← Chapters

အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ခြင်း

Vol. 5 Ch. 69

အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ခြင်း

Vol. 5 Ch. 69

“မင်း…မင်းဘယ်လိုလုပ်လိုက်တာတုန်း… ငါ့ရဲ့ နက်နဲဝိညာဉ်ရတနာမျှော်စင်က အမြူတေဖွဲ့စည်းခြင်းအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုလေ။”

အဲ့ဒီအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက စိတ်မငြိမ်နိုင်တော့ဘူး။ သူ့ရဲ့ဓမ္မရတနာ ပျက်စီးသွားတော့ သူကိုယ်တိုင်လည်း ထိခိုက်သွားတယ်။ သူ့ပါးစပ်ထောင့်ကနေ သွေးတွေစီးကျလာပြီးပြောလိုက်တယ် “ဒါကို ဘယ်လိုလုပ်ပြီး အတင်းအဓမ္မ ဖျက်ဆီးနိုင်ရတာတုန်း”

“သေစမ်း!”

ချီမင်က လက်တစ်ဖက်မြှောက်ပြီး ဂရုမစိုက်တဲ့အကြည့်နဲ့ နောက်တစ်ခါ ဖိချလိုက်တယ်။

ဘန်!

ဓားတာအို ကြာပန်းစိမ်းက အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကနေ ကျဆင်းလာကာ အဲ့ဒီအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဆီကို တိုးဝင်သွားတယ်။ အစိမ်းရောင်အလင်းတန်းတွေ လှုပ်ခတ်သွားပြီး နေရာလပ်ကို ဓားချီနဲ့ ခုတ်ပိုင်းလိုက်တယ်။

“ခုခံစမ်း!”

ဒီအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်။ လှိုင်းထန်‌ နေတဲ့သမုဒ္ဒရာလိုမျိုး ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး သူရဲ့ကိုယ်ပိုင်ဓမ္မရတနာဖြစ်တဲ့ တောင်ပုတီးစေ့တစ်ခုကို ထုတ်ယူလိုက်တယ်။

“တိုက်!”

အဲ့ဒီတောင်ပုတီးစေ့က ကြီးမားတဲ့ စွမ်းအားတွေနဲ့အတူ ကောင်းကင်ကိုတက်သွားပြီးတောင်တန်းကြီးတွေရဲ့ ပုံရိပ်ယောင်အဖြစ်‌ပြောင်းလဲပြီး ဖိချလိုက်တယ်။

ဒါပေမဲ့ ဓားတာအိုကြာပန်းစိမ်းက လည်ပတ်သွားတယ်။ မရေမတွက်နိုင်တဲ့ ဓားချီတွေ လိမ်ယှက်သွားပြီး တောင်တန်းကြီးတွေရဲ့ ပုံရိပ်ယောင်တွေအကုန်လုံး ပျက်စီးသွားတယ်။ တောင်ပုတီးစေ့မှာလည်း အက်ကွဲကြောင်းတွေ ပေါ်လာတယ်။

“မဖြစ်နိုင်ဘူး! ဒါ လုံးဝမဖြစ်နိုင်ဘူး!” အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကထိတ်လန့်တကြား အော်လိုက်တယ်။

ဖူး!!!

သူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာကထိခိုက်သွားတယ်။ သူက သွေးတွေအန်ထုတ်လိုက်ပြီး မျက်နှာက ဖြူဖျော့သွားတယ်။ သူက ဆက်တိုက် နောက်ဆုတ်သွားတယ်။ သူ့ကိုယ်ပေါ်က အရှိန်အဝါက မတည်ငြိမ်တော့ဘူး၊ သူ့ဝိညာဉ်စွမ်းအင်ကလည်းကြီးကြီးမားမား လှုပ်ခတ်လာတယ်။သူက ကောင်းကင်ကနေ ပြုတ်ကျတော့မလိုတောင် ဖြစ်သွားတယ်။

ဘုန်း!!!

ပေါက်ကွဲသံတစ်ခု ထွက်လာတယ်။

ဓားတာအို ကြာပန်းစိမ်းနဲ့ တောင်ပုတီးစေ့တို့ တိုက်မိသွားကြတယ်။ အက်ကွဲနေပြီဖြစ်တဲ့ တောင်ပုတီးစေ့က အဲ့ဒီစွမ်းအားကို မခံနိုင်တော့ဘဲ တိုက်ရိုက်ပေါက်ကွဲသွားပြီး လုံးဝပျက်စီးသွားတယ်။

“အား!!!” အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက အော်လိုက်တယ်။

ဖူး!!!

ဓားတာအို ကြာပန်းစိမ်းက ကျဆင်းလာတယ်။ မရေမတွက်နိုင်တဲ့ အစိမ်းရောင်ဓားအလင်းတန်းတွေထဲမှာ ဒီအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက သွေးတွေနဲ့ ပြည့်နေတဲ့ အပိုင်းအစတွေဖြစ်သွားပြီး‌‌ ကောင်းကင်ကိုတောင်သွေး တွေဖုန်းလွှမ်းသွားတယ်။သူ့ရဲ့သိုလှောင်အိတ်ပဲ ကျန်တော့တယ်။

“သူ…သူ…”

“ချီမင်က အသေးလေးဝူကို သတ်လိုက်ပြီ! ဒါ…ဒါ…”

တခြားအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က ထိတ်လန့်တုန်လှုပ်နေတဲ့ အမူအရာတွေ ပြလာကြတယ်။

ချီမင်က အခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်ပဲရှိပြီး အသေးလေးဝူက အမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ဖြစ်တာကို သိထားရမယ်။ သူတို့နှစ်ယောက်ကြားက ကျင့်ကြံမှုအဆင့် ကွာခြားချက်က အကြီးကြီးပဲ၊ ဒါပေမဲ့ ချီမင်က သူရဲ့အခြေခံတည်‌ ဆောက်ခြင်းအဆင့် ကျင့်ကြံမှုနဲ့ အမြူတေဖွဲ့စည်းခြင်းအဆင့် အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်လိုက်တယ်!

ပြီးတော့ တိုက်ပွဲအစကနေအဆုံးထိ သူက အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူကို လုံးဝဖိနှိပ်ထားနိုင်တယ်။

ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။

“ပြေး!”

“ဒီချီမင်က အရမ်းကြောက်စရာကောင်းတယ်။ သူ့ရဲ့ခွန်အားက အရမ်းပြင်းထန်တယ်။ ငါတို့ သူ့ရဲ့ခွန်အားကို လျှော့တွက်မိသွားပြီ။ ပြေး၊ ငါတို့ဆက်ပြီး မတိုက်နိုင်တော့ဘူး။”

တခြားအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က တိုက်ရိုက်လှည့်ထွက်ပြီး ထွက်ပြေးသွားကြတယ်။

ဒါပေမဲ့ ချီမင်က သူတို့ကို ထွက်ပြေးခွင့်မပေးနိုင်ဘူး။

“ကြာပန်းစိမ်းတာအို။”

ဘန်း!

ချီမင်က ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားပြီး ကောင်းကင်ကို ပျံတက်ကာ သူတို့ရဲ့ထွက်ပြေးမယ့်လမ်းကြောင်းကို ပိတ်ဆို့လိုက်တယ်။ သူရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ အစွမ်းထက်တဲ့ နတ်ဘုရားအ‌ဆင့်သိုင်းနည်းစနစ်တစ်ခု ထွက်ပေါ်လာပြီး အမြူတေဖွဲ့စည်းခြင်းအ‌‌ဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ရိုက်ဖိနှိပ်လိုက်တယ်။

“သေစမ်း!”

နောက်တော့ ချီမင်က သူရဲ့ညာဘက်လက်ကို နောက်တစ်ခါ ဝှေ့ယမ်းလိုက်တော့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက နောက်တစ်ခါ ဖိချလိုက်တယ်။ မရေမတွက်နိုင်တဲ့ ဓားချီအမျှင်တန်းတွေက ပတ်ဝန်းကျင်မှာ အပြင်းအထန်လှုပ်ရှားနေပြီး ပြိုင်ဘက်ကင်း ဖြစ်နေတယ်။

ဘုန်း! ဘုန်း!

ဘန်း ဘန်း ဘန်း!

ပေါက်ကွဲသံတွေ တစ်ခုပြီးတစ်ခု ထွက်လာတယ်။

“အား!!”

ဖူး!!!

ဒီအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက ချီမင်ရဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားနဲ့ အတင်းအဓမ္မသတ်ဖြတ်ခံလိုက်ရတယ်။ သူက သူရဲ့နည်းလမ်းအကုန်သုံးရင်တောင် ခုခံနိုင်စွမ်း လုံးဝမရှိဘူး။

သူက အလောင်း‌ တောင်ကောင်းကောင်းမကျန်ဘဲ အဆုံးသတ်သွားတယ်။

နောက်ဆုံးအမြူတေဖွဲ့စည်းခြင်းအ‌ဆင့်ကျင့်ကြံသူကတော့ ဟော့ချန်ချင်းနဲ့ သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်တို့ရဲ့ ထောင်ချောက်မှာ ပိတ်မိနေတယ်။ သူက ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘူး။ ပြီးတော့ ချီမင်က သူရဲ့အဖော်နှစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်လိုက်တာကို မြင်ပြီးတဲ့နောက် သူကနက်ရှိုင်းတဲ့စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရတယ်။

ချီမင်ရဲ့ ခွန်အားက အရမ်းအား ကောင်းလို့ အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေတောင် ချီမင်ရဲ့ စွမ်းအားကို မခံနိုင်ဘဲ တိုက်ရိုက်ချေမှုန်းသတ်ဖြတ်ခံလိုက်ရတယ်လို့ တွေးလိုက်တယ်။

အရမ်းအစွမ်းထက်တယ်။

ဒါက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ အစွမ်းကိုလည်း သက်သေပြနေတယ်။ အားအကောင်းဆုံး ကောင်းကင်ဘုံတာအိုအ‌ခြေခံတည်‌ ဆောက်ခြင်းအဆင့်လို့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားရဲ့ စွမ်းအားနဲ့ ပေါင်းစပ်လိုက်တော့ နယ်ပယ်အမြင့်က ရန်သူတွေကို သတ်နိုင်စွမ်းရှိတယ်။

“မင်းရဲ့ အထောက်အထား၊ မင်းရဲ့ဇာစ်မြစ်နဲ့ မင်းဘယ်သူ့အမိန့်အောက်မှာ လုပ်နေလဲဆိုတာ ပြောစမ်း။”

ချီမင်က သူ့ကို စိုက်ကြည့်ရင်း တိုက်ရိုက်မေးလိုက်တယ်၊ “မင်းသိသမျှအကုန်ပြော။ ငါ မင်းကို အသက်ရှင်ခွင့်ပေးနိုင်တယ်။ မဟုတ်ရင် မင်းသေရုံပဲရှိမယ်။”

“မင်း သိနိုင်ပါတယ်။”

“ကျွန်တော်မင်းကို ပြောပြမယ်။”

နောက်ဆုံးတော့ အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက အမြန်ခေါင်းညိတ်လိုက်ပြီး “ကျွန်တော့်နာမည်အရင်းက တင်းရီဟွေးပါ။ ကျွန်တော်က အမွေခံတပည့် ချူလီချန်းရဲ့ အမိန့်နဲ့လာခဲ့တာပါ အဓိကအကြောင်းရင်းကတော့ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ သခင်လေးရဲ့ လက်အောက်ငယ်သားက တိမ်စိမ်းဈေးမှာ အရင်းအမြစ်တွေ အများကြီးကို အကြိမ်ကြိမ် ရောင်းချခဲ့လို့ပါ။ ဒါကြောင့် ကျွန်တော့်သခင်က သခင်လေးရဲ့ လက်အောက်ငယ်သားကို သတ်ဖို့ ကျွန်တော်တို့ကို လွှတ်လိုက်တာ။ သူ့ရဲ့ရည်ရွယ်ချက်က ဒီအရင်းအမြစ်တွေကို ရယူဖို့ ဖြစ်နိုင်တယ်။”

“ချူလီချန်း?” ချီမင်က မျက်မှောင်ကြုတ်လိုက်ပြီး “ငါ သူ့နာမည် တစ်ခါမှ မကြားဖူးဘူး။”

တင်းရီဟွေးက ခဏလေး မှင်တက်သွားပြီးမှ “ကျွန်တော့်သခင်ရဲ့ ဆရာက နတ်မိမယ် ဖန်ရှီးပါ” လို့ပြောတယ်။

ချီမင်က နောက်ဆုံးတော့ သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်တယ်၊ “ဒါဆို အဲ့ဒီအကြီးအကဲရဲ့ အမွေခံတပည့်ပေါ့။ ငါက အမွေခံတပည့်အသစ်ဖြစ်ပြီး ကျင့်ကြံမှု မလုံလောက်သေးလို့ ငါ့ကို အနိုင်ကျင့်ချင်နေတာလား။”

တင်းရီဟွေးက ခေါင်းငုံ့ထားလိုက်တယ်။

သူက ဘာမှမပြောရဲဘူး။

အခု သူက ချီမင်က သူပြောသမျှအကုန်ပြောပြီးနောက် သူ့ကတိအတိုင်း သူ့ကိုအသက်ရှင်ခွင့်ပေးမယ်လို့ပဲ မျှော်လင့်နေတယ်။

“မင်းရဲ့ ချူလီချန်းအပေါ် သစ္စာစောင့်သိမှုက အရမ်းနည်းပုံပဲ။”

ချီမင်က “ငါ သိပ်မမေးရသေးဘူး၊ မင်းအကုန်ပြောပြတယ်။”

“အမွေခံတပည့် ချီ။” တင်းရီဟွေးက ခါးသက်စွာ ပြုံးလိုက်ပြီး “ကျွန်တော်တို့အရင်က တစ်ကိုယ်‌တော်ကျင့်ကြံသူတွေပါ၊ ချူလီချန်းက ဖိတ်ခေါ်လို့ ရောက်လာတာ။ ပြီးတော့ ချူးလီချန်းကတိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်ဖြစ်ပြီး ကျင့်ကြံမှုအဆင့်ကလည်း အရမ်းမြင့်တော့ ချူလီချန်းရဲ့နောက်လိုက်ရတာ ကျွန်တော်တို့အတွက် အကျိုးရှိတယ်။”

“ဒါက အပြန်အလှန်အကျိုးရှိတဲ့ ဆက်ဆံရေးတစ်ခုပါပဲ။ သစ္စာစောင့်သိမှုအကြောင်း ဘယ်လိုပြောနိုင်မှာလဲ။”

“အခု ကျွန်တော်တို့ရဲ့ တာဝန်မအောင်မြင်ဘဲ သခင်လေးလက်ထဲ ရောက်နေပြီဆိုတော့ ကျွန်တော်တို့အသက်ကို ကာကွယ်နိုင်သရွေ့ ဘာမပြောနိုင်စရာရှိလို့လဲ။”

“ဒါလည်း ဟုတ်တာပဲ။”

ချီမင်က ခေါင်းညိတ်လိုက်တယ်။

“အမွေခံတပည့် ချီ၊ ကျွန်တော့်ကို ချမ်းသာပေးပါ။”

တင်းရီဟွေးက ဦးညွှတ်လိုက်ပြီး သူ့မှာရှိသမျှ ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ်တွေအကုန်ထုတ်ပြီး သူ့အသက်ကို လဲလိုက်တယ်၊ “ဒါက သခင်လေးကို ကျွန်တော်တောင်းပန်တဲ့အနေနဲ့ပါ။ သခင်လေးသာ ကျွန်တော့်အသက်ကို ချမ်းသာပေးမယ်ဆိုရင် ကျွန်တော်ကျေးဇူးတင်နေမှာပါ။”

ကလင်!!!

ရုတ်တရက် ဟော့ချန်ချင်းက ဒီအချိန်မှာ တိုက်ခိုက်လိုက်တယ်။ တင်းရီဟွေးရဲ့ သတိလျော့နေတာကို အခွင့်ကောင်းယူပြီးသူက ဓားနဲ့ ခုတ်ပိုင်းလိုက်တော့ ဓားအလင်းတန်းက တင်းရီဟွေးရဲ့ ဦးခေါင်းကို ဖြတ်တောက်သွားတယ်။

ဖူး!!!

သူ့ရဲ့ပြတ်သွားတဲ့ လည်ပင်းကနေ သွေးတွေ ပန်းထွက်လာတယ်။

တင်းရီဟွေးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူက မကျေနပ်မှုတွေနဲ့အတူ သေဆုံးသွားတယ်။

“မင်းပြောပြရင် ငါမင်းကို ချမ်းသာပေးမယ်။”

ချီမင်က ပခုံးတွန့်လိုက်ပြီး အလွယ်တကူ ဆင်ခြေတစ်ခု ရှာလိုက်တယ်၊ “ဒါပေမဲ့ ငါ့လက်အောက်ငယ်သားက ဘာမှကတိမပေးထားဘူး။”

တင်းရီဟွေးက သေသွားပြီဆိုတော့ ချီမင်ရဲ့ အရမ်းကိုမှန်ကန်တဲ့ရှင်းပြချက်ကို သူကြားနိုင်မှာ မဟုတ်တော့ဘူး။

“တိုက်ပွဲမြေပြင်ကို ရှင်းလင်းလိုက်။” ချီမင်က ညွှန်ကြားလိုက်တယ်။

“ဟုတ်ကဲ့။” ဟော့ချန်ချင်းက ခေါင်းညိတ်လိုက်တယ်။

ဘန်း!

သွေးမိစ္ဆာနတ်‌ဆိုးသရဲဘုရင်က အလောင်းသုံးလောင်းရဲ့ အကြွင်းအကျန်တွေကို စုပ်ယူလိုက်တယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့် နည်းနည်းတိုးတက်လာပေမဲ့ အမြူတေဖွဲ့စည်းခြင်းအလယ်ပိုင်းအဆင့်ကိုရောက်ဖို့ နည်းနည်းလိုသေးတယ်။ အဲ့လို ချိုးဖောက်ကျော်ဖြတ်ဖို့က လွယ်တာမဟုတ်ဘူး။

“ချူလီချန်း။”

ချီမင်က တွေးနေတယ်၊ သူ့အကြည့်က နည်းနည်းအေးစက်နေတယ်၊ “နတ်မိမယ်ဖန်ရှီးရဲ့ အမွေခံတပည့်၊ သူက မဟာအကြီးအကဲရဲ့ မွေးစားသမီးဆိုတော့ ဟင်းဟင်း၊ ဒါက တကယ်ကို မရိုးရှင်းဘူးပဲ။”

“မင်း ငါ့လက်ထဲ မရောက်လာဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။”

ဘယ်လိုပဲဖြစ်ဖြစ် ချီမင်က ချူလီချန်းနဲ့ ရန်သူဖြစ်သွားပြီလို့ ယူဆလို့ရတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အမွေခံတပည့်တွေ အချင်းချင်း သေတဲ့အထိ တိုက်ခိုက်တာကို တားမြစ်ထားပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ နယ်မြေက ကမ္ဘာငယ်လေးတစ်ခုလို အရမ်းကျယ်ပြန့်တယ်။ ပြီးတော့ ကောင်းကင်ဂူတွေနဲ့ ကောင်းချီးခံ မြေတွေကို ဖွင့်ထားတဲ့ ကျွမ်းကျင်သူတွေလည်း ရှိနေတယ်။ တကယ်လို့များ တစ်ခုခုဖြစ်ခဲ့ရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းအတွက် စုံစမ်းစစ်ဆေးဖို့ သိပ်ခက်လိမ့်မယ်။

တိမ်ပြိုဂူစံအိမ်ကို ပြန်ရောက်တော့။

“‌ ဟော့ချန်ချင်း၊ ဒီတစ်ခေါက် ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရခဲ့လဲ။” ချီမင်က မေးလိုက်တယ်။

“သခင်၊ ပစ္စည်းအကုန် ရောင်းပြီးပါပြီ။ ကျွန်တော်စုစုပေါင်း အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ၃၉၇,၀၀၀ ရခဲ့ပါတယ်။”

ဟော့ချန်ချင်းက ဝိညာဉ်ကျောက်တုံးတွေ ထည့်ထားတဲ့ သိုလှောင်အိတ်ကို ထုတ်ယူပြီး ချီမင်လက်ထဲကို ပေးလိုက်တယ်၊ “သခင်၊ ဒီမှာပါ။”

ချီမင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ သူက သူရဲ့ဝိညာဉ်စွမ်းအင်ကို သိုလှောင်အိတ်ထဲကို ထည့်ကြည့်ပြီး ဝိညာဉ်ကျောက်တုံးအရေအတွက်ကို အတည်ပြုလိုက်တယ်၊ “စုစုပေါင်းဆိုရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲမှာ အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်တောင် ရခဲ့တာပဲ။”

မြင်ကွင်းပြောင်းသွားတယ်။

ကီလိုမီတာ ဒါဇင်ပေါင်းများစွာအကွာမှာ တောင်ထွတ်တစ်ခုရှိတယ်။

အဲ့ဒါကို ဖီးနစ် နွေဦးတောင်ထွတ်လို့ ခေါ်တယ်။

တောင်ထိပ်မှာ ဖီးနစ် နွေဦးဂူစံအိမ်လို့ခေါ်တဲ့ ခမ်းနားထည်ဝါတဲ့ ဂူစံအိမ်တစ်ခုရှိတယ်။ ဂူစံအိမ်ပတ်လည်မှာ အဆောက်အဦးတွေနဲ့ အဆောက်အအုံတွေရှိပြီး ကျင့်ကြံသူတွေ နေထိုင်ကြတယ်။

ဖီးနစ် နွေဦးတောင်ထွတ်က အမွေခံတပည့် ချူလီချန်းရဲ့ သီးသန့်ဂူစံအိမ်ဖြစ်တယ်။

ပြီးတော့ ချူလီချန်းက အမွေခံတပည့် ဖြစ်နေတာ အချိန်ကြာနေပြီ။ သူက နတ်မိမယ် ဖန်ရှီး တိမ်စိမ်းတောင်ထွတ်ကို ရောက်လာပြီး အမွေခံအကြီးအကဲ ဖြစ်လာပြီးနောက် ပထမဆုံးလက်ခံခဲ့တဲ့ အမွေခံတပည့်ဖြစ်တယ်။

အခု အနှစ် ၉၀ ကြာပြီးတဲ့နောက် ချူလီချန်းရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်အဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီ။ သူကျင့်ကြံတဲ့ ရတနာတွေနဲ့ သိုင်းနည်းစနစ်ကလည်း အရမ်းအစွမ်းထက်တယ်။ သူက ချိုးဖြတ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။

ချူလီချန်းရဲ့ ကျင့်ကြံမှုနဲ့ ခွန်အားအရ တိမ်းစိမ်းတောင်ထွတ်ရဲ့ အတွင်းစည်းအကြီးအကဲတွေတောင် သူ့ပြိုင်ဘက်မဟုတ်ဘူးလို့ ဆိုနိုင်တယ်။

ဂူစံအိမ်ထဲက ကျင့်ကြံခန်းထဲမှာ။

“အင်း။” ချိုးလီချွန်းက ညင်သာစွာ ရေရွတ်လိုက်တယ်။ သူရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ စက္ကူရုပ်ပုံသုံးခု ထွက်ပေါ်လာတယ်။ အဲ့ဒါတွေက သူ့လက်ဖဝါးထဲမှာ ကိုယ်တိုင်လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားတယ်၊ “တင်းရီဟွေးနဲ့ တခြားသူတွေ သေသွားပြီ။”

“မကြာသေးခင်က ဆရာက ငါ့ကို အကြီးအကဲ ဖုန်းရဲ့ အမွေခံတပည့် ချီမင်ကို ပိုပြီးဂရုစိုက်ဖို့ မှာထားတယ်။ ဒါကြောင့် ချီမင်က လက်အောက်ငယ်သားတွေကို တိမ်စိမ်းဈေးမှာ အရင်းအမြစ်အမျိုးမျိုးကို အကြိမ်ကြိမ် ရောင်းချခိုင်းနေတာကို သိပြီးတော့ တင်းရီဟွေးနဲ့ တခြားသူတွေကို ချီမင်ရဲ့လက်အောက်ငယ်သားတွေကို တားဆီးဖို့ လွှတ်လိုက်တာက သူ့ကိုစမ်းသပ်ဖို့ အဓိကပဲ။”

“ဘယ်လောက်ကြာ သေးလို့လဲ။”

“တင်းရီဟွေးနဲ့ တခြားနှစ်ယောက် သေသွားပြီ။”

“သတင်းအချက်အလက်တွေအရ ချီမင်က အခြေခံတည် ဆောက်ခြင်းအဆင့်မှာပဲ ရှိသင့်ပြီး သူ့လက်အောက်ငယ်သားတွေက အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအ‌ဆင့်မှာပဲ ရှိသင့်တယ်။ တင်းရီဟွေးနဲ့ တခြားနှစ်ယောက်စလုံးက အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာရှိပေမဲ့ သူတို့သေသွားတယ်။”

“ဒီချီမင်က တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်။”

ချူလီချန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်၊ “သူက တကယ်ကို မရိုးရှင်းဘူး။ အမွေခံတပည့်ပြိုင်ပွဲက စတော့မယ်။ ငါ့ရဲ့ အဆုံးမဲ့သိုင်းပညာက ပြီးပြည့်ခြင်းအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ တခြားကိစ္စတွေနဲ့ အာရုံပျံ့လွင့်လို့ မဖြစ်ဘူး၊ ဆရာ့ရဲ့ညွှန်ကြားချက် ဖြစ်နေရင်တောင်မှပဲ။”

“ဆယ်နှစ်အတွင်း ကျင်းပမယ့် အမွေခံတပည့်ပြိုင်ပွဲမှာ ငါ တောက်ပရမယ်။ ဒီလိုမှသာ ငါနောက်တစ်လှမ်းတက်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်လာနိုင်မယ်။ အနာဂတ်မှာ အင်မော်တယ်တာအိုကို မြင်နိုင်မယ့် အလားအလာ ရှိလာလိမ့်မယ်။”

“မဟုတ်ရင် ငါ အခြေတည်ဝိညာဉ်အဆင့်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ချိုးဖြတ်ပြီးလောက်ပြီ။ ဘာလို့အ‌ ခြေတည်ဝိညာဉ်အဆင့်မှာ ဆက်နေဖို့ လိုဦးမှာလဲ။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အမွေခံတပည့်ပြိုင်ပွဲကို နှစ်တစ်ရာတစ်ခါ ကျင်းပတယ်။

ဂိုဏ်းဝင်အသစ်ဖြစ်ဖြစ်၊ ဂိုဏ်းဝင်သက် နှစ်တစ်ရာနီးပါး ရှိနေဖြစ်ဖြစ် အမွေခံတပည့်အားလုံး ဒီအမွေခံတပည့်ပြိုင်ပွဲမှာ ပါဝင်ရတယ်။ အဲ့ဒီအချိန်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေက ထူးချွန်တဲ့စွမ်းဆောင်ရည်ပြတဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေကို ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေအဖြစ် ရွေးချယ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ကျင့်ကြံဖို့ စေလွှတ်မှာဖြစ်တယ်။

“ချီမင်ရဲ့ကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ဦးစို့။”

ချူလီချန်းက ခဏစဉ်းစားပြီး နတ်မိမယ် ဖန်ရှီးကို ဒီအကြောင်း မပြောပြဘဲ သီးခြားကျင့်ကြံမှုကို ဆက်လုပ်ပြီး အပြင်လောကကိစ္စတွေကို လျစ်လျူရှုထားလိုက်မယ်။

ဒီအချိန်မှာ တိမ်ပြိုတောင်ထွတ်မှာ ချီမင်က တစ်ရက်တာ ကျင့်ကြံခြင်းပြီးသွားပြီ။ သူ့ရဲ့ကျင့်ကြံမှုအဆင့် နောက်တစ်ခါ တိုးမြင့်လာတယ်။ ပြီးတော့ သူ့ရဲ့ဆေးဆရာအဆင့်ကလည်း အဆင့်တော်တော်များများ တိုးလာတယ်။

အလားတူပဲ သူက ဒယ်လီလာသွေးမျိုးနွယ်ရဲတိုက်မှာ ကမ္ဘာဖျက်ဆီးဓားကို သန့်စင်ဖို့ နောက်ထပ်ပစ္စည်းတစ်ခု ရလိုက်တယ်။

သူက သတင်းကောင်းသုံးခုကို တစ်ပြိုင်နက်တည်း ရလိုက်တယ်။

All Chapters