သူက မင်းမိထွေးပါ
Vol. 6 Ch. 78
“ဝမ်လင်း..ဒါက မင်းတို့ရဲ့ မျိုးဆက်သစ်တွေလား” ရှန့်လင်ယွဲ့အနေဖြင့် ဖန့်ကြွယ်ယွီကို သူနှင့် အနေအထားချင်းတူညီလှသော လူဟု မတွေးဖူးပေ။ ရှန့်လင်ယွဲ့က ဖန့်ကြွယ်ယွီအခက်တွေ့အောင်လုပ်မည့်အပေါ် စိုးရိမ်ပြီး ဝမ်လင်းက ကာကွယ်ပေးသည်ဟု ထင်မိသည်။
“ဒါရိုက်တာရှန့်က ငါပြောတာသဘောမပေါက်ဘူး ထင်ပါတယ်။ ငါပြောချင်တာက သူ့မှာ မင်းတို့ မိသားစုကို ကမောက်ကမ ဖြစ်သွားအောင်လုပ်နိုင်တဲ့ ပါဝါရှိတယ်။ မင်းမယုံဘူးဆို စမ်းကြည့်ပေါ့”
စမ်းကြည့်ပေါ့ ဆိုသောစကားစုကို ဝမ်လင်းက အကွက်ကျကျသုံးလိုက်ခြင်းဖြစ်သည်။ ရှန့်ယို၏ ကုမ္ပဏီ နှစ်ခုကို ပြိုလဲသွားစေဖို့ ဖန့်ကြွယ်ယွီက သူကွယ်ဝှက်ထားသော အရာတစ်ချို့ လှစ်ဟပြရတော့မည်။
ထိုအရာသည် ဖန့်ကြွယ်ယွီပိုင်ဆိုင်သမျှ၏ အစွန်အဖျားသာသာပဲရှိသည်။
ရှန့်လင်ယွဲ့က ဖန့်ကြွယ်ယွီ၏ ပိုင်ဆိုင်မှုကို တန်ပြန်တိုက်ခိုက်ပါက သူသာလျှင် မရှုမလှ ခံစားရပေလိမ့်မည်။
ဖန့်ကြွယ်ယွီ၏ ဖခင်ကိုလုပ်ကြံမှုဖြစ်စဉ်သည် မအောင်မြင်လိုက်သည်ကို ဝမ်လင်းအမှတ်ရမိသည်။ ထိုအဖြစ်အပျက်ပြီးနောက် ဥရောပနှင့် အမေရိကားတိုက်တို့တွင် စီးပွါးရေးအလဲလဲအပြိုပြိုဖြစ်ကြရတော့သည်။
ထိုကဲ့သို့ စီးပွါးရေးကမောက်ကမဖြစ်မှု၏ လက်သည်မှာ ဖန့်ဟွိုက်ဟု ဝမ်လင်းတထစ်ချယုံကြည်မိသည်။
“တကယ်ပဲသူက လုပ်နိုင်လို့လား။ သူက ဘာမို့လို့လဲ” ရှန့်လင်ယွဲ့သည် စိတ်ခံစားချက်နောက်ကိုလိုက်ပြီး အလျင်စလို မပြုမူပေ။ ထို့ကြောင့် သူက စီးပွါးရေးလောကတွင် နေရာတစ်နေရာ ရနေခြင်းဖြစ်သည်။
“ဘာမှ မပြောလိုဘူး” ဝမ်လင်းက ထိုစကားဖြင့် ရှန့်လင်ယွဲ့ကို အနိုင်ပိုင်းလိုက်သည်။ သူက ဖန့်ကြွယ်ယွီ၏ မိသားစုအကြောင်းကိုဖော်ထုတ်လိုက်ခြင်းကြောင့် သူ့ကို ဒုက္ခရောက်စေမှာလည်း ဆိုးမိသည်။
ဘယ်လိုပဲနေနေ ဖန့်ကြွယ်ယွီက အဆင်ပြေမှာမို့ သူ့အနေနှင့် ဘာမှတ်ချက်မှမပြုတာက စိတ်ချရသည်ဟု ဝမ်လင်းထင်မိသည်။
“မစ္စတာဝမ်ရဲ့ စီးပွါးရေးလုပ်ငန်းတွေ ဒါကြောင့်မို့ အောင်မြင်နေတာကိုး” ထိုအချိန်မှာ ချိုမြိန်သော မ
အမျိုးသမီး အသံထွက်ပေါ်လာသည်။
ထိုအမျိုးသမီးသည် အခန်းနံပါတ် ၀၀၂၏ ပိုင်ရှင်ဖြစ်သည်။
“ကျန်တဲ့လူတွေနဲ့မတူဘူး။ ရေရှည်ကိုတွေးတတ်တယ်။ အမြင်ကျယ်တယ်”
ချက်ချင်းဆိုသလို အားလုံး၏ အာရုံကို ထိုအမျိုးသမီးက ဖမ်းစားလိုက်သည်။ မည်သူကမှ ရှန့်လင်ယွဲ့ကို ထိုကဲ့သို့ မချေမငံမပြောရဲပေ။
သူမ၏ လက်ထဲမှာ ဝိုင်ခွက်ကိုကိုင်ထားသည်။ နက်ပြာရောင် ဂါဝန်ရှည်ကိုဝတ်ဆင်ထားသော သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ပုံစံက လူအများကြား ပေါ်လွင်နေသည်။ သူမက နာမည်ကြီးမင်းသားမင်းသမီးများနှင့် သူဌေးများအကြားတွင်ရှိနေရသည်ကို နေသားကျနေပုံရသည်။
“မစ္စဟွား ကတော့နောက်ပြီဗျာ” ဟု ဝမ်လင်းက သူမကို ပြုံးပြပြီးဆိုသည်။
သူမ၏ မျိုးရိုးနာမည်က ဟွာဆိုတာပဲသိသည်။ ထိုသို့သိရခြင်းမှာ အင်္ဂလန်ဘုရင်မကြီးက သူမကို ထိုကဲ့သို့ ခေါ်သောကြောင့်ဖြစ်သည်။
ဖန့်ဟွိုက်ကဲ့သို့ပင် သူမ၏ နောက်ကြောင်းကို မည်သူမှမသိကြပေ။
“မစ္စ..ဟွား” ရှန့်လင်ယွဲ့၏ အသံကတုန်ရီနေသည်။ သူ၏အသံမှာစိုးရွံ့စိတ်များရောပြွန်းနေသည်ကို ခံစားမိကြသည်။
ရှန့်လင်ယွဲ့ကလည်းသူမ၏နောက်ကြောင်းကိုမသိသော်လည်း သူမ၏ပါဝါကိုတော့ မသိပဲမနေပေ။
အင်္ဂလန်ဘုရင်မကြီး၏ မွေးနေ့ပွဲပြီးကတည်းက သူမ၏ နောက်ကြောင်းကို သိရဖို့ ကြိုးစားကြသည်။
အင်္ဂလန်ဘုရင်မကြီး၏ ဖိတ်ကြားခြင်းခံရပြီး စားပွဲတစ်ခုတည်းတွင် အတူတူစားနိုင်ဖို့ဆိုသည်မှာ တော်ရုံအနေအထားတော့ မဟုတ်နိုင်ပေ။
သို့သော် မည်မျှပင် ကြိုးပမ်းရှာဖွေကာမူ သူမနှင့်ပတ်သက်သည့် အကြောင်းအရာတစ်စွန်းတစ်စတောင် မသိရပေ။ သူမနာမည်နှင့် စာရင်သွင်းထားသော ကုမ္ပဏီရှိမရှိလည်း မသိရသလို သူမက အစိုးရဌာနအကြီးအကဲတစ်ဦးလားဆိုသည့်အချက်ကိုလည်း အတည်မပြုနိုင်ပေ။
သို့သော် ရှန့်လင်ယွဲ့က ကျန်သောလူများနှင့်မတူပေ။ သူက ပိုက်ဆံပုံအောပြီး အချက်အလက်ရှာဖွေသောအခါ မစ္စဟွား၏ တည်နေရာကို သိခဲ့ရသည်။
သူမက အာဖရိကတွင် နှစ်အတော်ကြာနေခဲ့ပြီး ယခုအခါမှာ ဟွာရှားမှာ အခြေချနေထိုင်နေပြီဖြစ်သည်။ သူ အံ့အားသင့်ရသည့်အချက်မှာ ထိုအမျိုးသမီးသည်အာဖရိကတိုက်ရှိ ရွှေ၊ စိန် နှင့် ရှားပါးတွင်းထွက်များ၏ ၈၇%ကျော် ပိုင်ဆိုင်သည်။
အာဖရိကတိုက်ရှိ တွင်းထွက်ပစ္စည်းများနှင့်ပတ်သက်ပြီး အမြဲလိုလို ပဋိပက္ခစစ်ပွဲများ ဖြစ်ပွါးသည်ဟု ကြားဖူးခဲ့သည်။ ထိုအနေအထားမှာတောင် မစ္စဟွားက ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့သည်။
ထိုအချက်ကိုကြားသိပြီးနောက် ရှန့်လင်ယွဲ့က စုံစမ်းထောက်လှမ်းမှုများကို တမဟုတ်ချင်း ရပ်တန့်ခဲ့သည်။ အာဖရိကတိုက်ရှိ မငြိမ်မသက်ပဋိပက္ခများကြားတွင် ကြံ့ကြံ့ခံပြီးထိပ်တန်းအနေအထားတွင် ရပ်တည်နိုင်ခြင်းက သူမ၏ ပါဝါကြီးမားမှုကိုလှစ်ဟပြသနေသည်။
ထို့ကြောင့်ပင် ရှန့်လင်ယွဲ့က မစ္စဟွားရှေ့တွင် မျက်နှာအမူအရာပြောင်းသွားရှာသည်။
“မစ္စတာရှန့်..ငါတို့က တစ်နိုင်ငံသားတွေပါ။ ငါ့နောက်ကို နှစ်နှစ်လောက် နောက်ယောင်ခံခိုင်းပြီး ငါ့အကြောင်းတွေ စုံစမ်းနေတာ ဘာမှ မဖြစ်ဘူး။” မစ္စဟွား၏ အသံက ရုတ်တရက်ခက်ထန်လာသည်။
“ဒါပေမဲ့ သူ့ကိုထိရဲထိကြည့်။ သူ့ဆံပင်မွှေးတစ်ချောင်းကို ထိရင်တောင်မှ ရှင့်ဘာသာရှင်ဘယ်လောက်ပဲ အဆက်အသွယ်ကောင်းနေပါစေ ငါ အလွတ်မပေးဘူး”
“သူ့အကြောင်းတွေစုံစမ်းနေတာ သူသိနေတာပဲ” ရှန့်လင်ယွဲ့က မစ္စဟွား မသိအောင် ပိပိရိရိထောက်လှမ်းနိုင်သည်ဟု တွေးထင်ထားခဲ့သည်။
သူမ၏ နောက်ပိုင်း သတိပေးစကားကို အတည်မယူလို့မရပေ။ သူက အာရှတိုက်မှာ ရှိနေစဉ်တော့ မစ္စဟွားက ဘာမှ မလုပ်နိုင်သော်လည်း အာရှတိုက်မှ ထွက်သွားရင်တော့ သူ့ကိုဘာအန္တရာယ်မှ မပေးဘူးဟု တပ်အပ်မပြောနိုင်ပေ။
“မစ္စဟွား..ဒါက ကလေးအချင်းချင်းကြားမှာ နည်းနည်း ကတောက်ကဆ ဖြစ်ကြတာပါ။ ငါက ဘာလို့ သူတို့ပြသနာကြားဝင်ပါရမှာလဲ။ ကလေးတွေ သူတို့ပြသနာသူတို့ဘာသာ ရှင်းကြပါစေ”
ရှန့်လင်ယွဲ့က သူ့ရပ်တည်ချက်ကိုချက်ချင်းပြောင်းပစ်သည်။ သူက ချွေးစေးများပင်ထွက်လာသည်။
သူ့အပေါ်ကို ပြောမပြတတ်သောဖိအားကြီးတစ်ခုက သက်ရောက်နေသလိုခံစားမိပြီး အသက်ရှုမဝဖြစ်လာသည်။
“ကောင်းပြီလေ” ဟုဆိုတာ မစ္စဟွားက လှည့်ထွက်သွားသည်။ ထိုအချိန်မှသာ ရှန့်လင်ယွဲ့က သက်ပြင်းချနိုင်သည်။
“သူက ဘယ်သူကြီးလဲ” ပွဲခင်းထဲရှိ မင်သားမင်သမီးများနှင့် အခြားလူများပ ပဟေဠိဖြစ်ပြီးကျန်ခဲ့သည်။ သူတို့အတွက် ရှန့်လင်ယွဲ့သည် မထိရဲသော လူတစ်ဦးဖြစ်သည်။ ထိုလူက မစ္စဟွားဆိုသော အမျိုးသမီးကို လွန်စွာမှ ကြောက်လန့်နေရသည်။
“မင်းက မင်းအဖေနဲ့အတော်လေးတူတာလဲ” သူမက ဖန့်ကြွယ်ယွီနားက ဖြတ်လျှောက်သွားသောအခါ ရေမွှေးရနံ့လေးတစ်ခုကျန်ရစ်ခဲ့သည်။
“မစ္စဟွားက ကျွန်တော့်အဖေကိုသိလား”
“သိတာထက်ပိုတာပေါ့”
“ငါတို့ခေတ်တုန်းက မစ္စဟွားလို့ ခေါ်လေ့မရှိကြဘူး။ ငါ့နာမည်က ဟွားချီယု.. ငါ့ကို အန်တီဟွား လို့ပဲ ခေါ်ပါ”
“အန်တီဟွား” ဟု ခေါ်ပြီး ဖန့်ကြွယ်ယွီက ရယ်မိသည်။
“ဒါပေမဲ့ ခင်ဗျားက ၂၇၊ ၂၈ လောက်ပဲထင်ရတယ်။ အန်တီဆိုတာထက်အမနဲ့ပိုတူတယ်”
ဟွားချီယုက သူ့နားကပ်ပြီး “ တကယ်တော့ ငါက ၄၅နှစ်ရှိပြီ” ဟု တိုးတိုးလေးပြောသည်။
ဖန့်ကြွယ်ယွီက ရုတ်တရက်ဆိုသလို သူ့မိခင်နှင့် ဖခင်ကို အမှတ်ရမိသည်။ သူတို့လည်း ရှိရင်းစွဲအသက်ထက် ပိုပြီ နုပျိုကြသည်။
“ကြည့်ရတာမင်းကအန်တီ့အကြောင်း မသိတဲ့ပုံပဲ”
“ဟုတ်ပါပြီလေ..ဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့ ကလေး..မင်းတစ်ခုခု အခက်ကြုံရင် အန်တီ့ကိုအချိန်မရွေးလာရှာပါ။ မိန်းကလေး ကျွမ်းက အန်တီ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သိတယ်”
ထိုသို့ပြောကာ ဟွားချီယု ထွက်သွားသည်။
“ရှောင်းရီ ..အန်တီဟွားက ငါ့အဖေရဲ့……”
“ဂုဏ်ယူပါတယ် ပိုင်ရှင် ဒီတစ်ခေါက်တော့မှန်အောင်မှန်းနိုင်ပြီ။ ဟုတ်ပါတယ် သူက ပိုင်ရှင်ရဲ့ မိထွေးလို့ပဲ ဆိုပါတော့”
“ဘာ! တကယ်ကြီး” ထိုအချက်ကိုသိရပြီး ဖန့်ကြွယ်ယွီ အံ့အားသင့်ရသည်။
“ငါ့အဖေက ဒီလိုမျိုးလား။ ဒီလိုကိစ္စတွေရှိတာလား”
“ဒါက ဘာမှအံ့ဩစရာမကောင်းသေးဘူး။ ပိုင်ရှင့်မှာ မိထွေးသုံးဦးရှိပါတယ်။ တစ်ဦးက တစ်ကမ္ဘာလုံးရဲ့ ရေနံနှင့် စွမ်းအင်ကဏ္ဍကို ချုပ်ကိုင်ထားတယ်။ နောက်တစ်ဦးက နည်းပညာပိုင်းနဲ့ နောက်တစ်ဦးက စူပါပါဝါ အသုံးပြုသူများအဖွဲ့ကြီးလိုမျိုးကို ချုပ်ကိုင်ထားတယ်”
“တကယ်တော့ ဒါတွေက ဖန့်မိသားစု လက်ထဲမှာရှိနှင့်ပြီးသားပါ”
“ဟဲဟဲ ငါသူတို့နဲ့ မဆုံချင်ဘူး..နေရခက်သလိုပဲ”
“ဟားး..” ရှောင်းရီ၏ ရယ်သံက ဖန့်ကြွယ်ယွီ၏ စိတ်ထဲပဲ့တင်သံထပ်နေသည်။