မင်းတော့ နားကားပြီ
Vol. 17 Ch. 239
နာကျင်မှုသည် စတင်ခံစားမိရန် အချိန်အနည်းငယ်ခန့် ကြာလိုက်သည်။
ထိုနောက် နာကျင်မှုကိုစတင်ခံစားမိလိုက်သောအချိန်တွင်မူ လူငယ်လေး ဖေး ၏ နှုတ်ခမ်းဆီမှ နာကျင်စွာ အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုလူငယ်လေး၏ အော်ဟစ်လိုက်သံကိုကြားလိုက်ရသောအခါတွင် အာရန်သည် တိတ်ဆိတ်စွာဖြင့် သူ့အား စောင့်ကြည့်ရင်း တစ်စုံတစ်ခုကို တွေးတောနေခဲ့သည်။
အာရန်သည် ထိုလူငယ်ထံမှ သူ၏ စနစ်ကို ရယူနိုင်မည်မလားဟု မသေခြာနေပေ။
လူများစွာကို ကျွန်အဖြစ် ပြောင်းလဲပစ်နိုင်သည့်စွမ်းရည်သည် ထိုလူငယ်၏ ကိုယ်ပိုင် နည်းလမ်းများဖြင့်ရယူထားသော စွမ်းရည်တစ်ခုသာဖြစ်ပြီး စနစ်၏ အကျိုးသက်ရောက်မှု မဖြစ်နေရန် အာရန်သည် အမှန်တကယ်ပင် မျှော်လင့်နေခဲ့မိသည်။
အကယ်၍ ၎င်းသည် ကိုယ်ပိုင်စွမ်းရည်တစ်ခုသာဖြစ်ပါက သူသည် ဝါးမြိုခြင်းအစွမ်းဖြင့် ၎င်းစွမ်းရည်ကို ရယူနိုင်ရန်အခွင့်အရေးရှိလေသည်။
သို့သော် ၎င်းသည် စနစ်မှ ရယူထားသော အကျိုးသက်ရောက်မှုတစ်ခုဖြစ်နေပါက ၎င်းသည် အလဟဿသာ ဖြစ်သွားလိမ့်မည်ဖြစ်သည်။
ရဲ့လန်အားအနိုင်ယူနိုင်ခဲ့စဥ်က သူ၏ စနစ်ကို ရယူနိုင်ခြင်းမရှိခဲ့သောကြောင်း အနည်းဆုံး သူ၏ ဝါးမြိုသူစွမ်းရည်ဖြင့် ထိုအရာကို လုယူ၍ မရကြောင်း အတည်ပြုနိုင်ခဲ့ပြီးဖြစ်သည်။
“ဟား... ဟားဟားဟား... မင်း တော့ နားကားပြီ”
ဖေး သည် နာကျင်စွာ အော်ဟစ်နေစဉ် ရုတ်တရက် ထ၍ရယ်မောလိုက်ပြီး သူ၏ မျက်နှာပင် ဖြူဖျော့သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် အဝေး၌ ဖြည်းဖြည်းချင်း လျှောက်လာသော လူတစ်ဦးကို သူ မြင်သောကြောင့်ဖြစ်သည်။
“သားရဲ့ ချစ်လှစွာသော မေမေ” ဟု ဖေး သည် ဤနေရာသို့ ရောက်ရှိလာသော အမျိုးသမီးကို ငေးကြည့်ရင်း ခေါ်လိုက်သည်။
“သားအတွက် ဒီမျိုးမစစ်ကောင်ကို သတ်ပေးပါ”
ဖေး သည် သူ့ အမိန့်ကိုရသည်နှင့် ထိုအမျိုးသမီးသည် အာရန်ကို တစ်စက္ကန့်မျှ ပင် တွေဝေမနေဘဲ သွားရောက် တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
သူမသည် သူမ၏ လေထုနှင့်ပတ်သတ်သည့်အရာများကို ထိမ်းချုပ်နေနိုင်သမျှ ကာလပတ်လုံး သူ့အား အကာအကွယ်ပေးနိုင်ရုံသာမက သူ့ရှေ့ရှိ ထိုသူကိုပင် သတ်ပစ်နိုင်မည်ဟု ယူဆထားခဲ့လေသည်။
အာရန်သည် ခေါင်းကို ဘေးသို့ စောင်းငဲ့ကြည့်လိုက်သောအခါ လူငယ် မမြင်နိုင်သော ထိုနေရာရှိ တစ်စုံတစ်ဦးကို သတိပြုမိလိုက်သည်။
လေမျှော်စင်သခင်မ၏ ဘေး၌ ဖီလိုနာတစ်ယေက် ရပ်နေလေသည်။
ဖီလိုနာသည် ဤအမျိုးသမီးအား ဤနေရာသို့ လာခွင့်ပြုခဲ့သောကြောင့် စိတ်ဝင်စားဖွယ် တစ်ခုခု ဖြစ်ပျက်တော့မည်မှန်း အာရန် ခံစားမိလိုက်သည်။
“ဘာလို့ သားမျက်နှာကို စိုက်ကြည့်နေတာလဲ စိတ်ပျက်စရာပဲ မြန်မြန်လုပ်လေ အဲ့ဒီမျိုးမစစ်ကောင်ကို သွားသတ်လိုက်စမ်းပါ”
ဖေးသည် အမိန့်ပေးပြီးဖြစ်သော်လည်း သူ၏ မိခင်မှာ မလှုပ်ရှားခဲ့ပေ။
ယင်းအစား သူမသည် သူ့အား စိုက်ကြည့်နေခဲ့လေသည်။
သူမ၏ မျက်လုံးများသည် ယခင်ကကဲ့သို့ အသက်မဲ့ခြင်းမျိုး မရှိတော့ပေ။ ယင်းအစား သူမ၏ မျက်လုံး၌ မြင်နိုင်သောအရာမှာ မုန်းတီးမှုသာ ဖြစ်လေသည်။
“ငါ့ကို အမေလို့ မခေါ်နဲ့ ငါ့သားက သေသွားခဲ့တာ ကြာပြီ” ဟု အမျိုးသမီးက အော်ဟစ်၍ ပြောလိုက်သည်။
သူမသည် သူမ၏ရှေ့၌ရှိသော ဤလူငယ်ကို သူမ၏သား ခန္ဓာကိုယ်၌ ဝင်ရောက်နေသော အခြားတစ်စုံတစ်ယောက် ဖြစ်ကြောင်း သဘောပေါက်လိုက်ပြီးဖြစ်သည်။
ထိုသူသည် သူမ၏ သား မဟုတ်ပေ။ အကြောင်းမှာ သူမ၏ သားသည် ဤကဲ့သို့သော အရာမျိုးကို ဘယ်သောအခါမျှ လုပ်မည်မဟုတ်သောကြောင့်ပင်ဖြစ်သည်။
အကယ်၍ ၎င်းသည် သူမ၏သားအစစ်အမှန်မှ ပြုလုပ်နေခဲ့ခြင်းဖြစ်ပါက ပို၍ပင် ဆိုးရွားသွားပေမည်။
မည်သို့ပင်ဆိုစေ သူမသည် သူ့အား နောက်ထပ် မကာကွယ်ပေးလိုတော့ပေ။
“မင်း...”
လူငယ်၏ မျက်နှာသည် ဖြူဖျော့သွားသည်။
“မင်း ငါ့ကျွန်တံဆိပ်စည်းကို ဘယ်လို ဖယ်ရှားလိုက်တာလဲ”
လူငယ်သည် အံ့အားသင့်စွာဖြင့် အမူအရာများ တောင့်တင်းသွားခဲ့သည်။
သူ၏ မိခင်သည် သူ၏ အမိန့်များကို မနာခံတော့ပေ။
ဆိုလိုသည်မှာ ထိုကျွန်တံဆိပ်ခပ်နှိပ်ထားခြင်းကို ဖယ်ရှားလိုက်ပြီဟုပင်။
သို့မဟုတ် တံဆိပ်၏ အကျိုးသက်ရောက်မှုများကို တစ်ခုခုက နှောင့်ယှက်နေခဲ့ခြင်းကြောင့်လော....။ ထိုသို့လည်း ဖြစ်နိုင်လေသည်။
“မင်း ငါ့အမေကို ဘာလုပ်လိုက်တာလဲ?” ဟု သူက အာရန်ကို မေးလိုက်သည်။
ဤနေရာ၌ သူ မြင်နိုင်နေသော တစ်ဦးတည်းသောသူမှာ သူ၏ရှေ့ရှိလူပင်ဖြစ်သည်။
၎င်းသည် ထိုသူ့နှင့် တစ်စုံတစ်ရာ ပတ်သက်နေမှာတော့ သေချာနေလေသည်။
အာရန်သည်လည်း ဘာဖြစ်သွားသည်ကို မသိလိုက်သော်လည်း ၎င်းသည် ဖီလိုနာ၏ လက်ချက်ပင်ဖြစ်ကြောင်း သူ သေချာနေခဲ့သည်။
ကမ္ဘာကူးပြောင်းလာသူ၌ အခြားအကူအညီအချို့အတူပါရှိနေသည်ဟု သူ သည် အစကတည်းက ကြိုတင်ခန့်မှန်းခဲ့ပြီးဖြစ်သည်။
သူသည် အရိပ်စစ်သည်ကို သတ်လိုက်ခြင်းသည် ထိုကမ္ဘာကူးပြောင်းလာသူကို စော်ကားမိသလို ဖြစ်သွားပြီဖြစ်၍ ထိုသူသည် ပိုမိုအင်အားကြီးမားသော အကူအညီများကို လက်စားချေရန် ထပ်မံ စေလွှတ်တော့မည်မှန်း ကြိုခန့်မှန်းနိုင်ခဲ့သည်။
ထို့ကြောင့် အာရန်သည် ထိုအကူအညီပေးမည့်သူများရောက်လာလျှင်ဖြေရှင်းရန် ဖီလိုနာအား ဆင့်ခေါ်ခဲ့ခြင်းဖြစ်လေသည်။
အကယ်၍ သူမသည် ၎င်းတို့ကို မကိုင်တွယ်နိုင်လျှင်ပင် သူမသည် မိမိကိုယ်ကို အလွယ်တကူ ကာကွယ်နိုင်သော ဝိညာဉ်တစ်ဦးဖြစ်လေသည်။
အာရန်သည် အနည်းဆုံး ထိုကမ္ဘာကူးပြောင်းလာသူကို တစ်ယောက်ချင်း ရင်းဆိုင်တွေ့နေစဉ် ၎င်းတို့အား အလုပ်ရှုပ်ထားစေရုံသာ လိုအပ်ခဲ့ခြင်းဖြစ်သည်။
ဖီလိုနာသည် အမျိုးသမီးကို ဤနေရာသို့ ပြန်လာခွင့်ပြုခဲ့သောကြောင့် သူမသည် နောက်ထပ် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဟု ဆိုလိုနိုင်လေသည်။
အကယ်၍ ထပ်မံပြောရမည်ဆိုလျှင် သူမသည် အကူအညီပေးသူ တစ်ဦးပင် ဖြစ်နိုင်လေသည်။
“မင်းမင်း ခွေးမ င့ါကို သစ္စာဖောက်ရဲတယ်လား”
ဖေးသည် သူ၏ ကျွန်မှ သူ၏အမိန့်များ ကို ထပ်မံမနာခံတော့သောကြောင့် အတော်ပင် ဒေါသထွက်သွားခဲ့သည်။
သူမသည် သူ့အားကူညီရမည့် အစား ထိုသူစိမ်းကိုပင် ကူညီနေ သယောင်ရှိနေလေသည်။
ဖေးသည် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ အမျိုးသမီးဆီသို့ ဒေါသတကြီး ချိန်ရွယ် လိုက်လေသည်။
ဖေး သည် သူ၏ မိခင်ဆိုသူကို ဒေါသတကြီး တိုက်ခိုက်တော့မည့်ဟန် ပြုမူလိုက်သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် ရုတ်တရက် သူသည် နောက်သို့လှည့်လိုက်ကာ သူ့နောက်၌ ရပ်နေသော အာရန်ဆီသို့ ထိုဓားမြှောင်ကို ထိုးစိုက်ချလိုက်လေသည်။
ဖေးသည် သူ၏ကျွန်မှာ သူ့အား သစ္စာဖောက်သွားခြင်းကြောင့် ဒေါသအလွန်ထွက်ကာ စိတ်မထိန်းနိုင်ဖြစ်သွားသည်ဟု အာရန်အား မှားယွင်းယူဆမိရန် တမင်တကာပင် ပြုမူလိုက်ခြင်းဖြစ်ကာ အာရန်၏ သတိရှိမှုကို လျှော့ချသွားစေရန်လည်း ဖြစ်လေသည်။
နောက်ဆုံး၌ ဤနေရာတွင် သူ၏ တစ်ခုတည်းသော ပစ်မှတ်မှာ အာရန်ပင်ဖြစ်သည်။
ဤသူ သေဆုံးသောအခါ သူသည် သူ၏ မိခင်ကို ပြန်လည် ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော်....
“ဟင်”
ဖေးသည် နောက်ပြန် လှည့်၍ ဓားမြှောင်ကို အချိန်ကိုက်လျှင်မြန်စွာ ထိုးစိုက်လိုက်သော်လည်း အာရန်သည် ထိုနေရာ၌ မရှိတော့သည်ကို မြင်လိုက်ရသောအခါ အလွန် အံ့အားသင့်သွားခဲ့သည်။
“တကယ်တော့ မင်းဟာ အဆင့်တွေတက်ဖို့ကို အာရုံပိုစိုက်ခဲ့သင့်တယ် မင်းဟာင့ါအတွက် အရမ်း နှေးလွန်းနေတယ် ချာတိတ်ရေ”
လူတစ်ဦး၏ အသံသည် ဖေး ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
အာရန်သည် ဖေး ၏ အရှိန်ထက် ဆယ်ဆခန့် မြန်ဆန်သောကြောင့် သူသည် ရုတ်တရက် အလစ်တိုက်ခိုက်လိုက်ခြင်းဖြစ် သော်လည်းအာရန်၏ မျက်လုံးများ၌ မူ ထိုတိုက်ခိုက်မှုသည် အလွန်နှေးကွေးလွန်းနေခဲ့လေသည်။
ဖေးသည် ခေါင်းကို ငုံ့လိုက်ကာ သူ၏ ခန္ဓာကိုယ်မှ ဖောက်ထွက်နေသော ဓားတစ်ချောင်းကို စိုက်ကြည့်နေလိုက်သည်။
အာရန်သည် ထိုဓားကို သူ၏ ကျောပြင်၌ ထိုးစိုက်သွားခဲ့ခြင်းဖြစ်သည်။
သွေးများသည် ဖေး ၏ နှုတ်ခမ်းထောင့်မှ စတင်ယိုစိမ့်ထွက်လာသကဲ့သို့ သူ၏ အဝတ်အစားများဆီသို့ ဓားဖြင့်ထိုးစိုက်ထားသောနေရာမှလည်း သွေးများစတင် စွန်းထင်းလာနေခဲ့လေသည်။
ထိုစဥ်ရုတ်တရက် ဖေး ၏ မျက်လုံးများသည် တောက်ပမှုအရိပ်အယောင်များ လျော့နည်းလာနေသော်လည်း သွေးစွန်းနေသော သူ၏ နှုတ်ခမ်းထောင့်စွမ်းများသည် အပေါ်သို့ ကော့တက်သွားခဲ့သည်။
“မင်းပြောတာ မှန်မယ်ထင်တယ် မင်းရဲ့ အကြံဉာဏ်ကို ငါကြိမ်းသေ မှတ်သားထားပါ့မယ်...”
ဖေး သည် ချိနဲ့စွာဖြင့် အာရန်အာ ပြန်ပြောလိုက်ပြီး အာရန်မှ ဓားကို ဆွဲထုတ်လိုက်သည်နှင့် ဒူးထောက်ကျသွားတော့သည်။
ဖေး၏ မျက်နှာသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ပတ်ဝန်းကျင်၌ သွေးအိုင်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာသည်။
အာရန်သည် အခြား ကမ္ဘာကူးပြောင်းလာသူတစ်ဦးကို အနိုင်ယူနိုင်လိုက်သဖြင့် အောင်ပွဲမခံခဲ့ပေ။ ယင်းအစား သူသည် ဖေး၏ နောက်ဆုံးစကားကိုသာ အာရုံရောက်နေခဲ့သည်။
သူသည်အစက ဖေး ၏ နှလုံးသားကို ထုတ်ယူရန် အစီအစဥ်ရှိခဲ့သော်လည်း ထိုသူ၏ နောက်ဆုံးစကားကိုကြားပြီးနောက်သူသည် တစ်ခုခုမှားယွင်းနေပြီမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။
သူသည် ဤအရာနှင့်ပတ်သက်၍ မကောင်းသော ခံစားချက်တစ်ခု ရနေခဲ့သည်။
ထိုသူသာ အမှန်တကယ် သေဆုံးသွားမည်ဆိုပါက ဤအကြံဉာဏ်ကို သူသည် အဘယ်ကြောင့် မှတ်သားထားရန် လိုအပ်မည်နည်း။
တစ်ခုခုတော့ သေခြာပေါက် မှားနေပုံပင်။
အာရန်သည် သူ၏ နဖူးကိုပြန်လည် ပွတ်သပ်ကာ နောက်သို့လှည့်လိုက်သည်။ သူသည် ဖေး၏ မိခင်ဆိုသူကို မျက်နှာချင်းဆိုင်လိုက်သည်။
“သူ မသေသေးဘူး မဟုတ်လား”
၎င်းသည် အာရန်၏ စိတ်အတွင်း၌ တွေးမိသော တစ်ခုတည်းသောအရာပင်ဖြစ်သည်။
ထိုလူငယ်သည် အမှန်တကယ် သေဆုံးပြီးနောက်၌ပင် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်အချို့ကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။
သို့မဟုတ် သူသည် အမှန်တကယ် အသက်ရှင်နေသေးသော စိတ်အနှောင့်အယှက်ဖြစ်စရာ ပိုးဟပ်ကဲ့သို့ ဇာတ်ကောင်တစ်ဦးလည်း ဖြစ်နိုင်နေသေးသည်။
နောက်ဆုံးဖြစ်နိုင်ခြေသည် ဖြစ်နိုင်ချေ အများဆုံးဟု သူ ခံစားမိနေသည်။
ထိုလူငယ်သည် သားလိမ္မာတစ်ယောက် မဟုတ်ခဲ့လျှင်ပင် လေမျှော်စင်သခင်မသည် မိခင်တစ်ယောက်အနေနှင့် သူ့သား သေဆုံးသည်ကို မြင်သောအခါ ဝမ်းနည်းစိတ်အနည်းငယ်တော့ ပြခဲ့သင့်သော်လည်း သူမသည်ထိုသို့ မပြုမူခဲ့ပေ။
လေမျှော်စင်၏ သခင်မသည် သူမ သားတော်မောင်၏ သွေးများစွန်းပေနေသော ခန္ဓာကိုယ်ကို ကြည့်ကာ မည်သာည့် သနားစိတ်အနည်းငယ်မျှပင် မခံစားမိခဲ့ပေ။
ထို့နောက် သူမသည် အာရန်၏ မေးခွန်းကို ခေါင်းညိတ်အတည်ပြုပေးလိုက်သည်။
....
အလွန်ဝေးကွာသာ အမည်မသိ နေရာတစ်ခု၌ လူငယ်လေးတစ်ဦးသည် ရုတ်တရက် ထိုင်နေရာမှ သွေးတစ်ချက် ထအန်လိုက်သည်။
သူ၏ ဝိညာဉ်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပုံရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသော်လည်း သူ၏ မျက်လုံးများမှာမူ ဒေါသအရောင်များဖြင့်သာ တဟုန်းဟုန်း ပြည့်နှက်နေခဲ့လေသည်။