← Chapters

အနိုင်ကျင့်ခြင်း

Vol. 17 Ch. 234

အနိုင်ကျင့်ခြင်း

Vol. 17 Ch. 234

အရိပ်စစ်သည်တော်သည် အာရန်ကို အသက်ရှူရန် အခွင့်အရေးပင်မပေးဘဲ သူ့နောက်မှ ဆက်လက် လိုက်လံတိုက်ခိုက်တော့သည်။

တန်ပြန်တိုက်ခိုက်မှုအားလုံးသည် ထိုအရိပ်စစ်သည်တော်အပေါ်သို့ အသုံးမဝင်ဖြစ်နေသောကြောင့် ၎င်းကို တားဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ဘယ်လောက် စိတ်ရှုပ်ဖို့ကောင်းလိုက်လဲ”

အာရန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများသည် ထိုအရိပ်စစ်သည် အပေါ် တွင် အသုံးမဝင်ကြောင်း သဘောပေါက်သွားသည်။

အာရန်သည် အကယ်၍ သူ့တွင်သာ ပတ်ဝန်းကျင်တစ်ခုလုံးကို စောင့်ကြည့်နိုင်သော သတ္တမ အာရုံကို နဂါးလျှာအစွမ်းနှင့်ပေါင်းစပ်ထုတ်လွှတ်ထားခြင်းမရှိခဲ့ပါက သူသည် အစောပိုင်းကပင် ထိုချောင်းမြောင်းတိုက်ခိုက်မှုများအတွင်း ကျရှုံးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်ဟု သူ သေချာသိနေခဲ့သည်။

ထိုအရိပ်စစ်သည်‌တော်၏ ဓားမြှောင်ကို ပိတ်ဆို့ရန် ကြိုးစားနေစဥ်မှာပင် ထိုအရိပ်သည် အာရန်၏ရှေ့၌ ထပ်မံပေါ်ပေါက်လာခဲ့သည်။

အရိပ်စစ်သည် ၏ ဓားမြှောင်သည် အာရန်၏ ဓားကို ဖြတ်သွားကာ သူ၏ ပခုံးဆီသို့ ထပ်မံပစ်မှတ်ထားလိုက်သည်။

သူသည် ဓားမြှောင်ကို ရှောင်ရှားခဲ့သော်လည်း ၎င်းသည် သူ၏ ပခုံးကို ဖြတ်ဝင်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ၎င်းသည် သိပ်၍ မနက်ရှိုင်း သော ဒဏ်ရာတစ်ခုကိုသာ ချန်ထားနိုင်ခဲ့သည်။

“ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက အလုပ်မဖြစ်ရင် မင်းရဲ့ ပါးစပ်ထဲကို တခြားတစ်ခုခု ထိုးထည့်လိုက်မှ ဖြစ်မယ်နဲ့တူတယ်”

ထိုအရိပ်စစ်သည်တော် အပေါ် လုံးဝ အသုံးမဝင်သော ထိုဓားကို အာရန်သည် စနစ်သိုလှောင်ခန်းအတွင်း ပြန်သိမ်းထားလိုက်သည်။

သူသည် သူ၏ အဆိပ်လည်ဆွဲကို အသုံးပြု၍ ဓားကို အဆိပ်ဖြင့် ဝန်းရံနိုင်သော်လည်း ၎င်းသည် ကြက်တစ်ကောင်ကို သတ်ရန် နျူကလီးယားဗုံးတစ်လုံးကို အသုံးပြုခြင်းနှင့် တူညီနေသည်မဟုတ်ပါလား...။

သူ၌ အခြားနည်းလမ်းများ ရှိနေသောအချိန်တွင် ထိုကဲ့သို့ အရေးမပါသော အရာအတွက် လည်ဆွဲ၏ ရှားပါးအသုံးပြုခွင့်ကို သူသည် မဖြုန်းတီးနိုင်ပေ။

ဤတစ်ကြိမ်၌ အရိပ်စစ်သည်တော်သည် အာရန်အား ဆက်လက်တိုက်ခိုက် နေခဲ့သော်လည်း အာရန်သည် ရှောင်တိမ်းခြင်းကိုသာ အာရုံစိုက်ထားခဲ့သည်။

ယီလန်သည် သူ့ကို ကူညီလိုခဲ့သော်လည်း တိုက်ပွဲစစချင်းကတည်းက အာရန်သည် သူမကို ဝေးဝေးနေရန် ပြောထားခဲ့သည်။

ဤကမ္ဘာကိုစရောက်ကတည်းက အာရန်သည် သင့်တော်သော တိုက်ပွဲ အတွေ့အကြုံများကို များများစားစား မကြုံတွေ့ခဲ့ရ‌သေးပေ။

အရိပ်စစ်သည်တော် သည် အန္တရာယ်များသည်မှာမှန်သော်လည်း သူသည် ၎င်းကို ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။

သို့သော် အကယ်၍ သူ၏ သတ္တမ အာရုံကိုသာ ယခုကဲ့သို့ အသုံးမပြုနိုင်ခဲ့ပါက လုပ်ကြံသတ်ဖြတ်သူနှင့်တူသော ထိုအရိပ်စစ်သည်ကို ရင်ဆိုင်ရန်အတွက် သူသည် တုံ့ဆိုင်းကောင်း တုံ့ဆိုင်းနေခဲ့မည်ဖြစ်သည်။

သို့သော် အာရန်သည် ယခု သူ၏ ပတ်ဝန်းကျင်မှ အရာရာကို မြင်နိုင်နေသောအခါ သူ၏ တိုက်ပွဲဝင် ဗီဇအသိဉာဏ်များသည်လည်း တိုးတက်လာနေခဲ့သည်။

အရိပ်စစ်သည်တော် သည် သူ့ကို သတ်ရန် မကြိုးစားကြောင်း သူသည် သတိပြုမိထားပြီးဖြစ်သည်။

၎င်းသည် သူ့အား အရှင် ထိန်းသိမ်းထားရန် ညွှန်ကြားခံထားရသကဲ့သို့ ဖြစ်နေသည်။

မိမိအားသတ်ရန် မရည်ရွယ်သောရန်သူနှင့် လေ့ကျင့်ခြင်းထက် ပိုကောင်းသော လေ့ကျင့်ခြင်းမျို မည်သို့ရှိနိုင်ဦးမည်နည်း။

သို့သော် အာရန်သည် ထိုတိုက်ပွဲကို ပေါ့ပေါ့တန်တန်တော့ မမှတ်ယူထားခဲ့ပေ။

သူ သည် ထိုတိုက်ပွဲတွင် သေမည်မဟုတ်လျှင်ပင် လက်ခြေအင်္ဂါများ ဆုံးရှုံးခံရရန်မူ သူ သည် လိုလားမနေခဲ့ပေ။

အဂ္ဂိရက်ပညာကို အဆင့်(၇) ထိပ်ဆုံးအထိ ကျွမ်းကျင်စွာတတ်မြောက်ထားပြီဖြစ်သော သူ့အတွက် နောက်ပိုင်းတွင် ထိုအရာကို ပြန်လည်ကုသရန်မှာမခက်ခဲသော်လည်း သူ သည် ဂိုဏ်းသို့ပြန်ရောက်ချိန်အထိ စောင့်ဆိုင်းရလိမ့်မည်ဖြစ်သည်။

ဆုံးရှုံးခြင်းတောင်၌ အခြား ကမ္ဘာကူးပြောင်းလာသူပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ ခြေလက်အင်္ဂါ မစုံဘဲ ဖြစ်နေမည်မှာ သူ အလိုမရှိဆုံးအရာလည်း ဖြစ်လေသည်။

အာရန်သည် သူ၏ အသက်ရှင်သန်ရေးဆိုင်ရာ ဗီဇများသည် ပို၍ပင် အားကောင်းလာခဲ့ပြီး သူ၏ ခြေလှမ်းများသည်လည်း ပို၍ သွက်လက်လာခဲ့သည်။

သူသည် အတိတ်၌ သွေးမျိုးဆက်များစွာကို ရရှိထားခဲ့ပြီးဖြစ်သည့်အပြင် တဖြည်းဖြည်းချင်း သို့သော် တည်ငြိမ်စွာဖြင့် သူ၏ ခန္ဓာကိုယ်သည် တိုက်ပွဲများမှတစ်ဆင့် သွေးမျိုးဆက်များ၏ လုပ်ဆောင်နိုင်စွမ်းများကို ပိုမို သဘောပေါက်လာခဲ့သည်။

အာရန်သည် အခက်အခဲများတွေ့ခဲ့ရ ချိန်တိုင်းတွင် ဉာဏ်သုံး၍သာ ဖြတ်ကျော်လာခဲ့ခြင်းဖြစ်သဖြင့် မေ့လျော့လုနီးပါးဖြစ်နေသော တိုက်ခိုက်ရေး ဆိုင်ရာ ဗီဇအချို့သည် ယခုအချိန်တွင် ပြန်လည် ပေါ်ထွက်လာခဲ့လေသည်။

အရိပ်စစ်သည်တော်သည် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့သော်လည်း အာရန်အား ပထမအကြိမ်အနည်းငယ်ခန့်တွင်သာ ထိခိုက်အောင် ပြုလုပ်နိုင်ခဲ့ပြီး‌ နောက်ပိုင်းတွင်မူ သူသည် အာရန်အား ထပ်မံ၍ ဒဏ်ရာရအောင် မလုပ်နိုင်တော့ပေ။

တိုက်ပွဲ၏ ပထမအကြိမ်အနည်းငယ် ရင်ဆိုင်အပြီး၌ အရိပ်စစ်သည်နှင့်အာရန်ကြား သိသာသည့် အားနည်းချက်များမရှိတော့သည်အထိ အခြေအနေသည် ပြောင်းလဲ လာခဲ့သည်။

ဆယ်မိနစ်ခန့် ထပ်မံရင်ဆိုင် တိုက်ခိုက်ပြီးနောက် အာရန်သည် ထိုအရိပ်စစ်သည်ဆီမှ နောက်ထပ် ဘာမှ ထပ်မံရနိုင်တော့မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်လေသည်။

အာရန်၏ ခန္ဓာကိုယ်သည်လည်း အသက်ရှင်သန်ရေးအတွက် အသက်လုရသည့် တိုက်ခိုက်မှုများနှင့် ပို၍ပင် အသားကျလာခဲ့သည်။

“ဒီလောက်ဆို လုံလောက်သင့်ပြီလို့ ငါထင်တယ်”

ရုတ်တရက် အာရန်မှ ထိုသို့ မှတ်ချက်ချလိုက်သောအခါ အချိန်သည် ဆယ်မိနစ်ခန့် ကုန်လွန်သွားခဲ့ပြီး ဖြစ်သည်။

သူသည် ထိုသို့ ဆယ်မိနစ်ခန့် အချိန်ကုန်ဆုံးစေခဲ့ခြင်း၏ အကြောင်းရင်းမှန်မှာ တိုက်ခိုက်မှုများပြုလုပ်နေစဥ်၌ သူ၏ သေနတ်ကို မန်နာအားပြန်ဖြည့်သွင်းရန် အသုံးချနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံး အချိန်မိနစ်အနည်းငယ်အတွင်း ထိုသေနတ်သည် ကျည်ဆန်တစ်‌ဒေါင့်ကို ဖန်တီးရန် သူ၏ မာနာအားလုံးကို ဝါးမြိုသွားခဲ့လေသည်။

သူ၏ မာနာသည် သူ၏ အဆင့်များနှင့်အတူတူ တိုးပွားလာသောကြောင့် ကျည်ဆန်တစ်ခု ဖန်တီးရန် ပို၍ ကြာမြင့်လာခဲ့သော်လည်း ၎င်းသည် ကျည်ဆန်ကို ပို၍လည်း အားကောင်းလာစေခဲ့သည်။

အာရန်နှင့် အရိပ်စစ်သည်အကြား၌ ငါးပေခန့်သာ အကွာအဝေးရှိတော့ သောကြောင့် ၎င်းတို့သည် တစ်ဦးနောက်တစ်ဦး လိုက်နေသည့် ကစားပွဲတစ်ခု ကစားနေသကဲ့သို့ ဖြစ်လာခဲ့လေသည်။

ပြေးလွှားနေရာမှ အာရန်သည် ရုတ်တရက် ဖြည်းဖြည်းချင် ရပ်တန့်လိုက်သဖြင့် တစ်စက္ကန့်တိုင်းတွင် အရိပ်စစ်သည်နှင့်သူ၏အကြား အကွာအဝေးသည် ပို၍နီးလာခဲ့သည်။

ထို့နောက် အာရန်သည် အရိပ်ဓားကို ရှောင်ရှားရန် နောက်သို့ ထပ်မံဆုတ်ရမည့်အစား သူသည် အရိပ်စစ်သည်ဆီသို့သာ တန်းတန်းမက်မက် ပြေးဝင်သွားလိုက်သည်။

ဓားသည် သူ၏ ခန္ဓာကိုယ်ဆီသို့ ထပ်မံဦးတည်လာခဲ့ပြန်သော်လည်း အာရန်သည် ကျွမ်းကျင်တိကျစွာ ရှောင်ရှားလိုက်ပြီး ထိုအရိပ်ဓါးသည် သူ၏ ပါးပြင်နှင့် မီလီမီတာအနည်းငယ်ခန့် ကပ်၍လွဲချော်သွားစဥ် သူသည် အရိပ်စစ်သည် ဆီသို့ ဆက်တိုက် ပြေးဝင်သွားလိုက်သည်။

အရိပ်စစ်သည်သည် သူ၏ရှေ့သို့ တည့်တည့်ကြီး ဝင်ရောက်လာသော အာရန်၏ ကျောပြင်ကို ဓားဖြင့် စိုက်ချရန် သူ၏ ဓါးကိုင်ထားသော လက်ကို နောက်ဘက်သို့ ပြန်ရွယ်လိုက်သည်။

ဒုန်း!...

ပတ်ဝန်းကျင်၌ ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်သွားလေသည်။

အရိပ်ဓားသည် အာရန်၏ ကျောပြင်မှ လက်မအနည်းငယ်ခန့်သာ ကွာဝေးသောအချိန်မှာပင် ရုတ်တရက် ရပ်တန့်သွားလေသည်။

အရိပ်ဓားနှင့် အရိပ်စစ်သည် တို့သည် အတူတကွပင် စတင်မှိန်ဖျော့လာကာ ပျောက်ကွယ်စပြုလာနေခဲ့သည်။

အာရန်၏ သေနတ်သည် အရိပ်စစ်သည်၏ ပါးစပ်ပေါင်းအတွင်း၌ အောက်သို့ စောင်းလျက် တေ့ထားလျက်အနေအထားရှိနေသည်။

ထိုအရိပ်စစ်သည်၏ အဓိကစွမ်းအင်ဗဟိုချက်နှင့်အတူ သိပ်သည်းသည့် အရိပ်အများစုသည် ပျက်စီးသွားခဲ့ပြီး ပြန်လည်စုစည်းရန် မဖြစ်နိုင်တော့သောကြောင့် အရိပ်စွမ်းအင်များသည် တဖြည်းဖြည်းချင်းလွင့်ပါး ပျောက်ကွယ်သွားလေတော့သည်။

ထိုအရိပ်စစ်သည် ရပ်နေခဲ့သော မြေပြင်သည်လည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။

မြူနှင်းထုကြီးသည် မာနာကျည်ဆန်၏ ခွန်အားကြောင့် အရည်ပျော်သွားပြီး ၎င်းတို့အောက်၌ ချိုင့်ဝှမ်းကြီးတစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။

မာနာကျည်ဆန်၏ တိုက်ခိုက်မှုဖြင့် ချိုင့်ဝှမ်းဖြစ်ပေါ်လာသောအခါ အာရန်ပင် ဟန်ချက်ပျက်ကာ ဖျင်ထိုင်ရက်သား ကျသွားလေသည်။

ချိုင့်ဝှမ်းအလယ်၌ ထိုင်ရက်ဖြစ်သွားသော အာရန်သည် တဖြည်းဖြည်းလွင့်ပါး ပျောက်ကွယ်နေသော အရိပ်စွမ်းအင်များကို သူ၏ သတ္တမ အာရုံဖြင့် စောင့်ကြည့်နေခဲ့သည်။

၎င်းအရိပ်စွမ်းအင်များသည် သာမန်မျက်စိဖြင့် မြင်ရန် မဖြစ်နိုင်သော်လည်း သူသည် ထိုစွမ်းအင်များမှာ ပတ်ဝန်းကျင်တွင် ပျံ့နှံ့လျက်ရှိနေဆဲဖြစ်ကြောင်းကို မြင်တွေ့နေဆဲဖြစ်သည်။

အရိပ်စွမ်းအင်ကို စုပ်ယူရန် နည်းလမ်းရှိမရှိ သူ စဥ့်စားမိလိုက်သော်လည်း အဆုံးသတ်၌ ၎င်းသည် မဖြစ်နိုင်ဟုသာ မှတ်ယူလိုက်ရသည်။

အရိပ်စစ်သည်၌ နှလုံးသားမရှိပေ။ စွမ်းအင်ဗဟိုချက်ရှိနေလျှင်ပင် ဗဟိုချက်သည် မာနာကျည်ဆန်ကြောင့် ပျက်စီးသွားခဲ့ပြီးဖြစ်လေသည်။

“ရှင် အနားယူပြီးပြီဆိုရင် ဆက်သွားကြမလား”

ယီလန်သည် အာရန်၏နောက်၌ ပေါ်လာရင်း မေးလိုက်သည်။

“ဟာကွာ ကိုယ်ဒီလောက် အသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့ တိုက်ပွဲတစ်ပွဲကို ခုလေးတင် ဖြတ်သန်းခဲ့ရတာ အဆင်ပြေရဲ့လားလို့တောင် တစ်ခွန်း မေးဖော်မရဘူးနော်”

အာရန်သည် သေနတ်ကို သိုလှောင်ခန်းအတွင်းသို့ ပြန်ပို့ထားလိုက်ကာ ခေါင်းကို တစ်ချက်ခါရင်း ပြောလိုက်သည်။

အာရန်သည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထူးမတ်လိုက်ပြီး မာနာများကို ဖြည်းဖြည်းချင်း ပြန်လည်ပြည့်လာစေရန် ကျိုးစားလိုက်သည်။

“အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲဟုတ်လား ဒါပေမဲ့ ကျွန်မမြင်ရသလောက်တော့ ရှင်ကသနားစရာကောင်းတဲ့ အရိပ်ကလေးနဲ့ ကစားနေခဲ့တဲ့အတိုင်းပဲ” ယီလန်သည် မျက်လုံးကို လှန်ကြည့်ရင်း အာရန်အား ပြန်ပြောလိုက်သည်။

သူမသည် တိုက်ပွဲတစ်ခုလုံးကို မြင်ခဲ့ပြီးဖြစ်သည်။ ပထမအကြိမ်အနည်းငယ်မှလွဲ၍ အာရန်၌ အန္တရာယ်သည့် အရိပ်အယောင်ဟူ၍ တစ်ကြိမ်မျှပင် ထပ်မံရှိသည်ဟု သူမ မခံစားခဲ့ရပေ။

အကယ်၍ အာရန်တွင်သာ အန္တရာယ်ရှိခဲ့ပါက သူမသည် သူ၏ အမိန့်များကို လျစ်လျူရှုကာ ကိုယ်တိုင် ဝင်ရောက်ပါဝင်ခဲ့မိလိမ့်မည်သာ ဖြစ်သည်။

“ဒီမှာ အနိုင်ကျင့်ခံရတဲ့ သနားစရာကောင်းတဲ့သူက ကိုယ်ပါနော် မဟုတ်တာတွေမပြောနဲ့” အာရန်က အပြစ်ကင်းဟန်ဖြင့် ညည်းညူပြလိုက်သည်။

သူသည် ဤကမ္ဘာသို့ အပို့ဆောင်ခံရစဥ်ကတည်းက သေခြင်းတရားသည် အချိုးအကွေ့တိုင်း၊ ‌ဒေါင့်ချိုးတိုင်း၌ သူ့ကို အချိန်တိုင်း စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်ပြီး သူ့ထက် ပို၍ အနိုင်ကျင့်ခံရသူ မည်သူများ ရှိနိုင်ဦးမည်နည်း။

သူ၏ စနစ်နှင့် သူ၏ ကိုယ်ပိုင် လှည့်စားနိုင်သည့် ဉာဏ်ရည်များ ရှိနေခြင်းကြောင့်သာ မဟုတ်ပါက သူသည် ကြာမြင့်စွာကာလကတည်းကပင် သေဆုံးနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။

သူသည် မကြာသေးမီအချိန်ကာလလေး တစ်ခုသို့ ရောက်ရှိမှသာ သူ၏ အသက်ကို ကာကွယ်နိုင်သည်အထိ ပို၍ အင်အားကြီးမားလာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ယခုမူ ထိုဝိညာဥ်မက သူ့အား အခြားသူများကို အနိုင်ကျင့်နေသည်ဟု မြင်နေ သတဲ့လား.....။

ထို့နောက် အာရန်သည် ထိုချိုင့်ဝှမ်းဆီမှ ခုန်ထွက်လိုက်ကာ ယီလန်၏ ပါးပြင်တစ်ဖက်ကို တစ်ချက်ခန့် ဆွဲညှစ်လိုက်သည်။

“ကိုယ်ဘယ်လိုတွေ ဖြတ်သန်းခဲ့ရလဲ မင်း နားလည်နိုင်မှာ မဟုတ်ပါဘူးလေ”

All Chapters