နတ်မိစ္ဆာများကိုဖိနှိပ်ခြင်း
Vol. 97 Ch. 1351
အခန်း (၁၃၅၁) နတ်မိစ္ဆာများကိုဖိနှိပ်ခြင်း
ကောင်းချင်းရွှမ်တစ်ယောက်တည်းဖြင့် တိုက်ခိုက်နေရခြင်းကပင် နဂါးဘုရင်’ဟွမ်ချန်’ ကို ခြေကုန်လက်ပန်းကျစေနေပြီ ဖြစ်သည်။
ယခု ကောင်းချင်းရွှမ် (၂)ယောက်က သူ့ကိုတိုက်ခိုက်လာသည့်အခါ နဂါးဘုရင်’ဟွမ်ချန်’ မှာ ထွက်ပြေးရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူက ပါးစပ်ဟလိုက်ပြီး ကျယ်ပြန့်သော အနက်ရောင်ပင်လယ်တစ်ခုကို ထပ်မံ အန်ထုတ်လိုက်သည်။ ထို့နောက် သူက ပင်လယ်ထဲသို့ ခုန်ချပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ကောင်းချင်းရွှမ်၏ အရာအားလုံးကို လွှမ်းခြုံနိုင်စွမ်းရှိသော ဓားဝိညာဉ်က ထိုအနက်ရောင်ပင်လယ်အား အရှိန်အဟုန်ဖြင့် ထိုးခွဲလိုက်ပြီး နဂါးဘုရင်’ဟွမ်ချန်’ ကိုပါ ဒဏ်ရာရသွားစေသည်။
နဂါးဘုရင်’ဟွမ်ချန်’ သာ တွန့်ဆုတ်နေပြီး အချိန်မီ မထွက်ပြေးပါက နေရာမှာပင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။
နဂါးဘုရင်’ဟွမ်ချန်’ ကို အနိုင်ယူကာ ဒဏ်ရာရစေပြီးနောက် ကောင်းချင်းရွှမ်က သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခြင်း မပြုခဲ့ပေ။
သူမက နောက်ပြန်လှည့်လိုက်ပြီး ဖန်းယွင်ရှန်းကိုကူညီကာ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် တန်ခိုးစွမ်းအား မည်မျှကြီးမားကြောင်း သံသယဝင်စရာ မရှိပေ။
သူ၏ ခန္ဓာကိုယ်ဘေးဘက်ရှိ ထောင်ချီနေသည့် မျက်လုံးများစွာမှ ရွှေရောင်အလင်းတန်းများနှင့် အဝါရောင်အခိုးအငွေ့များ အဆက်မပြတ်ထုတ်လွှတ်နေပြီး ထိုအရာများက ကန့်သတ်ချက်မရှိသလို ယုတ်လျော့အားနည်းသွားမည့် အရိပ်အယောင်လည်း မရှိပေ။
***
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ ဤမွေးရာပါ စွမ်းအား၏ ထိရောက်မှုက သူ သင်ယူခဲ့သော အခြားသိုင်းပညာများထက် သာလွန်ပြီး အခြားသူများကိုတိုက်ခိုက်ရာတွင် အလွန် အသုံးဝင်သည်။
သို့သော် ယနေ့တိုက်ပွဲတွင် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်သည်လည်း လွယ်ကူသည့်အချိန် မရှိခဲ့ပေ။
ဖန်းယွင်ရှန်း၏ ကမ္ဘာဖျက်နတ်ဆိုးဓားက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ မွေးရာပါစွမ်းရည်ထက် များစွာပိုမိုပြီး မကောင်းဆိုးဝါးဆန်လှသည်။ ပိုမိုထိတ်လန့်ဖွယ်ကောင်းသလို ပို၍လည်း အခွင့်အာဏာရှိသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က သူ၏ မွေးရာပါစွမ်းရည်ကို အဆက်မပြတ် ပြသနေပြီး ရွှေရောင်အလင်းတန်းများနှင့် အဝါရောင်အခိုးအငွေ့များ ထုတ်လွှတ်ကာ သူမနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသည်။
သို့သော် ဖန်းယွင်ရှန်း၏ဓားချက် အဆက်မပြတ် ကျရောက်လာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းများလျော့နည်းသွားရသည်။
သို့ပေသိ လျော့နည်းသွားသည့် ရွှေရောင်အလင်းတန်းများနေရာတွင် နောက်ထပ်ရွှေရောင်အလင်းတန်းများက ထပ်မံအစားထိုးဝင်ရောက်လာသဖြင့် လုံးဝ လျော့နည်းသွားသည်ဟု မဆိုနိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ မျက်လုံးတစ်ရာတာအိုဆရာ၏စွမ်းရည်က တဖြည်းဖြည်းယိုယွင်းလာပြီး ထိရောက်မှုလည်း ကျဆင်းလာသည်။
ပမာဏ မလျော့နည်းသေးသော်လည်း အရည်အသွေးကတော့ ကျဆင်းသွားပြီ ဖြစ်၏။
ဤဖြစ်ရပ်ကြောင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်မှာ ပို၍ထိတ်လန့်သွားပြီး အလွန်ပင် စိတ်နှလုံးကြေကွဲသွားရသည်။
ဤသည်မှာ သူ၏ မွေးရာပါစွမ်းရည်အားနည်းလာပြီး အခြေခံအုတ်မြစ်မှ စတင်ပြိုကွဲနေသည်ဆိုသော အဓိပ္ပါယ် ဖြစ်သည်။
လျှင်မြန်စွာ ပြိုကွဲနေခြင်း မဟုတ်သော်လည်း ကျော်ဖြတ်ရန် မဖြစ်နိုင်သော အနေအထားတွင် ရှိသည်။
ဥပဒေသများကို ပြိုကွဲစေပြီး အရာအားလုံးကို ပျက်ဆီးစေကာ အဆုံးသတ်နိုင်စွမ်းရှိသော ထိတ်လန့်ဖွယ်ရာဓားသွားက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကို ထိတ်လန့်စေခဲ့သည်။
သူ့ကို ပိုပြီးကြောက်ရွံ့စေသည်မှာ ဖန်းယွင်ရှန်၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များက ပိုပြီး သိပ်သည်းလာခြင်း ဖြစ်သည်။
သူမ၏ တန်ခိုးစွမ်းအားက တဖြည်းဖြည်း မြင့်တက်လာသည့် အရိပ်အယောင်များ ပြသနေသည်။
သူမ၏အခြေအနေက သူမ၏ မတည်ငြိမ်သောအနေအထားနှင့်ဆက်စပ်နေပြီး ဖြည်းဖြည်းချင်း ထိန်းချုပ်မှု ဆုံးရှုံးလာခြင်း ဖြစ်သည်။ သို့သော် သူမ၏ ထိန်းချုပ်မှုကင်းမဲ့လာခြင်းကို မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်နေရသည်။
ဤအကြောင်းကိုစဉ်းစားရင်း မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ လက်ခနဲ တောက်ပလာသည်။
သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေရောင်အလင်းတန်းများနှင့် အဝါရောင်အခိုးအငွေ့များကို ဆက်လက်ထုတ်လွှတ်နေသည်။
တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ ရတနာဓားက တုန်ခါလာပြီး ၊ သူက ဓားကို ဦးခေါင်းထက်သို့ ပစ်တင်လိုက်သည်။
ထိုဓားက ခမ်းနားသော ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖန်းယွင်ရှန်းထံဆင်းသက်လာကာ ဓားလမ်းကြောင်းတွင် ပိတ်ဆို့ထားသည့် အတားအဆီးမှန်သမျှကို ခုတ်ထစ်ဖြတ်တောက်ပစ်လိုက်သည်။
ရွှေရောင်အလင်းတန်းများ စတင်သိပ်သည်းလာပြီး အတူတကွ ပေါင်းစုံသွားသည်။ သူက ပတ်ဝန်းကျင်ကို ထိန်းချုပ်မှု လျှော့ချလိုက်ပြိး ဖိအားများအားလုံးကို ဖန်းယွင်ရှန်းဆီသို့ ဦးတည်လိုက်သည်။
ထိုအချိန် ဖန်းယွင်ရှန်း၏ ဓားအလင်းတန်းက အဝါရောင်အခိုးအငွေ့များကိုဖြတ်သန်းကာ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ထံသို့ ဦးတည်ခုတ်ပိုင်းချလိုက်သည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ရှောင်တိမ်းခြင်းမပြုခဲ့ပေ။
သူက ဖန်းယွင်ရှန်း၏ဓားချက်ကို ခုခံမည့်အစား သူ့ကိုယ်သူအနစ်နာခံကာ ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းအားဖြင့် ဖန်းယွင်ရှန်းအနေဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဟု မျှော်လင့်မိသည်။
ဤနည်းအားဖြင့် သူ ဤနေရာတွင် အချိန်ဖြုန်းနေရခြင်းမှ လွတ်မြောက်နိုင်မည်ဟု ယူဆခဲ့၏။
ဤမဟာနတ်မိစ္ဆာကြီးက ရှေးခေတ်အချိန်ကတည်းက နယ်မြေတစ်ခုကို အုပ်စိုးခဲ့သူဖြစ်ပြီး ယခုချိန်မှာတော့ သူ့ကိုယ်သူ အရေးမစိုက်ဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ရန်သူကို ဒဏ်ရာရသွားစေရန် ရူးရူးမိုက်မိုက် ရင်ဆိုင်တိုက်ခိုက်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
သူ၏ အပြည့်အဝ တိုက်ခိုက်မှုဖြင့် ဖန်းယွင်ရှန်းကို အနိုင်ယူနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
အကယ်၍ ဖန်းယွင်ရှန်းသာ သူ၏တိုက်ခိုက်မှုကို ခုခံပါက အရာအားလုံး သူ့အစီအစဉ်အတိုင်းဖြစ်လာမည်ဖြစ်ပြီး ဤတိုက်ပွဲတွင် သူ့ဘက်မှ အသာစီး ရသွားနိုင်သည်။
ဖန်းယွင်ရှန်းက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ တိုက်ကွက်ပြေင်းလဲသွားမှုကို သတိပြုမိသည့်တိုင် သူမ၏မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိခဲ့ပေ။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကဲ့သို့ပင် သူမကလည်း သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဓားဓားချင် ရိုက်ခတ်မိသည်နှင့် သူမ၏ဓားက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ပခုံးကို ဖြတ်တောက်လိုက်သည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ရွှေရောင်အလင်းတန်းများဖြင့် သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။ ဓားက သူ့ပခုံးထက်သို့ကျရောက်သည်နှင့် အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ချက်ချင်းပင် အပြင်သို့ ပျံ့နှံ့သွားကာ နက်ပြာရောင်မိစ္ဆာအလင်းတန်းများအဖြစ် လောင်ကျွမ်းသွားသည်။
ထိုသို့ဖြစ်ပေါ်လာခြင်းကြောင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်မှာ သူ၏ မိစ္ဆာချီအနှစ်သာရ လည်ပတ်မှုကို တည်ငြိမ်အောင်ပြုလုပ်ရန် ခက်ခဲလာသည်။
အခြာတစ်ဖက်တွင် ရန်ကျောက်ကဲ၏ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော ‘စောင့်ရှောက်သူနတ်ဘုရား’ နှင့် အဂ္ဂိရတ်ခန်းမတို့က ကောင်းကင်ထက်တွင် မြင့်မားစွာရပ်တည်နေပြီး အဝေးတစ်နေရာသို့ လက်ဝါးရိုက်ချက် ပစ်လွှတ်လိုက်သည်။
ခရမ်းရွှေရောင်အလင်းတန်းများက ဗလာနယ်ကိုဖြတ်ကျော်ပြီး ဖန်းယွင်ရှန်း၏ဘေးသို့ ရောက်ရှိလာသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ တန်ခိုးစွမ်းအားဖြစ်သော အဝါရောင်အခိုးအငွေ့များနှင့် ရွှေရောင်အလင်းတန်းများက ခရမ်းရွှေရောင်အလင်းတန်းများနှင့် ရိုက်ခတ်မိသည့်အခါ အက်ကွဲသွားခြင်းမရှိသော်လည်း တုန်ခါသွားသည်။
ရွှေရောင်အလင်းတန်းများနှင့် ခရမ်းရောင်အခိုးအငွေ့များ ဝန်းရံခံထားရသော ဖန်းယွင်ရှန်းမှာ လှုပ်ရှားရန် ခက်ခဲနေသည်။
အစပိုင်းတွင် သူမက ခန္ဓာကိုယ်ကို ဘေးဘက်သို့လှည့်ပြီး မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ဓားချက်ကို ခံယူရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် ရန်ကျောက်ကဲ၏အကူအညီဖြင့် အလင်းတန်းများနှင့် အဝါရောင်အခိုးအငွေ့များ တုန်ခါသွားသည့်အခါ သူမခန္ဓာကိုယ်အား ထိန်းချုပ်ထားခြင်းများ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။
သူမက အခွင့်အရေးကိုအသုံးချပြီး အနေအထား ပြောင်းလိုက်လေရာ အဝါရင့်ရောင်ဓားသွားက နဂါးငွေ့တန်းတစ်ခုပမာ သူမနံဘေးမှ ဖြတ်ကျော်သွားသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ဤအဆုံးသတ်ကို လိုလားခြင်း မရှိပေ။
သူ၏လက်ထဲမှထွက်ပေါ်လာသော ဓားအလင်းတန်းက တစ်ချက်လှည့်ပတ်သွားပြီး ဖန်းယွင်ရှန်းထံသို့ ဆက်လက်ဝင်ရောက်သွားသည်။
သို့သော် ထိုသို့ရပ်နားလိုက်သည့်အချိန်တစ်ခဏက ဖန်းယွင်ရှန်းအတွက် လုံလောက်လေသည်။ သူမက ဓားအလင်းတန်းကို ခုခံဖယ်ရှားလိုက်သည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ခေါင်းကိုမော့လျှက် သက်ပြင်းချလိုက်သည်။
သူ လှည့်ကြည့်လိုက်သည့်အခါ နဂါးဘုရင်’ဟွမ်ချန်’ မှာ နောက်ပြတ်ဆုတ်ရန် ဖိအားပေးခံနေရပြီး ကောင်းချင်းရွှမ်က ကျောက်စိမ်းယုန်မိစ္ဆာအား ဦးတည်တိုက်ခိုက်နေကြောင်း တွေ့မြ်ငရသည်။
ကောင်းချင်းရွှမ်၏ ဓားအလင်းတန်းများက ကောင်းကင်ကိုလွှမ်းခြုံပြီး ဒဏ္ဍာရီထဲမှ ဒီရေလှိုင်းလုံးကြီးများပမာ ဖြစ်သည်။
အဂ္ဂိရတ်ခန်းမထက်မှာတော့ ခရမ်းရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ကောင်းကင်ဘုံမှ နတ်စစ်သူကြီးတစ်ပါးပမာ ဧရာမလူသားကြီးက အလယ်ဗဟိုတွင် မတ်တတ်ရပ်လျှက် တိုက်ခိုက်နေသည်။
သူက ကျောက်စိမ်းယုန်မိစ္ဆာနှင့်တိုက်ခိုက်နေသော ကောင်းချင်းရွှမ်အား အဝေးတိုက်ခိုက်မှုများဖြင့် ကူညီပေးနေသည်။
ကျောက်စိမ်းယုန်မိစ္ဆာ၏တန်ခိုးစွမ်းအားက နဂါးဘုရင်’ဟွမ်ချန်’ ထက် သာလွန်သည့်တိုင် သူမ မလွှဲမရှောင်သာ နောက်ဆုတ်လိုက်ရသည်။
မဟာအမတ’ရူယိ’ ကတော့ သူ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိနေပြီး ၊ သူ့ထံမှ ဒေါသအပြည့်ဖြင့် နာကျင်စွာ အော်ဟစ်သံကို ကြားနေရသည်။
ဤနွားရိုင်းကြီးက ဒဏ်ရာရနေပြီး ဒေါသအကြီးအကျယ်ထွက်နေလေရာ သူ၏မျက်လုံးများက သွေးနီရောင်လွှမ်းလျှက် ရှိ၏။
နဂိုကပင် အလွန်တရာကြီးမားသော သူ၏မူလပုံစံက ယခု ဒေါသကြောင့် ပိုမိုကြီးမားလာပြီး အတိတ်တစ်ချိန်က ကောင်းကင်ကိုဖိနှိပ်ခဲ့သည့် နတ်ဘုရားတောင်ကြီးတစ်တောင်အလား ဖြစ်တည်လာလေသည်။
“ကောင်းကင်ချဲ့ထွင်ခြင်းနည်းလမ်း”....။
ဧရာမနွားရိုင်းကြီးက ခေါင်းကိုအောက်သို့နှိမ့်လိုက်ပြီး သူ၏ဦးချိုများကို အဂ္ဂိရတ်ခန်းမရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်လိုက်သည်။
ထို့နောက် စကြဝဠာတစ်ခုလုံးကို ပြိုကျစေနိုင်လောက်သော အင်အားကြီးမားသည့် အရှိန်အဟုန်ဖြင့် တဟုန်ထိုးပြေးသွားပြီး ရန်ကျောက်ကဲဖန်ဆင်းထားသည့် “ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
ထိုခဏတွင် တာအိုစကြာဝဠာတစ်ခုလုံး တုန်ခါနေသည့်ပမာ ထင်မှတ်ရသည်။
သူ၏ နွားရိုင်းခွာများက ဒေါသတကြီးဖြင့် ဗလာနယ်အားနင်းချေလိုက်ပြီး ကြီးမားသည့်နွားရိုင်းကြီးက ချက်ချင်းပင် ခရမ်းရွှေရောင် ကောင်းကင်ဘုံစစ်သူကြီး၏ အနားသို့ ရောက်ရှိလာသည်။
ရန်ကျောက်ကဲ၏အသွင်အပြင်ရှိသော ခရမ်းရွှေရောင် ကောင်းကင်ဘုံစစ်သူကြီးက ကျယ်လောင်သော ကြုံးဝါးသံတစ်ချက် ပြုလိုက်ပြီး လက်နှစ်ဖက် ရှေ့သို့ဆန့်ထုတ်ကာ ဧရာမနွားရိုင်းကြီး၏ဦးချိုများကို အတိအကျ ဆုပ်ကိုင်လိုက်သည်။
တိုက်ခိုက်မှုက ပြင်းထန်လွန်းသည့်အတွက် “ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ပုံရိပ်ကြီးပင် တုန်ခါသွားခဲ့သည်။
အောက်ဖက်တွင်ရှိနေသည့် အဂ္ဂိရတ်ခန်းမက ပို၍ပင် တုန်ခါလာသည်။
ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်းရှိ ကြီးမားသော အစီအရင်ကြီးမှာ ခန်းမအတွင်းရှိ စကြာဝဠာတွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို ထိန်းသိမ်းရန် မလုံလောက်တော့ပေ။
ကံကောင်းသည်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ၎င်း၏ထိန်းချုပ်မှုအောက်ရှိ အခြားသော အောက်ဘုံကမ္ဘာများအားလုံးကို အဂ္ဂိရတ်ခန်းမအတွင်းသို့ စုပ်ယူထားပြီး ဖြစ်သည်။
အဖြူရောင်ကျောက်စိမ်းနန်းတော်ကြီး၏ တံခါးများက ကျယ်လောင်သောအသံနှင့်အတူ တင်းကျပ်စွာ ပိတ်သွားသည်။
ခန်းမအတွင်းရှိစကြာဝဠာတွင် မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးသော်လည်း အဂ္ဂိရတ်ခန်းမတစ်ခုလုံး၏တုန်ခါမှုက အနည်းငယ် ပြန်လည်ငြိမ်သက်သွားသည်။
ရန်ကျောက်ကဲဖန်ဆင်းထားသော ခရမ်းရွှေရောင် ဧရာမစစ်သူကြီးပုံရိပ်က သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး နေရာမှာပင် ခိုင်မာစွာ ရပ်တည်နေခဲ့သည်။
သူက တောင်တစ်လုံးကဲ့သို့ဖြစ်ပြီး ရှေ့တိုးလာသည့် ဧရာမနွားရိုင်းကြီးကို တားဆီးလိုက်သည်။
ဒေါသထွက်နေသော နွားရိုင်းကြီးမှာ ခြေလက်များ ဆက်လက်ပြေးလွှားနေသည့်တိုင် ရှေ့ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။
ခရမ်းရွှေရောင်အလင်းတန်းများ တောက်ပသွားပြီး စောင့်ရှောက်သူနတ်ဘုရားက နောက်ထပ် ကျုံးဝါးသံတစ်သံ ထုတ်လွှတ်လိုက်သည်။
၎င်း၏လက်ဖဝါးနှစ်ဖက်က စကြာဝဠာတစ်ခုလုံးကိုပင် ပုံပျက်သွားစေနိုင်သော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ထိုခဏတွင် တာအိုစကြာဝဠာတစ်ခုလုံး အနည်းငယ်ပုံပျက်သွားပြီး သေးငယ်သည့်ကြယ်စင်များသည်ပင် ပြိုကျသွားရသည်။
ဧရာမနွားရိုင်းနတ်မိစ္ဆာကြီးမှာ သူ၏ခန္ဓာကိုယ်ကို ထိန်းမထားနိုင်တော့ဘဲ ခရမ်းရွှေရောင်ဧရာမပုံရိပ်ကြီး၏ တွန်းထုတ်ခြင်းကိုခံရပြီး နောက်သို့လွင့်ထွက်သွားသည်။
နွားရိုင်းကြီး နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏တန်ခိုးစွမ်းအားသည်လည်း အားနည်းသွားသည်။ သို့ပေသိ ရန်ကျောက်ကဲကတော့ သူ့ကို အလွတ်မပေးခဲ့ပေ။
ခရမ်းရွှေရောင် ဧရာမပုံရိပ်ကြီး၏ လက်များက နွားရိုင်းဦးချိုများကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ပြီး အားထည့်ကာ ဆွဲဆောင့်လိုက်သည်။
စကြာဝဠာထဲတွင် တတိယအကြိမ်မြောက် ကျယ်လောင်သော ကျုံးဝါးသံကြီး ထွက်ပေါ်လာပြီး ရန်ကျောက်ကဲက ဧရာမနွားရိုင်းကြီး၏ ဦးချိုတစ်ချောင်းကို ဆွဲဖြတ်လိုက်သည်။
တောင်တစ်လုံးပမာ ကြီးမားသော နွားရိုင်းဦးချိုကြီးမှာ ခရမ်းရွှေရောင် ဧရာမပုံရိပ်ကြီး၏လက်ထဲသို့ ကျိုးပြတ်ပြီး ပါရှိလာသည်။
ဧရာမပုံရိပ်ကြီး၏ ဘယ်ဘက်လက်က နွားရိုင်းဦးချိုတစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကျန်ရှိသော ညာဘက်လက်က ဧရာမနွားရိုင်းကြီး၏ခေါင်းပေါက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ၊ လက်ဝါးရိုက်ချက်က နွားရိုင်းကြီး၏ ဦးခေါင်းသို့ ထပ်မံထိမှန်သွားလေသည်။