← Chapters

အားကောင်းလာကြသော လူငယ်မျိုးဆက်သစ်များ

Vol. 97 Ch. 1361

အားကောင်းလာကြသော လူငယ်မျိုးဆက်သစ်များ

Vol. 97 Ch. 1361

အခန်း (၁၃၆၁) အားကောင်းလာကြသော လူငယ်မျိုးဆက်သစ်များ

ရန်ကျောက်ကဲက အနက်ရောင်ကျောက်စိမ်းပုလင်းလေးကိုကြည့်ရင်း...

“ဒီပစ္စည်းက ရှီကျွင်းတို့သားအမိနဲ့ နက္ခတ်ဧကရာဇ်ကို ကူညီမပေးနိုင်တာ စိတ်မကောင်းစရာပဲ”

မူလအစီအစဉ်ရေးဆွဲသူ’ကျန်းရွှင်ဟွား’ ဖြစ်စေ ၊ အနာဂတ်မရေမရာဖြစ်နေသော’ဖန်းယွင်ရှန်း’ ဖြစ်စေ သူတို့သည် ကမ္ဘာအ‌ဆုံးသတ်ကောင်းကင်နတ်ဆိုး သို့မဟုတ် သတ္တုပလ္လင်နတ်ဆိုး၏ ပြန်လည်မွေးဖွားခြင်းအတွက် ကိုက်ညီခြင်း မရှိကြပေ။

တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့၏ အကူအညီနှင့် ထောက်ပံ့မှုများအောက်တွင် အခြေအနေများက ဤကဲ့သို့ ဖြစ်လာခဲ့ခြင်းပင်။

ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် များပြားလှစွာသော အားထုတ်မှုများနှင့် တန်ဖိုးကြီးသော ရင်းမြစ်များစွာကို သုံးစွခဲ့ရသည်။

သူတို့အနေဖြင့် အချိန်တိုအတွင်း ဤသို့သောအစီအစဉ်များကို ထပ်မံလုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။

ချန်ရွှမ်ကျုန်း ၊ ချူးလီလီ ၊ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့မှာ နတ်ဆိုး၏ ဒုက္ခပေးခြင်းကို တောင့်ခံနေကြရသည်။  သူတို့၏ခန္ဓာကိုယ်များက မဟာနတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားရန် အသင့်တော်ဆုံး ရုပ်ခန္ဓာများ ဖြစ်ကြသည်။

ထို့ကြောင့် ရှေးယခင်ကပင် ရေပလ္လင်နတ်ဆိုးနှင့် အခြားသော မဟာနတ်ဆိုးများက သူတို့၏ခန္ဓာကိုယ်များအား သိမ်းပိုက်ရန် အခွင့်အရေးစောင့်ဆိုင်းနေခဲ့ကြသည်။

လင်ချင်းက ရန်ကျောက်ကဲထံ သတင်းပို့ပေးပါရန် ချန်ရွှမ်ကျုန်းထံ အကူအညီတောင်းစဉ်က တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ တိုသည်လည်း လောလောဆယ် ထိုပြဿနာကို အပြီးသတ်ဖြေရှင်းရန် အဖြေရှာမရနိုင်သေးကြောင်း တစ်ခါတည်းပင် ပြောကြားခဲ့သည်။

***

ကောင်းဟန်၏ကိုယ်ပွားဖြစ်သော ‘လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ အထက်ဘုံကမ္ဘာတွင် နေထိုင်စဉ်က ချူးလီလီနှင့်ပတ်သက်သည့်အကြောင်းအရာများကို နှစ်ပေါင်းများစွာ လေ့လာစမ်းစစ်ခဲ့သည်။

သူ့အနေဖြင့် အချို့သော အသိပညာများ ရရှိခဲ့သည့်တိုင် ချန်ရွှမ်ကျုန်း၏ပြဿနာကို ဖြေရှင်းရန် မတတ်နိုင်ခဲ့ပေ။

ရန်ကျောက်ကဲနှင့် ချန်ရွှမ်ကျုန်းတို့သည်လည်း လွန်ခဲ့သည့်နှစ်များအတွင်း ဤအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး အခွင့်အရေးတစ်ခု လိုအပ်ကြောင်း သိမြင်ခဲ့ကြပြီး ထိုပြဿနာများကိုဖြေရှင်းရန် ယုံကြည်ချက် မရှိခဲ့ကြပေ။

ဘာမှမတတ်နိုင်သည်ဖြစ်ရာ သူတို့အနေဖြင့် အရာရာကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်သွားရန် ဆုံးဖြတ်နိုင်ခဲ့ကြသည်။

ယခု တောင်ပိုင်းချန်စန်းဧကရာဇ်ထံမှ ရရှိသော အနက်ရောင်ကျောက်စိမ်းပုလင်းလေးက ဖန်းယွင်ရှန်း ရင်ဆိုင်နေရသော အခက်အခဲများကို ပိုမိုလွယ်ကူလာစေမည် ဖြစ်သည်။ ဤသည်က အနည်းဆုံးတော့ ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်၏။

ထျန်းစူးစကြာဝဠာ ၊ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်ရောကသည်နှင့် ရန်ကျောက်ကဲက ရန်တိ ၊ ယွဲ့ကျန့်ပေ ၊ ချန်ရွှမ်ကျုန်းတို့နှင့် တွေ့ဆုံလိုက်သည်။

ရန်ကျောက်ကဲ ပြောပြသည့်စကားများကို နားထောင်ပြီးနောက် လူတိုင်းစိတ်ထဲ အတွေးနက်နဲသွားကြသည်။

“ဒီလိုကိစ္စမျိုး ရှိသေးတာလား”

အဖြူရောင်ကြာပန်းသုခဘုံသို့ ရောက်ရှိခဲ့ဖူးကြောင်း ရန်ကျောက်ကဲက ရန်တိအား ပြောပြထားခဲ့ဖူးသည်။

ထို့ကြောင့် ရန်တိက သိပ်ပြီးအံ့သြခြင်း မရှိပေ။

သူက...

“တောင်ပိုင်းချန်စန်းဧကရာဇ်ရဲ့စကားအရဆိုရင် မင်းက မဖြစ်မနေ အဖြူရောင်ကြာပန်းသုခဘုံကို သွားရတော့မှာပေါ့ ၊ ဒီကိစ္စမှာ တခြားလျှို့ဝှက်ချက်တွေရာ ရှိနိုင်သေးလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်ကတော့ ကျွန်တော့်ကို သွားစေချင်နေတယ် ၊ ဒါပေမဲ့ သူ့မှာ တခြား ရည်ရွယ်ချက် ရှိမရှိဆိုတာကတော့ ကျွန်တော်လည်း မပြောနိုင်သေးဘူး”

ယွဲ့ကျန့်ပေက...

“မင်း ဘယ်တော့သွားမှာလဲ”

ရန်ကျောက်ကဲလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ကြိုတင်စဉ်းစားထားပြီး ဖြစ်သည်။

“ပြင်ဆင်မှုတွေပြီးမှပဲ သွားဖို့စီစဉ်ထားတယ် ၊ ကျွန်တော့်မှာ စီစဉ်စရာတွေ ရှိနေသေးတယ်”

ချန်ရွှမ်ကျုန်းက...

“ငါလည်း ဒီ ထျန်းစူးစကြာဝဠာကနေ သွားတော့မယ် ၊ မင်ခုန်နဲ့ လီလီတို့ကို ရှာဖွေဖို့ စီစဉ်ထားတယ်”

သူက ဆက်ပြောသည်။

“ဒီခရီးစဉ်က အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသေချာဘူး ၊ မင်း ငါ့အတွက် စိုးရိမ်ဖို့မလိုဘူး”

လွန်ခဲ့သည့်နှစ်များအတွင်း ချန်ရွှမ်ကျုန်းက ကျဲ့မင်ခုန်နှင့် ချူးလီလီကိုရှာဖွေရန် အမြဲတမ်း ထွက်ခွာသွားလေ့ရှိသည်။ သူတို့နှင့်ပတ်သက်ပြီး သဲလွန်စများစွာရရှိခဲ့သည့်တိုင် သူတို့ကိုရှာတွေ့ရန် အခွင့်အရေးကတော့ လက်လွှတ်ခဲ့ရသည်ချည်းပင်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အဂ္ဂိရတ်ခန်းမအတွင်း ပြောင်းရွှေ့စဉ်က ချန်ရွှမ်ကျုန်းက ရန်သူများ အာရုံလွဲစေရန် ကူညီပေးခဲ့သည်။

တစ်ဖက်တွင်လည်း သူက သူ၏တပည့်နှစ်ဦးကိုရှာဖွေရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

ယခု ထျန်းစူးစကြာဝဠာသည်လည်း လုံးဝငြိမ်သက်သွားပြီဖြစ်သလို အရာအားလုံးသည်လည်း ပုံမှန်ပြန်ဖြစ်သွားပေပြီ။

ချန်ရွှမ်ကျုန်းအနေဖြင့် တံခါးပိတ်ကျင့်ကြံရန်လည်း မလိုအပ်သည်ဖြစ်ရာ သူ့တပည့်များကို ရှာဖွေရန်အတွက် အပြင်လောကသို့ ထပ်မံခရီးထွက်ရန် ဆုံးဖြတ်ရပေမည်။

ရန်တိက...

“အကြီးအကဲချန်... တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျွန်တော်လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့ချင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“တစ်ခုခုဖြစ်လာခဲ့ရင် ကျွန်တော် ခင်ဗျားကို ကူညီနိုင်တာပေါ့”

ရန်ကျောက်ကဲက...

“ဘာလဲ... အဖေက သော့ကိုဖျက်ပစ်တော့မယ်ပေါ့လေ”

ရန်တိက အနည်းငယ် ပြုံးလိုက်ရင်း...

“အဲဒီလို မဟုတ်ပါဘူး ၊ ငါလည်း အပြင်ထွက်ချင်စိတ် ရှိနေလို့ပါ”

လွန်ခဲ့သော နှစ်ပေါင်း (၂၀) က ရန်ကျောက်ကဲတို့အုပ်စု အထက်ဘုံကမ္ဘာ၏ နယ်မြေ(၅)ခုနှင့် များပြားလှစွာသော အောက်ဘုံကမ္ဘာများကို အဂ္ဂိရတ်ခန်းမအတွင်းစုပ်ယူခဲ့ပြီး ပထမဆုံး တာအိုစကြာဝဠာမှ ထွက်ခွာလာစဉ် ရန်တိက အပြည့်အဝ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ထိုစဉ်အချိန်က သူက နတ်ဘုရားတံခါးရှေ့တွင်ရောက်ရှိနေပြီး အချိန်မရွေး နတ်ဘုရားတစ်ပါးအဆင့်သို့တက်ရောက်ရန် အသင့်ရှိနေခဲ့သည်။

နောက်ပိုင်း ရန်တိက ထိုခြေလှမ်းကို အမှန်တကယ်ပင် ရှေ့သို့တက်လှမ်းနိုင်ခဲ့ပြီး အစစ်အမှန်ရုပ်ခန္ဓာကိုရရှိကာ နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း (၂၀)အတွင်း ရန်တိသည် များပြားလှစွာသော ဆေးလုံးများ၏အနှစ်သာရများနှင့် အဂ္ဂိရတ်ခန်းမ၏ ဆေးလုံးချီအကြွင်းအကျန်များကို စုပ်ယူကျင့်ကြံခဲ့သည်။

နောက်ဆုံးရလဒ်အနေဖြင့် သူ၏တိုးတက်မှုက အရှိန်အဟုန်ဖြင့် ပွင့်ထွက်သွားခဲ့သည်။

ယေယူယျဆိုရလျှင် ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အဆင့်တက်ရန်မှာ ပိုမိုနှေးကွေးလာလေဖြစ်ပြီး အချိန်ပိုမိုယူရလေ့ရှိသည်။

နတ်ဘုရားတံခါးကိုတွန်းဖွင့်နိုင်သည့် တန်ခိုးစွမ်းအားရှင်များဆိုသည်က သာမန်လူများမဟုတ်ကြပေ။

သို့ပေသိ သူတို့က အလားအလာရှိသူများဖြစ်ကြသည့်တိုင် နတ်ဘုရားအဆင့်သို့တက်ရောက်ပြီးသည်နှင့် ဆက်လက်အဆင့်တက်လိုပါက ကျင့်ကြံခြင်းစွမ်းအားကို အစွမ်းကုန်ကြိုးစားပြီး ပိုမိုစုဆောင်းရန် လိုအပ်သည်။

နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များ ကျင့်ကြံကြသည့်အခါ အဆင့်တစ်ခုတွင် ရာစုနှစ်များစွာ သို့မဟုတ် ထောင်စုနှစ်များစွာအထိ ပိတ်မိနေခြင်းက ပုံမှန်ပင် ဖြစ်သည်။

မည်မျှပင် ပါရမီရှိသူဖြစ်ပါစေ လျှောက်ရမည့်လမ်းကို လျှောက်လှမ်းရန်လိုအပ်ပြီး ရှောင်လွှဲမရသည့် ပေးဆပ်ရမှုများကိုလည်း  ပြုလုပ်ရမည်သာ ဖြစ်သည်။

သို့သော် ရန်တိ၏အခြေအနေကတော့ ပိုမိုထူးခြားသည်။

သူ၏ဘဝ အတက်အကျများနှင့်အတူ ရှေ့သို့ မနားတမ်းလှမ်းတက်နေသော စွမ်းအားအရှိန်အဟုန်က သူနှင့် ထပ်တူကျလျှက် ရှိသည်။

ထို အရှိန်အဟုန်၏အရေးပါမှုက ရန်တိအတွက် တိုက်ပွဲဝင်စဉ်တွင်သာမကဘဲ ကျင့်ကြံခြင်းအဆင့်မြင့်တက်ရန် ကြိုးစားနေချိန်တွင်လည်း အလွန်ထင်ရှားသည်။

ထို့ကြောင့် အခြားသူများအတွက် ကျင့်ကြံခြင်းအဆင့်တက်ရန် အတားအဆီးများသည် ရန်တိအတွက်တော့ ဘာမှမဟုတ်ခဲ့ပေ။ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်သာ။

ဤသည်က သူ၏ထူးခြားသောအားသာချက်ဖြစ်ပြီး သူ၏ အဆက်အနွယ်များသည်ပင် ၎င်းကို ပုံတူကူးယူနိုင်မည် မဟုတ်ပေ။

သို့သော် ထိုသို့သောကိစ္စများတွင် အားနည်းချက်များရှိတတ်သည်လည်း အမှန်ပင်ဖြစ်သည်။

ရန်တိ ကျင့်ကြံခြင်းအဆင့်တက်ရောက်ပြီးသည့်နောက် ၊ မည်သို့ပင်ဖြစ်ပါစေ သူ့အနေဖြင့် ရှေ့သို့သာဆက်သွားရမည်ဖြစ်ပြီး နောက်ပြန်ဆုတ်နိုင်ခြင်းလည်းမရှိသလို ဖိနှိပ်ထားနိုင်ခြင်းလည်း မရှိပေ။

“ဒီနှစ်တစ်လျှောက်လုံး အဖေလည်း ထိန်းချုပ်ခံထားရသလို ခံစားနေရမှာပဲ”

ရန်ကျောက်ကဲ စိတ်ထဲမှ သက်ပြင်းချရင်း တွေးလိုက်သည်။

အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာပြီးသည့်နောက် ဝါဒတောင်တွင် အားကိုးရသည့်တန်ခိုးစွမ်းအားရှင်ဆို၍ ရန်ကျောက်ကဲတို့သားအဖသာလျှင် ရှိလေသည်။

ပြီးတော့ အထက်ဘုံကမ္ဘာတွင် ဝါဒတောင်က ရန်သူပေါင်းစုံဖြင့် ကြုံခဲ့ရသည်။

ဂိုဏ်း၏ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန်အတွက် သူတို့သားအဖနှစ်ယောက်အနက် တစ်ယောက်အပြင်ထွက်မည်ဆိုပါက ကျန်တစ်ယောက်က ဝါဒတောင်ကိုဦးစီးပြီး ရန်သူများ ကျူးကျော်မလာစေရန် ကာကွယ်ရသည်။

အကြောင်းအမျိုးမျိုးကြောင့် ရန်ကျောက်ကဲက အများဆုံး အပြင်ထွက်ခွာရသူဖြစ်ပြီး ရန်တိက ဝါဒ‌တောင်ကို ဦးဆောင်ရန် ကျန်ရစ်ခဲ့ရသည်။

ထို့ကြောင့် ရွှယ်ချူးချင်နှင့် ပြန်လည်မဆုံတွေ့ခင်ကပင် သူ့မှာ ဇနီးဖြစ်သူကိုရှာဖွေရန် အပြင်လောကသို့ မထွက်နိုင်ခဲ့ပေ။

အကြောင်းမှာ သူက ဝါဒ‌တောင်ဂိုဏ်းချုပ်အဖြစ် တာဝန်ယူနေရသောကြောင့် ဖြစ်၏။

သို့ပေသိ ရန်တိက ဤသည်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုပမာ မရှုမြင်ခဲ့ပေ။ ထိုအစား ဤတာဝန်များက သူ့အတွက် တွန်းအားတစ်ခု ဖြစ်လာခဲ့ပြီး ပိုမိုကြိုးစားရန် အားအင်များဖြစ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤဖြစ်ရပ်ကို ဘက်မလိုက်ဘဲ ဝေဖန်မည်ဆိုပါက ရန်တိကို အချုပ်အနှောင်တစ်ခုဖြင့် ကန့်သတ်ထားသည်နှင့်ဆင်တူသည်။

သူ၏ဖန်ဆင်းခြင်းဓားသိုင်း ဓားဝိညာဉ်ကြောင့် ကျင့်ကြံခြင်းအဆင့်တက်ရောက်ရာတွင် ထူးခြားစွာအောင်မြင်ခဲ့သော ရန်တိကို သာမန်အဖြစ် အကဲဖြတ်ရန် မဖြစ်နိုင်ပေ။

လွန်ခဲ့သည့်နှစ်များအတွင်း ရန်တိသည် ဝါဒတောင်တွင်သာ ကျင့်ကြံနေခဲ့ပြီး ပြင်ပလောကသို့ထွက်ခွာသည်မှာ ခပ်ရှားရှား ဖြစ်သည်။

သို့ရာတွင် ရန်သူများကလည်း မရှားပါးသည်ဖြစ်ရာ ရန်တိအနေဖြင့် ဒေသတွင်းတိုက်ပွဲများ မပြတ်မလပ်ကြုံတွေ့ခဲ့ရပြီး အတွေ့အကြုံများစွာ ရရှိခဲ့သော်လည်း ပြင်ပလောကသို့ မသွားရောက်ရခြင်းက ကျင့်ကြံသူတစ်ယောက်အတွက် ဆုံးရှုံးမှုတစ်ခုပင် ဖြစ်၏။

ကျင့်ကြံသူတစ်ယောက် အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေမည်ဆိုပါက ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်တစ်ယောက် ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ပေ။

ယခု အခြေအနေက ကွဲပြားသွားပြီ ဖြစ်သည်။

ထျန်းစူးစကြာဝဠာနှင့် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာက အခြားသူများမသိရှိနိုင်အောင် ဖုံးကွယ်ထားပြီး သီးခြားလွတ်လပ်သည့် နေရာတစ်ခုဖြစ်သည်။

သဘောတရားအရဆိုလျှင် ထျန်းစူးစကြာဝဠာ၏သဲလွန်စများကို အတွင်းပိုင်းရှိ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များကိုယ်တိုင် ထုတ်ဖော်ပြသခြင်းမရှိပါက အပြင်လူများအနေဖြင့် ထျန်းစူးစကြာဝဠာတည်ရှိသည့်နေရာကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။

ထို့ပြင် ထျန်းစူးစကြာဝဠာတွင် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသာမက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံလည်း ရှိနေသေးသည်။

ယွဲ့ကျန့်ပေ ၊ ကောင်းချင်းရွှမ် ၊ လုန်ရှင်းချွမ်းနှင့် အခြားသူများသည်လည်း ဤနေရာတွင် ရှိနေကြသည်။

ကောင်းကင်များစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် ဝါဒတောင်အတွက် ရန်သူများ မရှိတော့သည်ဖြစ်ရာ ရန်ကျောက်ကဲတို့သားအဖနှစ်ယောက်လုံး ထွက်ခွာသွားသည့်တိုင် မည်သည့်ဆိုးရွားသည့်ပြဿနာမှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ရွှယ်ချူးချင်လည်း ပြန်ရောက်လာပြီဖြစ်ပြီး ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်ပတ်သက်သည့်ကိစ္စများသည်လည်း ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခဲ့ရသော ရန်တိအနေဖြင် နောက်ဆုံး သူ၏ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲရန် မျှော်လင့်နိုင်ခဲ့သည်။

ရန်တိ ကျင့်ကြံခြင်းအဆင့်တက်ရောက်သည့်အကြောင်းချင်းရာမှာ သူ၏ကိုယ်တွင်းမှ အရှိန်အဟုန်ကြောင့်ဖြစ်ကြောင်း ရင်းနှီးသူများက နားလည်ကြသည်ပင်။

ချန်ရွှမ်ကျုန်းက ခေါင်းညိတ်လိုက်ပြီး...

“လိုက်ခဲ့လို့ရပါတယ်...”

ရန်ကျောက်ကဲက...

“အဖေ ဂိုဏ်းရဲ့ကိစ္စတွေအတွက် ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားပြီးပြီလား”

ရန်တိက...

“ဂိုဏ်းတူအစ်ကို(၂)နဲ့ ဆရာတို့လည်း အတူတူပဲလေ ၊ လွန်ခဲ့တဲ့နှစ်တစ်လျှောက်လုံး ကျင့်ကြံခြင်းမှာ အောင်မြင်မှုရဖို့ ပိုပြီး အာရုံစိုက်နေခဲ့ကြတာ ၊ အခု လူငယ်မျိုးဆက်တွေလည်း အရွယ်ရောက်လာပြီဆိုတော့ သူတို့က ဒီကိစ္စတွေကို သင့်တော်သလို ကိုင်တွယ်ပါလိမ့်မယ်”

All Chapters