← Chapters

အခန်း (၆၈၅)

Vol. 46 Ch. 685

အခန်း (၆၈၅)

Vol. 46 Ch. 685

ပုလွေသံက ဆက်လက်ထွက်ပေါ်လာသည့်အချိန်တွင် အလင်းရောင်များကတော့ မြစ်ထဲတွင် ရောင်ပြန်ဟပ်နေခဲ့သည်။ ဘယ်ဘက်လက်တွင် ပိုင်ချုံကို သယ်ဆောင်လာပြီး ညာဘက်လက်ထဲတွင် ဆန်းကြယ်လိပ်ဓားကို ကိုင်ထားသည့်မုန့်ချီက ဆူးချုံမည်းကြယ်ကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့၏။

ထိုကဲ့သို့ ရန်သူတစ်ယောက်ကို အကြိမ်ပေါင်းများစွာ နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့သည်မှာ သူ အလွန်ဂုဏ်ယူရသော အောင်မြင်မှုတစ်ခုဟု ခံစားနေရသည်။ သို့သော် ဆူးချုံမဲကြယ်၊ အပြာရောင်လှေကားအဆင့် လုပ်ကြံသူ၏ နတ်ဘုရားသတ်ဓားနဲ့ သူတို့၏အပေါင်းအဖော်များ ရုတ်တရက် ထွက်ပေါ်လာပြီး နှောင့်ယှက်နေသည်မှာ ပိုင်ချုံကို အလျင်စလို တိုက်ခိုက်ပြီး ပြန်ပေးဆွဲသွားအောင် တွန်းအားပေးလိုက်ခြင်းဖြစ်ကြောင်း သူလည်း သိနေခဲ့သည်။

တစ်ဖက်တွင်တော့ အစောပိုင်းတွင် ပညာရှင်ပေါင်းများစွာနှင့် တိုက်ခိုက်ပြီးနောက် သူ၏အရှိန်အဝါက အထွဋ်အထိပ်ကို ရောက်နေခဲ့သည်။ လက်ရှိအခြေအနေအရ ရလဒ်က တစ်ဖက်တွင်မြင့်နေပြီး တစ်ဖက်တွင် နိမ့်ကျနေသည်။ မတူညီသော အခြေအနေများအရ ထိုအရာက သူ့ကို အလွယ်တကူ အောင်မြင်သွားစေလိမ့်မည် မဟုတ်ချေ။

လေလှိုင်းများကြောင့် ပတ်ပတ်လည်တွင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့သည်။ ထိုလေလှိုင်းများက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် ဝေ့ကျင်းအဆင့် ပညာရှင်များကပင် ခြေမြဲမြဲ ရပ်နိုင်ရုံသာရှိသည်။ ဧရာမသစ်ပင်ကြီးတစ်ပင်ကတော့ ပင်စည်ကပင် ကျွတ်ထွက်သွားခဲ့သည်။ အခြေအနေကတော့ လော့ရန်ဝင်္ကပါကြီးကို သတိပေးသလို ဖြစ်တော့မည့် အခြေအနေကို ရောက်နေခဲ့သည်။

မုန့်ချီက မြင်း၏ကိုယ်လုံးကို အားနှင့်နင်းလိုက်သည်။ သူက နောက်သို့ပြန်ဆုတ်ရန် စဉ်းစားလိုက်၏။ သူက လေဟာနယ်ခြေလှမ်းသိုင်းကို အသုံးချပြီး နောက်ပြန်လှည့်၍ ဆူးချုံမည်းကြယ်နှင့် တခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ ထိုသို့ဆိုလျှင် မကောင်းဆိုးဝါးသခင်ကိုယ်တိုင် ပေါ်လာနိုင်သည်။

ရုတ်တရက်ဆိုသလို သူ၏ဘယ်ဘက်လက်တွင် ရှိနေသော အလေးချိန်က ပေါ့သွားခဲ့သည့်အတွက် သူ့စိတ်ထဲတွင် ဆိုးရွားသောခံစားမှုတစ်ခု ပေါ်လာခဲ့သည်။ သူ၏ ဘယ်ဘက်လက်ထဲတွင် ကိုင်ထားသော ပိုင်ချုံကတော့ အရေပြားတစ်ခုသာ ကျန်နေတော့သည်။ အတွင်းထဲတွင် ရှိနေသောအရာများက ထွက်ပြေးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။

"တောင်ပိုင်းဖုန်းဆိုးမြေက လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာတတ်ထားတဲ့ ပညာရှင်တစ်ယောက် ..."

ပိုင်ချုံနှင့် ပတ်သက်သော အချက်အလက်များက မုန့်ချီ၏ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

သူက ဆူးချုံမည်းကြယ်၊ ရက်စက်ခြင်းကျောင်းမှ လုပ်ကြံသူနှင့် ကောင်းကင်ဖျက် မကောင်းဆိုးဝါးကဲ့သို့သော ပညာရှင်များကို အလေးထားနေရသည့်အတွက် ပိုင်ချုံကို လျစ်လျူရှုထားမိခဲ့သည်။ ပိုင်ချုံကတော့ လက်(၂)ဖက် ချုပ်ထားခံရသော်လည်း သူများဖမ်းသည်ကို စောင့်နေမည့်လူတစ်ယောက် မဟုတ်ချေ။

မုန့်ချီက စတင်တွက်ချက်ကြည့်လိုက်ရာ သူ၏စိတ်ဝိညာဉ်စွမ်းအားက စတင်မြင့်တက်လာခဲ့သည်။ သူက ဆူးချုံမည်းကြယ်နှင့် အပြာရောင်လှေကားအဆင့် လုပ်ကြံသူတို့ကို အာရုံလွှဲရန် လူသားအရေပြားကို လှမ်းပစ်လိုက်သည်။

သူက လမ်း၏တခြားတစ်ဖက်ကို ငဲ့ကြည့်လိုက်သည့်အချိန်တွင် အလင်းရောင်များထဲ၌ အမှန်တကယ် ပျောက်ကွယ်သွားခြင်း မရှိသေးသော အနီရောင်မီးပွားလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။

"ဖျောက် ..."

မုန့်ချီက မြင်းကို အားနှင့်ကန်လိုက်ရာ မြင်းက ကျောရိုးကျိုးသွားခဲ့သည်။ ထို့နောက် သူက လမ်းကို ခုန်ကူးရန် အားစိုက်လိုက်သည်။ သူက အနီရောင်မီးပွား၏နောက်မှ ပြေးလိုက်သွားခဲ့ပြီး သူ ပြေးနေသည့်အချိန်၌ အစိမ်းရောင်အလင်းတန်းတစ်ခုသာ ထွက်ပေါ်လာနေသည့်အတွက် သူ့ပုံစံက ဧရာမသိန်းငှက်ကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။

ရက်စက်ခြင်းကျောင်းဆောင်မှ အပြာရောင်လှေကားအဆင့် လုပ်ကြံသူနှင့် အစိမ်းရောင်လှေကားအဆင့် လုပ်ကြံသူတို့က နောက်ကို တစ်လှမ်းဆုတ်သွားခဲ့ကြပြီး အမှောင်ထုနှင့် ပေါင်းစည်း၍ မုန့်ချီ၏နောက်ကို တိတ်တဆိတ် လိုက်သွားခဲ့သည်။

ဆူးချုံမည်းကြယ်နှင့် ကောင်းကင်ဖျက် မကောင်းဆိုးဝါးတို့ကလည်း အချင်းချင်း ကြည့်လိုက်ပြီး သူ့နောက်ကို ဆက်လိုက်ရန် လက်လျှော့လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ပိုင်ချုံကို အလစ်အငိုက်ဖမ်းရန် ကျရှုံးသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

အကယ်၍ သူတို့ကသာ ယခုအချိန် သူ့ကိုဖမ်းရန် ကြိုးစားလိုက်မည်ဆိုလျှင် သူက အရာအားလုံးကို စွန့်လွှတ်ပြီး လော့ရန်ဝင်္ကပါကို အသက်သွင်းလိုက်နိုင်သည်။ ထိုအရာက ယပ်တောင်(၆)လက်‌ကျောင်းနှင့် လွှတ်တော်ခန်းမမှ ပညာရှင်ပေါင်းများစွာ၏ အလေးထားမှုကို ခံရနိုင်၏။ ထိုအထဲတွင် အဆင့်မြင့်ခရမ်းဝိညာဉ် ကွေ့ချင်းဟယ်လည်း ပါဝင်နေနိုင်သည်။

မည်သို့ဖြစ်စေကာမူ ပိုင်ချုံက ဝင်ပေါက်မြေပုံတစ်ဝက်ကို ပေးလိုက်ရုံနှင့် အသက်ရှင်မှာ သေချာနေသည်။ တစ်ဖက်တွင်တော့ သူတို့၏ကံကြမ္မာက ထိုသို့မဟုတ်နိုင်တော့ပေ။

အစိမ်းရောင်အရိပ်က အဝေးသို့ ပျံသန်းသွားခဲ့သည့်အချိန်တွင် မြစ်ထဲ၌ ရှိနေသော လှေငယ်လေးကလည်း အမှောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ မျက်စိတမှိတ်အတွင်း ရွှေမြစ်တံတား၏အနားတွင် ရှိနေသော လမ်းပေါ်၌ ကျန်နေသည်မှာ ပျက်စီးနေသော ဆိုင်ခန်းများ၊ မြေပေါ်သို့ လဲကျနေသော လမ်းသွားလမ်းလာများ၊ ရှုပ်ထွေးနေသော သစ်ပင်များနှင့် နောက်မှ မလိုက်ရဲသော ပညာရှင်များသာ ဖြစ်ကြသည်။ ထိုနေရာက ဖရိုဖရဲဖြစ်နေခဲ့၏။

စွန်းယွဲ့ရှိုက အလွန်ရှုပ်ထွေးသော အမူအရာနှင့် လှည့်ကြည့်လိုက်မိသည်။ မြေပေါ်တွင် လဲကျနေသော မြင်းကြီးကိုစိုက်ကြည့်ပြီး သူမက တီးတိုးရေရွတ်လိုက်၏။

"ဒီလိုကြောက်စရာကောင်းတဲ့ အစွမ်းမျိုးရှိနေတဲ့ ပညာရှင်တစ်ယောက်က လူမသိတဲ့ လူတော့ မဖြစ်နိုင်ဘူး။ သူက မြေပြင်မှတ်တမ်းမှာ ဘယ်သူများဖြစ်နိုင်မလဲ…"

သူမက ကိုယ်တိုင်စဉ်းစားကြည့်နေသလို သူမ၏ဂိုဏ်းတူအစ်မ ရန်ကျင်းလျှိုကိုလည်း မေးမြန်းကြည့်နေခဲ့သည်။

…………..

အနီရောင်မီးပွားလေးက အလွန်အံ့သြစရာကောင်းသော မြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ထွက်ပြေးနေခဲ့၏။ သူက အလွန်ဉာဏ်များလွန်းလှသည့်အတွက် မုန့်ချီ၏အာရုံခံစွမ်းရည်ကို လှည့်စားရန် သူ၏ရနံ့များကို ဖယ်ရှားပစ်ခဲ့သည်။

မုန့်ချီက လမ်းမအတိုင်း ကပ်လိုက်သွားခဲ့ပြီး ထိုမီးပွားလေးကို လက်လွှတ်မခံခဲ့ပေ။ လမ်းသွားလမ်းလာများကတော့ သူတို့ကို ဖြတ်ကျော်သွားသော လေလှိုင်းတစ်ခုကိုသာ ခံစားမိကြ၏။ သူတို့၏အရိပ်များကိုပင် မမြင်ရပေ။

ထိုအချိန်၌ နားထဲတွင် မြစ်ရေစီးသံများ ကြားလာရ၏။ ပိုင်ချုံက မြစ်ကမ်းဘေးကို ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မုန့်ချီက သေချာနေခဲ့သည်။ သူက ရေထဲမှတစ်ဆင့် ထွက်ပြေးရန် စဉ်းစားနေပုံရ၏။ ဤနေရာက အလွန်သီးသန့်ဆန်နေသည့်အတွက် ဤနေရာတွင် အရိပ်တစ်ခုကို ရှာတွေ့ရန် ခက်ခဲသည်။

ကျောက်တုံးတံတားခုံးတစ်ခုက မြစ်ပေါ်တွင် ရှိနေခဲ့၏။ ပိုင်ချုံကို အာရုံစိုက်ပြီး မုန့်ချီက လမ်းကြားလေးထဲမှ ပြေးထွက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို ပိုင်ချုံ၏ အငွေ့အသက်များက လွတ်မြောက်သွားကြောင်း သတိထားမိသွားပြီး တစ်ဖက်လူ၏ အငွေ့အသက်များက ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

"ဒါက ..."

မုန့်ချီက သူ၏အရှိန်ကိုနှေးလိုက်ပြီး ကျောက်တုံးတံတားရှိရာကို လှည့်ကြည့်လိုက်သည်။ တံတား၏တစ်ဖက်တွင်တော့ ဝတ်ရုံပွပွကြီး ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက် ရပ်နေခဲ့သည်။ သူ၏အနက်ရောင်ဆံပင်များကို သစ်သားဆံထိုးတစ်ခုနှင့် စည်းနှောင်ထားခဲ့၏။

သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်းပြီး ကမ္ဘာမြေကြီးကို ထိန်းချုပ်ရသော ပညာရှင်တစ်ယောက် တိတ်တဆိတ် ရပ်နေသလို ထင်မှတ်ရသည်။ သူက နတ်ဘုရားတစ်ပါး သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်၏ အငွေ့အသက်များကို ပိုင်ဆိုင်ထားခဲ့၏။

သူ့ခြေထောက်ဘေးတွင်တော့ ခန္ဓာကိုယ်တစ်ခု ရှိနေခဲ့သည်။ ထိုခန္ဓာကိုယ်က ကြည်လင်နေပြီး ခန္ဓာကိုယ်ထဲရှိ သွေးစီးဆင်းမှုများပင် ပေါ်နေခဲ့၏။ သူ့အရိုးများအားလုံးက ရွှံ့အဖြစ် ပြောင်းလဲနေခဲ့သည်။ သူ၏အသွေးအသားနှင့် အရေပြားတစ်ခုမျှ အကောင်းအတိုင်း မရှိတော့ပေ။ ထိုခန္ဓာကိုယ်ကတော့ အလွန်အသက်ပြင်းသော ပိုင်ချုံ၏ ခန္ဓာကိုယ်ဖြစ်သည်။

"ဟန်ကွမ်း ... မကောင်းဆိုးဝါးသခင်ဟန်ကွမ်း ...

ဒဏ္ဍာရီအဖွဲ့က ကောင်းကင်ဧကရာဇ်ဟန်ကွမ်း ...သူတကယ်ပဲ ရောက်လာတာပဲ.."

မုန့်ချီက စဉ်းစားနေခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို လှည့်ပတ်လိုက်ပြီး တစ်နေရာတည်းတွင် စုစည်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာပြီးနောက် သူက နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်၏။ သူက ရာစုနှစ်တစ်ခုအတွင်း ကြောက်စရာအကောင်းဆုံး ပြိုင်ဖက်ကင်းဝိညာဉ် တစ်ယောက်၏ လက်ထဲမှ ထွက်ပြေးချင်နေခဲ့သည်။

ဟန်ကွမ်းက ပြန်လှည့်ကြည့်လိုက်ရာ နက်မှောင်ထူးဆန်းသော မျက်လုံးတစ်စုံက မုန့်ချီနှင့် ဆုံလိုက်မိသည်။ အချိန်က ရုတ်တရက် ရပ်တန့်နေခဲ့၏။ အရာအားလုံးက အေးခဲသွားခဲ့ပြီး သူနှင့် ဟန်ကွမ်းတို့၏ ကြားထဲတွင် ရှိနေသော အကွာအဝေးက ပျောက်ကွယ်သွားသလိုပင် မုန့်ချီက ခံစားလိုက်ရသည်။

မကောင်းဆိုးဝါးဆန်သော တစ်ဖက်လူ၏မျက်နှာက သူ့အနားသို့ တဖြည်းဖြည်း နီးကပ်လာခဲ့၏။ ဟန်ကွမ်းက ကမ္ဘာမြေကြီး၏အစွမ်းကို လှုံ့ဆော်ခဲ့ခြင်း မရှိသလို မည်သည့်လှုပ်ရှားမှုကိုမျှမသုံးခဲ့ပေ။ သူ့အကြည့်တစ်ခုတည်းကပင် မုန့်ချီကို သူ့ဆီသို့ ဆွဲခေါ်လိုက်သော ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့သည်။

မုန့်ချီကတော့ အိပ်မက်ဆိုးကြီးတစ်ခုထဲကို ကျရောက်သွားသလို ဖြစ်သွားခဲ့သည်။ မုန့်ချီက ထိုကဲ့သို့ မှော်အစွမ်းဆီမှ လွတ်မြောက်ရန် ခက်ခဲနေခဲ့၏။ အစစ်အမှန် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်က အလွန်ကြောက်စရာကောင်းသော ပညာရှင် တစ်ယောက်ဖြစ်သည်။

မုန့်ချီက ဟန်ကွမ်းနှင့် တွေ့ဆုံရန် သူ့ကိုယ်သူ သေချာပြင်ဆင်ထားခဲ့သည်။ သို့သော် သူက မည်မျှကြုံတွေ့ရစေကာမူ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ ကြောက်စရာကောင်းသော အစွမ်းကို အမှန်တကယ် နားလည်ခဲ့ခြင်း မရှိချေ။

ထိုခဏတွင် သူ၏ပင်မဝိညာဉ်က အလွန်ကြောက်လန့်သွားကြောင်း ခံစားလိုက်ရ၏။ ကမ္ဘာဦးရွှေကြာပန်းတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ မုန့်ချီက ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။ သူက သူ၏ပုံရိပ်ယောင်ခန္ဓာကိုသုံးပြီး လော့ရန်ဝင်္ကပါကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်။

"ငါက မိတ်ဆွေအများကြီး ရှိနေတဲ့ လမ်းမှန်အဖွဲ့အစည်းက သခင်လေးတစ်ယောက်ပဲ။ တကယ်လို့ ကွေ့ချင်းဟယ် ပေါ်လာရင်တောင် သူက ကျောင်းထိုင်ကုံဝမ်ကို တလေးတစားဆက်ဆံရလိမ့်မယ်။ တစ်ဖက်မှာတော့ မင်းက လမ်းမှားမကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ပဲ။ ဒဏ္ဍာရီအဖွဲ့က ကောင်းကင်ဧကရာဇ် ... ၊ အထက်တန်းလွှာမိသားစုနဲ့ ဂိုဏ်းတွေ အားလုံးရဲ့ရန်သူ။ မင်းသာ လော့ရန်ဝင်္ကပါထဲကို ရောက်သွားမယ်ဆိုရင် အကျိုးဆက်က ခန့်မှန်းကြည့်လို့တောင် မရနိုင်ဘူး ။ အခုမင်းက မကြောက်ဘူးလား…"

သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်အချိန်တွင်ပင် မုန့်ချီက အကြောက်အလန့် မရှိခဲ့ပေ။ သူ၏အရှိန်အဝါများက မြင့်တက်လာပြီး သူ၏နောက်ကျောတွင် ပုံရိပ်ယောင်ခန္ဓာတစ်ခု ပေါ်လာခဲ့သည်။

ဟန်ကွမ်းက ကြောက်စရာကောင်းစွာ ပြုံးလိုက်၏။ သူ၏မျက်လုံးများကလည်း နက်မှောင်လာခဲ့သည်။ မုန့်ချီ၏စိတ်ထဲတွင် ပုံရိပ်ယောင် လူတစ်ယောက် ပေါ်လာခဲ့သည်။

ထိုလူက အရပ်ရှည်ရှည်၊ အသားမည်းမည်းနှင့် အနက်ရောင်ဝတ်စုံကိုဝတ်ပြီး ရှင်ဘုရင် သရဖူကို ဆောင်းထားသည်။ အလွန်တည်ငြိမ်အေးချမ်းပြီး အဆင့်အတန်းမြင့်သော သူ့ဆီတွင် ကြီးကျယ်ခမ်းနားသော မျက်နှာတစ်ခု ရှိနေ၏။ သူက လောက(၃)ပါးနှင့် နယ်မြေ(၁)သောင်းကျော်ကို အုပ်စိုးနိုင်သော အစွမ်းရှိနေခဲ့သည်။ သူက စကြဝဠာ၏ အရှင်သခင်နှင့် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့၏ အရှင်သခင်ဖြစ်နေသလို ထင်မှတ်ရသည်။

သူပေါ်လာသည့်အချိန်တွင် မုန့်ချီ၏မြင်ကွင်းထဲ၌ ရှိနေသော အရောင်အားလုံး ပျောက်ကွယ်သွားခဲ့၏။ သူက အဖြူရောင်နှင့်အနက်ရောင်ကိုသာ မြင်လိုက်ရပြီး သူ၏အတွေးများအားလုံးက တဖြည်းဖြည်း နှေးကွေးလာပြီး ရပ်တန့်သွားခဲ့သည်။

"နတ်ဆိုးဧကရာဇ် ပုံရိပ်ယောင်ခန္ဓာ…"

ထိုအချိန်တွင် မုန့်ချီ၏စိတ်ထဲ၌ ရွှေရောင်ဗုဒ္ဓရုပ်တုကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုဗုဒ္ဓက ကောင်းကင်ပေါ်သို့ လက်ညှိုးတစ်ဖက်ထိုးပြီး တခြားလက်တစ်ဖက်က မြေကြီးကို ထိုးထားခဲ့သည်။ သူ့ဆီတွင် တည်ငြိမ်အေးချမ်းမှု၊ ကရုဏာတရား၊ ဉာဏ်ပညာနှင့် အကြောက်တရားကင်းမဲ့မှုများ ရှိနေခဲ့သည်။

"ဒီလောကကြီးထဲမှာ ငါ ၊ ထူးခြားမှုနဲ့အမှန်တရားက နေရာတိုင်း ရှိတယ်..."

သူ့ကို ရင်ဆိုင်ရန်အတွက် သူ၏ပင်မဝိညာဉ်က ကြီးထွားလာခဲ့ရသည်။ မုန့်ချီက စိတ်ဝိညာဉ်နှောင့်ယှက်မှုမှ ချက်ချင်း ရုန်းထွက်နိုင်ခဲ့၏။ သူ့ဆီတွင် ဝှက်ဖဲတစ်ခုမရှိဘဲ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းကို မျှားခေါ်ရန် ကြံစည်နေသောကူရှောင်စန်း၏လှည့်ကွက်ကို သဘောတူရဲမည်လော။

ဟန်ကွမ်းက အနည်းငယ်မှင်တက်သွားပုံရသည်။ သူက မုန့်ချီကို ဆက်လက်ဖိနှိပ်ရမလား။ နောက်ပြန်ဆုတ်ရမလား။ စဉ်းစား၍ မရသေးခင် အနီးအနား၌ မတူညီသော အငွေ့အသက်တစ်ခု ပေါက်ကွဲလာခဲ့သည်။ ထိုအရာက ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး လော့ရန်ဝင်္ကပါကို အသက်သွင်းလိုက်၏။

"မကောင်းဆိုးဝါးသခင် ဟန်ကွမ်း ..."

ခရမ်းသိမ်းငှက်လူဆိုးထိန်း လျှူရှန့်မင်က အော်ဟစ်လိုက်သည်။ တိမ်တိုက်များက စတင်စုစည်းလာပြီး ရွှေရောင်အလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာခဲ့၏။ ယခုလော့ရန်ဝင်္ကပါက ပြည့်ပြည့်ဝဝ အသက်ဝင်လာခဲ့သည်။

……………

အနီရောင်စံအိမ်ထဲတွင် ရှိနေသော စစ်မာရှီက ချက်ချင်း မျက်လုံးဖွင့်လိုက်ရာ ဖရိုဖရဲအခြေအနေကို မြင်လိုက်ရသည်။ သူက ညာဘက်လက်နှင့် လက်သီးတစ်ခု ဖန်တီးလိုက်ပြီး သူ့ရှေ့တွင် ရှိနေသော ရွှေရောင်မျက်နှာပြင်ထဲသို့ ထိုးလိုက်သည်။

ထိုအချိန်တွင် လူသားဧကရာဇ်၏ အငွေ့အသက်များ ပြည့်နှက်နေသော ဓားတစ်လက်က လွှတ်တော်ခန်းမကို ရောက်လာ၍ လေဟာနယ်ကို ဖြတ်သန်းလာခဲ့သည်။ ထိုအရာက သက်ရှိအားလုံး၏အစွမ်းကို သယ်ဆောင်ထားပြီး ဟန်ကွမ်းကို ကြီးကျယ်ခမ်းနားစွာ တိုက်ခိုက်လိုက်၏။

ပင်ကျင်းအမတ်ကြီးစံအိမ်ထဲတွင်…

ကွေချင်းဟယ်က သူ့ရှေ့တွင် ရှိနေသော ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။ အနီရောင်တိမ်တိုက်များက လေထဲသို့ မြောက်တက်လာပြီးနောက် အလွန်ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

နန်းတွင်းထဲတွင် ရှိနေသော နန်းတော်ထဲမှ နဂါး(၉)ကောင် ပျံသန်းလာ၍ ဝင်္ကပါထဲတွင် ရှိနေသော ဟန်ကွမ်းဆီသို့ ပျံသန်းလာခဲ့သည်။ မျက်စိတမှိတ်အတွင်း အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့၏။ ဟန်ကွမ်းက အင်မော်တယ်သတ်ဖြတ်ရေးဝင်္ကပါတွင် ကြုံတွေ့ခဲ့ရသော အခြေအနေထက်ပင် ပို၍ဆိုးရွားသောအန္တရာယ်တစ်ခုထဲကို ကျရောက်သွားခဲ့သည်။

ဖြစ်ပျက်လာသည့် အရာအားလုံးက အလွန်လျင်မြန်နေသည့်အတွက် မုန့်ချီက အချိန်မီလှုပ်ရှားနိုင်ခြင်း မရှိခဲ့ချေ။ သူက လော့ရန်တွင် ရှိနေသော ပညာရှင်ပေါင်းများစွာ၏ အာရုံစိုက်မှုကို ရရှိရန် ကြိုးစားခြင်းမရှိဘဲ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းကိုသာ အလေးထားနေခဲ့သည်။ သို့သော် ဝင်္ကပါက သူ့ကို တစ်လွှာချင်း ချုပ်နှောင်နေသော ဧရာမအချုပ်အနှောင်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲလာသည်ဟု ခံစားနေရသည်။

ထိုအချိန်တွင် မုန့်ချီ၏နားထဲ၌ မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရပြီး အချုပ်အနှောင်များက ယာယီပျောက်ကွယ်သွားခဲ့သည်။

"ကူရှောင်စန်း ..."

မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ အလွန်သန့်စင်သော အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် ကူရှောင်စန်းက ရွှေရောင်အလင်းတန်းများ၏ အလယ်တွင် လှပစွာ ရပ်နေခဲ့သည်။ သူမ၏မျက်လုံးများက အလွန်နက်ရှိုင်းနေပြီး ကောင်းကင်ကြီးတစ်ခုလုံးတွင် ရှိနေသော ကြယ်တာရာများ ပြည့်နှက်နေသလို ခံစားရသည်။ သူမကတော့ ကိုယ်ပိုင်ခြံဝန်းထဲတွင် ရပ်နေသလို သက်တောင့်သက်သာ ဖြစ်နေခဲ့၏။

"ယောကျ်ား ...

ကျွန်မတို့ကတော့ ကောင်းကင်(၉)သွယ်ကို သွားသင့်ပြီ ..."

အလွန်လှပသော ကူရှောင်စန်း၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။ သူမက သူ့ကို လှပစွာ ပြုံးပြလိုက်၏။

မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။ သူမနှင့်လျူရှန့်မင်တို့က ပူးပေါင်းနေကြခြင်းဖြစ်သည်။ သူမက ဟန်ကွမ်းကို မျှားခေါ်ရန် ထိုကဲ့သို့ ကြောက်စရာကောင်းသော ဝှက်ဖဲတစ်ခုကိုပင် ပိုင်ဆိုင်ထားခဲ့၏။

"တကယ်လို့ ငါသာ ဒီနတ်ဆိုးမကို ယုံကြည်လိုက်မယ်ဆိုရင် အသက်(၁၀)ခု ရှိရင်တောင် မလုံလောက်ဘူး ..."

ထိုအရာက ိုစဉ်းစားနေရင်း သူကကူရှောင်စန်း၏နောက်မှ လိုက်၍ ရွှေမြစ်ထဲသို့ ခုန်ချသွားခဲ့သည်။ သူတို့က မြစ်အောက်ခြေသို့ လျင်မြန်စွာ ရောက်သွားခဲ့၏။

အမှောင်ထဲတွင် ကူရှောင်စန်းက လမ်းကြောင်းနှင့် ရင်းနှီးနေပုံရသည်။ သူမက မုန့်ချီကို ထူးဆန်းသော လိုဏ်ဂူတစ်ခုထဲသို့ ဦးဆောင်ခေါ်သွားခဲ့၏။

မုန့်ချီက ကူရှောင်စန်း၏ သတိပေးချက်မရှိဘဲ ဤနေရာတွင် ကြောက်စရာကောင်းသော အငွေ့အသက်များ ထိုးဖောက်လာသည်ကို ခံစားမိနေခဲ့သည်။ ထိုနေရာက အလွန်နက်ရှိုင်းသော အန္တရာယ်တစ်ခုကို ဖုံးကွယ်ထားခဲ့၏။

ကူရှောင်စန်းက သူမ၏လက်များကို လှုပ်ရှားလိုက်ရာ သူမက မိန်းကလေးငယ်လေး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမက ဘယ်ဘက်လက်နှင့် ညာဘက်လက်ကို ဆွဲခါရန် မုန့်ချီကို ပြောလိုက်၏။ သူမကတော့ အန္တရာယ်အငွေ့အသက်များကို သတိမထားမိသလိုထင်မှတ်ရသည်။ သူမက ထိုအရာကိုပြီးပြည့်စုံစွာ ရှောင်တိမ်းနိုင်ခဲ့၏။

ခဏကြာ ရေကူးလာပြီးနောက် မုန့်ချီက အောက်ခြေပင် မမြင်ရသော တွင်းနက်ကြီးတစ်ခုကို မြင်လိုက်ရသည်။

ကူရှောင်စန်းက ရုတ်တရက် ထိုနေရာတွင်ရပ်ပြီး သူမ၏မျက်လုံးများက အေးစက်သွားခဲ့၏။

"ယောကျ်ား ... ငါ့လက်ကို ကိုင်ထား။ ငါတို့က ကောင်းကင်(၉)သွယ်ကို ဝင်တော့မယ်.."

နတ်ဆိုးမကူ၏ စိတ်ထဲတွင် မည်သည့်အတွေးများ ရှိနေကြောင်း မုန့်ချီလည်း မသိချေ။ သို့သော် အတွင်းထဲတွင် အလွန်အန္တရာယ်များလိမ့်မည်ဖြစ်ကြောင်း သူ သိနေခဲ့၏။ သူက လေပူများကို မှုတ်ထုတ်လိုက်ပြီး သူမ၏ညာဘက်လက်ကို ကိုင်လိုက်သည်။

ထိုအချိန်တွင် သူမ၏ညာဘက်လက်က ငါးလေးတစ်ကောင်ကဲ့သို့ မုန့်ချီ၏လက်ဖဝါးကို ခြစ်လိုက်၏။ သူမက သူ့ကို အပြုံးနှင့် ပြောလိုက်သည်။

"ယောကျ်ား ... ကျေးဇူးပြုပြီး မိုးကြိုးအမှတ်အသားကို လှုံ့ဆော်လိုက်ပါ…."

သူမကလည်း လက်ထဲတွင် ကောင်းကင်ခုံရုံး၏ နယ်မြေအမှတ်အသားကို ထုတ်လိုက်သည်။ မုန့်ချီ၏လက်ခုံပေါ်တွင် ရှိနေသော မိုးကြိုးအမှတ်အသား ထွက်ပေါ်လာပြီး ခရမ်းရောင်အငွေ့အသက်များ တောက်ပကာ သူ၏အငွေ့အသက်နှင့် ဆက်သွယ်သွားခဲ့သည်။

ကူရှောင်စန်း၏ကျေးဇူးကြောင့် ထိုအရာက နယ်မြေအမှတ်အသားဆီသို့ ဦးတည်သွားခဲ့၏။ နယ်မြေအမှတ်အသားဆီမှ အလင်းရောင်တစ်ခု တောက်ပလာပြီး သူတို့(၂)ယောက်ကို လွှမ်းခြုံသွားခဲ့သည်။ တစ်ပြိုင်နက်တည်းဆိုသလို ကူရှောင်စန်းနှင့် မုန့်ချီတို့က နက်ရှိုင်းသော ဝင်ပေါက်ထဲသို့ ဝင်သွားခဲ့ကြ၏။

အတွင်းထဲတွင် အလင်းနှင့် အရိပ်များ တစ်လှည့်ဆီပြောင်းလဲနေပြီး မုန့်ချီက အဖြူရောင်တိမ်တိုက်များနှင့် ကမ္ဘာကြီးတစ်ခုကို တွေ့လိုက်ရသည်။ အဝေးတွင်တော့ အလွန်သေးငယ်သော နန်းတော်တစ်ခုကို တွေ့လိုက်ရ၏။

"ဒီနေရာမှာ ဓမ္မကာရအဆင့်ပညာရှင် တစ်ယောက်မှမရှိဘူး ..။ ဒီတော့ ငါတို့ကိုသတိထားမိသွားမှာ စိုးရိမ်စရာမလိုဘူး…"

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်သည်။

ထို့နောက် သူမ၏ခြေထောက်အောက်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး သူမနှင့်မုန့်ချီတို့ကို အမြင့်မှနေ၍ အောက်သို့ ခေါ်ဆောင်သွားခဲ့သည်။

အစိမ်းရောင်အလင်းတန်း ပေါ်လာသည့်အချိန်တွင် မုန့်ချီ၏ လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော အထွဋ်အမြတ်ညဏ်ပညာသစ်ပင်က အနည်းငယ် လှုပ်ရှားသွားကြောင်း ခံစားလိုက်မိသည်။

"ဒါလည်း သူ့ရဲ့အစာပဲလား ..."

ဤကမ္ဘာကြီးထဲရှိ နန်းတော်ထဲတွင်…

ဤလောကကြီး၏ အရှင်သခင် ပိုင်ဆိုင်ပုံရသော ရွှေရောင်ပုလ္လင်တစ်ခု ရှိနေသည်။ ထိုပုလ္လင်ပေါ်တွင် ထိုင်နေသည်မှာ ကောင်းကင်ဧကရာဇ် ဟန်ကွမ်းမဟုတ်ဘဲ မျက်ခုံးတန်းတန်း ၊ လှပသောမျက်လုံးနှင့် ပါးလွှာသော နှုတ်ခမ်း ရှိနေသည့် လူတစ်ယောက်ဖြစ်သည်။ သူ့မျက်လုံးက အလွန်အေးစက်ပြီး ကြောက်စရာကောင်းနေခဲ့၏။

သူကတော့ ကူရှောင်စန်းနှင့် မုန့်ချီတို့ ပျောက်ကွယ်သွားသောနေရာကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေမိခဲ့သည်။ သူကတော့ ပုရွက်ဆိတ်လေး(၂)ကောင်၏ ကစားပွဲကို ကြည့်နေသလို ထင်မှတ်ရ၏။ ထိုအရာက အရူးမင်းသားကောင်းလန်ဖြစ်သည်။

ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခု တောက်ပလာပြီးနောက် ဟန်ကွမ်းက တစ်ကိုယ်လုံး ဖရိုဖရဲအမူအရာနှင့် ပြန်ပေါ်လာခဲ့သည်။ သူ့ပုံစံက အလွန်သနားစရာ ကောင်းနေ၏။

"မဖြစ်နိုင်တဲ့ အရာတစ်ခုဖြစ်ခဲ့တယ်။ ငါက ကြိုတင်ပြင်ဆင်ထားတာ ကံကောင်းသွားတယ်။ သူတို့က ပထမကောင်းကင်အဆင့်ကို ဝင်သွားပြီလား ..."

ဟန်ကွမ်းက အင်္ကျီလက်ကို ပုတ်လိုက်သည်။

ကောင်းလန်က ခေါင်းညိတ်ပြောလိုက်၏။

"ဒါကြောင့်လည်း ငါတို့က အဲဒီအသေးအဖွဲ ကိစ္စလေးတွေရဲ့ အန္တရာယ်ကို လျစ်လျူမရှုသင့်တာ ... "

ကျောက်တုံးတံတားပေါ်တွင် လေးဖက်လေးတန် ချောင်ပိတ်တိုက်ခိုက်ခံခဲ့ရသော ဟန်ကွမ်းက ပျက်စီးသွားသော မှန်တစ်ချပ်ကဲ့သို့ ပျက်စီးသွားခဲ့သည်။ ထိုအရာက အလွန်ထူးခြားသော မြင်ကွင်းတစ်ခုဖြစ်၏။

ကွေချင်းဟယ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှံ့များအဖြစ် ပြောင်းလဲသွားသော ပိုင်ချုံ၏အလောင်းကလည်း မည်သူမျှသတိမထားမိဘဲ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။

"ဒါဆိုရင် သူက ဟန်ကွမ်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ပဲ ... "

ကွေချင်းဟယ်က သက်ပြင်းချလိုက်မိသည်။

လော့ရန်တွင် ရှိနေသော သီးခြားခြံဝင်းတစ်ခုတည်းတွင်…

တစ်ကိုယ်လုံးရှုံ့တွနေသော ပုံသဏ္ဍာန်ရှိနေသည့် မီးအိမ်ကိုင်နတ်ဆရာက ရွှေမြစ်ထဲတွင် ရှိနေသော အလင်းနှင့်အရိပ် ပြောင်းလဲမှုများကို အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။

သူက သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်၏။

"နတ်ဘုရားမက အမိန့်ထုတ်တယ်။ ငါတို့က ကောင်းကင်(၉)သွယ် အပျက်အစီး ဝင်ပေါက်မြေပုံနဲ့ ဒီမြို့တစ်ခုလုံးကို ဖုံးလွှမ်းခိုင်းရမယ်…"

Translated by Hein Htet.

All Chapters