← Chapters

ဝင်ရောက်မစွက်ဖက်လို…

Vol. 6 Ch. 77

ဝင်ရောက်မစွက်ဖက်လို…

Vol. 6 Ch. 77

“မစ္စတာ ဟူ…စဉ်းစားဖို့အချိန်ယူချင်ယူလို့ရပါတယ်။ ကျွန်တော်တို့က ဆန်ယာမှာ နေကြဦးမှာ။ ဆုံးဖြတ်ပြီးပြီဆို ကျွန်တော်တို့ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ ချက်ချင်းပဲ ကျွန်တော်တို့ဘက်က လက်မှတ်ထိုးဖို့ စီစဉ်ပေးနိုင်ပါတယ်”

ဖန့်ကြွယ်ယွီက ဟူရီယောင်အား စဉ်းစားဖို့အချိန်ယူနိုင်ကြောင်း ပြောဆိုပြီးနောက် ဝမ်ချုံးနှင့် အတူထွက်သွားသည်။

ဟူရီယောင်က သူ၏အိတ်ကပ်အတွင်းသို့ စမ်းကြည့်ပြီးနောက် ဆေးလုံးလေးတစ်လုံးကို ထုတ်လိုက်သည်။ သူက ယခင်စိတ်နှင့်သာဆို ဘာမှ တွေးတောမနေဘဲ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်မှာဖြစ်သည်။ ပြန်လည်ငယ်ရွယ်ချင်စိတ်လည်း မရှိဘဲ ထိုဆေးသောက်သုံးခြင်းကြောင့် အန္တရယ်မဖြစ်လိုပေ။

သို့သော် ဖန့်ကြွယ်ယွီက နယ်နယ်ရရပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။ လူအများစု ခန့်မှန်းရသလောက်ဆို သူ၏ ချမ်းသာကြွယ်ဝမှုက ဘီလီယံများစွာရှိသည်။ ထိုကဲ့သို့ လူချမ်းသာတစ်ဦး၏ လက်အောက်တွင် ဆေးပညာဆိုင်ရာစမ်းသပ်ခန်းတစ်ခု ရှိနိုင်သည်။

၊

ထိုဆေးက အကျည်းတန်အောင် လုပ်လိုက်လျှင်လည်း ဘယ်လိုလုပ်မည်နည်း။

သူက ထိုဆေးကို နှာခေါင်းနားသို့ တေ့ပြီး ရှုကြည့်လိုက်သောအခါ ချက်ချင်းဆိုသလို စိတ်ထဲလန်းဆန်းလာသလို ခံစားမိသည်။ ဆေးနံ့သင်းသင်းလေးက သူ၏စိတ်ကို သန့်စင်ပေးနိုင်သော မှော်အစွမ်းရှိနေပုံရသည်။

“ဒါက အလုပ်ဖြစ်သားပဲ” သူက ဆေးစွမ်းနှင့်ပတ်သက်ပြီး အတိအကျ မသိသော်ငြား ဆေးရနံ့နဲ့တင် လျစ်လျူရှုဖို့ ခဲယဉ်းလှပေသည်။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးမည်သူမှ မရှိနေတာကို သိသောအခါ ဟူရီယောင်က ဧည့်ခန်းထဲမှ တိတ်တဆိတ်ထွက်လာပြီး ဟိုတယ်ခန်းထဲသို့ ပြန်သွားသည်။ သူက သရုပ်ဆောင်သည့်အလုပ်ကို လွန်စွာမှ သဘောကျနှစ်သက်သူဖြစ်သဖြင့် သူ၏ ဇရာကြောင့် ချစ်မြတ်နိုးရသည့် အလုပ်ထိခိုက်မှာ မလိုလားပေ။

ဤအခွင့်အရေးက သူ့ခေတ်တဖန်ပြန်လည်ဖြစ်လာမည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“ဖန့်..မင်းသူ့ကို ဘာတွေပြောနေတာလဲ” ဝမ်ချုံးက သိချင်ဇောဖြင့်မေးသည်။

“ဒါကလျှို့ဝှက်ချက်..ဒါပေမဲ့ စာချုပ်တော့အဆင်သင့်ပြင်ထားဦးနော်။ ငါမှန်းတာမလွဲဘူးဆို နောက်သုံးရက်အတွင်း သူ ငါတို့ကို သေချာပေါက် ဆက်သွယ်လာလိမ့်မယ်”

“ပိုင်လှချည်လား။ ဒီတစ်ခါရော ငါတို့ဘာကြေးလောင်းကြမလဲ”

“ငါ ရှုံးခဲ့ရင် မင်းကြိုက်တဲ့ ကားတစ်စီးပေးမယ်” ဟု ဖန့်ကြွယ်ယွီက လောင်းကြေးထပ်သည်။

“တကယ်လား။ “ဝမ်ချုံး၏ မျက်လုံးများ အရောင်တောက်လာသည်။ ဇိမ်ခံကားနှင့် ပြိုင်ကားကုမ္ပဏီများ၏ ပိုင်ရှင်ဖြစ်တာမို့ ထိုလောင်းကြေးက သူ့အတွက်မခက်ခဲပေ။

ပိုက်ဆံဖြင့် လောင်းကြေးခေါ်ခြင်းကို သူစိတ်မဝင်စားပေ။

“ မရဘူး။ တစ်ခုခုထပ်ဖြည့်ဦး။ ဒါက မင်းအတွက်လွယ်လွန်းတယ်”

“ဒါဆို မင်းက ဘာကြေးလောင်းချင်တာလဲ”ဟု ဖန့်ကြွယ်ယွီက ပြန်ပြီးမေးခွန်းထုတ်သည်။

“ငါတို့ထဲက ဘယ်သူပဲရှုံးရှုံး ငါတို့က မိန်းကလေးအကျီလှလှလေးဝတ်ပြီး ဘမ်ဘူးချန်နယ်မှာ “အောင်နိုင်ခြင်း” ဆိုတဲ့ သီချင်းဆိုပြရမယ်။

ဖန့်ကြွယ်ယွီက ဟူရီယောင်၏ စိတ်ကို သုံးရက်အတွင်း ပြောင်းနိုင်မည်ဟု မထင်ပေ။

တကယ်တော့ “ကောင်းကင်ယံထက်က တိုက်ပွဲခေါ်သံ” ကိုရုပ်သံဇာတ်လမ်းတွဲ မရိုက်ကူးခင် ထုတ်လုပ်သူများက ဟူရီယောင်ကို ဆက်သွယ်ပြီး အနုပညာကြေးများများပေးပါမည်ဟု စည်းရုံးသော်လည်း သူက ငြင်းပယ်ခဲ့သည်။

ဇာတ်လမ်းတွဲကောင်းကောင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်လိုသဖြင့် သူ့ကို ဖန့်ကြွယ်ယွီက ငွေနဲ့မျှားလျှင်တောင် မရပေ။

“ဒါဆို မင်းရှုံးမှာ သေချာနေပြီ” ဟု ဖန့်ကြွယ်ယွီက သေချာပေါက် သိနေသည့် လေသံဖြင့်ဆိုသည်။

“ငါတို့ စကားပြောတာတွေကို အသံဖမ်းထားတယ်။ မင်းကတိဖျက်ကြည့် ငါ ဝီဘိုမှာတင်ပစ်မယ်”

“သေစမ်း မင်းက ငါ့ကိုအငိုက်ဖမ်းထားတာပဲ” ချက်ချင်းဆိုသလို ထောင်ချောက်မိသော ယုန်သူငယ်ကဲ့သို့ ဝမ်ချုံးခံစားမိလာသည်။

သူက အမျိုးသမီးအဝတ်အစားလှလှဝတ်ဆင်ပြီး “အောင်နိုင်ခြင်း” ဟူသော သီချင်းကို သီဆိုရမည့် သူ့အဖြစ်ကိုတွေးမိပြီး ဝမ်ချုံးတစ်ယောက် ကြက်သီးထလာသည်။

သူ၏ ထိုပုံစံက လိုင်းပေါ်မှာတက်လာပါက တစ်နာရီအတွင်း သူ၏ meme ပေါ်လာပြီးထို အဖြစ်အပျက်ကို တစ်နှစ် နှစ်နှစ်ကြာသည်ထိ လှောင်ပြောင်ကြမှာမို့ အိမ်မက်ဆိုးတမျှ ထိတ်လန့်မိသည်။

“ဟေး ဖန့်..ရှန့်ယိုရောက်လာပြီ” ဝမ်ချုံးက သူ၏ပုခုံးကို ပုတ်ပြီးလှမ်းပြောသည်။

မရှုမလှအထိနာခဲ့သဖြင့် ရှန့်ယိုမျက်နှာမကောင်းပေ။ သူ့ရှေ့မှာ သူနှင့် ရုပ်အတော်လေးဆင်သော လူကြီးတစ်ဦး က မတ်တပ်ရပ်နေသည်။

ထိုသူ၏ အသက်က ခုနှစ်ဆယ်ကျော်ဖြစ်သော်လည်း ၄၀၊ ၅၀ အရွယ်ဟုသာ ထင်ရသည်။

ထို့ကြောင့်ပင် ပိုက်ဆံက အကောင်းဆုံးနုပျိုဆေးဟု တင်စားခေါ်ဝေါ်ကြသည်၌

လတ်တလောမှာကုမ္ပဏီအခက်ကြုံသဖြင့် စတော့ရှယ်ယာစျေးများ ထိုးကျသွားသည်။ တစ်နာရီအတွင်းမှာ ရှန့်ယိုက ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။

ထိုအခြေအနေကို ပြန်လည်ထိန်းနိုင်အောင်ကြိုးပမ်းသော်လည်း သူနှင့် တွဲဖက်လုပ်ကိုင်မည့်သူ မရှိသဖြင့် စီးပွါးရေးလောကတစ်ခုလုံး သူ့ကို ဖယ်ကျဉ်ထားသကဲ့သို့ ခံစားးရသည်။

သူက ထိုအကြောင်းအရာကို ရှန့်လင်ယွဲ့အား ပြောပြထားသည်။ သူတို့၏ မိသားစုလုပ်ငန်းက အနုပညာနယ်ပယ်တွင်သာ ကန့်သတ်ထားခြင်းမရှိပေ။

အခြားစီးပွါးရေးနယ်ပယ်များဖြစ်သော စားသောက်ကုန်လုပ်ငန်း၊ အိမ်ခြံမြေနှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း ရင်းနှီးမြှုပ်နှံထားသည်။

သို့မဟုတ်ပါက အနုပညာလုပ်ငန်းတစ်ခုထဲနှင့် လူချမ်းသာ ဝမ်လင်းကို မကျော်နိုင်ပေ။

စုံစမ်းကြည့်သောအခါ နိုင်ငံခြားကုမ္ပဏီများက ရှန့်ယိုပိုင်ဆိုင်သော ကုမ္ပဏီက အခြေမခိုင်လှသည်ကိုတွေ့ရပြီး စာချုပ်ချိုးဖောက်ခဲ့ကြသည်။ ထိုသို့ ကုမ္ပဏီမျိုးကို မည်သူကမှ အန္တရာယ်ကျရောက်ခံပြီး လက်မတွဲလိုကြပေ။

“ဒီကောင်က လူရိုးလူအတော့မဟုတ်ရှာဘူး”ဟု ရှန့်လင်ယွဲ့က မှတ်ချက်ပြုသည်။

သူတို့က ဖန့်ကြွယ်ယွီ ဆီ ထွက်လာခဲ့ကြသည်။ ရှန့်လင်ယွဲ့ နှင့် ရှန့်ယို၏ ဘေးတွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးရှိသည်။

ထိုအမျိုးသားက ရှန့်ယို၏ အဖေတူအမေကွဲညီဖြစ်သည်။ အမျိုးသမီးတစ်ဦးက ရှန့်လင်ယွဲ့၏ ဇနီးဖြစ်ပြီး နောက်တစ်ယောက်က ရှန့်ယို၏ မဟေသီဖြစ်သည်။

ရှန့်ယိုတို့နှစ်ဦးသား မင်္ဂလာဆောင်စဉ်က အနုပညာလောက လူအများစုသည် ကြွရောက်ချီးမြှင့်ပေးကြသည်။ ထိုနေ့မှာ သူမကရှန့်မိသားစုထဲဝင်မှာမို့ ချန်ခိုင်တစ်ယောက်အသဲကွဲခဲ့ရသည်

“အန်ကယ်ရှန့်” ဝမ်ချုံးက တရိုတသေ ဂါဝရပြုသည်။

“အင်း” ရှန့်လင်ယွဲ့က ခေါင်းညိမ့်ပြသည်။ သူက ဝမ်ချုံးကိုမကြိုက်နေပေ။ သူ၏ ပုံစံက ထက်မြတ်ပြီး စကားကို ဒဲ့တိုးပြောသည်။ ထို့ကြောင့် ဝမ်ချူံးက ဖန့်ကြွယ်ယွီနှင့် ဆင်တူသည်။

အချိန်ကောင်းရောက်မှ ဝမ်လင်းက ဘယ်ရောက်သွားမှန်းမသိပေ။ ဝမ်လင်းသာရှိနေပါက ဝမ်ချုံးပိုပြီး အားတက်လိမ့်မည်။

“မစ္စတာဖန့်” ရှန့်လင်ယွဲ့က ဖန့်ကြွယ်ယွီဘက်လှည့်လာသည်။ သူက မစ္စတာဖန့်ဟု နာမည်တပ်ခေါ်သော်လည်း ဖန့်ကြွယ်ယွီကို မိဘပိုက်ဆံသုန်းဖြုန်းသူဟု ထင်မြင်မိသည်။

“မစ္စတာရှန့်”

“ကြည့်ရတာ မစ္စတာဖန့် နဲ့ ကျွန်တော့်သား နားလည်မှုလွဲပုံရတယ်။ အကြီးတစ်ယောက်အနေနဲ့ ဝင်ပြီးဖျန်ဖြေပေးပါရစေ။ မစ္စတာဖန့် တစ်ခုလောက် တောင်းဆိုပါရစေ”

ရှန့်မိသားစုက ချမ်းသာသော်လည်း စီးပွါးရေးနှစ်ခု ချက်ချင်း ပြိုလဲသွားသည်အထိ မလုပ်နိုင်ကြပေ။

“မစ္စတာဖန့်က အာဏာရှိပါတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဒီတိုင်းဆက်သွားရင်

ဘယ်သူ့အတွက်မှ မကောင်းဘူး။ ကုန်ကြမ်းမရှိတဲ့အချိန် နောက်ထပ်လူတစ်ဦးရအောင်ရှာဖို့က ခဲယဉ်းပါတယ်။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ”

“ကောင်းပြီလေမစ္စတာရှန့်က ကိုယ့်အမှားကိုယ်သိပြီး သေချာလာတောင်းပန်မယ်ဆို ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ထားတာ ဖယ်ပေးမယ်။” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။

“ငါ ဒီလောက်တောင်းဆိုနေတာတောင် မရဘူးပဲ” ရှန့်လင်ယွဲ့၏ မျက်နှာချက်ချင်း မဲတက်လာသည်။ သူ့ကို လူငယ်တစ်ဦးက ငြင်းဆိုသည့်အဖြစ်မျိုး မကြုံဖူးပေ။ ထိုအရာက ပါးရိုက်ခံရသည့် ခံစားချက်ဖြစ်သည်။

ရှန့်ယိုက လူသိရှင်ကြားတောင်းပန်ပါက အရှက်ကွဲလိမ့်မည်။ ထို့ပြင် ရှန့်လင်ယွဲ့ကိုပါ လှောင်ပြောင်ကြလိမ့်မည်။

ဖန့်ကြွယ်ယွီကို အနိုင်ရဖို့ မလွယ်ပေ။ ရှန့်ယိုက ခြိမ်းခြောက်နေသော်လည်း မမှုပေ။

“တကယ်တော့ ငါက ဆုံးရှုံးတာတွေကို မမှုဘူး” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။ တကယ်တော့ အဝတ်အစားလုပ်ငန်း နှင့် လျှပ်စစ်ကုမ္ပဏီများစွာ ပိုင်ဆိုင်တာမို့ ထိုပစ္စည်းများကို လွှဲပြောင်းယူနိုင်သည်။ သူက ဒဏ်ကြေးတစ်ချို့သာ ပေးဆောင်ရသည်။

“မစ္စတာဖန့်က ရှန့်မိသားစုကို စိန်ခေါ်လိုက်တာလား” ဟု ရှန့်လင်ယွဲ့က ခပ်ပြတ်ပြတ်ဆိုသည်။ နှစ်ဦးသား အခြေအနေများက ပိုမိုတင်းမာလာသည်။

“ရှန့်လင်ယွဲ့..သူ့ကိုလျှော့မတွက်နဲ့။ မင်း ကိုင်တွယ်နိုင်မှာမဟုတ်ဘူး”ဟု ဝမ်လင်းက ရောက်ချလာပြီး သတိပေးလိုက်သည်။

“ဒါရိုက်တာဝမ်က ဘာကိုဆိုလိုချင်တာလဲ” ဝမ်လင်းက ဖန့်ကြွယ်ယွီဘက်က

လိုက်မည်ဟု မတွေးဖူးပေ။

“မင်းက စီးပွါးရေးလုပ်ငန်းတွေပြိုင်ကြမယ်ဆို မင်းပိုင်ဆိုင်မှုတွေ အာရုံစိုက်ခံရလိမ့်မယ်”

ဖန့်ကြွယ်ယွီက ချမ်းသာရုံမက အာဏာပါရှိသည်ကို ဝမ်လင်းသတိထားမိသည်။” မင်းက အနုပညာလောကကို လွှမ်းမိုးထားနိုင်တယ်ဆိုတာ သူက ဝင်ရောက်မစွက်ဖက်လိုလို့ပါ”

All Chapters