← Chapters

အခန်း (၆၆၄)

Vol. 45 Ch. 664

အခန်း (၆၆၄)

Vol. 45 Ch. 664

"ရှေးဟောင်းလေဟာနယ် ထိုးဖောက်ခြင်းအဆောင်၊ အဆင့်မြင့်ဆန်းကြယ်လက်နက်အဆင့်၊ နတ်ဘုရားအမွေ ဆက်ခံမှုရှိနေတဲ့ အင်မော်တယ် တံဆိပ်ကျမ်းစာတစ်ခု။ အဲဒီအရာက ရှေးဟောင်းအင်အားကြီး ပညာရှင်တစ်ယောက်ရဲ့ ဖန်တီးမှုပဲ။ အဲဒီအရာကို ကျန်းဝူအင်ပါယာက ပိုင်ဆိုင်ထားခဲ့ပြီး အချိန်အကြာကြီး အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့အတွက် သူ့ရဲ့အစွမ်းနဲ့ အရည်အသွေးက တဖြည်းဖြည်း လျော့ကျလာခဲ့တယ် ... လက်ရှိအချိန်မှာတော့ လေဟာနယ်ကို ထိုးဖောက်ပြီး ထွက်ပြေးဖို့အတွက်ပဲ အသုံးပြုနိုင်မယ်။ အဲဒီအရာက သိုင်းသခင်အဆင့်အောက်မှာ ဒါမှမဟုတ် ချုပ်နှောင်တဲ့ကျင့်စဉ်တွေနဲ့ အဲ့ဒီအဆောင်ကို နှောင့်ယှက်လို့ မရနိုင်ဘူး။ နောက်ထပ်(၂)ကြိမ် အသုံးပြုလို့ ရနိုင်ဦးမယ်။ ကံကြမ္မာအမှတ် (၉၈၀၀) တန်ကြေးရှိတယ် ..."

"ဆန်းကြယ်လိပ်ဓား ...

အဆင့်မြင့် ဆန်းကြယ်လက်နက်တစ်ခု။ အဲဒီအရာက အစောပိုင်းနှစ်တွေမှာ နတ်ဘုရား လက်နက်ဖန်တီးဖို့ ကြိုးစားခဲ့တဲ့ ကျန်းဝူအင်ပါယာရဲ့ မအောင်မြင်တဲ့ ပစ္စည်းတစ်ခု၊ ဒီဓားမှာ ထူးခြားတဲ့ ခုခံရေးစွမ်းအားတစ်ခု ပါဝင်တယ်။ တကယ်လို့ ဓားရဲ့ကိုယ်ထည်က တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်မယ်ဆိုရင် နတ်ဘုရားလက်နက်တခုကတောင် ဓားကို ခုတ်ဖြတ်ဖို့အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားရလိမ့်မယ် ... အဲဒါက ကံကြမ္မာအမှတ် (၉၀၀၀) တန်ကြေးရှိတယ်…"

မုန့်ချီက နေမင်းနှလုံးသားနှင့်ရေခဲမျက်လုံးသလင်းကျောက်တို့ကို သိနေသည့် အတွက်ကြောင့် ထိုအရာများကို စစ်ဆေးကြည့်ခဲ့ခြင်း မရှိချေ။

ရုတ်တရက်ဆိုသလို ဘိုးဘေးလင်းပေါင်က သူ့ကို သတိပေးလိုက်သည်။

"နတ်ဘုရားလက်နက် ဖန်တီးတာက တစ်ခုလဲလိုက်တာထက် ပိုပြီးရိုးရှင်းပေမယ့် လွယ်ကူနေတာတော့ မဟုတ်ဘူး။ တကယ်လို့ မင်းဆီမှာ ထိပ်တန်းပစ္စည်းတွေ ရှိနေတယ်ဆိုရင်တော့ အဲဒီအရာကို ပေါ့ပေါ့လေး သဘောမထားစေချင်ဘူး။ အနည်းဆုံးတော့ မင်းက ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်ပြီး သိုင်းသခင်တစ်ယောက် ဖြစ်လာတဲ့အချိန်အထိ စောင့်နေသင့်တယ်။ ဒိုမူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်တောင် (၃)ကြိမ်တိတိကြိုးစားခဲ့တယ်။ သူက သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသုံးခဲ့ရသလို အန္တရာယ်ကြီးထဲကိုလည်း ကျရောက်ခဲ့တယ်။ သူက နတ်ဘုရားလက်နက်တစ်ခု ဖန်တီးဖို့အတွက် အထူးတာဝန်တွေကိုတောင် မကြာသေးခင်ကမှ ပြီးဆုံးသွားခဲ့တာ…"

"ဘိုးဘေးဒိုမူက နတ်ဘုရားလက်နက်တစ်ခု ထုလုပ်ခဲ့တာလား။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လား…"

မုန့်ချီက အတော်လေး အံ့သြသွားခဲ့သည်။

"အဲဒါက ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်အတွက်တောင် ခက်ခဲနေတာလား ..."

"သံသရာတာဝန်မှာ အခက်ခဲဆုံးအပိုင်းကတော့ တစ်နေရာရာမှာ အတားအဆီးတစ်ခု ရှိနေတာပဲ။ အရင်တုန်းက ချင်းယွမ်နဲ့ ပိရှတို့လည်း အဲဒီလိုကြုံခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ ဒိုမူနဲ့ထိုက်ယီတို့ ကြုံနေရတာပဲ။ သူတို့ရဲ့ကျင့်စဉ်နဲ့ စွမ်းအားက ရပ်တန့်နေပေမယ့် သံသရာတာဝန်ရဲ့ အခက်အခဲတွေကတော့ တဖြည်းဖြည်း တိုးမြင့်လာနေတယ်။ ပထမပိုင်း တာဝန်အနည်းငယ်ကတော့ အဆင်ပြေတယ်.။ ဒါပေမဲ့ မင်းသာ အဆင့်မတက်နိုင်ဘူးဆိုရင် နောက်ပိုင်းတာဝန်တွေအတွက် ပြင်ပပစ္စည်းတွေကို မှီခိုလာရလိမ့်မယ်။ မရေမတွက်နိုင်တဲ့ သံသရာခရီးသွားတွေက အဲဒီအဆင့်မှာ သေဆုံးသွားကြတာပဲ ..."

ဘိုးဘေးလင်းပေါင်က ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်သည်။

"လျှို့ဝှက်တံခါးနဲ့ ကောင်းကင်လှေကား(၃)ဆင့်ကို မပြောနဲ့ ၊ ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တွေအတွက်တောင် ခက်ခဲတယ်။ ဒါက ငါ ကိုယ်တိုင် ကြုံခဲ့ရတဲ့အရာတစ်ခုပဲ။ ဒိုမူက ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်တာကြာပြီဖြစ်ပေမယ့် တာဝန်(၃)ခုပဲ ပြီးသေးတယ်။ ဒါပေမဲ့ သူ့မှာ အဆင့်တက်ဖို့ လက္ခဏာတစ်ခုမှ မရှိသေးဘူး။ ပြောရမယ်ဆိုရင် သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နတ်ဘုရားလက်နက်တစ်ခု ဖန်တီးနိုင်ရုံပဲရှိတယ် ... "

ဝေ့ကျင်းတစ်ဝက်အဆင့် အထွဋ်အထိပ်မှနေ၍ ဝေ့ကျင်းအဆင့် သာမန်ပညာရှင်များကဲ့သို့ မဟုတ်ဘဲ ဘိုးဘေးဒိုမူကဲ့သို့ သံသရာခရီးသွားများက အဆင့်တက်ရန် အလွန်ပြင်းထန်သော ဆန္ဒတစ်ခု ပိုင်ဆိုင်ထားကြသည်။ မဟုတ်လျှင် သံသရာတာဝန်များက တဖြည်းဖြည်း ပို၍ခက်ခဲလာနေသည်ကိုသာ သူတို့က မသက်မသာ ကြည့်နေရပြီး ရေနစ်နေသည့် လူတစ်ယောက်ကဲ့သို့ တဖြည်းဖြည်း ခံစားလာရပါလိမ့်မည်။

မုန့်ချီက ထိုအရာကို အလေးထားခြင်း မရှိသေးသော်လည်း အနည်းငယ်တော့ ဝမ်းနည်းသွားမိ၏။ သူက တစ်ကြိမ်တည်းနှင့် အဆင့်တက်လာခဲ့ပြီး ကောင်းကင်ကပ်ဘေး(၄)ကြိမ်ကို ခံနိုင်ရည်ရှိခဲ့သည်။ အကယ်၍ သိုင်းသခင်အဆင့်သို့ တိုးတက်မှုတွင် အရာအားလုံး အဆင်ပြေနေမည်ဆိုလျှင်ပင် နောက်ပိုင်း၌ မည်သူက အာမခံနိုင်မည်နည်း။

ကြိုးကြိုးစားစားလုပ်ဆောင်ခြင်းက အရေးပါသော်လည်း ဓမ္မကာရအဆင့်ဟူသည်မှာ အင်မော်တယ် တစ်ယောက်နှင့် လူသားတစ်ယောက်၏ ကြားထဲတွင် အလွန်အရေးပါသော ကွာဟချက်တစ်ခုဖြစ်သည်။

စုဝူမင်ကဲ့သို့ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သော လူတစ်ယောက်ကပင် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဓမ္မကာရတစ်ဝက်အဆင့်၌ ရပ်တန့်နေခဲ့သည် မဟုတ်ပေလော။

"ကျွန်တော် ဂရုစိုက်ပါ့မယ် ... "

မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ နတ်ဘုရားလက်နက်တစ်ခု ဖန်တီးရန် ပင်မပစ္စည်းတစ်ခုက သူတို့အတွက် လျှို့ဝှက်ရတနာများလည်း ဖြစ်နိုင်သည့်အတွက် ထိုအရာကို အလေးမထားခဲ့ပေ။

"ဒါဆိုရင် ဒီနေရာမှာ ငါက တာအိုလောကသိုင်းကွက်ကို နားလည်ဖို့အတွက် အခွင့်အရေးရှာလိုက်ဦးမယ်။ တရားဝင်အဖွဲ့သားတွေအတွက် ပေးရမယ့် တန်ကြေးကလည်း အရမ်းမြင့်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒီအခွင့်အရေးက အင်မော်တယ်တွေအတွင်းထဲမှာပဲ ကန့်သတ်ထားလို့ပဲ ။ တစ်ဖက်မှာတော့ မင်းက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ရဲ့ ဓမ္မကာရအဆင့် စိတ်ဝိဉာဉ်လွှဲပြောင်းမှုကို ရလိမ့်မယ်။ တကယ်လို့ အဖွဲ့သားတစ်ယောက်ကသာ ဒုတိယအကြိမ် နားလည်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူက မင်းနဲ့ညှိနှိုင်းပြီး မင်းကို လုံလောက်တဲ့ ကံကြမ္မာအမှတ် ဒါမှမဟုတ် ပစ္စည်းတွေပေးဖို့ လိုအပ်တယ် ..."

ဘိုးဘေးက ပြောလိုက်သည်။

အင်မော်တယ်အဖွဲ့မှ တရားဝင်အဖွဲ့သားများကို အခမဲ့ အကျိုးအမြတ် ရယူခွင့်ပေးလိုက်ခြင်းက အဓိပ္ပါယ်မရှိချေ။ အကယ်၍ သူတို့ကသာ တာအိုလောကသိုင်းကွက်ကို လွတ်လပ်စွာ နားလည်ခွင့်ရမည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအဆင့်က လျင်မြန်စွာ တိုးတက်သွားစေနိုင်ပြီး သူတို့ပေးဆပ်ထားသောအရာကို ရိတ်သိမ်းနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအရာက အဖွဲ့အစည်းတစ်ခု၏ အချင်းချင်း ကူညီမှုနှင့် အကာအကွယ်ပေးမှုဟူသော အဓိက ရည်ရွယ်ချက်ကို ပျက်စီးသွားစေနိုင်၏။ လူတစ်ယောက်က ပေးဆပ်မှုမရှိဘဲ အကူအညီ ရယူ၍ မရနိုင်ပေ။

"အဲဒါလည်း ကောင်းတာပဲ ... "

ဘိုးဘေး၏ အကြံပေးချက်က အဆင်ပြေကြောင်း မုန့်ချီကလည်း တွေ့လိုက်ရသည်။

ဘိုးဘေးက ကျန်းကျိဝေကို လှည့်ကြည့်လိုက်သည်။

"မိတ်ဆွေလေးကျန်း ...

မုန့်ချီကတော့ မင်းအတွက် အပြည့်အဝထောက်ခံပြီး တာဝန်ယူပေးတယ်။ မင်းကလည်း ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်ဖြစ်ဖို့ နီးနေပြီဆိုတော့ မင်းရဲ့စွမ်းအားကို စမ်းသပ်တဲ့တာဝန်ကလည်း အဓိပ္ပါယ်မရှိတော့ဘူး။ ဒါကြောင့် မင်းက တရားဝင်အဖွဲ့သားတစ်ယောက်ဖြစ်လာနိုင်ပြီ။ ဒါပေမဲ့ ငါတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အဖွဲ့သားတွေ အချင်းချင်း ကူညီထောက်ပံ့ပေးဖို့ပဲ။ အကူအညီမပေးဘဲ ငါတို့ဆီကနေ ဘယ်အရာမှ အခမဲ့ယူသွားလို့ မရနိုင်ဘူး.။ လက်ရှိအချိန်မှာတော့ မင်းက အင်မော်တယ်ယုတင်ရဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် စွမ်းရည်တစ်စိတ်တစ်ပိုင်းကိုပဲ လက်ခံနိုင်သေးတယ်။ ဒီတော့ ကျေးဇူးပြုပြီး ပိုများတဲ့အကျိုးအမြတ်တွေအတွက် တရားဝင်အဖွဲ့သားတာဝန်တစ်ခုကို ပြီးဆုံးအောင် လုပ်လိုက်ပါ ..."

ကျန်းကျိဝေကလည်း ဘိုးဘေး၏ အကြံပေးချက်ကို သဘောတူလိုက်သည်။ သူမက တာအိုလောကသိုင်းကွက်ကို လေ့လာပြီး ထိုအရာများကို နားလည်ပြီးသွားလျှင် တာဝန်လုပ်ဆောင်မည်ဟု ပြောဆိုလိုက်သည်။

သူ့အဖော်(၂)ယောက်က ပစ္စည်းတစ်ခုဆီသာ ယူဆောင်ခဲ့သည့်အတွက် မုန့်ချီက ထိုအရာများကို သူတစ်ယောက်တည်းအတွက် တစ်ကိုယ်ကောင်းဆန်ဆန် ယူမထားခဲ့ပေ။ သူက ကျန်းဝူ မကောင်းဆိုးဝါးဝိညာဉ်ပေးခဲ့သော ပင်မလမ်းညွှန်ချက် တစ်စိတ်တစ်ပိုင်းကိုလည်း မျှဝေပေးခဲ့သည်။

ထိုသို့ဆိုလျှင် ဘိုးဘေးလင်းပေါင်က မြေအင်မော်တယ်အဆင့်ကို ရောက်သွားနိုင်ပြီး ကျန်းကျိဝေကလည်း (၄)လအတွင်း ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်မည်ဟု မျှော်လင့်နေခဲ့သည်။

ဘိုးဘေးလင်းပေါင်က အင်မော်တယ်အဖွဲ့ဝင် တစ်ယောက်ဖြစ်သည့်အတွက် သူ့အတွက် အနာဂတ်ကောင်းတစ်ခု သေချာစေနိုင်ပြီး ဘိုးဘေးနှင့်သူ့ကြားတွင် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိလာနိုင်သည်။

ကျန်းကျိဝေ၏ အခြေအနေကတော့ အနောက်သို့ခရီးသွားခြင်းကမ္ဘာကြီးတွင် သူ့အတွက် ကြီးမားသော အကူအညီများ ဖြစ်လာနိုင်၏။ ကျန်းကျိဝေက နားလည်ပြီးသွားသည့်အချိန်တွင် မုန့်ချီက သူ့အလွန်လိုချင်နေခဲ့သော ဖရိုဖရဲဝဲကတော့ သိုင်းကွက်ကို ရရှိခဲ့ပြီး နားလည်မှုများ တိုးတက်လာခဲ့သည်။ ထို့နောက် သူက သူ၏စွမ်းအားများအားလုံးကို စုစည်းပြီး ကျင့်စဉ်နှင့်သိုင်းကွက်အနည်းငယ်ကို ဖန်တီးလိုက်၏။

သူတို့(၂)ယောက်က ခရမ်းမိုးကြိုးမြေအင်မော်တယ်အကြောင်းချောင်ရှန်းကျိကို မေးမြန်းသည့် သတင်းတစ်ခု ချန်ထားခဲ့ပြီးနောက် မျက်နှာဖုံးဝတ်လိုက်ပြီး ထွက်ပေါက်ဆီသို့ ပျံသန်းသွားခဲ့သည်။

"တာအိုလောကက အမှန်တကယ်ကို ခက်ခဲနက်နဲတယ်။ ငါက တံခါးပိတ်လေ့ကျင့်ဖို့ လိုအပ်ပြီး အနောက်သို့ ခရီးသွားခြင်းတာဝန်မစခင် ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ဖို့အတွက် ငါ့ကိုယ်ငါ တွန်းအားပေးရလိမ့်မယ်…"

ကျန်းကျိဝေက မျက်နှာဖုံးဝတ်လိုက်သည့်အချိန်တွင်ပင် လှပသော သူမ၏မျက်နှာလေးကို မြင်နေရသည့်နှယ် သူမ စကားပြောသည့် အချိန်တိုင်း မျက်လုံးများက တောက်ပနေကြောင်း ခံစားမိခဲ့သည်။

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ ကျန်းကျိဝေက သူ့ကို ပြုံးပြနေကြောင်း ခံစားမိခဲ့သည်။

"နင်က ဒီတစ်ကြိမ်ရတဲ့ အကျိုးအမြတ်တွေအတွက် ဝမ်းသာနေမှာပါ..."

သူမက ငွေကြေးနှင့်ပတ်သက်ပြီး မုန့်ချီ၏ အားနည်းချက်ကို ရင်းနှီးနေခဲ့သည်။

"ငါက မဟုတ်ဘူးလို့ ပြောရင် လိမ်ရာကျမှာပေါ့။ ဒါပေမဲ့ ငါက ဝမ်းသာနေတယ်ဆိုရင်တောင် ငါ့ရဲ့နှလုံးသားက တော်တော်လေးကို အားအင်ချည့်နဲ့နေသလို ခံစားနေရတယ်…"

မုန့်ချီကရယ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ့အသံက တိုးညှင်းပျောက်ကွယ်သွားခဲ့၏။

"ထိပ်သီးအင်အားကြီးတွေကြောင့်လား ..."

အလွန်ထက်မြက်သော ကျန်းကျိဝေက ချက်ချင်း ပြန်မေးလိုက်သည်။

မုန့်ချီက ပင့်သက်ရှိုက်ပြီး လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။

"ဟုတ်တယ်။ ပိုမီမှာရှိတဲ့ အပူအပင်မဲ့တောင်ကြားထဲကနေစပြီး ငရဲအင်ပါယာရဲ့ တည်နေရာ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုသခင်၊ ပြည့်စုံခြင်းအင်မော်တယ်၊ ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်၊ ရှောင်လင်ကျောင်းတော်ရဲ့ တောင်အနောက်ဘက်မှာရှိတဲ့ သန့်စင်နယ်မြေ၊ အနတ္တ၊ တွက်ချက်ရေးသူတော်စင်၊ မကောင်းဆိုးဝါးသခင်၊ သွေးပြာလူသား၊ နတ်ဘုရားကမ္ဘာကြီး၊ ဆန်းကြယ်နတ်သမီး ရုပ်အလောင်း၊ လောကသခင်ပျက်သုဉ်းခြင်းဓား၊ ကျန်းဝူမကောင်းဆိုးဝိညာဉ်၊ မိုးကြိုးနတ်ဘုရားရဲ့အရင်ဆက်ခံသူ၊ နောက်ဆုံးမှာတော့ ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်ရဲ့ ပဉ္စမသိုင်းကွက်။ အဲဒီအရာတွေက တစ်ခုပြီးတစ်ခု ဆက်တိုက်ရောက်လာနေတယ်။ ထိပ်သီးအင်အားကြီး ပညာရှင်တွေရဲ့ အရိပ်တွေက ဆက်တိုက်ပေါ်လာနေတော့ ငါလည်း အသက်တောင် မရှူနိုင်တော့ဘူး။ တကယ်လို့ ငါက သာမန်သိုင်းသခင်တွေထက် အဆပေါင်းများစွာ ကျော်လွန်နိုင်မယ်ဆိုရင်တောင် ဒါတွေအားလုံးက ပုံရိပ်ယောင်တွေလို ခံစားနေမိတော့တယ်။ ငါက သူတို့ရဲ့ အရိပ်အောက်မှာ သူတို့ရဲ့ထိန်းချုပ်မှုအတိုင်း လုပ်ဆောင်နေသလို ခံစားနေရတယ်။ ငါ့ရဲ့လုပ်ရပ်တွေအားလုံးက ဘာမှအဓိပ္ပါယ်မရှိတော့သလိုပဲ။ လှစ်ဟာမှု၊ မွန်းကျပ်မှု၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေက အခု ငါ့ရင်ထဲမှာ ခံစားနေရတဲ့ အရာတွေပဲ ။ ဒီရတနာတွေကို ရတဲ့အချိန် ပျော်ရွှင်သွားပေမယ့် ငါ့ဆီမှာ ကျန်နေတာက ဗလာနတ္ထိအခြေအနေပဲ…"

သူ့ရင်ထဲမှ စကားလုံးများကို ကြားသည့်အခါ ကျန်းကျိဝေ၏အသံက ပျော့ပျောင်းသွားခဲ့သည်။

"မဟာကျယ်ပြန့်ရဲ့ အရေအတွက်က (၅၀)ရှိတယ်။ အဲဒီအရာတွေကို မြှောက်လိုက်မယ်ဆိုရင် (၄၉)ခုပဲ တွက်ချက်ဖို့ အသုံးပြုနိုင်တယ်။ ထွက်ပြေးတယ်ဆိုတာကလည်း ကောင်းကင်ဘုံက ပေးထားတဲ့ လမ်းကြောင်းတွေထဲက တစ်ခုပဲလေ။ အရေးကြီးတဲ့ သေရေးရှင်ရေး အခြေအနေမျိုးမှာ လွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုရှာရမှာပဲ…”

“နင့်ရဲ့ကံကြမ္မာဝန်ထုပ်ဝန်ပိုးတွေကနေ လွတ်မြောက်ဖို့ အခွင့်အရေးကလည်း အခက်အခဲတွေကို ဖြတ်ကျော်ပြီး ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ရှေ့ဆက်လျှောက်ဖို့ပဲ ရှိတယ်။ ဒီလမ်းကြောင်းက အရမ်းပင်ပန်းပြီး ခက်ခဲကြမ်းတမ်းနိုင်တယ်။ နင်က နင့်ရဲ့မိတ်ဆွေတွေ ၊ မိသားစုတွေ သေဆုံးသွားတာကိုလည်း မြင်ရကောင်း မြင်ရနိုင်တယ်။ နင်ကိုယ်တိုင်က လောကကြီးတစ်ခုလုံးရဲ့ ရန်သူတစ်ယောက်တောင် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဒါက သာမန်လူတစ်ယောက် ခံစားနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ငါ သိပါတယ်။ နင်က မရင့်ကျက်တဲ့ရုပ်ရည်နဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်ပေမယ့် နင်က ခိုင်မာပြီး စိတ်ဓာတ်ခွန်အားတောင့်တင်းတယ်။ နင်က နင့်ရဲ့စည်းမျဉ်းတွေကို လက်ကိုင်ထားပြီး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သည်းခံနေတတ်တယ်။ နင်က အရာအားလုံးကိုလည်း စွန့်လွှတ်မှာပဲ။ နင့်ရဲ့လက်ရှိလှစ်ဟာမှုတွေ၊ ပင်ပန်းမှုတွေအားလုံးက ခဏပါပဲ…"

ရုတ်တရက်ဆိုသလို သူမက ပြုံးလိုက်သည်။

"အဲဒီစကားလုံးတွေက နင့်အတွက် အသုံးမဝင်ဘူးမဟုတ်လား .။ ဘာလို့လဲဆိုတော့ နင်က ဒါတွေအားလုံးကို ကောင်းကောင်းသိနေလို့လေ။ အခုအချိန်မှာ နင့်အတွက် လိုအပ်နေတာက အနားယူဖို့ပဲ။ အနားယူပြီး အရာအားလုံးကို ခဏမေ့ပစ်လိုက်။ ဒီအခြေအနေတွေ ဖြတ်ကျော်သွားပြီး နင့်ရဲ့ခံစားချက်တွေ တည်ငြိမ်သွားပြီဆိုရင် နင်က တိုက်ခိုက်ဖို့ဆန္ဒတွေ ပြည့်ဝလာလိမ့်မယ်... "

သူမက ဓားထုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ချိန်လိုက်သည်။

"ကြည့်လိုက်… ကောင်းကင်ဘုံတစ်ခုလုံး ပြည့်နေတဲ့ နတ်ဘုရားတွေ၊ ဗုဒ္ဓတွေက ငါတို့ကို ကျားစေ့လေးတွေအဖြစ် အသုံးချပြီး ငါတို့ရဲ့ဘဝကို ထိန်းချုပ်ရဲမယ်ဆိုရင် ငါတို့ကရော ဘာလို့ သူတို့ကို မသတ်နိုင်ရမှာလဲ…"

မုန့်ချီက ကောင်းကင်ကြီးကို တိတ်တဆိတ် စိုက်ကြည့်နေပြီး သူ့မိတ်ဆွေ၏ စကားလုံးများကြောင့် ရင်ထဲတွင် နွေးထွေးသွားခဲ့သည်။ သူ၏တုံ့ပြန်မှုကို သိနေသည့်အတွက် မုန့်ချီက ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိဘဲ အစစ်အမှန် ခံစားချက်များကို ရှောင်တိမ်းနေခဲ့သည်။

သူတို့က ထွက်ပေါက်အနားသို့ နီးကပ်လာသည့်အချိန်တွင် သူက အနားသို့ ကပ်သွားလိုက်၏။

"ကျိဝေ ...

နင် ပြောတာ မှန်တယ်။ ငါက အနားယူဖို့လိုအပ်တယ်။ ဒါကြောင့် ငါက ခရီးတစ်ခုသွားဖို့ စဉ်းစားနေတယ်။ ငါက လေ့ကျင့်နေရင်း အနားယူတော့မယ်။ အတိတ်တုန်းက မိတ်ဆွေဟောင်းတွေနဲ့ သွားတွေ့ပြီး စကားပြောမယ်။ ငါ့ရဲ့လက်ရှိစိုးရိမ်မှုတွေအားလုံးကို မေ့ပစ်နိုင်လိမ့်မယ်…"

သူမက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်ပြီး တခြားစကားတစ်ခွန်းမျှ မပြောချေ။ သူမကတော့ သူ့အဖော်အတွက် တည်ငြိမ်ပြီး သက်တောင့်သက်သာရှိသော စကားများကိုသာ စဉ်းစားပေးခဲ့၏။

……………..

ဆောင်းရာသီ အလယ်ပိုင်းတွင် အဖြူရောင်နှင်းပွင့်လေးများက နှင်းကျောက်စိမ်းတောင်ထိပ်တစ်ခုလုံးကို ခြုံလွှာကြီးတစ်ခုကဲ့သို့ ဖြစ်နေစေပြီး လမ်းကြောင်းတစ်ခုလုံး အေးခဲနေခဲ့သည်။

ယခုမုန့်ချီက ကျယ်ပြန့်သော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားခဲ့၏။ သူ့ဆံပင်များကို သစ်သားဆံထိုးနှင့် ထိုးထားခဲ့သည်။ သူက လက်နောက်ပစ်၍ နှင်းများထဲတွင် လျှောက်လှမ်းနေခဲ့၏။

သူ လမ်းလျှောက်လိုက်သည့် အချိန်တိုင်း သူ့အောက်တွင် ရှိနေသော လမ်းကြောင်းကဲ့သို့ ပြောင်းလဲသွားသည်မှာ သာမန်လူတစ်ယောက် လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေသည်။ သူကတော့ သူ့ကိုယ်သူ တည်ငြိမ်နေသည်ဟု သတ်မှတ်နိုင်ခြင်းမရှိဘဲ ခံစားချက်များမရှိရုံသာ ဖြစ်၏။

သူက တောင်ခြေအနားသို့ ရောက်သည့်အချိန်တွင် လေဟာနယ်ပေါ်သို့ တစ်လှမ်းချင်းဆီ တက်လှမ်းရန် ကြိုးစားလိုက်သည်။ ဤနေရာသို့ နောက်ဆုံးတစ်ကြိမ် ရောက်ခဲ့သည့်အချိန်တွင် သူက ရှန့်ကွမ်းဟန်နှင့်အတူ နှင်းထောင်ထိပ်နှင့် ရေခဲနံရံပေါ်သို့ တက်လှမ်းရန် အခက်အခဲ ရှိခဲ့သည်။ ယနေ့တော့ ထိုအရာက သူ့အတွက် လက်ဖျောက်တချက်တီးလိုက်ရုံသာ ရှိသည်။

နှင်းကျနေသော မြူခိုးများက တောင်တန်းကြီး၏ ပတ်ပတ်လည်တွင် လွှမ်းခြုံနေပြီး မကြာခဏဆိုသလို တောင်ခြေ၌ ပညာရှင်များ ပေါ်လာ၍ နှင်းကြာပန်းများကိုခူးပြီး သားကောင်များကို အမဲလိုက်နေကြသည်။ သံချင်း ထိခိုက်သည့် အသံများကိုလည်း မလှမ်းမကမ်းမှ ကြားနေရသည်။ ထိုအရာများကို လေထဲမှကြည့်နေသော မုန့်ချီကတော့ မတူညီသောကမ္ဘာကြီးတစ်ခုကို မြင်နေရသလို ခံစားနေရ၏။

တောင်ထိပ်က ပြောင်းလဲသွားခြင်း မရှိချေ။ လူထူးဆန်းဟွမ်လျန့်ကလည်း ရေခဲအိမ်လေး၏ အတွင်းထဲတွင် ထိုင်နေဆဲသာ ဖြစ်သည်။

မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသော မုန့်ချီက သူ့ဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး သူ့ပုံစံကို ဂရုမစိုက်ဘဲ ထိုင်ချလိုက်၏။ ဟွမ်လျန့်ကတော့ စိတ်မဝင်စားဘဲ ကြယ်တာရာကောင်းကင်ကြီးကိုသာ မော့ကြည့်နေမိခဲ့သည်။ တိမ်ကင်းစင်နေသော ကောင်းကင်ပေါ်တွင် ကြယ်များက တလက်လက် တောက်ပနေသည်မှာ အိပ်မက်ဆန်သော ပုံရိပ်ရောင်တစ်ခုကဲ့သို့ ထင်မှတ်ရ၏။

မုန့်ချီက ရောက်တတ်ရာရာ မေးခွန်းများကို ခေါင်းထဲတွင် စဉ်းစားနေမိခဲ့၏။

"အဲဒါက ကြယ်သေတွေလား ... အဲဒီအရာက အမှန်တကယ်ကို လုံးဝိုင်းတဲ့ ကောင်းကင်ကြီးနဲ့ ပြားတဲ့မြေပြင်လား။ ဒါမှမဟုတ် ဒါက ကျယ်ပြန့်တဲ့ စကြဝဠာလား”

“ဒါက လေဟာနယ် အပိုင်းအစတစ်ခုလား ဒါမှမဟုတ် အစစ်အမှန် ကမ္ဘာကြီးတစ်ခုလား။ အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်က အရင်ဘဝမှာ ငါကြားခဲ့ဖူးတဲ့ ကမ္ဘာသစ်ပင် ၊ စကြဝဠာသစ်ပင်နဲ့ အတူတူပဲလား။ ဘယ်ကမ္ဘာကြီးက သစ်ရွက်တွေဖြစ်ပြီး ဘယ်အရာက သစ်ကိုင်းတွေလဲ…"

မုန့်ချီက အဆုံးမဲ့ကြယ်တာရာ ကောင်းကင်ကြီးကို ငေးကြည့်နေရင်း တစ်ယောက်တည်း အတွေးပင်လယ် ဝေနေခဲ့သည်။ သူ၏သိစိတ်ကလည်း လေထဲ၌ လွင့်မျောနေပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေမိ၏။

"သစ်ရွက်တစ်ခု၊ သစ်ကိုင်းတစ်ခု၊ ပင်စည်တစ်ခုနဲ့ သစ်မြစ်တစ်ခုမှာ ဘယ်လိုအစိတ်အပိုင်းတွေ ပါဝင်နေတာလဲ ..."

လူထူးဆန်းဟွမ်လျန့်က ရုတ်တရက်ပြန်လှည့်လာပြီး မုန့်ချီကို သံသယဝင်စွာ လှည့်ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ ... "

"ကျုပ် ဘယ်သူလဲဆိုတာက အရေးပါလို့လား…"

မုန့်ချီက ကောင်းကင်ကြီးကိုသာ စိုက်ကြည့်နေသေး၏။

"အဲဒါလည်း ဟုတ်တာပဲလေ ..."

ဟွမ်လျန့်ကလည်း အဝေးသို့ ကြည့်လိုက်ပြီး နောက်တစ်ကြိမ် စိတ်ကူးထဲ၌ နစ်မျောသွားပြန်သည်။

"သစ်ရွက်တစ်ရွက်၊ သစ်ကိုင်းတစ်ခု၊ ပင်စည်တစ်ခုနဲ့ သစ်မြစ်တစ်ခုမှာ ဘယ်လိုအစိတ်အပိုင်းတွေ ပါနေတာလဲ ..."

လွင့်မျောနေသော နှင်းပွင့်လေးများက ရေခဲများအဖြစ် အေးခဲသွားသည်။ မုန့်ချီက တစ်ကိုယ်လုံးနှင်းများ ဖုံးလွှမ်းနေသော်လည်း အနည်းငယ်လေးပင် လှုပ်ရှားခဲ့ခြင်း မရှိချေ။

ရက်ပေါင်းများစွာ ကြာပြီးနောက် မုန့်ချီက မေးခွန်းများစွာ၏ အဖြေကိုလည်း မရှာနိုင်ခဲ့ပေ။ ထိုအစား သူ့ခေါင်းထဲတွင် ပို၍ရှင်းလင်းလာသည့်အတွက် အလွန်ဝမ်းသာလာခဲ့၏။ သူက ကိုယ်လုံးပေါ်တွင် ကပ်တင်နေသော နှင်းနှင့် ရေခဲသလင်းကျောက်များကိုခါချပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အားရပါးရရယ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။

ဟွမ်လျန့်၏မျက်လုံးများက လှုပ်ရှားသွားခဲ့ပြီး ပျောက်ကွယ်သွားသော မုန့်ချီကိုကြည့်၍ ခေါင်းခါလိုက်မိသည်။

"လူထူးဆန်းပဲ ..."

ထိုနှင်းပွင့်လေးများက မီးတောက်မှ ထွက်ပေါ်လာသော အလင်းရောင်ကို ဖုံးလွှမ်းနိုင်ခြင်း မရှိသည့်အတွက် အဝေးမှ ပျံ့နှံ့လာသော မီးတောက်သံ တဖောက်ဖောက်ကိုလည်း တားဆီးနိုင်ခြင်း မရှိချေ။

လမ်းသွားလမ်းလာများက ယဲ့တူတွင် ရှိနေသော ကျောက်စိမ်းတံတားလမ်းကြားတွင် သွားလာနေကြ၏။ တချို့ကတော့ ကုန်သည်များဆီသို့ အလျင်အမြန်သွားနေပြီး တချို့ကတော့ ဆိုင်မှ ရောင်းချသော နှစ်သစ်ကူးပစ္စည်းများကို ဝယ်ယူလာကြသည်။ မြစ်ရေများကလည်း မနှေးမမြန်စီးဆင်းနေပြီး မျက်နှာပြင်ပေါ်တွင် ဈေးဆိုင်များ၏ အခြေအနေကို ပြသနေခဲ့၏။

မုန့်ချီကတော့ သာမန်လူသားကမ္ဘာကြီး၏ အခြေအနေကို ခံစားမိခဲ့သည်။ သူက ဆံပင်များကို သစ်သားဆံထိုးနှင့် စည်းနှောင်ထားပြီး လက်နောက်ပစ်ထားခဲ့၏။ မုန့်ချီက လူသူစည်ကားနေသော လူအုပ်ကြီး၏အလယ်သို့ လျှောက်သွားပြီး ပတ်ပတ်လည်သို့ လှည့်ကြည့်နေခဲ့မိသည်။

"လွန်ခဲ့တဲ့ (၅)နှစ်၊ (၆)နှစ်လောက်မှာ ဒီနေရာက အရသာရှိတဲ့ စားစရာတွေကို ရှာဖွေဖို့ ငါလာခဲ့တဲ့နေရာပဲ။ ငါက အဲဒီအရာတွေကို မမှတ်မိတော့ဘူး။ ကြည့်ရတာတော့ အချိန်က သိပ်မကြာသေးဘူး။ ဒါပေမဲ့ အရင်ဘဝမှာ ဖြစ်ခဲ့သလိုမျိုး ခံစားနေရတယ်.."

သူကတော့ တကူးတက ကြိုးစားနေခြင်း မရှိဘဲ မှတ်ဉာဏ်များက မုန့်ချီ၏ ခေါင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။ လမ်းသွားလမ်းလာများ၊ မီးတိုင်များ၊ မြစ်များက မနေ့တနေ့တွင် ဖြစ်ခဲ့သည့်အလား စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။

"အဲဒီအချိန်မှာ နတ်ဆိုးမကူက တံတားဘေးမှာ ပေါ်လာခဲ့တယ်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့တဲ့ သူ့ပုံစံက နတ်သမီးတစ်ယောက်လို လှပတယ်။ သူက ပန်းချီကားထဲကနေ ထွက်လာသလိုမျိုးပဲ။ သူက သာမန်လူသားကမ္ဘာကြီးရဲ့ အလင်းရောင်ထဲမှာ လွှမ်းခြုံနေသလို ဖြစ်နေတယ်…"

မုန့်ချီက တံတားကို လှမ်းကြည့်လိုက်သည့်အချိန်တွင် ထိုနေ့၌ ဖြစ်ပျက်ခဲ့သော အရာများကို ပြန်လည်စဉ်းစားမိလာခဲ့သည်။ သူက ကူရှောင်စန်းကို လွမ်းဆွတ်နေခြင်း မဟုတ်ချေ။ ထိုအချိန်တွင် သူမက မည်မျှအစွမ်းထက်ကြောင်း တွေးကြည့်မိရုံသက်သက်သာ ဖြစ်၏။ ထိုအရာက ကြွက်တစ်ကောင်ကို စနောက်နေသော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်သည်။ နှစ်အနည်းငယ် ကြာသွားသည့် အချိန်တွင်ပင် သူက လှည့်ကွက်များကို မသုံးဘဲ သူမကို အနိုင်ရရန် လုံလောက်သည့်အစွမ်းမျိုး မရှိသေးပေ။

"ဒီနေရာက ငါ့ရဲ့မကောင်းဆိုးဝါးဓား နတ်ဆိုးမကူရဲ့လက်ထဲကို ရောက်သွားတဲ့နေရာပဲ…."

သူက ထိုနေရာများကို သွားလာနေရင်း မှတ်ဉာဏ်များက ပြန်လည်လတ်ဆတ်လာခဲ့သည်။ သူက ထိုအချိန်ကို ပြန်ရောက်သွားသလို ခံစားနေရ၏။ သူ၏ဘယ်ဘက်တွင်တော့ စုံတွဲတစ်တွဲက လမ်းမပေါ်တွင် လမ်းလျှောက်နေကြပြီး အမေဖြစ်သူက ကလေးငယ်၏လက်ကို ဆွဲကိုင်ထားသည်။

ဧည့်သည်များကတော့ စားသောက်ဖွယ်ရာများကို စူးစမ်းရှာဖွေနေကြ၏။ ထိုလူများက ထိတွေ့ကိုင်တွယ်၍ ရနိုင်သည့်အတွက် ဤအရာက အစစ်အမှန်လူသားကမ္ဘာကြီး ဖြစ်သည်။

မုန့်ချီကတော့ ရုတ်တရက် ပြန်လည်ရှင်သန်လာသလို ခံစားနေရ၏။ သူက ထိုအချိန်တုန်းက စိတ်အခြေအနေကို ပြန်ရသွားသလိုဖြစ်နေခဲ့၏။ စားစရာများအပေါ် ချစ်မြတ်နိုးမှု၊ ဘဝကြီးအပေါ် ချစ်မြတ်နိုးမှု၊ ရုပ်ရည်ချောမောလှပမှုကို စိတ်ဝင်စားမှုနှင့် ကံကြမ္မာအမှတ်များ ရရှိရန် လှည့်ကွက်များ၊ သံသရာတာဝန်များစသည့် ခံစားချက်များအားလုံးကို ပြန်လည်ခံစားလိုက်ရသည်။

သူက ချောမောခန့်ညားပြီး ဉာဏ်ကောင်းသည့် လူတစ်ယောက်ဟု မသတ်မှတ်နိုင်သော်လည်း အစစ်အမှန်လူသားတစ်ယောက်ကဲ့သို့ နေထိုင်နိုင်ခဲ့သည်။ သူက အုတ်ဂူများ၊ ခြေရာလက်ရာများ၊ အေးစက်မှုများ၊ ထူးဆန်းမှုနှင့် စွမ်းအားကြီးများကို မတွေ့ကြုံရသည့်အလား ခရီးများသွားလာခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာခဲ့၏။

သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည့်အချိန်တွင် လူအုပ်ကြီးနှင့် ပေါင်းစပ်သွားပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။ သူက ခြေလှမ်းပေါင်းများစွာ လျှောက်လာပြီးနောက် သူ့အပြုံးက ပို၍နက်ရှိုင်းလာခဲ့ပြီး ဆူညံသံများ၏ အဆုံးကို ရောက်လာခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ လက်ထဲတွင် အရက်အိုးကိုင်ထားသော မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့လိုက်ရသည်။

ဝမ်ကိုက်၏ လေးထောင့်ဆန်ဆန် မျက်နှာက သူ့အတွက်တော့ အလွန်ထူးခြားနေခဲ့၏။

"တိုက်ဆိုင်လိုက်တာ…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

ဝမ်ကိုက်ကလည်း အားရပါးရ ရယ်လိုက်၏။

"မင်းက မင်းရဲ့အငွေ့အသက်ကိုတောင် မထိန်းချုပ်ဘဲ ငါ့တံခါးကို (၂)ကြိမ်တိတိ ဖြတ်လျှောက်သွားတယ်။ ငါက မင်းရှိနေတာကို သတိမထားမိဘူးဆိုရင် ကျိုးနိုင်ငံ ဝမ်မိသားစုက ထိပ်တန်းမိသားစုလို့ ခေါ်နိုင်ဦးမှာလား…"

မုန့်ချီက ဝမ်ကိုက်ကို အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။

"မင်းရဲ့အကြီးမားဆုံး အားနည်းချက်ကတော့ ရိုးသားမှုနဲ့ အမှန်တရားကို မြတ်နိုးမှုပဲ။ ဒါက တကယ်တိုက်ဆိုင်တာလို့ မင်းက ပြန်မပြောသင့်ဘူးလား ... "

ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းရဲ့ရိုးသားမှုကြောင့် ငါက တော်တော်လေးဝမ်းသာပါတယ် ..."

သူက သူ၏ရှင်းလင်းမှုတစ်ခုချင်းဆီတိုင်းတွင် အလွန်ကျေနပ်နေခဲ့သည်။

မုန့်ချီ၏ စနောက်မှုကြောင့် ဝမ်ကိုက်ကလည်း ရယ်လိုက်သည်။ သူက မုန့်ချီ၏လက်ထဲသို့ အရက်အိုး ထည့်ပေးလိုက်ပြီး သူတို့(၂)ယောက်က လမ်းပေါ်တွင် အရက်သောက်နေကြ၏။

"ဒါဆိုရင် မင်းက ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီပေါ့ ... "

အရက်အိုးကို ကိုင်ထားရင်း မုန့်ချီက သာမန်လူသားဘဝကို ဆက်လက်ခံစားနေခဲ့၏။

ဝမ်ကိုက်က ခေါင်းညိတ်ပြလိုက်သည်။

"မကြာသေးခင်တုန်းကတော့ ငါက တစ်ကြိမ်တည်းနဲ့ အသည်းအသန် အဆင့်တက်ချင်ခဲ့တဲ့အတွက် အဆင့်တက်ဖို့ အချိန်ယူခဲ့တယ် ။ အဲဒီနောက်မှာ ငါ့အဖေက ငါ့ကိုအပြစ်တင်ဖို့ စာတစ်စောင် ရေးပေးခဲ့တယ်။ ငါက ဝမ်မိသားစုဝင်တစ်ယောက်အဖြစ် ငါ့ရဲ့စွမ်းရည်တွေကို ဖြုန်းတီးနေတယ်လို့ အပြစ်ပြောခဲ့တယ်။ အဲဒီအရာက အရမ်းကိုဝေးကွာပြီး ဆိုးရွားနေတာ မဟုတ်ဘူးလို့လည်း ပြောခဲ့တယ်။ အဲဒီအချိန်မှာ ငါက နားလည်သွားခဲ့တာပဲ ... "

"အဲဒါက မင်းရဲ့လမ်းကြောင်း မဟုတ်ဘူးဆိုတာ ငါသိတယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

ထိုလမ်း၏အဆုံးကို ရောက်သည့်အချိန်တွင် သူတို့(၂)ယောက်က စကားတစ်ခွန်းမျှမပြောကြဘဲ လမ်းဆုံလမ်းခွတွင် လူချင်းခွဲသွားခဲ့သည်။ ထို့နောက် မုန့်ချီက သူ့ဆီသို့ အရက်အိုးနှင့် လမ်းလျှောက်လာနေသော အစိမ်းဝတ် သခင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

တစ်ဖက်လူက သီချင်းဆိုရင်း အရက်သောက်နေခဲ့သည်။

"ငါ့ရဲ့နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတယ် ... ငါသိသလောက်တော့ ငါက သာမန်လူသား တစ်ယောက် မဟုတ်ဘူး…"

"သခင်လေးလျှူစု ..."

မုန့်ချီက ကျယ်လောင်စွာ ရယ်လိုက်ပြီး အရက်အိုးကိုမြှောက်၍ နောက်တစ်ကြိမ် အရက်တိုက်လိုက်ပြန်သည်။ လျှူစုကလည်း တူညီစွာ လုပ်ဆောင်ခဲ့၏။ သူတို့(၂)ယောက်က အချင်းချင်းဖြတ်ကျော်သွားပြီး လေထဲတွင် ရယ်သံများသာ ပျံ့နှံ့နေခဲ့သည်။

ယခုဟယ်မူက တံခါး(၄)ပေါက်အဆင့်ကို ရောက်နေပြီဖြစ်ပြီး သူ၏ဓားသိုင်းပညာက ယခုဆိုလျှင် ပို၍ ပြည့်စုံလာခဲ့သည်။ ထို့ကြောင့် သူက သူ့ထက် အဆပေါင်းများစွာ အဆင့်မြင့်သူများကို မကြာမကြာ အနိုင်ရခဲ့၏။ သူက ယဲ့တူတွင် ကိုယ်ပိုင်နာမည်တစ်ခု တည်ဆောက်ထားနိုင်ခဲ့သည်။

နှစ်သစ်ကူးချိန် ရောက်လာသည့်အချိန်တွင် သူက လက်ထဲ၌ အရက်အိုးကိုင်ပြီး သခင်လေးစု၏ ယခင်နေအိမ်ဆီသို့ ရောက်လာခဲ့သည်။ သူကတော့ ယခင်နှစ်များကဲ့သို့ တစ်ယောက်တည်း အရက်သောက်ရန် စီစဉ်ထားခဲ့၏။ သူက အတိတ်အကြောင်းကို ပြန်လည်တွေးတောနေရင်း ထိုကဲ့သို့ အခွင့်အရေးတစ်ခုအတွက် အလွန်ဝမ်းသာနေခဲ့၏။

တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် သူ့မျက်လုံးများက အေးစက်သွားခဲ့၏။ အလွန်ချောမောခန့်ညားသော သခင်လေးစုက ပုခုံးပေါ်တွင် ဝတ်ရုံကို ခေါက်တင်ထားပြီး ဆံပင်များကို သစ်သားဆံထိုးနှင့်ထိုး၍ အတိတ်တုန်းက ထိုင်နေသော ဇီးသီးပင်အောက်တွင် ထိုင်နေခဲ့သည်။

သူက အတွင်းထဲတွင် ရှိနေသော ကြေးနီးမီးဖိုကြီးထဲရှိ မီးတောက်များကို မျက်နှာချင်းဆိုင်နေခဲ့၏။ သူ့လက်ထဲတွင်တော့ အလေးထားနေသော စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သူက အလွန်တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနေခဲ့၏။

ဟယ်မူ၏ခြေလှမ်းများက နှေးကွေးသွားခဲ့ပြီး သူ၏အသက်ရှူသံကို ထိန်းချုပ်ရန် မနည်းကြိုးစားလိုက်သည်။ သူက မုန့်ချီ၏အနားသို့ သတိထား၍ ချဉ်းကပ်လာပြီး သေချာမေးလိုက်၏။

"ဆရာလေးစုက တောင်းဆိုခြင်းကောင်းကင်စာအုပ်ကို ဖတ်နေသေးတာလား ... "

မုန့်ချီက ပြုံးလိုက်မိသည်။

"ငါက ပိုပြီးတိုက်ခိုက်လေလေ ငါ့ရဲ့နားမလည်မှုတွေကို ပိုပြီးခံစားမိလာလေလေပဲ ..."

ဟယ်မူက ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခုမျှမပြောခဲ့ပေ။ သူက အရက်အိုးကို ချလိုက်ပြီး စာအုပ်ထဲမှ ဆရာလေးစု၏ ရှင်းပြချက်များကို ပုံမှန်အတိုင်း နားထောင်နေခဲ့၏။

ဇီးသီးပွင့်များနှင့် ကြေးမီးဖိုကြီး၊ ကျဆင်းနေသော နှင်းပွင့်လေးများ၊ စည်းချက်ကျကျ ထွက်ပေါ်လာနေသော အသံတစ်ခုက သူ့နှလုံးသားကို တည်ငြိမ်အေးချမ်းစေခဲ့သည်။ ကောင်းကင်ကြီးက အပြင်ဘက်၌ တဖြည်းဖြည်း တောက်ပလာသည့်အချိန်တွင် မုန့်ချီက စာအုပ်ကို ချထားလိုက်သည်။

သူက မနှေးမမြန် မတ်တပ်ရပ်လိုက်ပြီး ဟယ်မူကို ပြုံးပြလိုက်၏။

"ဒါက လွန်ခဲ့တဲ့ (၂)နှစ်လောက်မှာ ငါ နားလည်ထားတဲ့အရာတွေပဲ..။ သေချာလေ့လာပါ…"

သူက လက်ညှိုးနှင့် ဟယ်မူ၏မျက်ခုံးပေါ်ကို ထိလိုက်ရာ တစ်ဖက်လူ၏ ခေါင်းထဲတွင် မြင်ကွင်းပေါင်းများစွာ ပေါ်လာခဲ့သည်။ ဟယ်မူက ထိုမြင်ကွင်းများကို လေ့လာပြီးချိန်တွင် ဆရာလေးစုက ထွက်သွားပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။ သူက စကားလုံး အနည်းငယ်သာ ချန်ထားခဲ့သည်။

"ငါ့ရဲ့နာမည်ကို မပျက်စီးစေနဲ့ ... "

နှင်းများ ဖုံးလွှမ်းနေသော လမ်းမပေါ်တွင် မုန့်ချီက ညအချိန် လျှန်တိုင်တောင်ထိပ်ပေါ်သို့ တက်လာခဲ့သည်။ တောင်ထိပ်ကျောင်းဆောင်ပေါ်တွင်တော့ အလင်းရောင်များ တောက်ပနေခဲ့၏။ အေးစက်ပြီး လူသူ တိတ်ဆိတ်နေသော ညအချိန်တွင် လေလှိုင်းများက လူတစ်ယောက်၏စိတ်ကို ရှင်းလင်းပေးနိုင်သည်။

ယခု မုန့်ချီက စိတ်အေးလိုက်အေး ဖြစ်နေပြီး လှေကားပေါ်သို့ ဝမ်းသာအားရ တက်သွားခဲ့သည်။ သူက တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့၏။ တောင်တစ်ဝက်တွင် တည်ရှိနေသော စံအိမ်က မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

မုန့်ချီကတော့ ဖြစ်ခဲ့သည့် အရာအားလုံးကို ပြန်လည်စဉ်းစားမိခဲ့၏။

"ရူးသွပ်သော တပည့်လေးတစ်ယောက်၊ မျက်နှာပျက်နေသောဆရာ…"

"ဒေါင် ..."

အလွန်ကျယ်လောင်သော ခေါင်းလောင်းသံက အဝေးသို့ ပျံ့နှံ့လာပြီး ညအချိန်တွင် သာယာနာပျော်ဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက အိပ်မက်ထဲ၌ ပျောက်ကွယ်နေသူများကို ပြန်လည်ခေါ်ဆောင်နိုင်သလို ထင်မှတ်ရ၏။

"ကျောင်းထိုင်ကုံဝမ်က ခေါင်းလောင်းတီးခဲ့တာလား ... "

မုန့်ချီက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။

ထိုအချိန်တွင် နောက်ဆုံး ကျန်နေသည့်ရှုပ်ထွေးမှုများ၊ ပင်ပန်းနွမ်းနယ်မှုများ အားလုံးက သူ့ဆီမှ ထွက်ခွာသွားပြီး သူက မူလအခြေအနေကို ပြန်ရောက်သွားကြောင်း ခံစားလိုက်ရသည်။ သူက ဖုန်မှုန့်များအားလုံးကို ရှင်းပစ်နိုင်ခဲ့သလို ခံစားလိုက်ရ၏။

"စည်ကားသိုက်မြိုက်တဲ့ လူသားကမ္ဘာကြီး၊ အပေါ်ယံဆန်နေတဲ့ဘဝတစ်ခု၊ မိတ်ဆွေနဲ့ မိသားစုတွေ၊ အချင်းချင်း ကူညီပေးနေကြတဲ့ အပေါင်းအဖော်တွေ၊ ဝမ်းသာမှု၊ ပျော်ရွှင်မှု အဲဒီအရာတွေအားလုံး အတိတ်တုန်းကတော့ ငါ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာလည်း ငါ့ရဲ့တစ်စိတ်တစ်ပိုင်းပဲ။ နောက်ပိုင်းမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒီအင်အားကြီးတွေက ငါ့ဆီကနေ သူတို့ကို ခိုးယူသွားခွင့်မပေးနိုင်ဘူး။ ငါ့ရဲ့တည်ငြိမ်မှုကို ဖျက်ဆီးခွင့်မပေးနိုင်ဘူး.."

ထိုအချိန်တွင် သူ့နားထဲ၌ သံသယအရှင်သခင်၏ စကားကို ကြားလိုက်ရသည်။ သူ့ကို ရှောင်လင်ကျောင်းတော်မှ အဝေးတွင် နေထိုင်ရန် တောင်းဆိုလိုက်ပြီး သူ၏နောက်ထပ်တာဝန်အတွက် ပြင်ဆင်ထားရန် ပြောဆိုလိုက်သည်။

မုန့်ချီက ချက်ချင်းပင် ပြန်လှည့်ထွက်သွားခဲ့၏။ သိပ်မကြာခင် သူက ကျောင်းဆောင်မှ မိုင်ထောင်ပေါင်းများစွာ အကွာတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်ချင်စိတ်များကို ခံစားလိုက်ရသည့်အတွက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါ့ရဲ့လက်ထဲမှာရှိတဲ့ ဓားမောက်နဲ့ ဓားရှည်ကိုသုံးပြီး နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ ဗုဒ္ဓကိုတောင် သုတ်သင်ရှင်းလင်းနိုင်တယ်…"

သူ့အသံက ကျန်းကျိဝေ၏ယခင်မေးခွန်းကို ပြန်ဖြေလိုက်ခြင်းလည်း ဖြစ်သည်။ သူ့အသံက အဝေးထိအောင် ပျံ့နှံ့သွားပြီး သူကလည်း နေရာမှ ပျောက်ကွယ်သွားခဲ့၏။

Translated by Hein Htet.

All Chapters