← Chapters

လေမျှော်စင်

Vol. 17 Ch. 235

လေမျှော်စင်

Vol. 17 Ch. 235

....

တောင်ထိပ်၌ လူငယ်တစ်ဦးသည် မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု အောက်၌ ရှိနေသော အနက်ရောင်သတ္တုလုံးလေးတစ်ခုကို လက်၌ကိုင်ကာ ထိုင်နေလေသည်။

ဆိုလိုသည်မှာ အရိပ်စစ်သည်တော်၏ တည်ရှိမှုကို မဖျက်ဆီးခံရမချင်း သူသည် ၎င်းကို နောက်တစ်ကြိမ် ထပ်မံ ဆင့်ခေါ်နိုင်သည်ဟု ဆိုလိုလေသည်။

အရိပ်စစ်သည်တော့် ဖျက်ဆီးခံရမည်နှင့်ပတ်သက်၍ ထိုဖြစ်နိုင်ခြေကို သူသည် စဥ့်ပင် မစဉ်းစားခဲ့ပေ။

အရိပ်စစ်သည်တော်သည် ကျူးကျော်သူများနှင့်အတူ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟုသာ မျှော်လင့်နေခဲ့သည်။

အရာအားလုံးသည် သူ၏ မျှော်လင့်ထားသည်အတိုင်း ဖြစ်ပျက်သွားလေ့ရှိခဲ့ပြီး သူ၏ မျှော်လင့်ချက်များနှင့် မကိုက်ညီသော အရာများကိုမူ သူသည် နည်းလမ်းမျိုးစုံသုံး၍ ဖျက်ဆီးပစ်လေ့ရှိသည်။

သို့သော် ဤတစ်ကြိမ်၌ အံ့အားသင့်စရာ ကြုံတွေ့ရမည့်သူမှာ သူကိုယ်တိုင်ပင်ဖြစ်နေခဲ့လေသည်။

သူ ကိုင်ဆောင်ထားသော အနက်ရောင်အလုံးလေး၏မျက်နှာပြင်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုအလုံးလေးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

၎င်းသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ကြောင့် သူသည် တုံ့ပြန်ရန် အချိန်ပင် မရခဲ့ပေ။

သူ သတိပြန်ဝင်လာသောအခါတွင်မူ ထိုအလုံးလေးသည် အပိုင်းအစငယ်များ ထောင်ချီ၍ပင် ကွဲထွက်သွားခဲ့ပြီးဖြစ်သည်။

ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှုမှာ ကျန်ရှိနေသေးသော်လည်း မူလ အရိပ်စစ်သည်တော် ကိုယ်တိုင် ပျက်စီးသွားပြီဖြစ်သောကြောင့် ထိုအလုံးလေးကို နောက်တစ်ကြိမ် ထပ်မံအသုံးပြု၍ မရနိုင်တော့ပေ။

သတ္တုလုံးလေး၏ အပိုင်းအစငယ်များသည် လူငယ်၏ လက်ချောင်းများကြားမှပင် အမှုန့်ငယ်များအဖြစ် လျှောကျသွားခဲ့သည်။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”

အရိပ်စစ်သည်တော် ချေမှုန်းခံလိုက်ရပြီဟူသော အဓိပ္ပာယ်ကို သဘောပေါက်လိုက်သဖြင့် လူငယ်လေး၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။

အရိပ်စစ်သည်တော်သည် စွမ်းအားကြီးသော ဖြစ်တည်မှုမျိုးမဟုတ်သောကြောင့် အခြားနေရာများတွင် ပျက်စီးသွားပါက သူသည် နားလည်ပေးနိုင်ဦးမည်ဖြစ်သည်။

သို့သော် ဤနေရာသည် ဆုံးရှုံးခြင်းတောင်တန်းဖြစ်လေသည်။

ဆိုလိုသည်မှာ ဤနေရာ၌ လူတစ်ဦး ရှိနေပြီး သူ၏ အာရုံခံစားမှုများ ဆုံးရှုံးသွားပြီးနောက်၌ပင် ထိုအရိပ်စစ်သည်တော်ကို အနိုင်ယူနိုင်စွမ်း ရှိနေသေးသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား...။

“စိတ်ဝင်စားစရာပဲ... ငါ့ကို တုန်လှုပ်သွားအောင် လုပ်နိုင်တဲ့သူမျိုး တစ်ယောက်ယောက် ဒီမှာ ရှိနေသေးတယ်ပေါ့”

ထိုလူငယ်သည် သူ၏ လက်၌ ကျန်ရှိနေသော အမှုန်အမွှားများကို ခါထုတ်လိုက်ပြီး သူ၏ အမူအရာသည် အံ့အားသင့်ခြင်းမှ ပျော်ရွှင်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။

ထိုကျူးကျော်လာသူသည် အရှင်သခင်တစ်ဦး ဖြစ်နေပါက သူ သည်အတော်လေး ဒုက္ခများသွားနိုင်မည်ဖြစ်သည်။

သို့သော် အရှင်သခင်ဦးသာဆိုပါက သူ၏ အရိပ်စစ်သည်တော်သည် စက္ကန့်ပိုင်းအတွင်း မှာပင် ချေမှုန်းခံခဲ့ရမည်ဟု သူ သေချာသိထားသည်။

သူ၏ အရိပ်စစ်သည်သည် မည်သူနှင့် တိုက်ခိုက်ခဲ့ရသည်ကို သူ မသိသော်လည်း ထိုတိုက်ပွဲသည် ဆယ်မိနစ်ကျော်ခန့် ကြာမြင့်ခဲ့လေသည်။

တိုက်ပွဲသည် ထိုမျှလောက် အချိန်ကြာမြင့်ခဲ့သောကြောင့် အရိပ်စစ်သည်တော်ကို အနိုင်ရခဲ့သောသူသည် ၎င်းထက် များစွာ အင်အားကြီးမားသူ မဟုတ်ကြောင်း ရှင်းလင်းနေသည်။

၎င်းသည် အရှင်သခင် သို့မဟုတ် ထိုအဆင့်နှင့်နီးစပ်သူတစ်စုံတစ်ဦး မဟုတ်သည်မှာ သေချာသည်။

ထိုသူသည် အရိပ်စစ်သည်ထက် အနည်းငယ်သာ အင်အားကြီးမားသူဖြစ်သမျှကာလပတ်လုံး ထိုသူကို နှိမ်နင်းရန်သူ့တွင် နည်းလမ်းထောင်ပေါင်းများစွာ ရှိနေလေသည်။

“သူက င့ါရဲ့အရိပ်စစ်သည်ကို ဖျက်ဆီးလိုက်တာမို့ အရိပ်စစ်သည်နေရာမှာ သူ့ကိုပဲ အစားထိုး ရတော့မှာပေ့ါ”

ထိုလူငယ်သည် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်ကာ ကျွန်ဂူဗိမ္မာန် ဟု အမည်ရသော ခေါင်းတလားတစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်းသည် စနစ်ဆီမှ သူ၏ စွမ်းရည်နိုးထလာစဥ်က ပထမဆုံး လက်ဆောင်အဖြစ် ရရှိခဲ့သော ရှေးဟောင်းပစ္စည်းတစ်ခုလည်း ဖြစ်လေသည်။

ကျွန်ဂူဗိမ္မာန် အတွင်း၌ သူသည် သက်ရှိများကို သယ်ဆောင်ထားနိုင်သည်။

၎င်းတွင် ကန့်သတ်ချက်တစ်ခုသာ ရှိလေသည်။

ထိုကန့်သတ်ချက်မှာ သူ၏ စွမ်းရည်ဖြင့် သူ ပြောင်းလဲခဲ့သော ကျွန်များကိုသာ ထိုနေရာ၌ ထည့်ထားခွင့်ပြုခြင်းပင် ဖြစ်သည်။

ထိုခေါင်းတလားကို ဆင့်ခေါ်ပြီးနောက် သူသည် ၎င်းကို အဖုံးဖွင့်လိုက်သောအခါ အတွင်း၌ ဝှက်ထားသော တံခါးပေါက်တစ်ခု ပေါ်လာခဲ့သည်။

“မင်းတို့ အားလုံး ထွက်လာကြ” ဟု လူငယ်က အမိန့်ပေးလိုက်သည်။

အလင်းရောင်အစက်သုံးစက်သည် ခေါင်းတလားဆီမှ ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် ခေါင်းတလားအပြင်၌ ပေါ်လာသောအခါ လူ့သားပုံသဏ္ဌာန်များအဖြစ် ပြန်လည်ပြောင်းလဲသွားကြသည်။

စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခံထားရသော ထိုကျွန်သုံးဦးအနက် ပထမဆုံးတစ်ဦးမှာ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်လေသည်။

ထိုအမျိုးသမီသည် မှော်ဆရာများကဲ့သို့သော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားလေသည်။

ထိုအမျိုးသမီး၏ မှော်ဆရာဝတ်စုံသည် နစ်ခရိုမန်ဆာမျှော်စင်မှ ပုဂ္ဂိုလ်များ ဝတ်ဆင်သော ဝတ်စုံများကဲ့သို့ အနက်ရောင်များမဟုတ်ပေ။

ယင်းအစား ထင်ရှားသော အစိမ်းရောင်ဝတ်စုံတစ်ခု ဖြစ်လေသည်။

လူငယ်သည် ထိုအမျိုးသမီးအနားသို့ နီးကပ်စွာ လျှောက်သွားလိုက်သည်။

“မေမေ ဘယ်လိုလဲ ဒီကမ္ဘာကို ပြန်ရောက်လာရတာကို ဘယ်လိုခံစားရလဲ” ဟု လူငယ်၏မျက်နှာ၌ နားလည်ရခက်သော အပြုံးတစ်ခုပေါ်လာကာ ညင်သာသောအသံဖြင့် မေးလိုက်သည်။

ထိုအမျိုးသမီးသည် သူ၏ ကျွန်ပြုခြင်းစွမ်းရည်ဖြင့် ကျွန်တစ်ယောက်အဖြစ် ပြောင်းလဲပစ်ခဲ့သော ဒုတိယလူတစ်ယောက်ဖြစ်ကာ ထိုအမျိုးသမီးသည် သူဝင်ရောက် မောင်ပိုင်စီးထားသော မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိခင်မှတပါး အခြားမဟုတ်ပေ။

သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်သည် လေမျှော်စင်သခင်မ ၏ သားတော်တစ်ပါး ဖြစ်သည်။

နစ်ခရိုမန်ဆာမျှော်စင်ကဲ့သို့ပင် လေမျှော်စင်သည်လည်း မြောက်ပိုင်းတိုက်ကြီး၌ မှော်ပညာများကို အသုံးပြုသော မျှော်စင်တစ်ခုဖြစ်သည်။

သို့သော် ၎င်းတို့သည် လေစွမ်းအင်များနှင့် သက်ဆိုင်သော မှော်အတတ်ပညာများကိုသာ အာရုံစိုက် လေ့ကျင့်ခဲ့ကြသည်။

နစ်ခရိုမန်ဆာများသည် မြောက်ပိုင်းတိုက်ကြီးတစ်ခုလုံးကို စစ်ခင်လိုက်သောအခါ မြောက်ပိုင်းတိုက်မှ မှော်အစွမ်းအသုံးပြုကြသည့် မျှော်စင်များစွာသည် ပျက်စီးခြင်းအတိ ဆိုက်ရောက်ခဲ့ရလေသည်။

၎င်းတို့၏ ဌာနေ မျှော်စင်များကို စွန့်ပယ်ကာ ပြေးလွှား ပုန်းအောင်းရန် ရွေးချယ်ခဲ့ကြသော အဖွဲ့အစည်း အနည်းငယ်သာ အသက်ရှင်လွတ်မြောက် နိုင်ခဲ့လေသည်။

ထိုအမျိုးသမီးသည်လည်း ထိုကဲ့သို့ပင် သူမ၏ လူများနှင့် သူမ၏ သားကို ခေါ်ဆောင်ကာ ဘိုးဘွားများ၏ အမွေအနှစ်မျှောင်စင်ကို စွန့်ခွာကာ ထွက်ပြေး လာခဲ့သော လေမျှော်စင်သခင်မ တစ်ဦးပင် ဖြစ်သည်။

ထိုအချိန်မှစ၍ သူမသည် မြောက်ပိုင်းတိုက်၌ ပုန်းအောင်းကာသာ နေထိုင်ခဲ့ရပြီး ကြီးကျယ်ခမ်းနားမှုမရှိဘဲ နောက်ထပ်လေမျှော်စင်တစ်ခုကို ပုန်းကွယ်၍ပင် အသစ်တဖန် ပြန်လည်တည်ဆောက်ခဲ့လေသည်။

“မေမေက မေမေ့ရဲ့သားလေးကို နောက်တစ်ကြိမ်ထပ်ပြီး ကူညီပေးဦးမယ် မဟုတ်လား” ဟု လူငယ်က ထိုအမျိုးသမီး၏ ပါးပြင်ကို ပွတ်သပ်ရင်း မေးလိုက်သည်။

ခဏကြာပြီးနောက် အမျိုးသမီး၏ မျက်ဝန်းများအတွင်း၌ ဝမ်းနည်းခြင်းနှင့် အမျက်ဒေါသထွက်ခြင်း၏ ခံစားချက်လှိုင်းအချို့ လှုပ်ခပ်သွားခဲ့သော်လည်း သူမအပေါ်၌ ခပ်နှိပ်ထားသော စိတ်ပိုင်းဆိုင်ရာ စည်းတံဆိပ်ကြောင့် ချက်ချင်း ပင် ထိုခံစားချက်များသည် ပြန်လည် ဖိနှိပ်ခံလိုက်ရလေသည်။

“ဪ မေမေက မေမေ့ရဲ့ ခံစားချက်တွေကို တစ်စက္ကန့်လောက်ပဲဖြစ်ဖြစ် ထိန်းချုပ်နိုင်စွမ်း ကျန်ရှိနေသေးတာပဲ မဆိုးပါဘူး တော်ပါပေတယ် မေမေရယ်” လူငယ်က ရယ်မောလိုက်သည်။

“မေမေက တော်တော့်ကိုတော်ပါပေတယ် ဒါပေမဲ့ မေမေ့ရဲ့ အဲ့ဒီအမူအရာတွေက သားလေးကို နာကျင်စေတယ်ဗျာ”

“သားသိပါတယ် မေမေကသားကိုစိတ်ဆိုးနေတာ နစ်ခရိုမန်ဆာတွေဆီ လေမျှော်စင်ရဲ့ တည်နေရာအသစ်ရှိတဲ့နေရာကို သတင်းပေးလိုက်မိ တာကြောင့်ပဲ ဟုတ်တယ် မဟုတ်လား” ဟုလူငယ်က အပြစ်ကင်းဟန်ဖြင့် ပြန်မေးလိုက်သည်။

သူသည် လေမျှော်စင်ကို အုပ်ချုပ်နေသော ထိုအမျိုးသမီးအပေါ်၌ သူ၏ စွမ်းရည်များကို အသုံးပြုနိုင်ရန်မှာ ထင်သလောက် မလွယ်ကူခဲ့ပေ။

ဒါကြောင့် သူသည် ပြင်ပအကူအညီများကို ရယူရန်ကျိုးစားခဲ့သည်။

လူငယ်သည် နစ်ခရိုမန်ဆာမျှော်စင်ထံ ၎င်းတို့၏ တည်နေရာကို သတင်းပေးခဲ့ခြင်းဖြင့် လေမျှော်စင်အား ဒုတိယအကြိမ်မြောက် ပျက်စီးခြင်းကပ်ဘေး ဆိုက်ရောက်စေခဲ့သူ ဖြစ်လေသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် နစ်ခရိုမန်ဆာမျှော်စင်သည် အကြွင်းအကျန်များကို ဖျက်ဆီးရန် သူတို့၏ လူများကို စေလွှတ်ခဲ့လေသည်။

လေမျှော်စင်မှ မှော်ဆရာများသည် ပြန်လည်တိုက်ခိုက်ခုခံခဲ့ကြသော်လည်း သေခြင်းစွမ်းအင်များ အသုံးပြုသည့် မှော်ဆရာများရှေ့၌ ၎င်းတို့သည် ကြာရှည်စွာ တောင့်မခံနိုင်ခဲ့ကြပေ။

နောက်ဆုံး၌ လေမှော်ဆရာအများစု အသတ်ခံခဲ့ရပြီး သူ၏ မိခင်ပင် ပြင်းထန်စွာ ဒဏ်ရာရကာ သူနှင့်အတူ အခြားမှော်ဆရာအနည်းငယ်တို့ကို ခေါ်ဆောင်ကာ လူဦး‌ရေ အနည်းငယ်သာ လွတ်မြောက်နိုင်ခဲ့လေသည်။

သူ၏ မိခင်မှာ ထိုအချိန်၌ ဒဏ်ရာရနေသောကြောင့် သူမသည် အလွန် အားနည်းနေခဲ့သည်။

ထို့အပြင် သူမသည် သူမ၏ လူများစွာကို ဆုံးရှုံးခဲ့ရသဖြင့် ၎င်းအတွက် မိမိကိုယ်ကိုယ် အပြစ်တင်နေမိခဲ့သည်။

ထိုအချိန်၌ သူမ၏ စိတ်ပိုင်းဆိုင်ရာသည်လည်း မတည်မငြိမ်ဖြစ်ကာ အောက်ဆုံးထိ ထိုးကျနေခဲ့ပြီး ထိုအရာသည် လူငယ် လိုချင်နေခဲ့သော ကွက်တိအခြေအနေ တစ်ခုပင်ဖြစ်လေသည်။

လူငယ်သည် သူ၏ မိခင်မှ ရုပ်ပိုင်းကော စိတ်ပိုင်းကော အားနည်းနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ သူမအပေါ်၌ သူ၏ စွမ်းရည်များကို သက်ရောက်စေခဲ့ကာ သူမကို သူ၏ ဒုတိယမြောက်ကျွန်အဖြစ် ပြောင်းလဲပစ်ခဲ့နိုင်ခြင်း ဖြစ်လေသည်။

All Chapters