← Chapters

အခန်း (၂၅၈)

Vol. 20 Ch. 258

အခန်း (၂၅၈)

Vol. 20 Ch. 258

ဒါကိုကြားတော့ ဟော်ချီက သူမကို ထူးဆန်းတဲ့အကြည့်နဲ့ "မင်း ဒီလို အတင်း ပြောခဲတယ်နော်"

သာ့ချောင်က သူမလက်ကို ဆန့်ထုတ်ပြီး သူ့အား ရိုက်လိုက်သည်။ "အန်တီဖန်က တခြားသူ မဟုတ်ဘူး။ တခြားသူဆိုရင် ငါ ဒီလို အတင်းပြောမှာ မဟုတ်ဘူး!"

သူ့ခန္ဓာကိုယ်ပေါ် နူးညံ့သိမ်မွေ့သော သူမ၏ လက်သီးလေးကို ခံစားလိုက်ရသောအခါတွင် ဟော်ချီသည် သူ့တစ်ကိုယ်လုံး ပျော့ခွေသွားတော့မည်ဟု ခံစားလိုက်ရသည်။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အမေက တခြားသူတော့ မဟုတ်ပါဘူး။ သူက အနာဂတ်မှာ မင်းယောက္ခမ ဖြစ်လာမှာလေ!"

သာ့ချောင်သည် မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်ပြီး ဘာမှမပြောပေ။

ဟော်ချီသည် သူမရဲ့မက်မွန်သီးကဲ့သို့ နီရဲနေသော မျက်နှာလေးကို ကြည့်လိုက်ပြီး သူ့နှလုံးသားက ယားယံလာခဲ့သည်။

သူက လက်ကို ဆန့်ထုတ်ပြီး သူမရဲ့ပါးချိုင့်ကို ပုတ်လိုက်ပြီး "တကယ် သိချင်ရင် မင်းပြန်လာရင် အဘိုးကို ငါမေးပေးမယ်"

သာ့ချောင်ကလည်း တကယ်စိတ်မဆိုးပါပေ။ သူမက အန်တီဖန်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒါဆို အစ်ကို အန်တီဖန် အဆင်မပြေဖြစ်မှာစိုးလို့ အန်တီဖန်ကို မသိစေနဲ့နော်"

သူမ၏ ထူထဲသော မျက်တောင်များသည် မှိတ်လိုက်ဖွင့်လိုက်နဲ့ တောက်ပြောင်နေသည်။ သူ့နှလုံးသားကို လှုပ်ခပ်သွားသလို ခံစားရသည်။

ဟော်ချီ၏ နားရွက်များ နီရဲသွားသည်။ "စိတ်မပူပါနဲ့ ငါ့အမေ မသိစေရပါဘူး။ ဒါက ငါတို့ရဲ့ လျှို့ဝှက်ချက်ပဲ"

လူငယ်စုံတွဲက တိုးတိုးလေး ပြောနေတော့ သိုက်ရှုဖန်က အနည်းငယ် မှင်တက်သွားသည်။

ကျုံးခမ်းသိကို ဒီမှာတွေ့ဖို့ သူမ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။ အခု သူမတွက်ကြည့်လိုက်တော့ သူတို့နှစ်ယောက် မတွေ့တာ ၁၈နှစ်တောင် ရှိပြီဖြစ်သည်။

ထိုအချိန်က သူတို့နှစ်ဦးသည် အိမ်နီးချင်းများဖြစ်သည်။ သူမနှင့် ကျုံးခမ်းသိတို့သည် အတူတူ ကြီးပြင်းခဲ့သည်။ ကျုံးခမ်သိက သူမကို သဘောကျတာကို သူမ သိသည်။

သူမသည် သူနှင့် ရင်းနှီးလွန်းသောကြောင့် သူ့ကို အကိုကြီးနှင့် သူငယ်ချင်းကောင်းဟုသာ မှတ်ယူခဲ့သည်။ သူ့ကို ချစ်သူအဖြစ် သတ်မှတ်လို့ မရခဲ့ဘူး။

လက်ထပ်ပြီး ကလေးယူတာက အရမ်းထူးဆန်းတယ်လို့ သူမအမြဲတမ်း ခံစားခဲ့ရသည်။ ထို့အပြင် သူသည် ထိုအချိန်က သူမအား စိတ်အားထက်သန်စွာ လိုက်ခဲ့ခြင်းမရှိပေ။

သူက သူမကို ကြိုက်တယ်လို့ ပြောပေမယ့် နောက်ပြောင်သလိုပဲ ပြောခဲ့သည်။ သူတို့နှစ်ယောက်လုံးက ဒါကို အလေးအနက် မထားခဲ့ပေ။

သူမသည် ဟော်ကျန့်ချန်နဲ့တွေ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ ထို့ကြောင့် တစ်ဖက်သားက သူမကို လိုက်လာသောအခါတွင် သူမသည် များစွာတွေးတောမနေဘဲ သဘောတူလိုက်သည်။

ဟော်မိသားစု၏ မိသားစုနောက်ခံသည် သူမမိသားစုထက် သာလွန်သည်။ သူမသည် ဟော်ကျန့်ချန်နဲ့ တွဲနေကြောင်းသိသောအခါ သူမမိသားစုသည် အလွန်ထောက်ခံအားပေးခဲ့ကြသည်။

အချိန်အခါကောင်း၊ အသွားအလာ အဆင်ပြေပြီး အချင်းချင်း ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ခဲ့ကြသည်။ သူမနှင့် ဟော်ကျန့်ချန်တို့သည် ဆုံပြီးကတည်းက ချောမောစွာ လက်တွဲလာခဲ့ကြသည်။ မတော်တဆမှုသာမရှိခဲ့ရင် သူတို့နှစ်ယောက် အတူတူအသက်ကြီးလာနိုင်တယ်လို့ ခန့်မှန်းရသည်။

ဟော်ကျန့်ချနန်သည် ထိုမိသားစုနှင့်အတူ မြို့တော်မှ ထွက်ခွာခဲ့ပြီးကတည်းက သူမသည် သူ့အကြောင်းကို အကြာကြီး မတွေးခဲ့မိပေ။

ဒီနေ့ ကျုံးခမ်းသိကို တွေ့လိုက်ရတော့ သူမသည် အတိတ်ကို သတိရသွားခဲ့သည်။

ရုတ်​တရက်​ သူမစိတ်​ဓာတ်​​တွေ အဆင်မ‌ပြေဖြစ်သွားခဲ့သည်။

သာ့ချောင်က ဟော်ချီကို နောက်မှာထားခဲ့ပြီး အန်တီဖန်ရဲ့ လက်မောင်းကို သူမလက်နဲ့ ချိတ်ဖို့ လျှောက်လာကာ နူးညံ့စွာ ပြောလိုက်သည်။ "အန်တီဖန်၊ အရမ်းထူးခြားတဲ့ ဒီဇိုင်းနဲ့ ၀တ်စုံကို ပြီးခဲ့တဲ့ တစ်ခေါက်က တွေ့ခဲ့တယ်။ မျက်လုံးထဲ သက်တောင့်သက်သာနဲ့ အရောင်ကောင်းတယ်။ ကြော့ရှင်းပြီး စတိုင်လ်ကျတယ်။ သမီးက ဒီစကတ်ကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ အန်တီဖန်ကို တွေးမိသွားတာ။ အန်တီဖန် ဝတ်လိုက်ရင် ကြည့်ကောင်းမှာ သေချာတယ်။"

သိုက်ရှုဖန်သည် ကလေးက သူမကို နှစ်သိမ့်ဖို့ကြိုးစားနေတာကြောင့် သူမရင်ထဲမှာ နွေးထွေးသွားသလို ခံစားရသည်။ "အရမ်းကြည့်ကောင်းတယ်ဆိုတော့ ငါတို့ မြန်မြန် သွားဝယ်ရင် ဘယ်လိုလဲ?"

သာ့ချောင်က ခေါင်းခါလိုက်ပြီး "အန်တီဖန်က ပိုက်ဆံပေးစရာ မလိုပါဘူး။ မွေးနေ့လက်ဆောင်အဖြစ် အန်တီဖန်အတွက် သမီး ဝယ်လိုက်မယ်!"

တကယ်တော့ အဝတ်အစားဆိုတာ လုံးဝမရှိခဲ့ပါဘူး။ သူမသည် အန်တီဖန်၏ အာရုံကို ပြောင်းစေရန်နှင့် သူမအား အတိတ်တွင် နှစ်မြုပ်မနေစေရန် ဤစကားကို ပြောခဲ့တာ ဖြစ်သည်။

သို့သော် အန်တီဖန်၏ မွေးနေ့သည် နောက်လဖြစ်သည်။ သူမသည် သူမအတွက် ၀တ်စုံဒီဇိုင်းဆွဲရန် စီစဉ်ခဲ့သည်။

သိုက်ရှုဖန်သည် သူမက အနည်းငယ် ချမ်းသာသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိထားသောကြောင့် ထိုငွေအနည်းငယ်အတွက် သူမ မပြောချင်တော့ပါ။ သူမက နှုတ်ခမ်းကို ကွေးကာ ပြုံးလိုက်ပြီး "ဒါဆို အန်တီဖန်က မင်းလက်ဆောင်ကို စောင့်နေမယ်!"

သာ့ချောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ညစာစားပြီးနောက် လူတိုင်းသည် လိုအပ်သော ပစ္စည်းများကို ဝယ်ရန် စတိုးဆိုင်သို့ သွားကြသည်။

သိုက်ရှုဖန်သည် ငွေပေးရန် အပြေးအလွှား လုပ်ဆောင်နေပြီး ချောင်မိသားစုအား တစ်ပြားတစ်ချပ်မှ မပေးချေစေခဲ့ပါ။

သူမစကားအရ သူမရဲ့အနာဂတ်ချွေးမက ဝယ်ပြီး ဟော်မိသားစုက အဲဒီအတွက် ပေးရမည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က သူမကို မဆန့်ကျင်နိုင်သောကြောင့် လက်လျှော့လိုက်ကြသည်။

နှစ်တွေကြာလာတာနဲ့အမျှ ချောင်မိသားစုနဲ့ ဟော်မိသားစုကြားက ဆက်ဆံရေးဟာ နီးနီးကပ်ကပ်ဖြစ်လာပြီး အချင်းချင်း ခွဲလို့မရလုနီးပါး ဖြစ်သွားသည်။ ဒီပိုက်ဆံလေးတွေနဲ့ ပတ်သက်ပြီး သိပ်စိတ်ထဲ မထားကြပါဘူး။

သိုက်ရှုဖန်သည် သာ့ချောင်အတွက် ဝယ်ခဲ့သော အရာများသည် အကောင်းဆုံးနှင့် ထိပ်တန်းအရည်အသွေးဖြစ်သည်။

စျေးဝယ်ပြီးနောက် တင်းကြပ်ကာ ရှည်လျားသော ၀တ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ဗိုက်ပူပူဖြင့် အမျိုးသားတစ်ဦးနှင့် လက်မောင်းကို ချိတ်လျက် သူတို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ယောက်ျားကို မသိကြသော်လည်း လူတိုင်းက ထိုအမျိုးသမီးကို သိကြသည်။ အဲဒီလူက တကျီပင်။

လွန်ခဲ့တဲ့ငါးနှစ်က သာ့ချောင်နဲ့ ဟော်ချီတို့ဟာ ဆရာကောလိပ်က သူမရဲ့ဝမ်းကွဲအစ်မဆီကို အလည်အပတ်သွားတုန်း ကျောင်းဝင်းထဲမှာ သူမကို ဝင်တိုက်မိခဲ့ကြသည်။ ဟော်ချီသည် သူမ၏ ကောင်းသော အပြုအမူကို ဖျက်ဆီးခဲ့သည်။

နောက်ပိုင်းတွင် သူမသည် ရူးကြောင်ကြောင် ကောရှန်ကို မဆက်သွယ်ခဲ့ကြောင်း ကြားသိရသည်။ ရူးကြောင်ကြောင် ကော်ရှန်သည် ယခင်က သူမကိုရှာဖွေရန် မြို့သို့လာရန် ငွေစုချင်ခဲ့သည်။ ဒါပေမယ့် သူကိုယ်တိုင်ပဲ ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့ရသည်။ ငွေကို ဘယ်တော့မှ မစုဆောင်းနိုင်ခဲ့ပေ။

ချောင်မိသားစု မြို့တော်ကို မရောက်ခင်မှာ ကော်ရှန်က အရှုံးမပေးသေးဘဲ တကျီကို တွေ့ရဖို့ ဘာပဲလုပ်ရလုပ်ရဟု တောင်းဆိုရန် ချောင်မိသားစုဆီကို လာခဲ့သည်။

ချောင်မိသားစုသည် ထိုအချိန်တွင် သူဘယ်လောက်တောင် သနားစရာကောင်းသည်ကို မြင်လိုက်ရသောကြောင့် သူတို့သည် သဘောတူလိုက်ရသည်။

သို့သော် ထိုအချိန်တွင် မြို့တော်သည် ကြီးမားလှပြီး သူတို့သည် သူမကိုတွေ့ရန် ဘယ်လိုလုပ် လွယ်လွယ်ကူကူ ရှာဖွေနိုင်မှာလဲလို့ တွေးခဲ့သည်။ မထင်မှတ်ပဲ ကြုံခဲ့သည်!

လွန်ခဲ့သည့် ငါးနှစ်ကနှင့် နှိုင်းယှဉ်ပါက တကျီသည် အလွန်ပိန်ပြီး အထူးသဖြင့် အရှေ့ဘက်ရှိ ယုန်နှစ်ကောင်က ဘယ်လောက်တောင် အညှစ်ခံထားရသည်ကို မသိပေ။ သူမ လှည့်ပတ်သွားတဲ့အခါ အဝတ်အစားတွေကနေ အချိန်မရွေး ကျွတ်ကျသွားမှာကို စိုးရိမ်ရသည်။

တကျီသည် အသက်သုံးဆယ်သာရှိသေးသည်။ ဒါပေမယ့် သူမဘေးနားက ယောက်ျားက သူမထက် အသက်နည်းနည်းကြီးပုံရသည်။ တစ်ဖက်လူက ဒီအရွယ်ဆိုတော့ အိမ်ထောင်ရှိရမည်။

တကျီသည် ချောင်မိသားစုကို မြင်သောအခါ သူမ၏ မျက်လုံးများမှ မီးတောက်နှစ်ခု ထွက်ပေါ်လာသည်။

ချောင်ကျန်းကော်က သူမကို ရွေးဖို့ မငြင်းဆန်ခဲ့ဘူးဆိုရင် သူမက ရူးကြောင်ကြောင် ကော်ရှန်ကို သူမအလုပ်အတွက် ကူညီခိုင်းခဲ့မှာ မဟုတ်ဘူး။ သူမကို ထိုခွေးက လက်ထပ်ရန် အတင်းအကျပ် ခိုင်းစေခဲ့သည် မဟုတ်လား?

သူမသည် အိမ်ထောင်မပြုခဲ့ရင် သူမရဲ့ပုံစံက ပျက်စီးသွားမှာ မဟုတ်ပေ။ ထို့နောက် တက္ကသိုလ်တက်သောအခါတွင် ပိုမိုကောင်းမွန်သော ယောက်ျားကို သူမသည် ရှာတွေ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒါတွေက ချောင်မိသားစုရဲ့ အမှားပင်။

ဒါပေမယ့် သူမ ဒေါသမထွက်ခင် သာ့‌ချောင်အနားမှာ ရပ်နေတဲ့ ဟော်ချီကို တွေ့လိုက်သည်။ သူမသည် ရပ်တန့်သွားပြီး တစ်ဖက်လူက ဘယ်သူလဲဆိုတာ အမြန်မှတ်မိသွားခဲ့သည်!

ခွေးကိစ္စ!

ဒီကောင်ကို ချောင်မိသားစုက သိတာပေါ့။ သူမပြောနေတာက သူမ ကောလိပ်တက်တုန်းက တစ်ယောက်ယောက်သည် သူမရဲ့ကိုယ်ရေးစာအုပ်ထဲက သူမရဲ့အထောက်အထားကို ဘယ်လိုလုပ် ဖော်ထုတ်နိုင်မှာလဲ? ဒါက ချောင်မိသားစု လုပ်ခဲ့တာပဲ။

လွန်ခဲ့တဲ့ငါးနှစ်က သူမအစီအစဉ်ကို ပျက်ပြားစေခဲ့တဲ့ ဒီကောင်လေးကြောင့်သာ မဟုတ်ရင် သူမဟာ လင်မင်ချန်းနဲ့ လက်ထပ်ပြီးဖြစ်မည်။ ပြီးရင် ဘယ်လိုတွေများဖြစ်မလဲ!

သူမ၏ အထောက်အထားကို ဖော်ထုတ်ခဲ့ပြီး အမည်မသိသူ တစ်စုံတစ်ဦးထံမှ ပျံ့နှံ့ခဲ့သည်။ သူမက ခင်ပွန်းနှင့် သားသမီးများကို စွန့်ပစ်ခဲ့သည်ဆိုပြီး ပြောခဲ့သည်။ သူမ၏ ခံယူချက်နှင့် အကျင့်စာရိတ္တမှာ ပြဿနာများ ရှိသည့်အတွက် ကျောင်းက သေသေချာချာကို သိရှိသွားခဲ့ပြီး သူမကို ကျောင်းထွက်စေချင်ခဲ့သည်။

သူမသည် ကျောင်းမထွက်ခဲ့ပေမယ့် အတန်းဖော်တွေက သူမအား ပစ်ပယ်ထားတာကို ခံခဲ့ရသည်။ ဒါကြောင့် သူမသည် ကောင်းသောယောက်ျားကို ရှာမတွေ့တော့ချေ။

သူတို့က သူမကို ဒီလိုလုပ်ခဲ့တာ!

တကျီသည် ချောင်မိသားစုနှင့် ဟော်ချီတို့ကို အပိုင်းပိုင်းဖြတ်ဝောာက်လိုသော စူးရှသော မျက်လုံးများဖြင့် သူတို့အား ကြည့်လိုက်သည်။

သူမဘေးနားကလူကို လှည့်ကြည့်လိုက်ပြီး "အစ်ကိုကြီးကျီ၊ ကျွန်မ အသိတွေကို တွေ့တယ်။ ကျွန်မ သူတို့ကို နှုတ်ဆက်ဖို့ သွားလိုက်ဦးမယ်နော်။ မကြာခင်ပြန်လာခဲ့မယ်"

ယောက်ျားက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမ၏ ခါးကို ညှစ်လိုက်သည်။ "သွား၊ ဒါပေမယ့် မြန်မြန်သွား။ ငါ့ကို အရမ်းမစောင့်ရစေနဲ့!"

တကျီက တခစ်ခစ်ရယ်ပြီး သဘောတူလိုက်သည်။

ယနေ့ခေတ်တွင် လူအများစုသည် ရှေးရိုးဆန်ဆဲဖြစ်သည်။ သူတို့နှစ်ဦးကို လူမြင်ကွင်းမှာ ဒီလိုထုတ်ဖော်ပြသတာက အထင်အမြင်သေးစရာဖြစ်ခဲ့သည်။

ဒါပေမယ့် အခုက အရင်ကနဲ့ မတူတော့ဘူး။ လွန်ခဲ့သည့် ဆယ်နှစ်ကဆိုလျှင် သူတို့သည် ထိုအပြုအမူအတွက် သေချာပေါက် ဖမ်းဆီးခံရလိမ့်မည်။

တကျီက သူမကို တခြားသူတွေ ဘယ်လိုထင်လဲ ဂရုမစိုက်ဘူး..…

ဒီလူက နည်းနည်းရုပ်ဆိုးပုံရပြီး အသက်နည်းနည်းကြီးပေမယ့် ချမ်းသာပြီး သူမကို ပိုက်ဆံပေးချင်စိတ်ရှိသည်။

သူမခါးကိုလှုပ်ခါပြီး ချောင်မိသားစုထံ ရောက်လာသည်။ သူမက အံကြိတ်ရင်း ပြောလိုက်သည်။ "စောက်ကောင်လေး၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ငါ့ရဲ့ အစီအစဉ်ကို မင်းဖျက်ဆီးခဲ့တယ်။ မင်းကို ငါသတိပေးလိုက်မယ်၊ မင်း ငါ့ကို ပိုက်ဆံနဲ့ လျော်ကြေးပေးရင် ပိုကောင်းမယ်။ မဟုတ်ရင်တော့ မင်းကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်!"

ချောင်မိသားစုနှင့် ဟော်မိသားစုသည် သူမက သူမ၏ သွားများနှင့် ခြေသည်းများအား ပြသနေသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့သည် ရယ်မောလုနီးပါး ဖြစ်သွားသည်။

‌

ဟော်ချီက အေးစက်စက်နဲ့ "အန်တီ၊ မင်းက ဘယ်လို ဒုက္ခရောက်အောင် လုပ်မှာလဲ?"

ဟော်ချီ၏ ရှက်တာနှင့် တွေဝေတာသည် သာ့ချောင်အတွက်သာ ဖြစ်သည်။ သူသည် အခြားသူများရှေ့တွင် အမြဲတမ်း လျစ်လျူရှုသည့် ပုံစံဖြစ်သည်။

သူက သူမအား အန်တီလို့ခေါ်တာကို ကြားတော့ တကျီရဲ့ မျက်နှာက ဒေါသကြောင့် တွန့်လိမ်ပြီး "ကောင်စုတ်၊ မင်း ငါ့ယောက်ျားကို မြင်လား? သူက ပညာရေးဌာနရဲ့ ဒါရိုက်တာ။ မင်းငါ့ကို စော်ကားခဲ့တာကို ငါပြောလိုက်ရင် မင်း အနာဂတ်မှာ ဘွဲ့ရဖို့ မေ့လိုက်တော့!"

ဒီတစ်ခါမှာတော့ ချောင်မိသားစုနဲ့ ဟော်မိသားစုသည် ရယ်ကြသည်။

ဟော်ချီသည် ထိုလူနှင့် သူ့၏ ပါးလွှာသော နှုတ်ခမ်းကို ကြည့်လိုက်သည်။ "အဲဒါဆိုရင် သူ့ကိုပြောလိုက်ပါ။ သူက ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းနဲ့ ဖုံးနိုင်မလားဆိုတာ ငါကြည့်ချင်တယ်!"

သူမကို ကဲ့ရဲ့လှောင်ပြောင်နေကြတာကိုမြင်တော့ တကျီက ဒေါသကြောင့် ပါးစပ်တွေ တွန့်လိမ်သွားပြီး "ကောင်းပြီ၊ စောင့်နေ!"

စကားပြောပြီးနောက် သူမလှည့်ထွက်သွားသော်လည်း ချောင်ရှို့ကျီက တားလိုက်သည်။

တကျီက သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး "ဘာဖြစ်တာလဲ? ရှင်က ကြောက်နေတာလား?"

ချောင်ရှို့ကျီ - "ငါ့လက်သီးတွေက တောဝက်တွေကိုတောင် မကြောက်ဘူး။ မင်းကို ဘယ်လိုလုပ် ကြောက်မှာလဲ!"

တကျီက သူမတောဝက်ကို လက်သီးတစ်ချက်နဲ့ ရိုက်တဲ့ အဖြစ်အပျက်ကို သတိရပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ "ဒါဆို ရှင်ဘာပြောမလို့လဲ?"

ချောင်ရှို့ကျီသည် သူမအား ရွံရှာသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး " ကော်ရှန်နဲ့ ကလေးနှစ်ယောက်က မင်းပြန်လာဖို့ စောင့်နေတုန်းပဲ။ မင်းမှာ အသိစိတ်ရှိတယ်ဆိုရင် သူတို့ကို မင်းပြန်သွားကြည့်သင့်တယ်။ မင်းခွဲနေချင်တယ်ဆိုလည်း ရှင်းရှင်း​လေးပဲ ​ပြောသင့်​တယ်​။ ဒီလိုမျိုး သူတို့ကို မစွန့်ပစ်နဲ့!"

တကျီက ပြတ်ပြတ်သားသား ပြန်ပြောခဲ့သည်။ "အရင်ကတည်းက ကျွန်မ ရှင်းရှင်းလင်းလင်း မပြောခဲ့လို့လား? သူ့ကို သတ်ပစ်ဖို့ ပြောလိုက်။ ငါ တကျီက သူနဲ့ပြန်နေရတာထက် သူတောင်းစားနဲ့ လက်ထပ်တာက ပိုကောင်းတယ်!

သူမပြောပြီးတာနဲ့ သူမသည် နောက်ပြန်လှည့် မကြည့်တော့ပေ။

သူမသည် ထိုလူဆီသို့ လျှောက်သွားသောအခါတွင် သူမသည် အပေါ်ကို မော့ကာ သူ့နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။ သူမ ဘာပြောမှန်းမသိပေ။

ထိုလူက ခေါင်းကို လှည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် စူးရှသော အရိပ်တစ်ခု ပေါ်လာသည်။

သူတို့ ထွက်သွားတာကို ကြည့်လိုက်တော့ ချောင်မိသားစုနဲ့ ဟော်မိသားစု နှစ်ခုလုံးက လက်တစ်ဆုပ်စာ ယင်ကောင်တွေကို အစာကျွေးရသလို ရွံရှာသွားကြသည်။

တကျီ ပြန်သွားသည်ဖြစ်စေ၊ မပြန်သည်ဖြစ်စေ ၎င်းသည် သူတို့ ထိန်းချုပ်နိုင်သည့် အရာမဟုတ်ပေ။ သူတို့လည်း မလုပ်ချင်ပါဘူး။

သာ့ချောင်နှင့် ဟော်ချီကို ကောလိပ်သို့ ပြန်ပို့ပြီးနောက် သာ့ချောင်က လူကြီးသုံးယောက်ကို သူတို့အား အထဲထိလိုက်ပို့ရန် မလိုကြောင်း ပြောကြားခဲ့သည်။

သူတို့သည် သူတို့နှင့်အတူ တစ်ရက်မျှ ပင်ပန်းနွမ်းနယ်နေလိမ့်မည်။ သူမမှာရှိတဲ့ အရာအားလုံးကို သူမဘာသာ ကိုင်တွယ်နိုင်သည်။

ချောင်ရှို့ကျီနှင့် အခြားသူများက သူတို့ကို ပိတ်ရက်မှာ ပြန်လာဖို့ မတောင်းဆိုခဲ့ပေ။

သိုက်ရှုဖန်က သူ့သားကို ဆွဲထုတ်ပြီး သာ့ချောင်ကို ကောင်းကောင်း ဂရုစိုက်ပါလို့ တိုးတိုးလေး ပြောခဲ့သည်။

လမ်းမှာ ထိုကောင်လေးတွေရဲ့ မျက်လုံးတွေက သာ့ချောင်ကို ကပ်ဖို့ မစောင့်နိုင်တော့ဘူး။

ဟူး၊ သာ့ချောင်က အရမ်းလှသည်။

ဟော်ချီက သူ့အမေက သူ့အား ဘေးကိုဆွဲခေါ်ပြီး ဒါကိုပြောဖို့ မမျှော်လင့်ထားဘူး။

သူ့အမေ့မျက်လုံးထဲမှာ သူက သိပ်အသုံးမကျဘူးလား?

သူ့ရဲ့ကောင်မလေးကိုတောင် မစောင့်ကြည့်နိုင်ဘူးလား?

အဆုံးမှာတော့ သာ့ချောင်ကို သေချာကြည့်မယ်လို့ သူ့အမေက ကတိပေးခဲ့သည်။ သူမအား ချဉ်းကပ်လိုသော ယောက်ျားများကို သူသည် တစ်စစီလုပ်ပစ်မည်။ သူက ခြင်အထီးကဲ့သို့ပင်။

သူ့စကားကြားတော့ သိုက်ရှုဖန်က ယုံကြည်မှုအပြည့်နဲ့ ထွက်သွားခဲ့သည်။

မိန်းကလေး အိပ်ဆောင်ဖြစ်သောကြောင့် လူများသည် ပေါ့ပေါ့ဆဆ မတက်ရဲကြပေ။ အထူးသဖြင့် ယောက်ျားလေးများ။ ဟော်ချီက အရင်က ဒီကို တစ်ခါသာ ရောက်ဖူးသည်။ ဒီတစ်ခါတော့ တံခါးစောင့်အဒေါ်က သူ့ကို ဝင်ခွင့်မပေးခဲ့ပေ။

သူသည် လက်လျှော့ခဲ့ရသည်။

သာ့ချောင်က သူ့ကို နှုတ်ဆက်ပြီးတဲ့ နောက်မှာတော့ သူမရဲ့ ပစ္စည်းတွေနဲ့ အိပ်ဆောင်ကို ပြန်လာခဲ့သည်။

All Chapters