပိုမို များပြားလာသည်။

“ခေါင်းဆောင်… များလိုက်တာ” ၎င်း၏နောက်လိုက်များသည် အမှန်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ သို့ပေမဲ့ စိတ်ဝိညာဉ်မီးဝံပုလွေများသည် အကောင်တစ်ရာကျော်သည်အထိ ရောက်ရုံသာမက ဆက်လက်ကာ တိုးတက် နေသည်ကို မြင်ရသည့်အချိန်မှာတော့ အမှန်ပင် ဆွံ့အလျက်ရှိ၏။

“ချီးတဲ့မှ…”

သက်လတ်ပိုင်းခေါင်းဆောင်သည် အော်လိုက်သည်။ “အနောက်ကို ပြန်ဆုတ်ကြ”

၎င်းတို့၏ အားအင် အဆင့်အရဆိုလျှင် တစ်ဒါဇင်ကျော်လောက်ကို ရင်ဆိုင်ရန် ပြဿနာမဟုတ်ချေ။ သို့ပေမဲ့ တစ်ရာကျော်လောက်ကို ရင်ဆိုင်ရန်ဆိုသည်မှာ များပြားလွန်းလှချေသည်။ ဘာမှပင် မလုပ်ရဘဲ အရိုးတခြား၊ အသားတခြားဖြင့် စားသောက်ခြင်းကို ခံရနိုင်၏။

ဆွစ် ဆွစ်

ချက်ချင်းပဲ သိုင်းကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် အနောက်ဘက်ဆီသို့ ပြန်လည်ကာ လှည့်ပြေးတော့၏။

အချိန် အတော်ကြာ ပြေးပြီးနောက် စကားတပြောပြော၊ ရယ်ရယ်မောမော လှမ်းလျှောက်လာခဲ့သော အမဲရောင်ဝတ်စုံနှင့် လူငယ်သုံးယောက်ကို မြင်လိုက်ရသည်။

“ချီးတဲ့မှ… ဒီလောက် အထဲမှာ အုတ်အော်သောင်းနင်း ဖြစ်နေတာကို မကြားဘူးလား မသိဘူး”

“စီနီယာအစ်ကိုတို့... သူတို့က ဘယ်ကို ပြေးသွားတာလဲ။ သူတို့ကို ကြည့်ရတာ ရယ်ချင်စရာကြီး”

“ဒါက စိတ်ဝိညာဉ်သားရဲဝံပုလွေ အဖွဲ့လေးတစ်ခုပဲ မဟုတ်လား”

ထိုကဲ့သို့ ပြောဆိုနေသည်ကို ကြားသည့်အချိန်မှာတော့ သက်လတ်ပိုင်းအရွယ်ခေါင်းဆောင်သည် သွေးအန်လု မတတ်ပင် ဒေါသထွက်သွား၏။ သို့ပေမဲ့ စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လျက်ရှိနေ၏။ “မင်းတို့ကောင်တွေ ဝင်လာရဲတယ်ပေါ့။ ပြီးမှ ထွက်ပြေးဖို့ မကြိုးစားနဲ့”

“ညီအစ်ကိုတို့... သူတို့ရှိရာကို တည့်တည့်ပြေးကြ”

“ကောင်းပါပြီ”

ဆွစ် ဆွစ် ဆွစ်

အားလုံးသောသူတို့သည် ထိုအမဲရောင်ဝတ်စုံနှင့် လူသုံးယောက်ဆီသို့ ရည်ရွယ်ချက်ရှိရှိ ပြေးကြတော့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် စိတ်ဝိညာဉ်မီးဝံပုလွေများ ထိုသူတို့ထံ ရောက်ရှိသွားစေရန်ပင်ဖြစ်၏။

ဟူး ဟူး ဟူး

သိုင်းကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူသုံးယောက်ဆီသို့ တည့်တည့်ပြေးကာ ကျော်ဖြတ်သွားကြသည်။

သို့ပေမဲ့ အမဲရောင်ဝတ်စုံ နှင့် ကျင့်ကြံသူများသည် သူတို့အား ကြည့်ရှုကာ အော်ဟစ်လိုက်၏။ “အရူးတွေ”

“စီနီယာအစ်ကို... စိတ်ဝိညာဉ်မီးဝံပုလွေတွေ ကျွန်တော်တို့ဆီ လာနေပြီပဲ”

ကျင့်ကြံသူအဖွဲ့ သူတို့ကို ကျော်ကာ ထွက်ပြေးသွားပြီးသည့်နောက် ကြမ်းတမ်းလွန်းလှသော စိတ်ဝိညာဉ်မီးဝံပုလွေများ သူတို့ဆီ တည့်တည့်ပြေးလာကြောင်း မြင်လိုက်ရသည်။

“ဒါဆိုလည်း ရှင်းပစ်လိုက်ကြတာပေါ့”

ထိုအသံကို ကြားသည့်အချိန်မှာတော့ အရှေ့မှ ပြေးလျက်ရှိသည့်ခေါင်းဆောင်သည် မည်သို့မှ မနေနိုင်ဘဲ လှမ်းကာ ကြည့်မိလိုက်၏။

“မင်းတို့က တည်နေရာချိုးဖြတ်ခြင်းအဆင့် သိုင်းကျင့်ကြံသူလေးပဲလေ။ ဘယ်လိုဖြစ်ပြီးတော့ စိတ်ဝိညာဉ်မီးဝံပုလွေတစ်ရာကျော်တို့ကို ရှင်းပစ်မယ်လို့ ပြောနေရတာလဲ။ သောက်တလွဲကောင်တွေပါလား”

“ခေါင်းဆောင်.... ကြည့်ပါအုံး”

ထိုအချိန်မှာပဲ သူ၏နောက်လိုက်အသံသည် သူ၏အတွေးအား ဖြတ်တောက်ပစ် လိုက်တော့သည်။ အလောတကြီးဖြင့် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။

လူငယ်သုံးယောက် သည် ဝတ်ဆင်ထားသည့် အမဲရောင်ဝတ်စုံတို့ကို ချွတ်ပစ်လိုက်၏။ အတွင်းတွင်တော့ ထူးဆန်းပြီး လှပလှသည့် ဂိုဏ်းဝတ်စုံတစ်ခုသည် ပေါ်ပေါက်လာခဲ့ပြီး ရင်ဘတ်တွင် ပြိုင်စံရှားဂိုဏ်းဟု ရေးသားထား၏။ ခါးတွင်ရှိနေသော ကျောက်စိမ်းပြားတွင်တော့ သားရဲစီးဟောခန်းဟု ရေးသားထားသည်ကို မြင်လိုက်ရသည်။

“ပြိုင်စံရှားဂိုဏ်းလား”

“သူတို့က ပြိုင်စံရှားဂိုဏ်းကပေါ့”

အားလုံးတို့ အံ့အားသင့်လျက်ရှိနေတုန်းမှာပဲ ဤလူငယ်သုံးယောက်တို့သည် လက်များကို ယမ်းခါလိုက်၏။ ပြီးသည့်နောက် သူတို့၏ရှေ့တွင် အမဲရောင်စက်ရုပ်ကြီးသုံးရုပ်က ပေါ်ပေါက်လာ၏။ သူတို့သည် ထိုအထဲသို့ ဝင်ရောက်ပြီးသည့်နောက် လက်စည်းသင်္ကေတများကို ပြုလုပ်ကာ အစီအရင်များကို အသက်သွင်းလိုက်၏။

စက်ရုပ်၏ မျက်လုံးများ၌ အနီရောင်အလင်းတန်းများ တောက်လောင်လာပြီးသည့်နောက် အမှန်ပင် ထွန်းတောက်လာခဲ့တော့၏။ စက်ရုပ်ကြီးသည် အနောက်ဘက်သို့ လက်လှမ်းပြီးနောက် ထက်မြလှသည့် ဓားတစ်စင်းကို ထုတ်ယူလိုက်သည်။

“ဒါဘာကြီးလဲ”

သက်လတ်ပိုင်းအရွယ်ရှိသည့်လူနှင့် သူ၏နောက်လိုက်များသည်လည်း ဆွံ့အသွားခဲ့ကြတော့၏။ ဤအရာ ဘာဖြစ်သည်မှာ ကိစ္စမရှိချေ။ ပြိုင်စံရှားဂိုဏ်းသားများသည် စက်ရုပ်ကြီးကို အသက်သွင်းပြီးနောက် ရက်စက်လှသည့် သတ်ဖြတ်ပွဲကြီးသည် စတင်ကာ ဖြစ်ပွားခဲ့တော့၏။

ဟူး ဟူး ဟူး

ဓားအလင်းတန်းများသည် ဖြတ်သန်းသွားတိုင်း လေများတဟူးဟူး တိုက်ခတ်စေသည်။

ဇွိ ဇွိ ဇွိ

ချက်ချင်းပဲ အလင်းတန်းများနှင့်အတူ သွေးများလွင့်စင်လာခဲ့၏။ လေထဲတွင် ခြေပြတ်လက်ပြတ်များသည် လွင့်စင်လျက် ရှိနေ၏။

ချလွမ်

ခဏလောက်ကြာပြီးသည့်နောက် စက်ရုပ်ကြီးသည် ၎င်း၏ဓားအိမ်ထဲသို့ ဓားကိုပြန်ထည့်လိုက်၏။ သေသေချာချာ ကြည့်ရှုမည်ဆိုပါက ဓားတွင် ဖန်းဟူသောစာလုံး ရေးသားထားသည်ကို မြင်ရပေလိမ့်မည်။

ဤစက်ရုပ်ကြီးသုံးခုသည် မတူညီသည့်တည်နေရာသုံးခုတွင် ခပ်မတ်မတ် ရပ်လျက် ရှိနေပြီး များပြားလွန်းလှသော စိတ်ဝိညာဉ်မီးဝံပုလွေအလောင်းများကို ကြည့်ရှုလိုက်၏။ မြေပေါ်တွင်တော့ သလင်းအမြူတေများသည် ပျံ့နှံ့လျက် ရှိနေ၏။

သက်လတ်ပိုင်းအရွယ်ခေါင်းဆောင်၏ ခြေထောက်များသည် တုန်ယင်လျက် ရှိနေ၏။ သူသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက် ရှိနေ၏။ “ဒါ ဘယ်လိုမွန်းစတားမျိုးတွေလဲ။ ငါ့ကိုပြောစမ်း”

ဆွစ်

တပည့်သုံးယောက်တို့သည် စက်ရုပ်ကြီးအတွင်းမှ ခုန်ထွက်လာပြီးသည့်နောက် တိုက်ပွဲတည်နေရာကြီးထဲတွင် ရှိနေသော မီးဓာတ်အမျိုးအစား သလင်းအမြူတေများကို လိုက်လံကာ သိမ်းဆည်းလိုက်၏။ ပြီးနောက် သားရဲများ ၏ အရေခွံနှင့် အရိုး ၊ အရည်များပါ မကျန် သိမ်းကြတော့သည်။

သူတို့အားလုံး သိမ်းဆည်းပြီးသည့်နောက်မှာတော့ အသံပို့ချက်တစ်ခုကို လက်ခံရယူလိုက်၏။

“အထဲမှာ ဂျူနီယာ ညီလေးတစ်ယောက်က ဂိုဏ်းရဲ့တာဝန်ကို ပြုလုပ်ရင်း ဒုက္ခရောက်နေတယ်။ ငါတို့ မြန်မြန်သွားကယ်ကြရအောင်”

“သွားကြစို့”

၎င်းတို့သုံးယောက်သည် ကျွဲရိုင်းထဲသို့ ပြန်လည်ဝင်ရောက်ပြီးသည့်နောက် ပျံသန်းနိုင်သည့် အစီအရင် ကို အသက်သွင်းကာဖြင့် ပျံသန်းသွားကြသည်။

ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် မနည်းအားတင်းကာ ပြုံးလိုက်ရ၏။ “ဟား ဟား ဟား... ငါ သရဲတစ္ဆေတွေကို မြင်ခဲ့တာပဲ ဖြစ်ရမယ်”

............

အင်မော်တယ်တောင်၏ အနီးအနားတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် ရူးသွပ်မတတ်ပင် ဖြစ်နေ ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အပြင်ဘက်၌ လေ့ကျင့်နေရင်း ပြိုင်စံရှားဂိုဏ်းတပည့်များ ရောက်ရှိ လာကာ အမဲရောင်အရာကြီးကို ထိန်းချုပ်၍ တိုက်ခိုက်သွားလိုက်၊ ပျံသန်းသွားလိုက် အခြေအနေမျိုးကို မြင်နေရ သောကြောင့်ပင်။

ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ထိုကဲ့သို့သော တိုက်ခိုက်မှုအားအင်သည် အမြူတေ နောမည်မရှိသော တားမြစ်တည်နေရာတချို့တွင် ရှိနေသော တကိုယ်တော် သိုင်းကျင့်ကြံသူများအားလုံးသည် စိတ်ပျက်လက်ပျက်ဖြင့် မတ်မတ်ရပ်လျက် ရှိနေကြသည်။

အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေရသနည်း။ အဘယ်ကြောင့် ဆိုသော် မကြာသေးခင်က ပြိုင်စံရှားဂိုဏ်း၏ တပည့်ဆယ်ယောက်ကျော်တို့သည် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ ပြီးနောက် အထဲတွင် ဘာတစ်ခုမှ မကျန်တော့သည်အထိ ပြောင်သလင်းခါသွားခဲ၏။

ဤကဲ့သို့သော ကိစ္စရပ်များသည် တားမြစ်တည်နေရာအသီးသီးတွင် ဖြစ်ပွားလျက် ရှိနေတော့သည်။

All Chapters