အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်နဲ့ရှူတောင်နတ်ဆိုးဖိနှိပ်ခြင်းစေတီ
Vol. 5 Ch. 70
တင်း!
"သင်ဂိမ်းမြေအောက်စခန်း ဒယ်လီယာသွေးမျိုးနွယ်ရဲတိုက်ကိုတစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် မူလရေစင် တစ်စက်နဲ့အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀ရရှိပါတယ်။"
"ငါ ကမ္ဘာဖျက်ဆီးဓားအပိုင်းအစလေးခုကိုစုပြီးပြီ။ငါအခုနောက်ထပ်လုံးဝအပြည့်အစုံရအောင်ပေါင်းစပ်ဖို့ အပိုင်းအစငါးခုပဲလိုတော့တယ်။"ချီမင်ပြောလိုက်တယ်။
တင်း!
"သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကိုအဆ၁၀၀၀၀မြှင့်တင်မှုနဲ့တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။သင့်ရဲ့ဝိညာဉ်စွမ်းအင်ကကြီးမားစွာတိုးတက်လာပြီးသင်ကောင်းကင်နဲ့မြေပြင်ကိုနားလည်ခဲ့ပါတယ်။သင့်ရဲ့ကျင့်ကြံခြင်းအဆင့်ကအခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကိုချိုးဖြတ်တက်ရောက်သွားပါပြီ။"
ဘုန်း! ဘုန်း!
ချီမင်သူ့ကိုယ်ထဲမှာဝိညာဉ်စွမ်းအင်တွေလှုပ်ခါလာတာကိုခံစားလိုက်ရတယ်။သူကိုယ်ကထိတ်လန့်ဖွယ် ကောင်းတဲ့တွင်းနက်ကြီးသဖွယ်ဖြစ်လာတယ်။အဲ့တာကသူ့ပတ်ဝန်းကျင်မှာရှိတဲ့ဝိညာဉ်စွမ်းအင်တွေကိုစုပ်ယူပြီးသူ့ကိုယ်ထဲကိုလောင်းချလိုက်တယ်။
အရာရာတိုင်းကဘာမှတည်တည်ငြိမ်မဖြစ်ဘဲလှုပ်ခါနေတယ်။တစ်ယောက်ယောက်ကသာတိမ်ပြိုတောင်ထွတ်ပေါ်မှာပုံမှန်မဟုတ်တဲ့ဝိညာဉ်ချီတွေအကြောင်းသာတွေ့သွားရင်သူတို့တွေနည်းနည်းလောက်ပဲဆွေးနွေးပြီးဒီကိစ္စတွေကဘာမှမဖြစ်ခဲ့သလိုဘဲအနည်ထိုင်သွားလိမ့်မယ်။
နောက်ဆုံးမှာတော့ ချီမင်ကအမွေခံတပည့်တစ်ယောက်ဖြစ်တယ်။သူကျင့်ကြံတဲ့အခါမှာဝိညာဉ်ချီတွေကိုလှုံဆော်တဲ့ဖြစ်စဉ်ကိုဖြစ်စေတာကသူ့အတွက်တော့သာမန်ပဲဖြစ်တယ်။အများဆုံးအနေနဲ့ဒီလိုဖြစ်စဉ်အကြိမ်ရေက နည်းနည်းလေးပိုများသွားရုံပဲရှိတယ်။
သိပ်မကြာခင်မှာပဲချီမင်ကအခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကိုချိုးဖြတ်သွားတယ်။သူရဲ့ဒန်တျန်းထဲမှာရှိတဲ့သောင်းပြောင်းကြာပန်းစိမ်းတာအိုအခြေခံက လုံးဝကိုသိပ်သည်းသွားတယ်။ဝိညာဉ်စွမ်းအင်တွေက မြစ်တစ်စင်းလိုကနေ ပင်လယ်ကြီးတစ်စင်းလိုသန်မာသွားတယ်။
သူရဲ့ကျင့်ကြံခြင်းကတည်ငြိမ်သွားတယ်။
အားပြင်းတဲ့အရှိန်အဝါကဖြေးဖြေးလေးပျောက်ကွယ်သွားတယ်။
လူတိုင်းကစိတ်လျှော့လိုက်ကြတယ်။
"ငါချိုးဖြတ်သွားပြီ။"
ပျော်ရွှင်နေတဲ့အပြုံးတစ်ခုကချီမင်ရဲ့မျက်နှာပေါ်မှာပေါ်လာတယ်။"အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကိုချိုးဖြတ်သွားပြီ။အခုအခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ကန်သတ်ချက်ထိရောက်သွားပြီ။ထပ်ပြီးတိုးတက်ချင်ရင် ငါအမြူတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ဖို့လိုတယ်။"
"ငါသာအမြူတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ချင်ရင်ငါအဆင့်ကိုးရွှေအမြူတေကိုသဘာဝအတိုင်းသိပ်သည်းရမယ်။"
"ဒါပေမယ့်"
"သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက ကောင်းကင်ဘုံတာအိုအခြေခံကိုရစေဖို့အခြေခံတည်ဆောက်ခြင်းကျင့်ကြံခြင်းနည်းစနစ်ဖြစ်တယ်။ငါအမြူတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ချင်ရင်အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံနည်းလိုတယ်။ငါ့မှာအခုမရှ်ိဘူး။"
"ပုံမှန်အခြေအနေအောက်မှဆို ငါ့ဆရာကိုပြောပြီး သက်ဆိုင်ရာအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းကိုကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကနေတစ်ဆင့်ယူလိုရတယ်။ဒါပေမယ့်အရမ်းသိသာလွန်းတယ်။ငါလုပ်လို့မရဘူး။"
အကြောင်းပြချက်ကအရမ်းရိုးရှင်းတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစဝေးပွဲကနေချီမင်ပြန်လာတည်းက သုံးရက်ရှိပြီ။သူအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကနေအခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကိုချိုးဖြတ်ပြီးပြီ။
ဒီလိုတိုးတက်နှုန်းနဲ့ဆို သူကအင်မော်တယ်ပြန်ဝင်စားတာတယ်ဆိုပြီးလိုတောင်ပြောပြီးရှင်းပြလို့မရဘူး။
ချီမင် သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို ဖော်ထုတ်လို့မရဘူး။အနည်းဆုံးတော့ သူအခုဖော်ထုတ်လို့မရသေးဘူး။ဥပမာအနေနဲ့သူအခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကိုတစ်နှစ် နှစ်နှစ်အတွင်းရောက်တယ်ဆိုရင် သူတို့ကအခြေခံအားဖြင့်လက်ခံလို့ရသေးတယ်။
တင်း!
"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကိုချိုးဖြတ်သွားတာတွေ့ရှိရပါတယ်။အခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ ဒယ်လီယာသွေးမျိုးနွယ်ရဲတိုက်မှ ဆုလာဘ်များကြီးမားစွာလျော့ကျသွားပါပြီ။ဂိမ်းမြေအောက်စခန်းအသစ်ကိုအသက်သွင်းနိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာတယ်။
"အသက်သွင်း"ချီမင်ပြောလိုက်တယ်။
တင်း!
"အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀နဲ့ဂိမ်းမြေအောာက်စခန်းကိုအောင်မြင်စွာအသက်သွင်းပြီးပါပြီ။သင်အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ရှုတောင်နတ်ဆိုးဖိနှိပ်စေတီကိုဝင်ရောက်နိုင်ပါပြီ။"
"ရှုတောင်နတ်ဆိုးဖိနှိပ်စေတီ"
ချီမင်မပြောခင်ခဏလောက်စဉ်းစားလိုက်တယ်"ငါတို့ရှုတောင်ဓားဂိုဏ်းရဲ့အရင်ကအဖြစ်အပျက်ကိုပြန်သွားမလိုလား။အဆုံးသတ်မှာ ရှုတောင်ဂိုဏ်းချုပ်ကပေါ်လာပြီးငါကိုသူရဲ့ကယ်တင်ရှင်လို့တောင်ခေါ်သွားသေးတယ်။"
"ဝင်"
ဘူးဇ်!
ချက်ချင်းဆိုသလိုပဲ
သက်ဆိုင်ရာဂိမ်းမြင်ကွင်းကချီမင်ရှေ့မှာပေါ်လာတယ်။အင်မော်တယ်မြူခိုးတွေကရှုတောင်ဓားဂိုဏ်းကိုဝန်းရံထားတာကကမ္ဘာပေါ်ကနတ်ဘုံနတ်နန်းတစ်ခုလိုဖြစ်နေတယ်။ချီမင်အရင်ဂိမ်းမြေအောက်စခန်းတွေမှာ ရှုတောင်ဓားဂိုဏ်းရဲ့စစ်ဆေးမှုတွေကိုကျော်ဖြတ်ခဲ့ပြီးပြီ။
ချီမင်ရှုတောင်ဂိုဏ်းချုပ်နဲ့တွေ့လိုက်ရတယ်။
“လူငယ်လေး!”
ရှုတောင်ဂိုဏ်းချုပ်မှာကြင်နာတဲ့မျက်နှာရှိတယ်။သူကအစိမ်းရောင်ဝတ်စုံကိုဝတ်ထားပြီး နှင်းဖြူရောင်မြင်းမြီးပုံစံမုတ်ဆိတ်မွှေးအရှည်ကြီးရှိတယ်။သူ့မှာဆံပင်ဖြူကြီးတွေနဲ့အားအင်ပြည့်ဝတဲ့မျက်နှာမျိုးရှိတယ်။သူ့ရဲ့အကြည့်ကချီမင်ပေါ်ကျရောက်နေတယ်။"မင်းကငါတို့ရှုတောင်ဓားဂိုဏ်းရှာနေခဲ့တဲ့ကယ်တင်သူပဲ။"
"ရှုတောင်ဂိုဏ်းချုပ်ကိုနှုတ်ဆက်ပါတယ်။"ချီမင်သူ့လက်ကိုစုပြီးအရိုအသေပြုလိုက်တယ်။
"ရှုတောင်ဓားဂိုဏ်းကိုစတင်တည်ထောင်လာတည်းကနတ်ဆိုးနဲ့မိစ္ဆာတွေကိုဖိနှိပ်တဲ့လမ်းစဉ်ကိုလုပ်ဆောင်လာတာ။ဒီနှစ်တွေတစ်လျှောက်မှာ နတ်ဆိုးတွေအများကြီးကိုဖိနှိပ်လာတယ်။"
ရှုတောင်ဂိုဏ်းချုပ်ကဆက်ပြောလာတယ်"ဒါပေမယ့်ခွက်ကပြည့်လာပြီးလျှံကျလာတယ်။နှစ်တွေတစ်လျှောက်နတ်ဆိုးဖိနှိပ်ခြင်းစေတီက နတ်ဆိုတွေမိစ္ဆာတွေကိုဖိနှိပ်လာရတယ်။အဲ့တာကပြည့်နေပြီ။"
"ဒီလိုသာဆက်ဖြစ်နေရင် နတ်ဆိုးဖိနှိပ်စေတီကအနာအဆာတွေသေချာပေါက်ပြလာလိမ့်မယ်။အဲ့တာကဖိအားကိုမခံနိုင်တော့ဘူး။အဲ့ဒီအချိန်ကျရင် ဖိနှိပ်ခံထားရတဲ့မရေမတွက်နိုင်တဲ့နတ်ဆိုးနဲ့မိစ္ဆာတွေကနတ်ဆိုးဖိနှိပ်စေတီထဲကနေထွက်လာပြီးရှူတောင်ဓားဂိုဏ်းကိုရောက်လာလိမ့်မယ်။သူတို့တွေကလူသားကမ္ဘာထဲကိုဝင်ရောက်လာပြီးကြီးမားတဲ့ဘေးဒုက္ခတွေကိုသယ်ဆောင်လာလိမ့်မယ်။ဒါက မရေမတွက်နိုင်လောက်တဲ့လူသားတွေကိုဒုက္ခပေးလိမ့်မယ်။"
“လူငယ်လေး!”
ရှုတောင်ဂိုဏ်းချုပ်ကချီမင်ကိုတည့်တည့်ကြည့်လိုက်တယ်။"ငါတို့ရှုတောင်ဓားဂိုဏ်းကစည်းမျဉ်းတွေနဲ့ကန့်သတ်ခံထားရလို့တပည့်တစ်ယောက်မှနတ်ဆိုးဖိနှိပ်စေတီထဲကိုပို့လို့မရဘူး။အဲ့တာကြောင့်မင်းနတ်ဆိုးဖိနှိပ်စေတီထဲကနတ်ဆိုးနဲ့မိစ္ဆာတွေကိုဝင်ပြီးရှင်းလင်းပေးနိုင်မလား။"
"ဟုတ်ကဲ့။” ချီမင်က ပြောလိုက်တယ်။
“ဒါဆို သွားတော့။”
ရှူတောင်ဂိုဏ်းချုပ်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းပြီး ချီမင်ကို ပစ္စည်းကိရိယာ အပြည့်အစုံ ပေးလိုက်တယ်။ ရှူတောင်ဝတ်ရုံ၊ ရှူတောင်စစ်မှန်းဓားစသဖြင့်လက်နက်ချပ်ဝတ်အပြည့်အစုံနဲ့ပေးလိုက်တယ် ။ရှူတောင်ဂိုဏ်းချုပ်က ချီမင်ကို ရှူတောင် နတ်ဆိုးဖိနှိပ်စေတီကို ခေါ်သွားတယ်။
ချီမင်က လှမ်းကြည့်လိုက်တယ်။
သူ့မျက်စိရှေ့မှာ မြင်လိုက်ရတာကတော့ အလွန်ခမ်းနားကြီးကျယ်တဲ့ အနက်ရောင်စေတီကြီးဖြစ်တယ်။ ဒီကြီးမားတဲ့စေတီကြီးက အချင်းဝက်မီတာတစ်ရာရှိပေမယ့် တိမ်တွေအထိကိုမြင့်တက်နေပြီး ကောင်းကင်ကို ထိုးဖောက်တော့မလိုဖြစ်နေတယ်။
အထဲမှာ အထပ်ဘယ်လောက်များများ ရှိလဲတော့ မသိဘူး။
အဲ့ဒီ နတ်ဆိုးဖိနှိပ်စေတီထဲကနေ မကြာမကြာဆိုသလို နက်မှောင်တဲ့ တစ္ဆေယင်စွမ်းအင်တွေ ထွက်လာပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို ညစ်ညမ်းသွားစေတယ်။ အရမ်းပြင်းထန်တဲ့ လှုပ်ခါနေမှုကို ခံစားနိုင်တယ်။
“သွားတော့။” ရှူတောင်ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းပြလိုက်တယ်။
ချီမင်က ခေါင်းညိတ်ပြီး ရှူတောင် နတ်ဆိုးဖိနှိပ်စေတီဆီကို လျှောက်သွားလိုက်တယ်။ သူ့ရဲ့ပုံရိပ်က ဖျတ်ခနဲ ပျောက်သွားပြီး အထဲကို နေရာရွှေ့ပြောင်းပြီးပထမမထပ်ကိုရောက်သွားတယ်။
မကြာခင်မှာပဲ ချီမင်က သက်ဆိုင်ရာ သတင်းအချက်အလက်ကို ရလိုက်တယ်။
ဒီဂိမ်း မြေအောက်စခန်းရှူတောင် နတ်ဆိုးဖိနှိပ်စေတီကို ရှင်းလင်းဖို့ဆိုရင် ပထမအထပ်မှာ နတ်ဆိုးမိစ္ဆာ အကောင်တစ်ရာကို သတ်ရမှာဖြစ်တယ်။
ဂိမ်းမျက်နှာပြင်မှာတော့ ချီမင်ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က ရှူတောင် နတ်ဆိုးဖိနှိပ်စေတီရဲ့ ပထမအထပ်ကို ဝင်သွားတယ်။ သူက တိတ်ဆိတ်တဲ့ စင်္ကြံတစ်ခုမှာ ရှိနေပြီး ပတ်ဝန်းကျင်မှာ နတ်ဆိုးချီစွမ်းအင်တွေက လိမ့်တက်လာတယ်။
ချက်ချင်းပဲ ယက္ခတစ်ကောင်က ဘေးကနေ ခုန်ထွက်လာတယ်။
ဒါက ပင်လယ်ကင်းလှည့်ယက္ခလို့ ခေါ်တဲ့ ပင်လယ်နတ်ဆိုးတစ်ကောင်ဖြစ်တယ်။
“သေစမ်း!”
ဖျော့!!!
ချီမင်က ဓားနဲ့ ခုတ်ချလိုက်တော့ ဒီယက္ခက နှစ်ပိုင်းပြတ်သွားပြီး မြေပေါ်လဲကျသေဆုံးသွားတယ်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်ကနေ နတ်ဆိုးနဲ့သရဲတွေ အများကြီး ထွက်ပေါ်လာကြတယ်။
အင်မော်တယ်မြေခွေး၊ ဖုတ်ကောင်၊ ဘုရားကျောင်းစောင့်သရဲ၊ ပင့်ကူဝိညာဥ်၊ သရဲမ…
နတ်ဆိုးနဲ့မွန်းစတားတွေ အကုန်ရှိတယ်။
ရှူတောင် နတ်ဆိုးဖိနှိပ်စေတီက နတ်ဆိုးနဲ့ မိစ္ဆာတွေရဲ့ ပုန်းအောင်းတဲ့နေရာတစ်ခုလို ဖြစ်နေတယ်လို့ ပြောလို့ရတယ်။
ကြောက်ဖို့ကောင်းတယ်။
ဒါပေမဲ့ ချီမင်ကအဲ့ကမ္ဘာထဲက ဓားအင်မော်တယ်တစ်ပါးလို ဓားအလင်းတန်းတွေနဲ့ ခုတ်ပိုင်းနေတယ်။ သူက နတ်ဆိုးတွေကို သတ်ဖြတ်၊ မိစ္ဆာတွေကို နှိမ်နင်း၊ မွန်းစတားတွေကို သုတ်သင်နေတယ်။ သူ့ဓားအောက်မှာ သေဆုံးသွားတဲ့ နတ်ဆိုးနဲ့မိစ္ဆာတွေက တဖြည်းဖြည်း များလာတယ်။
ရှူတောင် နတ်ဆိုးဖိနှိပ်စေတီ ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းဆိုရင် လမ်းအရှည်ကြီး လျှောက်ရဦးမယ်။
ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်တယ်။
ဒင်!
“‘ကောင်းကင်ကိုးထပ်ဆေးကျမ်း’ ကို အဆတစ်သောင်းမြှင့်တင်မှုနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပြီးပါပြီ။ လက်ခံသူရဲ့ ဆေးသန့်စင်ခြင်းလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုက အကြီးအကျယ် တိုးတက်လာပြီး ဆေးဆရာအဆင့်က ချီသန့်စင်ခြင်းဆေးဝိညာဉ်အဆင့်ကနေ အခြေခံတည်ဆောက်ခြင်းဆေးစာလုံးအဆင့်ကိုရောက်သွားပါပြီ။"
နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ကောင်းတယ်။” ချီမင်က ပြောလိုက်တယ်။
ချက်ချင်းပဲ ကောင်းကင်ကိုးထပ်ဆေးကျမ်းက သူ့အလိုလို လည်ပတ်လာတယ်။ ချီမင်က အရမ်းနက်နဲတဲ့ အခြေအနေတစ်ခုထဲကို ရောက်သွားတယ်။ ဒီအခြေအနေမှာ ချီမင်က ကောင်းကင်ကိုးထပ်ဆေကျမ်းကို အိပ်စက်အနားယူခြင်းမရှိဘဲ ရက်ပေါင်းတစ်သောင်းကျော် ကျင့်ကြံနားလည်နေသလို ခံစားလိုက်ရတယ်။
ချီမင်ရဲ့ ဆေးမီးတောက်ဖြစ်တဲ့ သောင်းပြောင်းစိမ်းရင့်မီး တောက်ကပိုပြီးပြည့်စုံလာပြီးပိုပြီးအားကောင်းလာတယ်။ ဆေးတာအိုအပေါ် သူ့ရဲ့နားလည်မှုက အကြီးအကျယ် တိုးတက်လာပြီးအခြေခံတည်ဆောက်ခြင်းဆေးစာလုံး အဆင့်ဆေးဆရာတစ်ယောက် ဖြစ်လာတယ်။
ဒီလိုဆိုရင် ချီမင်က အခြေခံတည်ဆောက်ခြင်း အဆင့်နိမ့် ဆေးလုံးတွေကို တိုက်ရိုက် ဖော်စပ်နိုင်ပြီ။
ဒါတင်မကဘူး၊ သောင်းပြောင်းကြာပန်းစိမ်းရင့်မီး တောက်က ဆေးလုံးမီးတောက်တစ်ခုတင် မဟုတ်ဘူး။ အရမ်းအစွမ်းထက်တဲ့ တိုက်ခိုက်မှုတစ်ခုအဖြစ်လည်း အသုံးပြုနိုင်တယ်။ သူ့ရဲ့စွမ်းအားက အရမ်းကြီးမားပြီး သာမန် ကောင်းကင်နဲ့မြေပြင်ဝိညာဉ်မီး တောက်တွေကိုတောင် ကျော်လွန်တယ်။
ချီမင်က ဆေးသန့်စင်ဖို့ဆေး မီးဖိုကို မဖွင့်လိုက်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ချီမင်မှာ သန့်စင်ဖို့ ဆေးပင်တွေ မရှိလို့ဖြစ်တယ်။
ပြီးတော့ ချီမင်မှာ နယ်ပယ်ချိုးဖြတ်ဆေးကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ ဆေးသန့်စင်နည်း သုံးခုပဲ ရှိတယ်။
သူက လက်ရှိမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးလုံးကို သန့်စင်ဖို့ ကြိုးစားနိုင်တယ်။
“သောင်းပြောင်း ကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံမယ်။” ချီမင်က ပြောလိုက်တယ်။
ဒင်!
“အလိုအလျောက်ကျင့်ကြံခြင်းမအောင်မြင်ပါ။ လက်ခံသူကအခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေကြောင်း တွေ့ရှိရပါတယ်။ သောင်းပြောင်း ကြာပန်းစိမ်း ဓားသိုင်းကျမ်းကို အလိုအလျောက်ကျင့်ကြံလို့ မရတော့ပါဘူး။ အကန့်အသတ်ကို ရောက်သွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“တကယ် ကျင့်လို့မရတော့ဘူးပဲ။ အကန့်အသတ်ကို ရောက်သွားပြီ။” ချီမင်က ပြောလိုက်တယ်။
“ကမ္ဘာဖျက်ဆီးဓားကိုလည်း ကျင့်ကြံလို့မရဘူး။ ပစ္စည်းတွေမရှိလို့ အခုလောလောဆယ် ကောင်းကင်ကိုးထပ်ဆေးကျမ်းနဲ့ နယ်ပယ်ချိုးဖြတ်ဆေးသန့်စင်နည်းကိုပဲ လေ့လာရတော့မယ်။ ပြီးတော့ စတုရန်းတိမ်တိုက် ကြိုးကြာ ဆေးမီးဖိုကိုလည်း သန့်စင်ရဦးမယ်။” ချီမင်က သူ့ဘာသာသူ တွေးလိုက်တယ်။
ပထမအလိုအလျောက်ကျင့်ကြံခြင်းနေရာကို ကောင်းကင်ကိုးထပ်ဆေးကျမ်း ကျင့်ကြံဖို့သုံးမယ်။ ဒုတိယအလိုအလျောက်ကျင့်ကြံခြင်းနေရာကို နယ်ပယ်ချိုးဖြတ်ဆေးသန့်စင်ခြင်းနည်းလမ်းကို လေ့လာဖို့သုံးမယ်။၊ နောက်ဆုံး အလိုအလျောက်ကျင့်ကြံခြင်းနေရာကို စတုရန်းတိမ်တိုက် ကြိုးကြာ ဆေးမီးဖိုကို သန့်စင်ဖို့ သုံးလိုက်မယ်။
စတုရန်းတိမ်တိုက် ကြိုးကြာ ဆေးမီးဖိုက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေတဲ့ ဆေးသန့်စင်ခြင်းမီးဖိုဖြစ်တယ်။
ပုံမှန်အားဖြင့်တော့ ချီမင်က အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်မှာပဲ ရှိသေးပြီး ‘အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးမီးဖို ကို သန့်စင်ဖို့ ကအရမ်းခက်တယ်။ ဒါပေမဲ့ကိစ္စမရှိဘူး။ ချီမင်မှာအလိုအလျောက် ကျင့်ကြံခြင်းစနစ်ရှိပြီး တိုက်ရိုက် သန့်စင်နိုင်တယ်။
ညက ကုန်လွန်သွားပြီး နောက်တစ်နေ့ ရောက်လာတယ်။
မနက်မှာတိမ်စိမ်းတောင်ထွတ်မှာလှုပ်ရှားမှုတချို့ ရှိတယ်။
ဘုန်း! ဘုန်း!
ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ပြီးဆုံးသွားပြီးနောက် စတုတ္ထမြောက်နေ့ဖြစ်တယ်။
တိမ်စိမ်းတောင်ထွတ်သခင် မော့ဟန်ကျန့်နဲ့ အမွေခံအကြီးအကဲတွေက မျက်မြင်သက်သေအောက်မှာ နတ်မိမယ်ဖန်ရှီးက ယုရွှယ်လန်ကို အမွေခံတပည့်အဖြစ် တရားဝင် လက်ခံပြီး စာရင်းသွင်းလိုက်တယ်။
ယုရွှယ်လန်က နတ်မိမယ်ဖန်ရှီးရဲ့ ဆဋ္ဌမမြောက် အမွေခံတပည့် ဖြစ်တယ်။
တစ်ချိန်တည်းမှာပဲ သူမက အခု တိမ်စိမ်းတောင်ထွန်ရဲ့ အားအနည်းဆုံး အမွေခံတပည့်လည်း ဖြစ်တယ်။ သူမက ချီမင်ရဲ့ အားအနည်းဆုံး အမွေခံတပည့်ဆိုတဲ့ ဂုဏ်ပုဒ်ကို ယူသွားတယ်လို့ ပြောလို့ရတယ်။ အခုတော့ သူကတိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်တွေအားလုံးထဲမှာ အောက်ဆုံးကနေ ဒုတိယနေရာ ရောက်သွားပြီ။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ယုရွှယ်လန်မှာ သောင်းပြောင်း ကြာပန်းစိမ်း ဓားသိုင်းကျမ်းရဲ့ ကျင့်ကြံနည်းကို ရရှိဖို့ အရည်အချင်းနဲ့ အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ ယုရွှယ်လန်ရဲ့ အရည်အချင်းနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းနဲ့ အရမ်း ကိုဆန့်ကျင်ဘက်ဖြစ်နေလို့ သူမအတွက် ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး။
ယုရွှယ်လန်က နတ်မိမယ်ဖန်ရှီးရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီး တခြား အမွေခံအဆင့်ကျင့်ကြံနည်းတစ်ခုကို ရွေးချယ်လိုက်တယ်။ အဲ့ဒါကို ကြာပန်းနီ နေမင်းကျမ်းလို့ ခေါ်ပြီး သူမလည်းသူမရဲ့သီးသန့်ကျင့်ကြံခြင်းဂူတစ်ခုရတယ်။
တိမ်စိမ်းတောင်ထွတ်မှာ အမွေခံတပည့်သစ်တစ်ယောက် ရောက်လာတယ်။ ဒါက ကိစ္စကြီးတစ်ခုဖြစ်ပြီးတိမ်စိမ်းတောင်ထွတ်တစ်ခုလုံးကို အကြီးအကဲတွေနဲ့ တပည့်တွေအားလုံး သိအောင် သတင်းပို့ရတယ်။
ချီမင်က သဘာဝအတိုင်း သတင်းရလိုက်တယ်။
“ယုရွှယ်လန်က အမွေခံတပည့် ဖြစ်သွားပြီပဲ။”
ချီမင်က ခဏလောက် စဉ်းစားလိုက်ပြီး “လေးရက်နီးပါး အချိန်ယူလ်ိုက်ရတယ်။ ငါ့ထက် နည်းနည်းနောက်ကျတယ်။”
ချီမင်က ဒီကိစ္စကို နည်းနည်းပဲ အာရုံစိုက်လ်ိုက်တယ်။ ယုရွှယ်လန် အမွေခံတပည့် ဖြစ်လာတာက အခြေခံအားဖြင့် သေချာနေပြီ။ အဲ့ဒါက ချီမင်အပေါ် သိပ်ပြီး သက်ရောက်မှု မရှိဘူး၊ ဒါကြောင့် သူက သဘာဝအတိုင်း သိပ်ပြီး အာရုံစိုက်နေစရာ မလိုဘူး။
ချီမင်က နည်းနည်း စုံစမ်းကြည့်လိုက်တော့ ယုရွှယ်လန်ရဲ့ ဂူက ဘယ်နေရာမှာလဲဆိုတာ သိလိုက်ရတယ်။ အဲ့ဒါက ချီမင်ရဲ့ တိမ်ပြိုတောင်ထွတ်နဲ့ သိပ်မဝေးတဲ့၁၅ မိုင်လောက်မှာဖြစ်တယ်။
အဲ့ဒါကို ကြာပန်းနီတောင်ထွတ်လို့ ခေါ်တယ်။
ဂူကိုတော့ ကြာပန်းနီဂူလို့ ခေါ်တယ်။
အဲ့ဒီညမှာ ချီမင်က ရှူတောင် နတ်ဆိုးဖိနှိပ်စေတီကို ရှင်းလင်းပြီး သူ့ကို အရမ်းကိုဝမ်းသာသွားစေတဲ့ အရာတစ်ခု ရလိုက်တယ်။ အဲ့ဒါက ချီမင်ရဲ့ လက်ရှိ အရေးပေါ်လိုအပ်ချက်ကို တိုက်ရိုက် ဖြေရှင်းပေးလိုက်တယ်။