← Chapters

အခန်း (၆၇၇)

Vol. 46 Ch. 677

အခန်း (၆၇၇)

Vol. 46 Ch. 677

"ငါတို့က လျှို့ဝှက်ရတနာတွေ၊ အဆောင်တွေနဲ့ နတ်ဘုရားလက်နက်တွေကို သုံးလို့မရနိုင်ဘူးလား ..."

ထိုစကားကို ကြားလိုက်မိသည့်အချိန်တွင် မုန့်ချီက ရင်ထဲ၌ ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ ထိုအချက်တစ်ခုတည်းကပင် သေမင်းတမန်တာဝန်၏ အဓိပ္ပါယ်ကို အမှန်တကယ် ပြသနေခဲ့၏။

ထိုတာဝန်၏ သဘာဝကကို ကံကြမ္မာအမှတ် အများအပြား ရှိနေသော်လည်း အရည်အချင်းနှင့် စွမ်းအင်တိုးတက်မှုနည်းပါးသော သံသရာခရီးသွားအများအပြားကို ရှင်းပစ်နိုင်သည်။ ထိုအခြေအနေမျိုးတွင် သူတို့၏အဖွဲ့က အဖွဲ့သားတစ်ဝက်ကျော် ဆုံးရှုံးသွားရနိုင်၏။

"ငါတို့က ကိုယ်ပိုင်စွမ်းရည်၊ လက်နက်၊ အကာအကွယ်အသုံးအဆောင်နဲ့ ဆေးရည်တွေပဲ သုံးလို့ရမယ် ..."

သူက သူ့အဖော်များကို သတိလက်လွတ် စိုက်ကြည့်မိလိုက်သည်။

သူက နောက်ထပ်တာဝန်မစခင် အတောအတွင်း နတ်ဘုရားလက်နက် တစ်ခုခုကို ငှားရမ်း၍ ရနိုင်ခြင်းရှိမရှိ ရင်ထဲတွင် စဉ်းစားကြည့်နေမိသည်။ မုန့်ချီကတော့ ယခင်တစ်ခေါက် သေမင်းတမန်တာဝန်မှ ရခဲ့သော ဒဏ်ရာများ၊ နာကျင်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ယခုမှ ကုသနိုင်ရုံသာ ရှိသေးသည်။

သူတို့က သတိထားပြီး ပြင်ဆင်ရုံလောက်နှင့် မလုံလောက်ကြောင်း ကောင်းကောင်းကြီး သိနေခဲ့၏။ သူက နတ်ဘုရားလက်နက်တစ်ခုရရှိရန် အခွင့်အရေးအတွက် ခရီးတစ်ခုသွားခွင့်ရရန် မျှော်လင့်နေခဲ့သည်။ မဟုတ်လျှင် သူတို့က အတော်လေးကို ပြဿနာများလိမ့်မည် ဖြစ်၏။

"ငါက တာအိုသခင်ချုံဟယ်နဲ့ ရေခဲနတ်သမီးဆီကနေ ဘာမှငှားလို့မရနိုင်ဘူး။ သူတို့ကိုယ်တိုင်လည်း သံသရာခရီးသွားတွေပဲ။ သူတို့က ပစ္စည်းတွေကို ငှားမယ်ဆိုရင် ကန့်သတ်ချက်တွေ ရှိနိုင်တယ်။ အခြေအနေတွေကလည်း ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်။ နတ်ဘုရားလက်နက်တစ်ခုက သံသရာထဲကို ဆွဲခေါ်ခံလိုက်ရတဲ့အချိန်မှာ အဲဒါက သံသရာထဲက တစ်ခုလို့ သတ်မှတ်သွားနိုင်ပြီလား။ မဟုတ်သေးဘူး။ အဲဒီလိုမျိုး တွက်ကြည့်ဖို့လည်း ခက်ခဲတယ်….”

“ပြီးတော့ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ကျန်းကျိဝေနဲ့ ရွမ်ယုရှုတို့က အဲဒီလို လုပ်ပေးနိုင်တဲ့ အခြေအနေမျိုး ရှိကြတယ်။ ရွမ်ကလန်က အရင်တစ်ခေါက် ငါ့ရဲ့အကူအညီအတွက် အကြွေးတင်နေတယ်။ ငါက ရွမ်ယုရှုကို နတ်ဘုရားလက်နက် ယာယီငှားပေးဖို့ သူတို့ကို တောင်းဆိုလိုက်ရင် ကောင်းမလား…”

“ဒီလိုဆိုရင်လည်း သံသရာကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ အမှန်တရားတွေက ပေါ်သွားနိုင်တယ်။ ပြီးတော့ လင်ပိုစောင်းက သာမန်နတ်ဘုရားလက်နက် မဟုတ်ဘူး။ တခြားသူတွေနဲ့ ငါက ဂီတကို နားမလည်တဲ့အပြင် သူ့ရဲ့စွမ်းရည်တွေကို အသုံးချဖို့အတွက် အရည်အချင်းလည်း မရှိဘူး။ ရွမ်ယုရှုကလည်း တစ်နှစ်အတွင်း ပထမကောင်းကင်အဆင့်ကနေ စတုတ္ထကောင်းကင် ဝေ့ကျင်းအဆင့်ကို မရောက်နိုင်ဘူး…”

“ကျိုးဟမ်ရဲ့လှုပ်ရှားမှုတွေကို လွှတ်တော်ခန်းမက သေချာစောင့်ကြည့်နေတယ်။ သူက သူတို့မိသားစုရဲ့ နတ်ဘုရားလက်နက်အနားကို ကပ်သွားဖို့အခွင့်အရေး လုံးဝရှိလာမှာ မဟုတ်ဘူး။ အစ်ကိုချီကတော့ သူ့ဂိုဏ်းမှာရှိနေတဲ့ နတ်ဘုရားဓားရဲ့ အငွေ့အသက်တွေကို လေ့ကျင့်ဖို့လောက်ပဲ ရလိမ့်မယ်။ သူ့ကိုအကြီးအကဲတွေက အစွမ်းထက်တဲ့ တခြားကျင့်စဉ်တွေ သင်ပေးရုံလောက်ပဲ။ သူကလည်း တစ်ခဏအတွင်း နတ်ဘုရားလက်နက်အနားကိုကပ်ဖို့ အခွင့်အရေးရမှာမဟုတ်ဘူး ..”

“ငါက ဆရာကြီးလုကိုလည်း ဒုက္ခပေးလို့ မရနိုင်တော့ဘူး။ သူက ငါ့ကို အကြိမ်ပေါင်းများစွာ ကူညီပေးပြီးသွားပြီ။ တကယ်လို့ ငါက သူ့ရဲ့ နတ်ဘုရားလက်နက်ကို ငှားဖို့ တောင်းဆိုလိုက်မယ်ဆိုရင် သူက သေချာပေါက် ငြင်းဆန်မှာပဲ။ ပြီးတော့ ငါက ကျောင်းထိုင်ကုံဝမ်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ရှောင်လင်ကျောင်းတော်အတွက် အကျိုးဆောင်ပေးခဲ့တယ် ... သူတို့က ငါ့ကိုအနတ္တဓား ငှားပေးပါ့မလား…"

သူ သိထားသော နတ်ဘုရားလက်နက်များအားလုံးထဲတွင် မုန့်ချီ အသုံးပြု၍ ရနိုင်သော အရာတစ်ခုမျှမရှိချေ။ သူက ကျောင်းထိုင်ကုံဝမ်ကို အကူအညီပေးခဲ့သော်လည်း ရှောင်လင်ကျောင်းတော်အစဉ်အဆက်၏ အမိန့်အရ သူတို့၏ အဖိုးတန်နတ်ဘုရားလက်နက်ကို ယူသွားခွင့်ပေးနိုင်မည် မဟုတ်ချေ။ အများဆုံး သူတို့က အနတ္တဓားနှင့်အတူ ရောက်လာပြီး အကူအညီပေးနိုင်ရုံသာ ဖြစ်သည်။ သူတို့ကိုလည်း သံသရာကမ္ဘာကြီးထဲတွင် အသုံးချ၍မရနိုင်ပေ။

"ငါတို့က တခြားသူတွေကို အားကိုးလို့မရဘူး။ ဒါက ငါတို့ရဲ့ကျင့်ကြံမှုကို လေ့ကျင့်ဖို့သက်သက်ပဲ။ ငါတို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရလိမ့်မယ် ..."

ကျန်းကျိဝေက ရုတ်တရက် ပြောလိုက်သည်။

သူမ၏စကားလုံးများကို ကြားသည့်အခါ မုန့်ချီက တစ်ကိုယ်လုံး ချွေးပျံလာခဲ့၏။ သူက စိတ်ဓာတ်အကျဆုံး ဖြစ်နေကြောင်း သူ ကိုယ်တိုင်လည်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူ့ခေါင်းထဲတွင် နတ်ဘုရားလက်နက်တစ်ခုကို ရှာဖွေရန် နည်းလမ်းပေါင်းစုံ စဉ်းစားနေမိခဲ့ခြင်းဖြစ်၏။ သေမင်းတမန်တာဝန်၏ မူလရည်ရွယ်ချက်က ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ရန်ဖြစ်သည်။

ရွမ်ယုရှု၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့၏ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းများစွာ ပြည့်နှက်လာပြီး သူတို့က ယခင်သေမင်းတမန်တာဝန်၏ ဆိုးရွားမှုများကို ပြန်လည်အမှတ်ရလာခဲ့သည်။

သံသရာအရှင်သခင်၏ စကားသံကို နောက်တစ်ကြိမ် ကြားလိုက်ရ၏။

"တာဝန်သုံးသပ်မှု - ကျိုးဟမ်၊ ရွမ်ယုရှုနဲ့ ချီကျန်းရန် အလယ်အလတ်။ တစ်ယောက်ကို ကံကြမ္မာအမှတ်(၄၀၀)ဆီ ရမယ် ..."

"ကျန်းကျိဝေနဲ့ကျန်းတင် တော်တယ်။ ကံကြမ္မာအမှတ်(၆၀၀)အပြင် တစ်ယောက်ကို မဲနှိုက်ခွင့်တစ်ကြိမ်ဆီရမယ်…"

ထိုအချိန်တွင် မဲနှိုက်သည့် အိုးတစ်လုံး ပေါ်လာခဲ့၏။ ကျန်းကျိဝေက အိုးကို ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်ရာ ပုံရိပ်ပေါင်းများစွာ ပေါ်လာခဲ့သည်။ တဖြည်းဖြည်းနှင့် လှုပ်ရှားနေသော ပုံရိပ်များက ဖြည်းညင်းစွာ ရပ်တန့်သွားပြီး ဆေးရည်တစ်လုံး ပေါ်လာခဲ့သည်။

"အမှောင်တည်ငြိမ်ခြင်းဆေးရည်တစ်လုံး ...

ငါတို့က သေမင်းတမန်တာဝန်အတွင်း ကုသဆေးရည်တစ်လုံးပဲ သုံးလို့ရတယ်။ ငါတို့က အကောင်းဆုံးတစ်ခုကိုပဲ အတတ်နိုင်ဆုံး ရွေးချယ်ရမှာပဲ ။ ငါက ဒါကို သာမန်သုံးဖို့အတွက်ပဲ သိမ်းထားလိုက်မယ်…"

ကျန်းကျိဝေက ထိုဆေးရည်ကို လက်(၂)ချောင်းနှင့်ယူလိုက်ပြီး သိမ်မွေ့စွာပြောလိုက်သည်။

မုန့်ချီက သူ့အလှည့်ကို အာရုံစိုက်နေခဲ့၏။ သူက ထိုအိုးကို လှုပ်ရှားလိုက်ရာ ကျင့်စဉ်၊ ဆေးရည်နှင့် လက်နက်ပေါင်းများစွာ၏ ပုံရိပ်များ လည်ပတ်လာခဲ့သည်။ ခဏကြာပြီးနောက် သူ့ရှေ့တွင် မြက်ဖိနပ်တစ်စုံ ပေါ်လာခဲ့သည်။

"တည်ငြိမ်ခြင်းမြက်ဖိနပ် ..."

ထိုအရာက အဖိုးတန်လက်နက်အဆင့် မြက်ဖိနပ်များဖြစ်ပြီး ကံကြမ္မာအမှတ် (၁၇၀၀)တန်ကြေး ရှိသည်။ ထိုအရာက ဝတ်ဆင်ထားသူကို မီးနှင့်ရေမှ ရနိုင်သော ဒဏ်ရာများကို ကာကွယ်ပေးနိုင်၏။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ် ရှိနေသည့်အတွက် မုန့်ချီက ထိုမြက်ဖိနပ်များကို မလိုအပ်ပေ။ သို့သော်ဆုလာဘ်တစ်ခု ဖြစ်သည့်အတွက် ထိုအရာကို ချက်ချင်း သိမ်းထားလိုက်သည်။

သူက သူ့အဖော်များကို ပြန်လှည့်ပြီး ပြောလိုက်၏။

"ငါတို့က ရလာတဲ့ အကျိုးအမြတ်တွေကို သံသရာအရှင်သခင်ဆီမှာ ကံကြမ္မာအမှတ်တွေနဲ့ လဲကြမယ်။ ပြီးတော့ တာဝန်အတွက် အချက်အလက်တွေ မေးကြည့်တာပေါ့။ ဒါဆိုရင် ငါတို့က ဘယ်လိုပစ္စည်းကို လဲလို့ရမလဲဆိုတာ ဆုံးဖြတ်နိုင်တယ်…"

"ကောင်းပြီလေ ..."

လူတိုင်းက လက်ခံလိုက်ကြသည်။

ကျိုးဟမ်က အင်မော်တယ်ဂိုဏ်းထဲတွင် မုန့်ချီ၏ နာမည်ကို သေချာမသိသေးသည့်အတွက် ဘိုးဘေးလင်းပေါင်၏ ခွင့်ပြုချက်မရှိဘဲ သူ၏ အစစ်အမှန်နာမည်ကိုသုံးပြီး လူတိုင်းကို ပွင့်ပွင့်လင်းလင်း ခေါ်၍ မရနိုင်ပေ။ ထိုကြောင့် သူက သံသရာအရှင်သခင်ဆီတွင် လဲလှယ်ပြီးသွားသည်နှင့် ဆွေးနွေးစရာ ကိစ္စရှိသည်ဟု ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကို ပြောပြခဲ့သည်။

မုန့်ချီက ကောင်းကင်ဘိုးဘေး မျက်နှာဖုံးနှင့် ကျိုးဟမ်ဆီကို သွားရောက်ဆွေးနွေးရန် စဉ်းစားထားခဲ့သည်။ ယခုတော့ သူတို့က အကျိုးအမြတ်များကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်လိုက်ပြီး အဖွဲ့ထဲတွင် ဖြန့်ဝေ၍ ရနိုင်သည်။ ပစ္စည်းများကို တစ်ခုပြီးတစ်ခု အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ထည့်လိုက်ပြီး သံသရာအရှင်သခင်က စစ်ဆေးကြည့်နေခဲ့၏။

"အစောင့်မြွေရဲ့တစ်စိတ်တစ်ပိုင်း ပျက်စီးနေတဲ့ မိစ္ဆာဝင်ရိုး ...

သူ့ရဲ့အကြွင်းအကျန်နဲ့ အဖိုးတန်လက်နက်တွေ ... စုစုပေါင်းကံကြမ္မာအမှတ် (၂၇၇၀၀)ရမယ်…"

"မိစ္ဆာငယ်လေးတွေရဲ့ခန္ဓာကိုယ် ... စုစုပေါင်းကံကြမ္မာအမှတ်(၄၅၀)…"

"ကောင်းကင်ရဲမက်ရဲ့ ပျက်စီးနေတဲ့ လှံရှည် ...

ထိပ်တန်းအဖိုးတန်လက်နက်အဆင့် ... ကံကြမ္မာအမှတ်(၁၅၀၀)နဲ့လဲလို့ရမယ်…"

"နွားရိုင်းမိစ္ဆာရဲ့ထွန်ခြစ် ... ကံကြမ္မာအမှတ်(၁၆၀၀)နဲ့လဲလို့ရမယ်…"

"နွားရိုင်းမိစ္ဆာရဲ့သွေးနဲ့ဦးချို ... ခန္ဓာကိုယ်အပိုင်းအစနဲ့ မိစ္ဆာဝင်ရိုး ... စုစုပေါင်းကံကြမ္မာအမှတ်(၅၂၀၀)…"

"နွားရိုင်းမိစ္ဆာရဲ့သားရေ ...

ကံကြမ္မာအမှတ်(၂၆၀၀)နဲ့လဲလို့ရတယ်…."

"နွားရိုင်းမိစ္ဆာရဲ့ဝမ်းဗိုက် ...ရှားပါးတွင်းထွက်ပစ္စည်းတွေနဲ့ ကုသရေးမှော်ဆေးပင်တွေ။ စုစုပေါင်းကံကြမ္မာအမှတ်(၁၀၀၀၀)…"

ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က နွားရိုင်းမိစ္ဆာ ချန်ထားခဲ့သော ရှားပါးပစ္စည်းများကို လိုအပ်သည်။ သူတို့တစ်ယောက်ချင်းဆီက (၂)စုံဆီယူထားရန် ရွေးချယ်လိုက်ကြ၏။ ထိုပစ္စည်းများက တစ်ခုလျှင် ကံကြမ္မာအမှတ်(၁၅၀၀)တန်ကြေးရှိ၏။

မုန့်ချီ၊ ကျိုးဟမ်နှင့် ကျန်းကျိဝေတို့က တစ်ယောက်လျှင် ကံကြမ္မာအမှတ် (၄၈၇၀)ဆီ ရရှိခဲ့ပြီး ချီကျန်းရန်နှင့် ရွမ်ယုရှုတို့က ကံကြမ္မာအမှတ်(၁၈၇၀)ဆီ ရခဲ့သည်။ မုန့်ချီက လဲလှယ်၍ ရနိုင်သောပစ္စည်းများကို ကျောက်စိမ်းစာရွက်ထဲတွင် လှန်လှောရှာဖွေနေခဲ့၏။

သူ့ဆီ၌ စုစုပေါင်းကံကြမ္မာ အမှတ်(၁၂၄၇၀) ရှိနေကြောင်း မြင်လိုက်ရသည့်အခါ သူက တာဝန်အတွက် ကံကြမ္မာအမှတ်(၁၀၀၀)ကျော်လေးသာသုံးပြီး (၈)ဆ၊ (၉)ဆခန့် ပြန်ရခဲ့သည့်အတွက် အပြစ်ရှိသလို ခံစားနေရသည်။

တစ်ဖက်တွင်တော့ ချီကျန်းရန်က ကံကြမ္မာအမှတ် (၁၀၀၀၀)နီးပါးခန့် သုံးခဲ့ရသော်လည်း ယခုသူ့ဆီတွင် ကံကြမ္မာအမှတ်(၉၂၇၀)သာ ကျန်ခဲ့သည်။ သူ အသုံးပြုခဲ့သော လျှို့ဝှက်ရတနာများကို ထည့်ထွက်ကြည့်လိုက်မယ်ဆိုလျှင် သူလည်း အတော်လေး ဆုံးရှုံးသွားပုံရ၏။

"ငါက ကျရှုံးမှုအတွက် ဖယ်ထားတဲ့ ကံကြမ္မာအမှတ်တွေကို ပေးလိုက်ရင် ကောင်းမလား…"

မုန့်ချီက ခေါင်းထဲတွင် စဉ်းစားမိနေခဲ့သည်။

ကျန်းကျိဝေက ရယ်ကာမောကာနှင့် ပြောလိုက်၏။

"နင်က ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ။ နင်က နတ်ဘုရားလက်နက် ပင်မပစ္စည်း(၂)ခုကို သုံးလိုက်ရတဲ့အတွက် ဝမ်းနည်းနေတာလား..."

မုန့်ချီက သူမ ပြောလိုက်သော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူတို့က တာဝန်အတွင်း သုံးခဲ့ရသော အရင်းအမြစ်များအတွက် အသေးစိတ်ကို စဉ်းစားနေရန် မလိုကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။ ချီကျန်းရန်နှင့် တခြားသူများဆီတွင်လည်း တူညီသောအတွေးများ ရှိနေကြ၏။

မုန့်ချီက သူတို့၏ အတိတ်အတွေ့အကြုံများကို စဉ်းစားကြည့်လိုက်ပြီး သူ၏ဆုံးရှုံးမှုအကြောင်းကို စဉ်းစားမနေတော့ပေ။ သူက စိတ်အေးလက်အေးနှင့် ဝမ်းသာအားရ ပြန်ပြောလိုက်၏။

"ဒါဆိုလည်း နောက်ထပ်တာဝန်အတွက် အချက်အလက်တွေ အရင်ဆုံး လဲလှယ်ကြရအောင် ..."

တစ်နှစ်ကြာလျှင် ကျရောက်လာမည့် သေမင်းတမန်တာဝန်ကြောင့် သူတို့ဆီတွင် ဝမ်းနည်းစိတ်ဓာတ်ကျနေရန် အချိန်မရပေ။ သူတို့၏စွမ်းအားများကို တိုးတက်ရန်သာ လိုအပ်သည်။ သူတို့က တစ်ယောက်လျှင် ကံကြမ္မာအမှတ်(၈၀)ဆီပေးလိုက်ရာ သံသရာအရှင်သခင်၏ စကားသံကို နောက်တစ်ကြိမ် ကြားလိုက်ရသည်။

"ဝတ်ရုံနီတပ်ဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးကောင်းကင်ဘုရင် တူဟိုင်ရှန့်က တော်လှန်ရေးမဟာမိတ်(၁၈)ဖွဲ့ရဲ့ တပ်မှူးချုပ်တစ်ယောက် ဖြစ်လာခဲ့တယ်။ မဟာမိတ်တပ်ဖွဲ့က ထိန်းချုပ်လို့ မရနိုင်တဲ့ အင်အားမျိုးနဲ့ အနောက်တောင်ဘက် နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီး နန်းတွင်းထဲကို ဦးတည်လာနေခဲ့တယ်။ နန်းတွင်းကလည်း တိုင်းပြည်ကို ခုခံဖို့အတွက် ရဲမက်တွေကို စုစည်းနေတယ်။အခုတပ်ဖွဲ့(၂)ခုလုံးက နူမြစ်ကမ်းမှာ ဆုံတွေ့နေကြတယ်…”

“မင်းတို့ရဲ့ပင်မတာဝန်က တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နန်းတွင်းပင်မတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ တူဟိုင်ရှန့်ကို ကူညီပေးရမယ်။ ပြီးတော့ မြစ်ကိုကူးပြီး မြို့တော်ကို သွားရမယ်။ တာဝန်ပြီးဆုံးမယ်ဆိုရင် ကံကြမ္မာအမှတ် (၄၅၀၀)နဲ့ တခြားအကျိုးခံစားခွင့်တွေရမယ်။ တာဝန်ကျရှုံးမယ်ဆိုရင်တော့ သုတ်သင်ခံရမယ်..”

“မင်းတို့ရဲ့သီးခြားတာဝန်ကတော့ အဖွဲ့လိုက် တိုက်ခိုက်ရေးတာဝန်ပဲ။ ပြိုင်ဘက်အဖွဲ့ထဲက သံသရာခရီးသွားတွေကို သုတ်သင်ရှင်းလင်းရမယ်။ တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို မရောက်သေးတဲ့ သံသရာခရီးသွား တစ်ယောက်ချင်းဆီတိုင်းအတွက် ကံကြမ္မာအမှတ်(၁၀၀၀)ရမယ်။ မဟုတ်ရင် မင်းတို့အဖွဲ့ဆီက တူညီတဲ့ကံကြမ္မာအမှတ်ကို ပြန်နုတ်မယ်..”

“ပထမကောင်းကင်လှေကားကို ကျော်တဲ့ သံသရာခရီးသွားတစ်ယောက်ကို သတ်လိုက်မယ်ဆိုရင် တစ်ဖွဲ့လုံးက ကံကြမ္မာအမှတ်(၃၀၀၀) ရလိမ့်မယ်။ မဟုတ်ရင် မင်းတို့ရဲ့အဖွဲ့ဆီကနေ တူညီတဲ့ပမာဏ ပြန်နုတ်မယ်။ သိုင်းသခင်အဆင့်ကို ရောက်နေတဲ့ သံသရာခရီးသွားတစ်ယောက်ချင်းဆီကို နိုင်မယ်ဆိုရင် ကံကြမ္မာအမှတ်(၆၀၀၀)ရမယ်။ မဟုတ်ရင် မင်းတို့အဖွဲ့ဆီကနေ ကံကြမ္မာအမှတ်(၆၀၀၀) ပြန်နုတ်ရလိမ့်မယ်။ ဒီတိုက်ပွဲကို အနိုင်ရတဲ့သူတွေက ကံကြမ္မာအမှတ်အပြင် သံသရာအဆောင်တစ်ခုဆီလည်း ရမယ် ... မင်းတို့ဆီမှာ နှုတ်ဖို့လုံလောက်တဲ့ အမှတ်မရှိတော့ရင် သုတ်သင်ခံရမယ်... "

သံသရာအရှင်သခင်က အသေးအဖွဲ့ကိစ္စများကို ပြောဆိုနေသည့်အလား အေးစက်စွာ ပြောနေခဲ့သည်။

သို့သော် မုန့်ချီကတော့ ထိုစကားသံထဲတွင် သွေးနှင့် သေခြင်းတရားများကို ခံစားမိနေခဲ့သည်။

"ဒါက ငါတို့ရဲ့ ဒုတိယမြောက် သေမင်းတမန်တာဝန်ပဲ။ ငါတို့က ပစ္စည်းတွေ အများကြီး သုံးလို့မရနိုင်သလို အဖွဲ့လိုက် ယှဉ်ပြိုင်တဲ့တာဝန်ကိုလည်း လုပ်ဆောင်ရမယ် ... ငါတို့က ရန်သူတွေကိုအမဲလိုက်ဖို့လိုအပ်သလို ရန်သူတွေ အမဲလိုက်တာကိုလည်း ခံရနိုင်တယ်…"

"သေမင်းတမန်တာဝန်က ဆန့်ကျင်ဘက်အဖွဲ့အတွက်လည်း အတူတူပဲလား။ သူတို့ကရော သူတို့ရဲ့လျှို့ဝှက်ရတနာတွေ၊ မှော်အဆောင်တွေ သုံးတာကို ကန့်သတ်ခံရမှာလား ..."

သူတို့က အချင်းချင်း မျက်နှာပျက်ပျက်နှင့် ကြည့်နေမိကြသည်။

မုန့်ချီက သူ၏မှတ်ဉာဏ်များကို စဉ်းစားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ငါတို့က ဆန်းကြယ်ကမ္ဘာကြီးထဲ နောက်ဆုံးသွားခဲ့တဲ့အချိန်ကို မှတ်မိသေးတယ်။ ငါတို့တူဟိုင်ရှန့်ကို တွေ့တဲ့အချိန်မှာ အစွမ်းထက်တဲ့ သွေးပင်လယ်ယက္ခကို ရန်စမိခဲ့တယ်…"

ထိုအချိန်တွင် သူတို့က သံသရာခရီးသွားအဖွဲ့ဝင် တစ်ယောက်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။ ထိုအရာက တူဟိုင်ရှန့်ကို သူတို့၏ ဘိုးဘေးစိတ်ဝိညာဉ်ကလေးငယ်အဖြစ် သတ်မှတ်ထားသောလူဖြစ်သည်။

"ဒီသေမင်းတမန်တာဝန်က ငါတို့ထင်ထားတာထက် ပိုပြီးတော့ ကြောက်စရာကောင်းနိုင်တယ်…"

ကျန်းကျိဝေကတော့ ထိုအဖွဲ့အစည်းနှင့် မုန့်ချီ၏ ရန်ကြွေးများကို နားထောင်ပြီးသည့်အခါ အပြုံးနှင့် ပြောလိုက်မိသည်။

သူတို့က ပင်မတာဝန်၌ အသက်ရှင်ရန် လိုအပ်နေသည့်အပြင် အဖွဲ့လိုက် ယှဉ်ပြိုင်ရသည့်တာဝန်ကိုလည်း ပြီးဆုံးရန် လိုအပ်သည်။ သူတို့က ဓမ္မကာရအဆင့် ဘိုးဘေးအိုကြီးတစ်ယောက်ကို စိုးရိမ်နေရန်လည်း လိုအပ်၏။

ရွမ်ယုရှုက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြောလိုက်သည်။

"ရောက်လာတဲ့ စိန်ခေါ်မှုတွေက ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း ငါတို့က အသက်ရှင်နေဖို့ အကောင်းဆုံး ကြိုးစားရမှာပဲ ..."

"ဟုတ်တယ်။ စိတ်ဓာတ်ကျမှုတွေ၊ နာကျင်မှုတွေက အသုံးမဝင်ဘူး…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်ပြီး အသက်ရှင်လိုသော ဆန္ဒအသစ်များ ထွက်ပေါ်လာခဲ့သည်။

"ငါတို့အားလုံးက အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ အကြံပေးချင်တယ်။ ငါတို့က သေမင်းတမန် တာဝန်မစခင် အဲဒီအရာကို ဖော်စပ်ဖို့ ကြိုးစားသင့်တယ်။ ဒါက ဝေ့ကျင်းအဆင့်မှာ အကောင်းဆုံးကုသဆေးရည်ပဲ…"

ထိုအရာ၏ မူလရည်ရွယ်ချက်က ကုသရန် မဟုတ်ချေ။

"ဟုတ်တယ်။ တာဝန်မတိုင်ခင် ငါတို့ရထားတဲ့ကံကြမ္မာအမှတ်တွေကိုသုံးပြီး ငါတို့က ဆေးရည်တွေနဲ့ ချပ်ဝတ်အင်္ကျီတွေ လဲလှယ်သင့်တယ် ... "

ကျိုးဟမ်က ပင့်သက်ရှိုက်လိုက်မိသည်။

"အခုတော့ ကံကြမ္မာအမှတ်တွေကို တန်ဖိုးရှိတဲ့ အရာတွေအတွက်ပဲ သုံးရမယ် ... ငါတို့က တစ်နှစ်လုံး ဖြုန်းပစ်လို့မရဘူး။ ငါက ရှားပါးတွင်းထွက်ပစ္စည်းတွေကို လဲရမယ်။ ငါက လွှတ်တော်ခန်းမရဲ့စောင့်ကြည့်မှုအောက်မှာ ဆက်ပြီးတော့ ငြိမ်နေလို့ မရတော့ဘူး။ ငါတို့ရဲ့ သေမင်းတမန်တာဝန် ရောက်လာတဲ့အချိန်ကျရင် ပထမကောင်းကင်လှေကားကို ဖြတ်ကျော်မှရမယ် ... "

ဆေးရည်၊ ချပ်ဝတ်အင်္ကျီနှင့် အဖိုးတန်လက်နက်များ သန့်စင်ရန် လိုအပ်ချက်က အရေးကြီးနေခြင်း မရှိချေ။ သူတို့က တာဝန်မစခင် လိုအပ်သော ပစ္စည်းများကို လဲလှယ်နိုင်သေးသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဖိအားအများဆုံးအရာကတော့ သူတို့၏စွမ်းအားနှင့် အဆင့် အမြန်ဆုံး တိုးတက်လာရန်ဖြစ်သည်။ ထိုအရာက သူတို့အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ရွေးချယ်မှုလည်းဖြစ်၏။

သူ့ဆီတွင် အာရုံစိုက်ရန် ကျင့်စဉ်နည်းလမ်းများ လုံလောက်နေပြီဖြစ်ပြီး လဲလှယ်နိုင်သော ဓမ္မကာရအဆင့် သိုင်းကွက်များလည်း မရှိပေ။ ထို့ကြောင့် ကျိုးဟမ်က အဆင့်ပို၍မြင့်လာရန် အာရုံစိုက်ရမည်သာဖြစ်သည်။

ထိုအချိန်တွင် သူက ကမ္ဘာမြေလှုပ်ရှားခြင်းကျင့်စဉ်ကို သေချာလေ့ကျင့်ရမည်ဖြစ်သည်။ အမွေအနှစ်များကို ရှာဖွေဖော်ထုတ်ရာမှ ရရှိလာသောအရာများက ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုကို လေ့ကျင့်ခြင်းထက် ပို၍ကောင်းမွန်သည်။

မုန့်ချီနှင့် သူ့အဖွဲ့သားများက ဘာမှမပြောခဲ့သည့်အတွက် ကျိုးဟမ်က အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့ကြောင်း သတ်မှတ်နိုင်သည်။ သူက အစစ်အမှန်နဂါး၏ မြေကြီးတချို့နှင့် တခြားသော ရှားပါးတွင်းထွက်ပစ္စည်းများကို လဲလှယ်ပြီး ကံကြမ္မာအမှတ်(၁၂၁၅၀) ကုန်သွားခဲ့သည်။

ရွမ်ယုရှုကလည်း တူညီသော အခြေအနေတစ်ခုဖြစ်နေ၏။ သူမက တစ်နှစ်အတွင်း ဒုတိယကောင်းကင်ဝေ့ကျင်းအဆင့်ကို ရောက်ချင်ခဲ့သည်။ သူမဆီတွင် လေ့ကျင့်မှုအတွက် ရှားပါးတွင်းထွက်ပစ္စည်းများ လိုအပ်ပြီး ထိုအရာများကို သူမ၏မိသားစုက ထောက်ပံ့ပေးနိုင်၏။ ထို့ပြင် သူမက လန်းဟွမ်ကောင်းကင်တေးသွား(၁၂)သွယ်နှင့် ကောင်းကင်အက်ကွဲ မြေပြင်ပြောင်းလဲခြင်းသံစဉ်တို့ကို လေ့လာရန် လိုအပ်သည်။

ခဏကြာစဉ်းစားလိုက်ပြီးနောက် သူမက ပုံရိပ်‌ယောင်တေးသံကျောက်တုံးတစ်တုံးနှင့် တခြားသော သာမန်ရှားပါးတွင်းထွက်ပစ္စည်း(၄)စုံကို လဲလှယ်လိုက်ရာ ကံကြမ္မာအမှတ်(၃၉၀)သာ ကျန်တော့သည်။

ချီကျန်းရန်ကတော့ တိတ်တဆိတ်စဉ်းစားနေခဲ့၏။ မုန့်ချီက ကျန်းကျိဝေကို စိုက်ကြည့်လိုက်သည်။

"နင်က နေဖောက်သက်တံ့ဓားကို ထိပ်တန်း အဖိုးတန်လက်နက်အဆင့် ရောက်အောင် သန့်စင်ချင်တာလား ကျိဝေ…"

"ဟုတ်တယ် ... ဒါပေမဲ့ တိုက်ရိုက်တော့ မဟုတ်ဘူး…"

ကျန်းကျိဝေက ခေါင်းညိတ်တုန့်ပြန်လိုက်သည်။

"ငါက အရင်ဆုံး ငါ့ဓားကို တစ်နှစ်အတွင်း အားဖြည့်ဖို့အတွက် ဓားအားဖြည့်အရက်ကို လဲချင်တယ် ... ငါ့ရဲ့ဓားက အစွမ်းထက်လာပြီဆိုရင် ပိုပြီးမြင့်တဲ့အဆင့်ကို ကြိုးစားကြည့်နိုင်တယ်။ နင်ကရော ဘာလုပ်မှာလဲ…"

နေဖောက်သက်တံ့ဓားက ထိပ်တန်းအဖိုးတန်လက်နက်အဆင့်ကို ရောက်ခါနီးနေပြီဖြစ်သည်။

ထိုမေးခွန်းကြောင့် မုန့်ချီကတော့ ရုတ်တရက် တွေဝေသွားခဲ့၏။

Translated by Hein Htet.

All Chapters