အခန်း (၆၇၅)
Vol. 45 Ch. 675
"သံသရာအရှင်သခင်က တကယ်ချီးထုပ်ပါလား…"
ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ် အဖြစ်အပျက်ကတည်းကစပြီး သံသရာအရှင်သခင်အပေါ် မုန့်ချီ၏ ယုံကြည်မှုများက သိသိသာသာ ယိမ်းယိုင်လာခဲ့ရသည်။ လက်ရှိအချိန်တွင်တော့ အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပြီ ဖြစ်၏။
ဘိုးဘေးကပ်ဆိုးမြွေက ပျံသန်းခဲ့ခြင်း မရှိပေ။ သို့သော် သူ၏ခန္ဓာကိုယ်က အလွန်ကြီးမားပြီး ရှည်လျားလှသည့်အတွက် ခန္ဓာကိုယ်တစ်ဝက်ခန့်က လေထဲသို့ မြောက်နေချိန်တွင် တခြားတစ်ဝက်က နန်းတော်ခန်းမထဲ၌ ရှိနေသေးသည်။ သူ၏ပါးစပ်ကျယ်ကြီးထဲတွင် ရှိနေသော အစွယ်ကြီးများကလည်း ကြောက်မက်ဖွယ်ရာ ပေါ်နေခဲ့၏။
သူ၏ပတ်ပတ်လည်တွင်လည်း အနက်ရောင်မြူခိုးများ ထွက်ပေါ်လာနေပြီး နေလုံးကြီးဆီမှ အလင်းရောင်ကိုပင် တားဆီးထားခဲ့သည်။ သူ၏မျက်လုံးများက အခန်းတစ်ခန်းစာ အရွယ်အစားခန့် ရှိနေပြီး သွေးအေးရက်စက်သည်။ မျက်လုံးများထဲတွင်တော့ လော်ရှန်းကျိနှင့် ဆံဖြူဖုတ်ကောင်တို့၏ပုံရိပ်များ ရှိနေခဲ့၏။
သူ့ပါးစပ်ကြီးက အလွန်ကျယ်ပြန့်လှသည့်အတွက် ဥယျာဉ်တစ်ခုလုံးကိုပင် ဝါးမျိုပစ်နိုင်စွမ်း ရှိသည်။ သူ၏ပါးစပ်ထဲမှ ထွက်ပေါ်လာသော မြူခိုးများက ရှူရှိုက်မိသူတိုင်းကို သတိလစ်မေ့မျောသွားစေနိုင်သည်။ သူ၏ပါးစပ်ထဲမှနေ၍ အဆိပ်ငွေ့များ စီးဆင်းလာနေပြီး ထိတွေ့သွားသော အရာအားလုံးကို တိုက်စားပစ်နေသည်။
မုန့်ချီကတော့ ပတ်ပတ်လည်တွင် အလွန်ကြီးမားသော ဘိုးဘေးကပ်ဆိုးမြွေ၏ ဧရာမမေးရိုးကြီးများ ဝိုင်းရံထားသလို ခံစားနေရသည်။ အနက်ရောင်အရိပ်များက သူ၏ပတ်ပတ်လည်တွင် လှုပ်ရှားကခုန်သေးသည်မှာ သေမင်းအရိပ်များကဲ့သို့ ဖြစ်နေပြီး သူ့ကို မြန်မြန်အညံ့ခံရန် တောင်းဆိုနေသလို ထင်မှတ်ရ၏။
မျှော်လင့်ချက်များအားလုံးလည်း ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူက မည်မျှကြိုးစားစေကာမူ လွတ်မြောက်ရန် နည်းလမ်းမရှိတော့ပဲ ခန္ဓာကိုယ်တစ်ခုလုံး ဝါးမျိုခံရမည့်အရေးကို စောင့်နေရန်သာ ရှိတော့မည်ဟု ခံစားနေရ၏။
ငရဲအင်ပါယာနှင့် တွေ့ခဲ့သည့်အချိန်တွင်လည်း တူညီသော စိတ်ဓာတ်ကျမှုမျိုးကို ခံစားခဲ့ရကြောင်း သူက အမှတ်ရသွားခဲ့သည်။ ဘိုးဘေးဒိုမူက သူ့ကို သတ်ဖြတ်လိုက်သည့်အချိန်မှသာ သူလည်း အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။ သူ့ဆီတွင် ရှိနေသော ကျင့်စဉ်နည်းလမ်းများ၊ စွမ်းရည်များအားလုံး ကျရှုံးသွားခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော အကာအကွယ်စွမ်းရည်များ အားလုံးကလည်း ပျက်စီးသွားခဲ့ရသည်။
ကြောက်စရာကောင်းသော စွမ်းအားနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့ဆီတွင် ရှိနေသော လျှို့ဝှက်ရတနာများနှင့် မှော်အဆောင်များ အားလုံးကလည်း ပျက်စီးသွားခဲ့ရသည်။ ရုတ်တရက်ဆိုသလို မုန့်ချီက လေဟာနယ်ထိုးဖောက်ခြင်း အဆောင်ကို အမှတ်ရသွားခဲ့၏။ သူ့ကို ချုပ်မထားဘဲ ဓမ္မကာရအဆင့်အောက်တွင် ရှိနေသော ရန်သူများက ထိုအရာကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
"ဒါပေမဲ့ ငါက လုံလုံခြုံခြုံ ထွက်သွားနိုင်မယ်ဆိုရင်တောင် ကျိဝေ၊ ယုရှု ၊အစ်ကိုချီနဲ့ ကျိုးဟမ်တို့ကရော ဘာဖြစ်သွားမှာလဲ…"
မုန့်ချီက အံကြိတ်လိုက်ပြီး ထိုအတွေးကို ဖယ်ရှားလိုက်သည်။ သူ၏ခံစားချက်များက ရုတ်ချည်း တည်ငြိမ်လာပြီး အကြောက်တရားများ မရှိသလို စိုးရိမ်ခြင်းလည်း မရှိတော့ချေ။ သူ့ခန္ဓာကိုယ်က အစောပိုင်းတွင် ကြုံတွေ့ခဲ့ရသော ဖိအားများမှ လွတ်မြောက်လာပြီး အနည်းငယ် သက်သောင့်သက်သာ ရှိလာခဲ့၏။
အနတ္တကျိန်စာဖျက် ဓားပညာကို လေ့ကျင့်ခဲ့ပြီးနောက် သိုင်းပညာကျင့်ကြံမှု လမ်းကြောင်းတွင် သူ၏အခြေအနေများ၊ သူကြုံတွေ့ခဲ့ရသော ဝမ်းနည်းမှု၊ သတ္တိနှင့် အရာအားလုံးက ပြောပလောက်စရာ မရှိတော့ချေ။ ဘိုးဘေးကပ်ဆိုးမြွေကဲ့သို့သော ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင်လည်း သူကသာ အစောပိုင်း၌ ရင်ဆိုင်ခဲ့ရသော စိတ်ပိုင်ဆိုင်ရာ စိန်ခေါ်မှုများကို အောင်မြင်နိုင်ခြင်း မရှိလျှင် အရာအားလုံးက ပျက်စီးသွားနိုင်သည့်အတွက် အဆိုးမြင် ခံစားချက်များအားလုံးကို ဖယ်ရှားပြီး သူ၏စိတ်အခြေအနေကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
"ငါက သမာဓိ တည်ငြိမ်တဲ့ စိတ်အခြေအနေနဲ့ မွေးဖွားလာတာ မဟုတ်ပေမယ့် မကောင်းမှုကနေ လွတ်မြောက်အောင် ကြိုးစားနိုင်တယ်။ ငါက ဆက်တိုက် အားဖြည့်ဖို့ လိုအပ်နေတဲ့ သာမန်စိတ်ဝိညာဉ်တစ်ခုပဲ…"
ဧရာမမြွေကြီးက သူ့ကို တိုက်ခိုက်လိုက်ပြီး အစွယ် (၂) ချောင်းက သူ့ကို ဝါးမျိုရန် ကြိုးစားနေခဲ့သည်။ အလွန်ရှည်လျားပြီး ချွန်ထက်သော အစွယ်များက အနားကို ရောက်လာနေသည်နှင့်အမျှ ရှည်လျားပြီး ချွန်ထက်သော အစွယ်များက တဖြည်းဖြည်း ရှင်းလင်းလာပြီး သူ့ကို အဆိပ်ရေများနှင့် ပက်လိုက်သည်။
မုန့်ချီက ဘယ်ဘက်လက်ထဲတွင် နေမင်းနှလုံးသားကို ကိုင်ထားခဲ့သည့်အတွက် အကြောက်တရားနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်း မုန်တိုင်းထဲတွင် အနွေးဓာတ် ရေးရေးလေးကို ခံစားမိနေခဲ့သည်။
"တချို့ ဓမ္မကာရအဆင့်ပညာရှင်တွေက သေခါနီးအချိန်မှာ အသက်ဆက်ရှင်ချင်တယ်ဆိုရင် တစ်စုံတစ်ခုတော့ ပေးဆပ်ကြရတယ်။ သူတို့က ဆိုးဆိုးဝါးဝါးလည်း အားနည်းသွားနိုင်တယ်။ ဓမ္မကာရ ဆိုတဲ့စကားလုံးကြောင့် ကြောက်လန့်သွားစရာ မလိုဘူး…"
ဘိုးဘေးဒိုမူပြောခဲ့သော စကားလုံးများက သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။
"ဓမ္မကာရအဆင့် အစွမ်းထက် ပညာရှင်တိုင်းကတောင် သူတို့ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တယ်ဆိုရင် တိုက်ခိုက်နိုင်တဲ့ ဟာကွက်တွေ ပေါ်လာနိုင်တာပဲ။ ဒီဘိုးဘေးကပ်ဆိုးမြွေက အသက်ရှင်နေတာ ကြာလှနေပြီ။ သူက လော်ရှန်းကျိရဲ့ ဝိညာဉ်ကိုသုံးပြီး ပြန်ရှင်လာတာဆိုတော့ အားနည်းချက်မရှိဘဲ နေမှာလား။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ရဲ့ ပဋိပက္ခတွေ ၊ သူ့ရဲ့ပင်မဝိညာဉ်နဲ့ ပင်မစိတ်ဝိညာဉ်အပိုင်းအစရဲ့ပဋိပက္ခတွေ..ရှိနိုင်တယ်."
မုန့်ချီက အလွန်ကြောက်စရာကောင်းသော ကပ်ဆိုးမြွေကြီးကြောင့် တုန်လှုပ်သွားသည့်အလား မလှုပ်မယှက် စဉ်းစားကြည့်နေခဲ့သည်။ ထိုအချိန်တွင် ဧရာမမြွေကြီး၏ ကိုယ်ထည်ပတ်ပတ်လည်တွင် အတောင်ပံအနည်းငယ်ကို တွေ့လိုက်ရသည်။ နီရဲနေသော သွေးများက မုန့်ချီကို သတ်ဖြတ်ရမည့် သားကောင်ငယ် တစ်ကောင်ကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေခဲ့၏။
ရုတ်တရက်ဆိုသလို မုန့်ချီ၏ခန္ဓာကိုယ်က အရွယ်အစား ကြီးမားလာခဲ့သည်။ သဘာဝတရားကြီးနှင့် ပေါင်းစပ်လိုက်ပြီး ချီစွမ်းအင်များအားလုံးကို အသုံးပြုလိုက်ရာ သူ့ခန္ဓာကိုယ်က ပေ (၁၀၀) ခန့်ထိ ကြီးမားလာခဲ့၏။ သို့သော် နတ်ဆိုးမြွေကြီး၏ ဧရာမခန္ဓာနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ မုန့်ချီက ဝက်သစ်ချပင်ကြီး တစ်ပင်အောက်တွင် ရှိနေသော အပင်ပေါက်လေးကဲ့သို့ဖြစ်နေပြီး အတော်လေးကို မသက်မသာ ခံစားရနိုင်သည်။
ထိုအချိန်တွင် မုန့်ချီက လက်တစ်ဖက်ကို ကောင်းကင်ပေါ်သို့ မြှောက်လိုက်ပြီး တခြားလက်တစ်ဖက်က မြေပြင်ပေါ်သို့ ချိန်လိုက်သည်။ သူ့နောက်ဘက်တွင်လည်း ဧရာမဗုဒ္ဓပုံရိပ်ယောင်တစ်ခု ပေါ်လာပြီး ရွှေရောင်များ လင်းလက်တောက်ပနေခဲ့၏။
သူက တရားထိုင်နေခဲ့သည်။ တဖြည်းဖြည်း မြင့်တက်လာသောအငွေ့အသက်များက လေဟာနယ်တစ်ခုလုံးတွင် ပြည့်နှက်နေပြီး တည်ငြိမ်အေးချမ်းမှုများ၊ ကရုဏာတရားနှင့် ဉာဏ်ပညာအငွေ့အသက်များ ပြသနေသည့် အစွမ်းများ ထွက်ပေါ်လာနေခဲ့သည်။
အဖြူရောင် အလင်းစက်များကလည်း ရွှေရောင်ဗုဒ္ဓကြီး၏ ပတ်ပတ်လည်တွင် ပန်းပွင့်လေးများကဲ့သို့ ကျဆင်းလာနေခဲ့၏။ နောက်ကွယ်တွင်တော့ ဓမ္မတေးသံများ ကြားနေရပြီး ဗုဒ္ဓကြီးက လက်တစ်ဖက်ကို ကောင်းကင်ပေါ်သို့မြှောက်၍ တခြားလက်တစ်ဖက်က မြေပေါ်သို့ စိုက်ထားခဲ့သည်။
သူက တည်ငြိမ်အေးချမ်းသောအသံနှင့် ပြောလိုက်၏။
"ဒီကမ္ဘာလောကကြီးထဲမှာ ငါ ၊ ထူးခြားမှုနဲ့ အမှန်တရားက နေရာတိုင်းမှာရှိတယ်.."
နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့မှုကြောင့် မုန့်ချီက ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်ဖြစ်သော ‘ငါ၊ထူးခြားမှုနှင့် အမှန်တရား’သိုင်းကွက်ကို ပြည့်ပြည့်ဝဝ နားလည်သွားခဲ့သည်။ ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်က အသိဉာဏ်ပညာ အရည်အသွေးများ ပိုင်ဆိုင်ထားသော သိုင်းကွက်တစ်ခုဖြစ်ပြီး ဗုဒ္ဓ၏သဘာဝက ပင်မစိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်။
ထိုအရာက ဘယ်နေရာကမှန်းမသိ တိုက်ခိုက်နိုင်သော တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနိုင်သော တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်သည်။ ထိုအရာက ခုခံရန် စွမ်းအားမရှိနိုင်သော သိုင်းကွက်တစ်ခုလည်း ဖြစ်၏။ အင်မော်တယ်ပုံရိပ်ယောင် (၇) သွယ် အခြေအနေ ပြောင်းလဲထားသည်ကိုပင် မည်သည့်ခုခံမှုကမျှ သူ့ကို ပေါ့ပေါ့ပါးပါး တားဆီးနိုင်ခြင်း မရှိချေ။
မုန့်ချီက ရှေ့ကိုတစ်လှမ်း လျှောက်သွားခဲ့ပြီး ကောင်းကင်ပေါ်သို့ လက် (၂) ဖက်ကို ချိန်လိုက်၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကမ္ဘာလောကကြီးထဲမှာ ငါ၊ ထူးခြားမှုနဲ့ အမှန်တရားက နေရာတိုင်းမှာရှိတယ်…"
သူကိုယ်တိုင်နှင့် သူ့အနားတွင် ရှိနေသော သူ့အဖော်များက အရေးပေါ် အခြေအနေကို လိုအပ်နေသည့်အတွက် မုန့်ချီက မည်သည့်အရာကိုမျှ စောင့်ဆိုင်းမနေနိုင်တော့ပေ။ သူက ‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’သိုင်းကွက်ကို အသုံးပြုလိုက်ပြီး မြွေကြီး၏စိတ်ထဲကို စိတ်ဝိညာဉ် တိုက်ခိုက်မှုအနေနှင့် တိုက်ခိုက်လိုက်သည်။
"ဗုန်း..."
ကပ်ဆိုးမြွေ၏ မျက်လုံးထဲတွင် ရှိနေသော လော်ရှန်းကျိနှင့် ဆံဖြူဖုတ်ကောင်တို့၏ ပုံရိပ်ယောင်များက ပေါင်းစပ်သွားခဲ့ပြီး ပုပ်ပွနေသော ဦးနှောက်ထဲမှနေ၍ အရည်များ စီးကျလာခဲ့သည်။
"ငါ ဘယ်သူလဲ ။ ငါ ဘယ်သူလဲ။ ငါ ၊ထူးခြားမှုနဲ့ အမှန်တရားလား။ ထူးခြားမှုနဲ့ အမှန်တရားဆိုတာ ဘယ်သူလဲ…"
မတူညီသော သိစိတ် (၃) ခုက မြွေကြီး၏ ဦးနှောက်ထဲတွင် လှုပ်ရှားနေပြီး သူ၏ကိုယ်ထည်ကြီးက ထိန်းချုပ်၍ မရနိုင်တော့ပဲ နေရာတွင် ရှုပ်ထွေးစွာ ရပ်တန့်နေခဲ့သည်။ သူ၏ပါးစပ်မှနေ၍ အဆိပ်ရည်များ စီးကျလာနေသည်မှာ အစိမ်းရောင် အက်စစ်ရေကန်တစ်ခုပင် ဖြစ်နေခဲ့၏။ ကပ်ဆိုးမြွေ၏သိစိတ်က ခန္ဓာကိုယ်၏လွှမ်းမိုးမှုကို စတင်ဝေဝါးလာခဲ့သည်။
ထိုအချိန်လေးကပင် မုန့်ချီအတွက်တော့ လုံလောက်၏။ သူက ညာဘက်လက်ထဲတွင် ဓားမောက်ကို ဆုပ်ကိုင်ပြီး ဘယ်ဘက်လက်ထဲတွင် ကိုင်ထားသော နေမင်းနှလုံးသားကို အသက်သွင်းလိုက်သည်။ ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်၏ အနောက်ဘက်တွင် အလွန်ကြီးမားပြီး ကြောက်စရာကောင်းသော စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်များက ဧရာမမြွေကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ အချိန်နှင့် လေဟာနယ်ကိုပင် ထိုးဖောက်သွားခဲ့၏။
အလင်းတန်းများက ဧရာမမြွေကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင် မြူခိုးများကို ထိုးဖောက်သွားခဲ့ပြီး ကြောက်စရာကောင်းသော မီးတောက်များက သူ၏အသွေးအသားများကို စတင်ဝါးမျိုနေခဲ့၏။
အလွန်ကျယ်လောင်သော အော်သံကြီးကြောင့် သူတို့ရပ်နေသော မြေပြင်ကြီးက လှုပ်ရှားသွားခဲ့သည်။ ဧရာမမြွေကြီးက နာကျင်မှုကြောင့် ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး နန်းတော်များကိုပင် ဖျက်ဆီးပစ်မိခဲ့သည်။ သူတို့က တိမ်တိုက်များထဲကိုပင် ရောက်ရှိသွားခဲ့ပြီး မုန့်ချီကို တိုက်ခိုက်မိလုမတတ် ဖြစ်သွားခဲ့သည်။
သို့သော် သူက အသက်ရှင်နေသေး၏။ မီးတောက်များက သူ့ခန္ဓာကိုယ် တစ်ဝက်ခန့်ကို ဆိုးဆိုးဝါးဝါး လောင်ကျွမ်းသွားစေခဲ့သည်။ မြွေကြီး၏ ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအင်အများစု ပျက်စီးသွားခဲ့သော်လည်း သူက ယခုအချိန်အထိ အသက်ရှင်နေသေး၏။ အငွေ့အသက်များကလည်း ယခင်တုန်းကကဲ့သို့ ကြောက်စရာကောင်းနေသေးသည်။
"အစစ်အမှန်ခန္ဓာကိုယ်က ကောင်းကင်မြွေအဖြစ် အသွင်ပြောင်းထားတဲ့ မိစ္ဆာတစ်ယောက်ပဲ.."
မုန့်ချီက ရေရွတ်လိုက်မိပြီး သူ့ဆီတွင် စွမ်းအားများ လုံးဝကုန်ဆုံးသွားခဲ့သည်။
ယခုတော့ သူက ထိုမိစ္ဆာ၏ ခန္ဓာကိုယ်စွမ်းရည်ကို ပြည့်ပြည့်ဝဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ နတ်ဘုရားလက်နက် ပင်မပစ္စည်းနှင့် တိုက်ခိုက်ခံရသည်ကိုပင် အသက်ရှင်နေနိုင်သေးသည့်အတွက် ခန္ဓာကိုယ်က မည်မျှအစွမ်းထက်ကြောင်း သိနိုင်၏။
မြွေကြီးက ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ခန္ဓာကိုယ်၏ ပုပ်သိုးပျက်စီးမှုကြောင့် သူ၏စွမ်းအားများက ပျက်စီးယိုယွင်းလာပြီး သိုင်းသခင်၏ အစွမ်းမျိုးသာ ကျန်နေတော့သည်။ သို့သော် ခန္ဓာကိုယ်ကတော့ ကြံ့ခိုင်သန်စွမ်းနေသေး၏။
တစ်ဖက်တွင်တော့ ရွမ်ယုရှုက နတ်ဆိုးထုတ်ဖော်ကြေးမုံကို အသုံးပြုလိုက်သည်။ ကြေးမုံ၏အစိမ်းရောင် မျက်နှာပြင်ပေါ်တွင် ကျားမိစ္ဘာဘုရင်၏ ပုံရိပ် ပေါ်လာခဲ့၏။
ကျားမိစ္ဆာဘုရင်က လေထဲတွင် ရပ်လိုက်ပြီး သူ၏ပတ်ပတ်လည်တွင် အမှောင်စွမ်းအားများ ရှိနေခဲ့သည်။ လေထဲတွင်လည်း သရဲတစ္ဆေများ ပုန်းအောင်းနေပြီး သူတို့ထဲတွင် အစွမ်းထက်ဆုံးကတော့ ပဉ္စမကောင်းကင်၊ ဆဌမကောင်းကင်အဆင့် စွမ်းအားများကိုပင် ပိုင်ဆိုင်ထားသည်။
ထိုတစ္ဆေများက သူတို့သခင်၏ စိတ်ရှုပ်ထွေးမှုကို သတိထားမိသည့်အတွက် အန္တရာယ်ကျရောက်ခြင်း မရှိစေရန် ကျားမိစ္ဆာဘုရင်ဆီသို့ ပျံသန်းလာကြပြီး သူ့ကို ကာကွယ်ပေးနေကြသည်။ သူတို့ကသာ အသတ်ခံပြီး သူ့သခင်အပေါ် သစ္စာရှိမှုကို ပြသနေကြ၏။
သို့သော် အရိပ်များ လှုပ်ရှားလိုက်သည့်အချိန်တွင် ဓားအလင်းတန်းတစ်ခု ရောက်လာခဲ့၏။ ထိုခုတ်ချက်က အလွန်လျင်မြန်လွန်းလှသည့်အတွက် အရာအားလုံးက နှေးကွေးသွားသလို ထင်မှတ်ရ၏။ တစ်ခုတည်းသော ကျန်နေသည့် အရာကတော့ အချိန်၏ဆွဲငင်အားသာ ဖြစ်၏။
ကျန်းကျိဝေက လှုပ်ရှားတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူမ၏ဓားရှည်က ကျားမိစ္ဆာဘုရင်ကို ကာကွယ်ပေးနေသော တစ္စေ (၂) ကောင်ကို ထိုးဖောက်သွားခဲ့သည်။ သို့သော် တိုက်ခိုက်မှု၏ အငွေ့အသက်များကို သေချာ မသိရသေးပေ။ သူမက မည်သည့်စွမ်းအားကိုမျှ သုံးခဲ့ခြင်း မရှိခဲ့ပေ။
ရုတ်တရက်ဆိုသလို ချီကျန်းရန်၏ဓားကလည်း လင်းလက်တောက်ပလာခဲ့သည်။ သူ အသုံးပြုလိုက်သော အမှောင်ဖရိုဖရဲ အခြေအနေက တစ်ချို့သော တစ္ဆေများကို ပုံရိပ်ယောင်လေဟာနယ်တစ်ခုထဲသို့ ဆွဲခေါ်လိုက်ပြီး သူတို့ကို ကျန်းကျိဝေ တိုက်ခိုက်နိုင်စေရန် လှောင်ပိတ်ထားလိုက်သည်။
တစ်ချိန်တည်းတွင် ကျိုးဟမ်ကလည်း သူ့ဓားနှင့် လက်သီးကို အသုံးပြုလိုက်၏။ သူ၏တိုက်ခိုက်မှုများက လေထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ဘုရင်အငွေ့အသက်နှင့်အတူ မကောင်းဆိုးဝါးများအားလုံးကို ဖိနှိပ်လိုက်သော မီးတောက်ဝဲကတော့ကြီးတစ်ခု ဖြစ်လာခဲ့သည်။
နေဖောက်သက်တန့်ဓားက ကျားမိစ္ဆာဘုရင်၏နဖူးကို တိုက်ခိုက်လိုက်မိ၏။ သူ၏ခန္ဓာကိုယ်စွမ်းအားက ကြီးမားသော်လည်း သူ၏ခုခံမှုများအားလုံးက ပျက်စီးသွားခဲ့ရသည်။ ကျန်းကျိဝေ၏ဓားက ဆန်းကြယ်အဖိုးတန်လက်နက်အဆင့်ကို ရောက်ခါနီးနေပြီ ဖြစ်သည်။
ကျန်းကျိဝေက လက်နက်၏ ဓားချီစွမ်းအင်များကို ထုတ်လွှတ်လိုက်၏။ ထိုအချိန်တွင် ကျားမိစ္ဆာဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည့်အတွက် မြေပြင်ကြီးကပင် တုန်ခါသွားခဲ့၏။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း အမှောင်စွမ်းအားများကို စုပ်ယူနေသောအရာတစ်ခု ထွက်ပေါ်လာပြီး တစ္ဆေများအားလုံးက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။
တစ္ဆေများက တစ်ကောင်ပြီးတစ်ကောင် နာနာကျင်ကျင် အော်ဟစ် သေဆုံးသွားကြရ၏။ သူက ထိုတစ္ဆေများကို စတေးလိုက်သည့်အချိန်တွင် ကျားမိစ္ဆာ ယဘုရင်က ပြန်လည်ကုစားရန် အခွင့်အရေးတစ်ခု ရသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု တောက်ပလာပြီး သူ၏ အဖိုးတန်လက်နက်က အသက်ဝင်လာခဲ့၏။
ထို့နောက် သူက ကျားဖြူတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းကျိဝေ၏ ဓားတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။ ထိုကျားက သူ့အမြီးကို ကြာပွတ်အနေနှင့် အသုံးပြုလိုက်ပြီး ကျန်းကျိဝေကို ပြန်လည်တိုက်ခိုက်လိုက်၏။ သူ့ခေါင်းကတော့ နာကျင်မှုကြောင့် အာရုံခံစွမ်းရည်များနှင့် သိစိတ်များအားလုံး ဆုံးရှုံးသွားလိုက်ရသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေခဲ့သည်။
ကျန်းကျိဝေ၏ တိုက်ခိုက်မူက သူ၏ဦးနှောက်ကို ထိခိုက်ပျက်စီးသွားစေခဲ့ပုံရ၏။ အကယ်၍ တစ္ဆေ(၂) ကောင်ကသာ ကျန်းကျိဝေ၏ တိုက်ခိုက်မှုကို အားနည်းသွားအောင် လုပ်ဆောင်ပေးခဲ့ခြင်း မရှိလျှင် သူက အစောပိုင်းကတည်းက သေဆုံးသွားနိုင်သည်။ သို့သော် ကျား၏အစွမ်းက သိမ်းငှက်ကဲ့သို့ အစွမ်းထက်ခြင်း မရှိချေ။
မုန့်ချီက နိယာမဖြစ်စဉ်ကို နောက်တစ်ကြိမ် အသုံးပြုနိုင်ခြင်း မရှိတော့ချေ။ ထို့ကြောင့် သူက သဘာဝချုပ်နှောင်ခြင်းအစွမ်းကို အသုံးပြုပြီး နောက်ထပ် နတ်ဘုရားလက်နက် ပင်မပစ္စည်းတစ်ခုကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ ကပ်ဆိုးမြွေကြီးနှင့် မိစ္ဆာဘုရင်ကို သတ်ဖြတ်နိုင်မှသာ သူတို့က ပိတ်မိနေသော လော်ရှန်းကျိ၏ စိတ်ဝိညာဉ်ကို လွတ်မြောက်အောင် နည်းလမ်းရှာပေးနိုင်ပါလိမ့်မည်။
ကပ်ဆိုးမြွေကြီးက အတွေ့အကြုံများစွာ ရှိနေသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သူ၏သိစိတ် အနည်းငယ်လေးကိုပင် မုန့်ချီ အစွမ်းကုန် တိုက်ခိုက်ရန် လိုအပ်၏။ ဧရာမမြွေကြီးက ခုခံကာကွယ်နေပြီး အစစ်အမှန် ကောင်းကင်မြွေအဖြစ် ပြောင်းလဲခြင်းမရှိခင် နောက်ထပ် ကြောက်စရာကောင်းသော အစွမ်းတစ်ခုကို အသုံးပြုနိုင်သည်။
မီးတောက်များက သူ၏အသွေးအသားများကို လောင်ကျွမ်းနေသေးသော်လည်း သူ၏ပတ်ပတ်လည်တွင် အကာအကွယ်အလွှာ (၂) ခု ဖန်တီးလိုက်ပြီး နောက်ထပ် တိုက်ခိုက်နိုင်ခြင်း မရှိစေရန် တားဆီးထားသည်။ တစ်ချိန်တည်းတွင် သူက လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ပြီး မုန်ချီ တိုက်ခိုက်နိုင်သည့် စက်ဝိုင်းမှ ခပ်ခွာခွာ ဖြစ်သွားခဲ့၏။
ထိုအရာကို မြင်သည့်အခါ မုန့်ချီက ထိုမကောင်းဆိုးဝါးကြီးကို အနိုင်ရရန် တခြားနည်းလမ်းများ လျင်မြန်စွာ ရှာဖွေကြည့်ခဲ့သည်။ ငရဲအင်ပါယာ၏ လက်ကောက်ဝတ်အရိုးကတော့ ထိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်နှင့်ထိမိအောင် မုန့်ချီကိုယ်တိုင် တိုက်ခိုက်နိုင်မှသာ ရပါလိမ့်မည်။ အကယ်၍ သူက သဘာဝချုပ်နှောင်ခြင်းအစွမ်းကိုသုံးပြီး အကာအကွယ်အလွှာများကို ဖျက်ဆီးနိုင်မည်ဆိုလျှင်ပင် လက်ကောက်ဝတ်အရိုးကို အသုံးပြုရန် စွမ်းအား မရှိတော့ပေ။
ရေခဲမျက်လုံးသလင်းကျောက်ကလည်း ယခုအချိန်တွင် သူ့ကို အကူအညီ မပေးနိုင်ပေ။ သလင်းကျောက်ကို သုံးလိုက်ခြင်းက နေမင်းနှလုံးသား၏ အကျိုးအာနိသင်ကို ပျက်စီးသွားစေနိုင်ပြီး ကပ်ဆိုးမြွေကြီးကို မီးတောက်များ ငြိမ်းသွားအောင် ကူညီပေးသလို ဖြစ်သွားပါလိမ့်မည်။
သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကရော အသုံးပြု၍ ရနိုင်မည်လော။ သေချာစဉ်းစားကြည့်လိုက်ပြီးနောက် သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးက သူ၏ အကာအကွယ် (၂) လွှာကိုသာ ထိုးဖောက်နိုင်လိမ့်မည်ဖြစ်ကြောင်း တွေးမိခဲ့သည်။ ထိုကဲ့သို့ အစွမ်းထက်သော အကာအကွယ်တစ်ခု ရှိနေသည့်အတွက် ပုလဲလုံး၏ တိုက်ခိုက်မှုက ဧရာမမြွေကြီးကို သတ်ဖြတ်ရန် ခက်ခဲနိုင်သည်။
အကယ်၍ သူက ကျန်းကျိဝေ လာရောက်တိုက်ခိုက်ခြင်းကို စောင့်နေနိုင်မည်ဆိုလျှင်လည်း ကပ်ဆိုးမြွေကြီးက လုံလုံခြုံခြုံ ထွက်ပြေးသွားလောက်ပါပြီ။
ထိုအချိန်တွင် မုန့်ချီ ခေါင်းထဲ၌ အကြံတစ်ခု ရသွားခဲ့၏။ သူက သူ၏စွမ်းအားများကို စုစည်းပြီး သူ့အဖော်များကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ပြေးတော့..."
ကျန်းကျိဝေက နာနာကျင်ကျင် လူးလှိမ့်နေသော ကျားမိစ္ဆာဘုရင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမက စဉ်းစားမနေဘဲ မုန့်ချီဆီသို့ ပြေးလာပြီး သူ့ပုခုံးကို ဆွဲကိုင်လိုက်၏။ ရွမ်ယုရှု၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့ကလည်း သူ့နောက်မှ ကပ်လိုက်လာပြီး သူတို့က တတ်နိုင်သမျှ ဝေးဝေးပြေးနေကြသည်။
မုန့်ချီက ကျန်းကျိဝေ၏ လက်ထဲသို့ ရေခဲမျက်လုံးကို တိတ်တဆိတ် ထည့်ပေးလိုက်ပြီး စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"ကပ်ဆိုးမြွေကြီးကို လောင်ကျွမ်းနေတဲ့ နေမီးတောက်အဆီအနှစ်တွေ ငြိမ်းသွားတဲ့အချိန်ထိ စောင့်နေပါ။ သူ ငါတို့ဆီကို ရောက်လာတဲ့အချိန်ကျရင် ငါက သဘာဝချုပ်နှောင်ခြင်းအစွမ်းနဲ့ သမုဒ္ဒရာလောင်ကျွမ်းခြင်းပုလဲလုံးကို သုံးလိုက်မယ်။ ရွမ်ယုရှုနဲ့ တခြားသူတွေက ထိန်းထားနိုင်မယ်ဆိုရင် နင်က ဒါကို နောက်ဆုံးသိုင်းကွက်အနေနဲ့ အသုံးပြုလို့ရတယ်…"
သူက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေရသည့်အချိန်တွင် ကပ်ဆိုးမြွေကြီးကို သတ်ဖြတ်နိုင်ခြင်း မရှိချေ။ သို့သော် ကပ်ဆိုးမြွေကြီးက ပြန်လှည့်လာပြီး တိုက်ခိုက်လိုက်သည့် အချိန်တွင်တော့ အခွင့်အရေးက အလိုလို ပေါ်လာမည် ဖြစ်သည်။
"ငါ နားလည်ပြီ…"
ကျန်းကျိဝေက ပင်းပန်းနွမ်းနယ်နေသော မျက်လုံးများနှင့် တည်ငြိမ်စွာ ပြောလိုက်သည်။
မုန်ချီက သူ့အစီအစဉ်ကို တခြားသူများသိအောင် ပြောပြလိုက်ပြီး ကပ်ဆိုးမြွေကြီးက သူတို့၏နောက်မှ လိုက်လာခြင်းရှိမရှိ သေချာအောင် စစ်ဆေးကြည့်ခဲ့သည်။ အကယ်၍ သံသရာအရှင်သခင်က သူတို့ကို အဝေးသို့ ခေါ်သွားနိုင်လျှင်တော့ အကောင်းဆုံးဖြစ်၏။
မုန့်ချီကတော့ နောက်ထပ် နတ်ဘုရားလက်နက် ပင်မပစ္စည်းတစ်ခုကို အသုံးမပြုရလျှင် အကောင်းဆုံး ဖြစ်သည်။ အကြိမ်အနည်းငယ် အသုံးပြုလိုက်မည်ဆိုလျှင် ပုလဲလုံး၏ စွမ်းရည်က ကျဆင်းသွားနိုင်ပြီး နတ်ဘုရားလက်နက် ဖန်တီးရန် အသုံးမဝင် ဖြစ်သွားနိုင်၏။
တိမ်တိုက်တံတားကြီးက အလွန်ရှည်လျားလွန်းလှပြီး မုန့်ချီတို့အဖွဲ့က တက်နိုင်သမျှ မြန်မြန် ပြေးနေကြသည်။ ကပ်ဆိုးမြွေကြီး၏ နာနာကျင်ကျင် အော်သံကို သူတို့၏နောက်မှ မကြာမကြာ ကြားနေရသော်လည်း ဧရာမမြွေနတ်ဆိုးကြီးကတော့ သူတို့၏နောက်မှ လိုက်လာပုံမရချေ။
ယခု သူတို့က ရှေ့တွင် ရှိနေသော ရဲမက်တန်းလျားများနှင့် ကောင်းကင်ရဲမက်များကို မြင်တွေ့လိုက်ရသည်။ သို့သော် မုန့်ချီက သူ့ဆီသို့ ကျရောက်လာသော အကြောက်တရားနှင့် အန္တရာယ်အငွေ့အသက်များကို ခံစားမိလိုက်၏။
"ပြင်ဆင်ထားလိုက်တော့..."
သူ အော်လိုက်သည့်အချိန်တွင် သူက သဘာဝချုပ်နှောင်ခြင်းအစွမ်းကို အသုံးပြုလိုက်သည်။ ထိုအချိန်တွင် သူ၏နောက်ကျောမှနေ၍ ဖရိုဖရဲဝဲကတော့ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာပြီး ပုံသဏ္ဍာန် အတိအကျ မရှိသော ပုံရိပ်ယောင်တစ်ခု ပေါ်လာခဲ့သည်။
အမှောင်ထုကြီးထဲတွင်တော့ တင်ပျဉ်ခွေထိုင်နေသော တာအိုသခင် ပုံရိပ်ယောင်တစ်ခုကို ဝိုးတဝါး မြင်နေရ၏။ ထိုတာအိုသခင်က မျက်လုံးဖွင့်လိုက်ပြီး မုန့်ချီ၏ ခန္ဓာကိုယ်က အရွယ်အစား ကြီးမားလာခဲ့သည်။ သူ၏ဓားမောက်ထဲမှနေ၍ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ထိုဓားချက်က အပေါ်ဘက်တွင် ရှိနေသော ကောင်းကင်ကြီးကိုပင် ထက်ပိုင်းဖြတ်ပစ်နိုင်ပုံ ရ၏။
"ချွမ်း..."
အလွန်ကြီးမားသော မိစ္ဆာမြွေ အမြှီးကြီးက သူတို့ဆီကို ရောက်လာပြီး မုန့်ချီ၏ဓားချက်ကို ကာကွယ်လိုက်သည်။
အမဲလိုက်မုဆိုးများ၏ အတွေ့အကြုံအရ ကပ်ဆိုးမြွေကြီးက သူတို့၏နောက်မှ လိုက်လာခဲ့ခြင်း မရှိချေ။ ထိုအစား အဝေးတွင် အော်ဟစ်နေချင်ယောင်ဆောင်ပြီး သူတို့ကို ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
မုန့်ချီ၏ ပါးစပ်ထဲမှနေ၍ သွေးများစီးကျလာပြီး မြွေကြီး၏အမြှီးတွင်လည်း ဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။ ထိုခဏတွင် ကျိုးဟမ်ကလည်း သဘာဝကျောင်းဆောင်ကို အသုံးပြုလိုက်၏။ မြွေအမြှီးက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျောင်းဆောင်က အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။
သို့သော် ထိုအရာက ကျန်ရှိနေသော မြွေ၏စွမ်းအားများကို အကျိုးရှိရှိ ဖယ်ရှားပစ်နိုင်သည့်အတွက် မုန့်ချီက ဆိုးဆိုးဝါးဝါး ဒဏ်ရာမရအောင် ကာကွယ်နိုင်လိုက်သည်။
ကျန်းကျိဝေက ထိုအခွင့်အရေးကို အရယူပြီး ရေခဲမျက်လုံးသလင်းကျောက်ကို သုံးလိုက်သည်။ တလက်လက် တောက်ပနေသော အပြာရောင်အရည်များ ထွက်ပေါ်လာပြီး တိမ်တိုက်များအတိုင်း စီးဆင်း၍ အရာအားလုံးကို ရေခဲများအဖြစ် အေးခဲသွားစေခဲ့သည်။ ထိုအရာက မြွေအမြှီးဆီသို့ ရောက်သွားခဲ့၏။
ဧရာမမြွေကြီး၏ အမြှီးနှင့် ကိုယ်လုံးက တစ်လက်မချင်းဆီ လျင်မြန်စွာ အေးခဲလာခဲ့သည်။ ကပ်ဆိုးမြွေကြီးက နောက်တစ်ကြိမ် နာနာကျင်ကျင် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးများ အေးခဲလာမှုကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေသလို ခံစားနေရ၏။
ထိုသို့ဆိုရာတွင် အရာအားလုံးက စီစဉ်ထားသလို မဖြစ်သေးပေ။ မုန့်ချီက သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကို အသုံးပြုရန် စွမ်းအား မလုံလောက်သေးချေ။ ရွမ်ယုရှုနှင့် တခြားသူများကလည်း ပုလဲလုံးကို အသုံးပြုနိုင်ရန် လုံလောက်သော အစွမ်းမျိုး မရှိချေ။
ကျန်းကျိဝေက ကျိကျန်းဓားစံအိမ်၏ တားမြစ်နည်းလမ်းကို အသုံးပြုပြီး နောက်ဆုံးကျန်နေသော စွမ်းအားများကို အသုံးပြုလိုက်၏။ ထိုအချိန်တွင် သူမ၏အငွေ့အသက်များက မြင့်မားလာပြီး သူမက မုန့်ချီ၏လက်ထဲတွင် ကိုင်ထားသော သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကို ယူလိုက်သည်။
ရုတ်တရက်ဆိုသလို အက်ကွဲသံတစ်ခုကို ကြားလိုက်ရ၏။ အေးခဲသွားသော ကပ်ဆိုးမြွေကြီး၏ ခန္ဓာကိုယ် တစ်ဝက်ခန့်က ပြတ်ကျသွားခဲ့ပြီး သူတို့ဆီကို ရောက်လာခဲ့သည်။ ပြတ်ကျသွားသော အမြှီးကပင် အသက်ရှင်လိုစိတ် ရှိနေသေး၏။ သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးက မြွေကြီးကို တိုက်ခိုက်ရန် မလိုတော့ချေ။
"ရေကန်ထဲကို ခုန်ချလိုက်တော့...။ ကောင်းကင်မြစ်ထဲကနေ ငါတို့က တိုက်ပွဲရှောင်လို့ရတယ်…"
ရွမ်ယုရှုက အနားတွင် ရှိနေသော ရေကန်ကို စိုက်ကြည့်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် ခံစားချက်များ ကင်းမဲ့နေပြီး အကြောက်တရား အနည်းငယ်လေးပင် မရှိချေ။
နောက်ဆုံး ကြိုးစားအားထုတ်မှုအဖြစ် မုန့်ချီက ဦးဆောင်ပြီး ရေကန်ထဲကို အရင်ဆုံး ခုန်ချလိုက်သည်။ သူက ရေကန်အတွင်းပိုင်းထဲကို ရောက်သည်နှင့် ပုန်းအောင်းမည့် နေရာတစ်ခု ရှာဖွေရန် ကျန်းကျိဝေကို ချက်ချင်း ညွှန်ကြားလိုက်သည်။ ထိုနေရာတွင် သူတို့က ကပ်ဆိုးမြွေကြီးကို နောက်တစ်ကြိမ် အလစ်ချောင်း တိုက်ခိုက်ရန် ပြင်ဆင်နိုင်ကြသည်။
သူက ရှေ့ဟောင်းလေဟာနယ်ထိုးဖောက်ခြင်းအဆောင်ကိုလည်း ကျန်းကျိဝေဆီသို့ ပေးလိုက်၏။ အလစ်ချောင်း တိုက်ခိုက်နေစဉ် အတောအတွင်း မုန့်ချီနှင့် တခြားသူများက ထွက်ပြေးသွားနိုင်ပြီး ကျန်းကျိဝေကတော့ အဆောင်ကို အသုံးပြု၍ ရနိုင်သည်။
သူတို့က ရေထဲသို့ ဝင်သွားကြသည့်အချိန်တွင် ရေလှိုင်းများ ထွက်လာခဲ့သည်။ သူတို့ (၅) ယောက်က လျင်မြန်စွာ နစ်မြုပ်သွားခဲ့ပြီး အောက်ခြေသို့ ရောက်လာခဲ့ကြ၏။ အစောပိုင်းတွင် ကပ်ဆိုးမြွေ၏ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော လှိုင်းလုံးများကို သူတို့လည်း ခံစားမိနေခဲ့သည်။
ထိုရေထဲတွင် ပဲ့တင်သံများ ကြားနေရသည့်အတွက် ကောင်းကင်မြင်းလှည်းကပင် အနည်းငယ် လှုပ်ရှားနေကြောင်း မုန့်ချီက သတိထားမိခဲ့၏။ ထိုအချိန်တွင် မြင်းလှည်းတံခါးက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
"ဘယ်လို..."
မုန့်ချီက ရုတ်တရက် ကျိန်ဆဲမိလိုက်၏။ သူတို့က ထိုကဲ့သို့ ပြောင်းလဲမှုလေးတစ်ခုကြောင့် သူတို့ထွက်ပြေးရန် အခွင်အရေးမရနိုင်တော့ဟု မုန့်ချီက စတင်ယုံကြည်လာခဲ့သည်။ ထိုမြင်းလှည်းထဲတွင် လူမရှိဘဲ မည်သူက ထွက်ပြေးရန် ပြင်ဆင်ထားမည်နည်း။
မြင်းလှည်းတံခါးက အလိုလိုပွင့်လာပြီး အတွင်းထဲတွင်တော့ တစ်ယောက်မှ မရှိခဲ့ချေ။
"လူမရှိဘူးလား…”
“တစ်ယောက်မှ မရှိဘူး…"
မုန့်ချီက သူ့မျက်လုံး သူ ယုံကြည်ပေးရန် ခက်ခဲနေသည်။ ထိုအရာက ထွက်ပြေးရန် အဆင်သင့်ဖြစ်နေသော မြင်းလှည်းတစ်စီးဖြစ်သော်လည်း အတွင်းထဲတွင် လူတစ်ယောက်မျှ မရှိချေ။
Translated by Hein Htet.