← Chapters

ထူးဆန်းတဲ့အမျိုးသမီး

Vol. 6 Ch. 75

ထူးဆန်းတဲ့အမျိုးသမီး

Vol. 6 Ch. 75

“ရှောင်းရီ ငါ့အဖေလိုမျိုးအစွမ်းရှိလာဖို့ ဘယ်လောက်ကြာမှာလဲ” ထိုမြင်ကွင်းကြောင့် ဖန့်ကြွယ်ယွီ၏ သွေးက ပွက်ပွက်ဆူလာသည်။

“အင်း အဲ့တာကတော့ ပိုင်ရှင်ရဲ့အရည်အချင်းနဲ့ အခွင့်အလမ်းပေါ်မူတည်တယ်”

“ပထမအဆင့်ကို ဖြတ်ကျော်နိုင်ပြီဆိုတာနဲ့ စွမ်းအားရှင်ဖြစ်ဖို့အတွက် စတင်ပြီး လေ့ကျင့်နိုင်တယ်”ဟု ရှောင်းရီက ပြန်ဖြေသည်။

“ငါ့အဖေတုန်းက ဘယ်လောက်ကြာခဲ့တာလဲ”

“မစ္စတာ ဖန့်ဟွိုက်တုန်းက အဲ့လိုမျိုးအနေအထားရောက်ဖို့ ၁၅ နှစ်ကြာခဲ့တယ်”

“ပိုင်ရှင်လိုမျိုးပဲ သူ့အသက် ၂၀မှာ ငါနဲ့ဆုံတယ်။ အဲ့အချိန်မှ သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး လေ့လာခဲ့တယ်။ သူက ပေါ့ပေါ့ပါးပါးနဲ့ နှစ်အနည်းငယ်ကုန်ဆုံးပြီးတဲ့နောက်မှာမှ စတင်ခဲ့တယ်”

“ရှောင်ဖန့် နောက်ကျနေပြီ။ ပွဲက မကြာခင်စတော့မယ်”

ဝမ်လင်းနှင့် စကားစမြည်ပြောဆိုမှုသည် တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ခြောက်နာရီတောင် ထိုးတော့မည်။ ညစာစားပွဲက မကြာခင်စတင်တော့မည်။ ဒီကနေ့ပွဲမှာ အရေးကြီးပုဂ္ဂိုလ်များ လာရောက်မှာမို့ နောက်ကျလို့မဖြစ်ပေ။

“မင်း နောက်ဆုံးတော့ ထွက်လာပြီ” ဝမ်လင်းနှင့် ဖန့်ကြွယ်ယွီတို့ စကားတပြောပြောနှင့် ထွက်လာသည်ကိုမြင်ပြီး ဝမ်ချုံးက “ ငါ့အဖေက မင်းကိုဘာတွေများပြောနေလို့ ဒီလောက်တောင်ကြာနေရတာလဲ” ဟု မေးသည်။

“မင်းက အတော်စပ်စုတာပဲ” ခေါင်းတကုတ်ကုတ်ဖြစ်နေသော ဝမ်ချုံးကိုမြင်ပြီး ဖန့်ကြွယ်ယွီ ရယ်ချင်လာမိသည်။

“ ဘာမှမဟုတ်ပါဘူးကွာ။ မင်းအဖေက ငါ့ကို မင်းနဲ့စီးပွါးရေး အတူတူတွဲလုပ်ပြီး ကူညီပေးဖို့ ပြောတာပါ”

“ကျစ်..မင်းက ပိုက်ဆံဘယ်လိုဖြုန်းရမလဲဆိုတာပဲသိတာ။ ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာ မင်းက သိတာမှမဟုတ်တာ” ဟု ဝမ်ချုံးက စိတ်ပျက်လက်ပျက်ဖြေသည်။

“သူက စီးပွါးရေးပါရမီရှင်မဟုတ်သော်ငြား သူက ဝမ်လင်း၏ ပိုက်ဆံတိုးပွါးလာစေရန် နှစ်အတော်ကြာစွမ်းဆောင်ပေးခဲ့သည်။

“ဟုတ်ပါတယ် ထားလိုက်တော့။ ငါက မင်းအဖေပြောတဲ့စကားကို ပြန်ပြောပြတာပဲရှိတာ” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။

“ငါတို့တည်ဆောက်နေတဲ့ ရုပ်ရှင်မြို့တော်က မင်းအဖေရဲ့ တွက်ချက်မှုအရဆို တည်ဆောက်ပြီးတာနဲ့ တစ်နှစ်ကို ဆယ်ဘီလီယံကျော်ရနိုင်တယ်။ မင်း စီမံခန့်ခွဲနိုင်လား”

“ဟမ် အဲ့လောက်တောင်လား” ဝမ်ချုံးက ခဏတာစဉ်းစားလိုက်သည်။ အကျိုးအမြတ်တွက်ချက်မှုအရဆို သူနှင့် သူ့အဖေကြားမှာကွာခြားချက်များစွာရှိသည်။

ဖန့်ကြွယ်ယွီက ပိုက်ဆံကိုရေလိုသုံးနိုင်သော်လည်း အဓိပ္ပါယ်မရှိသော လုပ်ငန်းများအတွက်ရင်းနှီးမြှုပ်နှံမည်မဟုတ်ပေ။ ဒေါ်လာဘီလီယံနှင့်ချီပြီး ရင်းနှီးမြှုပ်နှံမှုသည် အကျိုးအမြတ်သေချာပေါက်ရလိမ့်မည်။

“သွားကြမယ်။ ခြောက်နာရီတောင်ထိုးတော့မယ်။ မင်းသား မင်းသမီးတွေကို အရှင်လတ်လတ် တွေ့ဖို့သွားကြစို့”

ဖန့်ကြွယ်ယွီက သူ့ကို အခန်းထဲမှ တွန်းထုတ်သည်။

“မင်းကွာဘယ်တုန်းကများ မင်းသားမင်းသမီး အသေတွေကို တွေ့ဖူးလို့လဲ” ဟု ဝမ်ချုံးက ပြန်ပြောသည်။

လုရယ်ချမ့် နှင့် ကျွမ်းရီက တစ်ဦးကိုတစ်ဦးကြည့်ကြသည်။

ဒီနှစ်ယောက်က တကယ့်ကိုမလွယ်ဘူးပဲ!!

သူတို့က အခန်းနံပါတ် ၀၀၂ ရှေ့က ဖြတ်လာသောအခါ တိုက်တိုက်ဆိုင်ဆိုင်ပင် အခန်းတံခါးက ပွင့်လာသည်။ ဖန့်ကြွယ်ယွီ နှင့် ဝမ်ချုံးတို့၏ ခြေလှမ်းများက တုံ့ခနဲရပ်တန့်သွားသည်။

ထိုအခန်းထဲရှိလူကို အသက်၄၀၊ ၅၀ အရွယ် သက်လတ်ပိုင်းဟု ထင်ခဲ့ကြသည်။ သို့သော် ထိုအခန်းထဲမှ ထွက်လာသူသည် သူတို့တွေးထားသည်ထက် ငယ်ရွယ်ပြီး ချောမောလှပသည်။ သူမသည် အသက်၂၅ အရွယ်ဟုသာထင်ရသော ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိလှသည်။

“သူက ဒီအခန်းပိုင်ရှင်လား” ထိုမိန်းကလေးက အခန်းထဲမှ ထွက်လာသောအခါ အခန်းသော့ ယူသွားသည်ကို ဖန့်ကြွယ်ယွီ တွေ့ရသည်။ အထဲမှာလည်း မည်သူမှ ကျန်ခဲ့ပုံမပေါ်ပေ။

“ဟုတ်လောက်မယ်” ဟု ဝမ်ချုံးက ခေါင်းညိမ့်ပြသည်။

“စိတ်ဝင်စားစရာပဲ..ဒီကောင်မလေးက ငါ့အဖေနဲ့ ရှန့်လင်ယွဲ့ထက် သာလွန်နေတယ်ဟုတ်လား”

မင်းသူ့ကို အရင်က မြင်ဖူးလား”

“မမြင်ဖူးဘူး။ ဒီလောက်ငယ်ရွယ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်က ဒီနိုင်ငံမှာရှိမယ်လို့တောင် မထင်မိဘူး”

“လိုက်ကြည့်ကြစို့” သူတို့နှစ်ဦးက ကောင်မလေးနောက်ကို အမှီလိုက်လာသည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်ကုန်ကြသည်။

သူမက ဓာတ်လှေကားထဲဝင်သောအခါ ဝမ်လင်းက လိုလိုလားလားဖြင့်နေရာဖယ်ပေးပြီး မျက်နှာကို ခပ်တည်တည်ထားသည်။

ထိုမိန်းကလေးက ဖန့်ကြွယ်ယွီကိုမြင်သောအခါ သူမ၏ အကြည့်များ မသိမသာပြောင်းလဲလာသည်။

ဝမ်လင်းက ထိုသို့ပြုမူသဖြင့် ဝမ်ချုံးက ထိုမိန်းကလေးအပေါ် မထီမဲ့မြင် မပြုဝံ့ပေ။ သူက ဝမ်လင်းဘေးနားမှာ ရပ်နေပြီး အသက်ရှုသံများတဖြည်းဖြည်းပြင်းလာသည်။

“ရှောင်းရီ မင်းသူ့ကိုသိလား”

“ဒါပေါ့ သိတယ်လေ။ ဒါပေမဲ့ မပြောပြပါဘူး”

“မင်း”

ဖြစ်နိုင်မည်ဆို ရှောင်းရီကို သူ၏ စနစ်ထဲမှထုတ်ပြီးအိမ်သာကျွင်းထဲပစ်လိုက်ချင်သည်။ ဒီကမ္ဘာပေါ်မှာ ဤမျှလောက် ရူးကြောင်ကြောင်နိုင်သော ဥာဏ်ရည်စနစ် ရှိပါ့ဦးမလား”

“မင်းလာမယ်လို့တောင် ထင်မထားဘူး” ရုတ်တရက်ဆိုသလို ထိုမိန်းကလေးက ဖန့်ကြွယ်ယွီကိုပြောသည်။

“ခင်ဗျား က ကျွန်တော့်ကိုသိတာလား”

ထိုမိန်းကလေးက ဘာတစ်ခုမှ မဖြေဘဲ ပြုံးပဲပြုံးပြသည်။

ထို့နောက် ဓာတ်လှေကားထဲမှ ထွက်သွားသည်။

“ထူးဆန်းလိုက်တာ” ဟု ဖန့်ကြွယ်ယွီက ရေရွတ်မိသည်။ သို့သော် ဝမ်လင်း၏ တရိုတသေဆက်ဆံမှုကို မြင်ရပြီး သူတို့ဘာပြသနာမှ မရှာရဲပေ။

“ဦးလေးဝမ်ကရော သူ့ကိုသိလား”ဟု ဖန့်ကြွယ်ယွီက တိုးတိုးလေးမေးသည်။

“အင်း လူအနည်းစုကတော့ သိကြပါတယ်။ သိတဲ့သူတွေကလည်း ဟွာရှားမှာ အချမ်းသာဆုံးစာရင်းဝင် လူအနည်းစုပေါ့”ဟု ဝမ်လင်းက ဆိုသည်။

“သူ့နောက်ကြောင်းကလည်း မင်းအဖေလိုပဲထူးဆန်းတယ်။ သူမရဲ့ ပိုင်ဆိုင်မှုတွေက ခန့်မှန်းတာထက် အဆပေါင်းများစွာ ပိုများတယ်”

“မနှစ်က အင်္ဂလန်ဘုရင်မကြီးရဲ့ မွေးနေ့ပွဲတုန်းက ငါက ကံကောင်းထောက်မစွာနဲ့ ဖိတ်ကြားခံခဲ့ရတယ်။ သူဌေးတွေအများကြီးလာတက်ကြတာပေါ့။ ဖော့ဘိစ် လူချမ်းသာစာရင်းဝင် ထိပ်သီး အယောက်၅၀ လာတက်တာတောင် သူမနဲ့တစ်ခုံထဲ ထိုင်လို့မရကြဘူး”

“ပြီးတော့ အဲ့အမျိုးသမီးက ဘုရင်မကြီးနားမှာ ထိုင်ပြီး ရယ်ရယ်မောမောနဲ့ စကားပြောဆိုနေကြတယ်”

အပြန်လမ်းမှာ ဝမ်လင်းက ထိုအမျိူးသမီးအကြောင်းကို ရှာဖွေသော်လည်း တစ်ခုမှ ရှာမတွေ့ပေ။

“ဘာတွေပဲဖြစ်ဖြစ် သူမက ထိပ်တိုက်ရင်ဆိုင်လို့ရမဲ့ လူမဟုတ်ဘူး”

“ဟုတ်ကဲ့ပါ။ သူမနဲ့ ပြသနာမတက်အောင်နေပါ့မယ်”

ဟု ဝမ်ချုံးက ဆိုသည်။

“လာဦး မင်းကို ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရဦးမယ်”

“ကဲ သွားကြမယ်။ ဘာပြသနာမှ မရှာနဲ့”

ဝမ်ချုံးက သက်ပြင်းချပြီး “ဟူး နောက်ဆုံးတော့ အဖေ့မျက်စိအောက်ကလွတ်ပြီ” ဟု ဆိုသည်။

“ငါ့အဖေနဲ့နေရင် စိတ်တွေဘယ်လိုတောင်ချုပ်တည်းထားရလဲဆိုတာ မင်းယုံမှာမဟုတ်ဘူး”

“ငါသိပါတယ်” ဖန့်ကြွယ်ယွီ နှင့် သူ၏ ဖခင်၏ ဆက်ဆံရေးက ထူးခြားသည်။ တစ်ခါတရံ သားအဖလိုမျိုး တစ်ခါတရံ သူငယ်ချင်းလိုမျိုး ပုခုံးဖက် ပေါင်းကြသည်။ တစ်ခါမှလည်း စကားကတောက်ကဆ မဖြစ်ဘူးပေ

ဖန့်ကြွယ်ယွီက သူ၏ ဖခင်ကိုလေးစားသော်လည်း တစ်ခါတရံ စောဒကတက်ချင်သည်။

“ငါ့အဖေနဲ့အမေ ဘယ်လိုတွေများ ဖြစ်နေလဲဆိုတာ သိချင်လိုက်တာ”

ညစာစားပွဲစတင်သော်လည်း အထူးကုမ္ပဏီသုံးခုမှ လူများမရောက်သေးပေ။

ဖွင့်ပွဲစတင်ပြီးနောက် ကော်ဖီ၊ အအေး၊ မုန့်များဖြင့် တည်ခင်းဧည့်ခံသည်။ အနုပညာရှင်များက သူ့အဖွဲ့နဲ့သူနေနေကြသည်။

ခန်းမတစ်ခုလုံး မင်းသမီးနှင့် မင်းသားများဖြင့် ပြည့်နှက်နေသည်။

“ ဝိုး ကျင်းကျင်းပဲကြည့်ပါဦး။ လှလိုက်တာ”

“ဟိုမှာ..ကျိုးရွှမ်း။ သူ့ကို ငါငယ်ငယ်လေးထဲကကြိုက်ခဲ့ရတာ”

“ပြီးတော့ ဒီမှာနောက်တစ်ယောက်”

“ဟေး အိန္ဒြေလေးဘာလေးဆယ်ပါဦး” ဟု ပြောကာ ဝမ်ချုံးမျက်နှာနီရဲလာသည်။

“မစ္စတာဖန့် ဘီလီယံနာသူဌေးကြီးလို နေစမ်းပါ။ ဒါက ပရိတ်သက်တွေ့ဆုံပွဲမဟုတ်နေဘူးလေ။ မင်း သူတို့ကို တွေချင်တယ်ဆို ငါမိတ်ဆက်ပေးရမလား”

“အိုး ကောင်းသားပဲ” ဖန့်ကြွယ်ယွီက အကျီပြင်ဝတ်သည်။

“ဟေး ဥက္ကဌ” ထိုအချိန်မှာ ရုပ်ရှင်မင်းသားအုပ်စုတစ်ခု လမ်းလျှောက်လာကြသည်။

“ဟေး” ဝမ်ချုံးက လက်ပြန်ပြသည်။ ဝမ်ချုံးက ခေါင်းမာသော်လည်း အနုပညာလောကမှာ နာမည်ကောင်းရသည်။

“လာခဲ့ မင်းကို မိတ်ဆက်ပေးရမယ်”

All Chapters