← Chapters

စိတ်ဝင်စားဖို့ကောင်းတဲ့ အန်ပီစီ

Vol. 17 Ch. 237

စိတ်ဝင်စားဖို့ကောင်းတဲ့ အန်ပီစီ

Vol. 17 Ch. 237

....

လေမျှော်စင်သခင်မသည် တောင်ပေါ်မှ အလျင်အမြန်ပင် ဆင်းလာခဲ့ကာ ထို အရိပ်စစ်သည်တော်၏ အစအနများကို ခံစားမိသော နေရာသို့ ရောက်သောအခါ မည်သူ့ကိုမျှ မမြင်ခဲ့ရပေ။

လမ်း၌ သူမ သည် လူသားနှင့်တူသူဟူ၍ တစ်ဦးတစ်လေကိုမျှပင် မမြင်တွေ့ခဲ့ရပေ။

သူမ သတ်ရမည့်သူသည် ဤနေရာမှ ထွက်ပြေးသွားပြီလားဟုပင် သူမသည် မသေချာနေပေ။

သူမသည် ယခုတာဝန်အတွက် စိတ်တွင်းမှကြိတ်၍ အနည်းငယ် ဝမ်းသာနေခဲ့လေသည်။

ထိုကျူးကျော်သူသည် သူမကို ကူညီပေးနိုင်လျှင်ဟုတွေးမိသောကြောင့်ဖြစ်သည်။

သို့သော် သူမသည် ထိုသူအား အကူအညီ တောင်းခံနိုင်ပါ့မလား...။

သူမ သားဖြစ်သူ၏ ခွင့်ပြုချက်မရဘဲ သူမသည် မေးခွန်းတစ်ခု မေးရန် သူမ၏ ပါးစပ်ကိုပင် ဖွင့်၍မရပေ။

အားလုံးသည် ထိုအခြားကမ္ဘာမှပင် ဖြစ်ဟန်ရသော ထူးခြားလွန်းသည့် ကျွန် တံဆိပ်ခပ်နှပ်ခံထားခြင်း ခံရသောကြောင့် ဖြစ်လေသည်။

သူမ၏ တစ်သက်တာလုံးတွင် မှော်ပညာများကို အစဥ်အဆက် လေ့လာခဲ့ဘူး သော်လည်း ယခုကဲ့သို့သော စည်းတံဆိပ်ခပ်နှိပ်ခြင်းစွမ်းအင်များ၏ တည်ရှိမှုအကြောင်းကို သူမ လုံးဝ မကြားဖူးခဲ့ပေ။

၎င်းသည် သူမ၏ သား ပြောင်းလဲခဲ့သော အချိန်နှင့် တစ်ပြိုင်နက်တည်းလိုလိုတွင် လေထဲမှ ရုတ်တရက် ပေါ်လာခဲ့သော ကြောက်မက်ဖွယ် စွမ်းရည်တစ်ခုနှင့် တူနေလေသည်။

သူမ၏ မျက်လုံးများသည် မေးခွန်းများစွာဖြင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း ဤငရဲကဲ့သို့ ဘဝမျိုး၌ သူမသည် သူမ၏ သားဖြစ်သူမှ အခြားသူများ၏ ဘဝကို နင်းချေ ဖျက်ဆီးနေသည်ကိုသာ စောင့်ကြည့်နေရုံမှတပါး အခြားဘာမှ မလုပ်နိုင်ခဲ့ပေ။

ဤအတိုင်း ပြန်သွားခြင်းသည် အဓိပ္ပာယ်မရှိသောကြောင့် သူမသည် ဆက်လက်ရှာဖွေနေရန် သာတတ်နိုင်ခဲ့သည်။

ကျွန်အမှတ်တံဆိပ်၏ ကြိမ်စာသက်ရောက်မှုအရ သူမသည် ထိုကျူးကျော်သူကို မသတ်ဘဲ ပြန်သွားရန် ခွင့်မပြုထားပေ။

ထိုလူများသည် မည်သည့် ဦးတည်ရာသို့ ပြေးသွားသည်ကို စစ်ဆေးရန် ကျန်ရစ်ခဲ့သော သဲလွန်စများကို သူမသည် စစ်ဆေးကြည့်ရှုနေခဲ့သည်။

သို့သော် ထူးဆန်းစွာပင် ထိုအစအနသဲလွန်စလေးများသည် တောင်ထိပ်ဆီသို့ သာ ဦးတည်နေခဲ့လေသည်။

၎င်းသည် မည်သို့ ဖြစ်နိုင်သည်ကို သူမ နားမလည်နိုင်ခဲ့ပေ။ ထိုသို့ဖြစ်ပါက သူမသည် လမ်းတစ်ဝက်၌ ၎င်းတို့ကို တွေ့ဆုံခဲ့မည်ဖြစ်လေသည်။

၎င်းတို့သည် သူမကို ကျော်ဖြတ်ရန် စွမ်းရည်တစ်ခုခုကို အသုံးပြုခဲ့ကြခြင်းလား..။

သူမ တွေးတောလိုက်မိသည်။

ဤသို့ဖြင့် သူမသည် အတွေးများအတွင်း၌ နစ်မြောနေစဉ် ရုတ်တရက် သူမဆီသို့ ဦးတည်လာသော သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရသည်။

သူမသည် အလျှင်အမြန်ပင် နောက်သို့ဆုတ်လိုက်ကာ သူမ၏ လည်ပင်းဆီသို့ တည့်တည့်လာသော ထိုတိုက်ခိုက်မှုကို အနည်းငယ်မျှ ပွတ်ကာသီကာဖြင့် ရှောင်ရှားနိုင်ခဲ့သည်။

သူမသည် ထိုတိုက်ခိုက်မှုကိုပင် မမြင်နိုင်ခဲ့ပေ။ သူမတွင် လေစွမ်းအင်များသာ ရှိမနေပါက သူမ သည် ထိုတိုက်ချက်မှ လွတ်မြောက်နိုင်မည်မဟုတ်မှန်း သေချာနေသည်။

သူမသည် ယခင်နေရာသို့ လှည့်ကြည့်လိုက်ကာ ထိုတိုက်ခိုက်မှု၏ အရင်းအမြစ်ကို ရှာဖွေကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မမြင်နိုင်ခဲ့ပေ။

ထိုသူသည် မမြင်နိုင်သောတည်ရှိမှုဖြစ်နေသကဲ့သို့ အောက်ရှိ နှင်းစိုင်များပေါ်၌ပင် ၎င်း၏ ခြေရာများကိုပင် မမြင်နိုင်ခဲ့ပေ။

ထိုစဥ်ရုတ်တရက် သူမသည် တည်နေရာတစ်ခုဆီသို့ လှည့်ကြည့်လိုက်လေသည်။

ထိုသူကို သူမ မမြင်နိုင်သော်လည်း သူမသည် လေမှော် အစွမ်းအသုံးပြုသူ တစ်ဦးဖြစ်လေသည်။

ဤတောင်၌ ဝိညာဉ်တစ်ဦးဖြစ်နေလျှင်ပင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် လေစွမ်းအင်များ၏ သက်ရောက်မှုအောက်မှ ကင်းလွတ်နိုင်ခြင်း မရှိခဲ့ပေ။

“ဪ သူမက ငါ့ကို ရှာတွေ့နိုင်ခဲ့တယ်ပေါ့”

တစ်ဖက်မှ လူက စိတ်ဝင်စားဖွယ် ပြုံးရင်း ပြောလိုက်သည်။

သို့သော် လေမှော်ဆရာများသည် သူမ၏ စကားများကို မကြားနိုင်ပေ။ သူမသည် သူမ၏ တည်ရှိမှုကိုသာ ခံစားနိုင်ခဲ့ခြင်းဖြစ်သည်။

လေမျှော်စင်သခင်မသည် ထိုမမြင်နိုင်သောပုဂ္ဂိုလ်ကို အခြားတစ်နေရာ၌ မြင်တွေ့ခဲ့လျှင်ပင် သူမသည် ၎င်းကို မှတ်မိမည် မဟုတ်ပေ။

၎င်းသည် ဤကမ္ဘာ၌ ဘယ်တုံးကမှ မပေါ်လာခဲ့ဖူးသော အမျိုးသမီးတစ်ဦးလည်းဖြစ်နေလေသည်။

သူမသည် လွန်ခဲ့သော မကြာသေးသည့်ကာလတစ်ခုကမှ လူသားတစ်ဦးနှင့် စာချုပ်ချုပ်ဆိုခဲ့သောကြောင့် ဤကမ္ဘာသို့ ပထမဆုံးအကြိမ် အဖြစ် ဆင့်ခေါ်ခံခဲ့ရခြင်းလည်းဖြစ်လေသည်။

သူမသည် အခြားသူမဟုတ်ပဲ လက်ရှိ ဝိညာဉ်ဘုရင်မဖြစ်သူ ဖီလိုနာပင်ဖြစ်လေသည်။

အာရန်သည် ကမ္ဘာကူးပြောင်းလာသူနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် သူ့အတွက် အခြားစိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာများကို ဖယ်ရှားပေးရန်အတွက် သူမကို ဆင့်ခေါ်ခဲ့ခြင်းလည်းဖြစ်လေသည်။

ထို့ပြင် ဖီလိုနာသည် တစ်ယောက်တည်း လာခဲ့ခြင်းမဟုတ်ပေ။

သူမသည် ဤနေရာကို ဝိုင်းရံထားပြီးဖြစ်သော ဝိညာဉ်စစ်သည်တစ်သိုက်နှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။

အာရန်၏ ကိုယ်ပိုင်စစ်တပ်တစ်ခုသည် ဤကမ္ဘာသို့ ဆင်းသက်လာသကဲ့သို့ ဖြစ်နေလေသည်။

လေမျှော်စင်သခင်မသည် ဤနေရာ၌ တစ်စုံတစ်ဦးတည်းရှိနေခြင်း မဟုတ်ကြောင်း ခံစားမိလိုက်သည်။

ပတ်ဝန်းကျင်၌ လူအတော်များများရောက်နေဟန်ရလေသည်။

သူမသည် ၎င်းတို့၏ အင်အားကို မခန့်မှန်းနိုင်သော်လည်း ၎င်းတို့၏ လျှို့ဝှက်တည်ရှိမှုသည်ပင် အလွန် အံ့သြစရာကောင်းနေပြီဖြစ်သည်။

ဖြစ်နိုင်လျှင် သူမသည် ၎င်းတို့၏ အကူအညီကို ရယူလိုနေခဲ့သည်။ ကံမကောင်းစွာဖြင့် သူမ၏ ခန္ဓာကိုယ်သည် သူ့အလိုလိုပင် တိုက်ခိုက်ရန် လှုပ်ရှားလိုက်လေသည်။

....

“မင်း ဘယ်သွားမလို့လဲ”

ကမ္ဘာကူးပြောင်းလာသူလူငယ်သည် ဤတောင်မှခဏတာ ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် နောက်ဘက်ဆီမှ အသံတစ်ခု ထွက်လာခဲ့သည်။

သူသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။

ထိုစဥ် နစ်ခရိုမန်ဆာကျွန်၏ နောက်ဘက်၌ ရပ်နေသော လူတစ်ဦးကို မြင်လိုက်ရလေသည်။

ထိုသူသည် ထိုနေရာ၌ ရှိနေရုံသာမက သူ၏ ဓားသည် ထိုနစ်ခရိုမန်ဆာ၏ နှလုံးသားကို ထိုးဖောက်သွားခဲ့ပြီးဖြစ်သည်။

သူ၏ ကျွန်များသည် စည်းတံဆိပ်ကြောင့် နာကျင်မှုကို မခံစားနိုင်သော်လည်း ၎င်းတို့သည် သတ်၍မရဟု မဆိုလိုပေ။

သူတို့၏ ဦးခေါင်းများကို ဖြတ်တောက်ခြင်း သို့မဟုတ် နှလုံးသားများကို ဖျက်ဆီးခြင်းခံရပါက ၎င်းတို့သည် အလွယ်တကူ သေဆုံးသွားနိုင်လေသည်။

အထူးသဖြင့် ထိုကျွန်သည် နစ်ခရိုမန်ဆာမျှော်စင်အတွင်း ဝင်ရောက်ရန် သော့တစ်ချောင်းဖြစ်ရန်သာ ရည်ရွယ်ထားခဲ့သော အားနည်းသူတစ်ဦးဖြစ်လေသည်။

“မင်း ဘာလုပ်လိုက်တယ်ဆိုတာကို မင်းသိရဲ့လား”

လူငယ်ကူးပြောင်းလာသူသည် မျက်မှောင်ကြုတ်ကာ သူ၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်လျက်ရှိပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ဤကျူးကျော်သည် သူ၏ အရေးပါသော သော့တစ်ချောင်းကို ဆုံးရှုံးစေခဲ့သည်။

လူငယ်သည် အလွန်‌ဒေါသ ထွက်သွားသောကြောင့် ထိုသူကို ချက်ချင်းထ သတ်ပစ်ချင်မိခဲ့သော်လည်း သူ၏ အမျက်ကိုသူပြန် ထိန်းချုပ်ထားခဲ့သည်။

“ဪ သူက မင်း သူငယ်ချင်းလား ငါ တောင်းပန်ပါတယ် မင်းက သူ့ကို ဓားစာခံအဖြစ် ခေါ်ထားတယ်လို့ ငါကထင်နေခဲ့တာ”

အာရန်က ပခုံးတွန့်ကာ ထိုနစ်ခရိုမန်ဆာ၏ နှလုံးအားထိုးစိုက်ထားသော သူ၏ ဓားကို ဆွဲထုတ်လိုက်ကာ ထိုသူ၏ အသက်မဲ့ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ လဲကျစေလိုက်သည်။

လူငယ်သည် သူ၏ ကျွန် တစ်ဦး အသတ်ခံရသောအခါ ကျွန်တံဆိပ်၏ တန်ပြန် သက်ရောက်မှုကို အရှင်ဖြစ်သူသည်လည်း အထိုက်အလျောက် ခံစားရလေသည်။

သို့သော် ကူးပြောင်းလာသူသည် သူ၏ မျက်နှာ၌ နာကျင်မှုဝေဒနာကို မပြသခဲ့ပေ။ သူသည် အောက်နှုတ်ခမ်းကိုသာ ခပ်တင်းတင်း ကိုက်ထားခဲ့သည်။

“မင်းက တော်တော် ရူးမိုက်တဲ့ အန်ပီစီ (NPC) တစ်ယောက်ပဲ” ဟု လူငယ်က ပြောလိုက်သည်။

ထိုသူသည် လွတ်လပ်လျက်ရှိပြီး တစ်စုံတစ်ခုဖြင့် ချည်နှောင်ခံထားရခြင်းလည်း မရှိပေ။

ထိုသို့သောသူကို သူက ဓားစာခံအဖြစ် ထိန်းသိမ်းထားသည်ဟု မည်သို့ ထင်နိုင်ရသနည်း။

လူငယ်သည် သူ၏ ညာဘက်လက်ကို မြှောက်ကာ အာရန်၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းနှင့် ဆင်တူသော စွမ်းရည်တစ်ခုကို အသုံးပြုလိုက်သည်။

သူ ရင်ဆိုင်နေသောသူ၏ အချက်အလက်များဖော်ပြထားသော မျက်နှာပြင်တစ်ခု သည် ပွင့်လာသင့်ပြီဖြစ်သည်။

ဤစွမ်းရည်သည်လည်း သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော အခြေအနေများစွာကို ဖြတ်သန်းနိုင်ခဲ့သည့် အရေးပါသည့် စွမ်းရည်တစ်ခုဖြစ်ပေသည်။

အရှင်သခင်အဆင့်ရှိသူ မဟုတ်သမျှကာလပတ်လုံး ထိုစွမ်းရည်သည် သူ့ကို ဘယ်သောအခါမျှ စိတ်မပျက်စေခဲ့ပေ။

အခြားတစ်ခုတည်းသော ခြွင်းချက်မှာ ထိုအစွမ်းကို အသုံးပြုခံရသည့် တစ်ဖက်လူသည် သူ၏ စနစ်မျက်နှာပြင် အလုပ်မလုပ်နိုင်လောက်အောင် အားနည်းနေခြင်းကြောင့်လည်း ဖြစ်နိုင်လေသည်။

“ဟင်”

လူငယ်သည် သူ၏ရှေ့ရှိ မျက်နှာပြင် ပွင့်လာသောအခါ သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ထပ်မံ မည်းမှောင်သွားခဲ့သည်။

အပြာရောင်ဖြင့် ပေါ်လာသော သာမန်အချက်အလက်ပြ မျက်နှာပြင်များနှင့်မတူဘဲ ဤတစ်ခုသည် လုံးဝ အနက်ရောင်ဖြစ်နေသည်။

အနက်ရောင်မျက်နှာပြင်၏ အလယ်၌ သွေးနီရောင်ဖြင့် စကားလုံးသုံးလုံးသာ ရှိနေခဲ့သည်။

“အချက်အလက်တွေထောက်လှန်းလို့တောင်မရနိုင်ပါလား ဘယ်လောက် စိတ်ဝင်စားစရာကောင်းတဲ့ အန်ပီစီ လဲ” ဟု လူငယ်က ပျင်းရိစွာ ပြန်ပြောလိုက်သည်။

“မင်းက ငါ့ဆီက ကျွန်တစ်ယောက်ကို ယူသွားတဲ့အတွက် မင်းက သူ့နေရာမှာ အစားအဖြစ်ပြန်နေပေးရမယ်”

“ဟေ့ချာတိတ်ရေ ဒီကမ္ဘာရဲ့ နောက်တက်မဲ့ အုပ်ချုပ်သူအစစ်အမှန်ဆီမှာ ခစားခွင့်ရတဲ့အတွက် မင်းရဲ့ ကံကောင်းမှုကို ကျေးဇူးတင်သင့်တယ်”

အာရန်သည် ထိုလူငယ်၏ စကားများကို ဂရုမစိုက်ခဲ့ပေ။ သူသည် မြေပြင်ပေါ်၌ လဲလျောင်းလျက်ရှိနေပြီး မျက်လုံးများ မှိတ်ထားသော ဖန်းယုကိုသာ စိုက်ကြည့်နေခဲ့သည်။

သူမ နိုးမလာသေးသောကြောင့် သူသည် အနည်းငယ် ဝမ်းသာသွားခဲ့သည်။

အကြောင်းမှာ သူသည် သူမ မမြင်စေလိုသော အရာတစ်ခုကို လုပ်ဆောင်တော့မည် ဖြစ်သောကြောင့်ဖြစ်လေသည်။

(ဘာသာပြန်သူမှတ်ချက်။ ။ အန်ပီစီ (NPC) ရဲ့ အရှည်‌ကောက်က Non-Player Character ဖြစ်ပါတယ် ဂိမ်မာတွေကြားမှာ အသုံးများတဲ့စကားလုံးဖြစ်ပြီး ကစားသမား မထိမ်းချုပ်ထားတဲ့ ဇာတ်ကောင်တွေကိုဆိုလိုတာပါ၊ ကစားသမား Player ကို အကူအညီပေးတဲ့ NPC တွေရှိသလို ရန်သူအဖြစ်ပါဝင်လေ့ရှိတဲ့ NPC တွေလဲရှိပါတယ်)

All Chapters