← Chapters

ဝိညာဉ်ဟင်းပွဲနှင့် ဝိညာဉ် စားဖိုမှူး

Vol. 5 Ch. 73

ဝိညာဉ်ဟင်းပွဲနှင့် ဝိညာဉ် စားဖိုမှူး

Vol. 5 Ch. 73

“ဆရာဦးလေးကိုနှုတ်ဆက်ပါတယ်။”

ယွမ်ဖုန်းက တောင်ပေါ်ကို ရောက်လာတယ်။။ သူမက ချီမင့်ကို အရမ်းကို ရိုသေတဲ့ဟန်နဲ့ ဦးညွှတ်လိုက်တယ်။ သူမရဲ့ မျက်လုံးဝိုင်းကြီးတွေက ချီမင့်ကို ကြည့်နေရင်း စိတ်ထဲမှာတော့ အတွေးတွေ အမျိုးမျိုး လည်ပတ်နေတယ်။

ဒီလောက်ကြာအောင် ထိတွေ့ဆက်ဆံလာပြီးတဲ့နောက် ယွမ်ဖုန်းက သူမရှေ့ကဒီဆရာဦးလေးက‌ နေရာတိုင်းမှာတော်တယ်လို့ခံစားလာရတယ်။ စိတ်ထားလည်းကောင်း၊ ကျင့်ကြံခြင်းအဆင့်လည်းမြင့်၊ ရုပ်ရည်ကလည်းချောမောပြီး စကားပြောရင်လည်း နူးညံ့တယ်။ သူမကို သာမန်ကာလျှံကာလမ်းညွှန်လိုက်တာနဲ့ သူမက နားလည်သဘောပေါက်ပြီး အဆင့်တက်သွားတယ်။

တစ်ခုတည်းသော အားနည်းချက်ကတော့ သူက အပြင်မထွက်တာပဲ။

တစ်နှစ်တောင် ရှိနေပြီ။

ဆရာဦးလေးက တောင်အောက်ကို ခြေတစ်လှမ်းတောင် မဆင်းဘူး။

သူက တံခါးပိတ်ကျင့်ကြံနေတယ်ဆိုရင်တော့ နားလည်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူတစ်ယောက် တံခါးပိတ်ကျင့်ကြံတိုင်း၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့် မြင့်လေလေ၊ တံခါးပိတ်ကျင့်ကြံချိန် ကြာလေဖြစ်တယ်။ နက်နဲတဲ့အဆင့်မှာဆိုရင်နှစ်တစ်ရာကျော်ကြာအောင် တံခါးပိတ်ကျင့်ကြံတာမျိုးတောင် ဖြစ်နိုင်တယ်။

ဒါပေမဲ့ သူမ ဆရာဦးလေးကို လာတွေ့တိုင်း သူက ပျင်းရိစွာနဲ့ ပန်းတွေ၊ လမင်းကို ရှုစားနေတာပဲ တွေ့ရတယ်။ သူ တံခါးပိတ်ကျင့်ကြံနေတာကို လုံးဝမမြင်ရဘူး။

သူက တောင်ပေါ်မှာ အေးအေးဆေးဆေး တစ်ကိုယ်တည်းနေတဲ့သူမှန်း ရှင်းနေတာပဲ။

“ဘာလို့ ကျင့်ကြံမှုကို သေချာမလုပ်နေတာလဲ။” ချီမင်က မေးလိုက်တယ်။

“ဆရာဦးလေး၊” ယွမ်ဖုန်းက ပြုံးစစနဲ့ ပြောလိုက်တယ်၊ “ကျွန်မ အခုတလော ဟင်းချက်နည်းအသစ်တစ်ခု သင်ထားလို့ ဆရာဦးလေး တိမ်ပြိုတောင်ထွတ်မှာ တစ်ယောက်တည်း ပျင်းနေမှာပဲဆိုတာ စဉ်းစားမိတာနဲ့ အဖော်လုပ်ပေးပြီး အပျင်းဖြေပေးမလို့ အထူးတလည် လာခဲ့တာပါ။”

“အပျင်းဖြေစရာ မလိုပါဘူး။ မင်း ဘာဟင်းချက်နည်း သင်ထားလဲ ကြည့်ရအောင်။” ချီမင်က လက်ဟန်ပြလိုက်တယ်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။” ယွမ်ဖုန်းက ခေါင်းကို မြန်မြန်ညိတ်ပြတယ်။

သူမက သိုလှောင်အိတ်ထဲကနေ မီးဖိုချောင်သုံးပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီး ချီမင့်ရှေ့မှာ စတင်ချက်ပြုတ်တော့တယ်။ သူမသုံးတဲ့ ပါဝင်ပစ္စည်းတွေကတော့ အရသာရှိပြီး မွှေးကြိုင်တဲ့ ကျောက်စိမ်းဖီးနစ်ကြက်သားဖြစ်တယ်။ ဝိညာဉ်စွမ်းအင်တွေပါတဲ့ ဖြည့်စွက်ပစ္စည်းအမျိုးမျိုးနဲ့ ဝိညာဉ်စားဖိုမှူးတစ်ယောက်ရဲ့ ချက်ပြုတ်နည်းတွေ ပေါင်းစပ်လိုက်တော့ ပါဝင်ပစ္စည်းတွေက သူမလက်ထဲမှာ အပေါ်အောက်ပျံဝဲနေတော့တယ်။

မကြာခင်မှာပဲ ချီမင်ရဲ့ စိတ်ကိုစွဲ ဆောင်နိုင်လောက်တဲ့ မွှေးရနံ့တစ်ခုကို ရလိုက်တယ်။

ချီမင်က တိမ်ပြိုတောင်ထွတ်မှာပဲနေပြီး အပြင်ကို လုံးဝမထွက်‌ပေ။သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်၊ ဟော့ချန်ချင်းတို့နဲ့လည်း ချီမင်က စကားမပြောဖြစ်ဘူး။ ဒီကမ္ဘာမှာ ကမ္ဘာမြေပေါ်ကလို ဖျော်ဖြေရေးနည်းလမ်းတွေ မရှိတာနဲ့ပေါင်းလိုက်တော့ သူက တကယ်တော့ နေ့တိုင်း တော်တော်ပျင်းနေခဲ့တာဖြစ်တယ်။

တစ်ခါတစ်လေ သူက ကောင်းကင်ကြီးကို ငေးကြည့်ရင်း အတွေးလွင့်နေတတ်တယ်။

အစပိုင်းမှာတော့ ယွမ်ဖုန်း တိမ်ပြိုတောင်ထွတ်ကို လာတိုင်း ချီမင်က သိပ်ပြီး မငြင်းဆန်ခဲ့ဘူး။ စကားပြောဖော်တစ်ယောက် ရှာချင်တယ်လို့တောင် ပြောလို့ရတယ်။ သူမဆီကနေ တိမ်စိမ်းတောင်ထွတ်က တပည့်တွေအကြောင်း နည်းနည်းပါးပါး သိနိုင်တယ်။အချိန်လည်း ကုန်သလိုဖြစ်တယ်။

တစ်ခါကယွမ်ဖုန်းက ချီမင့်အတွက် “တောင်တန်းမြစ်ငါးပေါင်း” ဆိုတဲ့ ဝိညာဉ်ဟင်းပွဲတစ်ခု ချက်ပြုတ်ပေးဖူးတယ်။

အဲ့ဒီအချိန်ကစပြီး ချီမင့်ရဲ့ အစားချစ်သူစိတ်က နိုးထလာတော့တယ်။

သူက ဘာပဲဖြစ်ဖြစ် ‘အစားအသောက်ကြိုက်သူများအဖွဲ့’ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ အရိုးထဲမှာကိုက အစားချစ်သူတစ်ယောက်ဖြစ်တယ်။၊ ဒါပေမဲ့ အရင်က သူ့ရဲ့ဆန္ဒက သိပ်မသိသာဘူး။

အခုတော့ ချီမင်က အရသာရှိတဲ့ ဝိညာဉ်အစားအစာတွေကို မသိလိုက်မသိဘာသာနဲ့ ကြိုက်နှစ်သက်သွားပြီ။ ဝိညာဉ်အစားအစာတွေကို ဝိညာဉ်စားဖိုမှူးတစ်ယောက်ကသာ ချက်ပြုတ်နိုင်တယ်။

ဝိညာဉ်အစားအစာတိုင်းက အရသာရှိရုံတင်မကဘူး၊ ချီမင် အရင်က စားခဲ့ဖူးတဲ့ အစားအစာတွေအားလုံးထက် အများကြီးသာလွန်ပြီးတော့ မတူညီတဲ့ အကျိုးအာနိသင်အမျိုးမျိုးလည်း ရှိသေးတယ်။

ယွမ်ဖုန်းက ယွမ်ရှန့်အင်ပါယာမှာ ဝိညာဉ်စားဖိုမှူးတွေနဲ့ ထိတွေ့ခဲ့ဖူးတယ်။ သူတို့က အနိမ့်ဆုံးအဆင့် ဝိညာဉ်စားဖိုမှူးတွေ ဖြစ်ပေမဲ့ သူမက ဝိညာဉ်ဟင်းပွဲတချို့ ချက်တတ်နေသေးတော့ ချီမင့်ကို အကုန်လုံး မြည်းစမ်းခိုင်းတယ်။

နောက်ပိုင်းယွမ်ဖုန်းက ချီမင့်ရဲ့ လမ်းညွှန်မှုကိုရပြီး သူ စကားအနည်းငယ် ပြောလိုက်ရုံနဲ့ အဆင့်တက်သွားတယ်။ သူက ယွမ်ဖုန်းရဲ့ ဆရာဦးလေးဖြစ်သလို အမွေခံတပည့်လည်း ဖြစ်တယ်။

ချီမင့်ဆီကမျက်နှာသာရဖို့အတွက် ယွမ်ဖုန်းက ဝိညာဉ်ဟင်းပွဲတွေအပေါ် အချိန်အများကြီး သုံးပြီး သုတေသနလုပ်ခဲ့တယ်။ သူမက အရည်အချင်းပြည့်ဝတဲ့ ဝိညာဉ်စားဖိုမှူးတစ်ယောက် ဖြစ်နေခဲ့ပြီ။ အခု သူမလုပ်နေတာက အသစ်သင်ထားတဲ့ ဝိညာဉ်ဟင်းပွဲဖြစ်တယ်။

နာမည်ကတော့ - ဖီးနစ်ပေါင်းစည်းခြင်း။

နာမည်ကတော့ အရမ်းလှတယ်။

တကယ်တော့ ဒါက ‘ကြက်ကင်’ ပဲဖြစ်တယ်။

ဒါပေမဲ့ ကျင့်ကြံခြင်းလောကရဲ့ ‘ကြက်ကင်’ ပေါ့။

“ဆရာဦးလေး။” ယွမ်ဖုန်းက ရွှေဝါရောင် ဟင်းပွဲကို ချက်ပြီး ချီမင့်ကို ကမ်းပေးလိုက်တယ်။ လန်းဆန်းတဲ့ရနံ့တစ်ခုက ချီမင့်နှာခေါင်းထဲ စိမ့်ဝင်လာပြီး သူမရဲ့အသံကို ကြားလိုက်ရတယ်၊ “မြည်းကြည့်ပါဦး။”

“ကောင်းပြီလေ။”

ချီမင်ကဟန်လုပ်စရာမလိုတော့ဘဲ ကျင့်ကြံခြင်းလောကရဲ့ ကြက်ကင်ကို မြည်းစမ်းလိုက်တယ်။ ကြွပ်ရွပြီး အရသာကလည်း ကောင်းတယ်။ အသားက မွှေးပြီး အရည်ရွှမ်းနေသလို ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးရဲ့ အနံ့ကလည်း အသားထဲကို စိမ့်ဝင်နေတယ်။

တစ်လုံးတည်းပြောရရင် - အရသာရှိတယ်!

“မဆိုးပါဘူး။”

ချီမင် စားပြီးသွားတယ်။ သူ့ပါးစပ်ထောင့်မှာ ဆီတွေပေနေသေးတယ်။ သူက ပေါ့ပေါ့ပါးပါးပဲ မှတ်ချက်ပေးလိုက်တယ်။

“ပြောစမ်းပါဦး၊ မင်းဘာလို့ ဒီကိုရောက်နေတာလဲ။” ချီမင်က မေးလိုက်တယ်။

“ဘာမှထွေထွေထူးထူးမရှိပါဘူး။”

ယွမ်ဖုန်းက လိမ်လိမ်မာမာနဲ့ ပြောတယ်၊ “ကျွန်မ ဆရာဦးလေးကို နည်းနည်းသတိရလို့ပါ။ ပြီးတော့ ဟင်းအသစ်တစ်ခု သင်ထားတာနဲ့ ဆရာဦးလေးအတွက် လုပ်ကျွေးချင်လို့ပါ။ တကယ် ဘာမှမဟုတ်ပါဘူး။”

“ဘာမှမဟုတ်ရင်လည်း ပြီးတာပဲ။”

ချီမင် အကုန်စားလိုက်တယ်။ သူ့ရဲ့ဝိညာဉ်စွမ်းအင်နဲ့ ဆေး‌ ကြောလိုက်တာနဲ့ သူ့ကိုယ်ပေါ်က ဆီနဲ့ အညစ်အကြေးတွေအကုန် ပျောက်ကွယ်သွားတယ်။ “ဒါဆို မင်းတောင်အောက်ဆင်းလို့ရပြီ။ ငါ ကျင့်ကြံတော့မယ်။”

“ဆရာဦးလေး...”

ယွမ်ဖုန်းက ချီမင့်ကို မျှော်လင့်ချက်နဲ့ ကြည့်လိုက်ပြီး “ကျွန်မက အတွင်းစည်းတပည့်တစ်ယောက်ပါ။ မနေ့က ဂိုဏ်းရဲ့တာဝန်ကျလာလို့ ကျွန်မကို သွေးမျောက်တောင်ကို သွားပြီး တာဝန်ထမ်းဆောင်ခိုင်းထားတယ်။”

“သွေးမျောက်တောင်က အရမ်းအန္တရာယ်များတယ်လေ။”

“ကျွန်မက ချီသန့်စင်ခြင်းအဆင့် ခုနစ်ဆင့်ပဲ ရှိသေးတာ။ သတိမထားမိရင် သွေးမျောက်တောင်မှာ သေသွားနိုင်တယ်။ တကယ်တော့ ကျွန်မသေသွားလည်း ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ နောက်ပိုင်း ဆရာဦးလေးအတွက် ဘယ်သူက ဝိညာဉ်ဟင်းပွဲတွေ ချက်ကျွေးတော့မှာလဲ။”

“ဆရာဦးလေး...”

“ဒါကတော့ ငါ့ရဲဆရာတူအစ်မကိုပဲမင်း သွားပြောသင့်တယ်။” ချီမင်က ပြောလိုက်တယ်။

“ဆရာက တစ်နှစ်လောက် တံခါးပိတ်ကျင့်ကြံနေတာပါ။” ယွမ်ဖုန်းက ပြောတယ်။

“သူမ တစ်နှစ်တောင်တံခါးပိတ်ကျင့်ကြံနေတာလား။” ချီမင် အံ့ဩသွားတယ်။ “အရမ်းကြာတာပဲ။”

အရင်တစ်ခေါက် ချီမင့်ကို ကယ်တင်ဖို့အတွက် လုချင်းယန်ရဲ့ ကိုယ်ပိုင်ဓမ္မရတနာ ပျက်စီးသွားခဲ့တယ်။ ဒါကြောင့် သူမက တံခါးပိတ်ကျင့်ကြံနေခဲ့တာ၊ အခုတစ်နှစ်ကြာတဲ့အထိ တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာမယ့် အရိပ်အယောင်မရှိသေးဘူး။

ဒီအကြောင်း စဉ်းစားမိတော့ ချီမင် နည်းနည်း စိတ်ပူသွားတယ်။

“ဟုတ်ပါတယ်။” ယွမ်ဖုန်းက ခေါင်းညိတ်ပြတယ်။

ဝှစ်!

နောက်တစ်ခဏမှာ ချီမင်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့သိုလှောင်အိတ်ထဲကနေ လက်တစ်ဝါးစာ စိန်ပွင့်ပုံသဏ္ဍာန် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်တယ်။ အဲ့ဒါက လေထဲမှာ ပေါလောပေါ်နေပြီး သူ့လက်ဖဝါးထဲကနေ သောင်းပြောင်း စိမ်းရင့်မီးတောက်တွေ ထွက်ပေါ်လာတယ်။

အဲ့ဒီအချိန်မှာ သောင်းပြောင်း စိမ်းရင့်မီးတောက်က ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတွေနဲ့ ဆေးခြယ်ထားသလိုဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုစာလုံးတွေ ပါဝင်တယ်။ဒါပေမဲ့အာရုံခံမိဖို့ခက်တယ်။ အာရုံခံဖို့အရမ်းနက်ရှိုင်းတဲ့ ကျင့်ကြံမှုအဆင့်ရှိဖို့လိုအပ်တယ်။

ပစ္စည်းအမည် - အနှစ်သာရသံမဏိ။

မိတ်ဆက် - ဒါက ရှားပါးတဲ့ သန့်စင်ပစ္စည်းတစ်ခုဖြစ်တယ်။

“အရည်ပျော်စေ!”

ချီမင်က သူ့လက်နဲ့ လက်နက်ကို သန့်စင်လိုက်တယ်။ အနှစ်သာရသံမဏိက သောင်းပြောင်း စိမ်းရင့်မီးတောက်အောက်မှာ မြန်မြန်ဆန်ဆန် အရည်ပျော်သွားပြီး အညစ်အကြေးတွေကို ဖယ်ရှားကာ အသန့်စင်ဆုံးအပိုင်းကိုသာ ချန်ထားလိုက်တယ်။

“သိပ်သည်းစေ!”

စိတ်ကူးတစ်ချက်နဲ့ ချီမင်က ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝ တာအိုစာလုံးတွေကို လှုံ့ဆော်ပြီး သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုရဲ့ စွမ်းအားကို ပေါင်းစပ်ထည့်သွင်းကာ ဓမ္မလက်နက်တစ်ခုအဖြစ် သန့်စင်လိုက်တယ်။

အားလုံးခြုံပြောရရင် ဆယ်မိနစ်တောင်မကြာဘူး၊ ဒီဓမ္မလက်နက်က သန့်စင်ပြီးသွားတယ်။

နောက်တစ်ခဏမှာ ကောင်းကင်မှာ မိုးတိမ်မည်းတစ်ခု ပေါ်လာတယ်။

ဖြောင်း!

မထင်မှတ်ဘဲ မိုးကြိုးတစ်စင်းက ချီမင်သန့်စင်ထားတဲ့ လက်နက်ပေါ်ကို ပစ်ချလိုက်တယ်။ လျှပ်စီးတွေလက်ပြီး မိုးကြိုးတွေ ပေါက်ကွဲကာ တဖျစ်ဖျစ်မြည်သံတွေ ထွက်ပေါ်လာတယ်။

ဖြောင်း!

နောက်ထပ် မိုးကြိုးတစ်စင်း ပစ်ချပြန်တယ်။

ဒါက လက်နက်ကပ်ဘေးဒုက္ခပဲ။

မိုးကြိုးနှစ်စင်း။

ဒါက အခြေခံတည် ဆောက်ခြင်းအဆင့် ဓမ္မရတနာတစ်ခုဖြစ်ကြောင်း ဆိုလိုတယ်။

ပြီးတော့ အောင်အောင်မြင်မြင်နဲ့ပြီးသွားတယ်။

“ပြီးပြီ။”

ချီမင်က လက်ယမ်းလိုက်တော့ လက်နက်က သူ့လက်ထဲကို ကျလာတယ်။ တစ်ချက်ကြည့်လိုက်တော့ ဒါက ဆလင်ဒါပုံစံ အရာဝတ္ထုတစ်ခု ဖြစ်တယ်။ လုံးဝမည်းနက်နေပြီး ကလေးလက်မောင်းအရွယ်အစားရှိတဲ့ ဆလင်ဒါတစ်ခုလို ပုံစံအကွက်လေးတွေ ပါနေတယ်။

ဂွက်!

ယွမ်ဖုန်း တံတွေးမြိုချလိုက်တယ်။ ချီမင့်အပေါ် သူမရဲ့ နားလည်မှုက အဆင့်အသစ်တစ်ခုကို တက်လှမ်းသွားတယ်။

ဘုရားရေ။

သူက လက်နက်တွေကို သူ့လက်ဗလာနဲ့ တိုက်ရိုက်သန့်စင်တာပဲ။

ပြီးတော့ ဆယ်မိနစ်တောင်မကြာဘူး၊ သူကအနှစ်သာရသံမဏိနဲ့ လက်နက်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်တဲ့ ထိပ်တန်းအဆင့် အခြေခံတည် ဆောက်ခြင်းအဆင့် ဓမ္မရတနာတစ်ခုကို သန့်စင်လိုက်နိုင်တယ်။

ဒါက အရမ်းကို အစွမ်းထက်လွန်းတယ်။

“ယူလိုက်။”

ချီမင်က ယွမ်ဖုန်းဆီကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး ရှင်းပြလ်ိုက်တယ်၊ “ဒီမှော်လက်နက်ကို မုန်တိုင်းပုလဲပွင့်လန့်ခြင်းကျည်ဖူးလို့ ခေါ်တယ်။ ဒါက တစ်ခါသုံး မှော်လက်နက်ပဲ။”

“တစ်ခါပဲ သုံးလို့ရတယ်။ သုံးပြီးသွားရင် အသုံးမဝင်တော့ဘူး။”

“အပြည့်အဝအသက်သွင်းလိုက်ရင် ဆံချည်မျှင်လို အပ်ချောင်းပေါင်း ၁၂၉,၆၀၀ ကို ထုတ်လွှတ်နိုင်ပြီး ရန်သူတွေကို အရပ်မျက်နှာပေါင်းစုံကနေ တိုက်ခိုက်နိုင်တယ်။ စွမ်းအားအတိအကျကတော့ မင်းစမ်းကြည့်တဲ့အခါ သိလိမ့်မယ်။”

“ကျေးဇူးတင်ပါတယ် ဆရာဦးလေး။”

ယွမ်ဖုန်းက အရမ်းစိတ်လှုပ်ရှားပြီး ဝမ်းသာသွားတယ်။ သူမက “ဆရာဦးလေးက တကယ်ကို တော်လိုက်တာ။ ဆရာဦးလေး၊ သွေး မျောက်တောင်မှာ သွေး မျောက်ဝိုင်ဆိုတဲ့ ဝိညာဉ်ဝိုင်တစ်မျိုးရှိတယ်လို့ ကျွန်မကြားဖူးတယ်။ အဲ့ဒါကို သွေး‌ မျောက်နတ်ဆိုးမျိုးနွယ်က ဝိညာဉ်သစ်သီးအမျိုးမျိုးနဲ့ ချက်လုပ်ထားတာတဲ့။ အရသာ ကောင်းပြီး သစ်သီးရနံ့တွေ အရမ်းကို သင်းပျံ့တယ်တဲ့။ အချိန်တန်ရင် ကျွန်မ ဆရာဦးလေးမြည်းစမ်းဖို့ သေချာပေါက် ယူလာခဲ့ပါ့မယ်။” လို့ ပြောလိုက်တယ်။

“ငါ အရက်မသောက်တာ တကယ်ကြာပြီပဲ။” ချီမင်က ပြောလိုက်တယ်။

“ဆရာဦးလေး၊ ကျွန်မ တောင်အောက်အရင်ဆင်းတော့မယ်နော်။” ယွမ်ဖုန်းက ပြောတယ်။

“သွားတော့။” ချီမင်က လက်ဝှေ့ယမ်းပြလိုက်တယ်။

ပြီးတော့ ယွမ်ဖုန်း တောင်အောက်ဆင်းသွားတယ်။

တိမ်ပြိုတောင်ထွတ်မှာ ချီမင်တစ်ယောက်တည်း ကျန်ခဲ့တယ်။

“စီနီယာအစ်မ၊ စီနီယာအစ်မ။”

ချီမင်က တိမ်စိမ်းတောင်ထွတ်ရှိရာဘက်ကို ကြည့်ရင်းတွေးလိုက် “အခု မင်းဒဏ်ရာတွေ ဘယ်လိုနေပြီလဲမသိဘူး။ တစ်နှစ်လောက် တံခါးပိတ်ကျင့်ကြံနေတာတောင် ထွက်မလာသေးဘူး။ မင်းအဆင်ပြေပါစေလို့ပဲ မျှော်လင့်ပါတယ်။”

ချီမင်က ယွမ်ဖုန်းနဲ့ ရှောင်ဖန်းကို ပိုပြီးဂရုစိုက်ရတဲ့အကြောင်းရင်းက သူပျင်းနေလို့ သက်သက်တော့မဟုတ်ဘူး၊ ယွမ်ဖုန်းရဲ့ ဝိညာဉ်အစားအစာက အရမ်းအရသာရှိလို့ဆိုပေမဲ့ တကယ်တော့ အဓိကက သူ့ရဲ့စီနီယာအစ်မ လုချင်းယန်ကြောင့်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ယွမ်ဖုန်းနဲ့ ရှောင်ဖန်းက လုချင်းယန်ရဲ့ တပည့်တွေဖြစ်တယ်။

လုချင်းယန်က ဒဏ်ရာအပြင်းအထန်ရပြီး အခုထိ တံခါးပိတ်ကျင့်ကြံနေတုန်း။ ရှောင်ဖန်းနဲ့ ယွမ်ဖုန်းရဲ့ ဆရာဦးလေးအနေနဲ့ ချီမင်က သူတို့ကို ဂရုစိုက်ရမယ်။

ရှောင်ဖန်းကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် တစ်ယောက်တည်း ခရီးထွက်နေပြီး တိမ်ပြိုတောင်ထွတ်ကို သိပ်မလာဘူး။ ယွမ်ဖုန်းတစ်ယောက်တည်းသာ တိမ်ပြိုတောင်ထွတ်မှာရှိနေပြီး ချီမင်နဲ့ပဲ ရင်းနှီးတာကြောင့် သူ့ဆီကို မကြာခဏ လာတတ်တယ်။

လုချင်းယန်ရဲ့ တခြားတပည့်တွေကတော့ ချီမင်က နာမည်ပဲသိပြီး တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က အခြေခံအားဖြင့် အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေကြပြီဖြစ်လို့ ချီမင့်ရဲ့ ဂရုစိုက်မှု မလိုအပ်တော့ဘူး။

ချီမင့်ရဲ့ဆရာ ဖုန်းဇီမု၊ အကြီးအကဲဖုန်းလို့လည်း လူသိများတဲ့သူက အမွေခံတပည့် စုစုပေါင်း ကိုးယောက်နဲ့ အမည်ခံတပည့် ၂၈ ယောက် လက်ခံထားတယ်။ အမွေခံတပည့် ကိုးယောက်ထဲမှာ ချီမင်က အငယ်ဆုံးဂျူနီယာ ညီလေးဖြစ်တယ်။ သူက တခြားရှစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘဲ သူ့စီနီယာအစ်မဆီကနေ နည်းနည်းပါးပါးပဲ သိထားတယ်။

အမည်ခံတပည့် ၂၈ ယောက်ထဲမှာတော့ ရှစ်ယောက်ပဲ အသက်ရှင်ကျန်တော့တယ်။

လုချင်းယန်က သူတို့ထဲက တစ်ယောက်ဖြစ်တယ်။

တခြားရှစ်ယောက်ကတော့...

သူတို့က ကောင်းကင်ဉာဏ်အလင်းဂိုဏ်းမှာ မရှိကြဘူး။

အပြင်လောကကို စောင့်ရှောက်နေကြတယ်။

တခြား အမည်ခံတပည့် အယောက်နှစ်ဆယ်ကတော့ အကုန်သေဆုံးသွားကြပြီ။

သေဆုံးရတဲ့အကြောင်းရင်းတွေက မတူညီကြဘူး။ လူသတ်သမားတွေကို ရှာတွေ့ပြီးတော့ အကြီးအကဲဖုန်းက ကိုယ်တိုင် မီးရှို့ပြာချလိုက်တယ်။ အခုထိ ရှာမတွေ့သေးတဲ့သူတွေလည်း ရှိတယ်။

ညဘက်ရောက်တော့။

တင်း!

“သင် ‘ရှူတောင် နတ်ဆိုးဖိနှိပ်စေတီ’ ဂိမ်းမြေအောက်စခန်းမှာ တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခြင်းလုပ်ပြီးပါပြီ။ သငိဂိမ်းမြေအောက်စခန်းကို တစ်ကြိမ် ရှင်းလင်းပြီးပါပြီ။ သင် နှင်းမြူပုံဆောင်ခဲအပျိုစင်တစ်ပါးနှင့် အလယ်အလတ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ရရှိပါတယ်။။”

“ဝိညာဉ်သားရဲတစ်ကောင် ပေါ်လာပါပြီ။”

ချီမင့်မျက်လုံးတွေ အနည်းငယ် တောက်ပသွားပြီး ပျော်ရွှင်သွားတယ်။ “တစ်နှစ်အတွင်းမှာ ငါ ရှူတောင် နတ်ဆိုးဖိနှိပ်စေတီကို အကြိမ်ရာနဲ့ချီပြီး ရှင်းလင်းခဲ့ပြီးပြီ။ နောက်ဆုံးတော့ ဝိညာဉ်သားရဲတစ်ကောင် ရပြီ။”

All Chapters