← Chapters

သတ်၍ မရသူ

Vol. 17 Ch. 233

သတ်၍ မရသူ

Vol. 17 Ch. 233

ခဏအကြာ၌ ထိုလူငယ်၏ မျက်နှာသည် အစောပိုင်းက ပေါ်ပေါက်ခဲ့သော ကျေနပ်အားရသည့် အပြုံးများ‌ ပျောက်ကွယ်သွားလေသည်။

လူငယ်သည် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်ကာ အနက်ရောင် သတ္တုလုံးလေးတစ်လုံးကို ဆွဲထုတ်လိုက်သည်။

“ဒင်းဂါးကို အသက်သွင်းပါ တတိယမျက်နှာပြင်ကို အရိပ်လုံးနဲ့ တွဲစပ်ပြီး လှည့်လိုက်ပါ” ဟု လူငယ်က ပြောလိုက်သည်။

သာမန်အကြွေစေ့များကဲ့သို့ မျက်နှာပြင်နှစ်ဖက်မဟုတ်ပဲ လေးဖက်အထိပါသော ပုံရိပ်ယောင် အကြွေစေ့လေးတစ်ခု သူ၏ရှေ့၌ ပေါ်လာလေသည်။

အကြွေစေ့၏ ဒုတိယမျက်နှာပြင်၌ အမှတ်အသားတစ်ခု ပေါ်လာသည်။

အလားတူ အမှတ်အသားတစ်ခုသည် အနက်ရောင် သတ္တုလုံးလေး၌လည်း ပေါ်လာခဲ့သည်။

အကြွေစေ့သည် အပေါ်သို့ မြင့်တက်သွားပြီး နောက်ဆုံး၌ မြေပြင်ပေါ်သို့ ကျဆင်းကာ အပေါ်၌ မျက်နှာပြင်တစ်ဖက်ကို ပြသထားသည်။

၎င်းသည် လူငယ် ရွေးချယ်ခဲ့သော အမှတ်အသားပါသော မျက်နှာပြင်ပင်ဖြစ်သည်။

[ပစ်မှတ်ကို အနိုင်ရယူနိုင်သည့်အတွက် ဂုဏ်ယူပါသည်။]

[တစ်ကြိမ်သာ အသုံးပြုနိုင်သော ‘အရိပ်လုံး’ ပစ္စည်း၌ မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှုကို အသုံးပြုလိုက်ပါပြီ။]

ထို အကျိုးသက်ရောက်မှုကြောင့် တစ်ကြိမ်သာ အသုံးပြုနိုင်သော ထိုပစ္စည်းကို တစ်ကြိမ် ထပ်မံထိန်းသိမ်းထားခွင့် ရလိုက်ပြီသည်။

ယခု ၎င်းပစ္စည်ကို သူသည် အစောပိုင်းက ရရှိထားသော တစ်ကြိမ်အသုံးပြုခွင့်ကို မထိခိုက်စေဘဲ နောက်ထပ်တစ်ကြိမ် အသုံးပြုနိုင်ပြီဖြစ်သည်။

၎င်းအလုံးလေးကို လက်၌ ကိုင်ရင်း သူသည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ထိုအလုံးလေးဆီမှ အ‌ရောင်အချို့တောက်ပလာလေသည်။

“အရိပ်တို့၏ စောင့်လျှောက်သူဖြစ်သော စစ်သည်တော် နိုးထလာလော့”

သတ္တုလုံးလေးသည် တစ်ချက်တုန်ခါသွားပြီးနောက် မှောင်မိုက်သောအနက်ရောင် မြူများကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် အရိပ်များဖြင့် လွှမ်းခြုံထားသော သံချပ်ကာဝတ်စုံပြည့် ဝတ်ဆင်ထားသော လူပုံသဏ္ဌာန်တစ်ခုအဖြစ် ပေါင်းစည်းသွားလေသည်။

ထို အရိပ်စောင့်လျှောက်သူစစ်သည်တော်သည် အနည်းငယ် ဦးညွှတ်လိုက်ကာ လူငယ်ဆီမှ အမိန့်ကို စောင့်ဆိုင်းနေလေသည်။

“တစ်စုံတစ်ယောက်က င့ါနယ်မြေထဲကို ကျူးကျော် ဝင်လာနေတယ် သူတို့ကို ရှာပြီး ငါ့ဆီကို အရှင် ခေါ်လာခဲ့ပေး” ဟု လူငယ်က အမိန့်ပေးလိုက်သည်။

“မင်း သူတို့ကို အသက်ရှင်လျက် ခေါ်လာပေးနိုင်ရင်ရပြီ သူတို့မှာ ခြေလက်အနည်းငယ်လောက် လျော့နေရင်လည်း ကိစ္စမရှိဘူး”

အရိပ်စစ်သည်တော်သည် အမိန့်ကို ခေါင်းညိတ်လက်ခံလိုက်ကာ အမှောင်ထုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီး လူငယ်ကို အတွေးများကြားတွင် တစ်ယောက်တည်း ချန်ထားခဲ့လေသည်။

....

ထိုအချိန်၌ အာရန်နှင့် ယီလန်တို့မှာမူ ရှေ့သို့ ဆက်လက်တက်နေခဲ့ကြသည်။

ယီလန်သည် အာရန်၏ အရှိန်နှင့် လိုက်လျောညီထွေဖြစ်အောင် သူ့နောက်၌ အနီးကပ် ၍ လိုက်ပါလာခဲ့သည်။

အာရန်၏ ကိုယ်ပေါ်၌ အသုံးပြုထားသော နဂါးလျှာ၏ စွမ်းအင်သက်ရောက်မှုများသည် သူ၏ လှုပ်ရှားမှုများကို ပို၍ မြန်ဆန်စေသော်လည်း ယီလန်သည်လည်း ခေတ်သူ မဟုတ်ပေ။

သူမ၏ ကိုယ်ပိုင်စွမ်းရည်များသည်လည်း အာရန်၏ နောက်တွင် ပြတ်ကျန်မနေခဲ့ပေ။

သူမသည် ယခုနေရာ၌ ပျံသန်းနိုင်စွမ်း မရှိသော်လည်း သူမသည်် သဘာဝတရားကြီးကိုယ်တိုင်ကကို ကောင်းချီးပေးထားသော ဝိညာဉ်တစ်ယောက် ဖြစ်လေသည်။

ပျံသန်းနိုင်ခြင်းမရှိပါဘဲပင် သူမသည် သာမန်လူသားတစ်ဦးထက် များစွာပို၍ မြန်ဆန်စွာ ရွေ့လျားနိုင်သေးသည်။

“‌ရောက်ဖို့ ဘယ်လောက် လိုသေးလဲ”

သူမ၏ အသံသည် ပင်ပန်းနွမ်းနယ်နေသော အရှိန်အဟုန်ကြား၌ပင် တည်ငြိမ်စွာ ပြန်မေးနိုင်ခဲ့သည်။

“မဝေးတော့ဘူးပါ” ဟု အာရန်က ပြန်ဖြေလိုက်သည်။

သူ၏ သတ္တမ အာရုံသည် မင်္ဂလာနှောင်ကြိုး၏ သက်ရောက်မှုကို အပြည့်အဝ အသုံးပြုကာ လမ်းပြအိမ်မြှောင်တစ်ခုကဲ့သို့ သူ့ကို လမ်းညွှန်ပေးနေလေသည်။

“ကိုယ် ခံစားမိနေတယ် ကိုယ်တို့ အတော်လေးနီးနေပြီ”

၎င်းတို့သည် တောင်တန်း၏ တစ်ဝက်ခန့်ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။

နောက်ဆုံး တောင်ထပ်သို့ရောက်ရန်သာ ကျန်တော့သည်။

ဤအရှိန်နှုန်းဖြင့်ဆိုပါက သူတို့သည် ဒုတိယ အာရုံကို မဆုံးရှုံးခင်မှာပင် ထိုတောင်၏ ထိပ်ဆုံးပိုင်းသို့ ရောက်နိုင်သည်ဟု သူ သေချာနေခဲ့သည်။

အာရန်တို့ တောင်ထိပ်ပိုင်းသို့ နီးကပ်လာသည်နှင့် လေသည် ပို၍ အေးစက်လာပြီး လေထု၏ ဖိနှိပ်ခြင်းကို ပို၍ခံစားလာရသည်။

အာရန်သည် ရေခဲနတ်ဆိုးထံမှ ရယူနိုင်ခဲ့သော ရေခဲသွေးမျိုးဆက်အစွမ်းကြောင့် အေးခဲသော လေထုသည် သူ့အားမည်သို့မျှ သက်ရောက်မှုမရှိစေခဲ့သော်လည်း ယီလန်မှာမူ တုန်ယင်နေသည်ကို သူ မြင်လိုက်ရသည်။

“မင်းက ဝိညာဉ်တစ်ယောက် မဟုတ်ဘူးလား မင်းက ဘယ်လိုလုပ်ပြီး အေးတာကို ခံစားနိုင်ရတာလဲ” ဟု အာရန်သည် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

သူမသည် မူလရုပ်ခန္ဓာကို ပြန်လည် ရရှိနိုင်သော ဝိညာဉ်လောက၌မူ ကွဲပြားနိုင်သော်လည်း ဤနေရာ၌မူ သူမသည် ဝိညာဉ်ပုံစံဖြင့် ရှိနေခြင်းဖြစ်လေသည်။

ဤသို့ဆိုပါက အဘယ်ကြောင့် အအေးဓါတ်သည် သူမကို သက်ရောက်နိုင်ခဲ့ရသနည်း။

“ဒီတောင်က ထူးဆန်းတဲ့အရာတွေ ပြည့်နှက်နေတယ် ကျွန်မရဲ့ ဝိညာဉ်ပုံစံနဲ့တောင် ဒီက အအေးဒဏ်ကို ခံစားရနေတယ် ဒါပေမဲ့ ကျွန်မရဲ့ အာရုံခံစားမှုတွေကိုပါ သက်ရောက်စေတဲ့နေရာဆိုတော့လည်း အံ့သြစရာတော့ မဟုတ်ပါဘူး”

ယီလန်က ဤတောင်၏ မူလအစအကြောင်း အတော်လေး စိတ်ဝင်စားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

ဝိညာဉ်တစ်ဦးပင် ဤတောင်ရှိကျိန်စာများ၏ သက်ရောက်မှုကို မတွန်းလှန်နိုင်ခဲ့ပေ။

ဤတောင်သည် မည်သို့ ဖြစ်ပေါ်လာသည်ကို သူမ အတော်လေး စိတ်ဝင်စားနေမိခဲ့သည်။

အထူးသဖြင့် ထိုကဲ့သို့ ထူးဆန်းသော လက္ခဏာများကြုံတွေ့ရသောကြောင့် ဖြစ်လေသည်။

“ကိုယ်တို့ ပန်းတိုင်ကို မရောက်ခင် မင်း တောင့်ခံနိုင်ပါ့...”

အာရန်သည် စကားဆက်ပြောလိုက်စဥ်မှာပင် သူ၏ စကားကို မဆုံးခင် ရုတ်တရက် ရပ်တန့်သွားသည်။

အာရန်သည် သူ၏ မြင့်မားသော အာရုံခံနိုင်စွမ်းများအရ ပတ်ဝန်းကျင်၌ သိမ်မွေ့သော ပြောင်းလဲမှုအချို့ဖြစ်ပေါ်နေသည်ကို ခံစားမိသောကြောင့် သူသည် မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။

သူသည် ယခုအချိန်၌ သူ၏ မျက်လုံးဖြင့်သာ ကြည့်နေပါက သတိပြုမိမည် မဟုတ်ပေ။

သို့သော် သူ၏ သတ္တမ အာရုံသည် ဤမသိသာသော ပြောင်းလဲမှုလေးများကို သူ့အား ခံစားမိစေခဲ့သည်။

ရုတ်တရက် အလွန်အေးစိမ့်သော ခံစားမှုတစ်ခုသည် ၎င်းတို့အပေါ်သို့ သက်ရောက်လာသည်။

အာရန်သည် ရုတ်တရက် ရပ်တန့်လိုက်သဖြင့် နော က်၌ ကပ်၍လိုက်လာသော ယီလန်သည် သူ့အား ဝင်တိုက်မိလုနီးပါးပင် ဖြစ်သွားခဲ့သည်။

“ရှင်ဘာဖြစ်လို့လဲ”

သူမက ပတ်ဝန်းကျင်ကို သူမ၏ မျက်လုံးလေးများကိုဝေ့ဝိုက်ကြည့်ရင်းဖြင့် မေးလိုက်သည်။

အာရန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။

“တစ်စုံတစ်ခု ဒီကို လာနေတယ်”

ရုတ်တရက် သတိပေးချက်တစ်စုံတစ်ရာ မရှိဘဲ အရိပ်စစ်သည်တော်သည် ၎င်းတို့၏ ရှေ့တွင် ထွက်ပေါ်လာပြီး ၎င်း၏ မဲနက်သော ပုံသဏ္ဌာန်သည် တောင်၏ ထူးထပ်စွာကျဆင်းနေသောနှင်းများနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်နေလေသည်။

“မင်းက ကျူးကျော်သူပဲ” ဟု အရိပ်စစ်သည်တော်မှ ပြောလိုက်သည်။

၎င်း၏ အသံသည် အေးခဲနေသော ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားလေသည်။

“ငါ့သခင်က မင်းကို စောင့်နေတယ်”

အာရန်၏ အနေအထားသည် ပြောင်းလဲသွားပြီး ဘယ်ဘက်လက်၌ သေနတ်တစ်လက် ပေါ်လာခဲ့သည်။

“မင်းရဲ့သခင်က ဘယ်သူလဲ” ဟု အာရန်မှ မေးလိုက်သော်လည်း ခန့်မှန်းခြေအားဖြင့်မူ သိရှိပြီး ဖြစ်လေသည်။

ထိုကမ္ဘာကူးပြောင်းလာသူသည် သူ၏ တည်ရှိမှုကို ထိုမျှ စောစီးစွာ ခံစားမိလိမ့်မည်ဟု သူ မထင်ထားမိပေ။

အရိပ်စစ်သည်တော်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“မကြာခင် မင်း သိရမှာပါ”

ကျူးကျော်သူကို အရှင်လတ်လတ် ခေါ်လာရန် ပြောထားသော်လည်း လုံးဝ ထိခိုက်ဒဏ်ရာမရှိဘဲ ခေါ်လာရမည်ဟု မဆိုထားပေ။

သူ့သခင်၏ ရည်ရွယ်ချက်ကို သူ သည်လည်း နားလည်လေသည်။

သူ့သခင်၏ အမိန့်မှာ ထိုကျူးကျော်သူကို ပြန်ခေါ်လာရန်ဖြစ်သော်လည်း ပြန်လည် ခြိမ်းခြောက်နိုင်စွမ်းမရှိသော အခြေအနေမျိုး၌ ဖြစ်လေသည်။

၎င်းကျူးကျော်သူအား ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိအောင် ပြုလုပ်ရန် အလွယ်ဆုံးနည်းလမ်းမှာ ထိုသူ၏ လက်များကို ဆုတ်ဖြဲပစ်လိုက်ရန်သာဖြစ်လေသည်။

အရိပ်စစ်သည်တော်သည် ရှေ့သို့ တိုးဝင်လာပြီး သူ၏ လက်နှစ်ဖက်၌ အရိပ်သဏ္ဍန် အနက်ရောင် ဓားမြှောင်များ ပေါ်လာခဲ့သည်။

ခဏတာအတွင်း၌ပင် ထိုဓါးမြှောင်များသည် အာရန်၏ရှေ့၌ ပေါ်လာခဲ့ပြီး သူ၏ ပခုံးများတည်ရှိရာသို့ တည့်တည့်ကြီး ဦးတည်ပစ်လွှတ်လိုက်လေသည်။

အာရန်သည် ဓားတစ်လက်ကို ဆင့်ခေါ်လိုက်ကာ ဤတိုက်ခိုက်မှု၏ လမ်းကြောင်းကို မြင်နေရသကဲ့သို့ သူသည် အရက်မူးသမားဆန်ဆန် သူ၏ခြေထောက်များကို ဒယီးဒယိုင်ပုံစံဖြင့် လှည့်ကာ အရိပ်စစ်သည်၏ ဓားပစ်ချက်များကို ရှောင်ရှားလိုက်သည်။

အရိပ်စစ်သည်တော် သည် အင်အားကြီးမားသူဖြစ်သည်။

ဆုံးရှုံးခြင်းတောင်၌ အာရုံများ ဆုံးရှုံးသွားသော လူတစ်ဦးကို သူသည် အလွယ်တကူ အနိုင်ယူနိုင်သော်လည်း သူ တိုက်ခိုက်နေသောသူသည် အာရုံများ ဆုံးရှုံးခြင်း၏ သက်ရောက်မှုကို အများအားဖြင့် မခံစားထားရသကဲ့သို့ဖြစ်နေသည်။

အားနည်းချက်ကို ဖယ်ရှားလိုက်သောအခါ သူရင်ဆိုင်နေရသည့်လူမှာ နဂါးလျှာအစွမ်းဖြင့် သူ၏ ပင်ကိုယ်စွမ်းရည်များကို ပို၍ပင် တိုးမြှင့်ထားခဲ့သော အာရန်ပင်ဖြစ်လေသည်။

အာရန်သည် လျှင်မြန်စွာဖြင့် အရိပ်စစ်သည်တော်၏ နောက်၌ ပေါ်လာပြီး သူ၏ အရှိန်သည် ထိုအရိပ်စစ်သည်ထက်ပင် ပို၍ မြန်ဆန်နေခဲ့သည်။

အာရန်သည် သူ၏ တိုက်ခိုက်မှု၌ သူ့၌ကျန်ရှိသည့် အင်အားအချို့ကို ထည့်သွင်းလိုက်ကာ သူ၏ ဓားကို ဝှေ့ယမ်းရင်း အရိပ်စစ်သည်ကို နှစ်ပိုင်း ဖြတ်ရန် ကြိုးစားလိုက်သည်။

‘ဝှစ်...’

“ဟင်”

သူ၏ ဓားသည် အရိပ်စစ်သည်တော်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသော်လည်း ၎င်းသည် ထိုသူအား အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။

သတ္တမ အာရုံအတွင်း ၌ ထိုသူသည် လုံးဝ မထိခိုက်သွားကြောင်း သူ မြင်တွေ့ခဲ့ရသည်။

၎င်းသည် မဖြစ်နိုင်သော အရိပ်တစ်ခုကို ဖြတ်တောက်မိလိုက်သကဲ့သို့ပင် ဖြစ်လေသည်။

အရိပ်ဟူသည် ထိတွေ့နိုင်သော အရာတစ်ခု မဟုတ်ပေ။

အာရန်၏ ဓားသည် အရိပ်၏ ခန္ဓာကိုယ်ကို ဖြတ်သွားစဉ် ထိုအရိပ်စစ်သည်သည် ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ပေ။

၎င်းသည် သူ့အပေါ်တွင် အသုံးမဝင်ကြောင်းကို သူ သိထားလေသည်။

ယင်းအစား သူသည် တစ်ချိန်တည်း၌ ရိုးရှင်းစွာပင် နောက်ပြန်လှည့်၍ သူ၏ ဓားမြှောင်ကို အာရန်၏ ရင်ဘတ်သို့ ထိုးသွင်းလိုက်လေသည်။

အာရန်သည် နောက်သို့ ခုန်ဆုတ်လိုက်သော်လည်း သူသည် ခြေတစ်လှမ်း နောက်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဓားမြှောင်သည် သူ၏ အရေပြားကို ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် သူ နောက်သို့ ဆုတ်ခွာမသွားခင် ဓါးမြှောင်သည် သူ၏ကိုယ်တွင် တစ်လက်မခန့်သာ ဝင်ရောက်သွားခဲ့သည်။

သွေးအနည်းငယ်သည် သူ၏ ရင်ဘတ်ဆီမှ စိမ့်ထွက်လာကာ သူ၏ အဝတ်အစားများကို စွန်းထင်းစေခဲ့သည်။

All Chapters