အခန်း (၂၆၀)
Vol. 20 Ch. 260
ချောင်ဟုန်းရှသည် ဖုန်းလက်ခံရသောအခါ သူမ အံ့အားသင့်သွားခဲ့သည်။
သူမက ဝမ်ယန်ရှန်နှင့် လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိပြီဖြစ်သည်။ သူမသည် ချီလီရွာသို့ နှစ်ပေါင်းများစွာအတွင်း အကြိမ်များစွာ ပြန်ခဲ့သော်လည်း သူမ၏ ခင်ပွန်းဟောင်း ကျောက်ကျဲဖန်အကြောင်း သူမရှေ့တွင် မည်သူမျှ မပြောခဲ့ဖူးပေ။
ဒါက အာဏာရှိဖို့ အရေးကြီးသည်။ သူမလို နောက်အိမ်ထောင်ပြုတဲ့လူက သာမန်လူတစ်ယောက်သာဆိုရင် ရွာကလူတွေက သူမကို အေးအေးဆေးဆေးပဲ လွှတ်ထားမှာ မဟုတ်ဘူးဆိုတာ သေချာသည်။
ကျောက်မိသားစုက ယိမင်ကို အစက ပြန်ခေါ်ဖို့ စဉ်းစားထားခဲ့သည်။ အထူးသဖြင့် ယိမင်သည် တုံးအသူမဟုတ်ကြောင်း သိပြီးနောက်ပင်။ ဒါပေမယ့် သူတို့ကို ဝမ်ယန်ရှန်က ချုပ်ကိုင်ထားခဲ့သည်။
ဒီနှစ်တွေအတွင်း သူတို့မိသားစုဟာ စစ်တပ်ထဲမှာပဲ ရှိခဲ့ကြသည်။ ကျောက်မိသားစုက ပြဿနာရှာချင်ပေမယ့် မလာရဲကြပေ။ ဒီလူရှိတယ်ဆိုတာ သူမ မေ့လုမတတ် ဖြစ်သွားတဲ့ အထိပင်။
ဖုန်းချပြီးနောက် သူမသည် မိသားစုအိမ်ရာသို့ လျှောက်သွားခဲ့သည်။
လမ်းတစ်ဝက်တွင် သူမသည် တုန်းလီလီ အနားကို ရောက်သွားခဲ့သည်။
နှစ်ယောက်သားသည် နှုတ်ဆက်ပြီး ဖြတ်သွားကြသည်။
ချောင်ဟုန်းရှက နောက်ကြောင်းပြန်ကြည့်ဖို့ တိုက်တွန်းချက်ကို ငြင်းဆန်ပြီး သူမကိုယ်သူမ ရှေ့ကို ဆက်လျှောက်ဖို့ ပြောခဲ့သည်။
သူမ စစ်တပ်ထဲကို စရောက်တုန်းက 'စိတ်ကောင်းရှိသူတစ်ယောက်' က တုန်းလီလီရဲ့ ဖြစ်တည်မှုအကြောင်းကို သူမအား ပြောပြဖို့ ရောက်လာခဲ့သညိ။
သို့သော်လည်း သူမသည် တစ်ဖက်သား၏ စကားကို နားမထောင်ဘဲ တုန်းလီလီကို တစ်စစီလုပ်ရန်လည်း မသွားခဲ့ပေ။ ထို့အတွက်ကြောင့်လည်း သူမသည် ဝမ်ယန်ရှန်ကို ပြဿနာမရှာခဲ့ပေ။
ထို့နောက် သူမသည် တုန်းလီလီအကြောင်း ဝမ်ယန်ရှန်အား မေးမြန်းခဲ့သည်။ ဝမ်ယန်ရှန်က သူမကို ဘာမှမကွယ်ဝှက်ဘဲ ရှင်းပြခဲ့သည်။
တုန်းလီလီက သူ့ကို ဝန်ခံခဲ့တယ်ဆိုတာကို သိပြီးတဲ့ နောက်မှာတော့ သူမရဲ့ နှလုံးသားထဲမှာ ချဥ်စုတ်မှုနည်းနည်း ပေါက်ဖွားလာခဲ့သည်။
နောက်ပိုင်းတွင် တစ်ဖက်လူသည် လက်ထပ်ရမဲ့သူရှိနေပြီး ဝမ်ယန်ရှန်အား မကပ်တော့ကြောင်း သူမသိလိုက်ရသည်။ ဒါကြောင့် သူမကို လွှတ်ထားခဲ့သည်။ သို့တိုင် သူတို့နှစ်ဦးသည် သူငယ်ချင်းကောင်းဖြစ်ရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။
လမ်းလျှောက်သွားသော တုန်းလီလီသည် ချောင်ဟုန်းရှကို ပြန်ကြည့်ရန် တွန်းအားပေးခဲ့သည်။
ဝမ်ယန်ရှန်က သူမကို ငြင်းပယ်ခဲ့ပြီး ကွာရှင်းထားသော အမျိုးသမီးတစ်ဦးကို သဘောကျကြောင်း ကြားသိရသောအခါတွင် သူမသည် သူမကို အလွန်သိချင်နေခဲ့သည်။ နောက်ပိုင်းမှာ သူတို့ လက်ထပ်မယ်လို့ သူမမမျှော်လင့်ခဲ့ပေ။
ချောင်ဟုန်းရှကို ပထမဆုံးအကြိမ်တွေ့လိုက်ရတုန်းက သူမသည် အနည်းငယ် မကျေမနပ်ဖြစ်မိခဲ့သေးသည်။
သူမသည် ရှင်းရှင်းလင်းလင်းပင် တစ်ဖက်လူထက် ငယ်သည်၊ တစ်ဖက်လူထက် ပိုလှသည်၊ ပိုအရေးကြီးသည်မှာ သူမသည် အိမ်ထောင်မပြုဖူးခြင်း ဖြစ်သည်။
ဝမ်ယန်ရှန်က ဘာလို့ သူ့ကို မျက်လုံးမကျခဲ့တာလဲ? ဒီလို မကျေနပ်မှုမျိုးက သူမကို မိုက်မဲတဲ့ အရာတွေကို လုပ်လုနီးပါး ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာ ထိုအချိန်တွင် သူမအနားတွင် လက်ထပ်ရမဲ့သူ ရှိခဲ့သည်။ ကံကောင်းထောက်မစွာ သူမသည် သူမ၏ မြင်းကို ထိန်းနိုင်ခဲ့သည်။ အဲဒါကြောင့် မိုက်မဲတာ ဘာမှ မလုပ်ခဲ့မိဘူး။
ချောင်ဟုန်းရှ အိမ်ပြန်ရောက်သောအခါ သူမသည် တုန်းလီလီ၏ ကိစ္စကို မေ့ပစ်လိုက်ပြီးဖြစ်သည်။ ယခုတော့ ယိမင်အား ပြန်ခေါ်သွားရမလားဆိုတာကို သူမ ပိုစိတ်ရှုပ်နေခဲ့သည်။
ကျောက်ကျဲဖန်သည် ကွယ်လွန်သွားပြီဖြစ်သည်။ ဆိုလိုချင်တာက သားအဖနှစ်ယောက် နောက်ဆုံးအကြိမ် ဆုံတွေ့ကြရမှာ ဖြစ်သည်။ ယိမင်ကို ပြန်မခေါ်သွားဘူးဆိုရင် လူတိုင်းက သူတို့သည် သွေးအေးသည်ဟု ထင်မှာ သေချာသည်။
အထူးသဖြင့် ယိမင်ပေါ့။ သူ့ကို လူတိုင်းက ရှုံ့ချမှာ သေချာသည်။ ၎င်းသည် အနာဂတ်တွင် သူ၏ အလုပ်ရှာဖွေမှုကိုပင် ထိခိုက်စေနိုင်သည်။
ဒါပေမယ့် ပြန်သွားရင်တော့ ပုပ်ပွနေတဲ့ ကိစ္စတစ်ခုတော့ ကြုံရလိမ့်မည်။
ကျောက်မိသားစုနဲ့ ဆက်ဆံရမယ့် အတွေးက သူမကို နာကျင်စေသည်။
ဝမ်ယန်ရှန်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာကာ သူမက မျက်မှောင်ကြုတ်၍ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ခြေတံရှည်နဲ့ လျှောက်လာပြီး ငုံ့ကာ သူမနှုတ်ခမ်းကို နမ်းလိုက်သည်။ "ဘာဖြစ်တာလဲ? မင်းဘာလို့ မျက်မှောင်ကြုတ်နေတာလဲ?"
ချောင်ဟုန်းရှက အသိစိတ်ပြန်ပေါ်လာပြီး "ယိမင်ရဲ့အဖေသေပြီ၊ သူ့ကိုနောက်ဆုံးနှုတ်ဆက်ဖို့ ကျွန်မ သူ့ကိုပြန်ခေါ်သွားရမလား?"
ဝမ်ယန်ရှန်သည် သူ၏ ဗိုလ်ချုပ်ဦးထုပ်ကို ချွတ်လိုက်သည်။ ထို့နောက် သူမဘေးတွင်ထိုင်ကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး "သွားမယ်။ ကိုယ် ခွင့်ယူပြီး မင်းနဲ့ပြန်လိုက်ခဲ့မယ်!"
ချောင်ဟုန်းရှက ခဏလောက် အေးခဲသွားသည်။ "ရှင် အလုပ်တွေ များနေတယ်လို့ ရှင်ပြောတာ မဟုတ်ဘူးလား? အထက်က ရှင့်ကို ထွက်ခွာခွင့်ပေးပါ့မလား?"
ဝမ်ယန်ရှန်က သူမမေးစေ့ကို ညှစ်ထားပြီး ငုံ့ကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ "ဒီည မင်း ကိုယ့်ကို စိတ်ချမ်းသာအောင် လုပ်ပေးပြီးရင် ကိုယ်ပြောပြမယ်!"
ချောင်ဟုန်းရှ၏ မျက်နှာသည် ပို၍ပင်နီရဲလာသည်။ တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် သူမသည် လက်နဲ့ သူ့ကို တွန်းထုတ်လိုက်သည်။
ကလေးသုံးယောက်က မျက်လုံးပြူးကာ တံခါးရှေ့မှာ ရပ်နေပြီး သူတို့ရဲ့ မေးရိုးတွေက မြေပြင်ပေါ်ကို ပြုတ်ကျလုနီးပါး ထိတ်လန့်တကြားဖြစ်နေကြသည်။
သူမမျက်နှာသည် ပိုပိုပြီးနီလာသည်။ သူမသည် ဝမ်ယန်ရှန်ကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး အခန်းထဲသို့ ပြေးသွားခဲ့သည်။
ယိမင်က အသိစိတ်တွေ ပြန်ဝင်လာပြီး သူ့မျက်လုံးတွေကိုစွေပြီး "အာ့ ဘာလို့ရုတ်တရက် မှောင်လာတာလဲ? ဘာမှမမြင်ရဘူး!"
ထိုစကားကိုပြောရင်း သူသည် လက်ကိုဆန့်၍ မျက်မမြင်ကဲ့သို့ ရှေ့သို့ လျှောက်သွားခဲ့သည်။ ထို့နောက် သူလှည့်ထွက်သွားခဲ့သည်။
အစ်ကိုကြီး၏ ပြပွဲအပြီးတွင် နောက်မှ ညီငယ်နှစ်ယောက်သည် လိုက်သွားကြသည်။ မျက်စိကန်းဟန်ဆောင်ပြီး သူတို့က "ဘာမှ မမြင်ရဘူး..."
ဝမ်ယန်ရှန်သည် ဒါကိုမြင်သောအခါ ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။
သူထရပ်ပြီး ချောင်ဟုန်းရှကို 'သူထွက်ဖို့အတွက် အထက်လူကြီးအိမ်ကို သွားမယ်ဟု’ ပြောခဲ့သည်။
——
ကျင့်ဟွာ၏ အိပ်ဆောင်၌။
နေ့ခင်းက အပြန်အလှန် စကားပြောပြီးနောက် အိပ်ဆောင်ရှိ လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး အတော်လေးရင်းနှီးလာကြသည်။
သာ့ချောင်သည် စောစောအိပ်ယာဝင်ခဲ့သည်။ သူမ၏ နှလုံးသားသည် အနည်းငယ် ချဉ်သွားသလို ခံစားလိုက်ရသည်။
သူမသည် အိမ်၊ အဘွားနှင့် အဘိုးလည်း လွမ်းသည်။
သူမဘဝတွင် ပထမဆုံးအကြိမ် အိမ်မှ ထွက်ခဲ့ခြင်းပင်။ ဟော်မိသားစုနှင့် နွေရာသီ အားလပ်ရက် အနည်းငယ် ကုန်ဆုံးခဲ့သော်လည်း ဟော်မိသားစုအား သူမ ကောင်းစွာသိတာကြောင့် အိမ်လွမ်းခြင်း လုံးဝ မရှိခဲ့ပေ။
ယခုမူ အခန်းဖော် အားလုံးသည် သူမ မသိသော လူများပင်။ ဒါတင်မကဘူး သူတို့ထဲက တစ်ယောက် နှစ်ယောက်က အဆင်မပြေပေ။ သူမ တကယ်ကို အိမ်ပြန်ချင်နေပြီ ဖြစ်သည်။
ချိုက်ရူနန်သည် အစက သာ့ချောင်နှင့် စကားပြောချင်ခဲ့သည်။ ဒါပေမယ့် သူမ မတ်တပ်ထရပ်လိုက်ချိန်မှာပဲ ပြတင်းပေါက်ကနေ ဖြတ်သွားတဲ့ မိုးပျံပူဖောင်းတစ်ခုက ရုတ်တရက် မြင်ကွင်းထဲကို ဝင်လာခဲ့သည်။
သူမက ချက်ချင်း အော်ပြောပြီး "ဟေး ကြည့်စမ်း။ ပြတင်းပေါက်မှာ ပူဖောင်းတစ်ခုရှိတယ်"
အိပ်ဆောင်ရှိ အခြားလူများက သူတို့ခေါင်းကို လှည့်ကြည့်လိုက်သည်။ ဟုတ်သည်၊ ဝမ်ရှန်းရှန်း အိပ်နေတဲ့ ပြတင်းပေါက်ဘေးမှာ ပျံနေတဲ့ မီးပုံးပျံကို သူတို့ တွေ့လိုက်ရသည်။ မီးပုံးပျံရဲ့အမြီးမှာ စာတစ်ခု ချိတ်ထားပုံရသည်။
အစက ပြတင်းပေါက်အောက်ရှိ အိပ်စင်တွင် အိပ်မှာက စုန့်ယုလျန် ဖြစ်သည်။ သို့သော် သူမနှင့် ဝမ်ရှန်းရှန်းတို့ ပြောင်းလိုက်ကြသည်။
ပြောရမယ်ဆိုရင် သာ့ချောင်အောက်မှာ အိပ်နေတဲ့သူက စုန့်ယုလျန်မဟုတ်ဘဲ ဝမ်ရှန်းရှန်း ဖြစ်သည်။
စုန့်ယုလျန်က ရောက်လာပြီး ပြတင်းပေါက်ကို မှီကြည့်လိုက်ပြီး "ဟိုမှာ ကောင်လေးတစ်ယောက် ရှိနေတယ်! ရှန်းရှန်း၊ ဒီကောင်လေးက နင့်ကိုရှာဖို့လာတာ မဖြစ်နိုင်ဘူးလား?"
အချိန်က တော်တော်လေး နောက်ကျနေပြီမို့ စုန့်ယင်လျန်ဟာ အောက်ကကောင်လေးရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမသည် အရပ်ရှည်သော ယောက်ျားလေးဖြစ်ကြောင်း ကောက်ကြောင်းမှ သိနိုင်သည်။
ဝမ်ရှန်းရှန်းသည် တခဏတာ အံ့အားသင့်သွားကာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဟန်ဆောင်ကာ ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်သည်။ "မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်သူသိမလဲ။ တချို့ယောက်ျားလေးတွေက တကယ်ကို စက်ဆုပ်ဖွယ်ကောင်းတယ်။ ငါပြောထားပြီးသား ငါက စာလေ့လာဖို့ပဲ အာရုံစိုက်ချင်တယ် အခုသူတို့ဘာလို့ နားမလည်နိုင်ရတာလဲ!"
စုန့်ယင်လျန်က "ရှန်းရှန်း၊ နင်က အရမ်းလှပြီး နင့်အဆင့်တွေက အရမ်းကောင်းတယ်။ နင့်ကို လိုက်တဲ့ ကောင်လေးတွေ အများကြီး ရှိရမယ် မဟုတ်လား?"
ဝမ်ရှန်းရှန်းက သူမရဲ့ လက်ကိုပွတ်သပ်ပြီး ရှက်တဲ့ပုံစံနဲ့ ပြောလိုက်သည်။ " ပေါက်ကရတွေ မပြောနဲ့။ အများကြီး မရှိပါဘူး!"
ချိုက်ရူနန်က သူတို့နှစ်ယောက်၏ လုပ်ရပ်ကို သည်းမခံနိုင်တော့ပေ။ ဒါနဲ့ သူမက လျှောက်လာပြီး "တစ်ဆိတ်လောက်။ ငါ မီးပုံးပျံ ယူလာပေးရမလာ"
သူမကို တွန်းလိုက်တာကြောင့် စုန့်ယုလျန်က အရမ်းစိတ်ဆိုးသွားပြီး "နင်ဘာလို့ ဒီလောက်ကြမ်းနေရတာလဲ? မီးပုံးပျံနဲ့ ပတ်သက်ပြီး ရှန်းရှန်းရဲ့ထင်မြင်ချက်ကို ကြိုမေးထားသင့်တယ်၊ မဟုတ်ဘူးလား? နင်က အသဲအသန် ဝင်သွားတယ်ဆိုရင် အဲဒီကောင်လေးက ရှန်းရှန်းက သူလိုက်တာကို လက်ခံလိမ့်တယ်လို့ ထင်သွားလိမ့်မယ်!"
ဝမ်ရှန်းရှန်းက စကားတစ်ခွန်းမှ မပြောပေ။ အဲဒီအစား သူမက စုန့်ယုလျန်၏ စကားကို သဘောတူလိုက်ပုံနဲ့ သူမလက်ကို ပိုက်လိုက်သည်။
ချိုက်ရူနန် - "မင်းတို့တွေ ဒီလောက်တောင် အတ္တကြီးကြတာပဲ။ မီးပုံးပျံက အဲ့ကောင်လေးက ဝမ်ရှန်းရှန်းလိုက်ဖို့ ဒီမှာရှိနေတာ မင်းတို့ ဘယ်လိုလုပ် သေချာနိုင်တာလဲ?"
ဝမ်ရှန်းရှန်း၏ မျက်နှာသည် နီမြန်းလာသည်။
စုန့်ယုလျန်က ဝမ်ရှန်းရှန်းရဲ့ ကောင်းတဲ့ဘက်မှာ နေချင်သည်။ သူမက မျက်ခုံးပင့်ကာ "နင့်ပါးစပ်က ဘာလို့ ဒီလောက် နံနေရတာလဲ? မီးပုံးပျံက ရှန်းရှန်းအတွက် မဟုတ်ရင် နင့်အတွက်လား?"
မှန်တစ်ချပ်ယူပြီး ကိုယ့်ကိုကိုယ် ကြည့်လိုက်ပါဦး။ လုံးဝကို tomboy ပဲ! နင့်ကိုချစ်ဖို့အတွက် ဘယ်ကောင်လေးက မျက်စိကန်းနေမှာလဲ?
ချိုက်ရူနန်သည် သူမ၏ အကြည့်ကြောင့် စိတ်တိုသွားသည်။ သူမအား လက်သီးဝှေ့ယမ်းပြလိုက်သည်။ "လူတချို့လို ငါက အရှက်ကင်းမဲ့ပြီး မီးပုံးပျံက ငါ့ဟာလို့ ထင်တာမဟုတ်ဘူး။ ဒီအဆောင်မှာ အလှဆုံးက သာ့ချောင်ပဲ။ မီးပုံးပျံက သူ့အတွက် ဖြစ်သင့်တယ်လို့ ငါထင်တယ်။"
သာ့ချောင်ကို ရုတ်တရက် ခေါ်လိုက်သော်လည်း သူမသည် စစ်မြေပြင်သို့ ဝင်ရန် မရည်ရွယ်ခဲ့ပေ။
သူမ၏အမြင်တွင် သူတို့၏ ရန်ဖြစ်မှုသည် အဓိပ္ပါယ်မရှိပေ။
သာ့ချောင်က ချိုက်ရူနန်ကို မကူညီခဲ့တာကို မြင်လိုက်ရတော့ စုန့်ယုလျန်က ပိုပြီးတောင် ဂုဏ်ယူလာခဲ့သည်။ "လူတချို့က တခြားသူတွေရဲ့ အေးစက်နေတဲ့ တင်ပါးကို ကပ်ဖို့ သူတို့ရဲ့ မျက်နှာပူပူကို အမြဲသုံးရတာ ဈေးပေါလိုက်တာဟယ်!"
"ဒါပေါ့၊ စျေးပေါတာထက် ငါက နှိမ့်ချချင်တာလေ!"
ချိုက်ရူနန်သည် သာ့ချောင်ကို စိတ်မဆိုးပါ။ သူ့အမြင်အရတော့ လှပတဲ့လူလုပ်သမျှ မှန်သည်။
ထို့အပြင် သူမ၏ အင်အားနဲ့တင် စုန့်ယုလျန်ကဲ့သို့ ခွေးမလေးကို အနိုင်ယူရန် လုံလောက်သည်ထက် ပိုပါသည်။ သာ့ချောင်က သူ့ကို ကူညီဖို့ မလိုပါဘူး။
"နင်!!" စုန့်ယုလန်သည် tomboy ဖြစ်တဲ့ ချိုက်ရူနန်က ငြင်းခုံသောအခါတွင် ထိုကဲ့သို့ ထက်မြက်သော ပါးစပ်ရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ မျက်နှာသည် ဒေါသများဖြင့် နီမြန်းသွားခဲ့သည်။
စုန့်ယုလျန်၏ မည်းမှောက်နေသော မျက်နှာကို မြင်လိုက်ရတော့ ချိုက်ရူနန်သည် စိတ်သက်သာရာရသွားခဲ့သည်။ သူမကလက်ကို ဆန့်တန်းကာ လေထဲတွင် လွင့်နေသော မီးပုံးပျံကို ဆွဲယူလိုက်သည်။
မီးပုံးပျံ ယူသွားတာကို မြင်တော့ ကောင်လေးက လှည့်ထွက်ပြေးသွားခဲ့သည်။
ဤနေရာသည် အဆောင်မှူးအဒေါ်နေထိုင်သည့် အိပ်ဆောင်နှင့် အလွန်နီးကပ်သောကြောင့် အသံမပြုရဲပေ။ အဆောင်မှူးအဒေါ် သိသွားမှာကို စိုးရိမ်တာကြောင့် မီးပုံးပျံကို ယူသွားတာနဲ့ သူသည် မနှောင့်နှေးရဲတော့ပေ။
ချိုက်ရူနန်သည် မီးပုံးပျံကို ကိုင်လိုက်သည်နှင့် လူတိုင်း၏ မျက်လုံးများက သူမကို ချက်ချင်း အာရုံစိုက်လိုက်ကြသည်။
ဝမ်ရှန်းရှန်းသည် ဂရုမစိုက်ဟန်ဆောင်သော်လည်း သူမသည် အခြားသူများထက် ပိုဂရုစိုက်သည်။
ဒါက သူမမျက်နှာနဲ့ သက်ဆိုင်သည်။ ဘာပဲဖြစ်ဖြစ် သူမကွင်းထဲမှာ သူမက ဘောလုံးရရမည်။
ဝမ်ရှန်းရှန်းနှင့် စုန့်ယုလျန်တို့သည် အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် ချိုက်ရူနန်သည် သူမ၏ လှုပ်ရှားမှုကို တမင်နှေးကွေးစေခဲ့သည်။ စုန့်ယုလျန်ကို ရိုက်ချရန် တွန်းအားဖြစ်စေခဲ့သည်။
အဆုံးတွင် ချိုက်ရူနန်သည် မီးပုံးပျံမှ စာတိုလေးကို ဖြည်လိုက်ပြီး ၎င်း၏အောက်ရှိ lollipop ကြီးကြီးတစ်ခုနှင့် စာအိတ်ကို ဖွင့်လိုက်သည်။
စာအိတ်ကို ကောက်ကိုင်ပြီး စစ်ဆေးလိုက်သည်။ အဲဒီပေါ်မှာ ချောင်နျန်နျန်ဆိုတဲ့ စကားလုံးလေးလုံး ရေးထားသည်။
"ဟားဟား၊ မျက်နှာကို ရိုက်ချလိုက်တာလား? ဒီစာက သာ့ချောင်အတွက်လို့ ငါပြောပါတယ်!"
ချိုက်ရူနန်သည် သူမလက်ထဲတွင် စာအိတ်ကို ဝှေ့ယမ်းလိုက်သည်။ သူမသည် မျက်ခုံးတွန့်ပြရင်း စုန့်ယုလျန်နှင့် ဝမ်ရှန်းရှန်းကို ကြည့်လိုက်သည်။
ဝမ်ရှန်းရှန်း၏ မျက်နှာသည် ပို၍ပင်နီရဲလာသည်။ သူမသည် စုန့်ယုလျန်ကို စိုက်ကြည့်ကာ ကုတင်ပေါ် တက်၍ ခေါင်းကို စောင်ဖြင့်အုပ်ကာ ဘာမှမပြောတော့ပေ။
ဝမ်ရှန်းရှန်းက သူမကို ဒေါသထွက်နေတာကို မြင်လိုက်ရတော့ စုန့်ယုလျန်က ရှင်းပြဖို့ အပေါ်ကိုတက်ချင်ခဲ့သည်။ ဒါပေမယ့် တစ်ဖက်သားရဲ့ အပြုအမူကို ကြည့်ပြီး သူတက်သွားရဲရင်တော့ အစော်ကားခံရမှာ သေချာသည်။
ချိုက်ရူနန်အား သူမဒေါသကို ပုံချဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိပေ။ "နင်က ဘာဂုဏ်ယူနေတာလဲ? နင့်အတွက်မဟုတ်ဘူး!"
ချိုက်ရူနန်က Cheshire ကြောင်လို ပြုံးပြီး "ဒါဆို မင်းအရင်က ဘာလို့ဂုဏ်ယူခဲ့တာလဲ? မင်းအတွက် မဟုတ်ဘူး!"
စုန့်ယုလျန်၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းသွားသည်။
သူမမျက်နှာမှာ ဝက်ခြံတွေ အများကြီးရှိသည်။ ဒေါသထွက်တဲ့အခါ ဝက်ခြံတွေ နီရဲလာပြီး အရမ်းကြောက်စရာကောင်းသည်။
ချိုက်ရူနန်အတွက် ကြီးမားတဲ့ အောင်ပွဲပင်။ သူမသည် စိတ်အဆင်ပြေနေပြီး လက်ရန်းပေါ် မှီကာ "သာ့ချောင်၊ မင်းရဲ့စာ!"
သာ့ချောင်က စာနဲ့ lollipop ကိုယူဖို့ သူ့လက်ကို ဆန့်တန်းလိုက်သည်။ သူမသည် အဲဒါအပေါ်က စကားလုံးများကို မြင်သောအခါ ပါးစပ်ထောင့်က ကွေးညွတ်သွားသည်။
ဒါကို သူမ၏ အစ်ကိုဟော်ချီမှ ပေးပို့ခဲ့သည်။
"အောက်ကလူကကော? သူရှိသေးလား?" သူမက တိုးတိုးလေးမေးလိုက်သည်။
ချိုက်ရူနန်က ခေါင်းခါလိုက်ပြီး "သွားပြီ။ မီးပုံးပျံကို ငါ ယူတာမြင်တော့ သူထွက်သွားတယ်။ တစ်ဖက်လူက ဘယ်သူလဲ၊ မင်းသိတဲ့သူလား?"
သာ့ချောင်က ခေါင်းညိတ်ပြသော်လည်း တစ်ဖက်ကို အသေးစိတ် ပြောပြရန် ရည်ရွယ်ချက် မရှိပေ။
ချိုက်ရူနန်သည် သူမ၏ ချောမောလှပသော မျက်နှာကို ကိုင်လိုက်ပြီး သူမ၏ အရိုးများ ပျော့သွားသည်။ သာ့ချောင်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ သူမ လုံးဝ ဂရုမစိုက်ပါ။
သာ့ချောင်သည် lollipop ကို ခေါင်းအုံးဘေးတွင် ထားကာ စာကို ဖွင့်လိုက်သည်။ အောက်တောအုပ်မှာ ငါမင်းကို စောင့်နေမယ်ဆိုတဲ့ စာကြောင်းတစ်ကြောင်းတည်းသာ ရေးထားသည်။
သာ့ချောင်သည် စက္ကန့်ပိုင်းအတွင်း နားလည်သွားသည်။ သူမ၏ မျက်နှာသည် ချက်ချင်း နီရဲလာသည်။
အစ်ကိုဟော်ချီက တကယ်ဆိုးသည်။ အရမ်းဆိုးတာပဲ။
သူမကို တံဆိပ်တုံးထုဖို့အတွက် ဒီနည်းလမ်းနဲ့ ညသန်းခေါင်မှာ လာရှာတာပဲ!
ချိုက်ရူနန်သည် သူမ၏ မျက်လုံးများကို ကြည့်ကာ "သာ့ချောင်၊ မင်းမျက်နှာက ရုတ်တရက်ကြီး နီရဲလာတာပဲ။ နင် ပူနေလား?"
သာ့ချောင်က စာကိုခေါက်လိုက်သည်။ သူမက အိပ်ရာပေါ်က ဆင်းလာပြီး ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ငါ့သူငယ်ချင်းက တစ်ခုခုတွက် ငါ့ကိုရှာနေတာ။ အပြင်ထွက်ရမယ်"
"အရမ်းနောက်ကျနေပြီမလား? ငါ့ကို နင်နဲ့လိုက်ခဲ့စေချင်လား?"
ချိုက်ရူနန်သည် သူမက သူ့ကို လိုအပ်တယ်ဆိုရင် တောင်ပေါ်သို့တက်ကာ မီးပင်လယ်ဆီသို့ ဆင်းသွားမည့် အနေအထားရှိသည်။
သာ့ချောင်က ချက်ချင်း ခေါင်းခါလိုက်ပြီး "မလိုပါဘူး။ ငါတစ်ယောက်တည်း သွားလိုက်မယ်။"
ချိုက်ရူနန်က စိတ်ပျက်တဲ့ပုံနဲ့ "ကောင်းပြီ၊ မင်းတစ်ယောက်တည်း အပြင်ထွက်တော့ ဂရုစိုက်သင့်တယ်"
သာ့ချောင်က သူမကို ပြုံးပြပြီး အဝတ်အစားလဲပြီး ထွက်သွားခဲ့သည်။
တံခါးသော့ခတ်ရမည့် အချိန်မရောက်သေးသောကြောင့် အဆောင်မှူးအဒေါ်သည် ထွက်သွားသည်ကို မြင်သောအခါ မတားဘဲ သာ့ချောင်ကို လှမ်းကြည့်လိုက်သည်။
နီရဲနေသော မျက်နှာဖြင့် သာ့ချောင်သည် တိမ်များပေါ် လျှောက်သွားသလို ခံစားနေရသည်။
သူမတောအုပ်သို့ ရောက်သောအခါ တစ်စုံတစ်ယောက်သည် သူမ၏လက်ကိုဆွဲကာ ပြောလိုက်သည်။
တစ်ဖက်လူက သစ်ပင်ကြီးတစ်ပင် နောက်မှာပုန်းနေသဖြင့် သူမက အော်ဟစ်လိုက်မိသည်။ နောက်အခိုက်အတန့်တွင် သူမသည် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။
"မကြောက်နဲ့ နျန်နျန်က ငါပါ"
သာ့ချောင်သည် သူ့အသံကိုကြားသောအခါ လည်ချောင်းထဲမှ ခုန်ထွက်လုနီးပါးဖြစ်သွားသော သူမ၏နှလုံးသားသည် ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်။ "အစ်ကိုဟော်ချီ၊ အစ်ကို ဘာလို့ ဒီလိုလုပ်တာလဲ? ငါ့ကို စောစောက သေအောင် ခြောက်လိုက်တာပဲ!"
"တောင်းပန်ပါတယ်၊ နျန်နျန်" ဟော်ချီသည် တောက်ပသော မျက်လုံးများဖြင့် သူမကို ကြည့်နေသည်။
သာ့ချောင်သည် ဤအကြည့်မှ ကိုယ့်ကိုကိုယ် သတိရှိလာသည်။ သူမ၏ နှလုံးခုန်နှုန်းသည် သိသိသာသာ တိုးလာသည်။ "အစ်ကိုဟော်ချီ ဒီလောက်နောက်ကျနေတဲ့ အချိန်မျိုးမှာ အစ်ကို ငါ့ဆီက ဘာလိုချင်လို့လဲ?"
သူမ မမြင်နိုင်သော ဟော်ချီ၏ နားရွက်များသည် အနီရောင်ပြောင်းသွားသည်။ "နျန်နျန်၊ ငါစဉ်းစားနေတာ... ငါတံဆိပ်တုံးလိုချင်လို့!"
သာ့ချောင်၏ စိတ်သည် ပေါက်ကွဲသွားပုံရသည်။
သူမ မတုံ့ပြန်ခင်မှာ ဟော်ချီက ခေါင်းငုံ့ပြီး သူမနှုတ်ခမ်းတွေကို နမ်းလိုက်သည်။