← Chapters

အခြေခံအချက်ကို ဖောက်ဖျက်ခြင်း

Vol. 6 Ch. 70

အခြေခံအချက်ကို ဖောက်ဖျက်ခြင်း

Vol. 6 Ch. 70

“ဘာလဲကွာ…ဒီပွဲကိုလာတုန်းက ပျော်ရွှင်နေတဲ့ ခံစားချက်တွေက ဒီဘာမဟုတ်တဲ့ကောင်ကြောင့် ပျော်နေတဲ့ အပျော်တွေတောင် ဘယ်ပျောက်သွားလဲမသိ”

ဖန့်ကြွယ်ယွီက ကားဂိုဒေါင်ထဲမှာ ကားကိုရပ်လိုက်သည်။ သူ့ကားပေါ်က ခြစ်ရာကို တွေ့မိပြီး စိတ်ထဲမသက်မသာဖြစ်ရသည်။ သူ့ကားမှာ ခြစ်ရာဖြစ်မည့်အစား သူသာ ဒဏ်ရာရလိုက်ချင်တော့သည်။

“သခင်လေး ကားကိုဖျက်စီးလိုက်နိုင်တာအပေါ် အရမ်းကို ပျော်ရွှင်နေတဲ့ပုံပဲ” ဟု ကျွမ်းရီက စနောက်သည်။ ချန်ချောင်း၏ ရိုင်းစိုင်းသော အပြုအမူများကို မြင်တွေ့ရသောအခါ ဖန့်ကြွယ်ယွီ၏ အမူအရာပြောင်းလဲသွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။

“စိတ်ထဲတော့ ကျေနပ်သွားတာပဲ။ ဒါပေမဲ့ နောက်ပိုင်းပြသနာဖြစ်လာမှာတော့ စိုးရိမ်မိတယ်” ထို သူဌေးသားက သူ၏ကား ပြင်းပြင်းထန်ထန် ပျက်စီးသွားမှုအပေါ် ငြိမ်ခံနေလိမ့်မည်ဟု သူမထင်ပေ။

“သခင်လေး ကြောက်နေတာလား”

“ကြောက်တယ် ဟုတ်လား။ ဝေးပါသေးတယ်” ထိုကောင်မျိုးက ပြသနာရှာပါကလည်း ဖြေရှင်းနိုင်မည့် ငွေအင်အားနှင့် ပါဝါ သူ့မှာအပြည့်ရှိသည်။

ဤဟိုတယ်တစ်ခုလုံးကို သူက ပိုင်ဆိုင်သည်။ ဟိုတယ်လုံခြုံရေးများကလည်း ဒီတိုင်းရှိနေကြတာလား။ သူ့ဆီကို လုံခြုံရေးအများကြီး တစ်ပြိုင်တည်းရောက်လာလျှင်တောင်မှ မစိုးရိမ်ပေ။

“ဟေး ဖန့်ကြွယ်ယွီ ငါဒီမှာ” ဝမ်ချုံးက ဟိုတယ်မှာရောက်နှင့်နေပြီးဖြစ်သည်။

“ခင်ဗျားက အစောကြီးရောက်နေတာပဲ”ဖန့်ကြွယ်ယွီက သူ၏ ရင်အုပ်ကို ဖွဖွလေးထိုးသည်။

ဝမ်ချုံးက သူ့ရင်ဘတ်ကို ပွတ်ရင်း” မနေ့ကတည်းက ငါရောက်နေတာကွ” ဟု ဆိုသည်။

သူ၏ခပ်ဖွဖွ လက်သီးထိုးချက်က ပြင်းထန်လှသည်ဟု ဝမ်ချုံးမြင်မိသည်။

“ဒီအလှလေးက ဘယ်သူများလဲ”

“ဒါက ငါ့လက်ထောက်ပါ။ ကျွမ်းရီလို့ခေါ်ပါတယ်။ အရင်တစ်ခေါက်တုန်းက လုပ်စရာလေးတွေရှိနေလို့ သူမပါခဲ့တာ။ ဒီနေ့မှာ ဒီပွဲကလည်း ငါနဲ့လည်းစိမ်းနေတာကတစ်ကြောင်း၊ ပြီးတော့ ငါ့ကိုကူညီဖို့ တစ်ယောက်ယောက်ရှိဖို့လည်းလိုတာမို့ ခေါ်လာခဲ့တာ”

“ဝိုး အရမ်းမိုက်တဲ့ အမျိုးသမီးလက်ထောက်ကိုရအောင်ရှာနိုင်တာ လေးစားတယ်ကွာ”

ဟု ဝမ်ချုံးက ဆိုသည်။ သူကပင်ဆက်ပြီး ကျွမ်းရီဘက်ကိုလှည့်ကာ “ မစ္စ ကျွမ်းရဲ့ ဒီကနေ့ ဝတ်စုံက အရမ်းလှတာပဲ။ ဒီနေ့ပွဲကိုတက်လာတဲ့ မင်းသမီးတွေနဲ့ တန်းတူလောက်ရှိတယ်”ဟု ချီးမွမ်းပြောဆိုသည်။

“ခုလို ချီးကျူးပြောဆိုတဲ့အတွက် ကျေးဇူးပါမစ္စတာဝမ်” ကျွမ်းရီက ဂုဏ်သရေရှိပွဲအခမ်းအနားများတွင် အဆင်ပြေချောမွေ့စွာ ပြောဆိုပြုမူနေထိုင်တတ်သည်။

“ဒါဆို ငါ့ကုမ္ပဏီကို လာချင်လား။ လစာကောင်းကောင်းပေးမယ်လေ” ဝမ်ချုံးက ဖန့်ကြွယ်ယွီ၏ ရှေ့တွင် ဟန်မဆောင်နိုင်ဘဲ ပြောသည်။

“လုပ်လိုက်စမ်းပါ။ ဝမ်ချုံးရယ်။ မင်းကို ကြွားတာမဟုတ်ဘူးနော်။ မင်းက ငါပေးတာထက်ပိုများတဲ့လစာပေးနိုင်တယ်ဆို ဒီနေ့ပွဲမှာ ဒူးရင်းသီးကို လက်ဗလာနဲ့ ခွဲပြမယ်”ဟု ဖန့်ကြွယ်ယွီက ခပ်မိုက်မိုက်စိန်ခေါ်သည်။

တကယ်တော့ ကျွမ်းရီက သာမန်လစာရနေခြင်းမဟုတ်ပေ။ သူမမှာ ကျွမ်းမိသားစု၏

လုပ်ငန်းစုများမှာလည်း ရှယ်ယာပိုင်ဆိုင်သေးသည်။

“လောင်းကြေးခေါ်တယ်ပေါ့” ဝမ်ချုံးက တွေဝေသွားသည်။ သူက ဖန့်ကြွယ်ယွီ၏ ငွေကြေးအနေအထားကို သိနေတာမို့ သူ၏ လက်ထောက်ကိုခေါ်ယူနိုင်ဖို့ မဖြစ်နိုင်မှန်းသိနေသည်။

“ညီလေးဖန့် အချင်းချင်းပဲကွာ။ မင်းက သူ့ကိုတစ်နှစ်ဘယ်လောက်ပေးတာလဲ” ဝမ်ချုံးကဖန့်ကြွယ်ယွီ၏ နား နားကိုကပ်ပြီး တိုးတိုးလေးပြောသည်။

“သိပ်မများပါဘူး။ ဒေါ်လာတစ်ဘီလီယံလောက်ပါပဲ”

“ဟာ..မင်းက ငါ့ထက် လက်စောင်းထက်လွန်းတယ်” ဝမ်ချုံးတစ်ယောက် ပြောစရာစကားများ ပျောက်ဆုံးကုန်သည်။

သူပိုင်ဆိုင်သမျှ အရာအားလုံးပေါင်းလျှင်တောင်မှ ဒေါ်လာဘီလီယံ ဆယ်နှင့် ချီပြီးမရှိပေ။ ဖန့်ကြွယ်ယွီက နောက်ထပ် အကူများမလိုဘူးလားဟု မေးချင်လာမိသည်။

“ဒါနဲ့ စကားမစပ် မင်းဒီနေ့နောက်ကျတယ်။ ဘာတွေများဖြစ်နေလို့လဲ။ ပြသနာတက်နေတာလား။ ငါလည်း ရယ်မောချင်လို့ ပြောပါဦး”ဟု ဝမ်ချုံးက စနောက်သည်။

“ဘာမှ မဟုတ်ပါဘူးဗျာ။ ငါ ကားပါကင်ထိုးနေတုန်း ဦးနှောက်မရှိတဲ့ကောင်က ငါ့ကားကိုတိုက်လိုက်လို့”

“Sun God ကားလား” ဟု ဝမ်ချုံးက မေးသည်။

“ဟုတ်တယ်”

“အဲ့ကောင်က ငါ့ကိုသာ အဲ့လိုလုပ်ရင် ငါ သူ့ခေါင်းကိုကွဲအောင် ရိုက်ပစ်မယ်” ဝမ်ချုံးက ထိုကားကို မျက်စိကျနေတာကြာပြီ ဖြစ်သည်။

“ငါတော့ သူ့ကိုမသိပါဘူး။ ဒါပေမဲ့ကြည့်ရတာ ဒီကောင်က အနုပညာလောကရဲ့ သူဌေးကြီးတစ်ဦးရဲ့သားဖြစ်မယ်။ အသေးအဖွဲကိစ္စပါကွာ။ ဒါပေမဲ့ ငါသူ့ကို ရိုက်ခွဲပစ်လိုက်တယ်”

“မင်း နောက်ထပ်ကားတစ်စီးကို ဖျက်စီးလိုက်ပြန်ပြီပေါ့” ဟု ဝမ်ချုံးက ပြောကာ အားပါးတရရယ်မောသည်။

“မိုက်တယ်ကွာ”

“ဒါပေမဲ့ မင်းသတိတော့ထားဦး။ “ ဟု သူက သတိပေးသည်။

“ဒီလူတွေဆီမှာ ပိုက်ဆံထက်ပိုတဲ့ အရာတွေရှိတယ်။ အဆက်အသွယ်ကလည်း များတယ်။ အာဏာလည်းရှိသလို လွှမ်းမိုးချုပ်ကိုင်နိုင်တယ်။ သူတို့က မဟုတ်တဲ့နည်းလမ်းတွေသုံးပြီး မင်းကို တိုက်ခိုက်နေဦးမယ်။ ဂရုတစိုက်နေဦး”

“ဟုတ်ပါပြီ။ အဲ့ကောင်က ငချွတ်ပါကွာ။ စိုးရိမ်ဖို့တော့မလိုလောက်ဘူး” ဖန့်ကြွယ်ယွီက သူ၏လက်ဆွဲအိတ်ကို ဝန်ထမ်းကိုပေးလိုက်သည်။

“ငါ့အိတ်ကို အခန်းနံပါတ် ၀၀၁ မှာထားပေးပါ”

“၀၀၁ ဟုတ်လား” ဝမ်ချုံးက သူကြားလိုက်ရသည့် စကားလုံးအပေါ် မယုံနိုင်ပေ။

“ အခန်းနံပါတ် ၀၀၁ ကိုကြိုတင်ဘွတ်ကင်လုပ်ထားတာလား”

ဤဟိုတယ်မှာ အထူးခန်း ၁၀ခန်းရှိပြီး ထိုအခန်းများကို လွယ်လွယ်ကူကူ မငှါးရမ်းနိုင်ပေ။ အခန်းတွင်း ပြင်ဆင်မှုများက တူညီသော်ငြား ဘွတ်ကင်လုပ်ချိန်တွင် ရရှိသော ဧည့်သည်များ၏ အနေအထားပေါ်မူတည်ပြီး အခန်းနံပါတ်ကွဲပြားသည်။

ဝမ်ချုံးက သူ၏ဖခင် ဝမ်လင်းနှင့် အတူတူလာခဲ့သည်။ သူ့ဖခင်တောင်မှ အခန်း ၀၀၄သာ ကြိုတင်ဘွတ်ကင်လုပ်နိုင်သည်။

အခန်းနံပါတ် ၀၀၃ မှာရှိသော ဧည့်သည်သည် ဟွာယွီကုမ္ပဏီ၏ အဓိကရှယ်ယာရှင် ရှန့်လင်ယွဲ့ ဖြစ်သည်။ သူက ဝမ်လင်းနှင့် ယှဉ်လျှင် ကြွယ်ဝချမ်းသာမှုအားနည်းသော်ကလည်း သူ၏ အဆက်အသွယ်က များသဖြင့် အခန်းနံပါတ် ၀၀၃ ကိုရခဲ့ခြင်းဖြစ်သည်။

အခန်း နံပါတ် ၀၀၂၏ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မသိပေ။ အမျိုးသမီးတစ်ဦးဟုသာ သိရသည်။ ရှန့်လင်ယွဲ၏ အထက်မှာရှိနေသောသူဖြစ်တာမို့ သူမက သာမန်လူတော့မဟုတ်နိုင်ပေ။

“ခဏလေး..ဒီဟိုတယ်က မင်းပိုင်ဆိုင်တဲ့ဟိုတယ်လို့ ပြောမှာမဟုတ်ဘူးမလား” သူ၏ ယခင်အတွေ့အကြုံအရဆို သူမှန်းတာမှန်လောက်မည်။

“မှန်တယ်..ဒီဟိုတယ်တစ်လုံးထဲ မဟုတ်ပါဘူး။ ဘီလီယံအင်တာနေရှင်နယ်လုပ်ငန်းစုက ပိုင်ဆိုင်သမျှ ဟိုတယ်အကုန်လုံး ငါ့အပိုင်ပဲ။ မင်း ဘယ်နေရာမှာပဲ တည်းတည်း ငါ မင်းကို စျေးလျှော့ပေးမယ်”

“မင်းဆိုတဲ့ကောင်က ငါ့ကိုအမြဲ surprise တိုက်တာပဲ” ဘီလီယံအင်တာနေရှင်နယ်လုပ်ငန်းစု၏ တစ်နှစ် အမြတ်ဝင်ငွေတစ်ခုနှင့်ပင် ဖန့်ကြွယ်ယွီက သူထင်ထားတာထက်ပိုပြီး ချမ်းသာလိမ့်မည်။

“ဒါနဲ့ ငါ့အခန်းကိုလိုက်လည်မလား။ ငါ့အဖေကလည်းမင်းနဲ့တွေ့ချင်နေတာ”

“ဟမ်” ဒီတစ်ခါ အံ့ဩရသူက ဖန့်ကြွယ်ယွီဖြစ်သည်။

ဝမ်လင်း၏စကားစုက နာမည်ကြီးသည်။

“ခြေလှမ်းသေးသေးလေးကနေ ဘီလီယံနာဖြစ်နိုင်တယ်” လူအားလုံးနီးပါးက ဝမ်လင်းကိုသိကြသည်။ ပြောရမည်ဆို ဝမ်လင်းက ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွါးရေးလုပ်ငန်းတွင် တစ်ဖက်ကမ်းကျွမ်းကျင်သည်။ သူသည် ကြီးမားလှသော စီးပွါးရေးလုပ်ငန်းစုကိုတည်ထောင်နိုင်ခဲ့သည်။

ထိုကဲ့သို့လူမျိုးနှင့် တွေ့ဆုံရမည်ကို စဉ်းစားသောအခါ ဖန့်ကြွယ်ယွီက စိတ်လှုပ်ရှားမိသည်။

“ဘာတွေကြောက်နေတာလဲ။ မင်းက ငါ့အဖေထက် ချမ်းသာပါတယ်”

“ပိုက်ဆံနဲ့မှာမဆိုင်တာ” ဟု ဖန့်ကြွယ်ယွီက ပြန်ပြောသည်။ သူက ချမ်းသာသည်ဆိုသော်ငြား အတွေ့အကြုံရှိ ဝါရင့် စီးပွါးရေးလုပ်ငန်းရှင်ကြီးနှင့်တော့ မယှဉ်ဝံ့ပေ။

“မစ္စတာဝမ်လားခင်ဗျ” ဖန့်ကြွယ်ယွီက ဝမ်လင်းနှင့် တွေ့ဖို့ တွန့်ဆုတ်နေချိန်တွင် အသက် ၂၇၊ ၂၈ အရွယ်လူငယ်လေးတစ်ဦးက သူတို့ဆီလျှောက်လာသည်။ သူ့ဘေးနားမှာ ဖန့်ကြွယ်ယွီ ရင်းနှီးသော လူတစ်ဦးရှိနေသည်။ ထိုသူက အခြားသူမဟုတ်။ စောနလေးတင် သူဖျက်စီးခဲ့သော ကားပိုင်ရှင်သူဌေးသားဖြစ်သည်။

မိုက်ကန်းကန်းပုံစံနှင့် ချန်ချောင်းက ယခုတော့ထိုလူငယ်လေးဘေးမှာ တည်တည်ငြိမ်ငြိမ်ရပ်နေရှာသည်။

“ရှန့်ယို မင်းပဲ.. မတွေ့တာကြာပြီကွာ” ဟုဆိုရင်း ဝမ်ချုံးက လက်ဆွဲနှုတ်ဆက်သည်။

ရှန့်ယိုက ဟွားယွီသူဌေး ရှန့်လင်ယွဲ့၏ တစ်ဦးတည်းသောသားဖြစ်ပြီး အနုပညာလောက၏ မင်းသားလေးတစ်ဦးဖြစ်သည်။ ချန်ချောင်းက ရှယ်ယာရှင်တစ်ဦး၏ သားဖြစ်တာမို့ သူတို့လောက်တော့ မချမ်းသာပေ။

ဝမ်ချုံး နှင့် ရှန့်ယိုတို့က ခင်မင်ရင်းနှီးကြသည်။ သူတို့နှစ်ဦး နှင့် ယန်ဂျင်းအုပ်စု၏သူဌေး မစ္စတာချင်၏ သား တို့ကို ဟွာရှား၏ သူဌေးလေးသုံးဦးဟု သိကြသည်။ သူတို့က မိဘချမ်းသာမှုကြောင့် သူဌေးသားများဟု နာမည်ကြီးတာအပြင် သူတို့ကိုယ်တိုင်ကလည်း လုပ်ငန်းခွင်မှာ ထူးချွန်ကြသည်။

ချန်ချောင်းက ဖန့်ကြွယ်ယွီကိုမြင်သောအခါ သူ့မျက်လုံးများစူးရှလာသည်။ သူက ရှန့်ယို၏ နား နားကိုကပ်ပြီး တိုးတိုးလေးပြောသောအခါ ရှန့်ယို၏ မျက်နှာက ချက်ချင်းတည်သွားသည်။

All Chapters