ဝိညာဉ်သားရဲအသစ်၊ နှင်းမြူပုံဆောင်ခဲအပျိုစင်၊ချီမင်အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံနည်းကိုရွေးချယ်ခြင်းနဲ့ သွေးမျောက်နတ်ဆိုးဘုရင်
Vol. 5 Ch. 74
ချီမင်က အမှန်တော့ ဝိညာဉ်သားရဲတွေကို သိပ်ပြီး လိုအပ်နေတာမျိုးတော့ မဟုတ်ဘူး။ လောလောဆယ်ဟော့ချန်ချင်း ရှိနေတာနဲ့တင် လုံလောက်နေပြီ။ ဝိညာဉ်ဆေးပင်ဝယ်တာရယ်၊ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေ ရောင်းတာအတွက်ဆို သူတစ်ယောက်နဲ့တင် အဆင်ပြေနေပြီ။
ဒါပေမဲ့ ဝိညာဉ်သားရဲအသစ်တစ်ကောင် ထပ်ရလည်း မဆိုးပါဘူး။
ပစ္စည်း နှင်းမြူပုံဆောင်ခဲအပျိုစင်။
မိတ်ဆက် ရှုတောင်တန်းက နတ်ဆိုးဖိနှိပ်စေတီမှာ ချုပ်နှောင်ခံထားရတဲ့ နတ်ဆိုးမတစ်ကောင်ဖြစ်တယ်။ ဒဏ္ဍာရီအရနှင်းမြူပုံဆောင်ခဲအပျိုစင်က နှင်းဝိညာဥ်ကနေ ပြောင်းလဲလာတဲ့ နတ်ဆိုးမတစ် ကောင်ဖြစ်တယ်။။ သူက မွေးတည်းကရေခဲတာအို ပါလာပြီးထိတွေ့သမျှအရာအားလုံးကို ခဲသွားစေနိုင်ပြီး သူ့ရဲ့နတ်ဆိုးစွမ်းအင်ကို တိုးစေတတ်တယ်။
နောက်ထပ် ကောလဟာလတစ်ခုက သူငယ်ငယ်လေးကတည်းက နှင်းတောင်တန်းတွေမှာ ကြီးပြင်းလာတာဖြစ်တယ်။ အရွယ်ရောက်လာတော့ လူသားကမ္ဘာကိုလာပြီး သူချစ်တဲ့ လူသားယောက်ျားတစ်ယောက်ကို အေးခဲသွား စေတယ်။၊ ပြီးတော့ တောင်ပေါ်ပြန်ခေါ်သွားပြီး အဲ့ဒီလူရဲ့အနှစ်သာရတွေကိုစုပ်ယူ၊ပြီးသူမရဲ့ အတွင်းအမြူတေကိုကျင့်ကြံရတယ်။ မဟုတ်ရင် သူ့ခန္ဓာကိုယ်က ပြိုကွဲသွားပြီး နှင်းမှုန်လေးတွေအဖြစ် လောကကြီးထဲ လွင့်မျောသွားရတယ်။ အဲ့လိုဖြစ်သွားရင် နှစ်တစ်ရာကြာမှ ပြန်ဖွဲ့စည်းနိုင်မှာဖြစ်တယ်။။ သူ့ရဲ့ အတွင်းအမြူတေကက ရေခဲနဲ့နှင်းတွေနဲ့လုပ်ထားတဲ့ပုံဆောင်ခဲဖြစ်တယ်။ ပိုင်ရှင်က မီးတောက်တွေကြားမီးလောင်ဒဏ်လည်း မခံရပဲထဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်။
နှင်းမြူပုံဆောင်ခဲအပျိုစင်က လက်ရွေးစင်ဝိညာဉ်သားရဲဖြစ်ပြီး ကြီးထွားနှုန်းလည်း အရမ်းမြင့်တယ်။ သူသာ အပြည့်အဝကြီးထွားလာရင် အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်အထိ ရောက်နိုင်တယ်။
“လက်ရွေးစင်ဝိညာဥ်သားရဲပဲ။”
ချီမင်က အနည်းငယ် ပျော်သွားတဲ့လေသံနဲ့ ပြောလိုက်တယ်။ “ဒီဝိညာဥ်သားရဲက တကယ်မဆိုးဘူးပဲ။ သူ့ရဲ့ ကြီးထွားနှုန်းက ဟော့ချန်ချင်းထက်တောင် မြင့်သေးတယ်။ အပြည့်အဝကြီးထွားသွားရင် အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်အထိ ရောက်နိုင်တာကိုး။”
“တတိယ ဝိညာဉ်သားရဲနေရာကို အသက်သွင်း။” ချီမင် ပြောလိုက်တယ်။
“တင်း!”
“အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ကောက်ခံပါတယ်။ တတိယ မြောက်ဝိညာဉ်သားရဲနေရာကို အောင်မြင်စွာ ဖွင့်ပြီးပါပြီ။”
အဲ့ဒီနောက် ချီမင်က သူ့သွေးတစ်စက်ချပြီး နှင်းမြူပုံဆောင်ခဲအပျိုစင်ကို သူ့ဆီမှာ ချည်နှောင်လိုက်တယ်။ အဲ့လိုလုပ်လိုက်တော့ သူက နှင်းမြူပုံဆောင်ခဲအပျိုစင်ရဲ့ သေခြင်းနဲ့ရှင်ခြင်းကို အပြည့်အဝ ထိန်းချုပ်နိုင်သွားတယ်။ဝိညာဥ်သားရဲလည်းပေါ်လာတယ်။
“သခင်။”
နှင်းမြူပုံဆောင်ခဲအပျိုစင်လေးက ပေါ်လာကာစပဲ ရှိသေးတယ်။ ကလေးအရွယ်ပဲရှိသေးတော့ အရပ်ကလည်း ပုပုလေးဖြစ်တယ်။ ချီမင်ရဲ့ ဒူးလောက်ပဲရှိတယ်။ တစ်ကိုယ်လုံးက ရေခဲပြာရောင်ဖြစ်ပြီး ဂါဝန်ရှည်လေး ဝတ်ထားတယ်။ သူ့ရဲ့ဝိုင်းစက်စက်မျက်နှာလေးက အရမ်းချစ်ဖို့ကောင်းပြီး ချီမင်ကိုရိုရို သေသေခေါင်းလေးငုံ့ပြီး အရိုအသေပေးလိုက်တယ်။
“အင်း။”
ချီမင် ခေါင်းအသာငြိမ့်ပြလိုက်တယ်။ “မဆိုးဘူးပဲ။ မင်းက အခုမှ မွေးစအရွယ်ပဲရှိသေးပေမဲ့ ချီသန့်စင်ခြင်းအဆင့် ခြောက်ဆင့်လောက် ရှိနေပြီ။ မဟာနတ်ဆိုးလင်းနို့ထက်တောင် သာတယ်။ တတိယ ဝိညာဉ်သားရဲနေရာမှာ သွားပြီး ကျင့်ကြံတော့။”
“ဟုတ်ကဲ့။” နှင်းမြူပုံဆောင်ခဲအပျိုစင်ကခေါင်းညိတ်ပြလိုက်တယ်။
ရှပ်!
သူ့ရှေ့မှာအဖြူရောင် အလင်းတစ်ချက် လက်သွားပြီး နှင်းမြူပုံဆောင်ခဲအပျိုစင်လေး ပျောက်ကွယ်သွားတယ်။
တစ်ချိန်တည်းမှာပဲ ချီမင်က စိတ်နဲ့အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်သန်းကို ထည့်သွင်းလိုက်တယ်။
“ဒင်!”
“ငွေဖြည့်ခြင်း အောင်မြင်ပါသည်။”
“အစောင့်အရှောက်သားရဲ - နှင်းမြူပုံဆောင်ခဲအပျိုစင်သည် အဆတစ်သောင်း မြှင့်တင်မှုဖြင့် ကြီးထွားပါမည်။ ဝိညာဉ်ကျောက်တုံးများ ပေါများသောကြောင့် အစွမ်းထက်သိုင်းနည်းစနစ်တစ်ခုကို နားလည်သဘောပေါက်နိုင်ခြေ မြင့်မားပါသည်။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင်အမှန်တော့ လုချင်းယန်က ဒီမနက်အစောကြီးကတည်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာဖြစ်တယ်။။ ချီမင်ကတော့ သတင်းမရလိုက်ဘူး၊ ဒါပေမဲ့ မွန်းတည့်ချိန်ရောက်တော့ သူကိုယ်တိုင် ရောက်ချလာတယ်။
“စီနီယာအစ်မ။”
ချီမင်က အပြင်ထွက်ပြီး ကြိုလိုက်တယ်။ သူ့မျက်နှာမှာ ပျော်ရွှင်တဲ့ အရိပ်အယောင်တွေထုတ်ဖော်ပြနေတယ်။ လုချင်းယန်ကို တစ်ချက်ကြည့်ပြီးတော့မေးလိုက်တယ် “စီနီယာအစ်မ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား။”
“အင်း။” လုချင်းယန်က ပြုံးပြီးတော့ “ငါ တစ်နှစ်လောက် တံခါးပိတ်ကျင့်ကြံနေတာ၊ အခုတော့ ပြန်ကုစားပြီးသွားပြီ။ ဒီမနက်ပဲ ထွက်လာတာ။ ပြီးတော့ကျိုးပျက်သွားတဲ့ငါ့ရဲ့တာအိုအခြေခံကိုလည်းပြန်တည်ဆောက်ပြီးသွားပြီ။ ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း တိုးတက်သွားပြီ။ မကြာခင်ပဲ ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အရေးရှိလောက်ပြီ။”
“ဂုဏ်ပြုပါတယ် စီနီယာအစ်မ။” ချီမင်က စိတ်ရင်းနဲ့ ဂုဏ်ပြုလိုက်တယ်။
“နင်ရော တစ်နှစ်အတွင်း ဘယ်လိုလဲ။”
လုချင်းယန်က ချီမင်ကို အကဲခတ်ကြည့်လိုက်ပေမဲ့ ဘာမှတော့ သိပ်မသိသာဘူး။ တစ်နှစ်ကြာသွားတော့ သူ့ရဲ့ဂျူနီယာမောင်လေးရဲ့ အရှိန်အဝါက ပိုပြီး သဘာဝကျပြီး လွတ်လပ်ပေါ့ပါးလာတယ်လို့ပဲ ခံစားရတယ်။ တိတိကျကျ ပြောဖို့ခက်တယ်။ ကျင့်ကြံမှုမရှိတဲ့ မူလအခြေအနေကို ပြန်ရောက်သွားသလိုတောင် ထင်ရတယ်။
“မဆိုးပါဘူး။” ချီမင် ပြုံးလိုက်တယ်။ “ကျွန်တော် အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။”
“မြန်လိုက်တာ။”
လုချင်းယန် တော်တော်လေး အံ့ဩသွားတယ်။ “နင်က တစ်နှစ်လေးနဲ့ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်သွားပြီလား။ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ငါ့ရဲ့ ပါရမီရှင် ဂျူနီယာမောင်လေးဆိုတဲ့အတိုင်းပဲ။”
“ဆရာရော ဒါကို သိပြီးပြီလား။”
“ဆရာကို ပြောပြဖို့ အခွင့်ရေးမရသေးဘူး။”
ချီမင်က ပြောလိုက်တယ်”စီနီယာအစ်မသာ ဆရာနဲ့တွေ့ရင် ပြောပြလိုက်ပါဦး။”
“စိတ်ချပါ။”
လုချင်းယန် ခေါင်းညိတ်ပြတယ်။ “နင်က အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုတော့ အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံနည်းကို သင်ယူဖို့အချိန်တန်ပြီ။ မဟုတ်ရင် နင့်ရဲ့ကျင့်ကြံမှုအဆင့်က ဆက်တက်နိုင်တော့မှာ မဟုတ်ဘူး။”
အဲ့ဒီနောက်ချီမင်နဲ့ လုချင်းယန်တို့ နည်းနည်းပါးပါး စကားစမြည်ပြောကြသေးတယ်။
နာရီဝက်လောက်ကြာတော့ လုချင်းယန် ပြန်သွားတယ်။
သူက ချီမင် အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်သွားတဲ့အကြောင်း ဖုန်းဇီမုကို ပြောပြဖို့ ပြင်ဆင်နေပုံပေါ်တယ်။
နေ့လည်ခင်းရောက်တော့ ဖုန်းဇီမုက တိမ်ပြိုတောင်ထွတ်ကို ရောက်လာတယ်။ ပြီးတော့ တောင်ထွတ်သခင် မော့ဟန်ကျန်းလည်း ပါလာတယ်။ လုချင်းယန်က သူတို့နှစ်ယောက်ရဲ့နောက်ကနေ နည်းနည်းလေးခွာပြီး လိုက်လာတယ်။
ဖုန်းဇီမုက တန်းမေးတော့တယ် “မင်း တကယ်ပဲ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်သွားတာလား။”
“ဟုတ်ကဲ့ ဆရာ။” ချီမင် ခေါင်းညိတ်လိုက်တယ်။ “လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ တက်သွားတာပါ။”
“ကောင်းပြီ။” ဖုန်းဇီမုကပြောလိုက်တယ် “မင်းရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို အစွမ်းကုန် ထုတ်သုံးပြစမ်း။”
“ဟုတ်ကဲ့။”
ချီမင် စိတ်ထဲကနေ အမိန့်ပေးလိုက်တာနဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို အစွမ်းကုန် လည်ပတ်စေလိုက်တယ်။ ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းကြီးက ချက်ချင်းပေါ်လာပြီး အစိမ်းရောင်အလင်းတန်းတွေ ထွက်ပေါ်လာတယ်။
ဘူးဇ် ဘူးဇ်!
အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ရဲ့ အစွမ်းကိုဖော်ထုတ်လိုက်တယ်။
“ဟား ဟား ဟား...”
ဖုန်းဇီမုက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ သူ့မျက်နှာမှာ ဖုံးကွယ်ထားလို့မရတော့တဲ့ စိတ်လှုပ်ရှားမှုတွေ အထင်းသားပေါ်နေတယ်။ “ကောင်းတယ်။ အရမ်းကောင်းတယ်။ ငါ့တပည့်ပီသပါပေတယ်။”
“တစ်နှစ်!”
“တစ်နှစ်ပဲ ကြာတယ်!”
“သူက အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။”
“ပြီးတော့ သူကျင့်တာက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း။”
ဖုန်းဇီမုက “မင်းက ငါလက်ခံဖူးသမျှ တပည့်တွေထဲမှာ ပါရမီအရှိဆုံးပဲ။ နောက်ထပ် ကိုးနှစ်တောင် ကျန်သေးတယ်။ အဲ့ဒီအချိန်ကျရင် အမွေခံတပည့်ပြိုင်ပွဲကို လုံးဝလက်မလွှတ်စေနဲ့။ မင်းရဲ့ပါရမီနဲ့ဆိုရင် မင်း သေချာပေါက် တောက်ပနိုင်မှာပဲ။ ကောင်းကင်ဉာဏ်ဘုံအလင်းအင်မော်တယ်တောင်မှာ ကျင့်ကြံဖို့တောင် အရွေးခံရနိုင်တယ်။” လို့ပြောတယ်။
“ဟုတ်ကဲ့။” ချီမင် ခေါင်းညိတ်လိုက်တယ်။
“အရမ်းကောင်းတယ်။”
မော့ဟန်ကျန်းက ခေါင်းညိတ်ပြီးပြောလိုက်တယ် “ချီမင်၊ မင်းက ငါတို့ကို စိတ်မပျက်စေခဲ့ဘူး။”
“ဆရာနဲ့ တောင်ထွတ်သခင်တို့ ချီးကျူးတာကို ကျေးဇူးတင်ပါတယ်။”
ချီမင်က လက်ကိုစုယှက်ပြီး အရိုအသေပြုလိုက်တယ်။
“မင်း အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုတော့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ဆက်ကျင့်လို့မရတော့ဘူး။ မင်း အဲ့ဒီကျမ်းရဲ့ အကန့်အသတ်ကို ရောက်နေပြီ။ မင်းအတွက် အမြူတေဖွဲ့စည်းခြင်းကျင့်ကြံခြင်းနည်းလမ်းအသစ် လိုအပ်နေပြီ။”
ဖုန်းဇီမုကပြောလိုက်တယ် “ချက်ချင်းပြင်ဆင်တော့။ ငါနဲ့ တောင်ထွတ်သခင်နောက်လိုက်ပြီး တိမ်စိမ်းတောင်ထွတ်ရဲ့ အစစ်အမှန်သင်ကြားရေးခန်းမကို သွားပြီး အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံခြင်းနည်းလမ်း ရွေးချယ်ရမယ်။”
“ဟုတ်ကဲ့။” ချီမင် ခေါင်းညိတ်လိုက်တယ်။
အမှန်တော့ ချီမင်က မဟာရွှေအမြူတေတာအိုကျမ်းကို ကျင့်ကြံပြီးသားပေမဲ့၊ ဖုံးကွယ်ထားဖို့အတွက် တိမ်စိမ်းတောင်ထွတ်ကနေ အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်စဉ်နည်းလမ်းတစ်ခုကို ရွေးကိုရွေးရမှာဖြစ်တယ်။
“ကျွန်တော့်မှာ ပြင်ဆင်စရာ ဘာမှမရှိပါဘူး။ အခုချက်ချင်း ထွက်လို့ရပါတယ်။” ချီမင် ဆက်ပြောတယ်။
“ဒါဆို သွားကြတာပေါ့။”
ဖုန်းဇီမုနဲ့ မော့ဟန်ကျန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြတယ်။
ရှုး! ရှုး!
ချီမင်နဲ့ တခြားသူတွေ အလင်းတန်းတွေအဖြစ် ပြောင်းလဲသွားပြီး တိမ်ပြိုတောင်ထွတ်ကနေ ထွက်ခွာသွားကြတယ်။ ဒါက ချီမင် တစ်နှစ်အတွင်း တိမ်ပြိုတောင်ထွတ်ကနေ ပထမဆုံးအကြိမ် ထွက်ခွာခြင်းဖြစ်တယ်။
မိနစ်အနည်းငယ်ကြာတော့ ချီမင်တို့အဖွဲ့ တိမ်စိမ်းတောင်ထွတ်ကို ရောက်လာကြတယ်။ မော့ဟန်ကျန်းနဲ့ ဖုန်းဇီမုတို့ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့တွေ တိမ်စိမ်းတောင်ထွတ်ရဲ့ အစစ်အမှန်သင်ကြားရေးခန်းမထဲဝင်ပြီး အမြူတေဖွဲ့စည်းခြင်းဆင့်ကျင့်ကြံမှုနည်းလမ်းကို ရွေးချယ်ကြတော့တယ်။
ချီမင်အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံခြင်းနည်းလမ်း ရွေးချယ်နေတဲ့အချိန်မှာပဲ၊ တစ်ဖက်မှာတော့ သွေးမျောက်တောင်မှာ အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပျက်နေတယ်။
မွန်းတည့်ချိန်လောက်မှာ ယွမ်ဖုန်းက ဂိုဏ်းရဲ့တာဝန်တစ်ခု လက်ခံရရှိပြီး သွေးမျောက်ရဲ့နှလုံးသွေး ဆယ်ကီလိုဂရမ် စုဆောင်းဖို့ သွေးမျောက်တောင်ကို ထွက်လာခဲ့တယ်။ သူက သွေးမျောက် နတ်ဆိုးသားရဲအများအပြားကို သတ်ပစ်ဖို့ လိုအပ်တယ်။
ယွမ်ဖုန်းအပြင် တခြားအတွင်းစည်းတပည့် ကိုးယောက်လည်း ပါတယ်။
အင်အားအကြီးဆုံးက အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီဖြစ်ပြီး အနိမ့်ဆုံးကတော့ ယွမ်ဖုန်းဖြစ်တယ်။ သူက ချီသန့်စင်ခြင်းအဆင့် ခုနစ်ဆင့်ပဲ ရှိသေးတယ်။ တခြားအတွင်းစည်းတပည့်တွေထဲမှာ အနိမ့်ဆုံးက အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်မှာ ရှိနေတယ်။
သူတို့တွေ သွေးမျောက်တောင်ကို ရောက်လာကြတယ်
“ယွမ်ဖုန်း၊ နင့်ရဲ့ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်။ ဂိုဏ်းရဲ့တာဝန်အရသာ မဟုတ်ရင် ငါတို့ နင့်ကို လုံးဝခေါ်လာမှာမဟုတ်ဘူး။ နင်ဒါကို သိသင့်တယ်။”
“အချိန်တန်ရင် ငါတို့ကို ဒုက္ခမပေးနဲ့။”
“နင့်နေရာနင် သိရမယ်။”
“နားလည်လား။”
အနားစီနီယာအစ်ကို၊ စီနီယာအစ်မတချို့ကငေါက်လိုက်ကြတယ်။
“ဟုတ်ကဲ့။” ယွမ်ဖုန်းက ခေါင်းငုံ့ထားတယ်။ သူက အရမ်းမကျေမနပ်ဖြစ်ပြီး လက်မခံချင်ပေမဲ့ သူတို့က သူ့ထက် အင်အားကြီးနေတော့ ယွမ်ဖုန်း ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ တိတ်တဆိတ် ငုံ့ထားလိုက်တယ်။
ဆယ်မိနစ်လောက်ကြာတော့ ယွမ်ဖုန်းတို့အဖွဲ့ သွေးမျောက်အုပ်စုငယ်တစ်ခုနဲ့ တိုးတော့တာတယ်။ တိုက်ပွဲက ချက်ချင်းဖြစ်ပွားပြီး နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတယ်။ ယွမ်ဖုန်းလည်း သွေးမျောက်တစ်ကောင်နဲ့ တိုက်ခိုက်နေရပြီး အဲ့ဒီသွေးမျောက်ကို သတ်ဖို့ အတော်လေး အားစိုက်ထုတ်လိုက်ရတယ်။
နာရီဝက်လောက်ကြာတော့ တိုက်ပွဲပြီးသွားတယ်။
သွေးမျောက် ၂၃ ကောင်လုံး အသတ်ခံလိုက်ရပြီး သွေးမျောက်တွေရဲ့ နှလုံးသွေးတွေကို စုဆောင်းကြတော့တယ်။ ဒါပေမဲ့ ယွမ်ဖုန်းရလိုက်တဲ့ သွေးက ၅၀၀ ဂရမ်တောင် မပြည့်ဘူး။
ယွမ်ဖုန်းက သွေးမျောက်တစ်ကောင် သတ်ခဲ့တာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွေးမျောက်ရဲ့ နှလုံးသွေးက ၅၀၀ ဂရမ်လောက်ပဲ ရှိမှာမဟုတ်ဘူး။ ဒါက ယွမ်ဖုန်းကို ပိုပြီး မကျေမနပ်ဖြစ်စေတယ်။
ဒါပေမဲ့ သူ ဘာမှမတတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ကျင့်ကြံမှုအဆင့်က အဖွဲ့ထဲမှာ အနိမ့်ဆုံးဖြစ်တယ်။
သူ လက်ခံလိုက်ရုံပဲ ရှိတယ်။
သူတို့ ရှေ့ဆက်သွားကြတယ်။
ယွမ်ဖုန်းတို့အဖွဲ့ သွေးမျောက်တောင်ထဲကို တဖြည်းဖြည်း ဝင်ရောက်သွားကြတယ်။ သွေးမျောက်တွေကို ပိုပိုပြီး သတ်နိုင်လာသလို တာဝန်ပြီးမြောက်ဖို့လည်း ပိုနီးစပ်လာတယ်။
ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်က စီနီယာအစ်မ ကျန်းချူယုက သွေးမျောက်နတ်ဆိုးမျိုးနွယ်က ချက်လုပ်တဲ့ သွေးမျောက်အရက်ကို လိုချင်နေတယ်။ ဒါကြောင့် အဖွဲ့က ရှေ့ဆက်ပြီး ဝင်သွားကြတယ်။
နောက်ဆုံးတော့ သူတို့ သွေးမျောက်နတ်ဆိုးမျိုးနွယ်ရဲအသိုက်ကို ရှာတွေ့သွားပြီး သွေးမျောက်နတ်ဆိုးမျိုးနွယ်က ချက်လုပ်တဲ့ သွေးမျောက်အရက်ကိုလည်း ရှာတွေ့သွားတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ သွေးမျောက်နတ်ဆိုးဘုရင်ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတယ်။
ဝေါင်း! ဝေါင်း! ဝေါင်း!
သွေးမျောက်နတ်ဆိုးဘုရင်က ယွမ်ဖုန်းတို့ကိုယ်ပေါ်က သွေးနံ့ကို ရလိုက်တာနဲ့ ချက်ချင်းပဲ သူ့မျက်လုံးတွေ နီရဲသွားပြီး ကြမ်းတမ်းတဲ့သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်သွားတယ်။ သူ ဟိန်းဟောက်လိုက်တာနဲ့ ပတ်ဝန်းကျင်က သွေးမျောက်နတ်ဆိုးစစ်သူကြီးတွေ တိုက်ခိုက်လာကြတော့တယ်။
ဘုန်း!
တစ်ချိန်တည်းမှာပဲ သွေးမျောက်နတ်ဆိုးဘုရင်က ခုန်အုပ်လိုက်တယ်။
“သွေး... သွေးမျောက်နတ်ဆိုးဘုရင်!”
ကျန်းချူယုက ကြောက်လွန်းလို့ မျက်နှာတွေဖြူဖပ်ဖြူရော်ဖြစ်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တယ်။ပြီးတော့ ဆက်တိုက်ခိုက်လိုစိတ်တောင် မရှိတော့ဘူး။ နောက်လှည့်ပြီး ထွက်ပြေးတော့တယ်။
“ပြေး!”
“သွေးမျောက်နတ်ဆိုးဘုရင်က အမြူတေဖွဲ့စည်းခြင်းအဆင့်နတ်ဆိုးသားရဲပဲ!”
“ပြေးကြ!”
တခြားသူတွေလည်း ထွက်ပြေးကုန်ကြတယ်
ဂလု!
ယွမ်ဖုန်း တံတွေးမြိုချလိုက်တယ်။ မူလက သူ ဆရာဦးလေးချီအတွက် လက်ဆောင်အဖြစ် သွေးမျောက်အရက် နည်းနည်းလောက် ရနိုင်မလားလို့ တွေးနေခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး။ အမြန်ဆုံး ထွက်ပြေးရတော့မယ်။
“အား!!!”
“ကယ်ကြပါဦး!”
“အု!!!”
ယွမ်ဖုန်းက တခြားစီနီယာအစ်ကို၊ စီနီယာအစ်မတွေရဲ့ ကြောက်မက်ဖွယ် အော်ဟစ်သံတွေကို ကြားလိုက်ရပေမဲ့ မကြားချင်ယောင်ဆောင်ပြီး အစွမ်းကုန် ထွက်ပြေးနေတယ်။ နည်းနည်းလေးမှ မရပ်ရဲဘူး။ နောက်လှည့်ပြီး တစ်ချက်နှစ်ချက် ကြည့်လိုက်တော့ သူ့စီနီယာအစ်ကို၊ စီနီယာအစ်မတွေ သွေးမျောက်နတ်ဆိုးစစ်သူကြီးတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာကို မြင်လိုက်ရတယ်။
အရမ်းကို ကြောက်စရာကောင်းတယ်။။
ယွမ်ဖုန်းရဲ့ရှေ့နဲ့ ဘေးမှာလည်း ထွက်ပြေးနေတဲ့ စီနီယာအစ်ကို၊ စီနီယာအစ်မတချို့ ရှိနေတယ်။ သူတို့အားလုံး ကြောက်လွန်းလို့ မျက်နှာတွေ ဖြူဖပ်ဖြူရော် ဖြစ်နေကြတယ်။
“အား!!!”
ဖောက်!!!
ကျန်းချူယုကိုသွေးမျောက်နတ်ဆိုးဘုရင်က လက်ဝါးနဲ့ ရိုက်လွှင့်လိုက်တယ်။ သူ သွေးအန်ထွက်သွားပြီး သစ်ပင်တွေအများကြီးနဲ့ တိုက်မိသွားတယ်။ သေလားရှင်လားတောင် မသိတော့ဘူး။ သွေးမျောက်နတ်ဆိုးဘုရင်က ဟိန်းဟောက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူ့အကြည့်က အမြန်ဆုံးထွက်ပြေးနေတဲ့ ယွမ်ဖုန်းတို့အပေါ် ကျရောက်သွားတယ်။
ဘုန်း!
သွေးမျောက်နတ်ဆိုးဘုရင်က ခုန်တက်ပြီး သူတို့ဆီ ခုန်အုပ်လိုက်တယ်။
“!!!”
ယွမ်ဖုန်းရဲ့ လှပတဲ့မျက်ဝန်းတွေ ပြူးကျယ်သွားတယ်။
“သေစမ်း။”
ရုတ်တရက် ယွမ်ဖုန်းဘေးက စီနီယာအစ်မတစ်ယောက်က ရက်စက်တဲ့အမူအရာနဲ့ ယွမ်ဖုန်းကို တွန်းချလိုက်တယ်။ သူက ယွမ်ဖုန်းကို နောက်ချန်ထားပြီး သွေးမျောက်နတ်ဆိုးဘုရင်ကို အချိန်ဆွဲခိုင်းဖို့ ကြံစည်လိုက်တယ်။
“နင်!!!”
ယွမ်ဖုန်း ထိတ်လန့်သွားတယ်။
ဘောင်း!
ကျယ်လောင်တဲ့အသံကြီး ထွက်ပေါ်လာတယ်။
အရေးကြီးတဲ့အချိန်မှာ ယွမ်ဖုန်း လူးလိမ့်ပြီး ရှောင်တိမ်းလိုက်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ထွက်ပြေးလမ်းကြောင်းကို သွေးမျောက်နတ်ဆိုးဘုရင်က ပိတ်ဆို့ထားလိုက်တယ်။ သွေးမျောက်နတ်ဆိုးဘုရင်က ယုတ်မာတဲ့အပြုံးနဲ့ ယွမ်ဖုန်းကို လှောင်ပြောင်သလို စိုက်ကြည့်နေတယ်။
“မုန်တိုင်းပုလဲပွင့်လန်းခြင်းကျည်ဖူး!”
ဘိုင်း!
အရေးကြီးတဲ့အချိန်မှာ ယွမ်ဖုန်း ဘာမှဆက်မစဉ်းစားနိုင်တော့ဘူး။ သူ ချီမင်ပေးထားတဲ့ တစ်ခါသုံးရတနာ မုန်တိုင်းပုလဲပွင့်လန်းခြင်းကျည်ဖူးကို တိုက်ရိုက်ထုတ်ယူပြီး ဝိညာဉ်စွမ်းအင်ထည့်သွင်းကာ အသက်သွင်းလိုက်တယ်။ “ဆရာဦးလေး၊ ဆရာဦးလေးရယ်၊ ကျွန်မကို လိမ်မထားပါနဲ့နော်။ ဒီရတနာရဲ့အစွမ်းက တကယ်တမ်း အားပြင်းရမှာနော်။ မဟုတ်ရင် နောက်ဘယ်သူမှ ဆရာဦးလေးအတွက် ဝိညာဉ်ဟင်းတွေ ချက်ကျွေးတော့မှာ မဟုတ်ဘူး။”
ဘုန်း!
မုန်တိုင်းပုလဲပွင့်လန်းခြင်းကျည်ဖူးရဲ့အစွမ်းတွေ ပေါက်ကွဲထွက်လာတယ်။
ရှပ်! ရှပ်! ရှပ်!
တစ်ခဏအတွင်းမှာပဲ ဆံချည်မျှင်လောက် တုတ်ခိုင်တဲ့ အပ်ချောင်းပေါင်း ၁၂၉,၆၀၀ က ဓားချီတွေလို၊ မျိုးလှပတဲ့ကြာပန်းတစ်ပွင့်လို ပွင့်အာထွက်ပေါ်လာတယ်။
သူတို့တွေ သွေးမျောက်နတ်ဆိုးဘုရင်ကို တိုက်ခိုက်လိုက်ကြတယ်။