← Chapters

မင်းလည်းင့ါလိုပဲလာ

Vol. 17 Ch. 238

မင်းလည်းင့ါလိုပဲလာ

Vol. 17 Ch. 238

“မင်း နာမည် ဘယ်လိုခေါ်လဲ”

လူငယ်သည် အာရန်အား အနည်းငယ် စိတ်ဝင်စားသည့်လေသံဖြင့် မေးလိုက်သည်။

အာရန်မှာ ဖန်းယုကို ကယ်တင်ရန်အတွက် သူ၏နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်ကိုမူ သဘောမပေါက်ခဲ့ပေ။

ထိုသူသည် သူ ဤဆုံးရှုံးခြင်းတောင်သို့ ရောက်ရှိမလာခင်ကတည်းကပင် သူ့ထက်အရင်ရောက်နှင့်နေသူတစ်ဦးဖြစ်မည်ဟု ထင်နေဆဲဖြစ်သည်။

မိစ္ဆာဂိုဏ်းမှ တစ်စုံတစ်ဦးသည် ၎င်းတို့၏ တည်နေရာကို ဤမျှမြန်ဆန်စွာ ရှာဖွေတွေ့ရှိ၍ ရောက်ရှိလာရန်မှာ မဖြစ်နိုင်ပေ။

ထို့ပြင်အာရန်သည် အကြီးအကဲဝတ်စုံကို မဝတ်ဆင်ထားသော အချက်ကလည်း သူ၏ အထင်မှားမှုကို ပို၍ အထောက်အကူ ဖြစ်စေခဲ့သည်။

အာရန်သည် လူငယ်၏ မေးခွန်းကို ပြန်မဖြေဘဲ သူ၏ ကိုယ်ပိုင် ဖြစ်သော ‘ခွဲခြားသတ်မှတ်ခြင်း’ စွမ်းရည်ကို အသုံးပြုလိုက်သည်။

လူငယ်၏ စွမ်းရည်နှင့် မတူဘဲ အာရန်၏ စွမ်းရည်သည် အမှန်တကယ်ပင် အလုပ်ဖြစ်ခဲ့လေသည်။

[အမည်: ဖေး]

[အဆင့်: ၁၁]

[အချက်အလက်: လေမျှော်စင်သခင်မ၏ သားတော်]

[သွေးမျိုးဆက်: မရှိပါ]

[အသက်: ၁၉]

[စရိုက်လက္ခဏာများ : စိတ်မရှည်ခြင်း]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၁၇]

[သွက်လက်မှု: ၄၇]

[ခံနိုင်ရည်: ၃၈]

[ဉာဏ်ရည်: ၅၉]

[မာနာ: ၄၅၇]

‘ခွဲခြားသတ်မှတ်ခြင်း’ စွမ်းရည်သည် ထိုလူငယ်၏ နာမည်ကို ကို ဖေးဟု ဖော်ပြထားခဲ့ပြီး ၎င်းသည် လေမျှော်စင်သခင်မ၏ သားဖြစ်လေသည်။

လေမျှော်စင်သည် အချိန်ကြာမြင့်သည့်ကာလတစ်ခုကတည်းက ပျက်စီးခဲ့ပြီးဖြစ်သောကြောင့် ဤနောက်ခံအင်အားသည် များစွာ အရေးမပါတော့ပေ။

ထိုသူ၏ စွမ်းအင်အဆင့်သတ်မှတ်ချက်များ သည် အလွန်နည်းပါးလွန်းသောကြောင့် အာရန်ပင် အံ့အားသင့်သွားခဲ့သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်သည် အဆင့် (၁၁) သာရှိသေးလေသည်။

သူ၏ အဆင့်သတ်မှတ်ချက်အများစုသည် အာရန် အဆင့်များ၏ ဆယ်ရာခိုင်နှုန်းပင် မရှိပေ။

ပုံမှန်ထက်ထူးခြားစွာ မြင့်မားနေသောအရာမှာ ထိုလူငယ်၏ မာနာပင်ဖြစ်ပြီး ထိုမျှလောက် ကြီးမားသော အဆင့်ကွာခြားချက်အရဆိုလျှင် အာရန်၏ မာနာအဆင့်နှင့် ယှဥ်လျှင်ပင် ငါးဆယ်ရာခိုင်နှုန်းနီးပါး ရောက်ရှိနေခဲ့သည်။

အကယ်၍ ထိုလူငယ်သည် သူနှင့် ကျင့်ကြံခြင်း အဆင့်အတူတူသာ ရှိနေမည်ဆိုပါက ထိုသူ၏ မာနာသည် မည်မျှလောက်ထိ မြင့်မားနေမည်ကို အာရန်သည် စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

‘ခွဲခြားသတ်မှတ်ခြင်း’ စွမ်းရည်ဖြင့်ပင် သူသည် ထိုလူငယ်အကြောင်း အကြမ်းဖျင်း သာ နားလည်နိုင်ခဲ့သည်။

တစ်ခုတည်းသော ပြဿနာမှာ ‘ခွဲခြားသတ်မှတ်ခြင်း’ စွမ်းရည်သည် ထိုသူ၌ မည်သည့် စွမ်းရည်များ ရှိသည်ကို သို့မဟုတ် စနစ်တစ်ခု ရှိမရှိကိုပင် မဖော်ပြနိုင်ခြင်းပင်ဖြစ်သည်။

ဖေး ဆိုသူသည် ရုပ်ပိုင်းဆိုင်ရာအရ အားနည်းသူဖြစ်သည်သည်။

အကယ်၍ သူသည် သာ ဖန်းယုကို ပြန်ပေးဆွဲခဲ့သူဖြစ်ပါက သူ့၌ လှည့်ကွက်များအပြင် သူ့အား အကူအညီပေးရန် အရေးပါသော အရာတစ်ခု ရှိနေလိမ့်မည်ဖြစ်သည်။

အာရန်သည် ထိုသူ၌ အရေးပါသော စွမ်းရည်တစ်ခု သို့မဟုတ် အနည်းဆုံး အလွန်ထူးခြားသော စနစ်တစ်ခု ရှိနေသည်ဟု သေချာသိလိုက်သည်။

အာရန်သည် ထိုစွမ်းရည်သည် ဘာဖြစ်နိုင်သည်ကို အကြမ်းဖျင်း ခန့်မှန်းထားနိုင်ပြီဖြစ်သည်။

၎င်းသည် သူ၏ ဝါးမြိုသူကဲ့သို့သော စွမ်းရည်နှင့် နီးစပ်သောစွမ်းရည်တစ်ခု မဟုတ်သည်မှာ သေချာနေလေသည်။

ဝါးမြိုသူကဲ့သို့ အစွမ်းမျိုးဖြစ်ပါက သူသည် ဖန်းယုကို အစောပိုင်းကတည်းကပင် သတ်ပစ်ခဲ့မည်ဖြစ်လေသည်။

ရုတ်တရက် ဖေးဟုခေါ်သော လူငယ်သည် သူအစောပိုင်းက သတ်ပစ်လိုက်သော သူကို ကျွန်ဟု ခေါ်ဝေါ်ခဲ့ကြောင်း အမှတ်ရလိုက်သည်။

၎င်းသည် သူ၏ စွမ်းရည်တစ်ခုများလား...။ လူများကို သူ၏ ကျွန်များအဖြစ် ပြောင်းလဲနိုင်သော စွမ်းရည်လား။

ထိုသို့သာဖြစ်မည်ဆိုပါက ၎င်းသည် ဖန်းယုကို အဘယ်ကြောင့် အသက်ရှင်လျက် ထားရှိသည်ကို ရှင်းပြနိုင်သော အကြောင်းပြချက်ရှိသွားပြီဖြစ်သည်။

အကယ်၍ ၎င်းစွမ်းရည်သည် အရှင်သခင်အဆင့်ရှိသူ တစ်ဦးအပေါ်တွင်ပင် အလုပ်လုပ်မည်ဆိုပါက အတော်လေး ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်တစ်ခုဖြစ်လေသည်။

ဖန်းယုသည် ကျွန်အဖြစ် ပြောင်းလဲခံရပြီးပြီလားဟု စစ်ဆေးရန် အာရန်သည် သူမအပေါ်၌ သူ၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို ထပ်မံအသုံးပြုလိုက်သည်။

စနစ်မျက်နှာပြင်၌ ဖန်းယုတွင် မည်သည့် ပုံမှန်မဟုတ်သော အရာကိုမျှ မပြသထားခဲ့ပေ။

‘ငါ သိပြီ သူက သူ့ရဲ့ အဲ့ဒီစွမ်းရည်တွေကို ဖန်းယုလိုပုဂ္ဂိုလ်မျိုးအပေါ်မှာ အသုံးပြုဖို့ ဆိုရင် တစ်မျိုးမျိုး လိုအပ်ချက်တွေရှိနေသေးလို့ဖြစ်ရမယ်’ ဟု အာရန်သည် စဥ့်စားမိလိုက်သဖြင့် ၎င်းသည် မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်သည်ကို သဘောပေါက်လိုက်သည်။

ထိုအချိန်၌ အာရန် တိတ်ဆိတ်သွားရသည့် အကြောင်းရင်းကို လူငယ်သည်လည်း အတော်လေး စိတ်ဝင်စားနေခဲ့သည်။

ထိုသူသည် ကြောက်နေသောကြောင့်လား။ သို့သော်ထိုအရာသည်သူ့အတွက် အရေးမပါပေ။

သူသည် အဖြေကိုလည်း ရှာဖွေနေခြင်း မဟုတ်နေခဲ့ပေ။ သူ၏ ပထမ ကျွန်သည် အာရန်၏ နောက်သို့ ချဥ်းကပ်သွားစဉ် အာရန်ကို အာရုံလွှဲထားရန်သာ လိုချင်နေခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးသည် သူ၏ အမိန့်များကို မနာခံချင်နေခဲ့သော်လည်း သူမသည် လိုက်နာရန်သာ တတ်နိုင်ခဲ့လေသည်။

သူမသည် ဓားမြှောင်ကို ဆွဲထုတ်ကာ အာရန်တစ်ယောက် အာရုံလွင့်နေစဥ် သူ၏နောက်သို့ တိတ်တဆိတ် ချဥ်းကပ်သွားလိုက်သည်။

လူငယ်သည် တစ်ချက်ပြုံးလိုက်သည်။

သူသည်အစ၌ စနစ်မျက်နှာပြင်၌ ထိုရှေ့ရှိလူအကြောင်း ဘာမှ မပြသထားသောကြောင့် ထိုသူအား အတော်လေး ထူးခြားသူဟု ထင်မိခဲ့သည်။

သို့သော် လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူသည် ၎င်းကို အထင်သေးစပြုနေပြီဖြစ်သည်။

အမျိုးသမီးသည် အာရန်နှင့် နီးကပ်သော အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ရှေ့သို့ ခုန်ထွက်လိုက်ကာ သူမ၏ ဓားမြှောင်ကို အာရန်၏ ကျောပြင်သို့ ထိုးသွင်းလိုက်သည်။

နစ်ခရိုမန်ဆာကျွန်သည် အားနည်းသူတစ်ဦးဖြစ်ကာ သော့တစ်ခုအဖြစ်သာ အသုံးချရန်ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမိန်းကလေးသည် အားနည်းသူမဟုတ်ပေ။ သူမသည် သူ၏ မိခင်ကဲ့သို့ မှော်စွမ်းအင်အရာ၌ မြင့်မားသူမဟုတ်သော်လည်း လူငယ်ထက်မူ‌ေ များစွာ အင်အားကြီးမားနေသေးသည်။

သို့သော်...

“ဟင်”

လူငယ်သည် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအမျိုးသမီးလက်ထဲမှ ဓားသည် အာရန်၏ ကျောပြင်မှ လက်မအနည်းငယ်သာ ကွာတော့သောနေရာတွင် ရပ်တန့်သွားခဲ့သည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

သူ၏ မျက်စိရှေ့၌ပင် ထိုမိန်းကလေး၏ လည်ပင်း၌ လက်ချောင်းရာများ တဖြည်းဖြည်း ပေါ်လာသော်လည်း ထိုနေရာ၌ မည်သူ့ကိုမျှ သူသည် မမြင်တွေ့နိုင်ခဲ့ပေ။

“ရှင်က တကယ်ပဲ ရန်သူကို ကျောခိုင်းပြီး နေနိုင်ရဲတယ်နော်”

ယီလန်က အာရန်ကို အနည်းငယ်ဆူပူလိုသည့်လေသံဖြင့် ပြောလိုက်သည်။

“ကိုယ့်ကို ကာကွယ်ဖို့ မင်း တစ်ယောက်လုံး နောက်မှာ ရှိနေတယ်လေကွာ”

အာရန်က ပြုံးရင်း ပြန်ပြောလိုက်သည်။

ယီလန်သည် သူ့နောက်၌ ရှိနေသောကြောင့် ထိုကဲ့သို့ အားနည်းသော တိုက်ခိုက်မှုများကို သူသည် အမှန်တကယ်ပင် စိုးရိမ်ရန် လိုအပ်ပါမည်လော...။

“စကားအတော်တတ်တဲ့လူပဲ”

ယီလန်သည် ပြန်ပြောရင်း ထိုမိန်းကလေးကို အပေါ်သို့ ကိုင်မြှောက်လိုက်ကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်လေသည်။

လူငယ်၏ ကျွန်အဖြစ်ခိုင်းစေခံထားရသော ထိုမိန်းကလေးသည် သွေးတစ်လုပ်အန်ထုတ်မိလိုက်သည့်တိုင်သူမကို တိုက်ခိုက်ခဲ့သောသူကို မမြင်နိုင်သေးပေ။

‘ဒီလူ... သူနဲ့ပတ်သတ်တာတွေက တကယ် ထူးဆန်းနေတာပဲ ငါ ဘာအန္တရာယ်မှ ဆက်ယူနေလို့မဖြစ်တော့ဘူး’ လူငယ်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းပြောလိုက်သည်။

အာရန်သည် ထိုမိန်းကလေးကို လှည့်ပင်မကြည့်ဘဲ မည်သို့ ပြုလုပ်ခဲ့သည်ကို သူ မသိသော်လည်း သူသာ ယခုအချိန် ဘာမှ မလုပ်ပါက အခြေအနေသည် သူ့အတွက် အန္တရာယ်များလာတော့မည်ဖြစ်သည်ဟု သူ သေချာသိနေလေသည်။

ဖေး သည် သူ၏လက်ကို မြှောက်လိုက်ကာ လေထဲ၌ပင် တစ်ခုခုကို ထိလိုက်ဟန်ဖြင့် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်သည်။

“မင်းရဲ့ စနစ်သိုလှောင်ခန်းကို ကြည့်နေတာမလား အဲဒီထဲမှာ ကောင်းတဲ့အရာတစ်ခုခု ရှိနေလို့လား” လူငယ်သည် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်ဖို့ကျိုးစားနေစဥ်မှာပင် အာရန်၏ အသံကို ကြားလိုက်ရလေသည်။

“မင်း”

လူငယ်၏ မျက်နှာအမူအရာသည် မည်းမှောင်သွားခဲ့သည်။

ဤကမ္ဘာ၌ စနစ်သိုလှောင်ခန်းဟူသော အသုံးအနှုန်းသည် မရှိသင့်ပေ။

ဤသူသည် သူ စနစ်သိုလှောင်ခန်းကို အသုံးပြုနေသည်ကို မည်သို့ သိရှိသွားသနည်း။

“မင်း...မင်းက ဘယ်သူလဲ”

လူငယ်သည် အာရန်အား ထိတ်လန့်တကြားစိုက်ကြည့်ရင်း မေးလိုက်မိသည်။

သူ၏ အသံ၌ မေးခွန်းများစွာ ပါဝင်နေသည်။

“မင်း ငါ့ရဲ့ စနစ်အကြောင်းကို ဘယ်လို သိနေတာလဲ ဒါမှမဟုတ် မင်းကလည်း...”

လူငယ်က မေးခွန်းမေးလိုက်သော်လည်း သူ၏မေးခွန်းသည် မဆုံးခဲ့ပေ။ သူသည် ထိုအရာကို မယုံကြည်နိုင်သေးပေ။

သူသည် ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည့် အထူးခြားဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသင့်သည်။

သူ့ကဲ့သို့သော စွမ်းအင်ရှိသူများ ဤကမ္ဘာတွင်ထပ်မံ တည်ရှိနေသေးသည်လား....။

ထိုအရာသည် မဖြစ်သင့်ပေ။

“ငါ ဘယ်သူလဲဆိုတာ မင်း မသိထားဘူးလား”

အာရန်သည် အလွန်အံ့အားသင့်သွားသော လူငယ်၏ နောက်တည့်တည့်၌ ရုတ်တရက် ပေါ်လာခဲ့သည်။

ဖေးသည် သူ၏ စနစ်သိုလှောင်ခန်းဆီမှ အာရုံစိုက်ထားမှုကို ပျက်ကွက်ခဲ့သောကြောင့် စနစ်မျက်နှာပြင်မှာ ပြန်ပိတ်သွားခဲ့သည်။

“ငါတို့ အေးဆေး စကားပြောကြည့်ကြမယ် မင်း င့ါအကြောင်း ပိုသိချင်နေတယ် မဟုတ်လား”

လူငယ်၏ နှုတ်ခမ်းများသည် တုန်ယင်နေပြီး သူ၏ ကျောပြင်၌ သေခြင်းတရား၏ အကြည့်တစ်ချက်ကို ခံစားမိလိုက်သဖြင့် အာရန်အား အာရုံလွှဲထားရန်နှင့် သူ၏ စနစ်သိုလှောင်ခန်းကို နောက်တစ်ကြိမ် ထပ်မံဖွင့်ရန်ကျိုးစားလိုက်သည်။

ဖေး သည် သူ၏ သိုလှောင်ခန်းအတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူရန် သူ၏ လက်ကို ဆန့်တန်းလိုက်သော်လည်း စနစ်မျက်နှာပြင်ကို မထိတွေ့နိုင်မှီမှာပင် သူ၏ လက်မောင်းသည် လေထဲ၌ လွင့်ထွက်သွားကာ သွေးများသည် နေရာအနှံ့သို့ ပျံ့ကျဲသွားသည်ကို မြင်လိုက်ရသည်။

“စကားပြောချိန်က ကုန်သွားပြီ”

အာရန်သည် သူ၏ ထက်မြက်သော ဓားသွားဆီမှ သွေးများ စိမ့်ထွက်နေစဉ် ပြန်ဖြေလိုက်သည်။

သူ့တွင် ထိုလူငယ်နှင့် ထပ်မံပြောစရာ စကားများမရှိချင်တော့ပေ။

အထူးသဖြင့် ဖန်းယုသည် အချိန်မရွေး နိုးထလာနိုင်သောယခုလိုအချိန်တွင် ဖြစ်လေသည်။

သူမမနိုးထလာခင် သူသည် ထိုကမ္ဘာကူးပြောင်းလာသူအား သတ်ကာ သူ၏ စွမ်းရည်များကို ခိုးယူလိုနေခဲ့သည်။

All Chapters