← Chapters

အခန်း (၂၅၆)

Vol. 20 Ch. 256

အခန်း (၂၅၆)

Vol. 20 Ch. 256

သူမ ထွက်သွားသည်နှင့်တပြိုင်နက် လော့ချင်းက ရောက်လာခဲ့သည်။

သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဝေချွန်းမိန်နဲ့ အတူတူပါပဲ။ သူလည်း စတိုးဆိုင်များထဲက တစ်ဆိုင်ကို လည်ပတ်ချင်သည်။

လော့ချင်းမှာ အရည်အချင်းရှိသော်လည်း သူက ချောင်တုန်းဟယ်၏ ယောက္ခမဖြစ်သည်။ ဒီကြားထဲမှာ ပဋိပက္ခဖြစ်ရင် ချောင်တုန်းဟယ်က အလယ်မှာ သေချာပေါက် ပါလာလိမ့်မည်။

ဒုတိယက လော့ချင်း၏ ဇနီးသည် ဉာဏ်ရည်ထက်မြက်သူ မဟုတ်ပေ။ ဒီလို ကြွက်ချေးကြောင့် ထမင်းရည်အိုး ပျက်သွားမှာကို သူ စိုးရိမ်နေခဲ့သည်။

ချောင်ကျန်းကျွင်းရဲ့ တုံ့ဆိုင်းနေတာကိုမြင်တော့ လော့ချင်းက သက်ပြင်းချပြီး "ဒီတစ်ခါ ငါဒီကိုမလာခင် ငါတကယ် စဉ်းစားနေခဲ့တာကြာပြီ။ ငါအရင်က ဒါရိုက်တာလုပ်ဖူးတာ မင်းသိတယ်မလား? ဒါပေမဲ့ နောက်ပိုင်းမှာ ထောက်ပံ့မှုနဲ့ ဝယ်လိုအား သမဝါယမတွေရဲ့ သက်ရောက်မှုက ပိုပိုဆိုးလာတယ်။ ငါလည်း အထုတ်ခံလိုက်ရတယ်။ ငါ့ကိုယ်ငါလည်း ခဏလောက် သံသယဝင်မိသွားတယ်။ ဒီတစ်ခါ ငါဒီကိုလာတာ ငါ့မှာရင်ဆိုင်နိုင်တဲ့ သတ္တိမရှိပါဘူး။ ဒါပေမယ့် ပိုက်ဆံနဲ့ ယှဉ်လာတော့ ငါပိုက်ဆံကိုပဲ ရွေးချယ်ရမှာပေါ့"

ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမသို့ မသွားနိုင်သောကြောင့် မိသားစု၏ ငွေရေးကြေးရေးသည် ပိုပိုဆိုးလာသည်။

သူ့သားကြီးသည် ဘွဲ့လွန်ကျောင်းတက် နေသေးသည်။ မိသားစုကို ပိုက်ဆံမပေးနိုင်ဘူး။ ယင်းအစား သူသည် တစ်ခါတစ်ရံ သူတို့ထံမှ အကူအညီများ လိုအပ်ခဲ့သည်။

သူ့သားငယ်က အခု အထက်တန်း တတိယနှစ် ရောက်နေပြီ။ သူသည် သူ့အစ်ကိုကြီးလောက် အသက်မကြီး‌ရုံသာမက သူ့အစွမ်းအစက ကောင်းသည်မဟုတ်ပေ။ အနာဂတ်မှာ သူဘာလုပ်မယ်ဆိုတာ မသိဘူး။

သူသိတဲ့လူတိုင်းက ပိုမြင့်လာပြီး သူတို့ရဲ့ လော့မိသားစု ကျဆင်းသွားတာကိုကြည့်ပြီး သူ စိတ်ဓာတ်ကျသွားခဲ့သည်။

ချောင်ကျန်းကျွင်းသည် စတိုးဆိုင်ကို လည်ပတ်ရန် ကူညီပေးမည့် တစ်စုံတစ်ဦးကို ရှာဖွေနေသည် ကိုကြားသိရသဖြင့် သူသည် မျက်နှာကို ဘေးဖယ်ကာ ရောက်ရှိလာခဲ့သည်။

သူ့ကိုဒီလိုမြင်လိုက်ရတော့ ချောင်ကျန်းကျွင်းက တကယ်မငြင်းနိုင်ခဲ့ပေ။ သူသည် သူ့ဘက်က စိုးရိမ်မှုများကိုသာ ပြောပြနိုင်ခဲ့သည်။

နားထောင်ပြီးနောက် လော့ချင်းက သူ့ရင်ဘတ်ကို ပုတ်ပြီး "ငါ တခြားအရာတွေကို ကတိမပေးရဲပေမယ့် ငါ့ဇနီးကို စတိုးဆိုင်က ငွေစာရင်းတွေကို ထိခွင့်မပေးပါဘူး။ နောင်မှာ တစ်ခုခုဖြစ်လာရင် တုန်းဟယ်ကို ဒီကိစ္စနဲ့ မပတ်သက်စေရပါဘူး။ ငါ၊ လော့ချင်းမှာ အရည်အချင်းမရှိပေမယ့် ကတိတည်တဲ့နေရာ ငါနဲ့ ယှဉ်နိုင်တဲ့လူ များများစားစားမရှိဘူးလို့ ငါယုံကြည်တယ်။"

ချောင်ကျန်းကျွင်းက ခဏလောက် တုံ့ဆိုင်းသွားပြီး "အမ်း၊ ဝေ့မိသားစုက ဒီကိစ္စကို စောစောကပြောဖို့ လာခဲ့တယ်။ ငါ သူ့ကို စမ်းသပ်တဲ့ အနေနဲ့ လဝက်လောင် အချိန်ပေးလိုက်တယ်။ အစ်ကိုကြီး ချင်းက ဘာလို့ ဒီလိုမလုပ်တာလဲ?"

သူက ပြတ်ပြတ်သားသား ငြင်းဆန်ဖို့ မဖြစ်နိုင်ဘူး။ သို့တိုင် ချောင်ကျန်းကျွင်းသည် သူ့ကိုယ်သူ မမှားချင်တာကြောင့် နောက်တံခါးကို ဖွင့်လိုက်သည်။

ဒါကိုကြားတော့ လော့ချင်းက အနည်းငယ် ဝါနေသော သွားလေးတွေကို ထုတ်ပြပြီး "သေချာဝာာပေါ့။ လဝက်လောက်ပြီးမှ။ ကျန်းကျွင်း ဒီအတွက် မင်းကို ငါကျေးဇူးတင်ပါတယ်!"

သူ့အား စမ်းသပ်ချင်တာကို သူက မကျေမနပ် မဖြစ်တာမြင်တော့ ချောင်ကျန်းကျွင်းက သူ့နှလုံးသားထဲမှာ သူ့ကို နည်းနည်းပိုပြီး အမြင်မြင့်လာသည်။ "ကြိုဆိုပါတယ်။ ငါ တစ်ချက်လောက်တော့ ကြိုပြီး သတိပေးချင်တယ်။ အောင်မြင်ရင်ပဲဖြစ်ဖြစ်၊ ကျရှုံးရင်ပဲဖြစ်ဖြစ် မင်း တုန်းဟယ်ကို ခက်ခဲအောင် လုပ်လို့မရဘူး!"

လော့ချင်းသည် သေချာစေရန် သူ့ရင်ဘတ်ကို ထပ်ပုတ်ပြပြီးနောက် သူသည် ချောင်အိမ်မှ ထွက်လာခဲ့သည်။

ထိုညတွင် လင်းဟွေ့သည် ထိုအကြောင်းကို သိလိုက်ရသောအခါ သူမသည် သက်ပြင်းချလိုက်ပြီး "တုန်းဟယ်ကို အနာဂတ်မှာ လာမထိခိုက်ဖို့ ကျွန်မ မျှော်လင့်ပါတယ်"

မျက်စိတစ်မှိတ်အတွင်းမှာပဲ သာ့ချောင်က ကျောင်းကို သတင်းပို့တဲ့နေ့ ရောက်လာခဲ့သည်။

ချောင်ရှို့ကျီ၊ ရွှယ်ချွမ်၊ သိုက်ရှုဖန်နှင့် ဟော်ချီတို့က သူမကို ကျောင်းသို့ အတူတူ လိုက်ပို့ခဲ့သည်။

တကယ်တော့ ဟော်ချီက သာ့ချောင်ကို သူ့ဘာသာသူ ကျောင်းလိုက်ပို့နိုင်တယ်လို့ ပြောခဲ့သည်။

သူတို့ နှစ်ယောက်က ကျောင်းတစ်ကျောင်းတည်းမှာ တက်ရမှာဖြစ်သည်။ အခု သူသည် သူမ၏ စီနီယာအစ်ကိုဖြစ်သည်။ ဂျူနီယာညီမကို ဦးဆောင်တဲ့ စီနီယာအစ်ကို ပြီးပြည့်မစုံဘူးလား?

ထို့အပြင် သူသည် သူမရဲ့ ချစ်သူဖြစ်သည်။

ထိုအကြောင်းကို ပြောရလျှင် သူသည် ဝမ်းနည်းခြင်းတွေ ပြည့်နှက်နေခဲ့သည်။

မြို့တော်ကို ရောက်ကတည်းက သူတို့တွေ့ဆုံဖို့ အခွင့်အလမ်းက နည်းသွားခဲ့သည်။ ချောင်မိသားစု၏ လူကြီးများရှိနေတာကြောင့်သာ မဟုတ်ပါက သူသည် ချောင်ခြံဝင်းထဲသို့ ချက်ချင်း ပြောင်းရွှေ့သွားချင်ခဲ့သည်။

ယခု သူပြန်စဉ်းစားကြည့်တော့ သာ့ချောင်၏ အဘိုးကို သူအနည်းငယ် မနာလိုဖြစ်မိသည်။ သူသည် သာ့ချောင်နဲ့ နေ့တိုင်း အတူနေနိုင်ရင် သူလည်း လက်ထပ်ပြီး သူမမိသားစုထဲကို ဝင်ဖို့ ဆန္ဒရှိပါသည်။

သူ့အဘိုးက ဒီစကားကိုကြားရင် လေဖြတ်သွားနိုင်စည်။

ကားပေါ်မှဆင်းပြီးနောက် ဟော်ချီသည် သာ့ချောင်၏ လက်ထဲက အိတ်အားလုံးကို ပုံမှန်အတိုင်းပင် ယူဆောင်ခဲ့သည်။ သူက ကိုင်းပြီး တိုးတိုးလေး ပြောလိုက်သည်။ "ငါတို့ မတွေ့တာကြာပြီနော်!"

ဆိုလိုရင်းကတော့ သူက သူမကို လွမ်းနေခဲ့သည်။

ပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိတာကြောင့် သူက ရှင်းရှင်းလင်းလင်း ပြောဖို့ ရှက်လို့ ဒီလိုပြောခဲ့တာ ဖြစ်သည်။

သာ့ချောင်က ခဏလောက် အေးခဲသွားပြီး "မကြာပါဘူး။ အစ်ကို‌ဟော်ချီ၊ တနေ့က ညီမတို့ တွေ့ခဲ့တယ်လေ။"

ဟော်ချီက သူမကို ဝမ်းနည်းစွာကြည့်ပြီး "တနေ့ကဆို အဲဒါ သိပ်မကြာသေးဘူးလား?"

သူ၏ တောက်ပနေသော မျက်လုံးများက သာ့ချောင်၏ နှလုံးသားကို ပျော့ပျောင်းစေကာ ကြက်သီးထသွားသည်။ "အစ်ကိုဟော်ချီ၊ ဒါက အစ်ကို ငါ့ကို အရမ်းသ‌ဘောကျတယ်လို့ ဆိုလိုတာလား?"

ဟော်ချီက သူမသည် သူ့ထက် ပိုပွင့်ပွင့်လင်းလင်း ပြောမယ်လို့ မမျှော်လင့်ထားဘူး။ သူ့မျက်နှာက နီရဲသွားသည်။ "အင်း!"

သူ့ကလေးဘဝ အိပ်မက်ထဲက သူမ၊ နောက်ပိုင်းမှာ ထုတ်လုပ်ရေးအဖွဲ့မှာ သူ့ကို ဥတွေပေးခဲ့တဲ့ သူမနဲ့ ဝက်ကလေးတစ်ကောင်လို တံဆိပ်နှိပ်ခဲ့တဲ့ လက်ရှိသူမ။

သူမ အားလုံးကို သူသဘောကျသည်!

သာ့ချောင်၏ မျက်နှာလေးသည် ပန်းရောင်သန်းလာသည်။ သူမက တိုးတိုးလေးပြောလိုက်သည်။ "ငါလည်း အစ်ကိုဟော်ချီကို သဘောကျတယ်!"

ဟော်ချီ၏ နားရွက်များ နီရဲနေခဲ့သည်။ လက်ဆွဲအိတ်ကို ကိုင်ထားသည့် လက်က သွေးကြောများ ထောင်လာသည်။ "နျန်နျန်... အရင်အကြိမ် မင်းငါ့ကို တံဆိပ်နှိပ်လိုက်တုန်းက ငါ မင်းကို ပြန်မနှိပ်ရသေးဘူး!"

သာ့ချောင်၏ အသံသည် နူးညံ့ပြီး တိုးတိုးလေး "ဒါဆို အစ်ကို‌ဟော်ချီက တံဆိပ်နှိပ်ချင်နေတာလား?"

ဟော်ချီ၏ မျက်လုံးများက သူမကို စိုက်ကြည့်ရင်း "ငါ၊ ငါလုပ်လို့ရမလား?"

သာ့ချောင်သည် မက်မွန်သီးမှည့်ကဲ့သို့ နီရဲသွားသည်။ သူမ၏ ရှည်လျားသော မျက်တောင်များကို ညင်သာစွာ တဖျပ်ဖျပ်ခတ်နေသည်။ "အင်း... ရပါတယ်"

ဟော်ချီ၏ စိတ်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားပြန်သည်။ သူက "ဒါဆို...ဘယ်သူမှမရှိတဲ့ အချိန်ကို စောင့်ရမယ်။ ပြီးရင် ငါမင်းကို တံဆိပ်နှိပ်ပေးမယ်!"

သာ့ချောင်က ရှက်ရွံ့စွာ အစ်ကိုဟော်ချီက မကောင်းဘူးလို့ ခံစားရကာ ခေါင်းညိတ်လိုက်သည်။

သာ့ချောင်ကို မကြာခင် သူ ဘယ်လိုနမ်းမလဲ တွေးလိုက်တော့ ဟော်ချီရဲ့ နှာခေါင်းတွေ ပူလာသည်။ သူက ခေါင်းကို အမြန်လှည့်လိုက်ပြီး အဲဒါကို သူ့ကိုယ်သူ တွေးမနေဖို့ ဖိအားပေးခဲ့သည်။

မဟုတ်ရင် သူက သူမရှေ့မှာ နှာခေါင်းသွေးထွက်ရင် ရှက်စရာကြီး။

ချောင်ရှို့ကျီ၊ ရွှယ်ချွမ်နှင့် သိုက်ရှုဖန်တို့သည် ငယ်ရွယ်ပြီး ချစ်စရာကောင်းသော စုံတွဲကို ကြည့်ပြီး ပြုံးလိုက်ကြသည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် သာ့ချောင်ကို စောစီးစွာ လက်ထပ်ရန် မလိုလားသော်လည်း သာ့ချောင်သည် သူမအား ဂရုစိုက်သောသူ တစ်ယောက်ကို ရှာတွေ့ထားပြီး အဲ့လူက အရာအားလုံးတွင် သူမကို ဦးစားပေးနိုင်ပါက သူတို့သည် သူတို့ အတူရှိနေခြင်းကို တားမည်မဟုတ်ပေ။

လိုက်ဖက်တဲ့ လက်တွဲဖော်ရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ဘယ်သူမဆိုထက် အိမ်ထောင်သည်တွေက ကောင်းကောင်းသိသည်။

ကျင့်ဟွာကောလိပ်အတွင်းသို့ လျှောက်သွားသောအခါ ကွာခြားချက်မှာ ရုတ်တရက်ပင်။

အဆောက်အဦဟောင်းများဖြင့် လူတိုင်းအား ဝန်းရံထားသည့် ပြင်းထန်သော ပညာရေးအငွေ့အသက်များ။

ရာစုနှစ်တစ်ခုကျော် ကျော်ကြားနေသော ကျောင်းသည် ၎င်း၏ ဂုဏ်သတင်းနှင့် ကိုက်ညီသည်။

မှတ်ပုံတင်ခြင်းပြီးသောအခါ အားလုံးက သာ့ချောင်၏ အိပ်ဆောင်သို့သွားရန် ပြင်ဆင်ကြသည်။

ဒီအခိုက်အတန့်မှာ ပြတ်သားတဲ့ အမျိုးသမီးတစ်‌ယောက်ရဲ့ အသံထွက်လာခဲ့သည်။ "အတန်းဖော်ဟော်၊ နောက်ဆုံးတော့ နင့်ကို ဒီမှာတွေ့ပြီ!"

အားလုံးလှည့်ကြည့်လိုက်တော့ အဝါရောင်ဖျော့ဖျော့ ၀တ်စုံဝတ်ထားသော ဆံပင်ရှည်ရှည်နှင့် ကောင်မလေးတစ်ယောက် သူတို့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ကောင်မလေးက အရမ်းလှပြီး ခေတ်မီလှပစွာ ဝတ်ဆင်ထားသည်။ ပထမတစ်ချက်တွင် သူမသည် အလွန်ကောင်းမွန်သော မိသားစုမှ ကလေးတစ်‌ယောက်နဲ့ တူသည်။

ဒါပေမယ့် အဲဒါက အဓိကမဟုတ်ဘူး။ အဓိကအချက်မှာ ဟော်ချီကို သူမကြည့်ပုံ၊ အကြည့်တွေက နူးညံ့လွန်းသည်။ အပြုံးက တောက်ပလွန်းသည်။ အလွန်အကျွံ အပြုအမူတွေနဲ့ သူ့တစ်ကိုယ်လုံးမှာ 'ငါမင်းကို သဘောကျတယ်' ဆိုတဲ့ ရောင်ဝါရှိနေသည်။

အဲဒါက သိုက်ရှုဖန်၏ သတိကို ချက်ချင်းနှိုးဆွခဲ့သည်။

သူမသားကို မက်မောရဲတာလား? လက်မခံဘူး!

သူမသားက သာ့ချောင်အတွက်ပဲ ဖြစ်ရမည်။

ထိုသို့သော အတွေးဖြင့် သိုက်ရှုဖန်သည် ကောင်မလေးကို ကြင်နာမှု မရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမသည် နောက်သို့လှည့်ကာ သားဖြစ်သူအား ပြင်းထန်စွာ ကြည့်လိုက်သည်။

အပြစ်ကင်းသော ဟော်ချီသည် သူ့မိခင်ထံမှ စူးရှမှုကို လက်ခံရရှိခဲ့သည် - "..."

မိန်းကလေးက ဘာမှမလုပ်ပေမယ့် ချောင်ရှို့ကျီနဲ့ ရွှယ်ချွမ်တို့က အရိပ်အမြွက် ဖမ်းမိသည်။ ထုံးစံအတိုင်း သူတို့က ဘာမှမပြောကြပေ။

ဒါ့ပြင် ဒီလိုအရာမျိုးက ယောက်ျားဘက်ပေါ် မူတည်သည်။

လူတစ်ယောက်မှာ ပလေးဘွိုင်စိတ်ရှိတယ်ဆိုရင် ကြိုးနဲ့ချည်ဖို့က အသုံးမဝင်ပါဘူး။ ထို့ကြောင့် ဤအချက်ကို လိုက်နာရင် ဒါက ဟော်ချီ၏ လုပ်ဆောင်မှုအပေါ် မူတည်မည်ဖြစ်သည်။

သာ့‌ချောင်က ဘာမှ သတိမထားမိချေ။

သူတို့သည် မျက်ခုံးနှင့် မျက်လုံးများ လှုပ်ရှားနေချိန်တွင် ထန်မြောင်ရှန်သည် သူတို့ဆီသို့ လျှောက်လာနေပြီ ဖြစ်သည်။

သူမသည် လူတိုင်းကို စိုက်ကြည့်လိုက်သည်။ သာ့ချောင်၏ မျက်နှာပေါ်သို့ သူမ အကြည့်များ ရောက်သွားသောအခါ အံ့သြမှုနှင့် မနာလိုစိတ်များ သူမ၏ မျက်လုံးများတွင် တောက်ပလာခဲ့သည်။

သူမရဲ့ အသားအရေက အရမ်းကောင်းနေပြီလို့ အမြဲယုံကြည်နေပြီး သူမပတ်ဝန်းကျင်မှာ ဘယ်သူမှ သူမနဲ့ မယှဉ်နိုင်ဘူး။ ဒီမိန်းကလေးရဲ့ အသားအရေက သူမထက်ပိုကောင်းမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ အပြစ်အနာစာ တစ်ခုတောင် သူမ မမြင်နိုင်ခဲ့ပေ။

ချက်ချင်းပင် သူမက ဟော်ချီအား တောက်ပသော အပြုံးဖြင့် "အတန်းဖော်ဟော်၊ အခုလေးတင် ကျောင်းသားသမဂ္ဂက ကိစ္စအတွက် နင့်အကူအညီလို့လို့ နင့်ကိုရှာနေတာ။ ဒါပေမယ့် နင့်ရဲ့အခန်းဖော်က နင့်မှာ ဒီနေ့ စာရင်းသွင်းဖို့ ဆွေမျိုးတစ်ယောက်ရှိနေတယ်လို့ ပြောခဲ့တယ်။ ဒါက ဂျူနီယာညီမလေး ဟုတ်တယ်မလား?"

ဟော်ချီက လျစ်လျူရှုကာ ခေါင်းညိတ်လိုက်ပြီး "အင်း၊ ကျောင်းသားသမဂ္ဂကိစ္စ ဖြေရှင်းပြီးပြီလား"

ထန်မြောင်ရှန်သည် သူက သူမမေးခွန်းကို တမင်ရှောင်နေတာကြောင့် သူမနှလုံးသားထဲတွင် မနှစ်မြို့ဖွယ်ခံစားချက်များ ပေါက်ဖွားလာသည်ကို သိလိုက်သည်။

ဒါပေမယ့် သူမက အဲဒါကို မပြခဲ့ဘူး။ သူမက ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ပြီး "ဒါက အဆင်ပြေသွားပါပြီ။ အစက တစ်ခုခုဝယ်ဖို့ အပြင်ထွက်ချင်ခဲ့တာ။ နင်နဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး။ ဒါကြောင့် နင့်ကို နှုတ်ဆက်ဖို့ လာခဲ့တာ"

သူမပြောပြီးသည့်နောက်တွင် သူမသည် ဟော်ချီက သူမအား မောင်းထုတ်ရန် အခွင့်အရေးမပေးပေ။ သူမသည် သိုက်ရှုဖန်ကို လှည့်ကြည့်လိုက်ပြီး "ဒီအန်တီက တော်တော်ဆင်တူပြီး အရမ်းတူတဲ့ ရောင်ဝါရှိတယ်။ အန်တီက အတန်းဖော် ဟော်ရဲ့ အမေဖြစ်ရမယ်"

သာမန်လူတွေက သူများတွေရဲ့ ချီးကျူးသံကို ကြားရရင် အရမ်းပျော်ကြလိမ့်မည်။ သို့သော် သိုက်ရှုဖန်သည် တစ်ဖက်လူက လှည့်စားတတ်သည်ဟု ပိုပိုပြီး ယုံကြည်လာခဲ့သည်။

သူမက လုပ်ပြုံးပြုံးကာ "ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်! ဒါပေမယ့် ရောင်ဝါကို ပြောရရင်တော့ ငါ့ရဲ့ အနာဂတ်ချွေးမကို ဒီကမ္ဘာမှာ ဘယ်သူမှ ယှဉ်နိုင်မယ် မထင်ဘူး"

ထိုသို့ပြောရင်း သူမ၏ ချစ်စဖွယ်အကြည့်များက သာ့ချောင်အပေါ်သို့ ကျရောက်သွားသည်။

ထန်မြောင်ရှန်သည် သူမအကြည့်နောက်သို့ လိုက်သွားကာ သူမနှလုံးသားသည် ပြုတ်ကျသွားသည်။

ဒီမိန်းကလေး ဟော်ချီရဲ့ စေ့စပ်ထားသူလား?

ဟော်ချီမှာ ချစ်သူရှိတယ်လို့ သူမဘာလို့ မကြားဖူးတာလဲ?

သူမနှင့် ဟော်ချီသည် အတန်းတူသည်။ သူမစာရင်းသွင်းဖို့ ကျောင်းမတက်ခင်မှာပဲ သူ့နာမည်ကို ကြားဖူးခဲ့သည်။

သူသည် သူတို့၏ ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ထိပ်တန်း‌ကျောင်းသားဖြစ်သည်။ ဟိုအရင်တုန်းက တိုင်းပြည်မှာ အချမ်းသာဆုံးလို့ သူ့အဖေဆီက ကြားခဲ့သည်။ သူတို့အရင်ကလို မချမ်းသာပေမယ့် သူတို့ရဲ့ လက်ရှိက သာမန်လူတွေ မယှဉ်နိုင်တဲ့အရာပင်။

စာရင်းသွင်းတဲ့နေ့အထိ သူမသည် သူ့အကြောင်းကို အမြဲသိချင်နေခဲ့သည်။ သူ့ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသောအခါတွင် သူမသည် အံ့အားသင့်သွားခဲ့သည်။

ပထမဆုံးအကြိမ်အနေဖြင့် သူမသည် စာလေ့လာသူများက ကြည့်လို့အရမ်းကောင်းတယ်ဆိုတာ သိခဲ့သည်!

ထိုနေ့တွင် သမင်ငယ်များစွာကို ချုပ်နှောင်ထားသကဲ့သို့ သူမ၏ နှလုံးသည် ပြင်းထန်စွာ ခုန်‌ပေါက်နေခဲ့သည်။

နောက်ပိုင်းတွင် သူမသည် သူ့အာရုံကို ဆွဲဆောင်ရန် ကြိုးစားသော်လည်း သူ့စိတ်ထဲတွင် စာလေ့လာတာမှလွဲ၍ အခြားလူများကို မမြင်နိုင်ပုံရသည်။ သူနဲ့ ပိုနီးစပ်ဖို့ နည်းလမ်းရှာနိုင်ပေမယ့် သက်ရောက်မှုက မသိသာပါပေ။

သူ့မှာချစ်သူမရှိ သရွေ့တော့ သူမက အခွင့်အရေးရတုန်းပဲလို့ ခံစားရသည်။

သူက ထိုအဆင့်သို့ ရောက်နေပြီဟု သူမမျှော်လင့်ထားခဲ့ဖူးပေ။ သူ့မှာချစ်သူရှိရုံတင်မကဘူး စေ့စပ်ထားသူလည်း ရှိသည်!

တစ်ဖက်လူရဲ့ တွေဝေနေတဲ့ အခြေအနေကိုမြင်တော့ သိုက်ရှုဖန်က "ချီအာ၊ ငါမင်းကိုသတိပေးမယ်။ မင်းဟာ ချစ်သူရှိတဲ့ သူတစ်ယောက်ပါ။ သာ့ချောင်ကို ထိခိုက်အောင် မင်းဘာမှ မလုပ်ရဘူး။ မဟုတ်ရင် ငါက မင်းကိုခွင့်မလွှတ်တဲ့ ပထမဆုံးသူ ဖြစ်လိမ့်မယ်!"

ဟော်ချီ၏နဖူးမှ အေးစက်သော ချွေးများ ထွက်လာတော့မည်။ "အမေ ဘာအဓိပ္ပာယ်မရှိတာ‌တွေ ပြောနေတာလဲ? သား နျန်နျန်ကို တောင်းပန်ရမယ့် ကိစ္စမျိုး ဘယ်လိုလုပ်လုပ်မှာလဲ?"

သူ၏ စိတ်လှုပ်ရှားနေသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် သာ့ချောင်က "အန်တီဖန်၊ အစ်ကို‌ဟော်ချီက မပွေရှုပ်ဘူးဆိုတာ သမီးယုံကြည်တယ်။"

သာ့ချောင်က သူ့ကို ကာကွယ်ပြောဆိုနေတာကို ကြားတော့ ဟော်ချီက ပျားရည်စားတာထက်တောင် ပိုချိုမြတယ်လို့ ခံစားလိုက်ရသည်။

.........

စာရေးဆရာမှာ ပြောစရာရှိသည် အဝါရောင်ဖျော့ဖျော့ ၀တ်စုံ၊ ပျော့ပြောင်းသောဆံပင် ~ သီချင်းဆိုနေသည် ~

ဟော်ချီ - ငါ မနက်ဖြန် သာ့ချောင်ကို နမ်းနိုင်တော့မယ်! ပျော်လိုက်တာ!

All Chapters