← Chapters

အဖိနှိပ်ခံခဲ့ရသူများ

Vol. 17 Ch. 226

အဖိနှိပ်ခံခဲ့ရသူများ

Vol. 17 Ch. 226

ဆံပင်အနက်‌ရောင်ရှိသော အမျိုးသားသည် အာရန်ရှေ့၌ ဒူးထောက်နေသော အဘိုးအိုကို တစ်ချက်ကြည့်ရင်း ပြုံးပြလိုက်သည်။

မဟာအကြီးအကဲတစ်ဦးသည် သာမန်အကြီးအကဲတစ်ဦးရှေ့၌ ဒူးထောက်နေသော မြင်ကွင်းမျိုးသည် အလွန်မြင်တွေ့ရခဲသောမြင်ကွင်းလည်းဖြစ်လေသည်။

အာရန် ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အင်အားကြီးမားသော အော်ရာအငွေ့အသက်ကို ခံစားမိသဖြင့် ထိုသူသည် အတော်လေးစိတ်ဝင်စားသွားမိသည်။

“ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ...” ဟု ထိုသူက ပြောလိုက်ကာ သူ၏ မျက်လုံးများသည် အာရန်ကို စိုက်ကြည့်နေရင်း စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာများအထိပင် စူးစမ်းကြည့်ရန် ကြိုးစားနေသကဲ့သို့ ထင်မှတ်ရသည်။

အာရန်သည်လည်း အဆိပ်ရှိသော မြွေတစ်ကောင်က သူ့အား ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

“သူက အင်အားကြီးတဲ့သူပဲ အန္တရာယ်ရှိတယ် သတိထား”

ယီလန်သည် အနည်းငယ် အံ့အားသင့်နေသော အာရန်ကို သတိပေးလိုက်သည်။

အာရန်သည် အခြားမဟာအကြီးအကဲများနှင့် ရင်ဆိုင်ခဲ့ရစဥ်၌ပင် ယီလန်သည် မည်သူ့ကိုမျှ အန္တရာယ်ရှိသူဟု မဖော်ပြခဲ့ပေ။

ဤသည်မှာ သူမဆီမှ ထိုကဲ့သို့သော စကားမျိုးကိုပြောသည်ကို ပထမဆုံး ကြားရခြင်းလည်းဖြစ်လေသည်။

‘ကိုယ်သိပါတယ်’

အာရန်သည် စိတ်ချင်းဆက်သွယ်၍ ယီလန်ကို ပြန်ပြောလိုက်သည်။

အာရန်သည် ဤနေရာ၌ မည်သူ့ကိုမျှ တိုက်ခိုက်ရန် ရောက်လာခဲ့ခြင်း မဟုတ်သော်လည်း ဤလူနှင့် သူ၏ ရှေ့၌ ဝင်ရောက်သွားသော အမျိုးသမီး၏ နောက်ခံရာထူး အချက်အလက် များကိုစဥ့်စားမိလိုက်သောအခါ ထပ်မံခေါင်းကိုက်သွားမိခဲ့သည်။

ဤသူများသည် မည်သူမည်ဝါဖြစ်ကြောင်း သူ မသိထားပေ။ ၎င်းတို့သည် မိစ္ဆာဂိုဏ်း၏ ဘိုးဘေးအကြီးအကဲများ ဖြစ်နေကြမလား။

ထိုသို့ဖြစ်ပါက ၎င်းသည် သူ၏ ရွေးချယ်မှုကို ပြီးမြောက်နိုင်ရန်အတွက် အတော်လေး ပြဿနာရှိလာနိုင်သည်။

ဂိုဏ်း၏ ဘိုးဘေးအကြီးအကဲများသည် ဖန်းယု ၏ ဖခင်နှင့်အတူ လုပ်ကိုင်ခဲ့သော ယခင်မျိုးဆက်မှ အကြီးအကဲများဖြစ်ကြလေသည်။

မူလဝတ္ထုထဲ၌ ၎င်းတို့အကြောင်း တည်ရှိမှုကို ဖော်ပြထားသော အခန်းအနည်းငယ် ရှိခဲ့သော်လည်း မည်သူ့ကိုမျှမူ တရားဝင်မိတ်ဆက်ပေးခဲ့ခြင်းမျိုး မရှိခဲ့ပေ။

ဖန်းယုသည သူမ၏ ဖခင် အသတ်ခံရသောအခါ လူတိုင်းကို သံသယစိတ်များ စတင်ထားတတ်လာခဲ့သည်။

သူမ၏ ဖခင်အတွက် အလုပ်အကျွေးပြုခဲ့သော မဟာအကြီးအကဲများစွာသည် မည်မျှ ကိုယ်ကျိုးရှာလာကြသည်ကို နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင် မြင်လာရသောကြောင့်လည်း ဖြစ်လေသည်။

ထိုအချိန်က ဖန်းယု ကို နှိပ်ကွပ်ကာ ဂိုဏ်းချုပ်ရာထူးကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသော မဟာအကြီးအကဲများစွာရှိခဲ့ကြပြီး ထိုရာထူးသည် ၎င်းတို့သာ ပိုင်ဆိုင်သင့်သည်ဟုပင် ၎င်းတို့က ယုံကြည်ခဲ့ကြသည်။

၎င်းသည် မိစ္ဆာဂိုဏ်းအတွင်း အလွန်ရှုပ်ထွေးသော ကာလတစ်ခုဖြစ်ခဲ့ပြီး အလွန်အမင်း တုန်လှုပ်ချောက်ချားစရာကောင်းသော ဂိုဏ်းတွင်းပရိပက္ခများ ဖြစ်ပွားခဲ့လေသည်။

အသက်ရှင်ကျန်ရစ်ခဲ့သော ဖန်းယုကိုပင် သတ်ရန် ကြိုးစားမှုအချို့ ပေါ်ပေါက်ခဲ့သေးသည်။

၎င်းသည် ဖန်းယု လုံးဝပြောင်းလဲသွားသော အချိန်လည်းဖြစ်လေသည်။ သူမသည် လအနည်းငယ်ကြာခန့် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

သူမ ဘယ်သွားခဲ့သည်၊ ဘာလုပ်နေခဲ့သည်ကို မည်သူမျှ မသိခဲ့ရသော်လည်း သူမ ပြန်ရောက်လာသောအခါတွင်မူ မိစ္ဆာဂိုဏ်း၌ သွေးချောင်းစီးခဲ့လေသည်။

မိစ္ဆာဂိုဏ်း၏ တော်ဝင်နန်းတော် နံရံများတွင် သစ္စာဖောက်များ၏ သွေးများဖြင့် နီရဲခဲ့ရလေသည်။

ဖန်းယုသည် ပုန်ကန်မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သော မဟာအကြီးအကဲများ အားလုံးကို သတ်ပစ်ခဲ့သည်။

သူမကို ဒုက္ခပေးရန် ပေါ်တင် မကြိုးစားခဲ့ကြသော မဟာအကြီးအကဲများကိုမူ အကျယ်ချုပ်သဘောမျိုးဖြင့် တစ်ဦးစီ သီးခြားနေထိုင်ရန် အတင်းအကျပ် အမိန့်ချမှတ်ခဲ့သည်။

ထိုမဟာအကြီးအကဲများသည် လူမြင်ကွင်း၌ ထပ်မံပေါ်မလာကြသော ဘိုးဘေးအကြီးအကဲများအဖြစ် လူအများကသိမှတ်ထားခဲ့ကြသည်။

၎င်းတို့သည် မည်သူ့ကိုမျှ ပညာလက်ဆင့်ကမ်းသင်ကြားခွင့် သို့မဟုတ် မည်သည့် တပည့်ကိုမျှ လက်ခံခွင့် မရရှိတော့ပေ။

နှစ်စဉ်နှစ်တိုင်း ၎င်းတို့၏ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်အနည်းငယ်ကို ပေးအပ်ခဲ့သော်လည်း ထိုမျှသာဖြစ်လေသည်။

၎င်းတို့အတွက် သတ်မှတ်ထားသော ဧရိယာ၏ အပြင်ကိုပင် ထွက်ခွာခွင့် မပြုခဲ့ပေ။

ထိုအချိန်၌ မိစ္ဆာဂိုဏ်း၏ ခေတ်သစ်တစ်ခု စတင်ခဲ့လေသည်။

... အရှေ့တိုက်၌ အရှင်သခင်တစ်ဦး ပေါ်ထွက်လာခဲ့သော ခေတ်ဖြစ်လေသည်။

…..

ယခု ဤနေရာ၌ ပေါ်လာခဲ့သော လူနှစ်ဦးသည် အာရန် ယခင်က မြင်ဖူးသော အကြီးအကဲများထက် ပို၍ အင်အားကြီးမားလေသည်။

ဇီယာနှင့် ရှုယင်တို့ ပူးပေါင်းတိုက်ခိုက်လျှင်ပင် ထိုဆံပင်အနက်ရောင်နှင့် အမျိုးသားကို အနိုင်ယူနိုင်မည် မဟုတ်ဟု သူ ခံစားမိနေသည်။

အစောပိုင်းက ထွက်ခွာသွားသော အမျိုးသမီးအတွက်မူ... သူမသည် ဤအမျိုးသားထက်ပင် ပို၍ အင်အားကြီးမားမည်ဟု ခန့်မှန်းမိလိုက်သည်။

ထိုသို့အင်အားကြီးမားပုံမျိုးဖြင့်ဆိုပါက ၎င်းတို့သည် ဘိုးဘေးအကြီးအကဲများသာ ဖြစ်နိုင်ပေလိမ့်မည်။

ဖန်းယု ပျောက်ဆုံးသွားသော သတင်းသည် အိပ်ပျော်နေသော နဂါးများဆီသို့လည်း ရောက်ရှိသွားပုံရသည်။

ထိုသွေးချောင်းစီးခဲ့သောနေ့ ပြီးသည့်နောက် ယခုသည် ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ မိမိတို့ကိုယ်ကို စမ်းသတ်ရန် တစ်ဦးချင်းစီသည် မိမိတို့နေထိုင်ရာ နေရာများမှ ထွက်ပေါ်လာခဲ့ကြခြင်း ဖြစ်ပုံရလေသည်။

အာရနမသည် ၎င်းတို့လူဦးရေ မည်မျှရှိသည်ကို မသိနိုင်သော်လည်း ဤလူများသည် ဂိုဏ်းချုပ် ရာထူးကို သိမ်းပိုက်ရန် သူ၏ လမ်းကြောင်း၌ အကြီးမားဆုံး အတားအဆီးများဖြစ်လာမည်ဟု ခံစားမိနေသည်။

“ဒီ ကလေးမလေးက တကယ် စိတ်ဝင်စားစရာကောင်းတဲ့ လူတချို့ကို စုဆောင်းထားနိုင်ပုံရတယ်” ဆံပင်အနက်‌ရောင်ရှိသော ထိုအမျိုးသားသည် အာရန်ကို ဖြတ်ကျော်သွားရင်း အေးအေးလူးလူးပင် ပြောလိုက်သည်။

မကြာမီ သူသည်လည်း စင်္ကြံလမ်းမှ ပျောက်ကွယ်သွားကာ တိုက်ပွဲဖြစ်ပွားရာ ဂိုဏ်းချုပ်နေထိုင်ခဲ့သည့်နေရာသို့ ဝင်‌ရောက်ပျောက်ကွယ်သွားလေသည်။

“အဲဒီ အဘိုးကြီးတွေ ကိုယ်ထင်ပြတော့မယ်ဆိုတာ ကျွန်မကြိုတွေးမိသားပဲ”

ဇီယာသည် အဘိုးအို၏ လက်ကောက်ဝတ်ကို လွှတ်ပေးရင်းပြောလိုက်သည်။

ယခု ထိုလူများ ပေါ်လာပြဖြစ်သောကြောင့် ဆူညံသံများ ဖန်တီးခြင်းသည် ကောင်းမွန်သော အရာတစ်ခုမဟုတ်တော့ပေ။

အဘိုးအိုသည်လည်း ထိုအရာကို သဘောပေါက်လိုက်သည်။

သူသည် သူ၏လျှို့ဝှက်စွာ ထုတ်ယူထားသော ဓားလေးကို ပြန်သိမ်းလိုက်ကာ ထိုနေရာမှ ထရပ်လိုက်သည်။

အာရန်ကို တစ်ချက်မျက်စိစွေ၍ စိုက်ကြည့်လိုက်သော်လည်း သူ့ကို ထပ်မံ တိုက်ခိုက်ရန်မကျိုးစားတော့ပေ။

သူသည် မျက်နှာတင်းမာစွာဖြင့်သာ နဂိုနေရာသို့ ပြန်လျှောက်သွားလိုက်သည်။

မဟာအကြီးအကဲများ အားလုံး တိတ်ဆိတ်သွားသည်ကို အာရန် သတိထားမိလိုက်သည်။

ထို့နောက် တိတ်ဆိတ်စွာ ၎င်းတို့သည် အဓိက ခန်းမအတွင်းသို့ ပြန်လည်း ဝင်ရောက်သွားကြလေသည်။

ထိုလူနှစ်ဦး ပေါ်လာသောသက်ရောက်မှုသည် ဤနေရာတစ်ခုလုံးအာ စည်းစနစ်တကျ ပြန်လည်ဖြစ်သွားစေခဲ့သည်။

“သူတို့က ဘိုးဘေးအကြီးအကဲတွေမဟုတ်လား” အာရန်သည် စင်္ကြံလမ်း၌ ၎င်းတို့နှစ်ဦးတည်းသာ ကျန်တော့သောအခါမှ ဇီယာကို မေးလိုက်သည်။

“ရှင်က သူတို့အကြောင်း သိနေတာလား ရှုယင်က ရှင့်ကို ပြောပြထားခဲ့တာထင်တယ်” ဇီယာက ပြန်လည်ပြောလိုက်သည်။

မဟာအကြီးအကဲများမှလွဲ၍ ဂိုဏ်းရှိလူအများစုသည် ၎င်းတို့၏ တည်ရှိမှုကို မသိရှိထားကြပေ။

ဇီယာသည်ပင် ၎င်းတို့မှာ အချိန်ကြာမြင့်စွာကတည်းက လူရှေ့သူရှေ့ ထွက်ပေါ်လာခဲ့ခြင်းမျိုး မရှိကြသောကြောင့် ၎င်းတို့၏ တည်ရှိမှုကိုပင် မေ့လျော့မိသလိုဖြစ်သွားခဲ့ရသည်။

“ငါမှန်းတာ မှန်သွားပုံရတယ်” အာရန်သည်လည်း သူမ၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

သို့သော် သူမ၏ ပြောစကားအရပင် သူ့အား အဖြေကိုခန့်မှန်းရန် လုံလောက်ခဲ့ပြီးဖြစ်သည်။ သူသည် မှန်ကန်ခဲ့လေသည်။

မူလဝတ္ထုအတွင်း၌ အနည်းငယ်မျှသာ ဖော်ပြထားသော ပုဂ္ဂိုလ်ကြီးများသည် သူ၏ မျက်စိရှေ့၌ပင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ဂိုဏ်း၌ ဘိုးဘေးအကြီးအကဲ မည်မျှရှိနေသည်ကို အာရန် မထားသိပေ။

အနည်းဆုံး ထိုနှစ်ဦးထက် ပိုသည်မှာတော့ သေချာနေလေသည်။ သို့သော် ယခုအချိန်တွင် နှစ်ဦးသာ ပေါ်လာခဲ့သေးသည်။

အခြားသူများသည် သီးခြားနေထိုင်သည့်ဘဝမှ ထွက်လာရန် စိတ်မဝင်စားကြ၍လော သို့မဟုတ် ၎င်းတို့သည် တစ်စုံတစ်ခုကို ကြောက်ရွံ့နေခဲ့ကြ၍လော....။

ဖန်းယုသည် ၎င်းတို့အား သူမ၏ စည်းမျဉ်းများကို ချိုးဖောက်မည့်အချိန်ကို စစ်ဆေးရန် ထောင်ချောက်တစ်ခုဆင်ထားခဲ့ခြင်း ဖြစ်နေမည်ကို စိုးရိမ်နေကြခြင်းလည်းဖြစ်နိုင်လေသည်။

အာရန်သည် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသော ခန်းမဆီသို့ လျှောက်သွားနေစဉ် သူ၏ စိတ်တွင် မေးခွန်းများစွဖြင့် ပြည့်နှက်နေခဲ့သည်။

ဇီယာသည် သူ့ဘေး၌ ကပ်လျက်ပင် လိုက်ပါလာခဲ့သည်။

သူမသည် အာရန်၏ ဘေးကင်းလုံခြုံရေးအတွက် အမှန်တကယ် စိုးရိမ်ပုံရသောကြောင့် သူ၏ အနီးသို့ကပ်၍ လိုက်ပါလာခဲ့လေသည်။

“ငါ့တပည့်က ငါ့ကို ဒီလောက် ဂရုစိုက်မယ်လို့ တကယ်မထင်ထားခဲ့ဘူး”

အာရန်သည် သူမ၏ စိုးရိမ်ပူပန်မှုများကို သဘောပေါက်ရင်း ပြုံးပြလိုက်သည်။

ဇီယာသည် သူမမှာ သူ၏ တပည့်ဖြစ်သည်ဟူသော အချက်ကို စတင်လက်ခံလာပုံရသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမသည် သူနှင့် အသက်အရွယ်ကွာခြားမှုကို တဖြည်းဖြည်းချင်း မေ့လျော့လာကာ သူ့အား သူမ၏ ဆရာအဖြစ် စတင် လက်ခံလာပြီလည်းဖြစ်လေသည်။

“ကျွန်မကို သင်ပေးစရာတွေ အများကြီး ကျန်သေးတယ်နော်”

ဇီယာသည် အာရန်အား မျက်စောင်းတစ်ချက်ထိုးရင်း ပြောလိုက်သည်။

သူမသည် ထိုအကြောင်းအရာတစ်ခုလုံးကို တစ်လုံးချင်းပီသအောင် ပြောခဲ့သော်လည်း နောက်ဆုံးဝါကျ ပြီးခါနီး၌ သူမသည် တိုးတိုးလေး ထပ်မံရေရွတ်လိုက် စကားလုံး တစ်လုံးလည်းရှိနေသေးကာ ၎င်းကိုမူ မည်သူမျှ မကြားနိုင်ခဲ့ပေ။

“...ဆရာ”

All Chapters