အခန်း (၂၅၀)
Vol. 20 Ch. 250
သူမ အရမ်းထိတ်လန့်သွားပြီး ဝက်လေးကို အဲ့နေရာမှာပဲ လွှင့်ပစ်လိုက်သည်။
ဝက်လေးသည် မြေပြင်ပေါ်တွင် လူးလိမ့်ကာ ထပြီး ခေါ်လိုက်သည်။ "မေမေ၊ ကျေးဇူးပြုပြီး သားကို ပြန်ချစ်ပါ!"
သာ့ချောင် - "……"
သူမသည် ထိတ်လန့်စွာဖြင့် လန့်နိုးလာသည်။ ထို့နောက် သူမသည် ကုတင်ခေါင်းရင်းကို မှီ၍ စောင်ကို ခြုံထားသည်။ သူမ၏ အမူအရာမှာ ရုန်းကန်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ဝက်လေးမွေးတဲ့ အိပ်မက်က အရမ်းကြောက်ဖို့ကောင်းသည်။ ဒါက ဝက်လေးအကြောင်း အရင်က ကြိမ်ဖန်များစွာ ပြောခဲ့ဖူးသောကြောင့် ဖြစ်မည်။
နောင်တွင် အစ်ကိုဟော်ချီကို ဝက်လေးဟု ပြောခွင့်မပြုခိုင်းရပုံရသည်။
ကြက်လေးလည်း အတူတူပင်။ သူတို့သည် ရိုးရိုးရှင်းရှင်း လူသားသာဖြစ်သင့်သည်။
သူ့ကို အလွန်ဂုဏ်ယူစေသော ဝက်လေးတစ်ကောင်ကို မဲတစ်မဲဖြင့် ပယ်ချလိုက်သည်ကို ဟော်ချီသည် မသိလိုက်ပေ။
နောက်ပိုင်းမှာ အဲဒါကို ပြောလိုက်တော့ သူသည် အရမ်းကို ဝမ်းနည်းပြီး စိတ်ဓာတ်ကျတာကို ခဏတာ ခံစားခဲ့ရသည်။
ဝက်လေးရဲ့ ရည်းစားစာက ဘယ်လောက်တောင် ကြီးမြတ်လိုက်လဲ! သေသေချာချာနဲ့ ပူလောင်တဲ့ခံစားချက် ဦးတည်သွားခဲ့တာကို။
ပိုအရေးကြီးတာသည် ဒါက သူတို့နှစ်ယောက်ကြားမှ ရည်းစားစာတစ်စောင်ပင်။ သူမက ဘာကြောင့်ဖော်ပြခွင့်မပြုတာလဲ?
ထားလိုက်ပါတော့၊ ရည်းစားဖြစ်သူက ဘာပဲပြောပြော တစ်ဖက်လူ ပြောတာမှန်တယ်လို့ပဲ ချီးကျူးသင့်တယ်လို့ အစ်ကိုဝမ်းကွဲက ပြောခဲ့သည်။
ဒါကြောင့် သူက အဲဒါကို ပြောတော့မှာ မဟုတ်ဘူး။
ချောင်ကျန်းကျွင်းသည် ထိုနေ့တွင် လင်းဟွေ့၏ ခင်ပွန်းဟောင်းအကြောင်း ပြောသည်ကို ကြားလိုက်ကတည်းက သူသည် သူမကို မှားမြင်မိကြောင်း စိတ်ချသွားအောင် ပြောပေးခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထိုအကြောင်းကို တွေးပြီး မကျေမနပ် ဖြစ်နေခဲ့သေးသည်။
ထို့ကြောင့် နှစ်ရက်အကြာတွင် သူသည် ဟော်အိမ်သို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ချင်တုန်း၏ ကိစ္စကို ကူညီစုံစမ်းရန် ဟော်ဟွားချင်းကို တောင်းဆိုခဲ့သည်။ ဟော်ဟွားချင်းက ထုံးစံအတိုင်း သဘောတူခဲ့သည်။
ဟော်ဟွားချင်းတွင် ကူညီရန် အဆက်အသွယ်များရှိသည်။ ဒီလိုနဲ့ အရာတွေက မြန်မြန်ဆန်ဆန် ပေါ်လာခဲ့သည်။
တုန်းလင်၏ ဖခင် ချင်တုန်းသည် အမှန်တကယ်ပင် မသေဆုံးသေးပေ။ အဲဒီတုန်းက သူ့သေဆုံးမှုသည် အတုလုပ်ခဲ့တာဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ သူမြို့ကို ပြန်ရောက်ပြီးတဲ့ နောက်မှာ ဆွေမျိုးတစ်ယောက်က သူ့ကို အိမ်ထောင်ပြုဖို့ မိတ်ဆက်ပေးခဲ့သည်။ ဒါပေမယ့် ဒီအိမ်ထောင်ရေးမှာ အခြေအနေတစ်ခုရှိသည်။ သူက အမျိုးသမီးရဲ့ မိသားစုထဲကို ဝင်ရောက်ပြီး လက်ထပ်ရမည်။
အမျိုးသမီးဘက်က ချမ်းသာပြီး အာဏာရှိသည်။ သူက မိသားစုထဲ ဝင်ရောက်ဖို့ သဘောတူရင် သူတို့က အလုပ်အကိုင်ကောင်းတစ်ခု၊ စက်ဘီးဝယ်ပြီး အိမ်ကြီးတစ်လုံးမှာ နေထိုင်ခိုင်းလိမ့်မည်။ ဘဝ၏ အထွတ်အထိပ်သို့ ရောက်သည်ဟု ယူဆခဲ့သည်။
ချင်တုန်း၏ နှလုံးသားသည် လှုပ်ရှားသွားပြီး မကြာမီမှာပဲ မိသားစုတွင်းသို့ ဝင်ရောက်ကာ လက်ထပ်ရန် သူသဘောတူခဲ့သည်။
သူရဲ့တစ်ခုတည်းသော စိတ်ပူတာက သူသည် ကျေးလက်မှာ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိမှန်း အမျိုးသမီးဘက်က သိမှာကိုဖြစ်သည်။ အဲဒါကိုစဉ်းစားပြီးနောက်တွင် သူသည် "သေသွားမယ်ဆို" လင်းဟွေ့သည် သူနှင့် လုံးဝအဆက်အသွယ် ဖြတ်သွားလိမ့်မည်ဟု သူခံစားခဲ့ရသည်။
သူသည် ကျေးလက်တွင် လက်ထပ်ခဲ့သောကြောင့် လင်းဟွေ့ကို သူ့မိသားစုနှင့်တွေ့ရန် အစမှအဆုံးထိ ဘယ်တော့မှ မခေါ်ခဲ့ပေ။ အဲဒီတုန်းက ခရီးသွားရတာ အရမ်းခက်ခဲခဲ့သည်။ လင်းဟွေ့၏ အခြေအနေအရ သူမသည် ထုတ်လုပ်ရေး အဖွဲ့တွင် တစ်သက်လုံး ဆက်နေမည်ဟု သူထင်ခဲ့သည်။ သူ့မိသားစုကို ရှာဖို့ ကလေးကို မြို့ထဲဆွဲခေါ်မလာနိုင်ပေ။
ဒါက ပြီးပြည့်စုံသော ဖြေရှင်းချက်တစ်ခုဟု သူထင်ခဲ့သည်။ ဒီလိုနဲ့ ရေနစ်တဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ ထုတ်လုပ်ရေးအဖွဲ့ဆီသို့ တစ်ယောက်ယောက်က သတင်းပေးပို့ခဲ့သည်။
ထိုအချိန်တွင် ခရီးသွားရန် ခက်ခဲခြင်းနှင့် ဖုန်းခေါ်ဆိုမှု နည်းပါးခြင်းတို့ကြောင့် လင်းဟွေ့သည် အခင်းဖြစ်ရာတွင်ရှိသော အခြားသူက ယူလာသော သတင်းကို ယုံကြည်ခဲ့သည်။ သူမသည် စစ်ဆေးဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
ထိုအချိန်တွင် ချင်တုန်းသည် စည်းစိမ်ဥစ္စာတွေ ရရှိနိုင်ရန် သူ့ကိုယ်သူ သေတယ်လို့ ကျိန်ဆဲမည်ဟု မည်သူကမှ မထင်ခဲ့မိပေ။
ချင်တုန်းသည် အမျိုးသမီးဘက်မှာ လက်ထပ်ပြီးနောက်တွင် သမီးနှစ်ယောက်ကို မွေးဖွားခဲ့သည်။ ဒုတိယမြောက်သမီးကို မွေးဖွားချိန်တွင် အမျိုးသမီးသည် သွေးထွက်များခဲ့တာမျိုး ဖြစ်ပျက်ခဲ့ကြောင်း ကြားသိရသည်။ ထိုအချိန်မှစ၍ သူမသည် ကိုယ်ဝန်ဆောင်ရန် မသင့်တော်တော့ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်သည် တခြားကလေးများ မရှိကြတော့ပါ။ မကြာသေးမီနှစ်များအတွင်းတွင် မိသားစုစီမံကိန်း စတင်ခဲ့သည်။ အဲဒါက ပို၍ပင်မဖြစ်နိုင်တော့ပေ။
အခြားအခြေအနေတစ်ခုရှိခဲ့သည်။ ထိုအချိန်က အမျိုးသမီးရဲ့ မိသားစု အင်အားသည် သူ့အဖေဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူ့အဖေက တော်လှန်ရေးကောင်စီရဲ့ ဒါရိုက်တာပင်။ ထိုအချိန်က သူသည် လုံးဝ မစိန်ခေါ်နိုင်သော ခေါင်းဆောင်တစ်ဦးဟု ဆိုနိုင်သည်။ သူတို့ကို ဘယ်သူကမှ မစော်ကားရဲဘူး။
ပြုပြင်ပြောင်းလဲပြီးနောက် တော်လှန်ရေးကော်မတီသည် ပြိုကွဲသွားခဲ့သည်။ ရာထူးကြီးများကို အနားယူခိုင်းခဲ့သည်။ ပြီးတော့ သူတို့က လူတွေကို စော်ကားတာ များလွန်းခဲ့တာကြောင့် ဒီလူတွေက နောက်ပိုင်းမှာ တရားမျှတမှု မရရှိခဲ့ပေ။
ချင်တုန်း၏ ယောက္ခမမိသားစု ပြိုလဲသွားခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် ချင်တုန်းသည် သူ့လူများ၏ အရည်အချင်းကြောင့် သူ့အလုပ်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ သူ့အရည်အချင်းက ဘယ်လောက်ပဲ ကောင်းနေပါစေ သူသည် သူ့မိန်းမရဲ့ ဒဏ်ကို ခံနေရတုန်းပင်။ သူသည် ရာထူးမကျ သို့မဟုတ် မတက်ဘဲ ဆယ်နှစ်ကျော်ကြာအောင် နေခဲ့ရသည်။
ချင်တုန်းသည် သူ့မိန်းမရဲ့ သဘောထားအချို့ကို ဆန့်ကျင်ခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အလွန်ဆိုးရွားခဲ့သည်။ သူတို့ နှစ်ယောက်သည် မကြာခဏ စကားများ ရန်ဖြစ်ကြပြီး တခါတရံ လက်ပင်ပါတတ်ကြောင်း ကြားသိရသည်။
ချောင်ကျန်းကျွင်းသည် ဟော်မိသားစု သိရှိခဲ့တာကို ကြားပြီးနောက် ခဏတာ ငြိမ်သက်သွားခဲ့သည်။
ဟော်ဟွားချင်းက "ငါလက်ခံရရှိတဲ့ အစီရင်ခံစာအရ ဒီချင်မျိုးရိုးက ချီလီရွာကို တစ်ယောက်ယောက်ကို ဒီသတင်းတွေ ပို့ခိုင်းခဲ့တယ်။ သူက မင်းမိန်းမနဲ့ အဆက်အသွယ် ရချင်ပုံရတယ်။ ဒါပေမယ့် သတင်းက လမ်းတစ်ဝက်လောက်မှာပဲ ကြားဖြတ်ခံလိုက်ရတယ်။ ဒါကြောင့် မင်းတို့ဘာမှမသိရတာ။"
ကြားဖြတ်ဟန့်တားခဲ့သူမှာ သဘာဝအတိုင်း ချင်တုန်း၏ ဇနီးသည် ဖြစ်သည်။ ချင်တုန်းနဲ့ တခြားသူ ပတ်သက်နေတာက သူမရဲ့ဒေါသတွေကို ပေါက်ကွဲထွက်လာစေသည်။
အခုချိန်မှာတော့ သူမမိသားစု ပြိုလဲသွားခဲ့ပြီ။ သူမသည် အသက်မငယ်တော့ပေ။ သူမမှာ သားသမီးတွေ ထပ်မရနိုင်တော့ဘူး။ ချင်တုန်းနဲ့ ကွာရှင်းလိုက်ရင် သူ့ထက် ပိုကောင်းတဲ့သူကို သူမရှာတွေ့နိုင်မှာ မဟုတ်ပေ။ ဒါကြောင့် ကွာရှင်းပြတ်စဲတာထက် နေ့တိုင်း ကမောက်ကမ ဖြစ်ရတာကို သူမသည် ပိုကြိုက်သည်။
ချောင်ကျန်းကျွင်းက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "ဦးလေးဟော် သူ့ကို မြို့တော်ကနေ အဝေးကို ပြောင်းရွှေ့ဖို့ နည်းလမ်းရှာနိုင်မလား ကျွန်တော်မသိဘူး။ ငွေဘယ်လောက်ပဲကုန်ကုန် သူ့ကိုဝေးလံတဲ့နေရာကို ပို့န်ိုင်ရင် ပိုကောင်းတယ်!"
ယနေ့မတိုင်မီက ချင်တုန်းသည် ဒိီလောက်ဆိုးရွားသော အရာကို ပြုလုပ်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိပေ။ စည်းစိမ်တွေကို ရဖို့အတွက် ဇနီးနှင့် ကလေးကို စွန့်ပစ်ပြီး သေတာတောင် အတုလုပ်ခဲ့သည်။
ပိုကြောက်စရာကောင်းတာက သေခြင်းတရားကို အတုလုပ်တင်မကဘူး။ သူသည် ခင်ပွန်းနဲ့ ဖခင်တစ်ယောက်အနေနဲ့ တာဝန်မကျေတာ ဆယ်နှစ်ကျော်ပြီ။ အခု သူ့မှာ ပိုက်ဆံမရှိလို့ ပြန်လာချင်နေတာလား?
ဟား ဟား၊ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတယ်ဆိုတာ ထင်ရှားသည်။ အိပ်မက်က အရမ်းလှနေတာ။
ဟော်ဟွားချင်းက ခဏလောက်စဉ်းစားပြီး "ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းက ကိစ္စကို ဖြေရှင်းပေးနိုင်ပေမယ့် အမြစ်ကနေ ဆွဲမခွာနိုင်ဘူးဆိုတာတော့ မင်းသိထားရမယ်။ တစ်နေ့ သူအလုပ်ကထွက်ရင် အချိန်မရွေးပြန်လာနိုင်တယ်! “
ချောင်ကျန်းကျွင်းက ခေါင်းညိတ်ပြီး "ဒါကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် တခြားနည်းလမ်းတော့ မရှိဘူးလေ။ ဒါကတတ်နိုင်သလောက် နှောင့်နှေးစေနိုင်ပါတယ်"
တုန်းလင်သည် အခု အသက်ဆယ့်လေးနှစ်သာ ရှိသေးသည်။ နှစ်အနည်းငယ်အတွင်း တုန်းလင်ကြီးပြင်းလာပြီး ချင်တုန်း၏ ကိစ္စကို သူကိုယ်တိုင်ကိုင်တွယ်ရန် စောင့်တာက အကောင်းဆုံးဖြစ်သည်။
ဟော်ဟွားချင်းသည် မကြာမီ သူ့အတွေးများနှင့် အခက်အခဲများကို သိရှိသွားပြီး "ကောင်းပြီ။ ကိစ္စမရှိပါဘူး၊ ငါ ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်!"
ချောင်ကျန်းကျွင်းက မတ်တပ်ထရပ်ပြီး "ကျေးဇူးပါ၊ ဦးလေးဟော်။ ကျွန်တော်တို့ မြို့တော်ကို ရောက်ရောက်လာချင်း ဦးလေးကို ဒုက္ခပေးဖို့ ကျွန်တော် မမျှော်လင့်ထားဘူး!"
ဟော်ဟွားချင်းက သူ့လက်ကို ဝှေ့ယမ်းပြီး "ဒါက ဘာမှမဟုတ်ပါဘူး။ ငါတို့က သိပ်မကြာခင်မှာ မိသားစုတစ်ခုတည်း ဖြစ်သွားမှာပဲဟာ!"
ချောင်ကျန်းကျွင်းသည် ခဏလောက် အံ့အားသင့်သွားသည်။ သူပြောတာရဲ့ အဓိပ္ပါယ်ကို သူက နားမလည်ခဲ့ပေ။
ချောင်မိသားစုနှင့် ဟော်မိသားစုတို့သည် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး မကြာသေးမီနှစ်များအတွင်း နီးနီးကပ်ကပ် ဆက်ဆံခဲ့ကြသော်လည်း သူတို့သည် မိသားစုတစ်ခုတည်းဟု ပြောရန်ကျ အလွန်ပိုလွန်းနေသည်။
သို့ရာတွင် တစ်ဖက်လူက သူတို့ရဲ့ ချောင်မိသားစုကို သူတို့မိသားစုလို့ပဲ ယူဆတာကြောင့် သူတို့ကို ပိုလို့တောင် ကျေးဇူးတင်မိသွားသည်။
ဟော်မိသားစု၏ အကျင့်မကောင်းသော ကောင်လေးက သူ့၏ သမီးလိမ္မာလေးကို ခိုးယူသွားသည်အား သူသိပါက သူ့နှာခေါင်းသည် ရှုံ့တွနေပေလိမ့်မည်။
ဟော်ဟွားချင်းက သူ့ကို ပြုံးပြုံးရွှင်ရွှင် သဘောတူနေတာတွေ့တော့ ဟော်ချီနဲ့ သာ့ချောင် အကြောင်း သူသိနေပြီထင်သွားခဲ့သည်။ ဒါတင်မကဘူး သူက အတည်ပြုခဲ့သည်။ ထို့ကြောင့် နှစ်ယောက်စလုံး ဝမ်းသာအားရ ရယ်မောခဲ့ကြသည်။
လေထုက ခဏလောက် သာယာနေခဲ့သည်။
မြို့တော်တွင် သုံးရက်မြောက်သောနေ့တွင် ဒုတိယမြောက်သည် တေးဂီတအဖွဲ့ရှိ တုန်းယွင်ထံသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။
တုန်းယွင်သည် လွန်ခဲ့သည့်တစ်နှစ်ခန့်က တေးဂီတအဖွဲ့သို့ သွားကတည်းက အားလပ်ရက်များတွင်သာ သူမအိမ်ပြန်နိုင်ခဲ့သည်။
လေ့ကျင့်မှု ပြင်းထန်တာက နေ့စဉ်နဲ့အမျှ မြင့်လာတယ်လို့ ကြားသိခဲ့ရသည်။ ကလေးတော်တော်များများက အဲဒီကို ပထမဆုံးရောက်တဲ့အခါ ဒီပြင်းထန်မှုနဲ့ အဆင်မပြေနိုင်ပေ။ ဒါမှမဟုတ် သူတို့မိသားစုကို မပြန်စေချင်ကြဘူး။ ဘာပဲဖြစ်ဖြစ် အများစုက စောင်ထဲမှာ ပုန်းပြီး ငိုကြသည်။
တုန်းယွင်လေးက ပထမဆုံးပါဝင်ခဲ့တုန်းကတော့ အဖွဲ့တစ်ခုလုံးနီးပါးက သူမအပေါ် အကောင်းမြင်စိတ်မရှိခဲ့ကြဘူး။
တေးဂီတအဖွဲ့မှ ကလေးအများစုသည် မြို့တော် သို့မဟုတ် အနီးနားရှိမြို့များမှ ဖြစ်ကြသည်။ သူမသည် ဝေးလံသောမြို့မှ တစ်ဦးတည်းသောသူဖြစ်သည်။ ဒါကြောင့် တချို့က သူမကို အထင်သေးခဲ့ကြသည်။
ဒုတိယအချက်မှာ တုန်းယွင်လေးသည် သေချာပေါက်ကို လှပခြင်းမရှိပေ။ ကလေးတွေက စိတ်ခံစားချက်များကို မကျူးလွန်နိုင်ဘူးလို့ မယူဆပါနဲ့။ ဒါမှမဟုတ် ကလေးများအားလုံးသည် နတ်သား၊နတ်သမီးလေးများ ဖြစ်သည်ဟု မယူဆပါနဲ့။ အချို့သော ကလေးများသည် မကောင်းသော အမြစ်များမှ ပေါက်ဖွားလာကြသည်။
တေးဂီတအဖွဲ့ရှိ ကလေးအချို့က တုန်းယွင်လေး၏ အသံကို မနာလိုဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူမ၏ အသွင်အပြင်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်။ သူမကို ပစ်ပယ်သည် အတိုင်းအတာအထိပင် ရောက်သွားခဲ့ကြသည်။ သူမကို တေးဂီတအဖွဲ့ထဲက ဆွဲထုတ်ခဲ့သည်။
သို့သော် တုန်းယွင်လေးသည် မည်သည့်အခါမှ နောက်ဆုတ်ရန် မစဉ်းစားခဲ့ပေ။ သူမသည် ပျော့ညံ့တဲ့သူ မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူမကို ပုတ်ခတ်ရဲပါက သူမသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အေးအေးဆေးဆေးနဲ့ ထိထိမိမိ စကားလုံးတွေနဲ့ပဲ ချက်ခြင်း ဖြန်းပေးလိုက်မည်။
သူမကို ရုပ်ဆိုးတယ်လို့ ဘယ်သူက ပြောရဲရဲ သူမသည် တစ်ဖက်လူက ဆိုးရွားတဲ့ အပြုအမူတွေ လုပ်တယ်ဆိုပြီး ပြန်လည်တုံ့ပြန်ရဲသည်။ ဒါအပြင် တစ်ဖက်လူကို ဒါရိုက်တာဆီ ဆွဲထုတ်ပြီး သူတို့ကို တရားစီရင်ခွင့်ပေးမည်။
ပစ်ပယ်ခံရတယ်ဆိုတာ အရင်ကလည်း ဖြစ်ခဲ့ဖူးသည်။ သူတို့အားလုံး တိတ်တဆိတ် မျက်ရည်များဖြင့် သည်းခံခဲ့ကြရသည်။ တုန်းယွင်လေးကို သန်မာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားဘူး။
သူမ၏ သန်မာသော အခွံကြောင့် ထိုအချိန်မှစ၍ သူမကို မည်သူမျှ ပစ်မှတ်မထားခဲ့တော့ပေ။ ကောင်းပြီ၊ အနည်းဆုံးတော့ အပြင်မှာပေါ်နေတာပါပဲ။
တုန်းယွင်လေး၏ နှလုံးသားသည် သန်မာဆဲဖြစ်သည်။ သူများတွေ သူ့ကို ဖယ်ထားရင် သူမ စိတ်မကောင်းမဖြစ်ပါဘူး။ တစ်ဖက်သားကို ကျေနပ်ရန် စလုပ်ဖို့ နေနေသာသာ။ ဤနည်းဖြင့် သူမသည် သီဆိုဖျော်ဖြေမှုတွင် တဖြည်းဖြည်း ခြေကုပ်ယူလာခဲ့သည်။
ချောင်မိသားစု၏ ဒုတိယမြောက်သည် တေးဂီတအဖွဲ့သို့ ရောက်လာခဲ့သည်။ အထူးသဖြင့် ရွှယ်အန်းရှု့သည် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အလွန်သိချင်နေခဲ့သည်။
သူ့အသက်အရွယ်ဝန်းကျင်က ကလေးတစ်စု သီချင်းဆိုတာ၊ ကတာ လေ့ကျင့်နေတာကို သူမြင်ခဲ့သည်။ တောင့်တသော အကြည့်တစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။
တုန်းယွင်လေးသည် သူမ၏မိသားစု လာရောက်လည်ပတ်မှုကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။
သူမသည် ပျံလွှားလေးတစ်ကောင်လို ခုန်တက်သွားပြီး သာ့ချောင်၏ရင်ခွင်တွင်း မြုပ်သွားကာ "အစ်မ၊ ငါအစ်မကို အရမ်းလွမ်းတယ်!"
သာ့ချောင်က သူ့ဆံပင်တွေကို လှမ်းပွတ်သပ်ပြီး "အစ်မလည်း မင်းကို လွမ်းတယ်။ ဒီမှာ တစ်ယောက်တည်း နေသားကျနေပြီလား?"
တုန်းယွင်လေးက "နေသားကျပါပြီ။ သီချင်းဆိုရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သမီး သီချင်းဆိုရတာ ကြိုက်တယ်။ တခါတလေတော့ အစ်မတို့ကို လွမ်းတယ်"
ဒီလိုပြောပြီး သူမသည် သူမအဘိုးနဲ့အဘွားကို ပွေ့ဖက်ဖို့ ပြေးသွားသည်။
ထို့နောက် ဆရာမ၏ ခွင့်ပြုချက်ဖြင့် သူ့မိသားစုကို ခေါ်သွားခဲ့သည်။
အားလုံးက တုန်းယွင်လေးရဲ့ အခြေအနေကောင်းကို မြင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သူမက တေးဂီတအဖွဲ့မှာနေရတာ အဆင်ပြေတယ်လို့ ခံစားလိုက်ရသည်။
အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးနောက် လူတိုင်းသည် အပြင်ထွက်စားရန် ထွက်လာခဲ့ကြသည်။ ထိုအချိန်မှပင် ရွှယ်အန်းရှု့သည် အချိန်အတော်ကြာအောင် ပျောက်နေသည်ကို သူတို့ သတိပြုမိလိုက်ကြသည်!
သူတို့က စိတ်မပူခဲ့ကြပေ။ ပြီးတော့ တေးဂီတအဖွဲ့ အပြင်ဘက်မှာ လုံခြုံရေးအစောင့်တွေရှိသည်။ သူတစ်ယောက်တည်း ထွက်သွားရင် လုံခြုံရေးက သူ့ကို တားထားလိမ့်မည်။ ဆိုလိုသည်မှာ သူသည် တေးဂီတအဖွဲ့တွင်ပဲ ရှိနေလိမ့်မည်။
တေးဂီတအဖွဲ့သည် ထိုလူများအားလုံးကြောင့် စိတ်ရှုပ်စေနိုင်သည်။ တုန်းယွင်လေးသည် တေးဂီတအဖွဲ့တွင် ဝိုင်းပယ်ခံထားရသည်။ ထို့ကြောင့် လူတိုင်းက ရွှယ်အန်းရှု့ကို သူမအတွက် ဒုက္ခထပ်မပေးစေချင်ပေ။
ထို့ကြောင့် လူတိုင်းသည် နေရာတိုင်းကို ကမန်းကတန်း ရှာဖွေကြသည်။
ထိုအချိန်တွင် အခန်းကြီးတစ်ခုမှ ထွက်ပေါ်လာသော အသံက ရွှယ်အန်းရှု့ကို စွဲဆောင်သွားခဲ့သည်။ သူသည် အသံကြားရာကို လိုက်ပြီး လျှောက်သွားခဲ့သည်။
အထဲမှာ လူတွေက ကလေးသရုပ်ဆောင်တွေကို ရွေးနေကြသည်။ ဒါရိုက်တာက ကိုယ်တိုင်လာရောက်ပြီး ရွေးချယ်ထားတဲ့ ကလေးတွေကို ဇာတ်ကွက်တစ်ခုကို စမ်းသရုပ်ဆောင်ကြည့်ခိုင်းသည်။
ဒါရိုက်တာသည် မိသားစုဇာတ်ပုံစံ ဇာတ်ကားတစ်ကားကို ရိုက်ကူးရန် စီစဉ်ထားသည်။ ဒီဇာတ်ကားက ပြန်ပေးဆွဲသူတွေဆီကနေ လွတ်မြောက်ပြီး သူ့အိမ်ကိုရှာဖို့ မိုင်ထောင်ချီ လမ်းလျှောက်လာတဲ့ ရှောင်ချင်းဝါလို့အမည်ရတဲ့ အိုးမဲ့အိမ်မဲ့လေးရဲ့ ဇာတ်လမ်းကို ပြောပြထားတာဖြစ်သည်။ ဖြစ်စဉ်တွင် သူသည် မိသားစုနှင့် ပြန်မဆုံမီ လူကောင်းများစွာကိုရော၊ လူဆိုးများစွာကိုရော တွေ့ဆုံခဲ့သည်။
ဇာတ်လမ်း၏ ဇာတ်ဆောင်သည် ကလေးဘဝဖြစ်သောကြောင့် ကလေး၏ စွမ်းဆောင်ရည် လိုအပ်ချက်က အလွန်မြင့်မားသည်။
ဒါရိုက်တာသည် နှစ်ဝက်လောက် ရှာဖွေခဲ့သော်လည်း သင့်လျော်သည့် ကလေးသရုပ်ဆောင် မရရှိခဲ့ပေ။ ထို့ကြောင့် သူသည် ကံစမ်းရန် တေးဂီတအဖွဲ့သို့ လာခဲ့သည်။
ကံက ဒီလောက်မကောင်းနေဘူးဆိုတာ သိသာသည်။ တေးဂီတအဖွဲ့ထဲက ကလေးတွေမှာ အရည်အချင်းတွေရှိပေမယ့် သရုပ်ဆောင်နယ်ပယ်မှာ အရည်အချင်း မရှိကြပေ။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေက အရင်သရုပ်ဆောင်တွေလောက် မကောင်းဘူး။