← Chapters

မဟာရွှေအမြူတေတာအိုကျမ်း

Vol. 5 Ch. 71

မဟာရွှေအမြူတေတာအိုကျမ်း

Vol. 5 Ch. 71

ကောင်းကင်ဘုံဉာဏ်အလင်း‌အင်မော်တယ်တောင်

အကြီးအကဲ ဖုန်းနဲ့ မော့ဟန်ကျန်းတို့ ကောင်းကင်ဘုံဉာဏ်အလင်း‌အင်မော်တယ်တောင်ရဲ့ ဂိုဏ်းချုပ်ခန်းမကို ရောက်လာပြီး ဂိုဏ်းချုပ်ယန်လီနဲလာတွေတယ်။

သူတို့ ချီမင်အကြောင်း ဂိုဏ်းချုပ်ကို တင်ပြလိုက်တယ်။

“ချီမင်…” ယန်လီက စဉ်းစားလိုက်တယ်။“ငါသူ့အပေါ်မှာထင်မြင်ချက်တစ်ချို့တော့ရှိတယ်။ငါသူ့ကိုတစ်ခါတွေ့ဖူးတယ်”

“သူက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို တစ်လအတွင်း ကျင့်ကြံနိုင်တယ်။ သူကမျိူးစေ့ကောင်းလေးပဲ။ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ မျှော်လင့်ထားမှာ မဟုတ်ဘူး။ ဆက်ပြီးတော့အာရုံစိုက်ထားကြ။၊ သိပ်ဝင်မစွက်ဖက်ကြနဲ့”

“ဆယ်နှစ်ကြာရင် လုပ်မယ့် အမွေခံတပည့်ပြိုင်ပွဲကျမှ သူ့ရဲ့ တကယ့်အလားအလာကို ငါကိုယ်တိုင် သဘာဝကျကျစမ်းသပ်ကြည့်မယ်။”

“ဟုတ်ကဲ့ပါ”

“ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်”

မော့ဟန်ကျန်းနဲ့ အကြီးအကဲ ဖုန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်ကြတယ်။

...

နေရာပြောင်းသွားတယ်။

တိမ်ပြိုဂူစံအိမ်တွင်

တင်း!

“ရှုတောင်နတ်ဆိုးဖိနှိပ်စေတီ ဂိမ်း‌မြေအောက်စခန်းမှာ တစ်ရက်တာ အလိုအလျောက်ကျင့်ကြံခြင်းလုပ်ပြီးပါပြီ။ သင်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ် ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင်မဟာ‌ရွှေအမြူတေတာအိုကျမ်းနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ရရှိပါတယ်။”

ပစ္စည်း- မဟာရွှေအမြူတေတာအိုကျမ်း။

မိတ်ဆက်- ရှုတောင်ဓားဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရှုတောင်ကသန့်စင်ခြင်းသုံးပါးကိုယုံကြည်တယ်။ ဒါက သန့်စင်ခြင်းသုံးပါးရဲ့ အခြေခံအကျဆုံးနဲ့ ထိပ်တန်းအဆင့်ကျင့်ကြံခြင်းကျမ်းစာ ဖြစ်တယ်။ မွေးရာပါ သန့်စင်တဲ့ မဟာရွှေအမြူတေကို သန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်။

“ကောင်းလိုက်တဲ့ပစ္စည်းပဲ” ချီမင် ပြုံးလိုက်တယ်။ “အခုထိတော့ စပြီးမကျင့်ကြံရသေးပေမယ့် မိတ်ဆက်ကိုကြည့်တာနဲ့ ဒါက ထိပ်တန်းအဆင့်ရွှေအမြူ‌ တေဖွဲ့စည်းခြင်းနည်းလမ်းဆိုတာ သိသာတယ်။ ဒါက အဆင့်ကိုး ရွှေအမြူတေကို သေချာပေါက် သိပ်သည်းနိုင်လိမ့်မယ်”

“အရင်က ရွှေအမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံမှုနည်းလမ်း မရှိသေးလို့ ဆက်ပြီး ကျင့်ကြံလို့ မရသေးတာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေရတာ။ ဒါပေမယ့် အခုမဟာရွှေအမြူတေတာအိုကျမ်းကို ရလိုက်ပြီဆိုတော့ ဒီပြဿနာက တိုက်ရိုက် ဖြေရှင်းပြီးသွားပြီ”

မကြာခင်မှာပဲ။

တင်း!

“‘ကောင်းကင်ကိုးထပ်ဆေးကျမ်း’ ကို အဆ ၁၀,၀၀၀မြှင့်တင်မှုအောက်မှာ တစ်ရက်တာ ကျင့်ကြံပြီးပါပြီ။ သင်ရဲ့ ဆေးသန့်စင်ခြင်းပညာအပေါ် နားလည်မှုက အကြီးအကျယ် တိုးတက်လာပြီး ဆေးကျမ်းအပေါ် နားလည်မှုကပိုမိုနက်ရှိုင်းလာပါတယ်။ သင်ကအခြေခံတည်ဆောက်ခြင်း‌ ဆေးစာလုံး အဆင့်ကနေအခြေခံတည်ဆောက်ခြင်းဆေးကပ်ဘေးဒုက္ခအဆင့်ကို ရောက်ရှိသွားပါပြီ။”

ဘူဇ်း!

ကောင်းကင်ကိုးထပ်ဆေးကျမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ နားလည်မှုတွေအပြင် ဆေးသန့်စင်ခြင်းပညာအပေါ် နားလည်မှုတွေအများကြီးက ချီမင်ရဲ့ ခေါင်းထဲကို စီးဝင်လာတယ်။သူ့ရဲ့ဆေးပညာနယ်ပယ်လည်းဆက်တိုက်တိုးတက်လာတယ်။

တိုက်ရိုက်အခြေခံတည်ဆောက်ခြင်း‌ဆေးကပ်‌‌ဘေးဒုက္ခ ဆေးဆရာအဆင့်ကို ရောက်သွားတယ်။

“ဟူး…”

ချီမင် သက်ပြင်းချလိုက်တယ်။ “စုစုပေါင်း သုံးရက်ကြာသွားတယ်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ သန်း ကုန်သွားတယ်။ နောက်ဆုံးတော့အခြေခံတည်ဆောက်ခြင်း ဆေးကပ်‌ဘေးဒုက္ခ ဆေးဆရာ အဆင့်ကို ရောက်သွားပြီ။”

“ရင်းနှီးမြှုပ်နှံမှုလည်း တော်တော်လေး ရှိနေပြီဆိုတော့ အခုအမြတ်စယူလို့ရပြီ”

တင်း!

“‘နယ်ပယ်ချိုးဖြတ်ဆေးသန့်စင်ခြင်းနည်း’ ကို အဆ ၁၀,၀၀၀မြှင့်တင်မှုအောက်မှာ တစ်ရက်တာ ကျင့်ကြံပြီးပါပြီ။ သင် ‘အခြေခံတည်ဆောက်ခြင်းဆေးသန့်စင်နည်း’ ကို အပြည့်အဝ ကျွမ်းကျင်သွားပါပြီ။ ‘တာအိုထင်ရှားဆေး’ ကိုလည်းအပြည့်အဝဖမ်းဆုပ်နိုင်သွားပါပြီ။ သင်ဆယ်ရက်ဆက်ပြီးကျင့်ကြံရင်မပြည့်စုံသေးတဲ့အ‌ခြေတည်ဝိညာဥ်ဆေးသန့်စင်ခြင်းနည်း ကိုလုံးဝပြည့်စုံအောင်လုပ်ဆောင်နိုင်ပါတယ်။"

“ဒါဆိုပြည့်စုံပြီ။”

ချီမင်ရဲ့ စိတ်ခံစားချက် တော်တော်ကောင်းနေတယ်။

တင်း!

“စတုရန်းတိမ်တိုက်ကြိုးကြာဆေးမီးဖိုကို အဆ ၁၀,၀၀၀မြှင့်တင့်မှုအောက်မှာ တစ်ရက်ကြာသန့်စင်ပြီးပါပြီ။ သင် အမြူတေဖွဲ့စည်းခြင်း ဆေးကပ်ဘေးဒုက္ခအဆင့် စတုရန်းတိမ်တိုက်ကြိုးကြာ ဆေးမီးဖိုကို အပြည့်အဝ သန့်စင်ပြီးသွားပါပြီ။”

ဘူးဇ်!

ချီမင် ညာလက်ကို ဝှေ့ယမ်းလိုက်တော့ စတုရန်းတိမ်တိုက်ကြိုးကြာ ဆေးမီးဖိုက ပျံထွက်လာပြီး သူ့ရှေ့မှာ ရောက်လာတယ်။ ဒီဆေးမီးဖိုကို ချီမင်လုံးဝ ဖမ်းဆုပ်နိုင်သွားပြီဖြစ်ပြီး သူ့ရဲ့ စွမ်းအားနဲ့ နက်နဲမှုကို ခံစားနိုင်သွားတယ်။

“အရမ်းကောင်းတယ်”

ချီမင်ရဲ့ စိတ်ခံစားချက် ပိုတောင် ကောင်းသွားတယ်။

နောက်တော့ ချီမင်ကမဟာရွှေအမြူတေတာအိုကျမ်းကိုယူပြီး တတိယနေရာလပ်မှာ ထားလိုက်တယ်။ ပထမနေရာလပ်ကနယ်ပယ်ချိုးဖြတ်ဆေးသန့်စင်ခြင်းအတွက်သုံးလ်ိုက်တယ်။

ဒုတိယအလိုအလျောက်ကျင့်ကြံခြင်းနေရာကလပ်ကို…

ချီမင်က ဟော့ချန်ချင်းကို အခြေခံတည်ဆောက်ခြင်းဆေး သန့်စင်ဖို့ လိုအပ်တဲ့ ဝိညာဉ်ဆေးပင်တွေ တိမ်စိမ်းဈေး ကနေ ဝယ်ခိုင်းပြီး အခြေခံတည်ဆောက်ခြင်းဆေးသန့်စင်ဖို့ လုပ်လိုက်တယ်။

သူ ကောင်းကင်ကိုးထပ်ဆေးကျမ်းကို ဆက်ကျင့်ကြံလို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ ဆေးဆရာအဆင့်ကိုအမြူတေဖွဲ့စည်းခြင်းအဆင့်အထိ တက်ချင်ရင် သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အမြူ‌တေဖွဲ့စည်းခြင်းအဆင့်အထိ အရင်တက်ရမှာဖြစ်တယ်။

သူကအခြေခံတည်ဆောက်ခြင်း‌ နှောင်းပိုင်းအဆင့်ပဲ ရှိသေးတော့ ကောင်းကင်ကိုးထပ်ဆေးကျမ်းကို ဆက်ကျင့်ကြံလို့ မရဘူး။ သူ့ဆက်ပြီးကျင့်ကြံချင်ရင်သူ့ရဲ့ကျင့်ကြံမှုအဆင့်တိုးလာတဲ့အထိ စောင့်ရမှာဖြစ်တယ်။

နောက်တော့ သူက တစ်ရက်ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂ သန်း သုံးတယ်။

ရှုတောင်နတ်ဆိုးဖိနှိပ်စေတီ ဂိမ်းမြေအောက်စခန်းအတွက်ဝင်ကြေး အဆင်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ရှိပေမယ့်တစ်ခါရှင်းလင်းတိုင်း အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ပြန်ရတယ်။ ဒါကအဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁ သန်း ပြန်ရတာနဲ့ အတူတူပဲဖြစ်တယ်။

နောက်တစ်နေ့ ညဘက်…

သူ မဟာရွှေအမြူတေတာအိုကျမ်းကို တစ်ရက်တာ ကျင့်ကြံပြီးသွားတယ်။ ဒါ့အပြင် အဆ ၁၀,၀၀၀မြှင့်တင်မှုအောက်မှာမအိပ်ဘဲအနားမယူဘဲ ၂၈ နှစ် ကျင့်ကြံတာနဲ့ ညီမျှတယ်။

ချီမင် မဟာရွှေအမြူတေတာအိုကျမ်းရဲ့ စွမ်းအားနဲ့ ကျယ်ပြောမှုကို အခြေခံအားဖြင့် ခံစားမိနေပြီ။ အဲဒီထဲမှာ အမှန်တရားတွေ၊ နက်နဲမှုတွေ၊ ကောင်းမွန်တဲ့ကံကြမ္မာတွေအမျိုးမျိုးပါဝင်တယ်။ဒါတွေအားလုံးက နက်နဲတဲ့အဆင့်ကို ရောက်နေတယ်။

နားလည်ရခက်ပြီး ထိုးထွင်းသိမြင်ဖို့ ခက်ခဲတယ်။

ဒီအမြူ‌တေဖွဲ့စည်းခြင်းနည်းလမ်းက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို အပြည့်အဝ ကျော်လွန်သွားပြီး မတွေးနိုင်လောက်တဲ့ အဆင့်ကို ရောက်နေပြီ။ ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကိုကို တည့်တည့်ညွှန်ပြတဲ့ အမြူတေဖွဲ့စည်းခြင်း နည်းလမ်းဖြစ်တယ်။

သန့်စင်ခြင်းသုံးပါးတာအိုရဲ့ အခြေခံအကျဆုံးနဲ့ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းကျမ်းစာဆိုတဲ့အတိုင်းပဲဖြစ်တယ်။

ဒါ့အပြင် မဟာရွှေအမြူတေတာအိုကျမ်းမှာ အကြိုကျင့်ကြံရမယ့်သိုင်းနည်းစနစ်လည်း မရှိသလိုဘယ်လို လိုအပ်ချက်မှလည်း မရှိဘူး။ ကျင့်ကြံနေစဉ်အတွင်းမှာ ကမ္ဘာကြီးရဲ့ သဘာဝတရားကို ပုံသေ ခံစားသွားပြီး ပေါင်းစပ်ဖို့ရယ်နဲ့၊ ကမ္ဘာပေါ်ကနေရာတိုင်းမှာ ရှိတဲ့ တာအိုကို ထိုးထွင်းသိမြင်ဖို့ပဲ လိုအပ်တယ်။

ချီမင် အရင်က ကျင့်ကြံခဲ့တဲ့ တိမ်စိမ်းချီသန့်စင်ခြင်းပညာ နဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းတွေက အင်မော်တယ်ကျင့်ကြံခြင်းဆိုရင်မဟာရွှေအမြူတေတာအိုကျမ်းက တာအိုကျင့်ကြံခြင်း ဖြစ်နေပုံရတယ်။

အဆ တစ်သောင်းမြှင့်တင်မှုနဲ့ဆို မအိပ်ဘဲအနားမယူဘဲ၂၈ နှစ် ကျင့်ကြံတာနဲ့ ညီမျှတာတောင် ချီမင်ကမဟာရွှေအမြူ‌တေတာအိုကျမ်းရဲ့အဝကိုတောင် မထိတွေ့ရသေးဘူး။

ဒီကနေကြည့်ရင် သိသာတယ်။

မဟာရွှေအမြူတေတာအိုကျမ်းကို ကျွမ်းကျင်ဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာဖြစ်တယ်။

ချီမင် သက်ပြင်းချလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ “ကျွမ်းကျင်ဖို့ မဖြစ်နိုင်တာ မဟုတ်သရွေ့ ဘယ်လောက်ပဲ ကျွမ်းကျင်ဖို့ ခက်ခဲပါစေ၊ငါ မကြောက်ဘူး။ ဆက်ပြီး ကျင့်ကြံနေသရွေ့ နောက်ဆုံးမှာ သေချာပေါက် ကျွမ်းကျင်သွားပြီး မွေးရာပါ သန့်စင်တဲ့ မဟာရွှေအမြူတေကို သိပ်သည်းနိုင်လိမ့်မယ်”

နယ်ပယ်ချိုးဖြတ်‌ဆေးသန်စင်ခြင်းနည်းထဲက အခြေတည်ဝိညာဉ်ဆေးသန့်စင်ခြင်းနည်း ကပြည့်စုံတဲ့အထိသူ ဆက်ပြီးနားလည်ရဦးမယ်။ အနည်းဆုံး နောက်ထပ် ကိုးရက်လောက် နားလည်ရဦးမယ်။ အတော်လေးလိုသေးတယ်။

“တကယ်တော့ ငါရဲ့ အရည်အချင်းက ငါ့ကို ဆွဲချနေတာ”

ချီမင်လည်း သူ့စိတ်ထဲမှာ ကောင်းကောင်းသိတယ်။ သူ တွေးလိုက်တယ် “ငါ့အရည်အချင်းက အရမ်းနိမ့်တယ်။ ကံကောင်းခြင်းကပဲ အသင့်အတင့် ရှိတယ်။ ကျန်တဲ့ အရည်အချင်း လေးခုကတော့ အနိမ့်ဆုံးအဆင့်မှာပဲ”

ဒီလိုအခြေအနေအောက်မှာ…

“အလိုအလျောက်ကျင့်ကြံခြင်းအမြန်နှုန်းကလည်း အရည်အချင်းကြောင့် သက်ရောက်နေလိမ့်မယ်။ အများကြီး မသက်ရောက်ဘူးဆိုရင်တောင်အချိန်တော့ ကုန်ဦးမှာပဲ။ ငါ့ရဲ့ အရည်အချင်းကို မြှင့်တင်နိုင်မယ်ဆိုရင် အလိုအလျောက်ကျင့်ကြံခြင်းရဲ့အမြန်နှုန်းကို သေချာပေါက် တိုးမြှင့်ပြီးအလိုအလျောက် ကျင့်ကြံမှုအတွက် သုံးရတဲ့ ဝိညာဉ်ကျောက်တုံးကိုပါ လျှော့ချနိုင်လိမ့်မယ်”

“ဒါပေမယ့် အရည်အချင်းကို မြှင့်တင်ဖို့က အရမ်းခက်ခဲတယ်”

“အဲဒီမြှင့်တင်ပေးနိုင်မယ့် ဝိညာဉ်ဆေးပင်တွေကရှာရခက်တာတွေချည်းပဲ။တွေ့ရင်တောင် ငါ့အဆင့်အတန်းနဲ့ ရချင်မှ ရနိုင်မှာ”

မျက်စိတစ်မှိတ်အတွင်း ကိုးရက်ကြာသွားတယ်။

တင်း!

“ရှုတောင်နတ်ဆိုးဖိနှိပ်စေတီ ဂိမ်း မြေအောက်စခန်းမှာ ကိုးရက်တာ အလိုအလျောက်ကျင့်ကြံခြင်းပြီးပါပြီ။ ဂိမ်းမြေအောက်စခန်းကို ကိုးကြိမ် ရှင်းလင်းနိုင်ခဲ့ပါတယ်။သင်ကမ္ဘာဖျက်ဆီး‌ကျောက်တုံးငါးခု၊ ဓားတာအိုကျောက်တုံး တစ်ခု၊ ကောင်းကင်တာအိုကျောက်တုံး တစ်ခု၊ ဓာတ်ငါးပါးကမ္ဘာကျောက်တုံး တစ်ခု၊ အချိန်နေရာကျောက်တုံး တစ်ခု၊ သက်ရှိအားလုံးရဲ့ရင်းမြစ်ချီ တစ်မျှင်၊ ကမ္ဘာမြေဆီလွှာတစ်ခု၊ ဓာတ်ငါးပါးဓားတာအိုကျောက်တုံး တစ်ခု၊ မူလရေစင် တစ်စက်၊ နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၉၀,၀၀၀ရရှိပါတယ်။”

“ကောင်းတယ်!”

ချီမင်ရဲ့ မျက်နှာအမူအရာ ပြောင်းသွားတယ်။ “ကိုးရက် အလိုအလျောက်ကျင့်ကြံခြင်း လုပ်ပြီးတော့ ကမ္ဘာဖျက်ဆီးဓားနဲ့ ဓားတောင်အတွက် လိုအပ်တဲ့ ပစ္စည်းအားလုံး စုမိသွားပြီ။ နောက်ဆုံးတော့ ဒါတွေကို စပြီး သန့်စင်နိုင်ပြီ”

တင်း!

“ မဟာရွှေအမြူတေတာအိုကျမ်းကို အဆ ၁၀,၀၀၀မြှင့်တင်မှုအောက်မှာ တစ်ရက်တာ ကျင့်ကြံပြီးပါပြီ။ သင် ကောင်းကင်နဲ့ မြေကြီးတာအိုအပေါ် နားလည်မှု အနည်းငယ် တိုးတက်လာပါတယ်။”

...

တင်း!

“နယ်ပယ်ချိုးဖြတ်‌ဆေးသန့်စင်ခြင်းနည်းကို အဆ ၁၀,၀၀၀မြှင့်တင်အမှုအောက်မှာ ကိုးရက်တာ ကျင့်ကြံပြီးပါပြီ။ သင်အပြည့်အဝနားလည်သွားပြီး နယ်ပယ်ချိုးဖြတ်ဆေးသန့်စင်ခြင်းနည်းကို ကျွမ်းကျင်သွားပါပြီ။ ဒါ့အပြင်မပြည့်စုံ‌သေးတဲ့အခြေတည်ဝိညာဉ်အဆင့်ဆေးသန့်စင်ခြင်းနည်းကိုလည်း သင်ယူပြီးပါပြီ။”

...

တင်း!

“အခြေခံတည်ဆောက်ခြင်းဆေးကို ကိုးရက်ကြာ သသန့်စင်ပြီးပါပြီ။ ဆေးသန့်စင်ခြင်းက ကျင့်ကြံမှုနည်းလမ်းတွေ ဒါမှမဟုတ် သိုင်းနည်းစနစ်တွေကို ကျင့်ကြံတာနဲ့ မတူပါ၊ အရှိန်မြှင့်ဖို့ ဝိညာဉ်ကျောက်တုံး သုံးလို့မရပါဘူး။ သင်ဆေးမီးဖိုကို တစ်ရက် ကိုးကြိမ် သုံးခဲ့ပြီး ဆေးတစ်ခါသန့်စင်တိုင်း ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေး ကိုးလုံး ရရှိပါတယ်။ စုစုပေါင်း ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေး ၇၂၉ လုံး သန့်စင်ပြီးပါပြီ။”

...

နားလည်မှုအမျိုးမျိုးကသူ့စိတ်ထဲကိုတိုးဝင်လာတယ်။

ခဏကြာတော့ ချီမင် တဖြည်းဖြည်း သတိပြန်ဝင်လာတယ်။

“အရမ်းကြောက်ဖို့ကောင်းတာပဲ”

ချီမင် သက်ပြင်းချပြီး ပြောလိုက်တယ်။ “ဒါက အရမ်းကို ချဲ့ကားလွန်းတယ်။ အစကနေ အခုထိဆိုရင်မဟာရွှေအမြူတေတာအိုကျမ်းကို အဆ ၁၀,၀၀၀မြှင့်တင်မှုနဲ့ စုစုပေါင်း ဆယ်ရက် အလိုအလျောက်ကျင့်ကြံခြင်းလုပ်ထားတာ။ ဒါကမနားမနေ ရက်ပေါင်း တစ်သိန်း (၁၀၀,၀၀၀) ကျင့်ကြံနားလည်တာနဲ့ ညီမျှတယ်”

“နှစ်ပေါင်း ၂၇၀ ကျော်လောက် ရှိတယ်ထင်တယ်”

“ဒါပေမယ့် ငါအောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခြင်း မရှိသေးဘူး”

“တံခါးဝကို ဝင်လိုက်မိပြီလို့ ရှင်းရှင်းလင်းလင်း ခံစားရပေမယ့် မရောက်နိုင်သေးဘူး။ မမြင်ရပဲမာကျောတဲ့ အတားအဆီးတစ်ခုက ပိတ်ဆို့နေသလိုပဲ”

“တကယ်ပဲ အရမ်းခက်တာပဲ”

ချီမင် ဆက်ပြောတယ်။ “အရင်တုန်းက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံတုန်းက ဒီလောက် မချဲ့ကားဘူး”

“ဒါပေမယ့် အခြေတည်ဝိညာဉ်ဆေးသန့်စင်ခြင်းနည်းကတော့ ပြည့်စုံသွားပြီ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ သန်း ကုန်ပေမယ့် နောက်ပိုင်း အခြေတည်ဝိညာဉ်အဆင့်ဆေးရဲ့ အကျိုးကျေးဇူးတွေကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ သန်းနဲ့တင် ကန့်သတ်ထားလို့ မရဘူး။ ပြည့်စုံတဲ့အခြေတည်ဝိညာဉ်ဆေး သန့်စင်ခြင်းနည်းကိုရောင်းလို့ရမဲ့ဈေးကတင် မနိမ့်ဘူး။ ဒါကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံးနဲ့ တွက်ရမှာ”

“နောက်ဆုံးအနေနဲ့ ထိပ်တန်း အဆင့်အခြေခံတည်ဆောက်ခြင်းဆေး ၇၂၉ လုံး ရှိတယ်”

ချီမင်ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ “ကိုးရက်အတွင်း ထိပ်တန်းအ‌ဆင့်အခြေခံတည်ဆောက်ခြင်းဆေး အများကြီး သန့်စင်နိုင်တယ်ဆိုတော့ ဒီအရေအတွက်ကငါ့ရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်နေတာပဲ”

“ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေး တစ်လုံးရဲ့ ဈေးနှုန်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ နဲ့ တွက်ရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၂,၉၀၀,၀၀၀ ရှိတယ်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ ဆိုရင် ၇၂၉,၀၀၀ရှိတယ်”

“ယေဘုယျအားဖြင့် ပြောရရင်”

“အခြေခံတည်ဆောက်ခြင်းဆေး တစ်ခါသန့်စင်ဖို့ လိုအပ်တဲ့ ဝိညာဉ်ဆေးပင်တွေက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ရှိတယ်။ တစ်ရက်ကို ကိုးကြိမ်သန့်စင်တယ်။ပြီးတော့ ဒီကိုးရက်အတွင်း ငါစုစုပေါင်း ၈၁ ကြိမ် သန့်စင်တယ်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈.၁ သန်း ကုန်သွားတယ်”

“အလိုအလျောက်ကျင့်ကြံ တာဖြစ်တဲ့အတွက် လုပ်အားခ ဒါမှမဟုတ် အချိန်အတွက်ဆိုတာမျိုး မရှိဘူး”

“ဆေးတစ်ခါသန့်စင်တိုင်း အသားတင်အမြတ်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈၀၀,၀၀၀ ရှိတယ်။ ဒီ ကိုးရက်အတွင်း စုစုပေါင်း အသားတင်အမြတ်က အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၆၄,၈၀၀,၀၀၀ ဖြစ်သင့်တယ်။ ဒါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၆၄,၈၀၀ ပေါ့”

ချီမင် သက်ပြင်းချလိုက်တယ်။ “ဆေးဆရာ အလုပ်က တကယ်ပဲအမြတ်အစွန်းကြီးတာပဲ။ အရမ်းများတယ်။ အခု ငါက အခြေခံတည်ဆောက်ခြင်းဆေးကို နေ့တိုင်းသန့်စင်ပြီး အလိုအ‌လျောက်ကျင့်ကြံခြင်းနေ့တိုင်းလုပ်ဖို့ လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ထောက်ပံ့ပေးဖို့လိုတော့တယ်။အများကြီး‌ကျန်နိုင်‌ သေးတယ်”

“စိတ်ပူဖို့ တစ်ခုကထိပ်တန်း အဆင့်အခြေခံတည်ဆောက်ခြင်းဆေးအများကြီးက စျေးကွက်ထဲ ဝင်လာလို့ ဈေးနှုန်း ထိခိုက်မလားဆိုတာပဲ”

တကယ်တော့ ချီမင် စိတ်ပူနေတာဘာမှ မဟုတ်ဘူး။

ချီသန့်စင်ခြင်းအဆင့်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများကြီးရဲ့ အမြင်မှာ ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးတွေက တကယ်ပဲ အဖိုးတန်ပြီး တန်ဖိုးမဖြတ်နိုင်ဘူး။ ဒါပေမယ့် ပိုမြင့်တဲ့အဆင့် ကျင့်ကြံသူတွေရဲ့ အမြင်မှာတော့ ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးတွေကဘာမှမဟုတ်ဘူး။

ဒါ့အပြင် တောင်ပိုင်းဒေသမှာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အများကြီး ရှိနေပေမယ့် ထိပ်တန်း အဆင့်အခြေခံတည်ဆောက်ခြင်းဆေးက ၇၂၉ လုံးပဲ ရှိတာ။ ဒါတွေကို ပစ်ထည့်လိုက်ရင်တောင် ဘာထိခိုက်မှုမှ ရှိမှာ မဟုတ်ဘူး။

ဘယ်အရာကိုမှ လုံးဝ ထိခိုက်စေမှာ မဟုတ်ဘူး။

“ဂိမ်းမြေအောက်စခန်းကနေ ကမ္ဘာဖျက်ဆီးဓားနဲ့ ဓားတောင်အတွက် လိုအပ်တဲ့ ပစ္စည်းအားလုံး စုမိပြီဆိုတော့ ဒုက္ခခံစရာ မလိုတော့ဘူး။ တိုက်ရိုက် စပြီး သန့်စင်နိုင်ပြီ”

ချီမင် တိုက်ရိုက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂ သန်း ထပ်ဖြည့်ပြီး ဒုတိယနေရာလပ်မှာ ကမ္ဘာဖျက်ဆီးသန့်စင်တာကို ထားလိုက်တယ်။ တတိယနေရာမှာတော့ ဓားတောင်သန့်စင်တာကို ထားလိုက်တယ်။

ပထမ အလိုအလျောက်ကျင့်ကြံခြင်းနေရာကမဟာရွှေအမြူတေတာအိုကျမ်းကိုပဲ ဆက်ကျင့်ကြံနေတယ်။

ဒါနဲ့ ပတ်သက်ပြီး သတိပေးချက် သုံးခု ပေါ်လာတယ်။

အတွေးတစ်ချက်နဲ့ချီမင်ပေါ်လာတဲ့မျက်နှာပြင်ကို ပိတ်လိုက်တယ်။

All Chapters