သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားအား သန့်စင်ခြင်း!
Vol. 5 Ch. 67
တင်း!
“ကမ္ဘာဖျက်ဆီးဓားကို အလိုအလျောက်ကျင့်ကြံခြင်း မအောင်မြင်ပါ။ ကမ္ဘာဖျက်ဆီးဓား သန့်စင်ရန် ပစ္စည်းများ လိုအပ်နေပါသည် - ကမ္ဘာဖျက်ဆီးကျောက်တုံး၊ ဓားတာအိုကျောက်တုံး၊ ကောင်းကင်ဘုံကျောက်တုံး၊ ဓာတ်ငါးပါးကမ္ဘာကျောက်တုံး၊ အချိန်နဲ့နေရာကျောက်တုံး၊ မူလရေစင်။”
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ပြန်အမ်းလိုက်ပါတယ်။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“အလိုအလျောက်ကျင့်ကြံတာ မအောင်မြင်ဘူးပေါ့။”
ချီမင် ခဏစဉ်းစားလိုက်တယ်။ “သက်ဆိုင်ရာ ပစ္စည်းတွေမရှိဘဲနဲ့တော့ ကမ္ဘာဖျက်ဆီးဓားကို သန့်စင်လို့မရတာကတကယ်ပဲ။ ကမ္ဘာဖျက်ဆီးဓား သန့်စင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အများကြီးပဲ။ အရမ်းရှားတယ်။ ငါ့မှာ အခု ဓားတာအိုကျောက်တုံးပဲ ရှိသေးတယ်၊ ကျန်တဲ့ပစ္စည်းတွေကတော့ လုံးဝမရှိသေးဘူး။”
“ပစ္စည်းတွေရဖို့ နည်းလမ်းနှစ်ခုတော့ရှိတယ်။”
“ပထမတစ်ခုက ဂိမ်းမြေအောက်စခန်းတွေပဲ။ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားအတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးကို ဂိမ်းမြေအောက်စခန်းကနေပဲ ရခဲ့တာ။”
“ဒုတိယတစ်ခုကတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဒီပစ္စည်းတွေ ဘယ်မှာရနိုင်မလဲ၊ ဒါမှမဟုတ် သူတို့ဆီမှာ သက်ဆိုင်ရာပစ္စည်းတွေ ရှိမရှိ မေးကြည့်ရမယ်။”
“ဝိညာဉ်ကျောက်တုံးတွေ ဖြည့်ပြီး ဓားချီပိုင်းဖြတ်ခြင်း လေ့ကျင့်ဖို့သုံးမယ်။” ချီမင်က ပြောလိုက်သည်။
တင်း!
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြည့်သွင်းလိုက်ပါပြီ။ ဓားချီပိုင်းဖြတ်ခြင်းအား အဆ ၁,၀၀၀ မြှင့်တင်မှုဖြင့် လေ့ကျင့်နေပါတယ်။ မနက်ဖြန်တွင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် ခန့်မှန်းမ်ိပါတယ်။”
အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားတယ်။
ဒုတိယနေ့ကို ရောက်လာတယ်။
နေ့လယ်ရောက်တော့ ချီမင်က ဟော့ချန်ချင်းကို ခေါ်လိုက်တယ်။
“သခင်။” ဟော့ချန်ချင်းက သူ့ကို အရိုအသေပြုလိုက်သည်။
“ဒါ မင်းအတွက်ပဲ။ အကုန်ရောင်းလိုက်။ ဈေးကွက်ပေါက်ဈေးအောက် မဖြစ်စေနဲ့။ အားလုံးကို ဝိညာဉ်ကျောက်တုံးတွေအဖြစ် ပြောင်းလိုက်။”
ချီမင်က မနေ့ညက သူရှင်းလင်းထားတဲ့ တိုက်ပွဲကရတဲ့ပစ္စည်းတွေနဲ့ အရင်းအမြစ်တစ်ချို့ကို အဆင့်နိမ့် သိုလှောင်အိတ်အနည်းငယ်ထဲ ထည့်ပြီး ဟော့ချန်ချင်းလက်ထဲကို ပေးကာ ပြောလိုက်တယ်။
“ဟုတ်ကဲ့။”
ဟော့ချန်ချင်းက ခေါင်းညိတ်ပြီး ချီမင်လက်ထဲက သိုလှောင်အိတ်ကို ယူလိုက်သည်။ တိုက်ပွဲကရတဲ့ပစ္စည်းတွေနဲ့ အရင်းအမြစ်တွေ ရောင်းချတာကို သူ ကျွမ်းကျင်နေပြီဖြစ်တယ်။ ဒါ့အပြင် သူ့ရဲ့ လက်ရှိ အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ခွန်အားနဲ့ဆိုရင် တိမ်စိမ်းဈေးမှာ အင်အားကြီးတဲ့သူတစ်ယောက်လို့တောင် သတ်မှတ်လို့ရနေပြီ။
တိမ်စိမ်းဈေးက အရမ်းကြီးမားတဲ့ ဈေးကွက်တစ်ခုဖြစ်ပေမယ့် အကန့်အသတ်တော့ ရှိတယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကတိမ်စိမ်းဈေးရဲ့ အမြင့်ဆုံးကန့်သတ်ချက်ဖြစ်တယ်။
ချီမင်ရဲ့ ခွန်အားတွေ တိုးတက်လာတာနဲ့အမျှ သူရလာတဲ့ အရင်းအမြစ်တွေကလည်း ပိုပိုပြီးများလာတယ်။ တိမ်စိမ်းဈေးရဲ့ စွမ်းရည်နဲ့ဆိုရင် ချီမင်ကို ဆက်ပြီး သူ့ရဲ့လုယက်ထားတဲ့ပစ္စည်းတွေကို ဆက်ပြီးရောင်းချခွင့်ပြုနိုင်မှာ မဟုတ်တော့ဘူးထင်တယ်။
ဒါပေမယ့် အရေးမကြီးပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာလည်း ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေအတွက် အကြီးမားဆုံးကုန်သွယ်ရေးဈေးကွက်တစ်ခု ရှိနေတယ်။ အဲ့ဒါက တောင်ထွတ်ဆယ့်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဈေးကွက်ဖြစ်ပြီး၊ ကောင်းကင်ဘုံဉာဏ်အလင်းအင် မော်တယ်တောင်နဲ့ နီးကပ်တဲ့နေရာမှာ တည်ရှိတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းမြို့တော်ထက် အဆပေါင်းများစွာ ပိုကြီးမားတဲ့ လေပေါ်ပျံဝဲနေတဲ့ မြို့တော်ကြီးတစ်ခုဖြစ်တယ်။
“သွားတော့။” ချီမင်က ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ရှုး!
ဟော့ချန်ချင်းက သူ့ဓားပျံပေါ်တက်ပြီး တိမ်ပြိုစံအိမ်ကနေ တိမ်စိမ်းဈေးကို ထွက်ခွာသွားတယ်။
မကြာခင်မှာပဲ ညနေစောင်းလာတယ်။
တင်း!
“သင်သည် ‘ဂိမ်းမြေအောက်စခန်း’ တွင် တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံပြီး ဂိမ်း မြေအောက်စခန်းကိုတစ်ကြိမ် ရှင်းလင်းပြီးပါပြီ။ သင်- ကမ္ဘာဖျက်ဆီးကျောက်တုံး အပိုင်းအစတစ်ခု၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ရရှိပါတယ်။”
ပစ္စည်း: ကမ္ဘာဖျက်ဆီးကျောက်တုံး အပိုင်းအစ။
မိတ်ဆက်: ကမ္ဘာလောကရဲ့စွမ်းအားတွေ ပါဝင်တဲ့ ကျောက်တုံးတစ်ခုဖြစ်ပေမယ့် အပိုင်းအစတစ်ခုသာ ဖြစ်ပါတယ်။ အပိုင်းအစ ကိုးခုပေါင်းစပ်လိုက်ရင် ပြည့်စုံတဲ့ ‘ကမ္ဘာဖျက်ဆီးကျောက်တုံး’ တစ်ခုအဖြစ် ပေါင်းစပ်နိုင်ပါတယ်။ အရမ်းရှားပါးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
“နောက်ဆုံးတော့ ရပြီ။” ချီမင်က ဝမ်းသာအားရဖြစ်သွားတယ်။ “အပိုင်းအစဖြစ်ပေမယ့် ကိုးခုစုမိသွားရင် ပြည့်စုံတဲ့ ကမ္ဘာဖျက်ဆီးဓားတစ်လက်အဖြစ် ပေါင်းစပ်နိုင်ပြီ။ မဆိုးဘူး၊ မဆိုးဘူး။”
တင်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းအား အဆ ၁၀,၀၀၀ မြှင့်တင်မှုဖြင့် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ သင်ရဲ့ ဝိညာဉ်စွမ်းအင် သိသိသာသာ တိုးတက်လာပြီး သင်ရဲ့ကျင့်ကြံမှုအဆင့်ကလည်းအခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။”
ချီမင်က အသိပေးချက်တစ်ခု လက်ခံရရှိလိုက်တယ်။
ဘန်း!
နောက်တစ်ခဏမှာပဲ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက သူ့အလိုလို လည်ပတ်လာပြီး ဝိညာဉ်စွမ်းအင် အမြောက်အများကို စုပ်ယူလိုက်တာကြောင့် တိမ်ပြိုစံအိမ်အပေါ်မှာ အရမ်းကြီးမားတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာတယ်။ ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေက ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်လာတယ်။
တဖြည်းဖြည်းနဲ့ ချီမင်ရဲ့ ဒန်တျန်ထဲမှာရှိတဲ့ဆယ့်နှစ်လွှာသောင်းပြောင်းကြာပန်းစိမ်းက ပိုပိုပြီးသိပ်သည်းလာတယ်။
အောက်ဘက်မှာတော့ ခမ်းနားတဲ့ ဝိညာဉ်စွမ်းအင်ကန်ကြီးတစ်ခု ရှိနေတယ်။ ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းက ဝိညာဉ်စွမ်းအင်ကန်ထဲမှာ အမြစ်တွယ်နေတယ်။ ချီမင်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတာနဲ့အမျှ ကြာပန်းစိမ်းက ပိုပိုပြီးသိပ်သည်းလာသလို ဝိညာဉ်စွမ်းအင်ကန်ကလည်း လျင်မြန်စွာနဲ့ကျယ်ပြန့်လာတယ်။
မကြာခင်မှာပဲ ဝိညာဉ်စွမ်းအင်ကန်က ဝိညာဉ်စွမ်းအင်မြစ်တစ်ခုအဖြစ် အားကောင်းလာတယ်။
ဘုန်း!!!
ချီမင်ရဲ့ အရှိန်အဝါက တက်လာတယ်။ သူက အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကနေ အခြေခံတည် ဆောက်ခြင်းအလယ်ပိုင်းအဆင့်ကို တက်လှမ်းသွားပြီး သူ့ရဲ့ခွန်အားက သိသိသာသာ တိုးတက်လာတယ်။ ခဏအကြာမှာသူ့ရဲ့ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်လိုက်တယ်။
“ငါ အဆင့်တက်သွားပြီ။”
ချီမင်က နည်းနည်း ဝမ်းသာသွားတယ်။
တင်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားအား အဆ ၁၀,၀၀၀ မြှင့်တင်မှုဖြင့် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ရေခဲမူလကျောက်တုံးတစ်ခု၊ လေမူလကျောက်တုံးတစ်ခု၊ မိုးကြိုးမူလကျောက်တုံးတစ်ခု၊ အစွန်းရောက်ယန်ကျောက်တုံးတစ်ခု၊ အစွန်းရောက်ယင်ကျောက်တုံးတစ်ခု၊ နေရာကျောက်တုံးတစ်ခု၊ အချိန်ကျောက်တုံးတစ်ခုနှင့် ဓားတာအိုကျောက်တုံးခုနစ်ခုတို့ကို သုံးစွဲခဲ့ပါတယ်။ သင် အောင်မြင်စွာနဲ့ရေခဲမူလဓား၊ လေမူလဓား၊ မိုးကြိုးမူလဓား၊ အစွန်းရောက်ယင်ဓား၊အစွန်းရောက်ယန်ဆဓား၊ နေရာဓား၊ အချိန်ဓားတို့ကိုသန့်စင်ခဲ့ပါတယ်။”
“ကျန်နေသေးတဲ့ မှော်ဓား ခုနစ်လက်ကို သန့်စင်ဖို့ တစ်ရက်ပဲ ကြာတယ်ပေါ့။”
ချီမင်က အရမ်းဝမ်းသာသွားတယ်။
ဘန်း! ဘန်း!
ချီမင်က ချက်ချင်းပဲ ထူးဆန်းတဲ့ အခြေအနေတစ်ခုထဲကို ဝင်ရောက်သွားတယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက သူ့အလိုလို လည်ပတ်လာတယ်။ တန်ဖိုးကြီးတဲ့ပစ္စည်းတွေက ပျံထွက်လာပြီး သောင်းပြောင်းကြာပန်းစိမ်းမီးတောက်ရဲ့ လောင်ကျွမ်းမှုအောက်မှာ အရည်ပျော်ကာ ဓားရည်ရွယ်ချက်အမျိုးမျိုးထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အခြေခံတည်ဆောက်ခြင်းထိပ်တန်းအဆင့်ကို ရောက်ရှိနေတဲ့ ကိုယ်ပိုင် မှော်ဓား ခုနစ်လက်က ချီမင်ပတ်လည်မှာ ရေနဂါးတစ် ကောင်လို ပျံဝဲနေတဲ့ အလင်းတန်းခုနစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
ကလန်! ကလန်! ကလန်!!!
ဓားသံတွေ ထွက်ပေါ်လာတယ်။
သူတို့က သောင်းပြောင်းကြာပန်းစိမ်းထဲကို ဝင်ရောက်သွားကြတယ်။
မှော်ဓားဆယ့်နှစ်ခုလုံးကို သန့်စင်ပြီးသွားပေမယ့် သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို တကယ်ကျင့်ကြံပြီးပြီလို့တော့ မပြောနိုင်သေးဘူး။ ဓားဆယ့်နှစ်လက်ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး နောက်ထပ်တစ်ဆင့် တက်လှမ်းရဦးမယ်။
တင်း!
“ဓားချီပိုင်းဖြတ်ခြင်းအား အဆ ၁,၀၀၀ မြှင့်တင်မှုဖြင့် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။သူ့ကထူးချွန်အဆင့်က နေပြီးပြည့်စုံခြင်းအဆင့်သို့ တိုးတက်သွားပါပြီ။”
ချီမင်က ဓားချီပိုင်းဖြတ်ခြင်းရဲ့ နက်နဲမှုတွေကို နောက်ထပ်နားလည်သဘောပေါက်သွားပြီး ဒီသိုင်းနည်းနစ်ကို လုံးဝကျွမ်းကျင်ပိုင်နိုင်စွာနဲ့ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်သွားတယ်။ သူ့ရဲ့ ဓားတာအိုအပေါ်နားလည်မှုနဲ့ ကျွမ်းကျင်မှုက အနည်းငယ် တိုးတက်လာတယ်။
တင်း!
“လက်ခံသူရဲ့ကျင့်ကြံမှုအဆင့်ကအခြေခံတည် ဆောက်ခြင်းအလယ်ပိုင်းအဆင့်သို့ တိုးတက်သွားသည်ကို တွေ့ရပါတယ်။ အခြေခံတည် ဆောက်ခြင်းအစောပိုင်းအဆင့် ဂိမ်း မြေအောက်စခန်း၊ ရှုရှန်းဓားဂိုဏ်းမှ ဆုလာဘ်များကသိသိသာသာ လျော့နည်းသွားပါပြီ။ ဂိမ်းမြေအောက်စခန်းအသစ်တစ်ခုကို ဖွင့်လှစ်နိုင်ပါပြီ။”
“ဖွင့်လိုက်။” ချီမင်က ပြောလိုက်တယ်။
တင်း!
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ကို သုံးစွဲပြီး ဂိမ်း မြေအောက်စခန်းအသစ်ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။ သင်သည် အခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်ဂိမ်း မြေအောက်စခန်းဖြစ်တဲ့ ဒယ်လီလာ သွေးမျိုးနွယ်ရဲတိုက် သို့ ဝင်ရောက်နိုင်ပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ဒယ်လီလာ သွေးမျိုးနွယ်ရဲတိုက်တဲ့လား။”
ချီမင်က ခဏစဉ်းစားပြီး “ဝင်မယ်။” လို့ ပြောလိုက်တယ်။
ဘန်း!
ချက်ချင်းပဲ၊ သူ့မျက်စိရှေ့မှာ ဂိမ်းမြင်ကွင်းတစ်ခု ပေါ်လာတယ်။
ပထမဆုံးကတော့ ကမ္ဘာကြီးရဲ့ နောက်ခံဇာတ်လမ်းတွေနဲ့ မြင်ကွင်းတွေ မိတ်ဆက်ဖြစ်တယ်။
သူ့မျက်စိထဲ ဝင်လာတာက မှောင်မိုက်နေတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်တယ်။ ဒီကမ္ဘာမှာ၊သွေးလမင်းသုံးစင်းက ကောင်းကင်မှာ လွင့်မျောနေတယ်။ ဒီမှာ နေမရှိဘူး သွေးလမင်းတွေနဲ့ အမှောင်ထုပဲ ရှိတယ်။
ဒီနေရာမှာ သွေးမျိုးနွယ်တွေက မွေးရာပါ သူကောင်းမျိုးတွေ၊ အထက်တန်းကျပြီး မြင့်မြတ်တဲ့အုပ်စိုးသူတွေဖြစ်တယ်
ဒါ့အပြင် ဝံပုလွေလူသားတွေလည်း ရှိသေးတယ်။
ဝံပုလွေလူသားတွေကလည်း ထူးကဲတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး သွေးစုပ်ဖုတ်ကောင်တွေကို ခုခံနိုင်စွမ်းရှိတဲ့ သတ္တဝါတွေဖြစ်တယ်။။ ဝံပုလွေလူသားတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အောက်မှာတော့ လူသားတွေ ရှိတယ်။
လူသားတွေမှာ သဘာဝလွန်စွမ်းအားတွေ မရှိပေမယ့် မွေးရာပါ ဉာဏ်ရည်ထက်မြက်ကြတယ်။ သူတို့မှာ ဖန်တီးနိုင်စွမ်းရှိပြီး နည်းပညာလက်နက်လို့မျိုး နည်းလမ်းတွေကို ပိုင်ဆိုင်ကြတယ်။
လူသားအများအပြားက ထာဝရအသက်ကို လိုချင်တပ်မက်ပြီး လမ်းမှားရောက်ကုန်ကြတယ်။ သူတို့က သွေးမျိုးနွယ်တွေရဲ့ သွေး အစေခံတွေအဖြစ် ဆန္ဒရှိရှိ ခံယူကြပြီး သွေးစုပ်ဖုတ်ကောင်လို့ သိကြတဲ့ သွေးမျိုးနွယ်တွေရဲ့ အုပ်ချုပ်မှုအောက်က လက်အောက်ခံတွေ ဖြစ်လာကြတယ်။
မြင်ကွင်းကတဖြည်းဖြည်းကျယ်လာပြီး မြေပြင်ဆီကို တဖြည်းဖြည်း နိမ့်ဆင်းလာလာတယ်။
နောက်ဆုံးတော့ ကြီးမားလှတဲ့ အနက်ရောင်ရဲတိုက်ကြီးတစ်ခုရဲ့ အပေါ်မှာ ရပ်တန့်သွားတယ်။
ဒါကတော့ ဒယ်လီလာ သွေးမျိုးနွယ်ရဲတိုက်ဖြစ်တယ်။
ဒယ်လီလာက သွေးမျိုးနွယ် ဘာရွန်တစ်ယောက်ဖြစ်တယ်။
သူက သူ့လက်အောက်ခံတွေဖြစ်လာဖို့ သွေးစုပ်ဖုတ်ကောင်များစွာကို ဖန်တီးခဲ့တယ်၊ သူ့အတွက် တိုက်ခိုက်ပေးပြီး သူ့နယ်မြေကို ကာကွယ်ပေးကြတယ်။ ဒီရဲတိုက်ထဲမှာ လူသားပေါင်း ထောင်သောင်းချီပြီးလည်း ရှိနေတယ်။
ဒီလူသားတွေက ဝက်တွေ၊ သိုးတွေလိုမျိုးဖြစ်တယ်။သူတို့ရဲ့သွေးကို နေ့တိုင်း ထုတ်ယူခံရတယ်။ အသက် ၄၀ ကျော်လာတာနဲ့အမျှ အသက်ကြီးလာလို့ သူတို့သွေးရဲ့ အနံ့အသက်က တဖြည်းဖြည်း လျော့နည်းလာတယ်။
ဒယ်လီလာက အသက်လေးဆယ်ကျော်တဲ့ လူသားအားလုံးကို ရှင်းပစ်တယ်။
ပြောရရင် ဒယ်လီလာရဲ့ ရဲတိုက်ထဲမှာ ဘယ်လူသားမှ အသက် ၄၀ ထက် ပိုမနေနိုင်ဘူး။
ဒီနေ့မှာတော့ ချီမင် ပြောင်းလဲသွားတဲ့ ဇာတ်ကောင်က ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက် မဟုတ်တော့ဘူး။ အဲဒီအစား သူက မကောင်းဆိုးဝါးတွေကို မုန်းတီးပြီး အထူးသဖြင့် သွေးမျိုးနွယ်တွေကို မုန်းတီးတဲ့ အစွမ်းထက် မိစ္ဆာမုဆိုးတစ်ယောက် ဖြစ်တယ်။
သူ ဒီကိုရောက်လာပြီး ညစ်ညမ်းပြီး အပြစ်များတဲ့ ဒယ်လီလာရဲ့ ရဲတိုက်ကို လေ့လာလိုက်တယ်။
အဆုံးမရှိတဲ့ အညှီနံ့တွေနဲ့ ပြည့်နှက်နေတဲ့ ဒီမကောင်းမှုတွေကို သူကိုယ်တိုင် သန့်စင်ရှင်းလင်းဖို့ စီစဉ်ထားတယ်။ ဒီညစ်ညမ်းမှုတွေကို ဒီနေရာမှာ မြှုပ်နှံပြီး လုံးဝဖျက်ဆီးပစ်ချင်တယ်။
ဘုန်း! ဘုန်း! ဘုန်း!!!
အဲ့ဒီလိုနဲ့ တိုက်ပွဲက စတင်ဖြစ်ပွားလာတော့တယ်။
ချီမင်က ဒယ်လီလာရဲ့ ရဲတိုက်ထဲကို တစ်ယောက်တည်း ပြေးဝင်သွားတယ်။ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုနဲ့ ဒယ်လီလာရဲ့ တိုက်ခိုက်မှုတွေကို အေးအေးသာသာရင်ဆိုင်ရင်း ချီမင်ကသွေးစုပ်ဖုတ်ကောင် တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေတယ်။
ရှုး!
ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်တယ်။
“ငါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်း ဖြည့်မယ်။ ပထမအကွက်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ဆက်ကျင့်မယ်။ ဒုတိယအကွက်က သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို ဆက်ကျင့်မယ်။ တတိယအကွက်က ကောင်းကင်ကိုးထပ်ဆေးကျမ်းကို ဆက်ကျင့်မယ်။” ချီမင်က ပြောလိုက်တယ်။
တင်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းအား အဆ ၁၀,၀၀၀ မြှင့်တင်မှုဖြင့် လေ့ကျင့်နေပါသည်…”
…
တင်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားအား အဆ ၁၀,၀၀၀ မြှင့်တင်မှုဖြင့် လေ့ကျင့်နေပါသည်…”
…
တင်း!
“ကောင်းကင်ကိုးထပ်ဆေးကျမ်းအား အဆ ၁၀,၀၀၀ မြှင့်တင်မှုဖြင့် လေ့ကျင့်နေပါသည်…”
…
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ကို ရောက်သွားတယ်။
မနက်ခင်းမှာ ဟော့ချန်ချင်း ပြန်ရောက်လာပြီး သူ့ရဲ့ တိုက်ပွဲကရတဲ့ပစ္စည်းတွေနဲ့ အရင်းအမြစ်တစ်ချို့ကို ရောင်းချပြီး အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၈,၉၀၀ ပြန်လဲလာတယ်။ အကျိုးအမြတ်က ကြီးမားတယ်။
အရေးကြီးဆုံးကတော့ မရောင်းရသေးတဲ့ တိုက်ပွဲကရတဲ့ပစ္စည်းတွေ အများကြီး ကျန်နေသေးတယ်။
နေ့လယ်မှာ ဟော့ချန်ချင်း ထပ်ထွက်သွားပြန်တယ်။
ညနေပိုင်းမှာတော့။
တင်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားအား အဆ ၁၀,၀၀၀ မြှင့်တင်မှုဖြင့် တစ်ရက်ကြာ လေ့ကျင့်ခဲ့ပါတယ်။။ ဓားစွမ်းအား ဆယ့်နှစ်ခုကတစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ဆယ့်နှစ်လွှာ ဓားတာအိုကြာပန်းစိမ်းအဖြစ် ပြောင်းလဲတိုးတက်သွားပါတယ်။ ကိုယ်ပိုင်းဓားဖြစ်တဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အောင်မြင်စွာသွန်းလုပ်နိုင်ခဲ့ပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ကောင်းပြီ။”
ချီမင်ရဲ့ မျက်နှာပေါ်မှာ ကျေနပ်တဲ့အပြုံးတစ်ခု ပေါ်လာတယ်။ သူချက်ချင်းပဲ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက သူ့အလိုလို လည်ပတ်လာပြီး အရေးပါတဲ့ ဓားဆယ့်နှစ်လက် ပျံထွက်လာတာကို ခံစားလိုက်ရတယ်။
ကလန်! ကလန်! ကလန်!!!
ဓားသံတွေ ထွက်ပေါ်လာပြီး မတူညီတဲ့ အရောင်ရှိတဲ့ အလင်းတန်းဆယ့်နှစ်ခုက သူ့ပတ်လည်မှာ ဝန်းရံနေတယ်။ သူတို့က ချီမင်ရဲ့ ခေါင်းအထက်မှာ ပျံသန်းနေပြီးအသက်ဝင်လာတဲ့ရေနဂါးပျံတွေလိုဖြစ်နေတယ်
ဘုန်း! ဘုန်း!
အားကောင်းတဲ့ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာတယ်။
ချက်ချင်းပဲ၊ ဓားတာအိုရဲ့ စွမ်းအားက သက်ဆင်းလာတယ်။
မှော်ဓားဆယ့်နှစ်လက်က တဖြည်းဖြည်း ပေါင်းစပ်သွားတယ်။ အတားအဆီးမရှိဘဲ အခြေအနေတွေ ပြည့်စုံသွားသလိုမျိုး သူတို့က အတူတကွ ပေါင်းစပ်ပြီး ကြာပန်းစိမ်းတစ်ပွင့်အဖြစ် အပြည့်အဝသိပ်သည်းသွားတယ်။
မြင်ကွင်းက တကယ်ကို အသက်ဝင်လာတယ်။
ဒီဓားတာအိုကြာပန်းစိမ်းက ဖြည်းညှင်းစွာနဲ့သက်ဆင်းလာပြီး ချီမင်ရဲ့ ရှေ့မှာ လွင့်မျောနေတယ်။ ချီမင်က သူ့လက်ကို ဆန့်တန်းလိုက်တော့ ဒီကြာပန်းစိမ်းက သူ့လက်ဖဝါးအထက် လေထဲကိုကျရောက်လာတယ်။ ငြိမ်သက်စွာနဲ့ လွင့်မျောနေပြီး အနည်းငယ် လည်ပတ်နေတယ်။
ပွင့်ချပ်ဆယ့်နှစ်လွှာက ပွင့်လန်းနေတယ်။
အဲဒီထဲမှာ အဆုံးမရှိတဲ့ အလှတရားတွေနဲ့ နက်နဲမှုတွေ ပါဝင်နေတယ်။
“ဒါက သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားပဲ..” ချီမင်က ပြောလိုက်တယ်။