အခန်း (၁၄၉၀)
Vol. 100 Ch. 1490
အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးအားလုံးကို တူးထုတ်ပြီးသည့်နောက် ရမ်ရှမ်သည် အနည်းငယ် စိတ်မရိုးမရွ ခံစားနေရသည်။ ထူးဆန်းသည့်ခံစားချက်ကြောင့် သူသည် အတွင်းပိုင်းဆီသို့ လှမ်းဝင်ရန် ကြိုးစားခမိ၏။ အထဲသို့ ရောက်ရှိပြီး နံရံတစ်ခုကို ထိတွေ့သည့်အချိန်မှာတော့ ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများသည် ပိုမိုကာ များပြားနေကြောင်း ခံစားလာမိ၏။
“ချီးတဲ့မှ … ဒါဘာကြီးလဲ။”
“ဂိုဏ်းချုပ် …. ဒီကို မြန်မြန်လာကြည့်ပါအုံး။”
ကျွင်းချောင်ရှောင်းသည် ထိုအသံကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ လှမ်းလာခဲ့တော့၏။ မျက်စိနှင့်ပင် မြင်တွေ့ နိုင်အောင် အားကောင်းလှသည့် ဓာတ်သဘာဝများသည် မြေဆီလွှာများထဲမှ စိမ့်ထွက်လျက်ရှိ၏။ သူ၏ မျက်လုံးများသည် ချက်ချင်းပဲ လင်းလက်သွားခဲ့သည်။
ကုကျောင်းရှစ်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး …. ဒါက မိခင်စိတ်ဝိညာဉ်ကျောက်တုံးပဲ။”
“တူး တူး တူး”
ကျွင်းချောင်ရှောင်းသည် အလျင်အမြန် အမိန့်ပေးလိုက်၏။ တပည့်များသည် သေးငယ်လှသော ဂေါ်ပြားများကို ထုတ်ယူကာဖြင့် ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများပြည့်နှက်လျက်ရှိနေသည့် တည်နေရာကြီးကို တူးထုတ် တော့၏။
ပြီးသည့်နောက် လူတစ်ယောက်၏ အရွယ်အစားရှိသော လှိုဏ်ဂူတစ်ခုသည် လျင်လျင်မြန်မြန်ပဲ ဖြစ်တည်လာ၏။ ကီလိုမီတာအနည်းငယ်အထိ တူးထုတ်ပြီးသည့်နောက် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့၏။ ဤအရာသည် မြေကြီး၏ အတွင်းပိုင်းတွင် နစ်မြုပ်လျက်ရှိနေသော ကြီးမားလှသည့် ကျောက်တုံးကြီး တစ်ခုပင်ဖြစ်သည်။ ထိုကျောက်တုံးကြီးသည် အလင်းတန်းများနှင့် တောက်ပနေခဲ့ ၏။ အလွန်ပင်ကြည့်လို့ကောင်းလှ၏။ ဤအရာသည် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးပင်ဖြစ်သည်။
မူလအားဖြင့် များပြားလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများ၏ အတွင်းတွင် နစ်မြှုပ်လျက်ရှိနေသည့် အရာမျိုးပင်ဖြစ်တော့၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဒီတစ်ခါတော့ ကျုပ်တို့ တကယ့်ကို ချမ်းသာပြီပဲ။”
မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးသည် အလွန်အားကောင်းလွန်းသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပါဝင်လျက်ရှိ၏။ ထိုအရာသည် အသွင်အပြင်ကို ကြည့်ရှုလိုက်သည်နှင့် သိရှိနိုင်စွမ်းရှိနေ၏။
သို့ပေမဲ့ ၎င်း၏ အစစ်အမှန်အသုံးပြုမှုသည် စိတ်ဝိညာဉ်ကျောက်တုံးများကဲ့သို့ စုပ်ယူရသည်မျိုး မဟုတ်ချေ။ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်တည်လာအောင် ထုတ်လုပ်ပေးသည့်အရာလည်း ဖြစ်သည်။ ဤအရာ၏ တန်ဖိုးသည် ပိုက်ဆံနှင့်ပင် တိုင်းထွာ၍ မရနိုင်ချေ။
ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးကို ထည့်သွင်းလိုက် ၏။ ပြီးနောက် သူ၏ မျက်နှာကို ဖုံးကာကာ ပြောလိုက်၏။ “ပျော်ရွှင်မှုဆိုတာ ရုတ်တရက် ရောက်ရှိလာတာပဲ။”
အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကျော်ကို ရရှိခဲ့သည့်အပြင် ထိုကဲ့သို့သော စိတ်ဝိညာဉ် ကျောက်တုံးများကို ဖန်တီးပြုလုပ်ပေးနိုင်သည့် ပင်မမိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးကြီးကိုလည်း ရရှိခဲ့၏။ ကျောက်စိမ်းတောင်တန်းဆီသို့ လာရောက်ရသည့်ခရီးသည် အမှန်ပင် အကျိုးအမြတ်များလွန်းလှသည်။
…
လှိုဏ်ဂူ၏ အတွင်းပိုင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ရှိရှိသမျှသော ပစ္စည်းများကို သိမ်းဆည်းရယူကာဖြင့် ပြန်လာခဲ့၏။ မည်သည့်သဲလွန်စမှ မကျန်ရှိရန်ပင် ဖြစ်၏။
အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်ပြီးသည့်နောက် ဤတည်နေရာကြီးထဲတွင်ရှိနေသော ဓာတ် သဘာဝများသည် ပျောက်ကွယ်မသွားခဲ့ချေ။ အစီအရင်၏အကျိုးသက်ရောက်မှုသည် ပျောက်ကွယ်သွားသည်ဆိုသည် နှင့် အားကောင်းလွန်းလှသော ဓာတ်သဘာဝများသည် အပြင်ဘက်သို့ ထွက်ပေါ်ပြီး တခြားသောဂိုဏ်းကြီးများကို ဆွဲဆောင်တော့မှာဖြစ်သည်။
“လက်ခံသူက အရမ်းကို သတိထားလွန်းနေပြီ။” စနစ်က ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိသည်။ “ငါ့ဆီမှာ အလုံးစုံစွမ်းအင်မျိုးကို မရှိရင် တစ်လောကလုံးကို ဘယ်လိုလုပ် ပြဿနာရှာလို့ရမှာလဲ။ ငါသတိထား ရတယ်ဆိုတာ သဘာဝပဲလေ။”
“ကောင်းပြီ။”
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အကြံအစည်တစ်ခုကို ရရှိလိုက်၏။ သူ၏ မျက်လုံးများသည် လင်းလက်သွားခဲ့ တော့၏။ “စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းနဲ့ ပတ်သက်ပြီး ငါလုပ်နိုင်တာ ရှိသေးတယ်။”
“ဘာလဲ။”
ကျောက်စိမ်းတောင်တန်းသည် အနောက်မြောက်ဘက်ဒေသတွင် တည်ရှိ၏။ ဧကရီလင်းရောင်သည် ဤတည်နေရာ တွင် နေထိုင်သည်။ မိုင်းတွင်းသာ ပေါ်လာသည်ဆိုပါက အဓိကဂိုဏ်းများသည် သူမဆီသို့ လာရောက်ကာ ရှာဖွေမည် မဟုတ်ပါလား။
ကုန်းရှန့်သည် ဤအမျိုးသမီးနှင့် ပတ်သက်သည့် တစ်ချို့သောစီစဉ်စရာများကို စီစဉ်ရပေလိမ့်မည်။ သို့ပေမဲ့ ဤအစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသည် ဧကရီလင်းရောင်တူးထုတ်သွားခဲ့ပြီဖြစ်ကြောင်းကို များပြား လှသော ဂိုဏ်းအသီးသီးတို့ ယုံကြည်အောင် ပြုလုပ်ဖို့ဆိုလျှင် ကောင်းမွန်သည့် အစီအစဉ်ကြီးတစ်ခု ဖန်တီးရန် လိုအပ်နေ၏။
“အင်း … မိုင်းတွင်းကြီး ပေါ်လာပြီး ဘာတစ်ခုမှ မရှိတော့ဘူးဆိုရင် သူမ ဘာဖြစ်သွားနိုင်လဲ။”
လှိုဏ်ဂူထဲတွင်ရှိနေသော အစီအရင်သည် အသက်ဝင်ရန် နှစ်ဝက်နီးပါးခန့် ကျန်ရှိသေး၏။ ကျွင်းချောင်ရှောင်းသည် ထိုအရာကို ခဏတာ ဖျောက်ကွယ်ထားသည် ဆိုသော်လည်း အချိန်မရွေး ပြန်လည်ကာ အသက်သွင်းနိုင်စွမ်းရှိနေသည်။
“ဧကရီလင်းရောင်ကို ဒီနေရာအထိ ရောက်အောင် မြူဆွယ်ပြီးတော့ အစီအရင်ကြီးတစ်ခုလုံးကို ဖွင့်ထားလိုက်မယ် ဆိုရင်ရော ….. ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းလိုက်မလဲ။”
သို့ပေမဲ့ မည်ကဲ့သို့ ဧကရီလင်းရောင် ရောက်ရှိလာအောင် ပြုလုပ်မလဲဆိုသည်မှာတော့ မသိရှိနိုင်ချေ။
“ညီလေး။”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “အဲအမျိုးသမီးကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း မင်းဆီမှာ ရှိလား။”
ကုကျောင်းရှစ်သည် ခေါင်းကို ခါရမ်းလိုက်မိ၏။ “ကျုပ် သူ့ကို ဆက်သွယ်လို့မရနိုင်ဘူးလေ။”
ဧကရီလင်းရောင်နှင့် သူသည် သဘောတူညီချက်တစ်ခုရှိသည်။ သို့ပေမဲ့ သဘောတူညီချက်သာရှိသည်။ ဆက်သွယ်နိုင်မည့် တစ်ခြားအချက်အလက်များကိုတော့ မေးမထားမိချေ။
စနစ်က ပြောလိုက်သည်။ “တကယ်တော့ လက်ခံသူအနေနဲ့ သူမကို ဒီနေရာအထိ ဆွဲခေါ်စရာ မလိုဘူးလေ။ ပြဿနာကို သူမဆီ သွားပေး ထားလိုက်ရုံပဲလေ။”
“သွားပေးထားရမယ်ဟုတ်လား။”
ကျွင်းချောင်ရှောင်းက ကြောင်သွား၏။
“ဘာကိုဆိုလိုတာလဲ။”
“ဒီတော့ ဒီစိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအလွတ်ကြီးနဲ့ အစီအရင်တစ်ခုလုံးကို ဧကရီလင်းရောင်ရဲ့ နယ်မြေနားမှာ ထားလိုက်မယ်ဆိုရင်ရော။”
စနစ်သည် ပြောင်းလဲသွားခဲ့၏။ သူသည် အမှန်ပင် တစ်ခြားသူကို ဒုက္ခပေးနိုင်ရန်အတွက် လက်ခံသူကို အကြံဉာဏ်ပင် ပေးလို့နေလေသည်။
“ဒါက ….”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ “ဒါ တကယ့်ကို အကြံအစည်ကောင်းပဲ။”
အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသည် ၎င်း၏ အိမ်ရှေ့နားသို့ ရောက်ရှိလာခဲ့၏။ အထဲသို့ ဝင်ခြင်းမပြုပါဟု ပြောဆိုမည်ဆိုလျှင် မည်သူက ယုံကြည်မည်နည်း။
သို့ပေမဲ့ သူ မည်ကဲ့သို့ ရွှေ့ပြောင်းရမည်နည်း။ ဤအရာသည် ပစ္စည်းတစ်ခုသာဆိုလျှင် သိုလှောင်လက်စွပ်ထဲသို့ ကောက်ကာ သိမ်းဆည်းသွားရုံပင်ဖြစ်သည်။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းဆိုသည်မှာ ကြီးမားလွန်းလှချေ သည်။ တစ်ခါတည်း ရွှေ့သွား၍ မဖြစ်နိုင်ချေ။
ထျန်းယွမ်အကျဉ်းထောင်စေတီသည် ထိုကဲ့သို့ ပစ္စည်းများကို သိမ်းဆည်းနိုင်သည့် လုပ်ဆောင်နိုင်မှုမျိုး ရှိသည်ဆို သော်လည်း အထဲတွင်ရှိနေသည့် တည်နေရာမှာ အကန့်အသတ် တည်ရှိနေ၏။ မဟုတ်ပါက သံမဏိအရိုးတောင် တစ်ခုလုံးကိုပင် သူအထဲသို့ ထည့်ကာ လျှောက်သွားနေမှာဖြစ်သည်။
စနစ်က ပြောလိုက်၏။ “တကယ်လို့ တစ်စုံတစ်ခုမသေချာဘူးဆိုရင် စတိုးကို သွားကြည့်လိုက်လေ။”
“ချီးတဲ့မှ။”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိသည်။ “ငါ့ကို ဒီလိုအကြံအစည်တွေပေးနေတာ အခြားအကြောင်းအရာမဟုတ်ဘူးပဲ။ စတိုးဆီ သွားစေချင်တာကိုး။”
ကုန်းရှန့်အနေနှင့် စတိုးကို မဖွင့်ခဲ့ချေ။ ထိုအစား မေးလိုက်၏။
“ဆရာကြီး …. ဒီမိုင်းတွင်းကို ဘယ်သူမှ မသိအောင် တစ်ခြားတစ်နေရာဆီ ရွှေ့ဖို့ ဖြစ်နိုင်လား။”
ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်သည်။ “အထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိတော့ဘူးလေ။ ဘာလို့ ရွှေ့မှာလဲ။”
“ရွှေ့လို့ကောရနိုင်လား။”
“ရတာပေါ့။”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။
စနစ်သည် စိတ်ဓာတ်ကျသွားမိသည်။ “သောက်ဂိုဏ်းထဲမှာ ရှိတဲ့ လူတွေအကုန်လုံးကလည်း ပါရမီရှင်တွေကြီးပါပဲလား။ ဘယ်လိုဖြစ်ပြီးတော့ စတိုးက ဟန်ပြသက်သက်ဖြစ်နေတယ်လို့တောင် ခံစားနေမိတာလဲ။”
အမှန်ပင်ဖြစ်သည်။ မိုင်းတွင်းကြီးတည်ရှိကြောင်း စနစ်သည် အထူးတာဝန်တစ်ခု အနေဖြင့် ကြိုတင်ကာ ပြောပြခဲ့သော်လည်း ရှေးရွက်သင်္ဘောကြီးသည် စနစ်ဆီမှ ဝယ်ယူထားသည့် အရာမဟုတ်သလို၊ ရမ်ရှမ်သည် စနစ်မှ ဖန်တီးထားသည့် လူတစ်ယောက်မဟုတ်ချေ။
ထို့အတူ ထိုက်ရွှမ်အကြီးအကဲသည် အစီအရင်ကို ချိုးဖြတ်ခဲ့သည်။ ထို့ကြောင့် ဂိုဏ်းသည် ဂိုဏ်းအပေါ်တွင်သာ မှီခိုပြီး ပြုလုပ်သွားခဲ့၏။
စိတ်ဝိညာဉ်ကျောက်တုံးတူးသည့်စက်သည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ဆိုသော် လည်း ကိစ္စသေးသေးလေးမျှသာ ဖြစ်သည်။ ထိုအရာမရှိလျှင်တောင်မှ တပည့်များအားလုံးသည် မိမိဘာသာ တူးထုတ် နိုင်စွမ်းရှိနေကြ၏။ အချိန်အနည်းငယ်ကြာမြင့်သည်သာလျှင်ရှိပေလိမ့်မည်။
အတိတ်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် စနစ်ကို အစဉ်အမြဲအားကိုးခဲ့ရ၏။ လက်ရှိအခြေအနေမှာတော့ သူ့ဘာသူ လျှောက်လှမ်းနိုင်ဖို့ လမ်းကို ခင်းနေပြီ ဖြစ်၏။
အောက်နယ်မြေတွင် နေထိုင်ခဲ့စဉ်က ကုန်းရှန့်သည် ဆေးလုံးနှင့်သားရဲဆေးလုံးများကို ရောင်းချရာတွင် သူ၏ စနစ်ဆီမှာ ရှိနေသော ဆေးလုံးခန်းမဆောင်ကို အသုံးပြုကာ သန့်စင်ခဲ့ရ၏။ သူသွားနေသည့် လမ်းကြောင်းသည် ယခင်နှင့် ဆင်တူလှသော်လည်း လက်ရှိ ဆေးဖော်စပ်သည့် လူများသည် ဆေးလုံးဌာနချုပ်မှ ဆေးပညာရှင်များကို ငှားရမ်းကာ ပြုလုပ်ခိုင်းနေခြင်းဖြစ်၏။
တစ်စုံတစ်ယောက်က ပြောစရာရှိသည်မှာ သန့်စင်ခဲ့သည့် မြေများကို အသုံးပြုခြင်းကြောင့်မဟုတ်ဘူးလားဟု ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ ယခုအခြေအနေမှာတော့ စနစ်က ဖန်တီးထားသည့် သန့်စင်သည့်မြေကို ဖန်တီးပြုလုပ် နိုင်သည့် ရတနာသည် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်နေ၏။ သို့ပေမဲ့ အထက်နယ်မြေတွင် ရှိနေသော ဆေးဆိုင်ခွဲများအားလုံးသည် ဆိုင်ခွဲအနှံ့ ဖွင့်လှစ်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သာမန်ဆေးလုံးများကို ရောင်းချမည် ဆိုလျှင်တောင် အကျိုးအမြတ်က ရရှိနိုင်မှာဖြစ်၏။
ကျွင်းချောင်ရှောင်းသည် တကယ်ပင် စနစ်ကျကျဖြင့် အလုပ်ကြိုးစားခဲ့တော့၏။ အနာဂတ်တွင် သူသည် စနစ်ကို မှီခိုခြင်းမရှိဘဲ သူ့ဘာသူ မှီခိုနိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်အောင် ကြိုးစားလျက်ရှိနေတော့သည်။
…..
မိုင်းတွင်းကို ရွှေ့လျားနိုင်မည့် နည်းလမ်းသည် အလွန်ပင် ရိုးရှင်းလွန်းလှ၏။ သတ်မှတ်ထားသည့် တည်နေရာတစ်ဝိုက်၌ အစီအရင်တစ်ခုကို ဖန်တီးပြီး ထိုအရာကြီးတစ်ခုလုံးကို ဖြုတ်ယူကာ ရွှေ့ပြောင်းလိုက်ခြင်းပင်ဖြစ်၏။
ထို့ကြောင့် ထိုက်ရွှမ်အဘိုးအိုသည် အမှန်ပင် အလုပ်များလျက်ရှိ၏။ သူသည် တည်နေရာအနှံ့အပြားတွင် အစီအရင် အလံများကို စိုက်ထူလျက်ရှိ၏။ အစီအရင်များသည် အချင်းချင်း ချိတ်ဆက်ပြီးသည့်နောက် မိုင်းတွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့၏။ ကြည့်ရှုရသည်မှာ ကြီးမားလှသည့် လေးထောင့်ပုံသဏ္ဍာန်တစ်ခုအဖြစ် အားလုံးကို လှီးဖြတ်ကာ ယူသွားသည့် ပုံစံမျိုးပင်။
“မ မယ်။”
ကျွဲရိုင်းစက်ရုပ်များကို ဦးဆောင်ထိန်းချုပ်နေသည့် ကျုံးရီသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဂျိမ်း
ချက်ချင်းပဲ စက်ရုပ်တစ်ရာကျော်တို့သည် အစီအရင်၏ အပြင်ဘက်ဆီမှ လှမ်းကာ မလျက်ရှိနေ၏။ အဆင့်မြင့် သီးခြားဖြစ်တည်ခြင်းအစီအရင်တည်ရှိနေသည်ဖြစ်သောကြောင့် ဤမြေပြင်တစ်ခုလုံးသည် ဆွဲမခြင်း ခံလိုက်ရကြောင်း မည်သူမှ မြင်ရလိမ့်မည်မဟုတ်ချေ။
မိုင်းတွင်းကြီးကို ဖယ်ရှားပြီးသည့်နောက်မှာတော့ မြေပြင်တစ်ခုလုံးသည် အချိုင့်ကြီးအဖြစ် ကျန်ရစ်ခဲ့၏။ ကျွင်းချောင်ရှောင်းသည် သဲလွန်စဟူ၍ တစ်ခုလေးမှ မထားခဲ့နိုင်ချေ။ ထို့ကြောင့် တောဝက်ရိုင်းလေးကို ခေါ်ဆောင်ကာဖြင့် ဤမြေတည်နေရာကြီးတစ်ခုလုံးကို ဖို့ပစ်ရန် မှာကြားလိုက်၏။
“သွားကြရအောင်။ လင်းရောင်ရဲ့ နယ်မြေကို။”