← Chapters

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲရဲ့အဆုံးသတ်

Vol. 5 Ch. 64

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲရဲ့အဆုံးသတ်

Vol. 5 Ch. 64

ဖုန်းဇီမု အဲလောက်တုန်လှုပ်သွားရတာအကြောင်းရှိတယ်။ဂိုဏ်းချုပ် နေရာယူထားတာ နှစ်ပေါင်း ၈၅၉ နှစ်တောင်ရှိပြီ၊ တပည့်တစ်ယောက်မှထားခဲ့တာ မဟုတ်ဘူး။ အခုတော့ ရုတ်တရက်ကြီး စုချင်းယင်ကို ကိုယ်တိုင်တပည့်အဖြစ် လက်ခံလိုက်တယ်။

တကယ့်ကို ရုတ်တရက်ဆန်လွန်းတယ်။

အရိပ်အယောင်တောင် မမြင်လိုက်ရဘူး။

“ဒါ အရေးကြီးတဲ့ကိစ္စပဲ။”

ဖုန်းဇီမုက သက်ပြင်းတစ်ချက်ချပြီး လေသံတိုးတိုးနဲ့ ပြောလိုက်တယ်၊ “ချီမင်၊ စုချင်းယင်ရဲ့ အခြေအနေအမှန်ကို အသေးစိတ်ပြောပြစမ်း။”

“မကြာခင်မှာပဲ ဒီကိစ္စက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံး ပျံ့သွားတော့မှာ။”

“ဟုတ်ကဲ့။”

ချီမင်က ခေါင်းညိတ်ပြီး စုချင်းယင်အကြောင်းကို အသေးစိတ် ချက်ချင်းပြောလိုက်တယ်။

“မြေနဲ့ သစ်သားဓာတ်နှစ်မျိုးဝိညာဥ်အမြစ် မသေမျိုး ဖန်ဆင်းခြင်းသစ်သားခန္ဓာကိုယ်တဲ့လား။”

ဖုန်းဇီမုက ခေါင်းညိတ်ပြီး ခဏစဉ်းစားနေပြီးမှ ပြောလိုက်တယ်၊ “သူ့ရဲ့အရည်အချင်းက တကယ်ကို မြင့်တာပဲ။ ဝိညာဉ်အမြစ်ရော ခန္ဓာကိုယ်ဖွဲ့စည်းပုံရော နှစ်ခုစလုံးက အဆင့်လေးအထိ ရောက်နေတာကိုး။”

“သူ့ရဲ့ စိတ်နေစိတ်ထားကတော့ သာမန်လောက်ပဲ။”

“ဒါပေမဲ့ ဒီလောက်နဲ့တော့ ဂိုဏ်းချုပ်ရဲ့အာရုံကို ဖမ်းစားနိုင်ဖို့ မလုံလောက်သေးဘူး။”

“တကယ်တော့ ကျွန်တော်လည်း ဒီလိုပဲထင်ပါတယ်။” ချီမင်က ပြောတယ်။

“ဂိုဏ်းချုပ်ရဲ့ ကိစ္စတွေကိုတော့ ငါတို့တွေ ဝင်စွက်ဖက်လို့ မရဘူး။”

ဖုန်းဇီမုက ပြောလိုက်တယ်”ဂိုဏ်းချုပ်မှာ သူ့ဆုံးဖြတ်ချက်နဲ့သူ ရှိလိမ့်မယ်လို့ ငါယုံကြည်တယ်။”

“ဟုတ်ကဲ့။” ချီမင်နဲ့ တခြားသူတွေလည်း ခေါင်းညိတ်လိုက်ကြတယ်။

“ငါ အရင်သွားနှင့်မယ်။” ဖုန်းဇီမုက ပြောတယ်၊ “ချီမင်၊ မင်း ဒီတစ်ခေါက် ကောင်းကောင်းလုပ်ခဲ့တယ်။ တခြားတောင်ထွတ် ဆယ့်တစ်နေရာက အမွေခံတပည့်တွေကို အနိုင်ယူပြီး တိမ်စိမ်းတောင်ထွတ်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးခဲ့တယ်။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို ဆက်ပြီး ဦးစီးကျင်းပလိုက်ဦး။”

“ဆရာ့ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ။ဒါက တပည့်လုပ်သင့်တဲ့အလုပ်ပါ။” ချီမင်ကပြောလိုက်တယ်။

ဖုန်းဇီမု ထွက်သွားတယ်။

တခြား အမွေခံအကြီးအကဲသုံးယောက်၊ စုဇီရှုနဲ့ တခြားသူတွေလည်း ဂိုဏ်းချုပ်က တပည့်တစ်ယောက်လက်ခံလိုက်ပြီဆိုတဲ့ သတင်းကို ဖုန်းဇီမုဆီက ကြားလိုက်ရတော့ အားလုံး အံ့ဩသွားကြတယ်။

ချက်ချင်းပဲ သူတို့တွေ ပြန်သွားပြီး သက်ဆိုင်ရာတောင်ထွတ်တွေကို ဒီအကြောင်းကြားလိုက်ကြတယ်။

မကြာခင်မှာပဲ ဂိုဏ်းချုပ် ယန်လီက စုချင်းယင်ကို တပည့်အဖြစ် လက်ခံလိုက်တဲ့သတင်းကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အထက်ပိုင်းအသိုင်းအဝိုင်းကြားမှာ အချိန်တိုအတွင်း ပျံ့နှံ့သွားတော့တယ်။

ဒါက တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတယ်။

ဆွေးနွေးငြင်းခုံမှုတွေလည်း ရှိတယ်။

လူတော်တော်များများက စုချင်းယင်ရဲ့ နောက်ခံနဲ့အရည်အချင်းကဂိုဏ်းချုပ်ကိုတပည့်အဖြစ် လက်ခံ‌ စေတာလဲဆိုပြီး အမျိုးမျိုး မှန်းဆနေကြတယ်။

အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားတယ်။

ညနေပိုင်းရောက်တော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲက တဖြည်းဖြည်းနဲ့ ပြီးဆုံးခါနီးနေပြီ။ စုချင်းယင်ကို ယန်လီခေါ်သွားပြီးတဲ့နောက်မှာယုရွှယ်လန်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲတစ်ခုလုံးရဲ့ အာရုံစိုက်စရာ ဖြစ်လာတယ်။

နောက်ထပ် စစ်ဆေးမှုသုံးခုမှာ ယုရွှယ်လန်ရဲ့ နားလည်နိုင်စွမ်းက အဆင့်လေးဖြစ်တဲ့ ပြိုင်ဘက်ကင်းအဆင့်ကို ရောက်ပြီး သူ့ရဲ့အခြေခံကလည်း အလားတူပဲ အဆင့်လေးဖြစ်တဲ့ ဖုန်းကွယ်နဂါးအဆင့်ကို ရောက်တယ်။

နောက်ဆုံး ကံကြမ္မာဆန်းကြယ်ဘုံမှာ စမ်းသပ်တဲ့ ကံကြမ္မာက တတိယအဆင့်သုံးရောင်ခြယ်အဆင့်ကို ရောက်တယ်။

တစ်နည်းပြောရရင် ယုရွှယ်လန်ရဲ့ အလားအလာက

[ဝိညာဉ်အမြစ် - တတိယအဆင့် သတ္တု၊ ရေ၊ သစ်သားဝိညာဥ်အမြစ်။ ခန္ဓာကိုယ်က - တတိယအဆင့် သွေးကြာပန်းတာအိုခန္ဓာ။ နားလည်နိုင်စွမ်း - စတုတ္ထအဆင့် ပြိုင်ဘက်ကင်း။ အခြေခံ - စတုတ္ထအဆင့်ဖုန်းကွယ်နဂါး။ ကံကြမ္မာ - တတိယအဆင့် သုံးရောင်ခြယ်။]

ဒီလိုအရည်အချင်းမျိုးက အမွေခံတပည့်တစ်ယောက်ဖြစ်ဖို့ လုံးဝသင့်တော်နေပြီလို့ ပြောလို့ရတယ်။

“ဂျူနီယာမောင်လေး။” လုချင်းယန်က ပြုံးပြီးပြောတယ်၊ “စုချင်းယင်ကို ဂိုဏ်းချုပ်က ခေါ်သွားလို့ ငါတို့တွေရဲ့ အလောင်းအစားက ဆက်လို့မရတော့ဘူး။ တကယ်နှမြောဖို့ကောင်းတာပဲ။”

“ကျွန်တော်ထင်တာတော့ စီနီယာအစ်မက ကျွန်တော့်ကို ရှုံးသွားပြီထင်တာပဲ။” ချီမင်က ပြုံးပြီးပြောတယ်။

“မဟုတ်ဘူး၊ ဒါက မပြီးသေးဘူး။” လုချင်းယန်က ပြောတယ်။

“စီနီယာအစ်မပြောတာ မှန်ပါတယ်။” ချီမင်က ပြောတယ်။

“ဂျူနီယာ မောင်လေး။” လုချင်းယန်က ပြောတယ်၊ “နင်ထွက်လာရမယ့်အချိန်ရောက်ပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲရဲ့ စစ်ဆေးမှုငါးခုလုံး ပြီးသွားပြီ။ စစ်ဆေးမှုငါးခုလုံး ကျရှုံးတဲ့ ပါဝင်သူတွေအားလုံး ထုတ်ပယ်ခံရပြီ။ အောင်မြင်တဲ့သူတွေကတော့ ကောင်းကင်ဘုံဉာဏ်အလင်းမြို့ကို ပို့ဆောင်ခြင်းခံရလိမ့်မယ်။”

“ကောင်းပြီ။” ချီမင်က ခေါင်းညိတ်တယ်။

ဝှစ်!

ချီမင်က ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး ကောင်းကင်ဘုံဉာဏ်အလင်းမြို့အထက်မှာ ရပ်လိုက်တယ်။

ဘဇ်!

သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တယ်။

ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားရဲ့ စွမ်းအားကို အသက်သွင်းလိုက်တယ်။

ပြီးတော့ ချီမင်ရဲ့အသံက ပါဝင်သူအားလုံးရဲ့စိတ်ထဲမှာ ပေါ်လာတယ်။

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲရဲ့ စစ်ဆေးမှုငါးခုလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ နောက်တစ်ခုကတော့မင်းတို့ကို ကောင်းကင်ဘုံဉာဏ်အလင်းမြို့ဆီ ပို့ဆောင်ပေးပြီး နောက်ဆုံးရွေးချယ်မှုကို လက်ခံရမှာ ဖြစ်ပါတယ်။” ချီမင်က အော်ပြောလိုက်တယ်။

ဘဇ်! ဘဇ်! ဘဇ်!

စကားဆုံးတာနဲ့ နေရာရွှေ့ပြောင်းတဲ့ လမ်းကြောင်းက တောက်ပတဲ့အလင်းရောင်တွေနဲ့ထွက်ပေါ်လာပြီး မမြင်နိုင်တဲ့ နေရာရွှေ့ပြောင်းခြင်းစွမ်းအားတွေက စမ်းသပ်မှုအောင်မြင်တဲ့ ပါဝင်သူအားလုံးကို လွှမ်းခြုံသွားတယ်။

ဝှစ်! ဝှစ်!

အလင်းတန်းတွေ လက်သွားတယ်။

ပုံရိပ်တွေက ကောင်းကင်ဘုံဉာဏ်အလင်းမြိုဆီ ပို့ဆောင်ခြင်းခံလိုက်ရတယ်။ သူတို့တွေက ကောင်းကင်ဘုံဉာဏ်အလင်းမြို့ပတ်လည်က လွတ်နေတဲ့နေရာမှာ ရပ်နေကြပြီး ခံတပ်ဆယ့်နှစ်ခုကို မြင်လိုက်ရတယ်။

ဒါ့အပြင် သူတို့ပတ်လည်မှာ တိမ်တွေ၊ မြူတွေ ဝိုင်းရံနေပြီး ဝိညာဉ်စွမ်းအင်တွေကလည်း အရမ်းကိုကြွယ်ဝနေတာက နတ်ဘုံနတ်နန်းတစ်ခုလိုပဲ။ သူတို့ခေါင်းတွေ ထပ်မော့ကြည့်လိုက်တော့ အင်မော်တယ်ချီစွမ်းအင်တွေနဲ့ ဝန်းရံထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သင်္ဘောကြီးတစ်စင်းကို မြင်လိုက်ရတယ်။

သူတို့မြင်လိုက်ရတဲ့အရာအားလုံးက လောကကြီးအပေါ် သူတို့ရဲ့နားလည်မှုကို ချေမှုန်းပစ်လိုက်တယ်။

အထင်ရှားဆုံးကတော့ ကောင်းကင်ဘုံဉာဏ်အလင်းမြို့ရဲ့ အလယ်ဗဟိုမှာ ရပ်နေပြီး သူ့နောက်မှာ ကြီးမားတဲ့ ဗလာနယ်ကြေးမုံကြီး ရှိနေတဲ့ ချီမင်ဖြစ်တယ်။။ သူက ခမ်းနားကြီးကျယ်တဲ့ အရှိန်အဝါရှိပြီး မြင့်မြတ်တဲ့နေရာမှာ ရှိနေတယ်။

ဘာပဲဖြစ်ဖြစ် ချီမင်က ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲရဲ့ကြေညာသူဖြစ်တယ်။

“တိမ်စိမ်းတောင်ထွတ်က အမွေခံတပည့်ကို ဂါရဝပြုပါတယ်။”

“အမွေခံတပည့် ချီကို ဂါရဝပြုပါတယ်။”

“ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အမွေခံတပည့် ချီ။”

“…”

ပါဝင်သူတွေက ဦးညွှတ်ဂါရဝပြုလိုက်ကြတယ်။

ပါဝင်သူတော်တော်များများကို ချီမင်က ကယ်တင်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်နေကြတယ်။

ဘုန်း! ဘုန်း! ဘုန်း!!!

နောက်တစ်ခဏမှာပဲ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေ၊ အတွင်းစည်းဂိုဏ်းအကြီးအကဲသုံးယောက်နဲ့ အပြင်စည်းဂိုဏ်းအကြီးအကဲတွေအားလုံး ပေါ်လာကြတယ်။ အမျိုးမျိုးသော ထူးခြားဆန်းကြယ်တဲ့အရာတွေနဲ့အတူ ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး နေရာအသီးသီးမှာ ရပ်လိုက်ကြတယ်။

တကယ်ကို အင်အားပြင်းထန်ပြီး ခမ်းနားလှတယ်။

နတ်ဘုရားတွေ ဆင်းသက်လာသလိုဖြစ်တယ်။

လူတိုင်း တုန်လှုပ်ပြီး စိတ်လှုပ်ရှားသွားကြတယ်။

“အရမ်း... အရမ်း ခမ်းနားတာပဲ...”

“ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ခမ်းနားတဲ့မြင်ကွင်းပဲ!”

“သူတို့တွေက အင်မော်တယ်တွေလိုပဲ။”

“…”

သူတို့တွေကမဆုံးနိုင်အောင် သက်ပြင်းချရင်း အနာဂတ်အတွက် မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေကြတယ်။

ဒါပေမဲ့ ဒီလူတွေထဲက အများစုကတော့ အစေခံတပည့်တွေပဲ ဖြစ်လာကြမှာဖြစ်ပြီး သူတို့ထဲက ၉၀% ကျော်က သုံးနှစ်အတွင်း တောင်ပေါ်ကနေ မောင်းချခံရပြီး အပြင်လောကမှာ ပြန်ပြီး ရှင်သန်ရပ်တည်ရမှာ ဖြစ်တယ်။

အရမ်းနည်းတဲ့အရေအတွက်လောက်ပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ တကယ်တမ်း နေခွင့်ရမှာဖြစ်တယ်။

“ဒီ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲအတွက်၊” ချီမင်က ဆက်ပြောတယ်၊ “စုစုပေါင်း လူ ၇၈,၄၉၅ ယောက် အောင်မြင်တယ်။ သူတို့ထဲက ပါဝင်သူ ၆၀,၀၀၀ က အလားအလာ နည်းနည်းနိမ့်လို့ တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အစေခံတပည့်အဖြစ် သုံးနှစ်ပဲ နေခွင့်ရမယ်။ သုံးနှစ်ကြာပြီးလို့ ကျင့်ကြံမှုအဆင့် လုံလောက်တဲ့သူတွေက အပြင်စည်းဂိုဏ်းကို ဝင်ခွင့်ရမယ်။”

“အရည်အချင်း နည်းနည်းပိုကောင်းတဲ့ တပည့် ၁၅,၃၈၀ ယောက်လည်း ရှိသေးတယ်။ သူတို့တွေက တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အပြင်စည်းဂိုဏ်းတပည့်တွေ တိုက်ရိုက်ဖြစ်နိုင်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုကို မင်းတို့ ကြိုက်သလို ရွေးချယ်နိုင်တယ်။”

“ဒါ့အပြင် အရည်အချင်း ပိုမြင့်တဲ့သူ ၃,၁၁၄ ယောက်လည်း ရှိသေးတယ်။ မင်းတို့က အတွင်းစည်းဂိုဏ်းတပည့်ဖြစ်ဖို့ လိုအပ်ချက်တွေ ပြည့်မီနေပြီ။ တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အတွင်းစည်းဂိုဏ်းတပည့်တွေ တိုက်ရိုက်ဖြစ်နိုင်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်တွေကိုလည်းမင်းတို့ ရွေးချယ်နိုင်တယ်။”

“နောက်ဆုံးအနေနဲ့ အရည်အချင်းအမြင့်ဆုံးသူ တစ်ယောက်တည်းကတော့ အမွေခံတပည့်ဖြစ်ဖို့ စံနှုန်းတွေ ပြည့်မီနေပြီ။ အမွေခံအကြီးအကဲတစ်ယောက်က မင်းကို တပည့်အဖြစ် လက်ခံဖို့ဆန္ဒရှိသရွေ့ မင်းက အမွေခံတပည့် ဖြစ်နိုင်တယ်။”

စကားဆုံးတာနဲ့။

ဘဇ်! ဘဇ်!

ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းပြီး ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားရဲ့ စွမ်းရည်ကို အသက်သွင်းလိုက်တယ်။ ရှိနေတဲ့လူအားလုံးကို အုပ်စုလေးစု ခွဲလိုက်တယ်။ အစေခံတပည့် ၆၀,၀၀၀၊ အပြင်စည်းတပည့် ၁၅,၃၈၀၊ အတွင်းစည်းတပည့် ၃,၁၁၄ ယောက်နဲ့ အမွေခံတပည့်တစ်ယောက် ဆိုပြီးဖြစ်တယ်။

လူတိုင်းရဲ့အကြည့်တွေက အလိုအလျောက်ဆိုသလို အမွေခံတပည့်ဖြစ်နိုင်တဲ့ တစ်ဦးတည်းသောသူဆီကို ရောက်သွားတယ်။

အဲဒါက ယုရွှယ်လန်ပဲ။

“သူက တိုက်ရိုက် အမွေခံတပည့် ဖြစ်နိုင်တာလား။”

“သူ့အရည်အချင်းက အရမ်းမြင့်မှာပဲ။”

“ဟုတ်မှာပေါ့!”

“သူ့ကို တကယ်အားကျတာပဲ။”

“…”

လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြတယ်။

ချက်ချင်းပဲ အစေခံတပည့် ၆၀,၀၀၀ က တောင်ထွတ်ဆယ့်နှစ်ခုကို ရွေးချယ်ဝင်ရောက်ကြတယ်။ ချီမင်က သူတို့ကို တောင်ထွတ်ဆယ့်နှစ်ခုရဲ့ သင်္ဘောတွေဆီ ပို့လိုက်တယ်။

နောက်တော့ အပြင်စည်းတပည့်တွေနဲ့ အတွင်းစည်းတပည့်တွေ။

သူတို့အားလုံးလည်း တောင်ထွတ်ဆယ့်နှစ်ခုကို တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်ဝင်ရောက်ကြတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း စုဝေးပွဲအတွင်းမှာ တိမ်စိမ်းတောင်ထွတ်ကို ဝင်ရောက်လာတဲ့ အပြင်စည်းနဲ့ အတွင်းစည်းဂိုဏ်းတပည့်တွေက စုစုပေါင်းအရေအတွက်ရဲ့ သုံးပုံတစ်ပုံလောက် ရှိတယ်။ ကျန်တဲ့နှစ်ပုံကတော့ တခြားတောင်ထွတ်ဆယ့်တစ်နေရာက ခွဲယူလိုက်ကြတယ်။

“ယွမ်ဖုန်း။”

ဒီအချိန်မှာ လုချင်းယန်က လမ်းလျှောက်လာတယ်။ သူ့အကြည့်က လူအုပ်ကြားထဲက ယွမ်ဖုန်းဆီကို ရောက်သွားပြီး သူက ပြောလိုက်တယ်၊ “ငါက လုချင်းယန်၊ တိမ်စိမ်းတောင်ထွတ်ရဲ့ အတွင်းစည်းအကြီးအကဲပဲ။ နင်က ငါ့တပည့် ဖြစ်ချင်သလား။”

“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်၊ ဆရာ။”

ဘာမှ တုံ့ဆိုင်းမနေဘဲ လုချင်းယန်ရဲ့စကားကို ကြားပြီးတာနဲ့ ယွမ်ဖုန်းက ချက်ချင်း ဒူးထောက်ပြီး လုချင်းယန်ကို ဦးညွှတ်လိုက်တယ်။

ယွမ်ဖုန်းကို လုချင်းယန်က အတွင်းစည်းတပည့်အဖြစ် လက်ခံလိုက်တာက တကယ်ပဲ လူတော်တော်များများကို အားကျသွားစေတယ်။

“ကောင်းပြီ။”

လုချင်းယန်ရဲ့ လှပတဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ ယွမ်ဖုန်းက စွမ်းအားတစ်ခုရဲ့ သက်ရောက်မှုကို ခံလိုက်ရပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက လုချင်းယန်ရဲ့ဘေးကို ရောက်သွားတယ်။

“ငါ့နောက်လိုက်ခဲ့။” လုချင်းယန်က ပြောတယ်။

“ကျေးဇူးတင်ပါတယ်၊ ဆရာ။” ယွမ်ဖုန်းက ကျေးဇူးတင်စွာနဲ့ ပြောလိုက်တယ်။

“လာပြီး အကြီးအကဲတွေကို ဂါရဝပြုလိုက်ဦး။” လုချင်းယန်က ဆက်ပြောတယ်။

“ဟုတ်ကဲ့။” ယွမ်ဖုန်းက ခေါင်းညိတ်တယ်။

သူ့ရဲ့ အမူအရာနဲ့ စိတ်ထားက အရမ်းတိကျပြီး ရိုသေလေးစားမှုရှိတယ်။ သူက ထန်ချန်လင်းနဲ့ ချီချင်းတို့ကို ဦးညွှတ်ပြီးပြောလိုက်တယ်။”တပည့် ယွမ်ဖုန်းက အကြီးအကဲတွေကို ဂါရဝပြုပါတယ်။”

“အင်း။”

“နင်က အကြီးအကဲ လုကို ဆရာအဖြစ် လက်ခံပြီးပြီဆိုတော့ ကျင့်ကြံမှုကို ကြိုးစားလုပ်ရမယ်။ သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့။”

“…”

အကြီးအကဲတွေက ခေါင်းညိတ်ကြတယ်။

“အဲဒါ နင့်ရဲ့ဆရာဦး‌‌လေးပဲ။”

လုချင်းယန်က ချီမင်ကို လက်ညှိုးထိုးပြပြီး ယွမ်ဖုန်းကို ပြောတယ်၊ “နင့်ဆရာဦးလေးကိုကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း ညီလာခံပြီးသွားရင် သူ့ကို သွားတွေ့ခိုင်းမယ်။”

“ဟုတ်ကဲ့ပါ၊ ဆရာ။”

ယွမ်ဖုန်းက ချီမင်ရဲ့ကျောပြင်ကို ပုံမှန်မဟုတ်တဲ့အရိပ်အ‌ယောင်တွေနဲ့ ကြည့်နေတယ်။ သူ့အသက်ကို ကယ်ခဲ့တဲ့ အမွေခံတပည့်ချီကသူ့ရဲ့ဆရာဦးလေးဖြစ်လာလိမ့်မယ်လို့ သူ လုံးဝမထင်ထားခဲ့ဘူး။

“ယုရွှယ်လန်။” ချီမင်က သူ့ကို ငုံ့ကြည့်လိုက်တယ်။

“တပည့် ယုရွှယ်လန်က အမွေခံတပည့် ချီကို ဂါရဝပြုပါတယ်။”

ယုရွှယ်လန်က ခေါင်းငုံ့ပြီး ချီမင်ကို ဦးညွှတ်လိုက်တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အတွေးအမျိုးမျိုး ပေါ်လာတယ်။ အရင်က သူ အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့တဲ့ အစေခံတပည့်က မျက်စိတစ်မှိတ်အတွင်းမှာ တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်ဖြစ်သွားပြီး မြင့်မားတဲ့နေရာကို ရောက်ပြီးသူ့အသက်ကို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မယ်လို့ သူ လုံးဝမထင်ထားဘူး။

ကံကြမ္မာဆိုတာ တကယ်ကို ကြိုတင်မှန်းဆလို့မရပါလား။

ယုရွှယ်လန်က ဘာပုံမှန်မဟုတ်တာမှ မပြရဲဘူး။ သူက မြို့စားကြီးရဲ့သမီး... မဟုတ်ဘူး၊ အခု သူက မြို့စားကြီးရဲ့သမီးအဖြစ် သူ့ကိုယ်သူ အပြည့်အဝ ဟန်ဆောင်ထားရမယ်။

“အင်း။” ချီမင်က ခေါင်းညိတ်တယ်။

သူက ယုရွှယ်လန်ရဲ့ ပုံမှန်မဟုတ်တာကို သတိမထားမိလိုက်ဘူး။

ဘာပဲဖြစ်ဖြစ် သွေးကြာပန်းနတ်ဆိုးမက သေဘေးကလွတ်ပြီး အရာအားလုံးကို စွန့်လွှတ်ကာ သူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့တာဆိုတော့ အတိတ်ကခြေရာတွေကို လုံးဝဖယ်ရှားပစ်လိုက်ပြီလို့ ပြောလို့ရတယ်။ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံ ကိုယ်ပွားရဲ့ စွမ်းရည်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရင်တောင် ယုရွှယ်လန်ရဲ့မူရင်းဝိညာဉ်ရင်းမြစ်ကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး။

ဒါက သူ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံရဲ့ အစစ်အမှန်ကိုယ်ထည်ကို အသုံးမပြုသရွေ့ပေါ့။

ဟုတ်တယ်၊ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံက တကယ့်နတ်ဘုရားလက်နက်တစ်ခုဖြစ်တယ်။ ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့သာဆိုရင် အဲဒါကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုချင်ရင် ချက်ချင်း‌ခြောက်သွားတဲ့အထိစုပ်ခံရမှာပဲ။

“မင်းရဲ့အလားအလာက အရမ်းမြင့်တယ်။” ချီမင်က ပြောတယ်၊ “အမွေခံတပည့်တစ်ယောက်ဖြစ်ဖို့ လုံလောက်တယ်။ အခု ဘယ်တောင်ထွတ်ကို ဝင်ချင်လဲ။ မင်းရဲ့ရွေးချယ်မှုကို ပြောပြ။ အဲဒီအချိန်ကျရင် ငါက မင်းကို တောင်ထွတ်အသီးသီးက အမွေခံအကြီးအကဲတွေနဲ့ တွေ့ပေးမယ်။”

All Chapters