အခန်း (၁၄၉၁)
Vol. 100 Ch. 1491
အနောက်မြောက်ပိုင်းဒေသရှိလူများသည် ဧကရီလင်းရောင်ကို မတွေ့ဘူးကြချေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် သီးသန့်ဆန်ပြီး တွေ့ရှိရန်ခက်ခဲလွန်းလှသောကြောင့်ပင်။
သို့ပေမဲ့ လင်းရောင်နယ်မြေကိုတော့ အသက်သုံးနှစ် သို့မဟုတ် ငါးနှစ်အရွယ်ကေလး တောင်မှ လမ်းညွှန်ပြသနိုင်စွမ်းရှိ၏။ ဤလွတ်မြောက်နယ်မြေတွင် ထူးဆန်းလှသော တည်နေရာရွေ့ပြောင်းခြင်း တံခါးတစ်ချပ် တည်ရှိနေ၏။ ဤအရာသည် အမှတ်သင်္ကေတပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် မိုင်းတွင်းတစ်ခုလုံးကို ယူဆောင်ပြီး ခရီးနှင်လာခဲ့သည်။ ရက်အနည်းငယ် ကြာပြီးသည့်နောက် အစိမ်းရောင်မြက်ခင်းပြင်ကြီးရှိရာဆီသို့ ရောက်ရှိလာသည်။
အဝေးက ကြည့်ရှုလျှင် ကောင်းကင်နှင့် မြေကြီးကြားတွင် လေဝဲကြီးတစ်ခု ဖြစ်တည်နေသည်ကို မြင်တွေ့နိုင်သည်။ အားကောင်းလှသော အော်ရာများသည် ထိုမှ ထွက်ပေါ်လာလျက် ရှိနေပြီး လူပေါင်းများစွာတို့အား အံ့အားတသင့်ဖြစ်စေ၏။
"အစ်ကိုကြီး"
ကုရှောင်းရှစ်က ပြောလိုက်သည်။ "ဒါလင်းရောင်ရဲ့ နယ်မြေပဲ"
“ဟမ့်”
ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "အင်း …. ကြီးကျယ်မြတ်မြတ်တဲ့ပုံ ပေါ်နေတာပဲ"
နယ်မြေ၏ အဝင်ဝသည် လောကကြီးတစ်ခုကို ဖွင့်လှစ်လိုက်သည်နှင့် တူညီလှသော်လည်း အတွင်းဖက်တွင် အတားအဆီးများ တည်ရှိနေ၏။ အပြင်ဖက်မှ လူများသည် အထဲသို့ မဝင်ရောက်နိုင်ကြချေ။
ဧကရီလင်းရောင်၏ နယ်မြေဖြစ်သည့်အတွက် မည်သူကမှလည်း ခြေမချရဲကြပေ။
ကျွင်းချောင်ရှောင်းသည် နှခေါင်းရှုံ့လိုက်၏။ "မကြာခင်မှာ ဒီနေရာကြီးက အသက်ဝင် လှုပ်ရှားလာတော့မှာပဲ"
ကောင်းကင်နှင့် မြေကြီး၏ ဆန်းကြယ်လှသည့် ဓာတ်သဘာဝများသည် မိုင်းတွင်းထဲတွင် စုစည်းနေကြပြီး အလုံးစုံ ထုတ်လွင့်လိုက်သည် ဆိုပါက အထက်နယ်မြေတစ်ဝက်လောက်ရှိ သိုင်းကျင့်ကြံသူများ ပါဝင်ပတ်သက်လာမှာ သေချာ၏။ စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ဂိုဏ်းအသီးသီးမှ လူများသည်သာ ရောက်ရှိလာပါက ဤနေရာမှ မြင်ကွင်းသည် မည်မျှလှပလိုက်မည်နည်း။
ဟားဟားဟား ….။
ကျွင်းချောင်ရှောင်းသည် လူယုတ်မာများသာ ရယ်တတ်သည့် ရယ်သံမျိုးကို ရယ်လျက်ရှိ၏။ သူ၏အမူအရာသည်လည်း ပြောင်းလဲသွား၏။
"ကောင်လေး"
ထိုအချိန်မှာပဲ ထိုက်ရွှမ်အဘိုးအိုသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "ဒီလေဝဲရဲ့နားမှာ အစီအရင်တွေ အများကြီးရှိတယ်လေ။ ဒီတော့ အရမ်းကပ်သွားလို့ မဖြစ်ဘူး။ သိသွားလိမ့်မယ်"
ကျွင်းချောင်ရှောင်းသည် အနီးအနားပတ်ဝန်းကျင်ကို ကြည့်ရှုကာပြောလိုက်၏။ "ဒီနေရာမှာ မိုင်းတွင်းကို ထားကြရအောင်"
တည်နေရာသည် လင်းရောင်၏ နယ်နမိတ်နှင့် အကွာအဝေးအနည်းငယ်လှမ်းနေသည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သို့ပေမဲ့ မိုင်းတွင်းတစ်ခုလုံးကို ဤတည်နေရာတွင် ထားရန်မှာတော့ အနည်းငယ် သတိထားရန်လိုနေသေး၏။ မဟုတ်ပါက အခြားသူများ သိရှိသွားနိုင်၏။
"ဆရာကြီး"
ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်သည်။ "သီးခြားဖြစ်တည်ခြင်း အစီအရင်ကို ပိုပြီးတော့ ချဲ့ထွင်လိုက်အုံး။ ဒါမှ တခြားသူတွေ မမြင်မှာ"
"အင်း"
ထိုက်ရွှမ်အဘိုးအိုသည် လက်ကိုဝေ့ယမ်းလိုက်၏။ အစီအရင် အလံများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး မြက်ခင်းပြင်၏ တည်နေရာအနှံ့တွင် စိုက်ဝင်သွားခဲ့၏။ တောဝက်ရိုင်းလေးသည် ရှေ့ဆီသို့ ခုန်တက်ပြီး ပါးစပ်ကြီးကိုဟကာဖြင့် မြက်ခင်းပြင်ကို ဝါးမြိုတော့သည်။ မိုင်းတွင်းအား မြေကြီးအတွင်းဖက်တွင် မြုပ်နှံ့ထားရန် လိုအပ်နေ၏။ ထိုမှသာလျှင် အစစ်အမှန်ဟု ခံစားရမှာ ဖြစ်၏။
နှစ်နာရီလောက် ကြာအောင် ကြိုးစားပြီးသည့်နောက် နက်ရှိုင်းလှသည့် တွင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ဒါကြီးကို ချလိုက်ရအောင်"
များပြားလှသာ ကျွဲရိုင်းစက်ရုပ် တစ်ဒါဇင်ကျော်တို့သည် ဆင်းသက်လာပြီးနောက် တွင်းကြီးထဲသို့ မိုင်းတွင်းကို ထိုးထည့်တော့၏။ ပြီးသည့်နောက် တောဝက်ရိုင်းများသည် မြေကြီးများကို ပြန်လည်ကာ ဖို့တော့သည်။ ယခင်တုန်းက ဘာမှမဖြစ်ခဲ့သည့် ပုံစံမျိုးရောက်အောင် သေသေချာချာဖြင့် ပြန်လည်ကာ ပြင်ဆင်တော့၏။
"ဆရာကြီး"
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ "တစ်လကြာပြီးရင် အစီအရင် အသက်ဝင်သွားအောင် လုပ်လို့ရလား"
ဧကရီလင်းရောင်နှင့်ပတ်သက်၍ စီစဉ်စရာရှိသည်များကို စီစဉ်ပြီးပြီ ဖြစ်သောကြောင့် ဖြစ်ပေါ်လာမည့် အကျိုးရလာဒ်ကို စောင့်မျှော်ရုံသာ ကျန်တော့သည်။ သို့ပေမဲ့ နှစ်ဝက်လောက်ထိတော့ မစောင့်ချင်ပေ။
"ရတာပေါ့"
ထိုက်ရွှမ်အဘိုးအိုသည် ချက်ချင်းပဲ အစီအရင်ကို ပြန်လည် ပြင်ဆင်လိုက်၏။ ပြီးနောက် အစီအစရင်သည် ရက်သုံးဆယ်ကြာလျှင် ပွင့်မည့်အရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာဖြင့် ပြောလိုက်၏။ "ဂိုဏ်းကို ပြန်ကြရေအာင်"
ဤနေရာသည် ဧကရီလင်းရောင်၏ ပိုင်နက်ဖြစ်၏။ ကြာကြာနေထိုင်လျှင် သူ့အား ရှာဖွေတွေ့ရှိသွားနိုင်၏။ ဖြစ်နိုင်သမျှ ဤနေရာမှ အမြန်ဆုံးထွက်ခွာသွားရန် လိုအပ်သည်။
ဆွစ် ဆွစ် …။
ရှေးရွက်သင်္ဘောကြီးသည် စတင်ကာ လှုပ်ရှားလာခဲ့၏။ ပြီးသည့်နောက် အလင်းတန်းများနှင့်အတူ အဝေးတစ်နေရာဆီသို့ ရောက်ရှိသွား၏။
လာခဲ့စဉ်က စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ခမ်းမှုကြောင့် ကျွင်းချောင်ရှောင်း၏ နှလုံးသားများသည် နာကျင်ခဲ့ရသည်။ သို့ပေမဲ့ များပြားလှသော အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိသည့်အခါမှာတော့ သူသည် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ဂရုမစိုက်တော့ချေ။
ယာဉ်မောင်းနေရာတွင် ထိုင်လျက်ပင် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ပျော်ပျော်ကြီး ထိုးထည့်လျက် ရှိနေ၏။ ထို့ပြင် လေပင်ချွန်လျက် ရှိနေသေးသည်။
နှင်းဆီဧကရီသည် ပြုံးလိုက်မိ၏။ "လေချွန်တာတော့ ကောင်းသားပဲ"
ကျွင်းချောင်ရှောင်းသည် သီချင်းဆိုသည့်နေရာတွင် ပင်ကိုယ် ပါရမီအရ အားနည်းချက်ရှိ၏။ သို့ပေမဲ့ လေချွန်သည့် နေရာတွင်တော့ အဆင်ပြေလျက် ရှိနေသေးသည်။ အနည်းဆုံးတော့ အခြားသူများကို ထိခိုက်မှုမဖြစ်စေချေ။
ကျွင်းချောင်ရှောင်းသည် စိတ်ကောင်းဝင်လျက် ရှိနေ၏။ ဤအမျိုးသမီး သူ့နားကို လှမ်းလျှောက်လာသည်ကို မြင်ရသည့် အချိန်မှာတော့ စိတ်ဝိညာဉ်မိုင်းတွင်းတွင် ပြုလုပ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်ကာ သတိရသွားမိ၏။ သူ၏မျက်နှာတစ်ခုလုံးသည် နီမြန်းသွားခဲ့သည်။
"ရှင့်မျက်နှာက ဘာလို့နီနေတာလဲ။ ရှက်နေတာလား" နှင်းဆီဧကရီက မေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် တစ်ဖက်သို့လှည့်ကာ ခွန်းတုံ့ပြန်လိုက်သည်။ "ဘယ်သူက ရှက်ရမှာပဲ"
နှင်းဆီဧကရီသည် ပြုံးလိုက်၏။ ပြီးနောက် ရှေ့ဆီသို့ တစ်လှမ်းတိုးကာ တီးတိုးပြောလိုက်၏။ "နောက်ဆို တပည့်တွေရှေ့ ဒီလိုကိစ္စမျိုး မလုပ်ရင်ကောင်းမယ်။ ကျွန်မလည်းရှက်တယ် "
ကျွင်းချောင်ရှောင်းသည် ထအော်လိုက်မိ၏။ "ဒါက နားလည်မှုလွဲတာ။ အိမ်မက် မက်ရင်း ယောင်သွားတာ"
"ရှင့်ရဲ့ နှလုံးသားထဲမှာ ကျွန်မရှိတယ်ဆိုတာ သေချာနေတာပဲ။ ဘာလို့ ရိုးရိုးသားသား မပြောရတာလဲ"
နှင်းဆီဧကရီသည် အနားသို့ကပ်လာ၏။ ပြီးနောက် တစ်ဖက်သို့ မျက်နှာလှည့်ကာ ပြုံးလိုက်သည်။ "လာ … ကျွန်မကို ထပ်နမ်းအုံး"
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် သူမကို အသာတွန်းဖယ်လိုက်၏။ ပြီးနောက် ယာဉ်မောင်းထိုင်ခုံမှ ဖယ်ကာဖြင့် ခပ်ဝေးဝေးဆီသို့ လျှောက်သွားလိုက်၏။ "ရူးကြောင်ကြောင်နဲ့"
ရှေးရွက်သင်္ဘောကြီးသည် လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့၏။ သို့ပေမဲ့ ပန်းပင်လယ်အနားသို့ ရောက်သည့်အချိန်မှာတော့ ရပ်တန့်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီလြှတယ်မလား"
ထိုက်ရွှမ်အဘိုးအိုက ပြုံးလိုက်သည်။ "မဆိုးပါဘူး"
"ဒါဆိုရင် အစီအရင်တစ်ခု ဖန်တီးပြီးတော့ ဒီပန်းခင်းတစ်ခုလုံးကို ပြိုင်စံရှားဂိုဏ်းဆီ သယ်သွားကြရအောင်"
“ဟမ် …” ထိုက်ရွှမ်အဘိုးအိုသည် ဆွံ့အသွားမိ၏။
စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအဟောင်းကို သယ်ဆောင်ကာဖြင့် ဧကရီလင်းရောင်ကို အကွက်ချခြင်းကို သူ နားလည်ပေးနိုင်သည်။ သို့ပေမဲ့ အဘယ့်ကြောင့် ပန်းခင်းကြီးတစ်ခုလုံးကို ပြိုင်စံရှားဂိုဏ်းဆီသို့ သယ်ဆောင်သွားရန် ပြောရသနည်း။ ဤအရာမှာ အနည်းငယ်ထူးဆန်းလွန်းလှသည်။
"ဆရာဘိုးဘိုး "
စုရှောင်မိုက အသံပို့လွှတ်လိုက်၏။ "ဂိုဏ်းချုပ်ရဲ့မိန်းမက ပန်းတွေကိုကြိုက်တယ်"
"သြော် …. ဒါကြောင့်ကိုး …."
ထိုက်ရွှမ်အဘိုးအိုသည် ချက်ချင်းပဲ နားလည်သွားမိ၏။ သူသည် စိတ်ထဲမှာကြိတ်ကာ ပြောနေမိသည်။ "သူ့ မိန်းမက ပန်းတွေကိုကြိုက်တယ်။ ဒါကြောင့် ပန်းခင်းတစ်ခုလုံးကို ယူသွားတယ်။ ဒီကောင်လေးက တကယ့်ကို ကဗျာဆန်တာပဲ"
ရွှီး …။
အစီအရင်ကြီးသည် ကီလိုမီတာတော်တော်များများကို လွှမ်းခြုံသွားခဲ့သည်။
ဂျိန်း ……။
ကျွဲရိုင်းစက်ရုပ် တစ်ဒါဇင်ကျော်တို့သည် အတူတကွ အလုပ်လုပ်ဆောင်ပြီးနောက် ပန်းခင်းကြီးကို မြေဆီလွှာဆီမှ ဆွဲမလိုက်သည်။ ပြီးနောက် ပြိုင်စံရှားဂိုဏ်းဆီသို့ ယူဆောင်လာတော့၏။
"ပြန်ရောက်ရင် နဂါးဦးခေါင်းတောင်ထွတ်ပေါ်မှာ ထားရအောင်။ ဒါဆိုရင် ခင်ဗျားကြည့်ချင်သလောက် ကြည့်လို့ရပြီ"
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ပြီးတော့ ကျုပ်ပြောချင်တာက နောက်တစ်ခါ အပြင်ထွက်ရင် လောကကြီးကို မမြင်ဘူးတဲ့လူလို လုပ်မနေနဲ့ ။ ခင်ဗျားက တောသူမ မဟုတ်ဘူး"
စနစ် "……."
နှင်းဆီဧကရီသည် ချိုသာစွာ ပြုံးလိုက်၏။ သူမ၏နှလုံးသားထဲတွင် ချိုမြိန်မှုကို ခံစားနေရ၏။
သူမသည် နှင်းဆီပန်းကို ကြိုက်နှစ်သက်၏။ ထို့ကြောင့် နေရာအနှံ့တွင် နှင်းဆီပန်းများကို စိုက်ပျိုးပေးခဲ့၏။ သူမသည် ပန်းများကို ကြိုက်နှစ်သက်၏။ ထို့ကြောင့် ပန်းခင်းကြီးတစ်ခုလုံးကို ယူဆောင်ပေးခဲ့သည်။
နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းကို အနောက်မှ သိုင်းဖက်လိုက်သည်။ ပြီးနောက် ကျောကုန်းကို မျက်နှာကပ်ကာ ဖြင့် နူးညံ့သိမ်မွေ့စွာ ပြောလိုက်၏။ "ဒီလိုယောကျာ်းမျိုးရှိနေမှတော့ ကျွန်မက ဘာတွေထပ်ပြီး တောင်းဆိုနေရအုံးမှာလဲ"
ဤနေရာတွင် လီထျန်းထျန်း မရှိခြင်းက ဆိုးရွားလှ၏။ လှပလွန်းသော မြင်ကွင်းကို ဓာတ်ပုံမရိုက်နိုင်ခဲ့ချေ။
သို့ပေမဲ့ ထိုအချိန်မှာပဲ ကုရှောင်းရှစ်သည် လျှောက်ဝင်လာခဲ့၏။ "အစ်ကိုကြီး"
"..."
နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းကို ဖက်ထားကြောင်း မြင်ရသည့်အချိန်မှာတော့ သူသည် စကားလှမ်းကြောင်းလွှဲလိုက်မိသည်။ "ငါဒီကိုဘာလာလုပ်တာပါလိမ့်"
စနစ်သည် စိတ်ပျက်သွားမိ၏။ "မင်းတို့ အခြေအနေကောင်းနေပြီဆိုရင် ဒီကောင်ရောက်ရောက်လာပြီ။ ဒီကောင် သာသနာဖျက်လား မသိဘူး"
ထင်မှတ်ထားသည့် အတိုင်းပင်။ မူလအားဖြင့် လှပလျက်ရှိနေသော မြင်ကွင်းသည် ကုကျောင်းရှစ် ရောက်လာပြီးသည့်နောက် ပြောင်းလဲသွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို အသာတွန်းဖယ်ကာဖြင့် ဂုဏ်သိက္ခာထည်ဝါလှသော အကြည့်ဖြင့် ကြည့်ကာပြောလိုက်၏။ "ဘာကိစ္စရှိလို့လဲ"
"ဘာ …ဘာမှမဟုတ်ပါဘူး။ မနှောက်ယှက်တော့ပါဘူး"
ကုရှောင်းရှစ်သည် အလျင်အမြန်ပဲ ထွက်ခွာသွားခဲ့၏။ သူထွက်ခွာသွားခဲ့သည်ဆိုသော်လည်း အခြေအနေသည် ယခင်တိုင်းမဖြစ်တော့ချေ။ နှစ်ယောက်သားသည် အိုးတိုးအန်းတန်းဖြင့် ပဲ့ခန်းထဲတွင် မတ်တပ်ရပ်လျက် ရှိနေသည်။
"ရှင့်ရဲ့နှလုံးသားကို အတင်းငြင်းဆန်ပြီး ကျွန်မကို ဝန်မခံရဲတာ ကျွန်မသိပါတယ်"
နှင်းဆီဧကရီသည် နှဖူးပေါ်ရှိ ဆံနွယ်များကို အသာသပ်တင်ရင်း ပြောလိုက်၏။ "အများကြီး တောင်းဆိုနေမှာ မဟုတ်ဘူး။ ရှင် နဲ့ အတူတူရှိနေရတာကိုပဲ သဘောကျပါတယ်။ ထာဝရ လက်တွဲဖော်အဖြစ်ပေါ့"
သူမဆိုလိုသည်မှာ လက်တွဲဖော်ဖြစ်သည်။ အကူပေးနိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ဤအရာသည် မတူညီသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်း၏ ရှေ့တွင်တော့ သူမသည် မိန်းကလေးငယ်တစ်ယောက်ပင်။ သို့ပေမဲ့ အလုပ်လုပ်ရာတွင်တော့ အလွန်ပင် စေ့စပ်သေချာလှသော ဂြိုလ်တစ်ခုလုံး၏ အုပ်ချုပ်သူဧကရီမ နှင်းဆီဧကရီပင် ဖြစ်၏။ သူသည် အလုပ်နှင့်အိမ်ကြားတွင် ပုံပန်းသွင်ပြင်ကို ပြောင်းလဲထား၏။
ဟင်း ….
စနစ်သည် သက်ပြင်းချလိုက်သည်။ "ဒီလိုယောကျာ်းမျိုးရှိနေတာ ဘယ်လောက်ဆိုးတဲ့ ကုသိုလ်ကံပါလိမ့်"
..........
ဘုန်း ….။
ကြီးမားကျယ်ပြောလွန်းသော ပန်းခင်းကြီးသည် နဂါးဦးခေါင်းတောင်ထွတ်ပေါ်၌ အခိုင်အမာ နေရာယူနှင့်ပြီဖြစ်သည်။
နှင်းဆီဧကရီသည် ပြတင်းပေါက်ဆီမှ မြင်ရသည့်မြင်ကွင်းကို ကြည့်ရှုရင်း စိတ်ချမ်းသာလျက် ရှိနေ၏။
နှင်းဆီပန်းတွေကြိုက်လျှင် စိုက်ပေးလိုက်မည်။ ပန်းတွေကြိုက်လျှင် ပန်းခင်းကြီးကိုရွေ့ပေးလိုက်မည်။ ချစ်မြတ်နိုးရသည့်ယောကျာ်းတစ်ယောက်၏ ဤကဲ့သို့သော ဂရုစိုက်မှုမျိုးကို ရင်ခုန်စိတ်လှုပ်ရှားခြင်းမရှိသည့် မိန်းကလေးဆိုသည်မှာ အဘယ်ပင် ရှိတော့မည်နည်း။