← Chapters

ကမ္ဘာဖျက်ဆီးဓားနဲ့ ဓားတောင် သန့်စင်ခြင်းအောင်မြင်

Vol. 5 Ch. 72

ကမ္ဘာဖျက်ဆီးဓားနဲ့ ဓားတောင် သန့်စင်ခြင်းအောင်မြင်

Vol. 5 Ch. 72

ဓားတောင်နဲ့ ကမ္ဘာဖျက်ဆီးဓားကို သန့်စင်ဖို့ အချိန်တော့ လိုတယ်။ ဒါပေမယ့် အဆ ၁၀,၀၀၀မြှင့်တင်မှုအောက်မှာ ချီမင်က သုံးရက်ပဲ သုံးပြီး နှစ်ခုလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်သွားတယ်။

အချိန်က မြန်မြန်ကုန်သွားတယ်။ အထူးသဖြင့် ကျင့်ကြံနေချိန်မှာဖြစ်တယ်။

မျက်တောင်တစ်ခတ်စာလိုပဲ ခံစားရတယ်။

ညဘက်ရောက်တော့…

တင်း!

“ကမ္ဘာဖျက်ဆီးဓားကို အဆ ၁၀,၀၀၀ မြှင့်တင်မှုအောက်မှာ သုံးရက်တာ ကျင့်ကြံပြီးပါပြီ။ ပစ္စည်းအားလုံးကိုပေါင်းစပ်ပြီး ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ ကမ္ဘာဖျက်ဆီးဓားကို အောင်အောင်မြင်မြင် သန့်စင်ပြီးသွားပါပြီ!”

…

တင်း!

“ဓားတောင်ကို အဆ ၁၀,၀၀၀ မြှင့်တင်မှုအောက်မှာ သုံးရက်တာ ကျင့်ကြံပြီးပါပြီ။ ပစ္စည်းအားလုံးကို ပေါင်းစပ်ပြီး ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ ဓားတောင်ကို အောင်အောင်မြင်မြင် သန့်စင်ပြီးသွားပါပြီ!”

…

ဗြုန်း! ဗြုန်း!

နောက်တစ်ခဏမှာပဲ ချီမင်ရဲ့ တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူက နှိုင်းဆလို့ မရအောင် နက်နဲတဲ့ အခြေအနေတစ်ခုထဲကို ရောက်သွားတယ်။ ဒီအခြေအနေမှာ သူ တိုက်ရိုက် အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်နိုင်ပြီး ပစ္စည်းအမျိုးမျိုးကို အပြီးပြည့်စုံဆုံးနည်းလမ်းနဲ့ သန့်စင်နိုင်တယ်။

ပထမဆုံးအနေနဲ့ ကမ္ဘာဖျက်ဆီးဓားကို သန့်စင်ဖို့ ပစ္စည်းတွေက ကမ္ဘာဖျက်ဆီးကျောက်တုံး၊ ဓားတာအိုကျောက်တုံး၊ ကောင်းကင်တာအိုကျောက်တုံး၊ ဓာတ်ငါးပါးကမ္ဘာ့ကျောက်တုံး၊ အချိန်နေရာကျောက်တုံး၊ နဲ့ မူလရေစင် တို့ ဖြစ်တယ်။

ပစ္စည်းအားလုံးကို အပြည့်အဝ သန့်စင်နိုင်လိုက်တယ်။ သောင်းပြောင်းစိမ်းရင့်မီးတောက်ရဲ့ သမရိုးကျပြုလုပ်မှုအောက်မှာ အညစ်အကြေးအားလုံး ဖယ်ရှားပြီး အပြည့်အဝ ပေါင်းစပ်သွားတယ်။

တဖြည်းဖြည်းနဲ့ သုံးပေရှည်တဲ့သန္ဓေသားပုံစံ ကြေးဓားကို သန့်စင်လာတယ်။

ပြီးတော့ မူလရေစင်ကို သုံးပြီး အအေးခံတယ်။

နောက်ဆုံးမှာ ဓားတာအိုအမြင်အမျိုးမျိုးကို ဒီဓားထဲ ထိုးသွင်းပြီး ပေါင်းစပ်လိုက်တယ်။

ကလန်း!

ဓားအော်သံနဲ့အတူ အစိမ်းရောင် ကမ္ဘာဖျက်ဆီးဓားကို သန့်စင်ပြီးစီးသွားတယ်။ ဒါက ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဓမ္မရတနာ တစ်ခုဖြစ်ပေမယ့် သူ့ရဲ့ တကယ့်စွမ်းအားက သူ့အဆင့်ထက် အများကြီး ကျော်လွန်နေတယ်။

ဒါ့အပြင် ကမ္ဘာဖျက်ဆီးဓားက တကယ့်ကို တိုက်ခိုက်ရေးသက်သက် ကိုယ်ပိုင်ရတနာ ဖြစ်တယ်။ ခုခံရေးမရှိဘူး၊ ဒါကြောင့် သူ ထုတ်လွှတ်တဲ့ တိုက်ခိုက်မှု စွမ်းအားက သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား ထက်တောင် ပိုကြောက်စရာကောင်းတယ်။

ဒီအချိန်မှာပဲ ဓားတောင်ကိုလည်း သန့်စင်ပြီးသွားတယ်။

ဓားတောင်ကို သန့်စင်ဖို့ ပစ္စည်းတွေကသက်ရှိအားလုံးရဲ့ရင်းမြစ်ချီတစ်မျှင်၊ ကမ္ဘာ‌မြေဆီလွှာတစ်ခု၊ ဓာတ်ငါးပါး ဓားတာအိုကျောက်တုံး တစ်ခု၊ နဲ့ မူလရေစင် အနည်းငယ်တို့ ဖြစ်တယ်။

ဓားတောင်ကို သန့်စင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အနည်းဆုံးပဲ။ ဒါပေမယ့် သက်ရှိအားလုံးရဲ့ရင်းမြစ်ချီ ပဲဖြစ်ဖြစ်၊ ကမ္ဘာမြေဆီလွှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဓာတ်ငါးပါးဓားတာအိုကျောက်တုံး ပဲဖြစ်ဖြစ် ဒါတွေအားလုံးက သာမန်မဟုတ်ဘဲ ထူးခြားတဲ့ တန်ဖိုးတွေ ရှိတယ်။

ဥပမာအနေနဲ့ သက်ရှိအားလုံးရဲ့ရင်းမြစ်ချီ ကို ကြည့်မယ်ဆိုရင်

ကောင်းကင်နဲ့ မြေကြီးမှာ ပထမဆုံး ပေါ်လာတဲ့ ချီမျှင်က အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပြီး အရာအားလုံးကို မွေးမြူပေးတယ်။ ဝါနက်ရောင်ရဲ့ အလေးချိန်က အမျှင်လေးတစ်ခုပဲ ရှိပေမယ့်တောင်တန်းကိုတောင် ကြေမွစေနိုင်တယ်။

ချီမင်က ဒီပစ္စည်းတွေကို အတူတူပြီးပြည့်စုံစွာနဲ့သန့်စင်ပြီး သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှု အမျိုးမျိုးကို ပေါင်းစပ်ထည့်သွင်းပြီး ဓားတောင်ကို အောင်အောင်မြင်မြင် သန့်စင်လိုက်တယ်။

ဘူးဇ်!

ဓားတောင်က လုံးဝ အမည်းနဲ့ အဝါရောင် ဖြစ်နေတယ်။ မှိန်ဖျော့ဖျော့ အရောင်အဝါလေး သူ့ပတ်လည်မှာ ရှိနေတယ်။ သူ့ရဲ့ ကြမ်းတမ်းတဲ့ အသွင်အပြင်က ဓားရိုးတစ်ခုနဲ့တူပြီး ချီမင်ရဲ့ ရှေ့မှာ ပေါလောမျောနေတယ်။ လက်ဖဝါးအရွယ်ပဲ ရှိပေမယ့် သူ့ရဲ့ အလေးချိန်ကို ခန့်မှန်းဖို့ ခက်တယ်။အပြည့်အဝပေါက်ကွဲထွက်လာရင် တောင်တန်းကိုတောင် အလွယ်တကူ ကြေမွစေနိုင်တယ်။

ဘူးစ်! ဘူးစ်! ဘူးစ်!

နောက်တစ်ခဏမှာပဲ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ ကမ္ဘာဖျက်ဆီးဓား၊ နဲ့ ဓားတောင်တို့ကသူတို့ဘာသာ ပေါ်လာကြတယ်။ သူတို့မှာ ကိုယ်ပိုင် ဝိညာဉ် ရှိပုံရပြီး တြိဂံပုံသဏ္ဌာန် တည်ဆောက်ကာ ချီမင်ကို ဝန်းရံလိုက်ကြတယ်။

“ကောင်းပြီ!”

ချီမင် ပြုံးလိုက်တယ်။ ကိုယ်ပိုင်ရတနာ သုံးခုရဲ့ စွမ်းအားကို ခံစားမိပြီး စိတ်အခြေနေ တော်တော်လေး ကောင်းနေတယ်။

မဟာရွှေအမြူတေတာအို ကျမ်းကို ကျွမ်းကျင်ခြင်း မရှိသေးပေမယ့် ကိုယ်ပ်ိုင်ဓမ္မရတနာ သုံးခုကို သန့်စင်နိုင်တာကတော့ ဝမ်းသာစရာ ကိစ္စဖြစ်တယ်။

ကိုယ်ပိုင်ဓမ္မရတနာတွေကို ကိုယ်ပိုင်လို့ ခေါ်ရတဲ့ အကြောင်းရင်းက သာမန် ကျင့်ကြံသူ တစ်ယောက်ဟာ သူတို့ တစ်သက်တာမှာ တစ်ခုပဲ သန့်စင်နိုင်လို့ဖြစ်တယ်။

ဒါပေမယ့် အခုတော့ ချီမင်က စည်းမျဉ်းကို တိုက်ရိုက် ချိုးဖောက်ပြီး ကိုယ်ပိုင်ဓမ္မရတနာ သုံးခုကို သန့်စင်လိုက်ပြီ။ ဒါက မကြုံဖူးတဲ့ ထူးခြားတဲ့ အောင်မြင်မှု တစ်ရပ်လို့ ပြောလို့ရတယ်။ ဒါက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ စွမ်းအားလည်း ဖြစ်တယ်။

ကိုယ်ပ်ိုင်ဓမ္မရတနာ သုံးခု စုစည်းလိုက်တဲ့အခါ အရမ်း နက်နဲတဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာတယ်။ သူတို့က အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပါဝင်တဲ့ အလင်းတန်းတွေ ထုတ်လွှတ်ပြီး ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားတယ်။

“ဒါက…”

ချီမင် ချက်ချင်း သူ့ခန္ဓာကိုယ်ထဲက အခြေအနေကို သိလိုက်တယ်။ အံ့သြဖို့ အချိန် မရလိုက်ဘဲ ချက်ချင်း မျက်လုံးမှိတ်ပြီး ကျင့်ကြံမှုနည်းလမ်းကို လည်ပတ်စေကာ ဂရုတစိုက် နားလည်စဉ်ခြင်လိုက်တယ်။

ဒီခံစားချက်က တကယ်ပဲ ထူးဆန်းတယ်။

ကိုယ်ပိုင်ဓမ္မရတနာ သုံးခုက ချီမင်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပုံသေလေးဆေးကြော‌ နေတယ်။ သူတို့က ချီမင်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ထဲက အညစ်အကြေးတွေကို ဖြည်းဖြည်းဖယ်ရှားနေပြီး ပိုပြီး သန့်စင်လာတယ်။

ချီမင်က လေထဲ မြောနေသလို ခံစားရတယ်။

ဒါ့အပြင် ဒီအခြေအနေက အတော်ကြာ ဆက်ရှိနေပြီး တစ်ရက်ပြည့်တဲ့အထိ ဆက်ဖြစ်နေပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

တင်!

“လက်ခံသူ က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ ကိုယ်ပိုင်ဓမ္မရတနာ သုံးခုကို အောင်အောင်မြင်မြင် သန့်စင်ပြီးတဲ့အတွက် ဂုဏ်ယူပါတယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ အကြီးမားဆုံး အကျိုးသက်ရောက်မှုကို ထုတ်လွှတ်နိုင်ပါပြီ။ ကိုယ်ပိုင်ဓမ္မရတနာ သုံးခုက လက်ခံသူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဆေးကြောပြီးလက်ခံသူရဲ့ အရည်အချင်း တိုးတက်လာစေပါတယ်။”

“ငါအရည်အချင်း တိုးတက်လာတယ်”

ချီမင် ပျော်ရွှင်လွန်းလို့ နည်းနည်း မသေချာဘူး ဖြစ်သွားတယ်။ သူ အံ့အားသင့်စွာ ပြောလိုက်တယ် “သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းမှာ ဒီလို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ တကယ် မျှော်လင့်မထားမိဘူး”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ တာအိုရှင်ကောင်းကင်ဘုံဉာဏ်အလင်း၊ လုဖုန်းကျန်း၊ နဲ့ လက်ရှိ ဂိုဏ်းချုပ် ယန်လီတို့က ကိုယ်ပိုင်ဓမ္မရတနာ တစ်ခုစီပဲ သန့်စင်နိုင်ခဲ့ကြတယ်။

သဘာဝအားဖြင့် သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ ကိုယ်ပိုင်ဓမ္မရတနာသုံးခုကို အောင်အောင်မြင်မြင် သန့်စင်ပြီးရင် ကိုယ့်အရည်အချင်းကို တိုးမြှင့်ပေးနိုင်တဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။

တင်း!

“ဝိညာဉ်အမြစ်မှာ ပြောင်းလဲမှု မရှိပါဘူး။ ခန္ဓာကိုယ်က သေမျိုးခန္ဓာ ကနေ ဓားအရိုး ဝိညာဉ်ခန္ဓာအဆင့်ကို တိုးတက်သွားပါပြီ။ နားလည်မှုက သေမျိုး ကနေ ထူးချွန် အဆင့်ကို တိုးတက်သွားပါပြီ။ အခြေခံက သာမန် ကနေ ထူးကဲအဆင့်ကို တိုးတက်သွားပါပြီ။ ကံကောင်းခြင်းမှာ ပြောင်းလဲမှု မရှိပါဘူး။”

“ဝိညာဉ်အမြစ်နဲ့ ကံကောင်းခြင်းမှာ ပြောင်းလဲမှု မရှိဘူး”

ချီမင် ပျော်ပျော်ရွှင်ရွှင် ပြုံးလိုက်တယ်။ “ငါ့ရဲ့ ကိုယ်ခန္ဓာ၊ နားလည်မှု၊ နဲ့ အခြေခံတွေအားလုံး ပထမအဆင့်ကနေ ဒုတိယအဆင့်ကို တက်သွားတယ်။ အဆင့်တစ်ခုစီ တိုးတက်သွားတယ်။ ကောင်းတယ် ကောင်းတယ်”

အရည်အချင်း တိုးတက်လာတာကတော့ တကယ့်ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာ ကိစ္စဖြစ်တယ်။

တင်း!

“မဟာရွှေအမြူတေတာအို ကျမ်းကို အဆ ၁၀,၀၀၀ မြှင့်တင်မှုအောက်မှာ လေးရက်တာ ကျင့်ကြံပြီးပါပြီ။ သင်ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုကို အောင်အောင်မြင်မြင် ထိုးထွင်းသိမြင်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ကျယ်ပြောမှုကို ခံစားမိသွားပါပြီ။ မဟာရွှေအမြူတေတာအို ကျမ်းကတရားဝင်အစပြူသူအဆင့်ကို ရောက်ရှိသွားပါပြီ။”

“ဒါက…”

ချီမင်အပျော်လွန်းသွားတယ်။ “နောက်ဆုံးတော့ အစပြူသူ အဆင့်ကို ရောက်သွားပြီ။ ဒါက အရည်အချင်း တိုးတက်လာတာကြောင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုလား။ အကြာကြီး ဆက်တိုက် ကျင့်ကြံပြီးမှ နောက်ဆုံးတော့ အောင်မြင်ပြီ!”

ဒီခံစားချက်ကတော့ နောက်ဆုံးမှာ အောင်မြင်မှု ရလိုက်သလိုပဲ။

ဘူးစ်!

ချီမင် အဲဒီ နက်နဲတဲ့ အခြေအနေထဲ ဝင်ရောက်သွားပြီး မဟာရွှေအမြူတေတာအို ကျမ်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ထိုးထွင်းသိမြင်သွားတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုကိုသိမြင်ပြီး အဲဒီထဲမှာ နစ်မြုပ်နေခဲ့တယ်။

မကြာခင်မှာပဲ ချီမင် သတိပြန်ဝင်လာတယ်။

ချီမင်က အမြူတေဖွဲ့စည်းခြင်းအဆင့်ကို မရောက်သေးဘူး။ ဘာလို့လဲဆိုတော့ သူက မဟာရွှေအမြူတေတာအို ကျမ်းရဲ့ အစပြူသူအဆင့်ပဲ ရောက်ရှိသေးပြီး ကျွမ်းကျင်ခြင်း မရှိသေးဘူး။ ချိုးဖြတ်ဖို့ဆိုတာ သဘာဝအားဖြင့် မဖြစ်နိုင်သေးဘူး။

ဒါပေမယ့် သူက အစပြူသူ အဆင့်ပဲ ရောက်ရှိသေးပေမယ့် ချီမင်အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာတယ်။

ဥပမာအနေနဲ့ ချီမင်ရဲ့ လက်ရှိ ပုံမှန်မဟုတ်တဲ့အရှိန်အဝါက ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်လာတယ်။ ဒါကပိုပြီး သဘာဝကျလာပြီး ဒီကမ္ဘာကြီးနဲ့ ပေါင်းစည်းသွားပြီး ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားသလိုဖြစ်တယ်။

သူ့ရဲ့ လှုပ်ရှားမှုတိုင်းမှာ သဘာဝကျတဲ့တာအိုဆွဲဆောင်မှု ရှိနေတယ်။

“မဟာရွှေအမြူတေတာအို ကျမ်းရဲ့အစပြူသူတဲ့ အဆင့်ကို ရောက်သွားပြီဆိုတော့ တိုးတက်ဖို့ မကြာတော့ဘူး”

“ဆက်ပြီး အလိုအလျောက်ကျင့်ကြံခြင်း လုပ်ပြီး မဟာရွှေအမြူတေတာအို ကျမ်းကို ကျင့်ကြံရမယ်”

တင်!

“လက်ခံသူ ရဲ့ အရည်အချင်း တိုးတက်လာခြင်းကြောင့် အလိုအလျောက်ကျင့်ကြံခြင်းရဲ့ ကုန်ကျမှု ကိုဆယ်ဆ လျှော့ချလိုက်ပါပြီ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်လုံးတိုင်းဟာ ကျင့်ကြံမှုအရှိန်ကို တစ်ဆ တိုးမြှင့်ပေးနိုင်ပါပြီ။”

“ကောင်းတယ် ကောင်းတယ်”

ချီမင် ပိုတောင် ကျေနပ်သွားတယ်။ “ဒါက အရည်အချင်း တိုးတက်လာခြင်းရဲ့ အကျိုးကျေးဇူးပဲ။ အလိုအလျောက်ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံး ကုန်ကျမှုက သိသိသာသာ လျှော့ချသွားပြီ”

နောက်ပိုင်းချီမင်တိမ်ပြိုတောင်ထွတ်ကနေ တစ်လှမ်းတောင် မခွာဘူး။ အလိုအလျောက်ကျင့်ကြံခြင်းနေရာ သုံးခုထဲမှာ မဟာရွှေအမြူတေတာအို ကျမ်း တစ်ခုတည်းကိုပဲ ကျင့်ကြံတယ်။ ဒါပေမယ့် ကျန်တဲ့ အလိုအလျောက်ကျင့်ကြံခြင်း နေရာ နှစ်ခုကအမြဲ လွတ်နေတယ်။

ချီမင်ဟာ အခြေခံတည်ဆောက်ခြင်းဆေးကပ်ဘေးဒုက္ခ ဆေးဆရာ ဖြစ်နေပြီဖြစ်ပြီး ထိပ်တန်း အဆင့်အခြေခံတည်ဆောက်ခြင်းဆေးတွေကို သန့်စင်နိုင်တယ်။ အလိုအလျောက်ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံး ကုန်ကျမှု သိသိသာသာ လျော့ကျသွားတာနဲ့ ပေါင်းလိုက်တော့ ဝိညာဉ်ကျောက်တုံး မလုံလောက်မှာကို စိတ်ပူစရာ မလိုတော့ဘူး။

ဒါ့အပြင် နေ့တိုင်း ရှုတောင်နတ်ဆိုးဖိနှိပ်စေတီကို ရှင်းလင်းပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁ သန်းနဲ့ မတူညီတဲ့ ဆုလာဘ်တွေ ရရှိတယ်။ ကျင့်ကြံမှုနည်းလမ်းတွေ၊ သိုင်းနည်းစနစ်တွေ၊ ရတနာတွေ၊ နဲ့ ပစ္စည်းအမျိုးမျိုး ရတယ်။

ရှုတောင်နတ်ဆိုးဖိနှိပ်စေတီကနေ နောက်ပိုင်း ရလာတဲ့ သိုင်းနည်းစနစ်တွေက သိပ်မသန်မာတဲ့အတွက် ချီမင် ကျင့်ကြံဖို့ သိပ်စိတ်မဝင်စားဘူး။

ဒါပေမယ့် အလိုအလျောက်ကျင့်ကြံခြင်းနေရာတွေက လွတ်နေတယ်။ ချီမင်မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေတာနဲ့ ပေါင်းလိုက်တော့ ရရှိထားတဲ့ သိုင်းနည်းစနစ်အားလုံးကို ကျင့်ကြံလိုက်တာ ပိုကောင်းတယ်။

မသိလိုက်ဘဲ ချီမင်ကိုယ်တိုင် သိုင်းနည်းစနစ်ပေါင်းများစွာကို သင်ယူပြီးသား ဖြစ်နေပြီ။

အမျိုးအစားတွေ အများကြီး ရှိတယ်။

ကုသတာ၊ ပိတ်လှောင်တာ၊ တိုက်ခိုက်တာ၊ ကာကွယ်တာ၊ အစီအရင်ဖွဲ့စည်းတာ…

မျက်စိတစ်မှိတ်အတွင်း နွေကုန်ပြီး ဆောင်းရောက်လာတယ်။

တစ်နှစ် ကြာသွားတယ်။

ချီမင်ကအခြေခံတည်ဆောက်ခြင်းဆေးကပ်ဘေးဒုက္ခ ဆေးဆရာ ဖြစ်ရုံတင် မဟုတ်ဘူး၊ ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းအစီအရင်ဆရာ နဲ့ အခြေခံတည်ဆောက်ခြင်း လက်နက်ကပ်ဘေးဒုက္ခလက်နက်သန့်စင်‌မှုဆရာ လည်း ဖြစ်လာတယ်။ သူ့ရဲ့ အဆင့်ကြောင့် ဒီ ပညာရပ် သုံးမျိုးက ဆက်ပြီး တိုးတက်လို့ မရတော့ဘဲ ဒီအဆင့်မှာ ရပ်နေတယ်။

ဆေးဆရာ၊ အစီအရင်ဆရာ၊ နဲ့ လက်နက်သန့်စင်မှုဆရာတို့ရဲ့ အဆင့်တွေက အကြမ်းဖျင်း အတူတူပဲဖြစ်တယ်။

အဓိကအားဖြင့် ကျင့်ကြံမှုအဆင့်အလိုက် အဓိကနယ်ပယ်တွေကို ခွဲခြားထားတယ်။

ဆေးဆရာရဲ့ အဓိကနယ်ပယ်တိုင်းကို အဆင့်လေးဆင့် ခွဲခြားထားတယ်- ဆေးစာလုံး ဆေးတိမ်တိုက်၊ ဆေးဝိညာဉ်၊ နဲ့ ဆေးကပ်‌ဘေးဒုက္ခ။

အစီအရင်ဆရာရဲ့ အဓိကနယ်ပယ်တိုင်းကို အဆင့်လေးဆင့် ခွဲခြားထားတယ်- အစ၊ အလယ်၊ အမြင့်၊ နဲ့ ထိပ်တန်း။

လက်နက်သန့်စင်မှုဆရာရဲ့ အဓိကနယ်ပယ်တိုင်းကို အဆင့်လေးဆင့် ခွဲခြားထားတယ်- လက်နက်စာလုံး၊ လက်နက်တိမ်တိုက်၊ လက်နက်ဝိညာဉ်၊ နဲ့ လက်နက်ကပ်‌ဘေးဒုက္ခ။

တစ်နှစ်အတွင်း ချီမင်ရဲ့ ပြောင်းလဲမှုက တော်တော်ကြီးတယ်။

ဒီနေ့ထုံးစံအတိုင်း တိမ်ပြိုတောင်ထွတ်မှာဖြစ်တယ်။

ဟော့ချန်ချင်း၊ သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်၊ မဟာလင်းနို့နတ်ဆိုး၊ နဲ့ ချီမင် ဆိုပြီး လူ လေးယောက်ပဲ ရှိတယ်။ တကယ်တော့ သွေးမိစ္ဆာနတ်‌ဆိုးသရဲဘုရင်နဲ့ မဟာလင်းနို့နတ်ဆိုးကို ‘လူ’ လို့ ခေါ်လို့ မရဘူး။

ချီမင်ကတကယ်တော့အရမ်း အေးချမ်းနေတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှာ ဂိုဏ်းကာကွယ်ရေးအစီအရင်ကြောင့်ရယ်၊ ချီမင်က တိမ်စိမ်းတောင်ထွတ် ရဲ့ အမွေခံတပည့် ဖြစ်တဲ့အပြင် သူ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ကလည်း မြင့်မားတဲ့အတွက်ရယ်၊ သူ အပြင်ထွက် ပျော်ပါးတာ မလုပ်သရွေ့၊ ဂူစံအိမ်ထဲမှာ နေသရွေ့ အခြေခံအားဖြင့် ဘယ်အန္တရာယ်နဲ့မှ မကြုံနိုင်ဘူး။

အရင်တုန်းက ဖြစ်ခဲ့တာတွေကတော့ ချွင်းချက်ဖြစ်တယ်။

တိမ်ပြိုတောင်ထွတ်က အရမ်းတိတ်ဆိတ်နေတယ်။

“ဆရာဦးလေး”

ရင်းနှီးတဲ့ အသံတစ်ခု တောင်အောက်ကနေ ထွက်ပေါ်လာတယ်။

“ဒီကောင်မလေးရောက်လာပြန်ပြီ” ချီမင် ခေါင်းခါလိုက်တယ်။

လွန်ခဲ့တဲ့တစ်နှစ်ခန့်က လုချင်းယန်က ရှောင်ဖန်းနဲ့ ယွမ်ဖုန်းဆိုတဲ့ တပည့်နှစ်ယောက်ကို လက်ခံခဲ့တယ်။ ချီမင်က သူတို့ရဲ့ ဆရာဦးလေး ဖြစ်ပြီး အမွေခံတပည့်လည်း ဖြစ်တယ်။

သူတို့နှစ်ယောက် တိမ်ပြိုတောင်ထွတ်ကို မကြာခဏ လာပြီး ချီမင်ဆီက လမ်းညွှန်မှု တောင်းကြတယ်။

အရေးကြီးဆုံးကတော့ ချီမင်က မဟာရွှေအမြူတေတာအို ကျမ်းရဲ့အစပြူသူအဆင့်ကိုကျော်လွန်ပြီးသား ဖြစ်နေပြီ။ နေ့တိုင်း ကျင့်ကြံနေတာနဲ့ ပေါင်းလိုက်တော့ မဟာရွှေအမြူတေတာအိုအပေါ် သူ့ရဲ့ နားလည်မှုက ပိုပြီး ခိုင်မာလာတယ်။

လွန်ခဲ့တဲ့ခြောက်လလောက်က သူ ပျင်းပျင်းရှိတာနဲ့ ယွမ်ဖုန်းကို ဟိုတစ်စ ဒီတစ်စ လမ်းညွှန်လိုက်တယ်။ နောက်ဆုံးတော့ သူမက နေရာမှာတင် ဉာဏ်အလင်းရသွားပြီး အဆင့်တက်သွားတယ်။ သူမကချီသန့်စင်ခြင်း အဆင့်ခုနစ် ရောက်နေပြီ။

ချီမင်က မဟာရွှေအမြူတေတာအို ကျမ်းကို တိုးတက်မှုက နောက်ရက်အနည်းငယ်အတွင်း ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်။

All Chapters