အာရန်၏ အထိအတွေ့
Vol. 17 Ch. 230
ထိုအမည်မသိသောပုဂ္ဂိုလ် ထွက်ခွာသွားသောအခါမှသာ ကမ္ဘာကြီးသည် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်တော့သည်။
အချိန်မြစ်စီးချောင်းသည်လည်း ပြန်လည်အသက်ဝင် စီးဆင်းလာခဲ့သည်။
အချိန်စီးဆင်းမှုမှ ဖယ်ထုတ်ထားခြင်းခံခဲ့ရသောသူများသည် ယခုမှသာ ပြန်လည် လှုပ်ရှားလာနိုင်ခဲ့ကြသည်။
ယီလန်သည် အလွန်ရှုပ်ထွေးစွာဖြင့် သတိပြန်လည်လာခဲ့သည်။
အချိန်ခဏလေးအတွင်း၌ပင် သူမသည် အာရန်၏ ကျောပြင်ကို လှမ်းမြင်လိုက်ရပြီး နောက်သူမသည် ဆန်အိတ်တစ်လုံးကဲ့သို့ တစ်စုံတစ်ဦး၏ ကျောကုန်းပေါ်တွင် သယ်ဆောင်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
ဤကဲ့သို့ သယ်ဆောင်ခံရခြင်းသည်ပင် ရှက်ဖွယ်အတိဖြစ်သည်ဟု ဆို၍ရသော်လည်း နောက်ထပ်တစ်ခုကို ထပ်မံ၍ခံစားလိုက်ရသည်။
သူမကို သေချာစွာ သယ်ဆောင်နိုင်ရန် အာရန်၏ လက်များသည် သူမ၏ ကျောပြင်ပေါ်၌ ရှိနေခဲ့လေသည်။
သို့သော် ၎င်းတို့သည် သူမ၏ ခါး သို့မဟုတ် အခြားအဆင်ပြေသည့် နေရာများ၌ ရှိမနေကြပေ။
“ရှင် ကျွန်မကို ခုလိုကိုယ်ပေါ်ကို ဘာလို့တင်ထားတာလဲ ပြီးတော့ဘာလို့ အဲ့ဒီနေရာကို မှရွေးကိုင်ထားတာလဲ” ဟု သူမသည် အာရန်ကို မေးလိုက်သည်။
“မင်း ကိုယ့်ကို အပြစ်တင်လို့ မရဘူး အဲဒါက မင်းကိုချီမဖို့ အကောင်းဆုံးနေရာဖြစ်နေလို့ပဲ” ဟု အာရန်က ပြန်ဖြေလိုက်သည်။
“မင်း ပြုတ်ကျပြီး ခေါင်းကို ဘယ်နေရာမှာမဆို ထိခိုက်မိတာမျိုး ကိုယ် ခွင့်မပြုနိုင်ဘူးလေ”
“ဟွန့်... ထားပါတော့ ဒါပေမဲ့ အခုတော့ ကျွန်မကို အောက်ချပေးတော့”
ယီလန်သည် သူမ ဘာဖြစ်သွားသည်ကို မသိလိုက်ပေ။
သူမသည် သူ့နောက်၌ ကပ်၍လျှောက်လိုက်လာစဉ် သူမသည် ရုတ်တရက် သူ့ကျောကုန်းပေါ်သို့ မည်သို့ ရောက်ရှိသွားခဲ့သနည်း။
သူမ၏ မှတ်ဉာဏ်များ၌ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။
ထို့နောက် သူမသည် ဤကဲ့သို့ သယ်ဆောင်ခံရခြင်း၌ ရှက်ရွံ့လှသဖြင့် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်ရန်ကြိုးစားလိုက်သည်။
အာရန်က သူမကို အောက်သို့ ချပေးတော့မည့်အချိန်၌ သူမသည် လွတ်မြောက်ရန် စတင်ရုန်းကန်လိုက်သည်။
အာရန်သည် သူမကို ချပေးရန် စီစဉ်နေစဉ် ယီလန်သည် လွတ်မြောက်ရန် အတင်း ဆက်လက်ရုန်းကန်လိုက်သဖြင့် သူမသည် ပြုတ်ကျသွားတော့မတတ်ဖြစ်သွားသဖြင့် အာရန်သည်လည်း အံ့အားသင့်သွားရသည်။
“အင့်..”
ယီလန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားကာ မလိုလားသည့် အသံတစ်ခု ထွက်လာခဲ့သည်။
ယီလန်၏ ပြင်းထန်သော လှုပ်ရှားမှုနှင့် အာရန်၏ သူမ ပြုတ်ကျခြင်းမှ တားဆီးရန် ကြိုးပမ်းမှုတို့ တွေ့ဆုံသွားခိုက်တွင် အာရန်၏ လက်ချောင်းတစ်ချောင်းသည် သူမ၏ မသင့်လျော်သော နေရာတစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။
သူမသည် သူမ၏ ခန္ဓာကိုယ်အနှံ့ လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားသည်ဟု ခံစားလိုက်ရသည်။
သူမ၏ နားရွက်ဆီမှ မီးခိုးငွေ့များ ထွက်မလာခဲ့သော်လည်း သူမ၏ ဦးနှောက်သည် ခဏတာအလုပ်မလုပ်တော့သကဲ့သို့ ဖြစ်သွားသည်။
သူမ၏ ခုခံမှုစွမ်းအားများသည်လည်း အလုံးစုံဆုံးရှုံးသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်။
အာရန်သည် ထိုအနေအထားအတိုင်းပင် မရပ်တန့်ပေးဘဲ ရှေ့သို့ ဆက်လက်လျှောက်လှမ်း နေသောကြောင့် ထိတွေ့မှုများဖြစ်ပေါ်ကာ သူမ၏ ခန္ဓာကိုယ်ကို ပို၍ပင် ခံစားစေခဲ့သည်။
“ရှင်....တမင် လုပ်တာမလား...”
သူမသည် အားနည်းစွာဖြင့် စကားလုံးအနည်းငယ်ကို ပြောရန် ကြိုးစားလိုက် သော်လည်း သူမ၏ လက်များသည် အာရန်ဆီမှရုံးဖယ်ရန်ပင် အင်အားများကို ဆုံးရှုံးလိုက်ရသည်။
အာရန်ရှေ့၌ သူမသည် သာမန်မိန်းကလေးတစ်ဦးနှင့် မခြားနားတော့ပေ။
အာရန်သည်ထိုအရာကို မသိဟန်ဆောင်ကာ “ကိုယ်က ဘာကိုတမင်လုပ်ရမှာလဲ” ဟု ပြန်မေးလိုက်သည်။
“ရှင့်ရဲ့ လက်ချောင်းက...”
ထိုစကားလုံးအနည်းငယ်ကိုပြောသောအခါ ယီလန်၏ မျက်နှာသည် လုံးဝ နီရဲတက်သွားလေသည်။
“ကိုယ့်လက်ချောင်းက ဘာဖြစ်လို့လဲ” အာရန်က ဘာမှမသိဟန်ဖြင့် ပြန်မေးလိုက်သည်။
၎င်းသည် သူ၏ မရည်ရွယ်သော မတော်တဆမှုတစ်ခုဖြစ်သွားခဲ့သော်လည်း နောက်ဆုံး၌ သူသည် သာမန်ယောက်ျားတစ်ဦးသာဖြစ်လေသည်။
သူ၏ လက်ချောင်းသည် ဘယ်နေရာ၌ ရှိနေသည်ကို မသိနိုင်သည်အထိ မိုက်မဲသောသူတစ်ဦး မဟုတ်သေးပေ။
“အဲ့ဒါက...”
ယီလန်သည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ သူမ၏ စကားကို အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပေ။
“မင်း ရှင်းရှင်းလင်းလင်း ပြောဖို့လိုလိမ့်မယ်နော်”
အာရန်က မသိဟန်ဆောင်ကာ ဆက်လက်စနောက်နေလိုက်သည်။
အာရန်သည် သူနှင့် ရှုယင် နှစ်ကိုယ်ကြားရင်းနှီးမှုများ တည်ဆောက်နေခဲ့ချိန်၌ သူတို့အား ချောင်းကြည့်ရန် နှစ်သက်ခဲ့သော ဤအမျိုးသမီးကို စနောက်ရသည်ကို အတော်ပင် ပျော်ရွှင်နေသကဲ့သို့ ရှိနေသည်။
ယခု သူမ၏ အလှည့်၌မူ သူမသည် ဓါတ်အားနည်းသွားသော စက်ရုပ်တစ်ရုပ်နှင့် တူနေလေသည်။
အာရန်သည် ယီလန်ကို စနောက်နေခြင်းဖြစ်သောကြောင့် ဤမညီညာသော မြေပြင်၌ သူ၏ ချေလှမ်း တစ်လှမ်းစီတိုင်းတွင် သူမ၏ အစိတ်အပိုင်းတစ်ခုကို ညင်သာစွာ ပွတ်သပ်မိသွားသော သူ၏ လက်ချောင်းများကို မဖယ်ရှားပေးခဲ့ပေ။
“ဟင် ဒါက ဘာလို့ နည်းနည်း...”
အာရန်သည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် အံ့အားသင့် သွားလေသည်။
၎င်းတို့ကြား၌ အဝတ်အစားအလွှာတစ်ခုခြားထားနေသော်လည်း သူ၏ လက်ချောင်းများသည် စိုစွတ်သောအရာတစ်ခုပေါ်၌ ရှိနေသကဲ့သို့ ခံစားမိလိုက်လေသည်။
‘ဝိညာဥ်တွေမှာလဲ အဲ့လိုမျိုးတွေ ရှိတာပဲလား’ အာရန်သည်ထိုသို့ တွေးလိုက်မိသည်။
“ရှင်”
ယီလန်သည် သူမ၏ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး သူမ ယခင်က မခံစားခဲ့ရဖူးသော ကြီးစွာသော ရှက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရလေသည်။
အာရန်သည် အံ့အားသင့်နေဆဲဖြစ်သောကြောင့် သူမသည် နောက်သို့ တွန်းထွက်လိုက်ကာ သူ၏ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်သွားလေသည်။
သို့သော် သူမ၌ အာရန်အား မျက်နှာချင်းဆိုင်ရန် အင်အားများ မရှိသေးပေ။
ထို့နောက် သူမသည် မျက်လုံးထောင့်မှနေ၍ ပြုံးဖြီးဖြီးဖြစ်နေသော အာရန်ကို တစ်ချက်စွေကြည့်လိုက်သည်။
“ဘာစကားတစ်ခွန်းမှ ထပ်မပြောနဲ့”
ယိယန်သည် သူမ၏ မျက်လုံးကို ပြန်တည်လိုက်ကာ အာရန်အား အနည်းငယ်ခပ်မာမာလေး ပြန်ပြောလိုက်သည်။
အာရန်သည် သူ၏ခေါင်းကို ပြန်ကုတ်လိုက်ရင်းပြောလိုက်သည်။
“ကိုယ် ဘာမှ မပြောရသေးဘူးလေ”
“ရှင် ဘာပြောတော့မလဲဆိုတာ ကျွန်မ သိနေတယ်”
ယီလန်က ခေါင်းကို ငုံ့ထားရင်း ပြောလိုက်သည်။
သူမသည် သူ့အား မျက်လုံးချင်း မဆိုင်ဝံ့သေးပေ။
အာရန်သည် ယီလန်၏ အပြုအမူအား အတော်လေး ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။
သူမသည်ဝိညာဥ်တစ်ဦးဖြစ်နေသော်လည်း အလွန်လှပလွန်းသူတစ်ဦး ဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။
ကံမကောင်းစွာဖြင့် ဤနေရာသည် ထိုအတွေးများအတွက် ကောင်းမွန်သော နေရာတစ်ခု မဟုတ်ပေ။
၎င်းတို့ ဤနေရာ၌ ကြာကြာနေလေလေ ဤနေရာသည် ၎င်းတို့အတွက် ပို၍ အန္တရာယ်များလေလေ ဖြစ်လာပေလိမ့်မည်။
နေ့တိုင်း ၎င်းတို့သည် ဤနေရာ၌ အာရုံတစ်ခု ဆုံးရှုံးသွားမည်ဖြစ်သောကြောင့် စက္ကန့်တိုင်းသည် အဖိုးတန်နေလေသည်။
“ကျွန်မတို့ ခုဘယ်ကိုဆက်သွားကြမှာလဲ”
ယီလန်က ခေါင်းစဉ်ကို ချက်ချင်း ပြောင်းလိုက်ရင်း မေးခွန်းတစ်ခုမေးလိုက်သည်။
မည်သို့ပင်ဆိုစေ ထိုကိစ္စသည် သူမအတွက် အလွန် ရှက်စရာကောင်းလွန်းနေခဲ့သည်။
အာရန်သည် သူမ၏ အကြံကို သတိပြုမိသော်လည်း ထိုအကြောင်းကို ထပ်မံထုတ်ဖော်၍ မစနောက်တော့ပေ။
၎င်းတို့သည် ပို၍ အရေးကြီးသော အကြောင်းပြချက်တစ်ခုအတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်မဟုတ်ပါလား။
သို့သော် အာရန်သည် သူမ၏ ချိုမြသော ရနံ့လေးတစ်ခု သူ့ပတ်ဝန်းကျင်၌ ပျံ့လွင့်နေသည်ကို ခံစားမိနေဆဲဖြစ်လေသည်။
‘ဇာတ်လိုက်တွေက အမျိုးသမီးတစ်ယောက်ဟာ သူတို့ရဲ့ ဓားကို ဆွဲထုတ်တဲ့ အရှိန်ကိုတောင် သက်ရောက်မှုရှိစေနိုင်တယ်ဆိုတဲ့ အဲဒီ ကြောက်စရာကောင်းတဲ့ စကားတွေကို အမြဲပြောနေတတ်ကြတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ’
အာရန်သည် ခေါင်းကို အနည်းငယ် ခါယမ်းရင်း တွေးလိုက်မိသည်။
အာရန်သည် တည်ငြိမ်မှုကို ပြန်လည်ရရှိရန်ကြိုးစားလိုက်ကာ မင်္ဂလာနှောင်ကြိုး ၏တည်နေရာကိုသာ အာရုံပြန်စိုက်လိုက်သည်။
ထိုစာရေးဆရာ ပေါ်လာတတ်သောအခါများတွင် အရာရာသည် အမှန်တကယ် ပို၍ အန္တရာယ်များလာတတ်ကြောင်း သူ သဘောပေါက်ခဲ့သည်။
ဤအချက်ဖြင့်ပင် အာရန်သည် ယခုသူ ရင်ဆိုင်ရမည့်သူမှာ သူ့ကဲ့သို့နှင့် ဝိညာဥ်လမ်းလျှောက်သူ ကဲ့သို့သော ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။
၎င်းတို့နှစ်ဦးသည် အခြားကမ္ဘာမှ ရောက်လာကြသူများဖြစ်ပြီး ဤကမ္ဘာမှ လူတစ်ဦးစီ၏ ခန္ဓာကိုယ်တစ်ခုစီကို ပိုင်ဆိုင်ထားကြသူများလည်းဖြစ်လေသည်။
အာရန်သည်ထ ထိုသူ ပိုင်ဆိုင်ထားသော မူလခန္ဓာကိုယ်ပိုင်ရှင်၏ အစစ်အမှန်အချက်အလက်များကိုလည်း အလွန်စိတ်ဝင်စားသွားမခဲ့သည်။
ထိုသူသည် ဖန်းယုကဲ့သို့ အရှင်သခင်တစ်ဦးကို မည်သို့သောနည်းလမ်းများဖြင့် အနိုင်ယူနိုင်ခဲ့သနည်း။
ထိုသူသည် လှည့်ကွက်တစ်ခုခုကိုပင် အသုံးပြုခဲ့သလား သို့မဟုတ် သူသည် အမှန်တကယ်ပင် ထိုမျှ အင်အားကြီးမားနေခဲ့သလား...။
ဖြစ်နိုင်ခြေနှစ်ခုစလုံးကို သူသည် လျစ်လျူရှု၍ မရပေ။
အကယ်၍ ထိုသူသည် ဖန်းယုကို တရားမျှတစွာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်ပါက ထိုသူသည် အလွန်အင်အားကြီးမားသူဖြစ်သောကြောင့် အလွန်အန္တရာယ်များသည်ဟု ဆိုလိုနေသည်။
တစ်ဖက်၌ ထိုသူသည် လှည့်ကွက်တစ်ခုခုကို အသုံးပြုခဲ့ခြင်းဖြစ်ပါက ၎င်းသည်လည်း သူ မည်မျှ လိမ္မာပါးနပ်ကြောင်း ပြသနေသောကြောင့် ပို၍ပင် အန္တရာယ်များသေးသည်။
အာရန်ပင် ဖန်းယုကဲ့သို့သောသူကို အနိုင်ယူရန် နည်းလမ်းများကို ရှာဖွေနိုင်ခြင်း မရှိသေးပေ။
အဆိပ်များဖြင့်ပင် သူမကဲ့သို့အဆင့်ရှိသူများအပေါ် သက်ရောက်မှု မရှိနိင်သောကြောင့်ဖြစ်လေသည်။
ဖန်းယုသည် အဆိပ်ကို တောင့်ခံနိုင်သောအဆင့်တွင်ရှိသောကြောင့် သူမအပေါ် ထိုအရာများသည် အလုပ်မဖြစ်နိုင်ပေ။
၎င်းသည် စာရေးဆရာကြောင့်လားဟု သူ တွေးလိုက်မိသည်။
ထိုသို့ဆိုပါက ထိုသူသည် စာရေးဆရာကို နောက်တစ်ကြိမ် ဘာကြောင့် ခေါ်ခဲ့သည်ကိုလည်း သူ တွေးတောနေခဲ့သည်။
ထိုသူသည် မေးခွန်းဘောက်ချာ နှစ်ခုကိုပင် မည်သို့ ရရှိနိုင်ခဲ့သနည်း။ ထိုသူသည် သူ့ကဲ့သို့ပင် တဖြည်းဖြည်းချင်း တိုးတက်လာနေခဲ့သူများလား....။
ထိုသူမှ ဤတစ်ကြိမ် စာရေးဆရာကို ရည်ရွယ်သော မေးခွန်းအကြောင်းကို အတော်လေး စိတ်ဝင်စားမိနေခဲ့သည်။
၎င်းသည် အခြား ကမ္ဘာကူးပြောင်းလာသူများနှင့် သက်ဆိုင်သော အကြောင်းအရာတစ်ခုများလား။
သို့မဟုတ် ဤတောင်တန်း၌ သူ၏ တည်ရှိမှုကို ဖော်ထုတ်နိုင်သော အရာတစ်ခုခုများလား။
သူ၏ စိတ်၌ မေးခွန်းများစွာ ရှိပြီး အဖြေများရရှိရန်အတွက်မူ ဦးတည်ရာတစ်ခုသာ ရှိလေသည်။