← Chapters

အခန်း (၂၅၇)

Vol. 20 Ch. 257

အခန်း (၂၅၇)

Vol. 20 Ch. 257

သူတို့နှစ်ဦး၏ မျက်လုံးများတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်နေရုံမျှဖြင့် ထန်မြောင်ရှန်၏ နှလုံးသားသည် တင်းကျပ်သွားခဲ့သည်။

"ကောင်းပြီ၊ နောက်ကျနေပြီ။ သာ့ချောင်ကို သူ့အိပ်ဆောင် မြန်မြန်ပို့ပြီး မြန်မြန်ပြီးအောင် ပြင်ဆင်ရအောင်။ ဒါမှ ငါတို့စောစောစားရမှာ"

သိုက်ရှုဖန်သည် ထန်မြောင်ရှန်ကို စိုက်ကြည့်ကာ သူမ ခက်ခဲလာအောင်လုပ်ပြီး ဆုတ်ခွာသွားဖို့ မျှော်လင့်ခဲ့သည်။

စကား​ပြောပြီး​နောက်​ လူအုပ်​က လှည့်​ထွက်​သွားသည်​။ ထန်မြောင်ရှန်ကို ဘယ်သူမှ မနှုတ်ဆက်ကြပေ။

ထန်မြောင်ရှန်၏ မျက်နှာသည် နီမြန်းလာသည်။ တစ်စုံတစ်ယောက်က သူမကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သလို ခံစားရသည်။ သေလောက်အောင် ရှက်စရာကောင်းသည်။

အိပ်ဆောင်သို့သွားရာလမ်းတွင် ဟော်ချီက "နျန်နျန်၊ အဲဒီမိန်းကလေးက ငါ့အတန်းဖော်ပါ။ ငါက သူမနဲ့ မရင်းနှီးပါဘူး။ သူ့နာမည်တောင် မမှတ်မိဘူး!"

သူမက သူ့ရှေ့မှာ မကြာခဏ ပေါ်လာသောကြောင့်သာ သူမမျက်နှာကို မှတ်မိနေခဲ့သည်။

ဒါပေမယ့် သူ့နှလုံးသားမှာ သူမသာရှိသည်။ သူက တခြားမိန်းကလေးတွေကို စိတ်မဝင်စားဘူး။

သာ့ချောင်၏ ပါးစပ်ထောင့်များ တွန့်ကွေးသွားကာ ပါးချိုင့်အနည်းငယ် ပေါ်လာသည်။ "အစ်ကို‌ဟော်ချီ၊ စိတ်မပူပါနဲ့။ ငါအစ်ကို့ကို ယုံတယ်!"

ဟော်ချီသည် သူမ၏ အနီရောင်နှုတ်ခမ်းများကို စိုက်ကြည့်ရင်း တံတွေးတစ်လုပ် မျိုချလိုက်ပြီး ရုတ်တရက် ခေါင်းလှည့်လိုက်သည်။

သူမကိုမြင်တိုင်း သူမနှုတ်ခမ်းကို ကိုက်ချင်နေမှန်း မသိဘူး။

သာ့ချောင်က သူ့အတွေးတွေကိုသိရင် သူ့ကို လူယုတ်မာလို့ ထင်မှာလား?

ကျင့်ဟွာကောလိပ်သည် ရာစုနှစ်တစ်ခုကြာ ကျော်ကြားခဲ့သော ကောလိပ်ဖြစ်သော်လည်း အဆောင်အခြေအနေမှာ ကောင်းမွန်ခြင်းမရှိပေ။

တစ်ဆယ်စတုရန်းမီတာထက်ကျဉ်းသော အခန်းတွင် ကုတင်သုံးလုံးရှိသည်။ နှစ်ထပ်ကုတင်များ ဖြစ်သည်။ တစ်နည်းဆိုရသော် ဤအခန်းတွင် လူခြောက်ယောက် အတူတူနေထိုင်ကြရမည် ဖြစ်သည်။

အဆောင်ရဲ့ အခြေအနေတွေကို မြင်တဲ့အခါ သိုက်ရှုဖန်က မျက်မှောင်ကြုတ်ပြီး "လူတွေက ဒီလိုနေရာမျိုးမှာ ဘယ်လိုနေထိုင်နိုင်မှာလဲ? သာ့ချောင်၊ မင်းဘာလို့ နေ့ကျောင်းကို မလျှောက်ထားတာလဲ?"

တကယ်တော့ သူမဟာ လယ်ကွင်းမှာ နေထိုင်ခဲ့စဉ်က ဆိုးရွားတဲ့ ပတ်ဝန်းကျင်မျိုးစုံမှာ နေထိုင်ခဲ့ရသည်။ သို့သော် သူမ၏ နှလုံးသားထဲတွင် သာ့ချောင်သည် အလွန်ချိုမြိန်ပြီး ချစ်စရာကောင်းသည်။ သာ့ချောင်ကို ဂရုစိုက်၊ ချစ်မြတ်နိုးကာ ကာကွယ်သင့်သည်။ ထိုသို့သောနေရာသည် သူမနှင့်မထိုက်တန်ပါ။

ဒီအချိန် လူနှစ်ယောက်က အိပ်ဆောင်ထဲမှာ ရှိနေပြီ။ သူတို့ဒါကို ကြားလိုက်ရတော့ အားလုံးက သူတို့ရဲ့ အထောက်အထားတွေကို မှန်းဆကြသည်။

သူတို့ရောက်တာနဲ့ ဒီအုပ်စုကို သူတို့ သတိထားမိလိုက်သည်။

ရှေ့ကလျှောက်လာတဲ့ လင်မယားနှစ်ယောက်က မြို့သူမြို့သားတွေနဲ့ မတူဘူး။ သူတို့ဟာ ရှေးကျတဲ့ ဝတ်စားဆင်ယင်ပုံနှင့် ကျေးလက်ကသူတွေနဲ့လည်း မတူပါဘူး။

အ​နောက်​က​နေ လိုက်လာသော လူသုံး​ယောက်​က ချက်​ချင်းပင်​ သူတို့မျက်လုံးများကို တောက်ပလာစေခဲ့သည်။

အထူးသဖြင့် အနောက်မှာ လျှောက်လာတဲ့ အတွဲပင်။ အမျိုးသားက ချောသည်၊ အမျိုးသမီးကလည်း လှသည်။ အလွန် အမြင်ကို ဖမ်းစားသွားသည်။

အမျိုးသမီးသည် ရုပ်ရည်ချောမောပြီး ကြည့်ကောင်းရုံသာမကဘဲ ဝတ်စားဆင်ယင်ပုံမှ ချမ်းသာသူတစ်ဦးကဲ့သို့လည်း ဖြစ်နေသည်။ ပိုလို့တောင် အံသြစရာကောင်းတာက သူမကိုယ်တိုင် ဘာကိုမှ ကိုင်ထားဖို့ မလိုဘူး။ ဒါကြောင့် သူမကို အလွန်မျက်နှာသာ ပေးရမယ်ဆိုတာကို သူတို့သိခဲ့သည်။

ပြောရမယ်ဆို ယောက်ျားများကို စိတ်ဆင်းရဲစေသည်မှာ အမှန်ပင်။

သာ့ချောင်သည် အခြားသူများ၏ စစ်ဆေးမှုကို သတိမထားမိပေ။ သူမ၏အဘိုး၊ အဘွားနှင့် အစ်ကိုဟော်ချီတို့က ပြင်ဆင်ခြင်းများအတွက် ကူညီပေးခဲ့ကြသည်။ သူမက ဘယ်လိုလုပ် မတ်တပ်ရပ်ပြီး ဘာမှမလုပ်နိုင်တော့တာလဲ။

ချောင်ရှို့ကျီသည် ကြည့်ရှုလိုက်ပြီး သာ့ချောင်အတွက် ပြတင်းပေါက်နားရှိ အပေါ်ထပ် အိပ်စင်ကို ရွေးလိုက်သည်။

ပြတင်းပေါက်နားက အောက်ကအိပ်စင်ကို မိန်းကလေးတစ်ယောက်က ရွေးထားပြီးသား ဖြစ်သည်။ အခြားမိန်းကလေးသည် အတွင်းဘက်ရှိ အောက်က တခြားအိပ်စင်ကို ရွေးချယ်ခဲ့သည်။ ကျန်တဲ့တစ်ယောက်က တံခါးနဲ့ နီးသည်။

အောက်ထပ်မှာ အိပ်တာက အပေါ်ထပ်ကထက် ပိုအဆင်ပြေပေမယ့် အိပ်ရာက တံခါးနဲ့ အရမ်းနီးသည်။ သူမကို အနာဂတ်တွင် အဝင်အထွက်ရှိသူများက ဒုက္ခရောက်ပေးမှာ သေချာသည်။ လူတိုင်းအတွက် တံခါးဖွင့်ရန် သူမထရပေမည်။

ဒါကြောင့် ဆွေးနွေးပြီးနောက် အပေါ်ထပ်မှာ အိပ်တာက ပိုကောင်းတယ်လို့ အားလုံးက သဘောတူကြသည်။

သာ့ချောင်သည် အပေါ်ထပ် အိပ်စင်ကို အတော်လေး သဘောကျသည်။ ဆိုလိုတာက သူမပစ္စည်းတွေကို ကုတင်ပေါ်တင်လိုက်တာနဲ့ တခြားသူတွေက အဲဒါကို တစ်ချက်မှ မမြင်ရဘူးလို့ ဆိုလိုတာပင်။

အောက်ထပ်က ကောင်မလေးက သူတို့ ဝင်လာတာကိုမြင်ပြီး သာ့ချောင်ကို နှုတ်ဆက်လိုက်သည်။ "ဟယ်လို၊ ငါ့နာမည် စုန့်ယုလျန်ပါ။ ငါက အင်္ဂလိပ်ဌာနက။"

သာ့ချောင်က သူမကို ပြုံးပြီးပြောသည်။ "ငါ့နာမည်က ချောင်နျန်နျန်၊ ငါက ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနကပါ။"

သာ့ချောင်က သူမသည် ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှ ဖြစ်သည်ဟု ကြားသောအခါ စုန့်ယုလျန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "နင်က တကယ်ပဲ ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနကလား?"

ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနသည် လွန်ခဲ့သည့် သုံးနှစ်ခန့်ကပင် ကျောင်းသားများကို စတင်ခေါ်ယူခဲ့သည်။ အချိန်အတော်ကြာအောင် မဖွင့်လှစ်ခဲ့သော်လည်း ဘဏ္ဍာရေးနှင့် စီးပွားရေးမေဂျာသည် ယခုခေတ်စားနေသည်။ ဝင်ခွင့်အမှတ် လိုအပ်ချက်သည် အလွန်မြင့်မားခဲ့သည်။

ယေဘုယျအားဖြင့် သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ်များတွင် မိန်းကလေးများ၏ ရမှတ်များသည် အလွန်ကောင်းမွန်ခြင်းမရှိပါ။ ထို့ ကြောင့် ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများ ကျဆင်းသွားသည်။ ထို့ကြောင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနကို ဘုန်းကြီးကျောင်းလို့ ခေါ်ကြသည်။

ပထမနှစ်မှာ မိန်းကလေး တစ်ယောက်မှ မရှိဘူးလို့ ကြားသည်။ မနှစ်တုန်းက နှစ်ယောက်ရှိသည်။ ဒီနှစ်မှာတော့ သုံးယောက်လောက်ရှိသည်။ ဒါပေမယ့် တခြားဌာနတွေနဲ့ ယှဉ်ကြည့်ရင်တော့ သနားစရာပင်။

စာရင်းမသွင်းမီ ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှ မိန်းကလေးများသည် ယေဘုယျအားဖြင့် ကြည့်မကောင်းကြောင်း သူမကြားသိခဲ့ရသည်။ သူတို့ထဲက အများစုက ‘tomgirl’များပင်။

သာ့ချောင်လို ကြီးမားတဲ့ အလှတရားဟာ တကယ်တော့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနမှာ ရှိနေတယ်ဆိုတာ သူမ မသိခဲ့ဘူး။

သာ့ချောင်က ရယ်စရာကောင်းတာကို တွေ့လိုက်ရသည်။ "ဒီလိုမျိုး တုံ့ပြန်မှုလည်း ရှိတာလား?"

တစ်ဖက်က အောက်ထပ်မှာ အိပ်နေတဲ့ မိန်းကလေးက "ငါ့နာမည်က ချန်‌ရှောင်လန်၊ နိုင်ငံခြားဘာသာစကားဌာနကပါ။ ငါအိပ်ဆောင်ကို မရောက်ခင်ကတည်းက စုံစမ်းမေးမြန်းခဲ့တယ်။ ငါတို့အိပ်ဆောင်မှာ ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနက တစ်ယောက်ပဲရှိတာတဲ့"

ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှ အခြားမိန်းကလေး နှစ်ဦးကို ဘေးအဆောင်ခန်းတွင် နေရာချပေးခဲ့သည်။ ဟိုဘက်ခြမ်းက လူပြည့်နေလို့ သာ့ချောင်ကို ဒီအဆောင်ခန်းမှာ နေရာချပေးလိုက်သည်။

ချန်ရှောင်လန်နှင့် စုန့်ယုလျန်တို့သည် တူညီသော အတွေးအမြင်ရှိကြပြီး သူမသည် ‘tomgirl’ တစ်ယောက်ဖြစ်မည် ထင်ကြသည်။ သူတို့ အံ့သြသွားတာက သူမသည် သူတို့ထင်ထားတာထက် ပိုကြည့်ကောင်းနေသည်။

သူမရဲ့ အသွင်အပြင်ကြောင့် မကြာခင် ကျောင်းပန်းပွင့်သစ်အဖြစ် ရွေးချယ်ခံရတော့မည်ဟု ထင်သည်။

လက်ရှိကျောင်းပန်းပွင့်သည် ပြန်ကြားရေးဌာန ဒုတိယနှစ်မှ ထန်မြောင်ရှန် ဖြစ်သည်။

သူမနှင့် ထန်မြောင်ရှန်တို့သည် ဝမ်းကွဲညီအစ်မများဖြစ်သည်။ သူမမိသားစုက ကျေးလက်မှ ဖြစ်သည်။ ထို့ကြောင့် ထန်မြောင်ရှန်က သူမကို နှိမ့်ချသည်။

ထန်မြောင်ရှန်သည် ငယ်စဉ်ကတည်းက မာနကြီးသည်။ သူမသည် ကမ္ဘာပေါ်တွင် ဉာဏ်အကောင်းဆုံးနှင့် အလှဆုံးဟု ထင်နေခဲ့သည်။ ယခုတော့ အံ့ဩစရာဖြစ်ခဲ့သည်။ နောက်ဆုံးတော့ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ မိန်းကလေးတစ်ယောက်ရှိလာပြီ။

သူမသည် ထိုနေ့ကို စောင့်မျှော်နေခဲ့သည်။

သာ့ချောင်က ချန်ရှောင်လန်ကို နှုတ်ဆက်ပြီးတဲ့ နောက်မှာတော့ သူမဟာ သူတို့ကို ချန်ထားခဲ့ပြီး ပြင်ဆင်မှု ဆက်လုပ်ဖို့ ပြန်လှည့်ခဲ့သည်။

ချန်ရှောင်လန်နှင့် စုန့်ယုလျန်တို့သည် သူမ၏ လျင်မြန်ပြီး သပ်ရပ်သော လှုပ်ရှားမှုများကို တွေ့လိုက်ရသောအခါတွင် ထပ်ပြီး အံ့သြသွားကြသည်။

ခုနက ဝင်လာတုန်းက သူမလက်ထဲမှာ ဘာမှ မကိုင်ထားဘူး။ သူမသည် နူးညံ့သိမ်မွေ့သော မိန်းမပျိုတစ်ယောက်ဟု သူတို့က ထင်ခဲ့ကြသည်။

ထိုကဲ့သို့သောလူများသည် အများအားဖြင့် အလွန်စိတ်ကောင်းမရှိကြပေ။ ယခုမူ သူတို့ မှားယွင်းစွာ တွေးတောခဲ့ပုံရသည်။

ပြင်ဆင်ပြီးနောက် သာ့ချောင်နှင့်အဖွဲ့သည် အိပ်ဆောင်မှ ထွက်ခွာသွားခဲ့ကြသည်။

ပစ္စည်းတွေ ယူလာပေမယ့် ပြင်ဆင်ပြီးနောက် သူတို့မှာ အရာအားလုံး မရှိဘူးဆိုတာ သိလိုက်ရသည်။

သို့သော် ထိုအရာများသည် အရေးတကြီးမဟုတ်ပေ။ စားပြီးရင် ဝယ်ဖို့ အရမ်းနောက်ကျသွားလိမ့်မည်။

အားလုံးက ကျောင်းဝင်းထဲမှ မထွက်ခင်မှာ တစ်ယောက်ယောက်က တားလိုက်သည်။

လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် ၎င်းတို့အား တားဆီးခဲ့သည်။

တစ်ဖက်လူသည် ရွှေကွပ်ထားတဲ့မျက်မှန်၊ နောက်လှန်ဖြီးထားတဲ့ဆံပင်၊ ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင် ဘောင်းဘီတို့ ဝတ်ဆင်ထားသည်။ အဲဒါတွေက သူ့ကို အလွန်ကော့ကြော့စေသည်။

သူတာလိုက်သောသူမှာ သိုက်ရှုဖန်မှလွဲ၍ အခြားသူမဟုတ်ပေ။

သူမကို တစ်ယောက်ယောက်က ခေါ်နေတာကိုတွေ့တော့ သိုက်ရှုဖန်က နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူမက အံ့ဩသွားပြီး "ကျုံးခမ်းသိလား? ရှင်က ကျုံးခမ်းသိ ဟုတ်တယ်မလား?"

သူမက သူ့ကို မှတ်မိသောအခါ ကျုံးခမ်းသိ၏ မျက်လုံးများသည် ပြင်းပြင်းထန်ထန် ခတ်လာသည်။ "ခုနက လမ်းလျှောက်လာတဲ့ လူတစ်ယောက်ကိုတွေ့တော့ ငါမြင်တာမှားတယ်လို့ပဲ ထင်ခဲ့တာ။ တကယ်ကို မင်းပဲလို့ မထင်ခဲ့မိဘူး!"

သိုက်ရှုဖန်က သူ့ဆံပင်တွေကို လက်နဲ့သပ်ပြီး "အိုနေပြီလေ။ ရှင်မှားတယ်လို့ ထင်တာ ပုံမှန်ပါပဲ!"

ကျုံးခမ်းသိ၏ ကျဉ်းမြောင်းသော မျက်လုံးများက သူမကို စိုက်ကြည့်ကာ "ဟင့်အင်း၊ မင်းက လုံးဝ မအိုသေးဘူး။ မင်းအရင်တုန်းကနဲ့ အတူတူပဲ!"

သိုက်ရှုဖန်ရဲ့ ပါးပြင်တွေ ပူလာပြီး ခေါင်းစဉ်ကို ပြောင်းလိုက်သည်။ "ရှင် နိုင်ငံခြားမသွားဘူးလား? ဘယ်တုန်းက ပြန်ရောက်တာလဲ?"

ကျူံခမ်းသိသည် ယခင်က သူမမိသားစု၏ အိမ်နီးနားချင်းတစ်ဦးဖြစ်သည်။ နှစ်ယောက်သားသည် အတူကြီးပြင်းလာကြသည်။ နောက်ပိုင်းတွင် နိုင်ငံ၏ စီးပွားရေးသည် ဆိုးရွားသွားချိန်တွင် ကျုံးမိသားစုသည် သူတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချပြီး နိုင်ငံခြားသို့ သွားရန် နည်းလမ်းရှာဖို့ ကြိုးစားခဲ့သည်။

မသွားခင် ကျုံးခမ်းသိက သူတို့နဲ့အတူတူ ထွက်သွားဖို့ လာဖြောင့်ဖျခဲ့သည်။ ဒါပေမယ့် သူ့မိသားစုရော၊ ဟော်မိသားစုရော အဲဒီအချိန်က ထွက်ခွာဖို့ မစဉ်းစားခဲ့ကြဘူး။

ကျုံးခမ်းသိသည် စိတ်ပျက်စွာဖြင့် ထွက်ခွာသွားခဲ့ရသည်။ ကျုံးမိသားစု၏ ရွေးချယ်မှုသည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

အကယ်၍ သူမနှင့် ဟော်ကျန့်ချန်သာ နိုင်ငံခြားသို့ သွားဖို့ ရွေးချယ်ခဲ့မည်ဆိုရင် သူတို့ ယခုရှိနေသော နေရာသို့ မရောက်နိုင်ပေ။

ကျုံးခမ်းသိက "တိုင်းပြည်က အခြေချနေပြီလို့ ကြားတယ်။ အခု စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလို့ ငါတိုင်းပြည်ကို ပြန်လာခဲ့တာ။ အဲဒီတုန်းက တိုင်းပြည်မှာ ရပ်တည်လို့ မရဘူးလေ။ ဒါကြောင့် အခုတော့ ငါလုပ်နိုင်မယ်လို့ မျှော်လင့်တယ်။"

သိုက်ရှုဖန်က သူ့ကို အပေါ်အောက် ကြည့်ရင်း သူ့လက်ထဲက စာအုပ်ပေါ် မျက်လုံးရောက်သွားသည်။ သူမက စပ်စပ်စုစု မေးလိုက်သည်။ "ရှင် ဒီမှာ စာသင်နေတာလား?"

ကျုံးခမ်းသိက ရွှင်မြူးစွာ ပြန်ပြောလိုက်သည်။ "မင်းပြောတာ မှန်တယ်။ ငါက ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနမှာ ပါမောက္ခဖြစ်နေပြီ!"

ဘဏ္ဍာရေးနှင့်စီးပွားရေးဌာန။

သိုက်ရှုဖန်၏ မျက်လုံးများ တောက်ပလာသည်။ သူမက သာ့ချောင်ကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး " ပြီးပြည့်စုံတာပဲ။ ဒါက ကျွန်မရဲ့ ရင်းနှီးတဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက်ပါ။ ဒီနှစ် ရှင့်ရဲ့ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာနကို လျှောက်ထားခဲ့တာ။ ဖြစ်နိုင်ရင် သူ့ကို အနာဂတ်မှာ ဂရုစိုက်ပေးပါ။ သာ့ချောင် မင်းပါ‌မောက္ခကို အမြန်နှုတ်ဆက်လိုက်"

သာ့ချောင် - "မင်္ဂလာပါ ပါမောက္ခကျုံး။ ကျွန်မနာမည်က ချောင်နျန်နျန်ပါ။ ကျွန်မ ကျောင်းသားသစ်ပါ။"

ချောင်နျန်နျန်?

ကျုံးခမ်းသိသည် နာမည်ကိုကြားသောအခါ မျက်ခုံးပင့်ကာ "မင်းကို။ ချောင်နျန်နျန်။ ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ထိပ်တန်းကျောင်းသား။ မင်း ဒီလောက်လှတဲ့ ကလေးမလေးဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး!"

ဘဏ္ဍာရေးဌာနရှိ ဝံပုလွေ(အထီး) ကျောင်းသားဂိုဏ်းသည် ဆူပွက်လာမည်ဟု ခန့်မှန်းရသည်။

တစ်ဖက်လူက သာ့ချောင်ကို ချီးကျူးတာကိုတွေ့တော့ သိုက်ရှုဖန်က ဂုဏ်ယူစွာနှင့် "ကျွန်မတို့ရဲ့ သာ့ချောင်က ဉာဏ်ကောင်းရုံတင်မကဘဲ လှလည်းလှတယ်။ အရေးအကြီးဆုံးကတော့ သူက ကြင်နာတတ်ပြီး သဘောကောင်းတယ်။"

သိုက်ရှုဖန်၏ အမြင်အရ သာ့ချောင်သည် အရာရာတိုင်းတွင် ပြီးပြည့်စုံသည်။

ကျုံးခမ်းသိသည် သူ့ဘေးနားရှိ မိန်းကလေးက ချီးကျူးခံရဝာာကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ပါးစပ်ထောင့်က အနည်းငယ် တက်သွားသည်။ "မင်းရဲ့ အကျင့်က အရင်အတိုင်းပဲ။ မင်းက လူတစ်ယောက်ကို လူကောင်းလို့ ထင်နေသရွေ့ သူတို့ဆီ လောကမှာ အကောင်းဆုံးအရာတွေ ယူဆောင်လာဖို့ မင်းမစောင့်နိုင်ဘူး။"

ဟိုတုန်းကလည်း ဒီလိုပါပဲ။ သူမသည် ဟော်ကျန့်ချန်ကို ချစ်မိသွားပြီး သူသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးလူသားဟု ထင်ခဲ့သည်။ တခြားသူတွေ ရှိနေတာကို သူမမျက်လုံးထဲမှာ မမြင်နိုင်တော့ဘူး။

ငယ်ငယ်ကတည်းက သူမနောက်ကို လိုက်ခဲ့တဲ့ သူ့ကိုတောင် မမြင်တော့ဘူး။

သိုက်ရှုဖန်သည် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာပေါ်မှ အပြုံးသည် အနည်းငယ် တွန့်ဆုတ်သွားပြီး "ငါတို့ စားဖို့နဲ့ သွားဝယ်စရာတွေ ကျန်သေးတယ်။ ငါတို့ နောက်အချိန်ရမှ စကားပြောကြရအောင်"

ကျုံးခမ်းသိသည် ထိုတုံ့ပြန်မှုကို ကြားသောအခါ သူပြောခဲ့သောစကားကို ချက်ချင်းနောင်တရသွားသည်။

သို့သော် လူများစွာရှိနေသဖြင့် သူ့အတွက် ရှင်းပြဖို့ ခက်ခဲခဲ့သည်။

သူက အတင်းပြုံးပြပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ နောက်မှ အချိန်ရရင် ဆက်သွယ်လိုက်မယ်"

သာ့ချောင်သည် ရုတ်တရက် အနည်းငယ်ထူးဆန်းသော လေထုကို တွေ့လိုက်ရသည်။

သူမသည် အန်တီဖန်နှင့် ပါမောက္ခ‌ကျုံးကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်မှာ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့သည်ဟု သူမ ခံစားမိသည်။

ဒါပေမယ့် သူမ မမေးရဲခဲ့ပေ။

သာ့ချောင်နှင့်အဖွဲ့ ထွက်ခွာသွားစဉ် ကျုံးခမ်သိသည် တစ်ချိန်က အလွန်ရင်းနှီးခဲ့သော နောက်ကျောကို စိုက်ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချခဲ့သည်။

စောစောသာ ဝန်ခံခဲ့မယ်ဆိုရင် ရလဒ်က ကွာခြားခဲ့မှာလား?

ထမင်းစားသွားရာလမ်းတွင် သာ့ချောင်က ကိုင်းလိုက်ပြီ အသံတိုးတိုးလေးနဲ့ "အစ်ကိုဟော်ချီ၊ အန်တီဖန်ကို ပါမောက္ခကျုံးရဲ့ အကြည့်က နည်းနည်းခြားနားတာကို သတိထားမိလား?"

All Chapters