အခန်း (၆၈၉)
Vol. 46 Ch. 689
အသွေးအသားများ ရှိနေသော မက်မွန်သီးတစ်ခြမ်းက မုန့်ချီ သတိထားမိသွားသည်ကို သိသွားသည့်အလား မြူခိုးများထဲသို့ ပြန်ဆုတ်သွားခဲ့သည်။ သူက အလွန်လျင်မြန်သောအရှိန်နှင့် ရွေ့လျားနေနိုင်သည့်အတွက် မုန့်ချီ ကိုယ်တိုင်ပင် သူ့ကိုယ်သူ သံသယဝင်လာမိ၏။ သူက ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရသလို တွေးမိခဲ့သည်။
"မှင်စာတစ်ကောင်လို ပြောင်းလဲနေတဲ့ မက်မွန်သီးလား…"
မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။
မိစ္ဆာများ၊ နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများ ရှိနေသော ကမ္ဘာကြီးထဲတွင် ထိုအရာက အစစ်အမှန်ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတွက် သူကတော့ အံ့သြလိမ့်မည် မဟုတ်ချေ။ သူ အမှန်တကယ် ထိတ်လန့်သွားသည်မှာ ထိုမက်မွန်သီးလေး၏ နတ်ဆိုးအရည်အသွေးသာ ဖြစ်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အနီရောင်အလင်းတန်းတစ်ခု တောက်ပလာနေပြီး သူ၏အသွေးအသားများပေါ်တွင် သွေးပြန်ကြောများ၊ သွေးလွှတ်ကြောများနှင့် သွေးကြောမျှင်လေးများ ပြည့်နှက်နေပုံရ၏။ ထို့ပြင် သူက ရှေးဟောင်းသက်တော်ရှည်သူတော်စင်၏ ဦးခေါင်းခွံထဲတွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။
သူကတော့ ထိုအရာကို မြင်လိုက်ရရုံနှင့် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့၏။ ထိုမက်မွန်သီးလေး၏ မူလဇစ်မြစ်နှင့်ပတ်သက်ပြီး သူ့နောက်ကို လိုက်လာသည်မှာ ကောင်းသောရည်ရွယ်ချက်လား၊ ဆိုးသောရည်ရွယ်ချက်လား သူလည်း သေချာမသိပေ။
နတ်ဆိုးဂိုဏ်းများတွင် ကလေးငယ်များကို သန့်စင်နိုင်စွမ်းရှိသည့် နတ်ဆိုးပညာများစွာ ရှိနေသည်။ အပြစ်ကင်းစင်သော ကလေးငယ်များက ရက်စက်ကြမ်းကြုတ်မှုနှင့် လူသတ်လိုသော လက္ခဏာများတွင် ကြောက်စရာအကောင်းဆုံးလည်း ဖြစ်ကြသည်။ မက်မွန်သီးလေးဆီတွင် မကောင်းသော ရည်ရွယ်ချက်များမရှိလျှင်ပင် မုန့်ချီကတော့ သတိလက်လွတ် မနေရဲပေ။
"အစောပိုင်းမှာ အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်က လှုပ်ရှားနေတယ်။ သူလည်း ဒီသစ်ပင်ကို သတိထားမိတာလား။ ဒါကြောင့် ငါ့နောက်ကို လိုက်ဖို့ မက်မွန်ဥယျာဉ်ထဲကနေ စွန့်စားပြီး ထွက်လာခဲ့တာလား…"
မုန့်ချီက စဉ်းစားနေမိခဲ့သည်။
သူက မျက်လုံးနှင့် အာရုံခံစွမ်းရည်များကို ရုတ်သိမ်းလိုက်သည့်အချိန်တွင် အသွင်ပြောင်းမက်မွန်သီးလေးက သူ့နောက်ကို အမီလိုက်ရန် နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်သည်။ မုန့်ချီက သူ့ကိုကြည့်နေကြောင်း နားလည်သွားသည့်အချိန်တွင် မက်မွန်သီးလေးက မြူခိုးများထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့ပြန်သည်။ တခဏအတွင်း သူ၏တည်နေရာကို ကြည့်ရှု၍ မရစေရန် ကာကွယ်ထားခဲ့၏။
"တစ်ခုခု ကိစ္စရှိလို့လား ယောကျ်ား…"
ကူရှောင်စန်းက စိုးရိမ်တကြီး မေးလိုက်သည်။
မုန့်ချီက တီးတိုးပြောလိုက်၏။
"နင်က မက်မွန်ဥယျာဉ်ထဲက သက်တော်ရှည်သူတော်စင်ရဲ့ ဦးခေါင်းထဲမှာ သွေးရောင်မက်မွန်သီးလေးကို မြင်ခဲ့လား။ ငါက အဲဒါကို စဉ်းစားကြည့်လေလေ ပိုပြီးတော့ ထူးဆန်းလာလေလေပဲ…"
ကူရှောင်စန်း၏ အတွေ့အကြုံနှင့် ဗဟုသုတများက ပြိုင်ဘက်ကင်းသည်။ မုန့်ချီကတော့ သူမဆီမှ အရှက်မရှိ အကြံဉာဏ်တောင်းနေရ၏။
"ဒီလိုအရေးပါတဲ့အရာမျိုးကို ငါက လက်လွတ်သွားပါ့မလား…"
ကူရှောင်စန်းက သူ့ကို အပြုံးနှင့် ပြောလိုက်၏။
"မက်မွန်သီးလေးက တာအိုကို ဆန့်ကျင်ပြီး ရွေ့လျားနိုင်တယ်။ ဒါက မက်မွန်ဥယျာဉ်ရဲ့ ဆန့်ကျင်ဘက်သင်္ကေတတွေကို ပြသနေတာ။ ပြီးတော့ သူက သက်တော်ရှည်သူတော်စင်ရဲ့ အနှစ်သာရအများစုကို စုပ်ယူထားပြီး သူကိုယ်တိုင် ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ပေါ်လာတယ်။ အဲဒီအရာက သူတော်စင်ရဲ့ဝှက်ဖဲ ဟုတ်မဟုတ်ကိုတော့ အဖြေမပေးနိုင်တဲ့အတွက် ကျေးဇူးပြုပြီး ဒီကမိန်းမကို ခွင့်လွှတ်ပေးပါ…"
"တကယ်လို့ နင်တောင် မသိဘူးဆိုရင် ငါက ဘာလို့သိမှာလဲ။ ဒါက ငပိန်းဖမ်းနေတာလား…"
မုန့်ချီက တိတ်တဆိတ် ရေရွတ်လိုက်သည်။
ကူရှောင်စန်းက မက်မွန်သီးလေးနှင့် ပတ်သက်သော အမှန်တရားကို ဖုံးကွယ်ထားသည်ဟု သူ သံသယဝင်နေသည့်အချိန်တွင် သူမ၏အသံလွင်လွင်လေးကို ကြားလိုက်ရသည်။
"ရှေးခေတ်ရဲ့နောက်ဆုံးနှစ်တွေမှာ ကမ္ဘာမြေကြီးရဲ့ပြောင်းလဲမှုတွေက အခုအချိန်ထိ ရပ်မသွားသေးဘူး။ ဒီကမ္ဘာကြီးက ပြောင်းလဲမှုကြီးတွေ ကြုံတွေ့ခဲ့ရပြီး ပိုကြီးတဲ့ အဖြစ်အပျက်တွေကြောင့် ပျက်စီးလာပေမယ့် ဒါတွေက တစ်ပြိုင်နက်တည်း ဖြစ်နေတယ်လို့ သတ်မှတ်နိုင်တယ်…”
“ဒါက လက်ရှိခေတ်ထဲမှာ ပထမဆုံး ပေါ်လာတာပဲ။ သူနဲ့နှိုင်းယှဉ်စရာ ဘာမှမရှိတဲ့အတွက် ဒီမက်မွန်သီးလေးက ဘာလဲဆိုတာ ငါလည်း ဘယ်လိုပြောရဲပါ့မလဲ။ ဖြစ်နိုင်တာကတော့ အရင်ခေတ်က အဘိုးကြီးတွေပဲ သိနိုင်လိမ့်မယ်။ သူတို့မှာတော့ဒီလိုအတွေ့အကြုံတွေ အများကြီးရှိနိုင်တယ်.."
"အရင်ခေတ် ... ဟုတ်လား…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ ခေတ်တစ်ခေတ်အပေါ် ကူရှောင်စန်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်က သူနှင့်ကွဲပြားနေပုံရသည်။
ခေတ်တစ်ခေတ်ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းချင်နေသနည်း။ ရှေးဟောင်းမတိုင်မီခေတ်ကို ခေတ်တစ်ခေတ်ဟု သတ်မှတ်နိုင်ပြီး ရှေးဟောင်းခေတ်၊ အလယ်ခေတ်နှင့် အလယ်ခေတ်နှောင်းပိုင်းအချိန်များကို စုပေါင်း၍ ခေတ်တစ်ခေတ်ဟု သတ်မှတ်နိုင်ခြင်းပေလော။
ကူရှောင်စန်းက အားရပါးရ ရယ်လိုက်သည်။
"နောက်ပိုင်းမျိုးဆက်တွေကတော့ မသိသာတဲ့ နှိုင်းယှဉ်မှုတွေကို ပြုလုပ်ကြပြီး ရှေးအချိန်က ခေတ်ဆိုတဲ့ ဝေါဟာရတွေကို သေချာပေါင်းစည်းခဲ့ကြတယ်။ ဒါပေမဲ့ ဒီကမ္ဘာကြီးထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီးမှတော့ သူတို့တွေက တစ်ခုတည်းအဖြစ် တူညီနိုင်ဦးမှာလား။ တကယ်လို့ ငါတို့ကသာ သေမင်းတံခါးဝမှာ ရှိနေတဲ့ ရှေးဟောင်းပညာရှင်တွေကို တွေ့နိုင်မယ်ဆိုရင် သူတို့ပြောနေတဲ့ အရင်ခေတ်ဆိုတာက ရှေးမတိုင်မီခေတ်ကို ရည်ညွှန်းချင်နေတယ်ဆိုတာ နားလည်လိမ့်မယ်။ နောက်ခေတ်ဆိုတာကတော့ အခုအချိန်ထိ ရောက်မလာသေးဘူး…"
သူမက သူ့ကို ရွှန်းလဲ့နေသောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
"နောက်တစ်ခေတ်က အခုထိ ရောက်မလာသေးဘူးလား။ ဒါဆိုရင် ငါတို့က ရှေးခေတ်ထဲမှာပဲ ရှိနေသေးတာလား…"
မုန့်ချီက အံ့သြသွားခဲ့သော်လည်း ကြီးကြီးမားမား သက်ရောက်ခံရခြင်း မရှိချေ။ ထိုအရာကိုလည်း ဂရုစိုက်နေခြင်း မရှိချေ။ သူက ကူရှောင်စန်းနှင့် ဆက်ဆံလာသည်နှင့်အမျှ သူမက ရှေးဟောင်းလျှို့ဝှက်ချက်များကို ပို၍ရင်းနှီးနေားလည်သွားခဲ့၏။ အရာအားလုံးက သူမ၏အခြေအနေအတွင်း ရှိနေသေးသည်။
သူတို့၏ရှေ့တွင် ရှိနေသော မြူခိုးများက တဖြည်းဖြည်း နက်မှောင်လာခဲ့သည်။ ကူရှောင်စန်း၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး သူမက ထိုအရာကို သတိထား၍ ရှင်းပြမှုကို အဆုံးသတ်လိုက်သည်။
"ရှေးမတိုင်မီခေတ်ကနေ ရှေးဟောင်းအချိန်အထိ ခေတ်တွေ အများကြီးရှိခဲ့တယ်။ အဲ့ဒီအရာတွေကို ပေါင်းစပ်ပြီး ရှေးမတိုင်မီခေတ်လို့ ခေါ်ခဲ့ကြတယ်။ အဲဒီခေတ်တွေမှာ နေထိုင်ခဲ့တဲ့ သက်ရှိတွေက လောကကြီးထဲမှာ အားနည်းတဲ့ သက်ရှိမျိုးဆက်တွေကိုလည်း ကြုံတွေ့ခဲ့ရတယ်။ ဒီမက်မွန်သီးလေးက အရင်ခေတ်ရဲ့ နတ်ဆိုးအကြွင်းအကျန်တစ်ခုလည်း ဖြစ်နိုင်တယ်လေ…"
"အရင်ခေတ်ရဲ့ နတ်ဆိုးအကြွင်းအကျန်လား…"
မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ သူက အာရုံခံစွမ်းရည်များကို သတိလက်လွတ် သုံးကြည့်လိုက်သော်လည်း မည်သည့်အရာမျှ မတွေ့ရပေ။ အသွင်ပြောင်း မက်မွန်သီးလေးက ကြောက်လန့်တကြား ထွက်ပြေးသွားပုံရ၏။
“တကယ်လို့ သူကသာ အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်အတွက် ဒီနေရာကို ရောက်လာတာဆိုရင် သေချာပေါက် နောက်တစ်ကြိမ် ပေါ်လာလိမ့်မယ်…”
မုန့်ချီက ကူရှောင်စန်းကိုလည်း သတိထားနေခဲ့သည်။ ထိုသစ်ပင်က အင်မော်တယ်နယ်မြေနှင့် အလွန်နက်ရှိုင်းသော ပတ်သက်မှုတစ်ခု ရှိနေပုံရပြီး လျှို့ဝှက်ဆန်းကြယ်သော လက်နက်တစ်ခု ဖြစ်ပုံရသည်။ ထို့ကြောင့် သူက တစ်ယောက်တည်းသာ စဉ်းစားကြည့်နေခဲ့၏။
မြူခိုးများက တဖြည်းဖြည်းသိပ်သည်းလာပြီး အလွန်များပြားလွန်းလှသည့်အတွက် မကျေမနပ်ဖြစ်နေသော အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်။ သူက မက်မွန်သီးလေး ပေါ်လာနိုင်သည့် ဖြစ်နိုင်ခြေကို သတိထားနေပြီး ဓားမောက်နှင့် ဓားရှည်ကိုမြှောက်၍ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
"ဒါက ဘယ်နေရာလဲ ..."
"ကောင်းကင်ဘုံတရားစီရင်ရေးတံခါး ...
ဒါကို နဂါးသတ်စင်မြင့်၊ မိစ္ဆာသတ်စင်မြင့်၊ နတ်ဆိုးသတ်စင်မြင့်၊ နတ်ဘုရားသတ်စင်မြင့်နဲ့ နတ်သမီးတားမြစ်ရေကန်ဆိုပြီး ခွဲခြားထားတယ်။ ဒီနေရာမှာ မရေမတွက်နိုင်တဲ့ အစွမ်းထက်မိစ္ဆာတွေ၊ မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ အင်မော်တယ်တွေ သေဆုံးသွားခဲ့ကြရတယ်။ သူတို့ရဲ့အဆီအနှစ်တွေ၊ အသက်စွမ်းအားတွေက ဒီနေရာမှာ လွှမ်းခြုံနေပြီး သေဆုံးသူရဲ့ကျိန်စာတွေ ၊ အတွေးတွေ၊ မကျေနပ်မှုတွေက ဒီနေရာမှာဆက်ပြီးရှိနေတယ်…"
ကူရှောင်စန်း၏မျက်လုံးက အလွန်နက်ရှိုင်းပြီး သူမ၏မျက်နှာပေါ်တွင် ခန့်မှန်း၍ မရနိုင်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက တရားခံများ၏ကံကြမ္မာကို သနားနေပုံရ၏။
"ကောင်းကင်(၉)သွယ်ပျက်စီးမှုက ခေတ်တစ်ခေတ်ရဲ့အဆုံးသတ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ချွင်းချက်တော့ ရှိနေသေးတယ်။ အဲဒီခေတ်ကနေ ဒီနေ့အထိ ဆက်ရှိနေတဲ့ နေရာတချို့ ကျန်နေခဲ့တယ်။ အဲဒီလိုနေရာတွေက မက်မွန်ဥယျာဉ်ထက်တောင် အဆပေါင်းများစွာ ပိုပြီးတော့အန္တရာယ်များတယ်…"
ယင်စွမ်းအားများ ပေါင်းစပ်နေသော လေလှိုင်းများ တိုက်ခတ်လာပြီး လောက(၃)ပါးကို သွားလာခဲ့သော ပညာရှင်များ၏အသံကိုလည်း တားဆီးနိုင်ခြင်း မရှိချေ။ မုန့်ချီကတော့ သူတို့၏အော်သံများ၊ အမုန်းတရားများ၊ မကျေနပ်မှုနှင့် ကျိန်စာများကို ကြားနိုင်ရ၏။ ထိုအသံများကြောင့် သူ၏စိတ်ဝိညာဉ်က လှုပ်ရှားလာပြီး အနည်းငယ် တွန့်ဆုတ်လာခဲ့ရသည်။
သို့သော် သူ့စိတ်ထဲ၌ တွေးလိုက်မိ၏။
“အရင်တုန်းက တန်ခိုးရှင် စွန်းဝူခုန်းက မိစ္ဆာသတ်စင်မြင့်ရဲ့ အပြစ်ပေးမှုကနေ အသက်ရှင်နိုင်ခဲ့တာ မဟုတ်လား…”
……………
နေနတ်ဘုရား ကျိနှင့် မြောက်ပိုင်းဓူဝံကြယ်တို့က ဝဲကတော့ထဲသို့ တစ်ပြိုင်နက်တည်း ဝင်လာပြီး မက်မွန်ဥယျာဉ်ထဲတွင် ပြန်ပေါ်လာခဲ့ကြသည်။ သွေးများ စွန်းထင်နေသော မြေသားများနှင့် ညှိုးခြောက်နေသော မက်မွန်ပင်များ၏ ထူးဆန်းသောမြင်ကွင်းက သူတို့၏ရှေ့တွင် ပေါ်လာခဲ့၏။
"မက်မွန်ဥယျာဉ်လား…"
မြောက်ပိုင်းဓူဝံကြယ်ကတော့ မယုံကြည်နိုင်ခဲ့ပေ။ နတ်ဆိုးကမ္ဘာကြီး၏ ငရဲကြီး(၉)ထပ်နှင့် ဆင်တူနေသောအရာက ဒဏ္ဍာရီထဲမှ မက်မွန်ဥယျာဉ် ဖြစ်နေလိမ့်မည်ဟု မြောက်ပိုင်းဓူဝံကြယ်က မယုံကြည်နိုင်ခဲ့ပေ။
"ဒီနေရာက ဆိုးရွားတဲ့ရနံ့တွေ ပေါင်းစပ်နေပြီး အသက်စွမ်းအားတွေ၊ အဆီအနှစ်တွေ ပြည့်နှက်နေသင့်တာ မဟုတ်လား။ ဒီနေရာမှာရှိတဲ့ လေကို ရှုရှိုက်လိုက်ရုံနဲ့ နှစ်ပေါင်း(၁၀၀)ကျော် အသက်ရှည်နိုင်တဲ့ စွမ်းရည်မျိုးရှိနေတာ မဟုတ်လား.."
နေနတ်ဘုရား မျက်နှာဖုံးကို ဝတ်ဆင်ထားသော ကျိက စကားတစ်ခွန်းမျှမပြောခဲ့ပေ။ သူက စဉ်းစားနေပုံရပြီး မက်မွန်ဥယျာဉ်က ယခုလိုဖြစ်သွားသည့်အပေါ် မျှော်လင့်ထားခြင်းမရှိချေ။
သူတို့(၂)ယောက်လုံးက အတွေ့အကြုံရှိသော သံသရာခရီးသွားများ ဖြစ်ကြပြီး ဝေ့ကျင်းအဆင့်ပညာရှင်များ ဖြစ်ကြသော်လည်း ထိုမြင်ကွင်းကိုမြင်သည့်အခါ သတိထားလိုက်ကြပြီး ပစ္စည်းတစ်ခုဆီ ထုတ်လိုက်ကြသည်။
ကျိ ၏လက်ထဲတွင်တော့ မီးတောက်များနှင့် ဖန်တီးထားသော ငှက်မွှေးများ ရှိနေသည့် အနီရောင်ငှက်တစ်ကောင် ရှိသည်။ မြောက်ပိုင်းဓူဝံကြယ်၏ လက်ထဲတွင်တော့ တစ်ကိုယ်လုံးရေခဲများ လွှမ်းခြုံနေသော မြွေပါလေးတစ်ကောင် ကိုင်ထားသည်။
သူတို့က လက်ကို လွှတ်ပေးလိုက်ရာ ငှက်နှင့်မြွေပါလေးက တစ်ချိန်တည်း ရှေ့သို့ထွက်သွားကြ၏။ ရုတ်တရက်ဆိုသလို ထိုသတ္တဝါများက တစ်စုံတစ်ခုကို သတိထားမိသည့်အလား နောက်ပြန်လှည့်ကြည့်လိုက်သည်။
"ဝှစ်…"
အလွန်အေးစက်သော ရေခဲလှိုင်းတစ်ခုက သူတို့ကို ဖြတ်ကျော်သွားခဲ့၏။ ထိုအခါ ငှက်နှင့် မြွေပါလေးတို့က မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး အသက်စွမ်းအင်များလည်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏မျက်လုံးများကတော့ အံ့ဩမှုကြောင့် အေးခဲနေခဲ့၏။
မြောက်ပိုင်းဓူဝံကြယ်က သက်ပြင်းချလိုက်မိသည်။ သူက မည်သည့်အရာကိုမျှသတိမထားမိသော်လည်း အံ့သြမှုကို မနည်းထိန်းချုပ်နေရ၏။ သူကတော့ ဝင်္ကပါနှင့် ပြောင်းလဲမှုတစ်ခုကိုမျှ သတိမထားမိခဲ့ပေ။
"တော်တော်ထူးဆန်းတဲ့ဖြစ်စဉ်ပဲ…"
ရုတ်တရက်ဆိုသလို ကျိ က တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား ပြောလိုက်၏။ သူက ပြန်ပြောလိုက်သည်။
"သွားကြမယ်။ ဘာကိစ္စတွေဖြစ်ဖြစ် သွားနေတာကို မရပ်နဲ့။ နောက်ပြန်လှည့်မကြည့်နဲ့။ ဘာပစ္စည်းမှလည်း မယူနဲ့…"
စကားပြောနေရင်း သူက ဝင်ပေါက်၏မြေကြီးပေါ်တွင် ဖျက်ရန် ခက်ခဲသော စာတစ်စောင ်ချန်ထားခဲ့သည်။ ထိုအရာက နောက်မှ လိုက်လာသော ဟန်ကွမ်းနှင့်ကောင်းလန်တို့ကို သတိပေးထားခြင်းဖြစ်၏။
"ဘယ်လို ... "
မြောက်ပိုင်းဓူဝံကြယ်ကတော့ ထိုနေရာတွင် ရပ်စောင့်ချင်ခဲ့သည်။
ကျိကတော့ သူ့ကို ရှင်းမပြခဲ့ပေ။ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ကျောင်းဆောင်ကြီး(၃၃)ခု ရှိနေသလို ထင်မှတ်ရ၏။ ထိုအလင်းတန်းက နတ်ဆိုးအငွေ့အသက်များကို တားဆီးရန် အကျိုးသက်ရောက်မှုရှိသည်။ သူ့ခြေထောက်အောက်တွင်လည်း ခရမ်းရောင်တိမ်တိုက်များ ထွက်ပေါ်လာပြီး သူက ရှင်သန်ခြင်းပေါ်တွင် ဖြတ်နင်း၍ သေဆုံးခြင်းကို ဖယ်ရှားလိုက်သည်။ သူက ခေါင်းမော့ထားပြီး ရှေ့ကို ဆက်လျှောက်သွားလိုက်၏။
မြောက်ပိုင်းဓူဝံကြယ်၏ မျက်လုံးများက လှုပ်ရှားသွားပြီး နောက်ဆုံးတွင်တော့ သူလည်း တည်ငြိမ်သွားခဲ့သည်။ အဆုံးတွင်တော့ သူလည်း ကျိ၏ နောက်မှ လိုက်သွားရန် ရွေးချယ်ခဲ့၏။
…………….
"ဘုန်း ..."
လှုပ်ရှားနေသော မြူခိုးများထဲမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ခရမ်းရောင်နှင့်အနီရောင်တိမ်တိုက်များက ကောင်းကင်ပေါ်သို့ မြင့်တက်လာပြီး သက်ရှိများအားလုံး၏အစွမ်းက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆင့်မြင့်ခရမ်းဝိညာဉ်ကွေ့ချင်းဟယ်က အံ့သြမှင်တက်သွားခဲ့သည်။ ကောင်းကင်ခုံရုံးအစိတ်အပိုင်းက တစ်စုံတစ်ယောက်၏အုတ်မြစ်ကဲ့သို့ ထင်မှတ်နေရ၏။ ထိုအရာက ဝင်္ကပါကြီးတစ်ခုကဲ့သို့ အကာအကွယ်မှော်အစွမ်းများစွာ ရှိနေသည်။ သူက ဤနေရာကို ပထမဆုံးရောက်လာခဲ့သည့်အချိန်တွင် အရာအားလုံးက သူထင်ထားသည်ထက် လုံးဝကို ကျော်လွန်နေခဲ့၏။
"ဒီလိုဆိုရင် ကောင်းကင်(၉)သွယ်အပျက်အစီးထဲမှာ ဘယ်လိုတန်ဖိုးရှိတဲ့အရာတွေ ကျန်နေတာလဲ…"
စစ်မာရှီ၏ ဦးဆောင်မှုနှင့် နန်းတွင်းအရာရှိများ၊ ယပ်တောင်(၆)လက်ကျောင်းမှ ထိပ်တန်းလူဆိုးထိန်းများက ဝင်္ကပါကို အကောင်းဆုံးတုံ့ပြန်ပြီး တိုက်ခိုက်ရန် ကြိုးစားနေကြသည်။
အလွန်ကြီးမားသော ဟန်ကွမ်းက မကောင်းဆိုးဝါးကြီး တစ်ကောင်ကဲ့သို့ လေထဲတွင် လွင့်မျောနေခဲ့၏။ သူက ဝင်္ကပါကို အသုံးချပြီး ကောင်းကင်မိုးကြိုးများနှင့် တိုက်ခိုက်နေခဲ့သည်။
"တကယ်လို့ ငါတို့မှာသာ လဝက်လောက် အချိန်ရှိမယ်ဆိုရင် ငါတို့က ကျင်းအင်ပါယာကို သေချာပေါက် ထိခိုက်အောင်လုပ်နိုင်တယ်…"
ကောင်းလန်က မှတ်ချက်ပေးလိုက်သည်။ အနက်ရောင်ဝတ်စုံ ဝတ်ထားသော သူ့ပုံစံက အလွန်ထူးခြားနေ၏။
ဟန်ကွမ်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"တစ်ဖက်မှာတော့ ငါတို့ဆီမှာ ကောင်းကင်(၉)သွယ်ရဲ့ထိပ်ဆုံး(၃)လွှာ ရှိနေတယ်။ တစ်ဖက်မှာတော့ ငါတို့က အစွမ်းထက်စစ်ကူတွေ ရှိနေနိုင်သေးတဲ့ ရန်သူတွေကို ရင်ဆိုင်နေရတယ်။ မင်းက ဘယ်လိုသဘောရလဲ။ ငါတို့က ဘာကိုရွေးချယ်သင့်လဲ.."
ကောင်းလန်က ပြန်ဖြေခဲ့ခြင်းမရှိဘဲ တိမ်တိုက်များထဲသို့ ပျံသန်းသွားခဲ့သည်။
ဟန်ကွမ်းက ဝင်္ကပါကို အစွမ်းကုန် အသက်သွင်းရန် ကြိုးစားခဲ့သည်။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ ရန်သူများကို တားဆီးနိုင်မည်ဖြစ်သည်။ ထို့နောက် သူလည်း ကောင်းလန်၏နောက်မှ လိုက်သွားခဲ့၏။
သူ၏အကြီးမားဆုံးဆန္ဒကတော့ ကွေချင်းဟယ်ကဲ့သို့ ကျင်းအင်ပါယာထဲရှိ အထက်တန်းလွှာမိသားစုများကို ဖျက်ဆီးပစ်လိုခြင်းဖြစ်သည်။ သို့သော် သူက ကောင်းကင်ခုံရုံးထဲတွင် ရောက်ရှိနေသည့်အတွက် အပြင်ဘက်ကမ္ဘာကြီးထဲရှိ ပြောင်းလဲမှုများကို မသိချေ။ အမှန်တကယ် အရေးပါသော အခြေအနေမျိုးတွင် နတ်ဘုရားလက်နက်များနှင့်အတူ ဓမ္မကာရအဆင့် ပညာရှင်များ၊ ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်များ စစ်ကူရောက်လာမှာကို စိုးရိမ်နေခဲ့၏။ ဓမ္မကာရအဆင့်ပညာရှင်များစွာပင် ရောက်လာနိုင်သည်။
ထိုအရာက သူ့အစီအစဉ်ကို ခက်ခဲသွားစေနိုင်သည့်အပြင် ကောင်းကင်(၉)သွယ်၏ ထိပ်ဆုံး(၃)လွှာကို ရှာဖွေရန် အခွင့်အရေးကိုလည်း နှောင့်နှေးသွားစေနိုင်သည်။ သူက ကျိုးကြောင်းဆင်ခြင်နိုင်သည့်အတွက် ဒုတိယတစ်ခုကိုသာ ရွေးချယ်ခဲ့၏။
……………..
အလွန်ရိုးရှင်းပြီး ကြီးမားသော တံခါးကြီးတစ်ချပ်က မုန့်ချီ၏မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။ ထိုတံခါး၏ နောက်တွင်တော့ သွေးရောင် သတ်ဖြတ်ရေးစင်မြင့်တစ်ခု ရှိနေသည်။ ထိုနေရာတွင် ပုံရိပ်ယောင် အစစ်အမှန်နဂါးများက အနက်ရောင်တိမ်တိုက်များနှင့် ပေါင်းစပ်နေခဲ့၏။ သေဆုံးသွားသူများ၏ သိစိတ်ကလည်း မကောင်းသောဆန္ဒများနှင့် ဆက်လက်ရှိနေခဲ့သည်။
အစစ်အမှန်နဂါးတစ်ကောင်ချင်းဆီက အစွမ်းထက်သော အင်မော်တယ်တစ်ယောက် သို့မဟုတ် နတ်တစ်ပါး ဖြစ်ကြသည်။ ဤနေရာတွင် ရှိနေသေးသော သိစိတ်များစွာကြောင့် မုန့်ချီ၏ ပင်မဝိညာဉ်က လှုပ်ရှားသွားခဲ့၏။ သူ၏စိတ်ဝိညာဉ်ထဲတွင် အလွန်အေးစက်သွားသလို ခံစားလိုက်ရသည်။
ထိုအခါ ရွှေရောင်ကြာပန်းတစ်ခု ပွင့်လာပြီး ကမ္ဘာဦးအငွေ့အသက်တစ်ခု ဖန်တီးပေးလိုက်၏။ မုန့်ချီက ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးနောက် သူ၏စိတ်အခြေအနေကို တည်ငြိမ်အောင် ကြိုးစားနိုင်ခဲ့သည်။
ဤနေရာက အတော်လေးကို ထူးခြားကြောင်း တွေ့လိုက်ရ၏။ သူက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ရန် ခက်ခဲနေသလို နတ်ဘုရားလက်နက် ဖန်တီးနိုင်သည့် ပင်မပစ္စည်းများကို အသုံးပြုရန်လည်း ခက်ခဲနေသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ…”
“ဒီနေရာက သေဆုံးခြင်းဆိုတဲ့စကားလုံးနဲ့ ပေါင်းစပ်နေတဲ့ နေရာတစ်ခုဖြစ်နေမှတော့ ဒီနေရာမှာရှိတဲ့ အနှစ်သာရတွေက ပညာရှင်တွေကို ဖိနှိပ်နိုင်တဲ့ စွမ်းရည်ရှိတယ်လေ.."
ကူရှောင်စန်းက အပြုံးနှင့်ရှင်းပြလိုက်သည်။ သူမက ဇဝေဇဝါ ဖြစ်နေသော မုန့်ချီကို နားလည်ပုံရ၏။ လင်းလက်နေသော သူမ၏မျက်လုံးလေးများထဲတွင် အဖြူရောင်ကြာပန်းလေး(၂)ခု ပွင့်လန်းလာခဲ့သည်။
ထိုအချိန်တွင် နဂါးဟိန်းသံများကို ဆက်တိုက်ကြားနေရသည့်အတွက် မုန့်ချီက တစ်ကိုယ်လုံး လှုပ်ရှားနေခဲ့၏။ သူက ရှေ့ကို ခက်ခက်ခဲခဲ ဆက်၍လျှောက်နေရသည်။
…………….
မြူခိုးများ လွှမ်းခြုံနေသော လမ်းကြောင်းတွင် သွားလာနေရင်း မြောက်ပိုင်းဓူဝံကြယ်က စိတ်အေးသွားသလို ခံစားလိုက်ရ၏။
"သက်တော်ရှည်သူတော်စင်က ဒီနေရာမှာ သေသွားလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး…"
"သူက တစ်ခုခုကို သတိထားမိခဲ့တာ ဖြစ်နိုင်တယ်…"
ကျိ က သူ့အဖော်၏ သံသယကို ပြန်မဖြေဘဲ ပြောလိုက်သည်။
သူ့အဖြေကြောင့် မြောက်ပိုင်းဓူဝံကြယ်က အသံတိုးတိုးနှင့် ပြောလိုက်၏။
"ငါတို့က လမ်းကြောင်း(၂)ခုဖွင့်ထားတာ ကံကောင်းသွားတယ်။ ဒါကြောင့် ငါတို့အတွက် အခြေအနေတွေက ပိုပြီးတော့ လွယ်ကူသွားတယ်။ ငါတို့က သူတို့ကို အချိန်မီဖမ်းနိုင်မှာပါ…”
“ရှေ့မှာရှိနေတာက ကောင်းကင်ဘုံ တရားစီရေးတံခါးပဲ။ သူတို့က အဲဒီနေရာကို မြန်မြန်ဆန်ဆန် ဖြတ်သွားနိုင်မှာ မဟုတ်ဘူး…"
ကျိက အဝေးကိုစိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
Translated by Hein Htet.