← Chapters

အခန်း (၂၅၅)

Vol. 20 Ch. 255

အခန်း (၂၅၅)

Vol. 20 Ch. 255

ချောင်ကျန်းကော်၏ စကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ နောက်တော့ ရယ်သံတွေ ထွက်လာခဲ့သည်။

ဒီလင်မယားက အရမ်းရယ်စရာကောင်းပြီး အလုပ်ကြိုးစားတယ်လို့ လူတိုင်းက ခံစားခဲ့ရသည်။ ဧည့်သည်တွေကို ရယ်မောစေဖို့အတွက် ကိုယ့်မျက်နှာကိုတောင် မထောက်ဘူး။

လူအများစုက ချောင်ကျန်းကော်က လူတိုင်းကို ဖျော်ဖြေဖို့ ဝမ်ချွမ်ကျီက အီးမပေါက်ဘဲ ဒီလိုပြောခဲ့တယ်လို့ ထင်ခဲ့ကြသည်။

သို့တိုင် ဝမ်ချွမ်ကျီကတော့ ဒေါသထွက်သွားခဲ့သည်။

ဒီကောင်က သူ့ကို သူမသည် လည်ပင်းညှစ်ချင်နေသည်။

သူမဟာ အဆိုတော်တစ်ယောက်ရဲ့ မိခင်ဖြစ်လာတော့မှာ။ တုန်းယွင် အနာဂတ်မှာ ရေပန်းစားလာတဲ့အခါ သူ့မှာ အီးပေါက်တဲ့ အမေရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာတယ်ဆိုရင် ဘာလုပ်ရမလဲ?

သူမသည် ဒေါသဖြင့် တုန်လှုပ်နေခဲ့သည်။ ရုတ်တရက် သူမကို တစ်ယောက်တည်း လူတိုင်းက ရယ်မောတာထက် ကောင်းမယ်ထင်သည့် လှုံ့ဆော်မှု အငွေ့အသက်တစ်ခု ရလာသည်။

ထို့ကြောင့် သူမသည် ရှေ့သို့တိုးကာ ချောင်ကျန်းကော်ကို တွန်းထုတ်လိုက်သည်။ သူမ၏ ခါးကိုထောက်ကာ "ငါ့ယောက်ျားက သူအိပ်ပျော်နေရင် ဟောက်တယ်ပြီး သူ့ ခြေထောက်က အရမ်းနံတယ်။ သူ့ဖိနပ်တွေက ပင်လယ်ငါးတွေထက်တောင် ပိုအနံ့ထွက်နေတာ။ ဆယ်မီတာအကွာမှာ အနံနဲ့တင် နင်တို့သေလိမ့်မယ်!"

"ဟားဟား... ငါတော့ ရယ်​သေ​တော့မယ်​!"

လင်မယား အချင်းချင်း ပုတ်ခတ်နေကြသည်ကို မြင်တော့ အားလုံးက အားရပါးရ ရယ်ကြသည်။

ဒီလင်မယားက စကားရည်လုပွဲ လုပ်သင့်သည်။

ချောင်ကျန်းကော်က သူဝေဖန်ခံရတဲ့အခါ လူတိုင်းကို ဒေါသမထွက်ဘဲ "ဟုတ်တယ်၊ ငါက ဟောက်ရုံပဲ။ ငါ့မိန်းမက ငါ့ထက် ပိုကျယ်ကျယ် ဟောက်တာ။ ဒါတင်မကဘူး၊ သူက ဝက်‌ချေးတွင်းထဲ ကျသွားသေးတယ်!"

ဝမ်ချွမ်ကျီသည် ထပ်ပြီးဒေါသထွက်သွားခဲ့သည်။ သူမသည်။ " ရှင်ကတောင်... ရှင်ကတောင် ဝက်ချေးတွင်းထဲ ကျသွားတဲ့ ငါနဲ့ အတူအိပ်တာပဲလေ!"

သေစမ်၊ သူမက နံစော်တယ်လို့ ပြောသည်! သူမနဲ့အိပ်ကတည်းက သူက ပိုဆိုးတာမဟုတ်ဘူးလား!

"ဟားဟားဟား... ဒီသူဌေးနဲ့ အမျိုးသမီးက ငါ့ကို ရယ်ပြီး သေအောင်လုပ်နေကြတာပဲ!"

"အိုး၊ ငါ ဒီနေ့ စိတ်အခြေအနေ မကောင်းခဲ့ဘူး။ အခု ငါ စိတ်အခြေအနေ ပြန်ကောင်းသွားပြီ။ ငါ ဒီကို ခဏခဏ စားဖို့ ဆုံးဖြတ်ပြီးပြီ"

"ကျွန်တော်လည်း ပြန်သွားရင် ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို အားလုံးကို ဒီကိုလာခိုင်းမယ်။ ထမင်းလာစားတာ စကားရည်လုပွဲရှိမယ်လို့ မမျှော်လင့်ထားဘူး။ အံဩစရာပဲ!"

ချောင်မိသားစုမှ ကျန်သောသူများ - "..."

ချောင်ရှို့ကျီသည် သူမ၏ မျက်လုံးများက ကောင်းကင်သို့ လှန်လုမတတ်။ ဒီအရူးတွေ!

တုန်းယွင်လေးက မကျော်ကြားသေးဘူး။ နောင်တွင် သူမ နာမည်ကြီးလာပါက ဤအရူးလင်မယားသည် သူမနှင့်အတူ တစ်ပြည်လုံးတွင် ရေပန်းစားလာမည်မှာ သေချာသည်။

သူတို့ကိုယ်သူတို့ ဆက်အရှက်ရအောင် မလုပ်စေဖို့အတွက် ချောင်ရှို့ကျီက သူတို့ကို ဟင်းပွဲကူပေးဖို့ မီးဖိုချောင်ထဲကို အမြန်ခေါ်လိုက်သည်။

ချောင်ကျန်းကော်က ခေါင်းညိတ်ပြီး ဝင်သွားခဲ့သည်။

သူ့ရဲ့ဂရုမစိုက်တဲ့ အသွင်အပြင်ကိုမြင်တော့ ဝမ်ချွမ်ကျီက ပိုပိုပြီး ဒေါသဖြစ်သွားသည်။ "ကောင်စုတ်၊ ကျွန်မ ရှင့်ကိုကွာရှင်းချင်တယ်။ တုန်းယွင်က ငါ့နောက်လိုက်မှာ!"

သူမရဲ့ အငယ်ဆုံးသမီးက အဆိုတော်ကြီးဖြစ်မှာ။ သူမလက်ထဲမှာ အငယ်ဆုံးသမီးလေး ရှိနေသရွေ့တော့ သူမသည် ရွှေငွေတွေကို တစ်သက်လုံး ဆင်ယင်နိုင်သည်။ သူမ ဘာကိုမှ ကြောက်မှာ မဟုတ်ဘူး။

ချောင်ကျန်းကော်သည် ခဏတာ အံ့အားသင့်သွားသည်။ ပြီးတော့ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ရပါတယ်၊ ငါတို့မောင်နှမအားလုံးထဲမှာ နောက်မှပြန်လာတဲ့ စတုတ္ထညိီမကလွဲလို့ အားလုံးကွာရှင်းပြီးသွားပြီ။ ငါက မကွာရှင်းရသေးတဲ့ တစ်ယောက်တည်းသောသူ။ ငါ အမြဲတမ်း အထီးကျန်နေသလို ခံစားရတယ်။ ဒီကိစ္စနဲ့ ငါတို့ မနက်ဖြန် ကွာရှင်းလိုက်မယ်!"

ကွာရှင်းပြီးနောက်တွင် သူသည် ပိုမိုကောင်းမွန်သော နောက်အိမ်ထောင်ကို ရှာဖွေနိုင်ပေမည်။

ဝမ်ချွမ်ကျီ - "…"

နောက်အခိုက်အတန့်တွင် သူမ၏မျက်ရည်များ တလိမ့်လိမ့်ကျလာခဲ့သည်။

ထို့နောက်သူမ၏ ငိုကြွေးသံက စတင်ခဲ့သည်။ "အိုး ကောင်းကင်၊ ကျွန်မ အသက်မရှင်ချင်တော့ဘူး! ဒီကောင်အတွက် ကျွန်မက ကလေးမွေးတယ်။ အခု ကျွန်မအသက်ကြီးပြီ။ သူက ကျွန်မကို စွန့်ပစ်တော့မယ်။ ကျွန်မ အသက်မရှင်ချင်တော့ဘူး!"

ဝမ်ချွမ်ကျီသည် အမြဲကျယ်လောင်သော အသံရှိသောကြောင့် တစ်အိမ်လုံး လှုပ်ခါနေသလို ခံစားရသည်။

ချောင်ရှို့ကျီက မည်းမှောင်တဲ့ မျက်နှာနဲ့ ဝင်လာပြီး "မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ? အရူးနှစ်ယောက် မင်းတို့ ဧည့်သည်အားလုံးကို မောင်းထုတ်ဖို့ ကြိုးစားနေတာလား?"

ချောင်ကျန်းကော်က သူ့ခေါင်းကို ကုတ်လိုက်ပြီး "အမေ၊ ကျွန်တော့်မိန်းမက ကျွန်တော့်ကို ကွာရှင်းချင်တယ်လို့ ပြောတယ်။ ကျွန်တော် သဘောတူတော့ သူကငိုတယ်။"

သူသည် အရမ်းအပြစ်ကင်းပြီး အားကိုးရာမဲ့သလို ခံစားနေခဲ့ရသည်။

ချောင်ရှို့ကျီ၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။ သူမသည် မြေပြင်ပေါ်တွင် ထိုင်နေသော ဝမ်ချွမ်ကျီကို ငုံ့ကြည့်ကာ "အကြီးဆုံးချွေးမ၊ မင်းဘာတွေ တွေးနေတာလဲ?"

သူ့ယောက္ခမ ဝင်လာချိန်မှာတော့ ဝမ်ချွမ်ကျီက အော်ဟစ်တာကို ရပ်လိုက်သည်။ သူမက ပုခုံးတွန့်ကာ "အမေ၊ ကျွန်မ ကျန်းကော်နဲ့ နောက်ပြောင်နေတာ။ သူနဲ့ ကွာရှင်းဖို့ တကယ်ကို မမျှော်လင့်ထားဘူး!"

တုန်းယွင်လေးကို သူမက အဝေးကိုခေါ်သွားမယ်ဆို ကောင်းမွန်တဲ့ ဘဝတစ်ခုကို သဘာဝကျကျပင် ပိုင်ဆိုင်နိုင်စေမှာပါ။ ဒါပေမယ့် သူမတစ်ယောက်တည်းနေရမည်။ ထို့အပြင် သမီးဖြစ်သူက လက်ထပ်မည်ဖြစ်သည်။ အချိန်တန်ရင် သူမကို ဘယ်သူမှလာမရှာဘဲ အသက်ဆုံးပါးသွားလိမ့်မည်။

စောစောက သူမ ဒေါသတွေ ထွက်သွားခဲ့သည်။ သူမသည် သူမယောက်ျားက သူမကို ကြောက်လန့်ပြီး ချော့စေချင်သည်။ ဘယ်တော့မှ မတွေးမိဘူး… ဇာတ်လမ်းက ပြောင်းပြန်ဖြစ်သွားမယ်လို့!

ချောင်ရှို့ကျီက ရှုံ့တွနေတဲ့ မျက်နှာနဲ့ပြောလိုက်သည် "ဒီအရွယ်ရောက်နေပြီ၊ ဘာပြောသင့်လဲ၊ ဘာမပြောသင့်ဘူးဆိုတာ မင်းမသိဘူးလား? ဒီတစ်ခါတော့ ထားလိုက်တော့။ နောက်တစ်ခါဆို မင်းတို့နှစ်ယောက် ဒီကနေ ထွက်သွား!

လင်မယားနှစ်ယောက် ချက်ချင်း တုန်လှုပ်သွားသည်။ "အမေ၊ ကျွန်မတို့ မပြောရဲတော့ပါဘူး!"

ချောင်ရှို့ကျီက သူတို့နဲ့ စကားပြောရတာ ငြီးငွေ့တာကြောင့် "မင်းတို့ရဲ့အမှားကို သိတယ်ဆို ဟင်းရွက်ဆေးဖို့ မကူညီသေးဘူးလား? အပြင်မှာ စောင့်နေတဲ့ ဧည့်သည်တွေအများကြီးရှိတယ်။ မင်းတို့ အန်းပင်းကို ပင်ပန်းပြီး သေစေချင်တာလား?"

ချောင်ကျန်းကော်နှင့် ဝမ်ချွမ်ကျီတို့က အပြေးအလွှား ကူညီကြသည်။

ချောင်ရှို့ကျီသည် ဤကဲ့သို့ လင်မယားကို မြင်သောအခါ ဒေါသထွက်သွားခဲ့သည်။

ခုနစ်လ သို့မဟုတ် ရှစ်လကြာသောအခါတွင် သူတို့နှစ်ဦးသည် အဘိုးအဘွားများ ဖြစ်လာမည်ဖြစ်သည်။ ဘယ်လိုများ ဒီလောက် ကလေးဆန်နေရတာလဲ?

သူမယောက္ခမ ထွက်သွားပြီးနောက် ဝမ်ချွမ်ကျီသည် ပန်းကန်ဆေးနေရင်း ဝမ်းနည်းပူဆွေးစွာဖြင့် "ကျန်းကော် ရှင် ကျွန်မကို လမ်းခွဲဖို့ တကယ်စဉ်းစားနေတာလား?"

ချောင်ကျန်းကော်က အစက ခေါင်းညိတ်ပြချင်ပေမယ့် သူ့မိန်းမ ထပ်ပြီးငိုမှာကို ကြောက်သည်။ ဒါနဲ့ သူကရယ်ပြီး ပြန်ဖြေသည်။ "မိန်းမ၊ ငါ မင်းကို စလိုက်တာပါ"

ဇနီးသည်က ကွာရှင်းပြတ်စဲတာကို အခုလေးတင်ပြောတုန်းကတော့ ဒါဟာ မကောင်းတဲ့အကြံ မဟုတ်ဘူးလို့ သူခံစားခဲ့ရသည်။

တခြားမိန်းမကိုရှာဖို့ သူဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သူက မကွာရှင်းခဲ့ရဘဲ သူ့မောင်နှမတွေ အားလုံးက ကွာရှင်းပြတ်စဲခဲ့ကြတာကြောင့်ဖြစ်သည်။ အဲဒါက သူ့ကို အရမ်းခေတ်မမီတဲ့ ပုံပေါက်စေသည်။

ဒါပေမယ့် ကွာရှင်းလိုက်ရင် သူ့အမေက သူ့ကိုဆူပူကြိမ်းမောင်းလိုက်မည်။ ဒါကြောင့် ထားလိုက်ပါတော့။ ဒုက္ခများလွန်းသည်!

ဒါကို ဝမ်ချွမ်ကျီက ကြားတော့ သူမက ပြုံးလိုက်သည်။ "ကျန်းကော်၊ ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ။ ရှင် ကျွန်မကို ကွာရှင်းဖို့ ဝန်လေးနေတာ ကျွန်မသိပါတယ်!"

မီနူးနှင့်အတူဝင်လာသော သာ့ချောင်သည် ဤအရာကို ကြားလိုက်သည်။

သေချာတာပေါ့၊ သူမအဘွားပြောတာ မှန်သည်၊ သူမရဲ့ အကြီးဆုံးဦးလေးနဲ့ အကြီးဆုံးအဒေါ်က အဖုံးနဲ့အိုး အံကိုက်ပါပဲ။ သူတို့သည် ကောင်းကင်ဘုံက စီမံခဲ့သော အိမ်ထောင်ဖက် ဖြစ်သည်။

သာ့ချောင်နှင့် သား‌အငယ်ဆုံး‌လေး ရွှယ်အန်းရှု့တို့သည် မြို့တော်တွင် နေကြသောကြောင့် ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့သည် ဆွေးနွေးပြီးနောက် သူတို့၏ မိသားစုလုပ်ငန်းကို ဤနေရာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြသည်။

တစ်မိသားစုလုံး ဤနေရာသို့ ပြောင်းရွှေ့တော့မည် ဖြစ်သောကြောင့် ချောင်အန်းကျဲကို ပြောင်းရွှေ့စာလေ့လာဖို့အတွက် ဟော်မိသားစု၏ အကူအညီကို တောင်းခံခဲ့သည်။

ယွင်လိုင်မြို့၏ မူလတန်းကျောင်းနှင့် သူ့ဆရာမတို့သည် ထိုကိစ္စအတွက် အလွန်ဝမ်းနည်းခဲ့ကြသည်။

ထိုကဲ့သို့ ဉာဏ်ကြီးရှင်တစ်ဦးသည် ယွင်လိုင်မြို့၌ ပညာဆက်လက်သင်ကြားပြီး အမှတ်အများဆုံးအဖြစ် ကောလိပ်တက်ပါက သူတို့၏ မူလတန်းကျောင်းသည်လည်း ကျော်ကြားလာမည်ဖြစ်သည်။ ဒီလိုကျောင်းပြောင်းမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။

မူလက ကျောင်းအုပ်ကြီးက သူ့ကို ဆက်ရှိချင်ခဲ့သည်။ ဒါပေမယ့် သူတို့တစ်မိသားစုလုံး မြို့တော်ကို ပြောင်းရွှေ့တော့မယ်ဆိုတာ သိလိုက်ရတော့ သူက လေးနက်စွာ ပါးစပ်ပိတ်လိုက်ရသည်။

ချောင်မိသားစု၏ ဒုတိယမြောက်လည်း ပြောင်းရွှေ့မည်ဟု ဝေ့မိသားစု သိသောအခါတွင် သူတို့သည် ခွဲနေဖို့အတွက် အလွန်ပင် ဝန်လေးခဲ့ကြသည်။

သို့သော် သူတို့သည် သားတစ်ယောက်နှင့် မိဘမရှိသောမုဆိုးမ ဆွေမျိုးသားချင်းတစ်ဦးကို လွန်ခဲ့သည့် နှစ်ဝက်ခန့်က တွေ့ဆုံခဲ့ပြီး သူမအား သူတို့ရဲ့မွေးစားသမီးအဖြစ် အသိအမှတ်ပြုခဲ့သည်။

လူကြီးနှစ်ယောက်ကို စိတ်ချစေရန်အတွက် သူမနှင့် သားဖြစ်သူ၏ မျိုးရိုးအမည်ကို ဝေ့ဟု သူမကိုယ်တိုင် ပြောင်းလဲခဲ့သည်။

ယခု အသိအမှတ်ပြုခံထားရသော သမီးနှင့် မြေးကြောင့် ဝေ့မိသားစု၏ လူကြီးနှစ်ယောက်သည် လွန်ခဲ့သော ခြောက်လအတွင်း အထီးကျန်မှု မရှိခဲ့ပေ။ သူတို့ရဲ့ အပြုံးတွေက အများကြီး တိုးလာခဲ့သည်။

ဝေ့မိသားစုက သူတို့နှစ်ယောက်ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့ပေမယ့် သူတို့က သူတို့ရဲ့ သားသမီးတွေ မြေးတွေ မဟုတ်ဘူး။ တခါတရံတွင် သူတို့၏ ပျော်ရွှင်စရာကောင်းသော မိသားစုကြီးသည် သူတို့ဘယ်လောက် သနားစရာကောင်းပြီး အထီးကျန်ဆန်သည်ကို မီးမောင်းထိုးပြနေသည်ကို မြင်ခဲ့ရသည်။

အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ မိသားစု၏ ပျော်ရွှင်မှုကို သူတို့လည်း ခံစားနိုင်ပြီ။ သူတို့ ကွယ်လွန်ပြီးနောက် နောင်မျိုးဆက်တွေက သူတို့အတွက် စက္ကူပိုက်ဆံတွေကို မီးရှို့ကြလိမ့်မည်။

သို့သော် ချောင်မိသားစု ထွက်ခွာတော့မည်။ သူတို့သည် ခွဲခွာဖို့ ဝန်လေးခဲ့ကြသည်။ သူတို့က ချောင်ကျန်းကျွင်းနဲ့ သူ့မိန်းမကို လက်ဆွဲနှုတ်ဆက်ပြီး အချိန်အတော်ကြာ စကားပြောခဲ့ကြသည်။ အားလပ်ချိန်မှာ ဒီအဘိုးကြီး၊ အဘွားကြီး နှစ်ယောက်ကို ပြန်လာကြည့်ဖို့ တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရင်းနှီးလာပြီးနောက် ချောင်ကျန်းကျွင်းနှင့် လင်း‌ဟွေ့တို့သည် ဝေ့မိသားစု၏ လူကြီးနှစ်ယောက်ကို သူတို့၏ အကြီးများအဖြစ် ဆက်ဆံခဲ့ကြသည်။ အခု သူတို့ခွဲခွာသွားတော့ သူတို့သည် မနေနိုင်တော့ဘူး။

ကံကောင်းထောက်မစွာ ယခုသူတို့၏ဘေးတွင် သမီးနှင့်မြေးရှိသည်။ မဟုတ်ရင် လူအိုနှစ်ယောက်ကို ဒီမှာပဲထားခဲ့ရမှာကို စိတ်ပူကြလိမ့်မည်။

သူတို့မိသားစုကို မြို့တော်အား ပြောင်းရွှေ့ချင်သော်လည်း ချောင်ကျန်းကျွင်းသည် ဆိုင်မှထွက်ခွာရန် တွန့်ဆုတ်နေခဲ့သည်။

သူသည် လုပ်ငန်းကို စီမံခန့်ခွဲရာတွင် ကူညီရန် တစ်စုံတစ်ဦးကို ရှာဖွေခဲ့ပြီး တစ်ဖက်လူအား လစာနှင့်ကော်မရှင် ပေးမည်ဖြစ်သည်။

တစ်ဖက်လူရဲ့ စီမံခန့်ခွဲမှု ပိုကောင်းလေ ကော်မရှင်က ပိုမြင့်လေလေပင်။ ဤနည်းအားဖြင့် တစ်ဖက်လူသည် ပျင်းရိပြီး အလုပ်မလုပ်မှာကိုလည်း မကြောက်ရပေ။

သူသတင်းထုတ်ပြီးတာနဲ့ လူတော်တော်များများက သူ့ဆီရောက်လာကြသည်။ ဒါပေမယ့် ဆက်သွယ်ပြီးတဲ့ နောက်မှာတော့ ဘယ်သူ့ကိုမှ ကျေနပ်မှု မရှိခဲ့ဘူး။

ထိုလူများထဲမှ အချို့သည် အရည်အချင်းမရှိ၊ ရှက်ရွံ့၊ ရှေးကျပြီး သတ္တိမရှိကြပေ။ တချို့က မကောင်းတဲ့ ရည်ရွယ်ချက်ရှိကြသည်။ အစကတည်းက ပျင်းရိကြသော လူအချို့လည်း ရှိသည်။ သူ့အသွေးနဲ့ ချွေးတွေနဲ့ ရင်းခဲ့ရတာကို ဒီလူတွေအား သူဘယ်လိုယုံကြည်နိုင်မလဲ?

ဒုက္ခရောက်နေတဲ့အချိန်မှာ လူနှစ်ယောက်လာပြီး ကမ်းလှမ်းခဲ့ကြသည်။

တစ်ယောက်က ဝေ့မိသားစု၏ မွေးစားသမီး အသစ်စက်စက်လေး ဖြစ်သည်။ ကျန်တစ်ဦးမှာ ချောင်တုန်းဟယ်၏ ယောက္ခမ လော့ချင်းဖြစ်သည်။

ဝေ့ချွန်းမိန်က အရင်ရောက်လာခဲ့သည်။

သူမရောက်လာသောအခါတွင် သူမသည် စိတ်လည်း မကစားတတ်သလို ငြီးတွားခြင်းလည်း မပြုခဲ့ပေ။ သူမသည် တည့်တိုးပြောလိုက်သည်။ "ဒုတိယအစ်ကိုကြီး ချောင်၊ ကျွန်မ စတိုးဆိုင်မှာ အလုပ်လုပ်ချင်တယ်။ ကျွန်မက အရည်အချင်း ပြည့်မီတယ်လို့ ရှင်ထင်လား?"

ချောင်ကျန်းကျွင်းက တစ်စုံတစ်ယောက်ကို ဒီလိုယုံကြည်မှုအပြည့်နဲ့ စကားပြောတာကို ပထမဆုံးအကြိမ် တွေ့လိုက်တာဖြစ်သည်။

ယေဘုယျအားဖြင့်တော့ ဒီကိုလာတဲ့ လူတွေဟာ သိမ်ငယ်တဲ့ စိတ်ထားရှိကြသည်။ ထုံးစံအတိုင်း သူတို့ဟာ ယုံကြည်မှု ရှိပုံမပေါ်ဘူး။

ဒါပေမယ့် ဝေချွန်းမိန်က အကျိုးခံစားခွင့်ရဖို့ မကြိုးစားရုံသာမက ဝေ့မိသားစုလူကြီးများကိုလည်း ဆွဲမသွင်းခဲ့ပါ။ ဒါက သူမအပေါ် ကောင်းမွန်တဲ့ အမြင်တစ်ခု ဖြစ်စေခဲ့သည်။

သူ့ကိုကြည့်တော့ သူက အတော်ကြာအောင် ငြိမ်နေခဲ့သည်။ ဝေ့ချွန်းမိန်းက သူမကို မကြိုက်ဘူးလို့ ထင်ပြီး "ဒုတိယအစ်ကိုကြီး ချောင်၊ ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် စတိုးဆိုင်ကို ကောင်းကောင်းလည်ပတ်နိုင်ဖို့ ယုံကြည်ချက်ရှိပါတယ်။ ကျွန်မကို ဒီအခွင့်အရေးကိုပေးဖို့ တောင်းဆိုပါတယ်။ ကျွန်မကိုပေးရင် ကျွန်မမှာ အခွင့်အရေး ရှိပါတယ်။ ကျွန်မက သူများလစာရဲ့ တစ်ဝက်ကိုပဲ ယူလို့ရတယ်။"

ဒီကမ္ဘာကြီးက မိန်းမတွေအပေါ် ရက်စက်ဆဲပင်။ အချို့သော အရေးကြီးသော ရာထူးများကဲ့သို့ပင် အမျိုးသားများကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ အကြိမ်များစွာ အမျိုးသမီးများ ယှဉ်ပြိုင်ရန်တောင် အရည်အချင်းမပြည့်မီခဲ့ပေ။

ချောင်ကျန်းကျွန်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "မင်းနားလည်မှုလွဲနေတာ။ မိန်းမနဲ့ ယောက်ျားက အတူတူပဲ။ မင်းက မိန်းမမို့လို့ ငါ မင်းကို မနှိမ့်ချပါဘူး။ ဒီလိုဆို ဘယ်လိုလဲ၊ မင်း အရင်ဆုံး လဝက်လောက် လုပ်လိုက်။ မင်းက လဝက်ကြာပြီးလို့ အရည်အချင်းပြည့်မီတယ်လို့ ငါထင်ရင် အဲ့အချိန်ကျ ငါစာချုပ်မှာ လက်မှတ်ထိုးပေးမယ်။ စံနှုန်းနဲ့ မကိုက်ညီရင်တော့…"

ဝေ့ချွန်းမိန်၏ မျက်လုံးများ ပူလာသည်။ သူမက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြသည်။ "စိတ်မပူပါနဲ့၊ ကျွန်မအဆင်မပြေရင် ကျွန်မဘာသာ ထွက်သွားပါ့မယ်။ ကျွန်မက ဒုတိယအစ်ကိုကြီး ချောင်အတွက် အခက်အခဲဖြစ်စေမှာ မဟုတ်ပါဘူး!"

ချောင်ကျန်းကျွင်းက ခေါင်းညိတ်လိုက်ပြီး "ကောင်းကောင်းလုပ်!"

တကယ်ကို သူက မိန်းမတွေပေါ် မနှိမ့်ချဘူး။ သူတို့မိသားစုမှာ အမျိုးသမီးတွေရဲ့ အဆင့်အတန်းက အမျိုးသားတွေထက် ပိုမြင့်သည်။

သူသာ မိန်းမကို နှိမ့်ချဝံ့တယ်ဆိုရင် သူ့အမေက သူ့ကို ပထမဆုံး ဆုံးမမည့်သူ ဖြစ်လိမ့်မည်။

ဝေ့ချွန်းမိန်သည် စိတ်လှုပ်ရှားလွန်းလို့ ထရပ်ပြီး သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်ခဲ့သည်။

All Chapters